This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, September 27, 2014

အင်္ဂလန်တွင် ကျင်းပမည့် Miss World beauty 2014 ပြိုင်ပွဲအတွက် အလှမယ်ရွေးချယ်


အင်္ဂလန်မှာ ကျင်းပမယ့် Miss World beauty 2014 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အတွက် အလှမယ်ရွေးချယ်တဲ့ Miss Myanmar World 2014 ပြိုင်ပွဲကို စက်တင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့မှာ ပြုလုပ်သွားပါတယ်။

Miss Myanmar World ၂၀၁၄ သရဖူကို ခါးနံပါတ် ၅ ၀ိုင်းလေးက ရရှိသွားပြီး ခါးနံပါတ် ၁၄ ခင်ရတနာဟိန်း 1st runner နဲ့ Miss Personality ၊ ခါးနံပါတ် ၁ ထက်ထက်ထွန်းက 2nd runner နဲ့ Miss Photogenic ဆုတွေ အသီးသီးရရှိသွားပါတယ်။

ဆန်ကာတင် အလှမယ် အယောက် ၂၀ ထဲကနေ မြန်မာဝတ်စုံ၊ ရေကူး ၀တ်စုံ၊ ညနေခင်းဝတ်စုံ အဆင့်ဆင့်ရွေးချယ်တဲ့ ဒီပြိုင်ပွဲကို နိုင်ငံပိုင်ရုပ်သံတွေမှာ ပြသသွားပေမယ့် တခြား အလှမယ်ပြိုင်ပွဲတွေနဲ့ မတူပဲ သတင်းလွတ်လပ်စွာ ရယူခွင့်မရှိတဲ့အပေါ် ဝေဖန်မှုတချို့ ရှိခဲ့ပါတယ်။

ဒါ့အပြင် သရဖူရရှိသွားတဲ့ အလှမယ်က နောက်ဆုံးအဆင့်မှာ မေးခွန်း ၂ ခု ဖြေကြားသွားမှု အပေါ်မှာလည်း ပရိသတ် ဝေဖန်မှု တချို့ ရှိနေပါတယ်။

Miss World Myanmar ၂၀၁၄ အရွေးခံရတဲ့ အလှမယ်ဟာ သိန်း ၁၀၀ နဲ့ သရဖူ ရရှိပြီး ၂၀၁၄ ဒီဇင်ဘာကျရင် လန်ဒန်မြို့မှာ ကျင်းပမယ့် Miss World beauty ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/66249

ဓာတ်ပုံ – Miss World Myanmar Faecebook

မြနန်းစံကျော်ရွှေနန်းတော်တွင် မဖွယ်မရာပြုလုပ်သူ အမျိုးသမီးများကို အရေးယူဆောင်ရွက်သွားမည်



မန္တလေးမြို့၏ သမိုင်းဝင်တစ်ခုဖြစ်သော မြနန်းစံကျော်ေ၇ွှနန်းတော်ကြီး အတွင်း အမျိုးသမီးတစ်ချို့ မင်းတုန်းမင်းတရားကြီး ပုံတော်နှင့် မဖွယ်မရာ ဓာတ်ပုံယှဉ်တွဲရိုက်ခြင်း များ ဖေ့စ်ဘွတ်လူမှုကွန် ယက်စာမျက်နှာ များတွင် ပျံ့နှံ့လာသော ကြောင့် ပြုလုပ်ခဲ့သူအမျိုးသမီးများကို စုံစမ်းဖော်ထုတ်အရေးယူရန် ဆောင်ရွက်လျက်ရှိ ကြောင်း တိုင်းဒေသကြီး ပြန်ကြားရေးဦးစီးဋ္ဌာနမှထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂ ပတ်လောက်က လူမှုကွန်ယက်စာမျက်နှာ တွင် အမျိုးသမီးတစ်ဦးက မင်းတုန်းမင်းကြီးရုပ်တုနှင့် ယှဉ်တွဲဓာတ်ပုံရိုက်ခြင်း၊ အပြောင်အပျက်သဘောဖြင့် ရုပ်ထုများကို မဖွယ်မရာပြုလုပ်ထားသော ပုံများ ပျံ့နှံ့ လာခဲ့ပြီးနောက် အရေးယူရန်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“၎င်းဓာတ်ပုံတွေပါလာခြင်းနဲ့ပတ်သက်ပြီးတော့ ပေါ့လျော့စွာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တာဝန်ရှိသူဝန်ထမ်း တွေကိုလည်း စည်းမျဉ်းစည်းကမ်းနဲ့အညီအရေးယူဖို့လုပ်ဆောင်နေပါတယ်။ မင်းတုန်းမင်းကြီးပုံနဲ့ မဖွယ်မရာ ပြုလုပ်သူတွေကိုလဲ စုံစမ်းဖော်ထုတ်အရေးယူသွားမှာပါ” ဟု ပြန်ကြားရေးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

'မြနန်းစံကျော်ရွှေနန်းတော်ကြီးသည် မြန်မာလူမျိုးများ၏ သမိုးဝင် အဖိုးတန်အမွေအနှစ်တစ်ခုဖြစ်ပြီး နိုင်ငံတကာ ခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့် နေရာတစ်ခုလည်းဖြစ်ကာ တန်ဖိုးထားဂုဏ်ယူရမည့်နေရာတစ်ခုလည်း ဖြစ်သည်။
“မြနန်းစံကျော်ရွှေနန်းတော်ဟာ သမိုင်းဝင်တန်ဖိုးထားတဲ့နေရာတစ်ခု တစ်တဲ့အတွက် မဖွယ်မရာညစ်ညမ်းတဲ့ အပြုအမူတွေကိုမလုပ်သင့်ပါဘူး။ ပြီးတော့ဖေ့စ်ဘုတ်စာမျက်နှာတွေပေါ်မှာ တွေလိုက်တာက ဆဲဆိုဝေဖန်သံ တွေနဲ့ တက်လာတယ်၊ လူလတ်ပိုင်း မြန်မာအမျိုးသမီးတွေဖြစ်နေတယ်။ မြန်မာမိန်းကလေးတွေအနေနဲ့ မိမိရဲ့ ဂုဏ်သိက္ခာ၊ တန်ဖိုးထားပြီးတော့နေသင့်ပါတယ် ” ဟုလည်း မန္တလေးမြို့ခံ ကျောင်းဆရာမတစ်ဦးကပြောသည်။

