Sunday, July 27, 2014

ဆက်တိုက် ပြုလုပ်မယ့် အဆိုတော်ကြီးသုံးဦးရဲ့ ဖျော်ဖြေပွဲများ


 သြဂုတ်လတွင် အဆို တော်ကြီးသုံးဦး၏တစ်ကိုယ်တော် ဖျော်ဖြေပွဲများ ဆက် တိုက်ပြုလုပ်သွားမည်ဟု ပွဲစီစဉ်သူဦးပီးပေါ်ကပြောသည်။
‘‘ဒီလထဲမှာ သုံးပွဲဆက်တိုက် လုပ်မယ်။ ရက်လည်းသေချာသွား ပြီ။ ဆိုင်မော့ဝ်ရဲ့ပွဲကို သြဂုတ် ၁ ရက်မှာလုပ်မယ်။ ခိုင်ထူးရဲ့ပွဲကို ၉ ရက်မှာလုပ်မယ်။ နီနီဝင်းရွှေရဲ့ ပွဲကို ၁၅ ရက်မှာလုပ်မယ်’’ဟု ဦးပီးပေါ်ကပြောသည်။
ယင်းဖျော်ဖြေပွဲများကို အမျိုးသားကဇာတ်ရုံတွင်ပြုလုပ် ရန်စီစဉ်ထားပြီး လက်မှတ်ဈေး နှုန်းများကို ကျပ်တစ်သောင်းခွဲမှ နှစ်သောင်းအထိ သတ်မှတ်ထား ကြောင်း ၎င်းကပြောသည်။
စိုင်းဆိုင်မောဝ်နှင့်ခိုင်ထူးတို့ ၏ပွဲများတွင် ပြင်ပအဆိုရှင်ပါဝင် မည်မဟုတ်ဘဲ နီနီဝင်းရွှေ၏ဖျော် ဖြေပွဲတွင်မူ စုံတွဲအဆိုရှင်များ ပါဝင်နိုင်ကြောင်း ဦးပီးပေါ်က ပြောသည်။
စိုင်းထီးဆိုင်နှင့်ပတ်သက်၍ ရေးစပ်ထားသော သီချင်းတစ်ပုဒ် ကိုတစ်ကိုယ်တော်ပွဲ၌ ပရိသတ် များအား ပထမဆုံးအနေဖြင့်ဖျော် ဖြေပေးမည်ဖြစ်ပြီး တစ်ကိုယ်တော် ပွဲမကျင်းပသည်မှာ နှစ်ပေါင်းများ စွာကြာပြီဖြစ်သောကြောင့် ပရိ သတ်များကျေနပ်မှုရစေရန်ကြိုး စားတင်ဆက်သွားမည်ဟု သြဂုတ် ၁ ရက်တွင် တစ်ကိုယ်တော်ဖျော် ဖြေပွဲပြုလုပ်မည့် စိုင်းဆိုင်မောဝ် ကပြောသည်။
7days

0 comments:

Post a Comment