Friday, July 25, 2014

မယ်စကြ၀ဠာ(မြန်မာ) ၀တ်စုံပြည့်အစမ်းလေ့ကျင့်ပွဲပြုလုပ်


မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ ပြိုင်ပွဲဝတ်စုံပြည့်အစမ်းလေ့ကျင့်နေကြစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ ပြိုင်ပွဲဝင်များနှင့် မယ်စကြ၀ဠာ သရဖူဆုရ မိုးစက်ဝိုင်
ကချင်ဒေသရှိ စစ်ဘေးသင့်သူများအား လှူဒါန်းနိုင်ရန် ၀င်ကြေးဖြင့် ကျင်းပသော မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ ပြိုင်ပွဲဝတ်စုံပြည့်အစမ်းလေ့ကျင့်ပွဲကို ဇူလိုင် ၂၅ ရက်ညက အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ခဲ့သည်။
ယင်းပွဲမှရရှိသည့် ၀င်ကြေးအားလုံးကို ကချင်ဒေသရှိ စစ်ဘေးဒုက္ခသည်စခန်းများအား လှူဒါန်းခဲ့ပြီး ၀င်ကြေးငွေစုစုပေါင်း ကျပ် ၁၁ သိန်းကျော်နှင့် အလှူရှင်တစ်ဦးမှ လှူဒါန်းသည့် အလှူငွေ ကိုးသိန်းနှစ်သောင်း စုစုပေါင်း ငွေကျပ် သိန်းနှစ်ဆယ်ကျော်လှူဒါန်းနိုင်ခဲ့ကြောင်း ဦးချမ်းလင်းသူကပြောသည်။
ထို့အပြင် မယ်စကြ၀ဠာပြိုင်ပွဲဝင်များ၏ ပုဂံခရီးစဉ်တွင် ၀ယ်ယူခဲ့သော အမှတ်တရပစ္စည်းများကို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် လေလံတင်ရောင်းချရာမှ ရရှိသည့် အလှူငွေ ကျပ် ကိုးသိန်းကျော်ကိုလည်း ရွှေဂုံတိုင်မိဘမဲ့ကျောင်းသို့ လှူဒါန်းခဲ့ကြောင်း ၎င်းကပြောသည်။
မယ်စကြ၀ဠာ(မြန်မာ)ပြိုင်ပွဲ ၂၀၁၄ ကို ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီခွဲမှ ည ၈ နာရီအထိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြ၀တီရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ပြိုင်ပွဲဝင်များနှင့်အတူ သရုပ်ဆောင်နေတိုးက ဖျော်ဖြေနေစဉ်

ပြိုင်ပွဲဝင်တစ်ဦး ပြိုင်ပွဲဝင်နေစဉ်

မယ်စကြ၀ဠာပြိုင်ပွဲဝင်များ

ပြိုင်ပွဲဝင်များ ဖျော်ဖြေနေစဉ်

မယ်စကြ၀ဠာပြိုင်ပွဲဝင်များ

ပြိုင်ပွဲဝင်တစ်ဦး




0 comments:

Post a Comment