Friday, July 25, 2014

တပ်မတော်သားများ အပျော်အပါး ထိန်းသိမ်းရန် ဗိုလ်ချုပ်မှူးကြီး သတိပေး


 တပ်မတော်သားတွေ အသောက်အစား အပျော်အပါး ထိမ်းဖို့နဲ့ ၀င်ငွေနဲ့ထွက်ငွေ မျှတအောင်ထိန်းကြဖို့၊ မလိုလားအပ်တဲ့ ပြိုင်ဆိုင်မှုတွေ ရှောင်ရှားကြဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေး ပြောကြား လိုက်ပါတယ်။

ဇူလိုင် ၂၅ ရက် မနက်ပိုင်း ဗထူးတပ်နယ်မှာ ပြုလုပ်တဲ့ အရာရှိစစ်သည်တွေနဲ့ တွေ့ဆုံပွဲမှာ တပ်ချုပ်က ခုလို ပြောလိုက်တာဖြစ်ပြီး အခုလို သတိပေး စကား ပြောကြားခဲ့တာ ၂ ကြိမ်ထက်မနည်း ရှိပါပြီ။

ပြီးခဲ့တဲ့နှစ်အတွင်း စစ်တပ်က ဗိုလ်အဆင့်ရှိသူတွေ သေနတ်တဲ့ ဘဏ်ဝင်လုတာ၊ ရွှေဆိုင်ဝင်လုတာတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကာကွယ်ရေးဦးစီးချုပ်က အခုလို သတိပေးစကား ထုတ်ပြောလာတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/61005

0 comments:

Post a Comment