၁၂၂၁ ခုနှစ် မန္တလေးမြို့ တည်သည်မှ သီပေါမင်း ပါတော်မူသည့် ၁၂၄၇ ခုနှစ်အထိ ရွှေနန်းတော်၏ ထီးနန်း သက်တမ်းကား ၂၆ နှစ်မျှသာ ကြာခဲ့၍ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက် နယ်ချဲ့ အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက် ခဲ့ရပြီးနောက် နန်းတော်ကြီးမှာ အင်္ဂလိပ်နယ်ချဲ့တို့ ထင်သလိုပြုမူခဲ့ခြင်းကြောင့် စစ်တန်းလျားများ ဖြစ်သွားခဲ့၏။ ရွှေရောင် တဝင်းဝင်းဖြစ်နေရာက ထင်းဖြစ်သွားရ၏။ ထို့နောက် မြန်မာနိုင်ငံသို့ ဒုတိယ ကမ္ဘာစစ် ကူးစက်လာကာ ၁၃ဝ၃ ခုနှစ် တပေါင်းလဆန်း ၅ ရက်တွင် ကျန်ရှိသမျှ ရွှေနန်းတော် အဆောင်ဆောင်တို့ မီးလောင်ပြာကျ ခဲ့ရ၏။

ယခုအခါ ရွှေနန်းတော်ကို ရှေးမူမပျက် ပြန်လည်တည်ဆောက် မွမ်းမံပြင်ဆင်ပြီး ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဘုန်းလျှံမင်း
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764

ကျဉ်းမြောင်းတဲ့အယူအဆတွေ ဘေးဖယ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အချိန်ဖြစ်ကြောင်း ဘန်ကီမွန်း ပြောကြား


  မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးနဲ့ လူမှုရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးတွေမှာ တိုးတက်မှုတွေ တွေ့မြင်လာရပေမယ့် တချိန်ထဲမှာလည်း ၂ဝ၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အရေးကြီးတဲ့ အခက်ခဲတွေကို ရင်ဆိုင်နေရဆဲလို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ စက်တင်ဘာ ၂၆ ရက် သောကြာနေ့ ညနေပိုင်းကကျင်းပတဲ့ မြန်မာ့အရေး လုပ်ဖော်ကိုင်ဖက်နိုင်ငံများ အဖွဲ့တွေ့ဆုံဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

အခုချိန်ဟာ မြန်မာနိုင်ငံအနေနဲ့ ကျဉ်းမြောင်းတဲ့ အယူအဆသဘောတရားတွေကို ကျော်လွန်ပြီး ပူးပေါင်း ဆောင်ရွက်ရေးလုပ်ဆောင်ရမယ့် အချိန်ကာလဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ မှာ ငြိမ်းချမ်းရေးရဖို့ အပြုသဘောအခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမှာ ဖြစ်ကြောင်းလည်း မစ္စတာဘန်ကီမွန်းက ပြောပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ အပြောင်းအလဲခြေလှမ်းဖြစ်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးတွေ ဖြစ်ပေါ် လာရေး၊ အမုန်းတရားပွားစေတဲ့ ပြောဆိုရေးသားချက်တွေ ထိန်းချုပ်နိုင်ဖို့ အပါအဝင် တိုင်းပြည် ဖွံ့ဖြိုးရေး ကိစ္စရပ်တွေကို ဆုံးဖြတ်ရာမှာ လွှတ်တော်အနေနဲ့ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားပါတယ်။

မြန်မာအစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အာဏာခွဲဝေရေး၊ တန်းတူမျှမှု ဒီမိုကရေစီစနစ်နဲ့ ကိုယ့်ကံကြမ္မာဖန်တီးခွင့်စတာတွေ အခြေခံတဲ့ ဖယ်ဒရယ်စနစ် တည်ဆောက်ရေး စတာတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးနေကြတာဟာ စည်းလုံးညီညွတ်တဲ့ မြန်မာနိုင်ငံဖြစ်ပေါ်လာရေး အစိုးရအနေနဲ့ အလေးနက်ထားနေတာ ထင်ရှားကြောင်းလည်း မစ္စတာဘန်ကီမွန်းက ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

နိုင်ငံသားစိစစ်ရာမှာ ရခိုင်ဒေသခံတွေသဘောထားကို အရင်ဖြေရှင်းပေးဖို့ တောင်းဆို


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဒုက္ခသည်စခန်းတွေက မူဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်ဆောင်ရွက်ရာမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့တောင်းဆိုချက်တွေကို လိုက်လျောပြီးမှ ဆောင်ရွက်ဖို့ ဘူးသီးတောင်ဒေသခံတွေနဲ့ သံဃာတော်တွေက တောင်းဆိုလိုက်ပါတယ်။

