Saturday, July 12, 2014

အန္တရာယ်ရှိကြောင်း ကြေညာထားသော်လည်း ကျင်းထုံခြင်ဆေးသုံးနေကြဆဲ


တရုတ်နိုင်ငံထုတ် ကျင်းထုံခြင်ဆေးခွေသည် ကျန်းမာရေးထိခိုက်နိုင်ကြောင်း နိုင်ငံပိုင်သတင်းစာများ၌ အသိပေးထုတ်ပြန်ထားသော်လည်း ၀ယ်ယူသုံးစွဲမှုများရှိနေသေးကြောင်း ရန်ကုန်နှင့် နယ်ဈေးကွက်များမှ စုံစမ်းသိရှိရသည်။

အဆိုပါအမှတ်တံဆိပ်ခြင် ဆေးခွေထဲတွင် ဓာတုပစ္စည်းပါဝင်မှုရာခိုင်နှုန်းမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)က ထုတ်ပြန်ထားသော ပမာဏထက် ပိုမိုများပြား စွာ ပါဝင်နေခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပိုးသတ်ဆေးမှတ်ပုံတင်ဌာနက ထုတ်ပြန်ထားသည်။
‘‘ပင်းရင်းဖြန့်တဲ့ ဈေးအကြီး အကြီးတွေတော့ မပြောတတ်ဘူး။ကျွန်တော်တို့လိုဆိုင်မျိုးတွေကို လာစစ်ဆေးတာမျိုးတော့ မရှိ သေးဘူး။ သူက ခြင်ပြေးတယ်ဆိုတော့ လာမေးတဲ့သူတွေရှိတယ်။ဈေးကွက်ထဲမှာ တချို့ဆိုင်တွေလည်း ရောင်းကြတာမျိုးရှိတယ်’’ဟု လှည်းတန်းဈေးရှိ ကုန်မျိုးစုံရောင်းဝယ်ရေးမှ ဦးတင့်ဆွေကပြောသည်။
ယင်ခြင်ဆေးခွေသည် နယ်

စပ်မှ တစ်ဆင့် ဈေးကွက်အတွင်းသို့ တရားမ၀င်ဝင်ရောက်လာခြင်းဖြစ်ပြီး သာမန်ခြင်ဆေးခွေများထက် အနံ့ပိုမိုစူးရှကာ ခြင်များ သေစေနိုင်ခြင်းကြောင့် ယခုကဲ့သို့ဈေးကွက်တွင်း ၀ယ်ယူသုံးစွဲသူရှိနေခြင်းဖြစ်သည်ဟု နေပြည်တော်ဈေးကွက်မှ ရောင်းချသူများထံက သိရသည်။
‘‘ဒီခြေဆေးခွေကို မရောင်းဖို့  သတိပေးထားတာရှိတယ်။ လိုက် ပြီး စစ်ဆေးတာမျိုးတော့မရှိသေး ဘူး။ လာဝယ်တဲ့သူများတယ်။ တခြားခြင်ဆေးခွေတွေထက်စာရင် ကျင်းထုံက ရောင်းရတယ်။ မစစ်ဆေးသေးရင်တော့ ဒီလိုပဲရောင်းရမှာပေါ့’’ဟု ပျဉ်းမနားမြို့နယ်ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
 ထို့အပြင် မြို့ပြများထက် ကျေးလက်ဒေသများ၌ ကျန်းမာ ရေးအသိပညာနည်းပါးနေခြင်း ကြောင့် ကျေးလက်ဒေသများတွင် ပိုမိုများပြားနေကြောင်း  သိရ သည်။ ကျင်းထုံခြင်ဆေးခွေဈေး နှုန်းမှာ တစ်ဘူးလျှင် ငွေကျပ် ၃၅၀ မှ ၄၀၀ ရှိပြီး အခြားခြင်ဆေး ခွေဈေးနှုန်းများမှာမူ တစ်ဘူးလျှင် ငွေကျပ် ၂၅၀ မှ ၃၀၀ ၀န်းကျင်ရှိ  ကြောင်း သိရသည်။
 ‘‘သူက တကယ်ခြင်ပြေး တယ်။ တခြားခြင်ဆေးခွေတွေက ခြင်မပြေးဘူး။ ဈေးနှုန်းကလည်း သိပ်မကွာတော့ သူ့ကိုပဲ သုံးဖြစ် တယ်။ ကျန်းမာရေးထိခိုက်တယ် ဆိုပေမယ့် အိမ်တိုင်းလိုလိုသုံးကြ တယ်’’ဟု နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်၊ ကျဉ်တောင်ကန်ကျေးရွာ မှ ယင်းခြေဆေးခွေသုံးစွဲသူတစ် ဦးကပြောသည်။
ပိုးသတ်ဆေးဌာနက ကျင်းထုံ ခြင်ဆေးခွေကို တင်သွင်းမှု၊ ရောင်းချမှု၊ ဖြန့်ဖြူးမှုများကို တွေ့ရှိပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး ပိုးသတ်ဆေးဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။
7Days

0 comments:

Post a Comment