Friday, August 8, 2014

လိုင်စင်မဲ့ လေသေနတ်များ၊ Air Soft Gun သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိသဖြင့် အရေးယူ


 ရန်ကုန်၊ သြဂုတ် ၈

 ၇.၈.၂၀၁၄ရက်နေ့ ၁၃၃၀အချိန်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်သော တပ်ဖွဲ့ဝင်များ သည် တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ဓမ္မဒါနလမ်းရှိ ကိုထွဋ်ဟန်၊ (၄၁)နှစ်၊ (ဘ)ဦးမျိုးဟန်၏ နေအိမ်တွင် လိုင်စင်မဲ့လေသေနတ်များ သိုလှောင်ထားကြောင်းသတင်းအရ သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေ စိစစ်ခဲ့ပါသည်။

ထိုသို့ရှာဖွေခဲ့ရာ ကိုထွဋ်ဟန်၏နေအိမ်၊ နေအိမ်သီးသန့်ခန်းနှင့် နေအိမ် ခေါင်းရင်းရှိ ဂိုဒေါင်တို့အတွင်းမှ သံကိုယ်ထည် ဂက်စ်ဘူးဖြင့် အသုံးပြုရသော လေသေနတ်(Air Gun)အရှည်(၂)လက်နှင့် အတို(၆)လက်၊ စုစုပေါင်း(၈)လက်၊ ကော်စေ့ဖြင့်ပစ်ခတ်ရသော (Air Soft Gun)သေနတ် အတို(၈၁)လက်၊ အရှည်(၁၆)လက်၊ စုစုပေါင်း(၉၇)လက်၊ အသုံးပြုနည်းစာအုပ်များနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ရွှေ/ငွေရောင်သံဘောစေ့များ၊ ကော်စေ့များနှင့် ဂက်စ်ဘူးများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ယင်းသို့ လူကိုထိမှန်လျင်အန္တရာယ်ဖြစ်စေနိုင်သော သံဘောစေ့ထည့်၍ပစ်ခတ်ရသည့် လိုင်စင်မဲ့ လေသေနတ်များနှင့် ဆက်စပ်ပစ္စည်းများအား လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ခြင်းများပြုလုပ်သဖြင့် တာမွေမြို့မရဲစခန်း(ပ)၄၃၀/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ-၁၉(စ) ဖြင့်လည်းကောင်း၊ တွေ့ရှိရသည့် လေသေနတ်များနှင့် ကော်စေ့ထည့်၍ပစ်ခတ်ရသည့် သေနတ်များ၊ ဆက်စပ်ပစ္စည်းများသည် အကောက်ခွန်မဲ့တင်သွင်းလာသည့်ပစ္စည်းများဖြစ်ကြောင်း စိစစ်သိရှိရသဖြင့် တာမွေမြို့မရဲစခန်း(ပ) ၄၃၁/၂၀၁၄၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ ဖြင့် လည်းကောင်း ကိုထွဋ်ဟန်အား အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice



0 comments:

Post a Comment