အစိုးရတာဝန်ရှိသူတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာသူတွေကို စိစစ်ဖော် ထုတ်နိုင်ခြင်းမရှိသေးတဲ့အတွက် ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အရင်ဆုံး လိုက်လျောဖြေရှင်းပေးဖို့ ကြေငြာချက်ထုတ်ပြန်တောင်းဆိုတာဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ရခိုင်လူမှုကွန်ယက်က ဦးအောင်ကိုကိုက ပြောပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ မြေပုံမြို့နယ်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ စိစစ်ဆောင်ရွက်ခဲ့ရာမှာ ဥပဒေနဲ့ညီညွတ်မှုမရှိတာကြောင့် နိုင်ငံသား ဖြစ်ခွင့်ရသူနဲ့ နိုင်ငံသားပြုခွင့်ရသူတွေကို ကန့်ကွက်ကြောင်း၊ အရင်က ဘင်္ဂလီ လူမျိုးတွေကို မှားယွင်းစွာ ထုတ်ပေးခဲ့တဲ့ နိုင်ငံသားသက်သေခံကဒ်ပြားတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ ညီမညီစိစစ်ပေးဖို့၊ ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကဒ်ရရှိထားသူတွေကိုလည်း ကမန်လူမျိုးအစစ် အမှန်ဟုတ်မဟုတ် စိစစ်ပေးဖို့၊ ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေကို သွေဖယ်ပြီး နိုင်ငံသားစီစစ်ရေး ကဒ်ရရှိထားသူနဲ့ ကဒ်ရရှိအောင်အားပေးကူညီသူတွေကို ဥပဒေအရ အရေးယူပေးဖို့၊ စတဲ့အချက်တွေအပါအဝင် အချက် ၉ ချက်ပါရှိပါတယ်။

ဒီကြေငြာချက်ကို မြို၊ ခမီး၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသားတွေအပါအဝင် သံဃာတော်တွေနဲ့ မြို့ပေါ် လူမှုအဖွဲ့အစည်း ၈ ခုက စုပေါင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အပါအဝင် ရခိုင်ပြည်နယ် အစိုးရနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပေးပို့သွားမယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

မိန်းမအစစ်နဲ့ တူသည့် မြန်မာ မိန်းမလျာတစ်ဦး နိုင်ငံတကာအလှမယ်ပြိုင်ပွဲ ၀င်ပြိုင်ခွင့်ရရှိ


 
 
 
 နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ မြန်မာ
အမျိုးသမီးလေးတွေ အကြိမ်ရေ ခပ်စိပ်စိပ်
သွားပြိုင်လာကြတဲ့ခေတ်မှာ မြန်မာမိန်းမ
လျာ တစ်ဦးကလည်း နိုင်ငံတကာအလှ
မယ်ပြိုင်ပွဲကြီးမှာ


ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ကျင်းပပြုလုပ်မယ့် Miss International Queen 2014 နိုင်ငံတကာ
မိန်းမလျာအလှမယ်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအနေနဲ့ ရွေးချယ်ခံထားရတဲ့ မိန်းမလျာအလှမယ်
ကတော့ မျိုးကိုကိုစန်း (ခေါ်) ချစ်လမင်းငယ်ပဲ ဖြစ်ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ နောက်ဆုံးပွဲစဉ် ကျင်းပမယ့် ဒီပြိုင်ပွဲကို နိုင်ငံတကာမှာရှိတဲ့ လိင်တူချစ်သူ
တွေအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်စေရေး ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံက
ဒီပြိုင်ပွဲကို မနှစ်ကမှ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မိန်းကလေးအလှမယ်ပြိုင်ပွဲတွေလို အလှအပအပြင် ပင်ကို အရည်အချင်း၊ ဗဟုသုတ
စတာတွေကိုပါ အမှတ်ပေးရွေးချယ်သွားမှာဖြစ်ပြီး သရဖူဆုအပြင် Title ဆုတွေကိုပါ ပေးသွားမှာ
ဖြစ်ပါတယ်။

သရဖူရရှိသူဟာ အမေရိကန်ဒေါ်လာ ၁၂,၅၀၀ ကို ဆုကြေးငွေအဖြစ် ရရှိမှာဖြစ်ပါတယ်။

"နိုင်ငံတကာမှာ သွားပြိုင်ကြတဲ့ မနန်းခင်ဇေယျာတို့ကို ကြည့်ပြီး အားကျလို့ Miss International
Queen Myanmar 2013 ကို ယှဉ်ပြိုင်ခဲ့တာပါ။ အဲဒီပွဲမှာ ဆုရခဲ့လို့ ထိုင်းမှာလုပ်မယ့်
Miss International Queen ကို ပြိုင်ခွင့်ရခဲ့တာပါ"လို့ အမည်ရင်း မျိုးကိုကိုစန်း ဖြစ်ပြီး
ချစ်လမင်းငယ် အဖြစ် အမျိုးသမီးနာမည်ပြောင်းလဲထားတဲ့ ပြိုင်ပွဲဝင်အလှမယ်က ဆိုပါတယ်။

Miss International Queen Myanmar 2013 ပြိုင်ပွဲကို Rainbow Organisation က
ကြီးမှူးကာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့
အခက်အခဲတွေ အများကြီးရှိခဲ့တယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်ရွေးဖို့ ပြိုင်မယ်ဆိုတော့ အိမ်ကို အသိမပေးရဲခဲ့ဘူး။ အိမ်က
မသိဘဲ လုပ်ခဲ့ရတာဆိုတော့ အ၀တ်အစား၊ ဖိနပ်ကအစ ကိုယ့်ဘာသာကိုယ် ပြင်ဆင်ခဲ့ရတယ်။
ကိုယ့်အတွက်ကလည်း ဒီပွဲက ပထမဆုံးပွဲဖြစ်လို့ အခက်အခဲတွေကတော့ အများကြီးပဲ။
သူငယ်ချင်းတွေ ကူညီလို့သာ ဒီဆုကိုရခဲ့တာပါ"လို့လည်း ပထမအဆင့် ပြည်တွင်းပြိုင်ပွဲမှာ
ဝင်ပြိုင်ဖြစ်ပုံကို ပြောပြပါတယ်။

မိန်းမလျာပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့အတွက် အဆိုးမြင်ဝေဖန်တဲ့သူတွေ ရှိပေမယ့်လည်း
အားပေးတဲ့ပရိသတ်တွေလည်း ရှိတယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"ညီမကိုတော့ မြင့်မြတ်တဲ့ယောက်ျားဘ၀ကို စွန့်လွှတ်တယ်ဆိုပြီး ဘာသာရေးအရ
အကောင်းမြင်ချင်မှ မြင်ပါလိမ့်မယ်။ ဒါပေမဲ့ ညီမအမြင်ကတော့ ကိုယ်နေထိုင်ရာ လူ့အသိုင်းအ၀ိုင်း
ကို ကောင်းကျိုးပြုမှ မြင့်မြတ်တယ်လို့ မြင်ပါတယ်။ မိန်းမ၊ ယောက်ျား၊ မိန်းမလျာလို့ ခွဲခြားမမြင်ဘဲ
ညီမတို့ ကြိုးစားနေတဲ့ လုပ်ရပ်လေးတွေကို ကြည့်ပေးမယ်ဆိုရင် ညီမက ကျေးဇူးတင်မှာပါ"လို့
ဆိုပါတယ်။

အသက် ၂၀ ရှိပြီး B-Tech (မြို့ပြ) ဘွဲ့ရရှိထားတဲ့ ချစ်လမင်းငယ်ရဲ့ ခန္ဓာကိုယ်အချိုးအစားကတော့
တင် ၃၅၊ ရင် ၃၃၊ ခါး ၂၃ နဲ့ အရပ်ကတော့ ငါးပေ၊ ခုနစ်လက်မခွဲရှိပြီး လိင်ခွဲစိတ်ပြုပြင်တာမျိုးတော့
မလုပ်ထားဘူးလို့ ပြောပြပါတယ်။

နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့အတွက် အလှအပပိုင်းအပြင်
အင်္ဂလိပ်စကားပြော အပိုင်းကိုပါ လေ့လာသင်ယူနေတယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"အရင်နှစ်က ၀င်ပြိုင်ခဲ့တဲ့ အစ်မ သန်ညာမောင်ကလည်း ကူညီပါတယ်။ ဗဟုသုတအမေးအဖြေ
အတွက် လေ့လာထားရမယ့် အပိုင်းတွေ၊ ပြီးတော့ နိုင်ငံတကာကလည်း မြန်မာနိုင်ငံကို
အရမ်းစိတ်ဝင်စားတဲ့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကအစ လေ့လာပြီး ပြင်ဆင်ထားဖို့
သူကပြောပါတယ်" မိသားစုက အစပိုင်းမှာ လုံးဝအားမပေးခဲ့ပေမယ့် အခုအချိန်မှာတော့
ပြိုင်ပွဲဝင်ဖို့အတွက် အိမ်က ခွင့်ပြုချက်ပေးလိုက်ပြီလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်လို့ အနေအထိုင်၊ အပြောအဆိုကအစ
ဆင်ခြင်နေထိုင်ပြီး ဒီပြိုင်ပွဲကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ လိင်တူချစ်သူတွေအပေါ် ထားတဲ့အမြင်ကို
ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့လည်း မိန်းမလျာအလှမယ်က ဆိုပါတယ်။

"ညီမအိမ်က ခွင့်ပြုချက်လည်း ရသွားပါပြီ။ အရင်ကဆို မိန်းမလျာတွေဆိုရင် မိတ်ကပ်လိမ်းတဲ့သူ
အနေနဲ့ပဲ မြင်ကြတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အရင်ကလောက် အထင်သေးတာမျိုးတွေ
မရှိတော့ပါဘူး။ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့တင် မဟုတ်ပါဘူး၊ လိင်တူချစ်သူ အသိုင်းအ၀ိုင်းရဲ့
ကိုယ်စားပြုလည်း ဖြစ်နေတယ်။ ညီမက မှားသွားရင် ညီမမှားတယ်လို့ မြင်မှာမဟုတ်ဘူး၊
အကုန်လုံးက ဒီအသိုင်းအ၀ိုင်းကတော့ ဒီလိုပဲလို့ ထင်သွားကြမှာ။ အဲဒီအတွက် အနေအထိုင်၊
အပြောအဆိုကအစ ညီမ ထိန်းသိမ်းပါတယ်"လို့ ဆိုပါတယ်။

Miss International Queen နိုင်ငံတကာ မိန်းမလျာအလှမယ်ပြိုင်ပွဲမှာ နိုင်ငံတကာက
ခွဲစိတ်ပြုပြင်ထားသူတွေနဲ့ ခွဲစိတ်ပြုပြင်မှု လုပ်မထားတဲ့ မိန်းမလျာတွေ ၀င်ရောက်ယှဉ်ပြိုင်နိုင်တဲ့
ခမ်းနားတဲ့ပွဲတစ်ပွဲဖြစ်ပြီး၊ အသက်ကိုတော့ ၁၈ နှစ်ကနေ ၃၆ နှစ်အတွင်းလို့ သတ်မှတ်ထားပါ
တယ်။

၂၀၁၃ ခုနှစ်မှာ ပထမဆုံး မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အလှမယ် သန်ညာမောင်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတော့ မချိတ်နိုင်ခဲ့ပါဘူး။

အဲဒီနှစ်က သရဖူကို ဆွတ်ခူးသွားတာက ဘရာဇီးလ်အလှမယ် ဖြစ်ပါတယ်။

Myanmar Times

PR စနစ်ကျင့်သုံးရန်အဆိုကို ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့သည့် ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်အား မဲဆန္ဒရှင်ပြည်သူများ ဆန္ဒပြမည်


PR စနစ်ကျင့်သုံးရန်အဆိုကို ပြည်သူ့လွှတ်တော်
တွင် တင်သွင်းခဲ့သည့် ရန်ကုန်မြို့ ပုဇွန်တောင်မြို့
နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်
ဇင်အား မဲဆန္ဒရှင် ပြည်သူများက စက်တင်ဘာ
 ၂၈ ရက်တွင် ကန့်ကွက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း


မဲဆန္ဒရှင်များက ပြောကြားသည်။

စက်တင်ဘာ ၂၆ ရက်က ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပုဇွန်တောင်မြို့နယ်အတွင်း နေထိုင်ကြသည့် မဲဆန္ဒရှင်ပြည်သူများက ယင်းကဲ့သို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ကို ကန့်ကွက်ဆန္ဒပြရသည့် အကြောင်းရင်းမှာ ပြည်သူများ၏ သဘောထားမပါဘဲ PR စနစ် ကျင့်သုံးရေးအဆိုကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည့်အတွက် ဖြစ်သည်ဟု ပြောကြားသည်။

ပုဇွန်တောင်မြို့နယ်နေ မဲဆန္ဒရှင်တစ်ဦးဖြစ်သည့် ဦးကျော်က “PR စနစ်ကို တစ်ပြည်လုံးနဲ့အတူ ကျွန်တော်တို့ ပုဇွန်တောင်မဲဆန္ဒရှင်တွေကလည်း မလိုလားဘူး။ ဒီစနစ်ကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ လက်သည်တရားခံ ဘယ်သူလဲဆိုတော့ ကျွန်တော်တို့မဲပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ဖြစ်နေတယ်။ နောက်ဦးအောင်ဇင်ဟာ ပုဇွန်တောင်သား မဟုတ်ဘူး။ ရွေးကောက်ပွဲမှာဘာလို့ မဲပေးခဲ့တာလဲဆိုတော့ စစ်အာဏာရှင်စနစ်ကို မုန်းတီးနေတဲ့ ပြည်သူတွေက ပြည်ခိုင်ဖြိုးပါတီကို မထောက်ခံရင် ပြီးရောဆိုပြီး ဦးအောင်ဇင်ကို မဲပေးခဲ့တယ်။ အခု ဖွတ်ထွက်မှ တောင်ပို့မှန်းသိတယ်။ ဒါဟာ ပုဇွန်တောင်ပြည်သူတွေရဲ့ မျက်နှာကို အိုးမဲသုတ်လိုက်တာဖြစ်တယ်” ဟု ပြောကြားသည်။

ဆန္ဒပြရာတွင် သက်ဆိုင်ရာခွင့်ပြုချက်ဖြင့် ပုဇွန်တောင်မြို့နယ်အတွင်း လှည့်လည်ဆန္ဒပြမည်ဖြစ်ပြီး PR စနစ်ကျင့်သုံးရေးအဆိုကို ကန့်ကွက်သည့် မဲဆန္ဒရှင် ပြည်သူများနှင့် အခြားဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့များလည်း ပူးပေါင်းပါဝင် ဆန္ဒပြကြမည်ဖြစ်ကာ ပုဇွန်တောင်ပန်းခြံရှေ့တွင် ယင်းနေ့နံနက် ၉ နာရီ စုရပ်သတ်မှတ်ထားကြောင်း ဆန္ဒပြရာတွင်ပါဝင်မည့် ဦးသိန်းဝင်းက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်မှာ ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူမဟုတ်ကြောင်း၊ ရုံးခန်းဖွင့်လှစ်ခြင်း မရှိကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများ၏ လိုအပ်ချက်များကိုလည်း တွေ့ဆုံညှိနှိုင်း ဖြေရှင်းပေးခဲ့ခြင်းမရှိကြောင်း  သတင်းစာရှင်းလင်းပွဲတွင် မဲဆန္ဒရှင်များက ပြောကြားသည်။

Eleven Media Group

အောင်မင်္ဂလာ-ဆူးလေပြေးဆွဲနေသည့် စုပေါင်းတက္ကစီ တိုင်းအစိုးရအမိန့်ဖြင့် ယာယီရပ်


အောင်မင်္ဂလာအဝေး ပြေးမှ ဆူးလေအထိ
 ငွေကျပ် တစ်ထောင်ဖြင့် ပြေးဆွဲပေးနေ သော စုပေါင်းတက္ကစီယာဉ်လိုင်း အမျိုးအစားဖြစ်
သည့် အောင် မဟာယာဉ်လိုင်းကို ရန်ကုန်
တိုင်း အစိုးရအမိန့်ဖြင့် ယာယီရပ်နား
လိုက်ကြောင်း သတင်းရရှိသည်။



  အောင်မဟာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း အသစ်သည် ဇွန် ၁၀ ရက်က စတင်ပြီး ဆူးလေ-အောင်မင်္ဂလာ လမ်းကြောင်းကို ၁၂ ဦးဆံ့အဲကွန်း ကားဖြင့် ပြေးဆွဲနေပြီး အောင်မြင်မှုရရှိနေသည်။

‘‘တိုင်ကြားသူရှိလို့ တစ်လိုင်းလုံးရပ်ဆိုင်းခံရတာပါ။ ရန်ကုန် တိုင်းအစိုးရအဖွဲ့က အရေးယူ တာပါ’’ဟု အဆိုပါယာဉ်လိုင်း ဥက္ကဋ္ဌ ဦးအေးသောင်းကပြောသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အရေးယူအကြောင်းကြားစာတွင် (ဂ) စင်းလုံးငှား(တက္ကစီ)လိုင်စင် ယူပြီး၊ (ခ)ခရီးသည်တင်ယာဉ်ကဲ့ သို့ လုပ်ငန်းမျိုးပြေးဆွဲနေခြင်း ကြောင့် အရေးယူခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ယာဉ်လိုင်းမှာ ကား မှတ်တိုင်များတွင် ခရီးသည်များ ခေါ်ယူတင်ဆောင်သည့်အတွက်  ခရီးသည်တင် ဘတ်စ်ကားလိုင်း အချို့က တိုင်ကြား၍ တိုင်းဒေသကြီးအစိုးရက အရေးယူခြင်းဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မထသ) ဥက္ကဋ္ဌဦးလှအောင်က ပြောသည်။

အဆိုပါယာဉ်လိုင်းအသစ် သည် ကားအစီးရေ ၃၀ ကျော် ရှိပြီး အောင်မြင်မှုရနေသဖြင့် နောက်ပိုင်းတွင် ယာဉ်အစီးရေ ၆၀ ကျော်အထိ တိုးမြှင့်ရန် စီစဉ်ထားစဉ် အရေးယူခံရခြင်းဖြစ်သည်ဟု ဆိုသည်။

အောင်မဟာ အဆင့်မြင့် ယာဉ်လိုင်းက တစ်ဦးလျှင် ကျပ် တစ်ထောင်နှုန်းဖြင့် အဲကွန်းဖွင့် ကာ အင်းစိန်မှ ဆူးလေ၊ အောင် မင်္ဂလာ အဝေးပြေးမှ ဒဂုံ-ဧရာ အဝေးပြေး စသည့်ခရီးစဉ်များ အဖြစ် ပြေးဆွဲလျက်ရှိသည်။

နယ်မှလာသော ခရီးသည် များအနေဖြင့် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ မြို့တွင်းသို့ အငှားယာဉ်ငှားရာတွင် ဈေးနှုန်း ကြီးမြင့်ခြင်း၊ စောင့်ဆိုင်းရချိန် ကြာမြင့်ခြင်း၊ စုပေါင်းစပ်ပေါင်း ငှားရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းတို့ကို ဖြေရှင်းနိုင်ရန် စီစဉ်ပြေးဆွဲစေခြင်းဖြစ်သည်။

7Day News Daily 

IS စစ်သွေးကြွများက လူ့ အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီးတစ်ဦးကို လူမြင်ကွင်း၌ ခေါင်းဖြတ် ကွပ်မျက်


အီရတ်နိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ မိုဆူးလ်
တွင် ISIS အကြမ်းဖက် သမားများက
ဘာသာရေး အထိမ်းအမှတ် များကို ဖျက်ဆီးလျက်
ရှိကြောင်း ဖေ့ဘုတ်ပေါ် တွင် ရေးသားခဲ့သူ
လူအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး


တစ်ဦးကို လူမြင်ကွင်း၌ ခေါင်းဖြတ် သတ်ဖြတ် ခဲ့သည်။



ဆာမီရာ ဆာလစ် အယ်လ်နူအီမိ ဆိုသူ ယင်းအမျိုးသမီးက မြို့ ၏ ဘာသာရေး နေရာများကို IS တို့ ဖျက်ဆီး နေသည်ဟု ဖေ့ဘုတ် ပေါ်တွင် ရေးသား ခဲ့ပြီး အချိန် မကြာမီမှာပင် စက်တင်ဘာ ၁၇ ရက်က အိမ်သို့ လာရောက် ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်သည်။

နူအီမီကို ရှာရီယာ ဥပဒေ (မွတ်စလင် ဘာသာရေး ဥပဒေ) အရ အရေးယူ ခဲ့ခြင်း ဖြစ်ပြီး ငါးရက်ကြာ ညှင်းပန်း နှိပ်စက်ခဲ့ကာ နောက်ဆုံးတွင် ခေါင်းဖြတ် ကွပ်မျက် ခဲ့ခြင်း ဖြစ်ကြောင်း အီရတ်ရှိ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင် အရ သိရသည်။

အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း အဖွဲ့ များက IS ပစ်မှတ်များကို လေကြောင်း ထိုးစစ် သုံးညမြောက် ဆင်နွှဲပြီး အချိန်တွင် နူအီမီ သတ်ဖြတ် ခံရခြင်း ဖြစ်သည်။ နူအီမီကို တနလာင်္နေ့က ကွပ်မျက် ခဲ့ခြင်း ဖြစ်ပြီး သူ၏ ဖေ့ဘုတ် အကောင့် ကိုလည်း ဖျက်ပစ် ခဲ့ကြောင်း မစ်ရှင်က ထုတ်ပြန် ခဲ့သည်။

IS တပ်များက ဇွန်လမှ စကာ အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့ အနှံ့ ထိုးစစ်များ ဆင်နွဲခဲ့သည်။ အီရတ် နိုင်ငံ၏  ဒုတိယ အကြီးဆုံးမြို့ မိုဆူးလ်လည်း ၎င်းတို့ လက်အောက် ကျရောက် နေသည်။ ယင်းတို့သည် သြဂုတ်လ အတွင်း မြို့ ရှိ သမိုင်းဝင် အထင်ကရ နေရာများ အပြင် ဗလီများနှင့် သချိင်းဂူများ ကိုပါ ဖျက်ဆီး ခဲ့ကြသည်။

Ref: Daily Mail
Mizzima News Daily

သားဖြစ်သူကဲ့သို့ လမ်းမှားမလိုက် ကြရန် အမေရိကန် လေကြောင်း ထိုးစစ်ကြောင့် သေဆုံးခဲ့သည့် ဗြိတိန်ဂျီဟတ် လူငယ်၏ မိခင်က တိုက်တွန်း


ဆီးရီးယားရှိ IS စစ်သွေးကြွများနှင့် သွားရောက်
ပူးပေါင်းသည့် ဗြိတိန်ဆယ်ကျော်သက်
 ကျောင်းသား တစ်ဦးမှာ ယခု သီတင်းပတ်
အတွင်း အမေရိကန် တို့၏ လေကြောင်း
ထိုးစစ်အတွင်း သေဆုံးခဲ့ရာ ကျောင်းနေ
အရွယ် ငယ်ငယ် ရွယ်ရွယ်နှင့် ဂျီဟတ်ဝါဒီ


တစ်ဦး ဖြစ်ခဲ့သည့် ၎င်းကျောင်းသား၏ မိခင် ဖြစ်သူက သူ့ သားကဲ့သို့ လမ်းမှား မလိုက်ကြရန် သတိပေးမှု ပြုလုပ်ခဲ့သည်။

အတန်းဖော် များက အီဘေးဟု ခေါ်ကြသည့် အီဘရာဟမ် ကာမာရာသည် ပြီးခဲ့သည့် နှစ်အတွင်းက ကျောင်းမှ နှုတ်ထွက်ကာ ဆီးရီးယားသို့  ဘာသာရေး စစ်ပွဲ ဆင်နွှဲရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အသက် ၁၉ နှစ်ရှိ ကာမာရာနှင့် အခြား လေးဦးတို့ သည် အမေရိကန်၏ လေကြောင်း ထိုးစစ်အ တွင်း သေဆုံးသည့် ပထမဆုံး ဗြိတိန်နိုင်ငံသားများ အစွန်းရောက်များ ဖြစ်လာခဲ့သည်။

ကာမာရာသည် ဘရိုက်တန် မြို့ မှ GCSE ကျောင်းသား တစ်ဦး ဖြစ်သည်။ ဥာဏ်ရွှင်သည့် လူငယ်တစ်ဦး ဖြစ်ကာ အတန်းဖော် များအား နောက်ပြောင် ပျော် ရွှင်စေသူ တစ်ဦး ဖြစ်ခဲ့သည်။ သို့ သော် ကုန်လွန်ခဲ့သည့် နှစ်အ နည်းငယ် အတွင်း ဘာသာရေးနှင့် ပတ်သက်၍ ယုံကြည်မှု ပြင်းထန် လာခဲ့သည်။

ကာမာရာကဲ့သို့ လမ်းမှား မလိုက်ကြရန် တခြားသူများကို တိုက်တွန်းကြောင်း ၎င်း၏ မိခင်ဖြစ်သူ ခါဒီဂျက် ကာမာရာက ပြောခဲ့သည်။ ကာမာရာသည် ဂွါတာ နာမို အကျဉ်းသားဟောင်း အိုမာဒီဂါယီ၏ တူသုံးဦးဖြစ်သော ဒီဂါယီ ညီအစ်ကို များကို တပည့်ခံခဲ့သည်။ ၎င်းနှင့် အခြားလူငယ် လေးဦးတို့မှာ ဆီးရီးယားသို့ အ တူ သွားရောက် ခဲ့ကြခြင်း ဖြစ်သည်။

"ကျွန်မ သားရဲ့ လုပ်ရပ်ကို မှန်တယ်လို့ မတွေးကြစေ ချင်ပါဘူး။ သူဟာ ခေါင်းထဲ အယူမှားတွေ ရိုက်သွင်း ခံထားရ တာပါ။ အမြန်ပဲ အယူစွဲ ပြင်းထန်လာတယ်" ဟု မိခင်ဖြစ်သူက ပြောသည်။



လေကြောင်းထိုးစစ်တွင် သေဆုံးသွားခဲ့သည့် အသက် ၁၉ နှစ်အရွယ် အီဘေး။

ထိုပြင် ကာမာရာသည် သူ၏ ၁၅နှစ်အရွယ် ညီဖြစ်သူ၏ ပတ်စပို့ ကို ခိုးယူ၍ ထွက်သွားခြင်း ဖြစ်ကြောင်း၊ ယင်းတို့ နှစ်ဦးမှာ ရုပ်ချင်း မဆင်ကြ သူများဖြစ် ၍ လေဆိပ်တာဝန် ရှိသူများက မည်သည့် အတွက်ကြောင့် တားမြစ်ခြင်း ရှိသည်ကို သိချင်မိကြောင်း မိခင်ဖြစ်သူ ခါဒီဂျက်ကပြောသည်။

"ကာမာရာက သိတတ်တဲ့ သာမန်ကလေး တစ်ဦးပါ။ ITကို သင်ယူနေပြီး အင်ဂျင်နီယာ တစ်ယောက် ဖြစ်လိုခဲ့သူပါ။ မအေစကား နားထောင်တတ်တဲ့ သား က နောက်ပိုင်း နှစ်တွေမှာ ကဏ္ဍကောစ လုပ်လာပါတယ်။ အိမ်ကိုလည်း ညမိုးချုပ်မှ ပြန်လာ တတ်တယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ သီးသန့် ခွဲနေတော့ တယ်"ဟု ခါဒီဂျက်က ပြောသည်။



ကာမာရာ ထွက်သွားရန်လုပ်သည့် အချိန်က သူ့ ပတ်စပို့ မှာ သက်တမ်း ကျော်နေပြီ ဖြစ်၍ ညီဖြစ်သူ ပတ်စပို့ ကို ခိုးသွားခဲ့ကြောင်း၊ ယင်းနောက် ဆီးရီးယား သို့  ရောက်နေပြီ ဖြစ်ကြောင်း လှမ်းပြောချိန်တွင် ဒေါသထွက်ခဲ့ ရသလို စိတ်ပျက်စိတ်ကုန်လည်း ဖြစ်ရကြောင်း ၎င်းကပြောသည်။

"စစ်အယူအဆကို ကျွန်မ မုန်းတယ်။ သူက အစွန်းရောက်တွေရဲ့ စကား နားဝင်နေပြီး မိဘနဲ့ ညီအစ်ကိုတွေ စကားကို လက်မခံတော့ဘူး။ သားကို ဘုရားက ခွင့်လွှတ်ဖို့ ကျွန်မ ဆုတောင်းပါတယ်။ ကျွန်မကတော့ သားကို ခွင့်လွှတ်ထား ပါတယ်။ သူဟာလည်း လူသား တစ်ယောက်ပဲဖြစ်လို့ အမှား ကျုးလွန်တတ် တာပါပဲ။ ဒါပေမယ့် သူ့ လမ်းစဉ် အလိုက်မမှားဖို့ အခြားသူတွေကို ကျွန်မ တိုက်တွန်း လိုပါတယ်"ဟု ခါဒီဂျက်က ပြောခဲ့သည်။


Mizzima News Daily

အပစ်ရပ်မူကြမ်းဆွေးနွေးမှု ပြီးဆုံးသွားသော်လည်း သဘောတူညီမှု တစ်စုံတစ်ရာ မရရှိ


ငါးရက်တာ ဆွေးနွေးခဲ့သည့် ဆဋ္ဌမ
အကြိမ်မြောက် အပစ်ရပ်မူကြမ်းညှိနှိုင်းမှု
တွင် တိကျသည့် သဘောတူညီမှု တစ်
စုံတစ်ရာမရရှိခဲ့ဟု တစ်နိုင်ငံလုံး အပစ်အခတ်
ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ၊ခေါင်းဆောင်

  နိုင်ဟံသာက မဇ္စျိမကို ပြောသည်။



၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက် ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ကျင်းပသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီးတွင် NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာမှ မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

“အရင်ပတ် အစည်းအဝေးတွေနဲ့ စာရင်တော့ အခက်အခဲတွေ ပိုရှိတယ်၊ အခက်ခဲဆုံးပဲ၊ ဒါပေမယ့် နှစ်ပေါင်း ၆၀ကျော် ရှေ့တန်းမှာဖြေရှင်းခဲ့ရတဲ့ ကိစ္စနဲ့ စာရင်တော့ မခက်ပါဘူး၊ ရအောင်ဆက်လုပ်ပါမယ်" ဟု နိုင်ဟံသာက ပြောသည်။

ဆွေးနွေးပွဲမှာ စက်တင်ဘာလ ၂၂ ရက်မှ ၂၆ ရက်ထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာနတွင် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အပစ်ရပ်မူကြမ်းတွင် သဘောတူညီမှု အပြီးသတ်ရရှိရန် ကျန်ရှိနေသည့် အချက်များမှာ အပစ်ရပ်စဲရာတွင် နှစ်ဖက်တပ်များ အပြန်အလှန်လိုက်နာရမည့် စစ်သည်တော်ဆိုင်ရာ ကတိကဝတ်များ၊ အပစ်ရပ်ပြီးနောက်နှင့် နိုင်ငံရေးဆွေးနွေးပွဲ မစတင်မှီ ကြားကာလအတွင်း တပ်နေရာချထားရေး၊ တိုင်းရင်းသားလက်နက်ကိုင် တပ်များမှ တပ်သားသစ်မစုဆောင်းရေး ၊ ပစ်ခတ်မှုပြန်လည်မဖြစ်ပွားစေရန် နှစ်ဖက်ပူးပေါင်းစောင့်ကြည့် ကော်မတီများ ဖွဲ့စည်းရေး ၊ အပစ်ရပ်စာချုပ်တွင် ပါဝင်လတ်မှတ်ရေးထိုးမည့်သူများ ရွေးချယ်ရေး၊ အပစ်ရပ်ပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်မည့် အစုအဖွဲ့ဆိုင်ရာ ကိစ္စရပ်များ ဖြစ်သည်။

ထိုအချက်များမှာ သြဂုတ်လ၊ ပဌ္စမအကြိမ် အပစ်ရပ်မူကြမ်းဆွေးနွေးပွဲတွင် ဆွေးနွေးရန် ကျန်ရှိနေခဲ့သည့် အချက်များပင် ဖြစ်သည်။

ငါးရက်တာ ဆွေးနွေးမှုတွင် မပြီးပြတ်ခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သတ်၍ နိုင်ဟံသာက “ ဒီတစ်ခါ တပ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ်တွေက အသစ်တွေ ရောက်နေတော့ သူတို့က အဆုံးအဖြတ်မပေးရဲသေးဘူး၊ သူတို့အထက်ကို မေးရမယ်တဲ့" ဟု ဆိုသည်။

အပစ်ရပ်ပြီးနောက် ပါဝင်မည့် အစုအဖွဲ့များနှင့် ပတ်သက်၍ အစိုးရ ကိုယ်စားလှယ်များဘက်မှ အစုအဖွဲ့ (၇) ဖွဲ့ (အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ) နှင့် တိုင်းရင်းသားများဘက်မှ အစိုးရ (အစိုးရကိုယ်စားလှယ်၊ လွှတ်တော်၊ တပ်မတော်) ၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီဟူ၍ အစုအဖွဲ့ (၃) ဖွဲ့ ဟူ၍ သဘောထားကွဲလွဲ နေသေးသည်။

ဆွေးနွေးရန် ကျန်ရှိနေသည့် အချက်အလက်များအပြင် သြဂုတ်လတွင် နှစ်ဖက်အပြန်အလှန် သဘောတူညီခဲ့ပြီး ဖြစ်သည့် ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးနှင့် “တော်လှန်ရေး “ ဟူသည့် စကားလုံးအား အပစ်ရပ်စာချုပ်တွင် မသုံးရန်ဟူသည့်အချက်တို့အား တပ်မတော်အထက်ပိုင်း ကိုယ်စားလှယ်များမှ မကြေလည်သဖြင့် ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်နေရသည်ဟု NCCT ခေါင်းဆောင်များက ဆိုသည်။

ထို့ပြင် ပဋ္ဌမအကြိမ်မြောက် အပစ်ရပ်မူကြမ်းဆွေးနွေးသည့် သြဂုတ်လတွင် တိုင်းရင်းသားတို့ဘက်မှ အဓိက တင်ထားခဲ့သည့် ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးများ ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်အား အကောင်အထည်ဖော်ရန် သဘောတူညီခဲ့သည့် အပေါ်တွင်လည်း တပ်မတော်အထက်ပိုင်း ကိုယ်စားလှယ်များမှ မကျေလည်ဟု သတင်းစကားများ ကြားသိရကြောင်း NCCT ခေါင်းဆောင်များက မဇ္စျိမ ကိုပြောသည်။

တပ်မတော် ကိုယ်စားလှယ်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် နှစ်ဖက်ပူးပေါင်းလုံခြုံရေးဟူသည့် ကိစ္စရပ်များတွင်သာ ပူးပေါင်းလုပ်ဆောင်လိုပြီး ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးအား လက်မခံခြင်း ဖြစ်သည်။

တော်လှန်ရေး စကားလုံးမှာ ခေါင်းစဉ်တွင် မသုံးနှုန်းဘဲ စာချုပ်အတွင်းပိုင်း သုံးနေရာခန့်တွင်သာ သုံးရန် တိုင်းရင်းသားတို့နှင့် အစိုးရ ကိုယ်စားလှယ်များကြား သဘောတူညီမှုရရှိပြီး ဖြစ်သည်။

ဆွေးနွေးပွဲ ပြုလုပ်နေစဉ် တိုင်းရင်းသားနယ်မြေအချို့ရှိ အောက်ခြေတပ်များတွင် တပ်မတော်နှင့် ