This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label နည်းပညာသတင်းများ. Show all posts
Showing posts with label နည်းပညာသတင်းများ. Show all posts

Monday, September 22, 2014

Toyota Land Cruiser ရဲ့ တကျော့ပြန်လည် ဆန်းသစ်မှု

~



  ကမ္ဘာကျော် မော်တော်ကားထုတ်လုပ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော ဂျပန်နိုင်ငံအခြေစိုက် တိုယိုတာ မော်တာ ကော်ပိုရေးရှင်းက  Land Cruiser 70 အမျိုးအစား ကားများ ပြန်လည်ရောင်းချပြီဖြစ်သည်။

Saturday, August 30, 2014

SIM ကဒ်များကို နိုင်ငံတစ်ဝန်းရှိ လက်လီ အရောင်းဆိုင်များ တွင် ဝယ်ယူရရှိ နိုင်တော့မည်


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် မိဘပြည်သူ များအား SIM ကဒ်များ ပိုမို လွယ်ကူစွာ ဝယ်ယူ ရရှိနိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ တန်ဖိုးနည်း SIM ကဒ်များကို နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လက်လီ အရောင်းဆိုင်များတွင် စက်တင်ဘာလ (၁)ရက်နေ့မှ စတင်၍ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးမည် ဖြစ်ပါသည်။ SIM ကဒ်များကို လစဉ်လတိုင်း ဝယ်ယူရရှိနိုင်ရေးနှင့် နိုင်ငံအနှံ့ရှိ မြို့များနှင့် မြို့နယ်တိုင်းတွင် ရရှိနိုင်ရေး ဆက်လက် စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

ပြည်နယ်/တိုင်း  မြို့နယ်များ

နေပြည်တော်

ဒက္ခိဏသီရိ၊ လယ်ဝေး၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်း၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ

ကချင်

မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း၊ ရွှေကူ၊ တနိုင်း

ကယား

လွိုင်ကော်

ကရင်

ဘားအံ၊ လှိုင်းဘွဲ၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ

ချင်း

ဟားခါး၊ ဖလမ်း၊ မင်းတပ်၊ တီးတိန်

စစ်ကိုင်း

မုံရွာ၊ ဘုတလင်၊ ခန္တီး၊ ဟုမ္မလင်း၊ အင်းတော်၊ ကလေး၊ ကလေးဝ၊ ကန့်ဘလူ၊ ကောလင်း၊ မော်လိုက်၊ မြင်းမူ၊ ပုလဲ၊ စစ်ကိုင်း၊ ဝန်းသို

တနင်္သာရီ

ထားဝယ်၊ ဘုတ်ပြင်း၊ ကော့သောင်း၊ ကျွန်းစု၊ လောင်းလုံ၊ မြိတ်၊ ပုလော၊ ရေဖြူ

ပဲခူး

ပဲခူး၊ ပြည်၊ ဒိုက်ဦး၊ ကဝ၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ညောင်လေးပင်၊ အုတ်တွင်း၊  ဖြူး၊ ရွှေကျင်၊ ထန်းတပင်၊ တောင်ငူ၊ သနပ်ပင်၊ ဝေါ၊ ရေတာရှည်၊ ကြို့ပင်ကောက်၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ နတ်တလင်း၊ အုတ်ဖို၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်၊ သာယာဝတီ၊ သဲကုန်း၊ ဇီးကုန်း

မကွေး

မကွေး၊ အောင်လံ၊ ချောက်၊ ဂန့်ဂေါ၊ ကံမ၊ မင်းဘူး၊ မင်းတုန်း၊ မင်းလှ၊ မြိုင်၊ မြို့သစ်၊ နတ်မောက်၊ ငဖဲ၊ ပခုက္ကူ၊ ပေါက်၊ ပွင့်ဖြူ၊ စလင်း၊ ဆော၊ ဆိပ်ဖြူ၊ စေတုတ္တရာ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး၊ သရက်၊ ထီးလင်း၊ ရေနံချောင်း၊ ရေစကြို

မန္တလေး

အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ မိုးကုတ်၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ စဥ့်ကူး၊ အမရပူရ၊ ချမ်းမြသာစည်၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ မိထ္ထီလာ၊ ပြည်ကြီးတံခွန်၊ စဥ့်ကိုင်၊ တံတားဦး၊ သာစည်

မွန်

မော်လမြိုင်၊ ဘီးလင်း၊ ချောင်းဆုံ၊ ကျိုက်မရော၊ ကျိုက်ထို၊ မုဒုံ၊ ပေါင်၊ သံဖြူဇရပ်၊ သထုံ၊ ရေး

ရခိုင်

စစ်တွေ၊ အမ်း၊ ဘူးသီးတောင်၊ ဂွ၊ ကျောက်ဖြူ၊ ကျောက်တော်၊ မောင်းတော၊ မင်းပြား၊ မြောက်ဦး၊ မန်အောင်၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင် ၊ သံတွဲ၊ တောင်ကုတ်

ရန်ကုန်

ဗိုလ်တထောင်၊ ဒဂုံမြို့သစ်၊ ဒေါပုံ၊ မင်္ဂ္လာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊ ပုဇွန်တောင်၊ တောင်ဥက္ကလာပ၊ တာမွေ၊ သာကေတ၊ သင်္ဃ္န်းကျွန်း၊ ရန်ကင်း၊ လှိုင်သာယာ၊ လှည်းကူး၊ ၊ မှော်ဘီ၊ ထန်းတပင်၊ အင်းစိန်၊ မင်္ဂ္လာဒုံ၊ ရွှေပြည်သာ၊ တိုက်ကြီး၊ အလုံ၊ ဗဟန်း၊ ကိုကိုးကျွန်း၊ ဒဂုံ၊ ဒလ၊ လှိုင်၊ ကမာရွတ်၊ ကော့မှူး၊ ခရမ်း၊ ကွမ်းခြံကုန်း၊ ကျောက်တံတား၊ ကျောက်တန်း၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ လသာ၊ မရမ်းကုန်း၊ ပန်းဘဲတန်း၊ စမ်းချောင်း၊ ဆိပ်ကြီးခနောင်တို၊ ဆိပ်ကမ်း၊ သန်လျင်၊ သုံးခွ

ရှမ်း

တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းတုံ၊ တာချီလိတ်၊ သိန္နီ၊ ကွတ်ခိုင်၊ လောက်ကိုင်၊ မဘိန်း၊ မန်တုံ၊ မိုးမိတ်၊ မိုးညှင်း၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ ကလော၊ ကွန်ဟိန်း၊ လဲချား၊ လင်းခေး၊ ရပ်စောက်၊ လွိုင်လင်၊ မိုင်းရှူး၊ မိုးနဲ၊ နမ့်စန်၊ ညောင်ရွှေ၊ ဖယ်ခုံ၊ ပင်းတယ၊ ပင်လောင်း၊ ရွာငံ

ဧရာဝတီ

ပုသိမ်၊ ဘိုကလေး၊ ဓနုဖြု၊  ဒေးဒရဲ၊ အိမ်မဲ၊ ဟင်္သာတ၊ အင်္ဂ္ပူ၊ ကန်ကြီးထောင့်၊ ကျိုက်လတ်၊ ကြံခင်း၊ ကျောင်းကုန်း, ကြုံပျော်၊ လပွတ္တာ၊ လေးမျက်နှာ၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ မြန်အောင်၊ မြောင်းမြ၊ ငပုတော၊ ညောင်တုန်း၊ ပန်းတနော်၊ ဖျာပုံ၊ သာပေါင်း၊ ဝါးခယ်မ၊ ရေကြည် ၊ ဇလွန်

http://www.mcit.gov.mm

Monday, July 28, 2014

အိုင်တီပစ္စည်း ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ ပြည်တွင်းကုမ္ပဏီ အမည်ခံ ရောင်းချနေ

 မြန်မာနိုင်ငံ၌ အိုင်တီ ပစ္စည်း ဖြန့်ဖြူးရောင်းချသည့် ပြည်ပကုမ္ပဏီအချို့သည် ပြည် တွင်းကုမ္ပဏီအမည်ခံပြီး ရောင်း ချနေသောကြောင့် အခွန်ဆောင် ရာတွင် နစ်နာမှုမရှိစေရေး ဆောင် ရွက်ရန်လိုအပ်နေကြောင်း မြန်မာ နိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အ သင်းတာဝန်ရှိသူက ပြောသည်။
‘‘ဈေးကွက်အတွင်းမှာ အ ရေးကြီးတဲ့ကိစ္စတစ်ခုက နိုင်ငံခြား ကုမ္ပဏီတွေဟာ မြန်မာအမည်ခံ ပြီး လုပ်နေတာကို တွေ့နေရ တယ်။ အဲဒါကြောင့် အခွန်ဆောင် တဲ့အခါမှာ တန်းတူဖြစ်စေဖို့အ တွက် ဈေးကွက်ထဲမှာလေ့လာမှု တွေလုပ်သွားဖို့စီစဉ်နေပါတယ်’’ ဟု အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်း ကပြောသည်။
လက်ရှိတွင် အိုင်တီကုမ္ပဏီ များအနေဖြင့် ပြည်တွင်းကုမ္ပဏီ များနှင့် ဖက်စပ်လုပ်ကိုင်ခြင်း၊ ရာခိုင်နှုန်းပြည့်ရင်းနှီးမြှုပ်နှံ၍ လုပ် ကိုင်ခြင်းနှင့် ၀န်ဆောင်မှုလုပ် ငန်းများ ဆောင်ရွက်ခြင်းတို့အ တွက် အခွန်ဆောင်မှုပုံစံများကို လေ့လာမှုများပြုလုပ်ပြီး လိုအပ် သည်များကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
‘‘အိုင်တီ ကုမ္ပဏီတွေရဲ့ အခွန်ဆောင်မူပုံစံကို အရင်ဆုံး လေ့လာရမယ်။ ပြီးရင် ဈေးကွက် ထဲက ကုမ္ပဏီတွေကိုလည်း ခေါ် ပြီးတွေ့ဆုံသွားဖို့ရှိတယ်။ နစ်နာမှုမရှိအောင်တော့ လုပ်သွားရမယ်’’ဟု ဦးမျိုးမြင့်ထွန်းကဆိုသည်။
ပြည်ပ အိုင်တီကုမ္ပဏီများ အနေဖြင့် အခွန်ဆောင်ပုံစံမှား ယွင်းနေသည်ဆိုပါက လေ့လာ တွေ့ရှိချက်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ တင်ပြ၍လိုအပ် သည်များကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
7days

Friday, July 25, 2014

ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ လိုင်စင်မလိုဘဲ တင်သွင်းခွင့်ရမည်


ဇူလိုင်နောက်ဆုံးပတ် မှစ၍ ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ လိုင်စင်မလိုဘဲ တင်သွင်းခွင့်ရရန် အကောက်ခွန်ဦး စီးဌာနက ခွင့်ပြုပေးသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။
 ‘‘လိုင်စင်မလိုဘဲ တင်သွင်း ခွင့်ရဖို့ကို နောက်တစ်ပတ်ထဲမှာပဲရုံးတွင်းစာနဲ့ ထုတ်ပြန်ပြီး ခွင့်ပြုပေးသွားမယ်လို့ အကောက်ခွန်ကအကြောင်းပြန်ထားပါတယ်’’ဟု မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းက ပြောသည်။

  မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်းအနေဖြင့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၏ ၉၉ ရာခိုင်နှုန်းကို လိုင်စင်မလိုဘဲ တင်သွင်းခွင့်ရစေရန်တင်ပြထားခြင်းဖြစ်ပြီး ကျန်သော ၁ ရာခိုင်နှုန်းမှာ နောက်ထွက်လာမည့် ပစ္စည်းများဖြစ်သောကြောင့် အဆိုပါ စာရင်းအတိုင်း ခွင့်ပြုပေးမည်ဆိုပါက ကွန်ပျူတာပစ္စည်းအားလုံးကို လိုင်စင်မလိုဘဲ တင်သွင်းခွင့်ရတော့မည် ဖြစ်ကြောင်း သိရသည်။
‘‘ရုံးတွင်းစာနဲ့ ထုတ်ပြန်ပေး သွားမယ်ဆိုတော့ ဘယ်လိုလာ မလဲ မသိသေးဘူး။ စာရင်းအတိုင်းပဲ ခွင့်ပြုပေးမယ်ဆိုရင်တော့ အကုန်လုံးကို လိုင်စင်မလိုဘဲ တင်သွင်းခွင့်ရမှာပါ’’ဟု ဦးမျိုးမြင့်ထွန်းက ပြောသည်။
   ၂၀၁၃ ခုနှစ် မတ်လတွင် ကွန်ပျူတာနှင့်  ဆက်စပ်ပစ္စည်း များအားလုံးကို လိုင်စင်လျှောက် ထားစရာ မလိုကြောင်း ညွှန်ကြား ချက်တစ်ခု ထုတ်ပြန်၍ ခွင့်ပြုခဲ့ သော်လည်း ၂၀၁၃ ခုနှစ် စက် တင်ဘာတွင်  လိုင်စင်လျှောက် ထားစရာမလိုသော  စာရင်းသစ် တစ်ခုထုတ်ပြန်ခဲ့ရာ  ကွန်ပျူတာပစ္စည်းလေးမျိုးခန့်သာ အဆိုပါ စာရင်းထဲတွင်  ပါဝင်တော့သည့်အတွက်  ကွန်ပျူတာနှင့် ဆက် စပ်ပစ္စည်းများကို  အားလုံးနီးပါး လိုင်စင်လျှောက်ထားရကြောင်းသိရသည်။
7days

မြန်မာ့ဆက်သွယ်ရေးနှင့်ပူးပေါင်းသည့် ဂျပန်ကုမ္ပဏီများ ကြိုးဖုန်းအင်တာနက် ဝန်ဆောင်မှုပေးမည်ဟုဆို


(ဓာတ်ပုံ-ကျော်ဇင်သန်း)
 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် KDDI, Sumitomo Corporation တို့ပူးပေါင်း၍ ပြည်သူများအား ကြိုးဖုန်းများမှ တစ်ဆင့်မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကြိုးဖုန်းရှိတဲ့အိမ်တိုင်းမှာ မြန်နှုန်းမြင့်တဲ့ အင်တာနက်ကို ရအောင်လုပ်ပေးသွားမယ်။ ကြိုး ဖုန်းတွေကနေ အင်တာနက်အသုံး ပြုမှုကို လုပ်ငန်းကြီးငယ်မရွေး အသုံးပြုလို့ရအောင်လုပ်ပေးသွား မှာဖြစ်ပါတယ်’’ဟု ဂျပန်ဆက် သွယ်ရေးကုမ္ပဏီနှစ်ခုပူးပေါင်း ထားသည့် KSGM (Joint Oper ation)မန်နေဂျင်းဒါရိုက်တာ တကရှီနာဂရှီမကပြောသည်။
 လက်ရှိတွင် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် ကြိုး ဖုန်းများမှတစ်ဆင့် ADSL လိုင်း ဖြင့်အင်တာနက်ဝန်ဆောင်မှုပေး နေပြီး အဆိုပါကြိုးအမျိုးအစားမှာကော့ပါးကေဘယ်များဖြစ်သော ကြောင့် တစ်စက္ကန့်လျှင်မြန်နှုန်း 512 Kb မှ 2.5 Mb အတွင်းသာ ပေးနိုင်သေးကြောင်းသိရသည်။
ထို့ကြောင့် ကုမ္ပဏီငယ်လေးများမှ လုပ်ငန်းကြီးများအထိ မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရန်ဖိုက်ဘာကေဘယ်များဖြင့် ကွန်ရက်ဖြန့်ကာ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းသိရသည်။
‘‘လက်ရှိမှာ ဖိုက်ဘာကေ ဘယ်နဲ့ပေးနိုင်ဖို့အတွက် ကန့်သတ်ချက်လေးတွေရှိနေတဲ့ အတွက်အနည်းငယ်လောက်ပဲ ပေးနိုင်သေးတယ်။ သူတို့နဲ့ပူးပေါင်းပြီး ဆက်ကြောင်းသစ်တွေ တိုးချဲ့ပြီးရင်တော့ လိုချင်တဲ့လူတိုင်းကိုပေးနိုင်ဖို့ လုပ်သွားပါမယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Internet Ser-vice Providerဌာနမှ အင်ဂျင်နီယာ ချုပ်ဦးမျိုးဆွေကပြောသည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ ကြိုးဖုန်းများမှတစ်ဆင့် အင်တာ နက်အသုံးပြုနိုင်ရန်ADSL လိုင်းပေါင်း ၈၀၀၀ ကျော်ချထားပေး ကြောင်းသတင်းရရှိသည်။
7Days

Wednesday, July 23, 2014

မန္တလေး အရောင်း ကိုယ်စားလှယ်များထံ အော်ရီဒူး ဆင်းကတ်များ စမ်းသပ်အသုံးပြုရန် ဖြန့်ဝေ



 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီ တစ်ခု ဖြစ်သော အော်ရီဒူးမှ ဆင်းကတ် များကို စမ်းသပ်အသုံးပြုရန် ယနေ့ ကမန္တလေးမြို့ရှိ ယင်းတို့၏ ကိုယ်စားလှယ် များအား ဖြန့်ဝေပေးခဲ့ပြီး ပြည်သူသို့လာမည့် သြဂုတ်လလယ်ပိုင်း တွင် ဖြန့်ချီသွား မည်ဖြစ်ကြောင်း ဒေါ်သီရိကြာညိုကပြောသည်။

"အများပြည်သူကို သြဂုတ်လ၊ တတိယပတ်လမှာ ရောင်းသွားမယ်။ လောလော ဆယ် တစ်မိနစ်ကို ဘယ်လောက် နှုန်းကျမယ် ဆိုတာမပြောနိုင်သေး ပါဘူး။ခုအရောင်းကိုယ်စားလှယ်တွေကို ဖြန့်ဝေပေးတာကစမ်းသတ်သုံးစွဲဖို့ ပါ။"ယင်းကဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ဖြန့်ဝေပေးရာတွင် ဆင်းကတ်အတွင်း ငွေ ၂၅၀၀၀ ကျပ်ဖြည့် ထားသည်ကိုတွေ့ရှိရပြီး၊အော်ရီဒူးဆင်း ကတ်အချင်းချင်းသာ အ၀င်အထွက်ပြော ဆိုနိုင်ကြောင်း၊အခြားမိုဘိုင်းဖုန်းများသို့ ခေါ်ဆိုခြင်းမြ့ပုလုပ်နိုင်သော် လည်း အ၀င်လက်ခံနိုင်ကြောင်း သိရသည်။

"တခြားတော့ ခေါ်လို့မရဘူး။ တစ်မီနစ်ငွေဘယ်လောက် နှုတ်သလဲဆိုတာ စစ် ကြည့်တော့ ဖုန်းသာပြောနေတာ ငွေကမလျော့ဘူးဖြစ်နေတယ်။ သုံးရတာတော့ အဆင်ပြေတယ်။"ဟုဆင်းကတ် ရရှိသုံးစွဲသူ တစ်ဦး ကပြောကြားသည်။

ဖုန်းကတ်များရောင်းချပေးမည့် အရောင်းကိုယ်စားလှယ်များအား စမ်းသပ် ဆင်းကတ်များကို ဖြန့်ဝေသုံးစွဲစေခြင်း ဖြစ်၍ ယင်းတို့သုံးစွဲရာမှ အခက်ခဲများ ၊ဖြေရှင်းရမည့်ပြဿနာများကို အဖြေရှာခြင်းဖြစ်ပြီးစမ်းသတ် အော်ရီဒူးဖုန်းကတ်သို့ အခြားမိုဘိုင်းဖုန်းများမှ ခေါ်ဆိုနိုင်သည်ဟုဆိုသည်။

အောင်လတ်
Mandalay News Agency
https://www.facebook.com/mandalay.newsagency

Thursday, July 17, 2014

ဒူဘိုင်းမှာလည်း ဆီလီကွန် ပန်းခြံ ဆောက်ပြီ


ဒူဘိုင်းမှာလည်း ဆီလီကွန် ပန်းခြံ ဆောက်ပြီSilicon Park လို့ အမည်ရတဲ့ ဥယျာဉ် အိမ်ရာ တစ်ခုကို ဒူဘိုင်းမှ စတင် တည်ဆောက်နေပြီြ ဖစ်ပါတယ်။ ဒီအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀⁠၀ ကျော် အကုန်ကျခံမှာ ဖြစ်ပါတယ်။ အမေရိကန်မှာ ရှိတဲ့ ဆီလီကွန် တောင်ကြား ကတော့ ကမ္ဘာ့ ထိပ်သီး နည်းပညာ ကုမ္ပဏီများ စုဝေးရာ နေရာ ဖြစ်ပါတယ်။ ယူအေအီး နိုင်ငံ၊ ဒူဘိုင်းမြို့မှာ ဆောက်မယ့် ပန်းခြံ အိမ်ရာ ကတော့ ကမ္ဘာ့ စမတ်အကျဆုံး မြို့တော် ဖြစ် ဒူဘိုင်းကို စံချိန် မှတ်တမ်း တင်စေဖို့ ဖြစ်ပါတယ်။
အခြားသော ဟိုတယ်၊ အပန်းဖြေစရာ နေရာနဲ့ အဆောက်အအုံများ ပြည့်နေပြီ ဖြစ်ပေမယ့် စမတ်ကျဖို့ ကျတော့ နည်းပညာ တစ်ဖက်ကမ်းလွန်အောင် မြင့်မားတဲ့ နေရာတစ်ခု လိုပါသေးတယ်။ ဒါကို ရည်ရွယ်လို့ တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ယင်း မြို့ငယ်လေး အတွင်းမှာ လျှပ်စစ် ဓာတ်အား အသုံးပြုတဲ့ ကား၊ စက်ဘီး၊ ဆိုင်ကယ် နဲ့ စက်ပစ္စည်း များကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ်။
လောင်စာစီ အသုံးပြုတဲ့ ဘယ် ပစ္စည်းမှ ထားရှိမှာ မဟုတ် ပါဘူး။ မြို့ထဲမှာ ရုံးခန်းများ ထားရှိပြီး နည်းပညာ ဆိုင်ရာ ကုမ္ပဏီ လုပ်ငန်း များကို ဦးစား ပေးလို့ ထားရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကမ္ဘာမှာ နောက်ထပ် ဆီလီကွန် တောင်ကြား ထွက်မလာ ဘူးလို့ ပြောလို့ မရ ပါဘူး။ သက္ကရာဇ် ၂၀၂၁ ခုနှစ် မှာ အပြီး တည်ဆောက် သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
ရိုးရာလေး

Gift card များဖြင့် ငွေပေးချေရန် မလိုသည့် iTunes Pass ကို Apple မိတ်ဆက်


Gift card များဖြင့် ငွေပေးချေရန် မလိုတော့ဘဲ iTunes Store တွင် ဝယ်ယူမှု ပြုလုပ်နိုင်မည့် iTunes Pass ဝန်ဆောင်မှုကို Apple က ဂျပန်၊ အမေရိကန်နှင့် သြစတြေးလျ Apple Store များတွင် မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုသူများသည် Apple Retail Store ရှိ ကျွမ်းကျင်သူတစ်ဦးထံတွင် iTune Pass ၌ ထည့်သွင်းလိုသည့် ငွေပမာဏကို လွှဲပြောင်းပေးချေပြီးနောက် Passbook app အတွင်းရှိ iTunes Pass ဖြင့် ဝယ်ယူမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။ iTunes Pass ကို အသုံးပြုသူများသည် iTunes gift card များကို အသုံးပြုသူများကဲ့သို့ပင် iTunes Store, App Store နှင့် iBooks Store တို့တွင် ဝယ်ယူမှုများ ပြုလုပ်နိုင်သည်။

iTunes Pass feature သည် iTunes အခြေခံ မိုဘိုင်းငွေပေးချေ ဝန်ဆောင်မှု၏ ကနဦး ခြေလှမ်းတစ်ရပ် ဖြစ်နိုင်ကြောင်း၊ Apple အနေဖြင့် Passbook နှင့် Touch ID fingerprint sensor တို့ချိတ်ဆက်ထားသည့် ဝန်ဆောင်မှုတစ်ခုကိုလည်း စီစဉ်လျက်ရှိကြောင်း 9to5Mac က ဖော်ပြခဲ့သည်။

Ref: MacRumors

မောင်းသူမဲ့ကားများအား ဗုံးအဖြစ် အသုံးပြုနိုင်ခြင်းအပေါ် FBI စိုးရိမ်နေ


Google ၏ မောင်းသူမဲ့ကားများသည် ရှေ့ပြေးပုံစံ အနေဖြင့်သာ ရှိနေသေးသော်လည်း အဆိုပါ ကားများကို ဒုစရိုက်သမားများက ဗုံးများအနေဖြင့် အသုံးပြုနိုင်ခြင်းအတွက် ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) က စိုးရိမ်လျက်ရှိသည်။

ဒုစရိုက်သမားများသည် အဆိုပါ မောင်းသူမဲ့ကားများကို အသုံးပြုကာ ဥပဒေချိုးဖောက်ခြင်း၊ ရဲများကို ယာဉ်၏ အနောက်ဘက်မှ ပစ်ခတ်ခြင်းနှင့် ပေါက်ကွဲစေသည့် အရာများပါဝင်သော မောင်းသူမဲ့ကားကို ပစ်မှတ်ထံ ဦးတည်မောင်းနှင်စေနိုင်ခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း အက်ဖ်ဘီအိုင်၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အလိုအလျောက် မောင်းနှင်နိုင်သည့် ကားများသည် ခရီးသွားလာရာတွင် ပိုမိုအကျိုးရှိလာနိုင်သော်လည်း ၎င်းကို လူသတ်လက်နတ်များအဖြစ် အသုံးပြုနိုင်ဖွယ်ရှိကြောင်း FBI ၏ အစီရင်ခံစာတွင် ဖော်ပြချက်ကို Guardian က ရေးသားဖော်ပြခဲ့သည်။

၎င်းအစီရင်ခံစာကို FBI ၏ စစ်ဆေးရေး ဒါရိုက်တာလူကြီးများအဖွဲ့ အတွင်းရှိ Strategic Issues အဖွဲ့က ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မောင်းသူမဲ့ကားများသည် စုံစမ်းစစ်ဆေးမှုကို ရှောင်လွှဲနေသည့် သံသယရှိသူအား ပစ်မှတ်များဖြင့် အလွယ်တကူ စောင့်ကြည့်စေနိုင်ကြောင်း သိရသည်။

မောင်းသူမဲ့ကားများနှင့် ပတ်သက်၍ ပြည်နယ်အများစုတွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး မောင်းသူမဲ့ကား အားပေးထောက်ခံသူများကို ဝေဖန်သည့် အနေဖြင့် အဆိုပါကားများက လမ်းသွားလမ်းလာများအား အန္တရာယ်ရှိစေနိုင်သည်ဟု ဖော်ပြထားသော ကြော်ငြာတစ်ခုကိုလည်း ဖလော်ရီဒါပြည်နယ်တွင် ဖြန့်ချိခဲ့ကြသည်။

Ref: TheVerge

Tuesday, July 15, 2014

စစ်မြေပြင်သုံး ခွေးစက်ရုပ်ကို အမေရိကန်တွင် ပထမဆုံးအကြိမ် ကွင်းဆင်း စမ်းသပ်


အနာဂတ် အမေရိကန် စစ်တပ်များတွင် အသုံးပြုသွားရန် ရည်ရွယ်ထားသည့် ခွေးစက်ရုပ်ကို ပထမဆုံးအကြိမ် လက်တွေ့ ကွင်းဆင်း စမ်းသပ်နေကြောင်း သိရှိရသည်။
Legged Squad Support System ခေါ် ခြေလေးချောင်းတပ် စက်ရုပ်ကို Google က တီထွင်ထားခြင်းဖြစ်ပြီး မရိန်းတပ်ဖွဲ့များက ကူဂျိုဟု ချစ်စနိုးအမည် ပေးထားသည်။ အဆိုပါ စက်ရုပ်ကို (၅)နှစ်ကြာ အချိန်ယူ သုတေသနပြု ဖန်တီးထားခဲ့ပြီး ယခုအခါ ဟာဝိုင်ယီရှိ ကာဟူကူ စစ်ရေးလေ့ကျင့်မှု ဧရိယာတွင် ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ်လျက် ရှိသည်။
ကြီးမားသော ခွေးကြီးတစ်ကောင်နှင့် သဏ္ဍန်တူသည့် ကူဂျိုသည် ပေါင်ချိန်(၄၀၀)မျှ အလေးချိန်ရှိသော လက်နက်ခဲယမ်းများ၊ အခြားသော စစ်ဘက်သုံး ပစ္စည်းများကို သယ်ပိုးကာ မရိန်းတပ်ဖွဲ့များနှင့် ထပ်ကြပ်မကွာ လိုက်ပါနိုင်သည်။ ကူဂျိုသည် ကြမ်းတမ်းပြီး ပြေပြစ်မှု မရှိသည့် မြေမျက်နှာပြင်များတွင်ပင် ခရီးတွင်စွာ သွားလာနိုင်အောင် ဒီဇိုင်းတည်ဆောက်ထားသည်။
မရိန်းတပ်ဖွဲ့ဝင် (၅)ဦးတို့သည် အဝေးထိန်း ကိရိယာတစ်ခုကို အသုံးပြုပြီး ကူဂျိုကို အောင်မြင်စွာ စမ်းသပ် ထိန်းချုပ်နိုင်ခဲ့သည်။ အဆိုပါ စက်ရုပ်သည် စစ်မြေပြင်တွင် ချီတက်နေခိုက် အမေရိကန် စစ်သည်များ သယ်ပိုးရသည့် ဝန်ပမာဏကို လျှော့ချရန်နှင့် လိုအပ်သည့် ပစ္စည်းများ အပိုဆောင်း သယ်ယူနိုင်ရန် အဓိက ရည်ရွယ် တီထွင်ထားခြင်း ဖြစ်သည်။
LS3ဟု Google က အတိုကောက် ခေါ်ဝေါ်သည့် စက်ရုပ်ကို ဒေါ်လာ(၂)သန်းမျှ အကုန်အကျခံပြီး တည်ဆောက်ထားခြင်း ဖြစ်သည်။ အဝေးထိန်း ကိရိယာမှာထိန်းချုပ်ရ လွယ်ကူပြီး Call of Duty ဗီဒီယိုဂိမ်း ကစားနေရသည့်နှယ် ခံစားရကြောင်း လက်တွေ့စမ်းသပ်ခဲ့သည့် မရိန်းစစ်သည် တစ်ဦးက ဆိုသည်။
မရိန်းတပ်သားများသည် စမ်းသပ်မှု အစီအစဉ်တွင် ကူဂျိုကို ထောက်ပံ့ရေး ကဏ္ဍအတွက် Missionပုံစံ အမျိုးမျိုးဖြင့် ခိုင်းစေနေသည်။ “ဒီစက်ရုပ်က တကယ်အလုပ်ဖြစ်တဲ့ တီထွင်မှုပါ။ အံ့ဩစရာပါပဲ”ဟု တပ်ကြပ် ဘရန်ဒန် ဒစ်ခ်မန်းက မှတ်ချက်ပြုခဲ့သည်။ “တစ်ခါတစ်လေ စက်ရုပ်ရဲ့ ခြေလှမ်း ဟန်ချက်ပျက် ယိမ်းယိုင်သွားမယ်လို့ ထင်မိတယ်။ ဒါပေမဲ့ ကူဂျိုက ဟန်ချက် ညီအောင် ထိန်းနိုင်ခဲ့တယ်။ အားကိုးရတဲ့ အထောက်အပံ့ကောင်း တစ်ခုပါပဲ။ ဒါပေမဲ့ တောင်စောင်း ခပ်မတ်မတ်တွေ၊ တောင်တက်လမ်းတွေကို ဖြတ်ရတဲ့ အခါမှာတော့ နည်းနည်းလေး ပြဿနာ ရှိနေတယ်”ဟုလည်း ၎င်းက ဆိုသည်။
၎င်းက LS3 သည် မရိန်းစစ်သည်များ ချီတက်နိုင်သည့် မြေပြင်အနေအထားများအနက် (၈၀)ရာခိုင်နှုန်းခန့်ကို အဆင်ပြေပြေ လိုက်ပါနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ အဆိုပါ စက်ရုပ်ကို စစ်မြေပြင်များတွင် လက်တွေ့ အသုံးချဦးမည် မဟုတ်ဘဲ နောက်ထပ် အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ဦးမည်ဟုလည်း သိရှိရသည်။
_Ref: Dailymail

Monday, July 14, 2014

မြန်မာနိုင်ငံ၌ မကြာမီ အချိန်ကာလ အတွင်း အင်တာနက် အသုံးပြုသူ ဦးရေ သုံးသန်းအထိ ရောက်ရှိ လာတော့မည်


 မြန်မာနိုင်ငံ၌ တယ်လီဖုန်းများ တိုးတက် များပြားလာသည်နှင့် အမျှ မကြာမီမှာပင် မိုဘိုင်းလ်ဖုန်း အင်တာနက် သုံးစွဲသူဦးရေ သုံးသန်းအထိ ရောက်ရှိ လာတော့မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ သိရသည်။

အင်တာနက် သုံးစွဲမှု အပိုင်းတွင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ၂၅၁၃၂ဝ၅ ရှိခဲ့ရာမှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် မေလကုန်ထိ အင်တာနက် သုံးစွဲသူ ၂၉၁၉၆၁၈ ဦးအထိ တိုးတက် လာခဲ့သောကြောင့် မကြာမီ သုံးသန်းအထိ ရောက်ရှိတော့မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတော်၏ တယ်လီဖုန်း သိပ်သည်းဆ တိုးတက် မြင့်မားလာစေရန်နှင့် ကျေးလက်မြို့ပြ ကွာဟမှုများ မရှိစေဘဲ ပြည်သူများ တယ်လီဖုန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် တယ်လီဖုန်း တိုးချဲ့ တပ်ဆင်ခြင်း လုပ်ငန်းများကို နှစ်စဉ် စီမံကိန်းများ ချမှတ်၍ ပြည် နယ်နှင့် တိုင်းဒေသကြီးများ၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ် အထိ တယ်လီဖုန်း ၃၅၉၈၁၁၃ လုံး၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် မေလအထိ တယ်လီဖုန်းပေါင်း ၉၃၆၁၉၉၈ လုံး တပ်ဆင် ပေးနိုင်ခဲ့သည်။

တယ်လီဖုန်း သိပ်သည်းဆမှာ ယခုနှစ် မေလကုန်တွင် ၁၅ ဒသမ ၆ဝ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

https://www.facebook.com/mwdmedia

Sunday, July 13, 2014

NTU မှလွှင့်တင်သော ဂြိုဟ်တုစနစ် တည်ဆောက်ရာတွင်မြန်မာ ကျောင်းသားတစ်ဦးပါဝင်


စင်ကာပူနိုင်ငံ Nanyang Technological University မှလွှင့်တင်သော ဒေသတွင်းတည်ဆောက်ထားသော ဂြိုဟ်တု (Home-grown Satellites) နှစ်ခုအား တည်ဆောက်ရာတွင် အဆိုပါတက္ကသိုလ်မှ မြန်မာကျောင်းသား တစ်ဦးပါဝင်ကြောင်း သိရသည်။

၎င်းဂြိုဟ်တုနှစ်ခုအား တည်ဆောက်ရာတွင် NTU Satellite Research Centre Association မှပရော်ဖက် ဆာ Low Kay Soon နှင့်အတူကျောင်းသား ၄ ယောက်က တည်ဆောက်ထားခြင်းဖြစ်ပြီး အဆိုပါ ၄ ယောက်ထဲတွင် မြန်မာကျောင်းသား မောင်ထက်အောင် (အသက် ၂၈ နှစ်) ပါဝင်ခဲ့ကြောင်းသိရသည်။ လွှင့်တင်ခဲ့သော ဂြိုဟ်တုများမှာ VELOX-I နှင့် VELOX-PIII တို့ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက်တွင် အိန္ဒိယနိုင်ငံ၏ Polar Satellite ဖြင့်ချိတ်ဆက်ခဲ့ကြောင်း သိရသည်။

ယင်း Home-grown Satellite နှစ်ခုအား NTU Satellite Research Centre တွင်ကျောင်းသားများနှင့် သုတေသီများက ဒီဇိုင်းရေးစွဲတပ်ဆင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဂြိုလ်တုနှစ်ခုလုံးသည် မြေပြင်နှင့်အထက် ၆၅၀ ကီလိုမီတာထိ ပျံသန်းနိုင်ပြီး အဆိုပါဂြိုဟ်တုနှစ်ခုမှာ အိန္ဒိယနိုင်ငံ အာကာသသုတေသန အဖွဲ့အစည်း၏ Satellite Mission ၅ ခုမှ တစ်ခုအပါအဝင် ဖြစ်ကြောင်းသိရသည်။

Saturday, July 12, 2014

ဆမ်ဆောင်း ဂလက်ဇီ S5 နဲ့ အိုင်ဖုန်း 5s

 ~



  • ဆမ်ဆောင်း ဂလက်ဇီ S5 နဲ့ အက်ပဲလ် iPhone 5s ဘယ်လောက် အမြတ်တင်ရောင်းသလဲ


ဆမ်ဆောင်း အုပ်စုဟာ စမတ်ဖုန်း လောကမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ ကိုရီးယား အီလက်ထရောနစ် ကုမ္ပဏီကြီးဟာ ၂၀၁၃ ခုနှစ်အတွင်းမှာ စမတ်ဖုန်းပေါင်း ၃၁၄ သန်း ဈေးကွတ်တင်ခဲ့ပြီး အက်ပဲလ် ထုတ်ကုန်တွေထက် နှစ်ဆလောက် ရှိနေပါတယ်။ iPhone တွေရဲ့ ရောင်းအားက အလုံးရေ ၁၅၃ ဒသမ ၄ သန်း ရှိခဲ့ပြီး iPhone နဲ့ ဆမ်ဆောင်းကုမ္ပဏီ နှစ်ခုပေါင်းရင် ကမ္ဘာ့စမတ်ဖုန်းတွေရဲ့ ၄၇ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။

၂၀၁၄ ခုနှစ် ပထမ ၃ လပတ်မှာတင် ဆမ်ဆောင်းက ၈၉ သန်းနဲ့ အက်ပဲလ်က ၄၃ ဒသမ ၇ သန်း ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီကြီး နှစ်ခုရဲ့ ရောင်းဈေးနဲ့ အမြတ်ရာခိုင်နှုန်းကို ကြည့်ရင် သူတို့ရဲ့ ထုတ်ကုန်တွေဟာ သူတို့ဘာသာ ထုတ်ယူတာပဲဖြစ်ဖြစ်၊ တခြားကုမ္ပဏီတခုခုကို တာဝန်ယူ ထုတ်လုပ်တာပဲဖြစ်ဖြစ် အမြဲ ဈေးမြင့်လွန်းနေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဝန်ဆောင်မှုတွေနဲ့ လုပ်ဆောင်ချက်တွေဟာ ပြည့်စုံလုံလောက်မှု ရှိတဲ့အတွက် ရောင်းအားကျသွားတာမျိုး မဖြစ်ပါဘူး။

အခုလို အမြတ်ကြီးစားထားတဲ့ ကိစ္စမျိုးတွေဟာ နောက်ပိုင်း အဆင်မပြေဖို့ များပါတယ်။ အက်ပဲလ်ကနေ အခုနှစ်ကုန်လောက်မှာ iPhone 6 ကို ဖြန့်ချိပါလိမ့်မယ်။ iPhone 6 ရဲ့ ဈေးနှုန်းကို တရားဝင် မပြောကြားသေးပေမယ့် ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှု အသစ်တွေ၊ ကုမ္ပဏီအသစ်တွေ၊ ထုတ်ကုန်အသစ်တွေ အများကြီးရှိနေတဲ့ ကိစ္စကို ထည့်စဉ်းစားဖို့ လိုပါလိမ့်မယ်။ အဲဒီလို အခြေအနေမှာ ဆမ်ဆောင်းနဲ့ အက်ပဲလ်က  အရင်လိုပဲ  အမြတ်များများစားစား တင်ရောင်းဦးမှာလား၊ ဒါမှမဟုတ် သူတို့ရဲ့ဈေးကွက် ဖန်တီးမှု  နည်းဗျူဟာတွေကို  ပြန်လည်ပြုပြင်ပြီး ဈေးနှုန်းလျှော့ချ ရောင်းမှာလားဆိုတာ အဓိကအချက် ဖြစ်နေပါတယ်။

အဲဒီအချက်တွေကို သိဖို့အတွက် ထုတ်လုပ်မှု လုပ်ငန်းတွေ၊ တပ်ဆင်တဲ့ လုပ်ငန်းတွေ၊ တပ်ဆင် အသုံးပြုထားတဲ့ပစ္စည်းတွေရဲ့ တန်ဖိုးတွေ သိဖို့လိုပါတယ်။ ဆမ်ဆောင်းက လုပ်ဆောင်မှု တော်တော် များများကို ပြင်ပကုမ္ပဏီတွေကို အပ်လေ့မရှိပါဘူး။ ဒါပေမယ့် Galaxy S5 လိုမျိုး ဖုန်းတွေရဲ့ အဓိက အရေးပါတဲ့ ပရိုဆက်ဆာကို တခြားကုမ္ပဏီကြီးဖြစ်တဲ့ Qualcomm က ထုတ်တဲ့ ပရိုဆက်ဆာကို သုံးထား ပြီး ၄၁ ဒေါ်လာလောက် ကျသင့်ပါတယ်။

ဈေးကွက် သုတေသနကုမ္ပဏီ IHS ရဲ့ ပြောကြားချက်အရ S5 မှာ သုံးထားတဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က ကန်ဒေါ်လာ ၂၅၁ ဒသမ ၅၂ ဒေါ်လာလောက်ပဲ ရှိပါတယ်။ တခြားပစ္စည်း အတိုအထွာလေးတွေအတွက် ထပ်ပေါင်းရင် နောက်ထပ် ၅ ဒေါ်လာလောက် ကုန်ကျပါမယ်။ သူ့ထဲမှာ သုံးထားတဲ့ ပစ္စည်းတွေဖြစ်တဲ့ Display၊ ဆင်ဆာ၊ ပရိုဆက်ဆာ၊ ကင်မရာ၊ မင်မိုရီ စတာတွေက S4 ထက် ပိုကောင်းတဲ့ပစ္စည်းတွေ သုံးထားတဲ့ အတွက် S5 ရဲ့ ပစ္စည်းတွေက ပိုအကုန်အကျ များပါလိမ့်မယ်။ Flash Memory က ၂၈ ဒေါ်လာ၊ Display, Touch Screen အဲဒီအထဲမှာ ဂေါ်ရီလာ မှန် (Gorilla Glass) တွေရဲ့ တန်ဖိုးက ၆၃ ဒေါ်လာလောက် ရှိပါတယ်။ သူတို့ ဆန်းစစ် လေ့လာချက်တွေထဲမှာ ဝိုင်ဖိုင်၊ Bluetooth အတွက် သုံးထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အသေးစိတ် ရေးမထားပါဘူး။

ဆမ်ဆောင်း ဂလက်ဆီ S5 ဟာ ထုတ်လုပ်ခဲ့ပြီးတဲ့ ဖုန်းတွေထဲမှာ စရိတ်အကုန်အကျ အများဆုံးဖုန်း ဖြစ်ခဲ့ပါတယ်။ S5 ဟာ iPhone 5S ထက် ဒေါ်လာ ၅၀ လောက် ပိုကုန်ကျခဲ့ပါတယ်။ Galaxy S5  မှာ Qualcomm WTR 1625 ရေဒီယို ဖရီ ကွင်စီ ဖမ်းစက် (Reciver) ကို သုံးထားပြီး အဲဒီ ပစ္စည်းတွေအပြင် ဘာရိုမက်ထရစ် ဖိအားဆင်ဆာ (Barometric Pressure Sensor) နဲ့ သွေးခုန်နှုန်း၊ လက်ချောင်း (Finger) ဆင်ဆာတွေ ထပ်တိုးထား ပါသေးတယ်။

  • iPhone 5s နဲ့ iPhone 5

ပစ္စည်းတွေ ထုတ်လုပ်မှု ကုန်ကျစရိတ်အနေနဲ့ iPhone 5s ဟာ iPhone 5 ထက် လျော့နေပါတယ်။ 16 GB iPhone 5s ဟာ  ကုန်ကျစရိတ် ၁၉၉ ဒေါ်လာရှိပြီး ပစ္စည်းဖိုးက ၁၉၁ ဒေါ်လာ၊ တခြား ပစ္စည်းအသေးလေးတွေနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်အတွက် ၈ ဒေါ်လာ ရှိပါတယ်။ ဖုန်းဆက်သွယ်မှု ကုမ္ပဏီတွေနဲ့ ကန်ထရိုက်မပါတဲ့ iPhone 5s (16 GB) ရောင်ဈေးဟာ ၆၄၉ ဒေါ်လာ ရှိပါတယ်။ ကုမ္ပဏီအတွက် အမြတ် သိသိသာသာ ရထားတာ တွေ့ရပါမယ်။ ဒါဟာ iPhone 5 ထက် ကုန်ကျစရိတ် ၁၃ ဒေါ်လာ သက်သာပါတယ်။ 16 GB ကနေ 64 GB txd Memory ထပ်တိုးထားတဲ့ iPhone ကတော့ ၁၉ ဒေါ်လာ ထပ်ပေါင်းရပါမယ်။

iPhone ရဲ့ Display က ဂျပန်နိုင်ငံက Display ထုတ်လုပ်တဲ့ ရှပ် (Sharp) နဲ့ LG Display တွေကို သုံးထားပြီး ၄၄ ဒေါ်လာ ကုန်ကျပါမယ်။ iPhone 5s က ပိုလီကာဗွန်နိတ်ကာဗာ သုံးမထားဘဲ အလူမီနီယံကာဗာ သုံးထားတဲ့အတွက် ကုန်ကျစရိတ် ပိုပါလိမ့်မယ်။ NAND Flash Memory က သုံးထားတဲ့ ထုတ်ကုန်ပစ္စည်းတွေထဲမှာ ကုန်ကျစရိတ် တော်တော်မြင့်နေပါတယ်။ ဒါပေမယ့် ဝယ်ယူသူ အများစုကိုဆွဲ ဆောင်မှုပေးနိုင်တဲ့ ပစ္စည်းတခု ဖြစ်နေပါတယ်။ နောက်တချက်ကတော့ NAND Flash Memory တွေရဲ့ ဈေးနှုန်းဟာ တစ်နှစ်လောက်ကြာရင် ဈေးတဝက် လျော့ကျသွားလေ့ရှိတာဖြစ်ပါတယ်။

  • ဆမ်ဆောင်းရဲ့ Galaxy S5

Galaxy S5 ဟာ ကန်ထရိုက်မပါ ရောင်းဈေး ဒေါ်လာ ၆၅၀ လောက် ရှိနေတဲ့အတွက် အကြမ်းဖျင်း အနေနဲ့ အမြတ် ဒေါ်လာ ၄၀ဝ လောက် ရှိနေပါ တယ်။ အလားတူပဲ အက်ပဲလ်ရဲ့ iPhone 5s ဟာ ၄၄၉ ဒေါ်လာလောက် အမြတ်ရှိနေပါတယ်။ အဲဒီ ကုန်ကျစရိတ်ထဲမှာ ဈေးကွက်တင် အရောင်းမြှင့်တင်ဖို့၊ ကြော်ငြာစရိတ်တွေ၊ အခွန်အခ၊ တခြား မူပိုင်ခွင့်ဆိုင်ရာ ပေးရတဲ့ ငွေကြေးနဲ့ Operation System အတွက် ကုန်ကျစရိတ်တွေ ရှိနေပါသေးတယ်။ အခုတွက်ပြတဲ့ အမြတ်ငွေတွေဟာ အသားတင်အမြတ် မဟုတ်ပါဘူး။ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ ရောင်းဈေးကို တွက်ချက်ပြထားတာဖြစ်ပါတယ်။ ဘယ်လိုပဲ တွက်တွက်၊ ဘယ်လိုပဲ တွေးတွေး အဲဒီကုမ္ပဏီနှစ်ခုဟာ သူတို့ဖုန်းတစ်လုံး ရောင်းလိုက်ရတိုင်း အမြတ်ငွေ တော်တော်များများ ရနေတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေအတွက် စမတ်ဖုန်းဈေးကွက်ဟာ တော်တော်အေးနေပေမယ့် အိန္ဒိယ၊ တရုတ် စတဲ့ နိုင်ငံမျိုးတွေအတွက် ဈေးကွက်အနေအထား အရမ်းကောင်းနေပြီး ဌာနေရောင်းချသူတွေအတွက် အခွင့်အလမ်းကောင်းတွေ ဖြစ်စေပါတယ်။ နိုင်ငံတကာ  အမှတ်တံဆိပ်  မဟုတ်ဘဲ  ဒေသတွင်းက ထုတ်လုပ်ရောင်းချသူတွေဖြစ်တဲ့ Xiaomi နဲ့ Micromax လို ကုမ္ပဏီတွေကလည်း ဒေသတွင်း ဈေးကွက်ရဲ့ တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်ကို ပိုင်ဆိုင်ဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။ အဲဒီထဲမှာ အိန္ဒိယနဲ့ တရုတ်ဈေးကွက်ထဲက အိန္ဒိယဈေးကွက်မှာဆိုရင် မိုလ်ဘိုင်းဖုန်း သုံးစွဲသူ ၉၀၁ သန်းလောက် ရှိနေပေမယ့် စမတ်ဖုန်းသုံးစွဲသူတွေက ၉၄ ဒသမ ၁ သန်းပဲ ရှိပါသေးတယ်။ တရုတ်နိုင်ငံမှာဆိုရင်လည်း မိုလ်ဘိုင်း သုံးစွဲသူ ၁ ဒသမ ၂ ဘီလီယံ ရှိနေပြီး စမတ်ဖုန်းသုံးသူက သန်း ၇၀ဝ လောက်ပဲ ရှိနေပါတယ်။ စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းက ၁၉၁၇ လောက်မှာ ဆိုရင် ၂၆၅ ဒေါ်လာလောက်ပဲ ရှိတော့မယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိအခြေအနေမှာ ဈေးကွက်ရှယ်ယာ နည်းနေတဲ့ မိုတိုရိုလာ (MOtorola) ကလည်း နည်းပညာဆိုင်ရာ အချက်အလက်တွေမြင့်တဲ့ သူ့ရဲ့ စမတ်ဖုန်းတွေကို ၁၁၇ ဒေါ်လာကနေ ဒေါ်လာ ၄၀ဝ လောက်နဲ့ ရောင်းချမယ်လို့ ခန့်မှန်းထားပါတယ်။

IHS ရဲ့ ဈေးကွက် သုတေသန အကြီးအကဲ အင်ဒရူး ရပ်စ်ဝေလာ (Andrew Rassweiler) ရဲ့ ပြောကြားချက်အရ ဆမ်ဆောင်းဟာ ကမ္ဘာကြီးရဲ့ မတူညီတဲ့ ဈေးကွက်နေရာ ဒေသတွေအလိုက် မတူညီတဲ့ ရသတွေ၊ စွမ်းဆောင်ရည်တွေ မျိုးစုံကိုပေးနိုင်ပြီး ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လုပ်ဆောင်မှုတွေကို ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဆမ်ဆောင်းရဲ့ အားသာချက် ဖြစ်နေပါတယ်။

အခု ရေးခဲ့ပြီးသလို ဈေးကွက်အနေအထား၊ ပြိုင်ဆိုင်မှု၊  စွမ်းဆောင်ရည်၊  ဝန်ဆောက်မှုတွေ အမျိုးမျိုးပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတဲ့ စမတ်ဖုန်းလောကမှာ ဆမ်ဆောင်းနဲ့ အက်ပဲလ်ဟာ အမြတ် များများစားစား တင်ပြီးရောင်းချတာမျိုးလုပ်ဖို့ အခွင့်သာတော့မှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ဈေးနှုန်း သက်သာတဲ့ ပေါချောင်ကောင်း အမျိုးအစားတွေကို ထုတ်လုပ်ပြိုင်ဆိုင်မှုတွေ ရှိလာနိုင်ပါတယ်။ အဲဒီလို လုပ်ရာမှာလည်း iPhone 5c နဲ့ Galaxy S4 တို့လို အဆင့်မြင့်မော်ဒယ်တွေနဲ့ သိသိသာသာ နိမ့်နေခဲ့ရင်၊ စွမ်းဆောင်ရည် သိသိသာသာ ကွာနေခဲ့ရင် တန်ဖိုးနည်းတယ် ဆိုပေမယ့် သုံးစွဲသူတွေက ဈေးပိုကြီးပေမယ့် စွမ်းဆောင်ရည် ပိုမြင့်တဲ့ မော်ဒယ်ကို ရွေးချယ်မှာဖြစ်လို့ အဲဒီလို လုပ်ဆောင်တာဟာ ဘာအကျိုးထူးမှ ရမှာမဟုတ်ပါဘူး။ တကယ်ကို စွမ်းဆောင်ရည်မြင့်ပြီး  ဈေးနှုန်းသက်သာတဲ့  အမျိုးအစားတွေကို ထုတ်လုပ်ရောင်းချမှသာ ဈေးနှုန်းကို အဓိကထား ဝယ်ယူကြမယ့် ဈေးကွက်အတွက် အဆင်ပြေပါလိမ့်မယ်။

ဟန်းဖုန်းတွေဟာ အရင်းဘယ်လောက်၊ အမြတ်ဘယ်လောက် ရှိတယ်ပြောပြော သုံးမယ့်သူတွေကတော့ ဝယ်သုံးနေကြပါလိမ့်မယ်။ အဲဒီအကြောင်းတွေထက် ပိုစိတ်ဝင်စားဖို့ကောင်းတာက အဆင့်မြင့် နည်းပညာ ထုတ်ကုန်တွေဟာ ကုန်ကြမ်းတွေ ဘယ်လိုရသလဲ၊ ဘယ်လိုထုတ်လုပ်ကြသလဲ ဆိုတာဖြစ်ပြီး သူတို့ ထုတ်လုပ်ရောင်းချသလို တချိန်ချိန်မှာတော့  ကိုယ့်ဆီမှာလည်း ထုတ်လုပ်နိုင်ကောင်းရဲ့လို့ တွေးရင်း အခုဆောင်းပါးကို အဆုံးသတ်လိုက်ရပါတယ်။

 
ဖိုးနိုင်ဝင်း (မာစတာပိစ်)

Ref:
Samaung Galaxy S5 and Apple iPhone 5S Cost less Than 40% Of Their Selling Price: Will The Huge Margin Strategy Survive In Future?
By Bhavya Srivastava.

 

 



အိုင်စီတီနှင့် ချိတ်ဆက်ထားသည့် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများကို သုံးစွဲသူပေါင်း ငါးနှစ်အတွင်း သန်းငါးဆယ်အထိ ရှိလာမည်ဟု ဂျပန်ခန့်မှန်း


မြန်မာနိုင်ငံတွင် လာမည့်ငါးနှစ်အတွင်း၌ အိုင်စီတီနှင့်ချိတ်ဆက်ထားသော ဝန်ဆောင်မှုများကို သုံးစွဲသူပေါင်း သန်းငါးဆယ်အထိ ရှိလာမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ အိုင်စီတီဆိုင်ရာ အကြံပေး လုပ်ငန်းစု တစ်ခုဖြစ်သည့် Nomura Research Institute ကခန့်မှန်းထားကြောင်း သတင်းရရှိသည်။

အိုင်စီတီနှင့်ချိတ်ဆက်နေသည့် Mobile Payment, Internet Banking, e-Payment, Mobile Entertainment, e-Microfina- nce, Mobile Commerce အစရှိသည့် ခေါင်းစဉ်များဖြင့် ကဏ္ဍအများအပြားကို သုံးစွဲသူပေါင်း သန်းငါးဆယ်အထိ ရှိလာမည်ဟု Nomura Research Institute ကခန့်မှန်းလိုက်ခြင်း ဖြစ်သည်။ မိုဘိုင်းဖုန်းပေါ်မှ ငွေပေးချေ ခြင်းလုပ်ငန်းများနှင့် အင်တာနက်ပေါ်မှ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို သုံးစွဲသူသည် နှစ်အနည်းငယ်အတွင်း ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း အဆိုပါ အိုင်စီတီဆိုင်ရာ ကြံပေးလုပ်ငန်းစု၏ အထွေထွေ မန်နေဂျာဖြစ်သူ Mr.Kotaro Kuwadu ကပြောကြားသည်။ ထို့အပြင်အင်တာနက် စနစ်ချိတ်ဆက်ထားသော မိုဘိုင်းဖုန်းများကို အသုံးပြုပြီး ကုန်သွယ်မှုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် ဖျော်ဖြေရေးလုပ်ငန်းများကို အသုံးပြုကြသူ ပမာဏသည်လည်း တချိန်တည်းမှာပင် မြင့်တက်လာမည်ဟု အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် အင်တာနက်ဆက်သွယ်မှု အမြန်နှုန်းများနှင့် ဆက်သွယ်ရေးကွန်ရက် ချိတ်ဆက်မှုများကို လက်ရှိအနေအထားမှ ပြောင်းလဲနိုင်မှသာ နိုင်ငံတကာ၏ ခန့်မှန်းချက် များနှင့် တထပ်တည်းကျနိုင်မည် ဖြစ်ကြောင်း ကွန်ပျူတာပညာရှင် အချို့ကသုံးသပ်ပြောကြားသည်။ အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး Nomura Research Institute ၏ အထက်ပါ တာဝန်ရှိ သူက "အားလုံးသိပြီးသား ဖြစ်သလို နိုင်ငံတစ်နိုင်ငံရဲ့ အိုင်စီတီကဏ္ဍတိုးတက်လာမယ့် လမ်းကြောင်းမှာ အင်တာနက်ဆက် သွယ်မှုကောင်းမွန်ဖို့နဲ့ မိုဘိုင်းဖုန်းကွန်ရက်တွေကို အဆင့်မြင့်မြင့် အသုံးပြုနိုင်ဖို့က အခြေခံအချက်တွေပါ။ အခြေခံအဆောက်အဦ ကောင်းမွန်မှနိုင်ငံတကာ လမ်းကြောင်းကို လှမ်းနိုင်မှာပါ။ မြန်မာနိုင်ငံရဲ့အိုင်စီတီ ကဏ္ဍကိုတော့ နှစ်အနည်းငယ်အတွင်း တိုး တက်လာမယ့်လို့ ယုံကြည်ပါတယ်" ဟု ပြောသည်။ ထို့အပြင် Nomura Research Institute အနေဖြင့် ငါးနှစ်တာ အချိန်အတွင်း မြန်မာနိုင်ငံ၏ အိုင်စီတီတိုးတက်မှုသည် အလျင်မြန်ဆုံး ပြောင်းလဲလာမည်ဖြစ်ပြီး ဂျပန်အပါအဝင် နိုင်ငံတကာမှ ဆက်သွယ်ရေး ကုမ္ပဏီများ၏ အာရုံစိုက်မှုကိုလည်း အထူးရရှိနေသည့် အခွင့်အရေးကို အကောင်းဆုံး အသုံးချသင့်ကြောင်း အကြံပြုပြော ကြားသည်။
 

ရတနာပုံတယ်လီပို့က အော်ပရေတာအဖြစ် ပူးပေါင်းလုပ်ကိုင်ရန် ကုမ္ပဏီတစ်ခုနှင့် ထပ်မံညှိနှိုင်း


ရတနာပုံတယ်လီပို့ ကုမ္ပဏီက အော်ပရေတာအဖြစ်ပူးပေါင်းလုပ်ကိုင်ရန် ယခင်က ညှိနှိုင်းခဲ့သည့် ကုမ္ပဏီများနှင့် အ ဆင်မပြေခြင်းကြောင့် အာရှရှိ အခြားဆက်သွယ်ရေးကုမ္ပဏီ တစ်ခုနှင့် ပြောင်းလဲဆွေးနွေးနေကြောင်း သတင်းရရှိသည်။

 နိုင်ငံတကာ အဆင့်မီကုမ္ပဏီ ရွေးချယ်မှုနှင် ပတ်သက်၍ ‘‘ဒီကုမ္ပဏီနဲ့တော့ လက်တွဲဆောင်ရွက်ဖြစ်မယ် ထင်ပါတယ်။ ရွေးနေတဲ့အချိန်ကလည်း နည်းနည်းကြာနေပြီဆိုတော့ မကြာခင်မှာတော့ ထုတ်ပြန်ဖြစ်မယ်ထင်ပါတယ်။ နောက်လလောက်ဆိုရင်တော့ သေချာသိမှာပါ’’ဟု ဦးရန်ဝင်းကပြောသည်။
 ယခင်က နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီများနှင့် ဆွေးနွေးမှုများရှိပြီး ညှိနှိုင်းမှုများ အဆင်မပြေဘဲ ရင်းနှီးမြှုပ်နှံမှု ပိုင်းဆိုင်ရာများသာမက အခြားသော အခက်အခဲများကြောင့် ပူးပေါင်းဆောင်ရွက်၍ မရခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက် True  ကော်ပိုရေးရှင်းနှင့် မလေးရှား နိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုတို့ အသေးစိတ်ညှိနှိုင်းရာ အဆင်မပြေခြင်းကြောင့် ဥရောပကုမ္ပဏီ တစ်ခုကို ထပ်မံကမ်းလှမ်း၍ ညှိနှိုင်းမှုများ ပြုလုပ်ရာတွင်လည်း နောက်ဆုံးအဆင့်အထိညှိနှိုင်း၍ မရရှိခဲ့ခြင်းဖြစ်သည်။
ပြည်ပနိုင်ငံတစ်ခုနှင့် ပူးပေါင်းပြီးမှသာ အော်ပရေတာ လုပ်ငန်းအတွက် အခြေခံအဆောက်အအုံများနှင့် အခြားသော လုပ်ငန်းများကို စတင်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် ပြည်တွင်းရှိ ၀န်ထမ်းအင်အားကိုသာ အသင့်ပြင်ဆင်ထားသည်။
အခြားသော ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် ရရှိထားသည့် ပြည်ပကုမ္ပဏီနှစ်ခုဖြစ်သည့် အူရီးဒူးမြန်မာနှင့် တယ်လီနော မြန်မာကုမ္ပဏီတို့က လုပ်ငန်းများ စတင်နေပြီဖြစ်ပြီး ကုမ္ပဏီနှစ်ခုလုံးက မိုဘိုင်းဆင်းမ်ကတ်များကို သြဂုတ်နှင့် စက်တင်ဘာလများတွင် ရောင်းချပေးတော့မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားသည်။ အော်ပရေတာတစ်ခုအဖြစ် လုပ်ကိုင်မည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း ပူးပေါင်းလုပ်ကိုင်မည့် နိုင်ငံတကာကုမ္ပဏီကို မရွေးချယ်ရသေးဘဲ ညှိနှိုင်းနေဆဲသာဖြစ်ကြောင်း သတင်းရရှိသည်။
Internet Journal

အချင်းဝက် ၃ စင်တီမီတာအထိ လိပ်ထားနိုင်မည့် TV panel ကို LG Display မိတ်ဆက်


တောင်ကိုရီးယား ကုမ္ပဏီ LG Display သည် သတင်းစာတစ်စောင်ကဲ့သို့ လိပ်ထားနိုင်မည့် ၁၈ လက်မ flexible TV panel သစ်တစ်မျိုးနှင့် ထွင်းဖောက်မြင်တွေ့နိုင်သည့် ၁၈ လက်မ OLED pnael တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။ ထို့ကြောင့် အဆိုပါ နည်းပညာ အသုံးပြုထားသည့် တယ်လီဗွီးရှင်းများကို နေအိမ်နှင့် ရုံးနံရံများတွင် အလွယ်တကူ ဖုံးကွယ်ထားနိုင်မည် ဖြစ်သည်။

ဘီလ်စနစ်သုံး ဖုန်းနှင့်ကြိုတင် ငွေဖြည့်ကတ်စနစ်သုံး ဖုန်းများ International Roaming စနစ်ဖွင့်ရန်ပုံစံချင်း တူမည်မဟုတ်


ဇူလိုင်လ (၂) ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးခဲ့သော International Outbound Roaming စနစ်အား အသုံးပြုရန်အတွက် ဘီလ်စနစ်သုံးဖုန်းနှင့် ကြိုတင်ငွေဖြည့်ကတ် စနစ်သုံးဖုန်းများ အသုံးပြုခွင့်လျှောက်ထားခြင်း ပုံစံချင်းတူမည် မဟုတ်ကြောင်းသိရသည်။

ဘီလ်စ်စနစ်( Postpaid) ဖုန်းများဖြင့် အသုံးပြုလိုပါက ကြိုတင်ငွေငါးသိန်းကျပ် သွင်းရန်လိုအပ်မည် ဖြစ်သော်လည်း ကြိုတင်ငွေဖြည့်ကတ်စနစ် (Prepaid) ဖုန်းများဖြင့် အသုံးပြုသူများအနေဖြင့် ယင်းငါးသိန်း ကိုပေးသွင်းရန် လိုအပ်မည်မဟုတ်ကြောင်း သိရသည်။ “Postpaid ဖုန်းတွေကတော့ရုံးမှာလာလျှောက် ကြိုတင်ငွေငါးသိန်းကျပ် ပေးသွင်းရမှာဖြစ်ပါတယ်၊ အသုံးပြုခွင့်ရရှိပြီး သုံးတဲ့ဘီလ်အပေါ်မူတည်ပြီး ကြို တင်ငွေထဲကနုတ်ယူသွားမှာပါ၊ ကြိုတင်ငွေငါးသိန်း ကုန်တော့မယ်ဆိုရင်တော့ Alarm ပေးပို့အကြောင်းကြားသွားမှာပါ၊ Prepaid ဖုန်းတွေကျတော့ ကြိုတင်ငွေဖြည့်ကတ်ဝယ်ပြီး အသုံးပြုနိုင်မှာပါ” ဟု ဝန်ဆောင်မှုပေးသည့် ဌာနမှပြောကြားသည်။

ဘီလ်စနစ်သုံးဖုန်းများအတွက် မောင်ထော်လေးလမ်း ဆက်သွယ်ရေးရုံတွင် လျှောက်ထားအသုံးပြုနိုင်မည်ဖြစ်ပြီး ကြိုတင်ငွေဖြည့်ကတ်စနစ်သုံးဖုန်းများအတွက် ရွှေဂုံတိုင်ဆက်သွယ်ရေးရုံးတွင် လျှောက်ထားအသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။ လျှောက်ထားရန်မှာ ဖုန်းစာအုပ်၊ စာချုပ်နှင့်လျှောက်ထား သူ၏မှတ်ပုံတင် စသည်တို့လိုအပ်မည်ဖြစ်သည်။ “လျှောက်ထားပြီး တစ်ရက်ပဲကြာမှာပါ၊ နောက်နေ့ချက်ချင်းဖွင့်ပေးပါတယ်” ဟု မောင်ထော်လေးလမ်း ဆက်သွယ်ရေးရုံမှ မေးမြန်းသိရှိရသည်။

ကျေးလက်ဒေသတွင် နေထိုင်သူများ အိုင်စီတီ အသုံးချမှု တိုးတက်လာစေရန် ဂျပန်ကူညီမည်


မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အိုင်စီတီကဏ္ဍ ဖွံဖြိုးလာစေရန်အတွက် ဂျပန်နိုင်ငံက အကူအညီပေးသွားမည်ဖြစ်ကြောင်း အဆိုပါနိုင်ငံ၏ပုဂ္ဂလိက အိုင်စီတီကုမ္ပဏီအချို့မှ သတင်းရရှိသည်။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍများနှင့် အလှမ်းဝေးနေဆဲဖြစ်သော မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အိုင်စီတီဖွံ့ဖြိုးမှုအတွက် ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးလိုခြင်းဖြစ်ပြီး နှစ်အနည်းငယ်အတွင်း မြို့ပြနှင့်ဝေးလံသည့် ယင်းဒေသများတွင် တိုးတက်ပြောင်းလဲမှုများ ရှိလာရန်အတွက် မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

“မြန်မာနိုင်ငံက ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့သူတွေဟာ အခုအချိန်အထိ အိုင်စီတီနဲ့ အလှမ်းဝေးနေပါသေးတယ်။ ဒါကိုမြန်မာအစိုးရနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ ကူညီသွားချင်ပါတယ်။ ကျေးလက်ဒေသတွေရဲ့ အိုင်စီတီကဏ္ဍဖွံ့ဖြိုးမှုဟာ နိုင်ငံတစ်နိုင်ငံလုံးရဲ့ တိုးတက်မှုကိုကောင်းကောင်း အထောက်အပံ့ပေးနိုင်ပါတယ်" ဟု မြန်မာနိုင်ငံ၏ ကျေးရွာအချို့တွင် e-Village စီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေသည့် JTEC (Japan Telecommun- ications Engineering and Consulting) အဖွဲ့အစည်းမှ ဒါ ရိုက်တာနှင့် စီမံကိန်းမန်နေဂျာ ဖြစ်သူ Mr.Tatsumi Munesato ကပြောသည်။

မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် နေထိုင်သည့်ဒေသခံများ၏ မိုဘိုင်းဖုန်း၊ အင်တာနက်အစရှိသော ဆက်သွယ်ရေးစနစ်များကို ပိုမိုအသုံးပြုလာနိုင်စေရန်နှင့် ထိုဒေသများတွင် အချိန်အ နည်းငယ်အတွင်း ဆက်သွယ်ရေးစနစ်များ တိုးတက်လာရေးကို ဂျ ပန်နိုင်ငံမှ အဓိကကူညီပေးသွားမည်ဟု သိရသည်။ ယခုလက်ရှိအချိန်တွင် JTEC သည် မြန်မာနိုင်ငံ၏ e-Village စီမံကိန်းကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး အိုင်စီတီကိုအသုံးချပြီး မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍကို အဆင့်မြှင့်တင်ပေးမည့် e- Woman အမည်ရှိစီမံကိန်းတစ်ခုကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Mr.Tatsumi Munesato က ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လပထမအတွင်းတွင် ဂျပန်နိုင်ငံအစိုးရ အဖွဲ့ဝင်အချို့သည် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်တွင်း ဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍကို အကူအညီပေးမည့် ရေရှည်စီမံကိန်းများနှင့် ပတ်သတ်ပြီး ဆွေးနွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
 Internet journal
 

Thursday, July 10, 2014

ကျေးရွာပေါင်း ၆ သောင်းအထိ e Village Center များဖွင့်လှစ်ရန်ရှိ


ဂျပန်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် ပထမဦးဆုံးသော e Village Center ကို တွံတေးမြို့နယ် ၊ ဘုရားငုတ္တို ကျေးရွာ၌ ယနေ့စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ၊ အဆိုပါ e Village Center များကို တစ်နိုင်ငံလုံးအနှံ့ ကျေးရွာပေါင်း ၆ ထောင်၌ တည်ထောင်ပေးရန် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အတွင်းရေးမှူး ဦးဇော်မင်းဦးကပြောသည်။

ယခုဖွင့်လှစ်လိုက်သည့် e Village Center ကို ငွေကြေးအရ ဂျပန်နိုင်ငံ JTEC အဖွဲ့ အစည်းမှ ထောက်ပံ့ပေးထားပြီး နည်းပညာပိုင်းဆိုင်များကို မြန်မာနိုင်ငံကွန် ပျူတာအသင်းချုပ်က ပံ့ပိုးကူညီထားသည်။ Center အတွက်လိုအပ်သည့် လျှပ်စစ်မီးသွယ်တန်းခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ကူညီပေးထားပြီး စီမံကိန်းအရ ၃ နှစ်အကြာ သက်မှတ်ထားကြောင်း သိရသည်။

Center ၌ကွန်ပျူတာ ၆ လုံးကိုအင်တာနက် ချိတ်ဆက်ပေးထားသည့်အပြင် Wifi ကွန်ရက်ကိုလည်း ကျေးရွာအတွင်း ဖြန့်ကျက်ပေးထားသည်ဟု သိရသည်။ အမြန်နှုန်း 2 Mbps ရှိသည့် အင်တာနက်စနစ်ကို ချိတ်ဆက်ပေးထားသည့်အပြင် ကျေးလက်ဒေသအတွက် လိုအပ်သည့် အချက်အလက်များကိုလည်း Center ၌ စုစည်းပေးထားကြောင်း သိရသည်။

“စပြီးသုံးနေတာတော့ ၃ လလောက်ရှိသွားပြီ။ တစ်ရက်ကို ၁၅ ယောက်လောက်ကတော့ အနည်းဆုံးလာသုံးကြပါတယ်။ လာသုံးတဲ့ လူတွေထဲမှာ အသက် ၂၀ ကနေ ၅၀ ကျော်အထိပါတယ်။ တစ်ချို့ကတော့ ဖေ့စ်ဘုတ်ကိုသုံးကြတယ်။ တစ်ချို့ကတော့ ဗဟုသုတရမယ့် စိုက်ပျိုးရေးအကြောင်း ၊ မွေးမြူရေး အကြောင်းတွေ ကြည့်ကြတယ်။ အင်တာနက်အမြန်နှုန်းကလည်း ဒီမှာကောင်းတယ်”ဟု Center မှ ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဇော်မင်းဦးက ပြောသည်။

မြန်မာနိုင်ငံ၌ ကျေးရွာပေါင်း ၆ သောင်းကျော်ရှိသည့်အနက် ကျေး ရွာပေါင်း ၆ ထောင်ကို စီမံကိန်းကာလအတွင်း အထက်ပါ Center များဖွင်လှစ်ပေးနိုင်ရန်ရည်မှန်း ထားရှိသည့်အတွက် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်သည် လက်ရှိထောက်ပံ့ပေးနေသည့် JTEC အပြင် ဒေါ်လာ ၆ သောင်းခန့်ထောက်ပံ့ပေးမည့် အဖွဲ့အစည်းတစ် ခုကိုလည်း ထပ်မံချိတ်ဆက်ထား သည်ဟုသိရသည်။

Center များ၏ ရေရှည်ကုန်ကျ စရိတ်ကို ၁ နှစ်အထိသာ အကုန်အကျခံမည်ဖြစ်ပြီး ၁ နှစ်ကျော် လွန်သည့်အခါ သင့်တင့်သောငွေ ကြေးတစ်ခုကောက်ခံခြင်း ၊ ဒေသ တွင်းစီးပွားရေးအဖြစ် ပူးပေါင်း၍ဝင်ရောက် လုပ်ကိုင်လိုသူများကို လွှဲပြောင်းပေးခြင်းတို့ ပြုလုပ်သွားမည်ဟု သိရသည်။

Tuesday, June 17, 2014

မြန်မာစာတမ်းထိုးပြီးသား နိုင်ငံခြား Video ကားများကို မထစ်ဘဲ online မှကြည့်ရှု့နိုင်ပါပြီ ..



မြန်မာစာတမ်းထိုးထားတဲ့ နိုင်ငံခြား video ဇာတ်ကားများကို www.watchmyanmarmovies.com မှာ ကြည့်ရှု့နိုင်ပါပြီ။ နေ့စဉ် တစ်နေ့ကို အကား ၃၀ လောက် update လုပ်ပေးနေပါတယ်။ Online မှ အခမဲ့ ကြည့်ရှု့နိုင်စေရန် ရည်ရွယ်ပြီး လုပ်ထားတာပါ။ ဖုန်းနဲ့သော်လည်းကောင်း၊ ကွန်ပျူတာဖြင့်သော်လည်းကောင်း ကြည့်ရှု့လို့ရနိုင်ပြီး Quality ကောင်းသော video များကိုသာ သီးသန့်တင်ပေးထားပါတယ်။ online မကြည့်ချင်သူများအတွက် Google Drive ကနေလည်း Video များကို Download လုပ်လို့ရနိုင်စေရန် တင်ပေးထားပါတယ်။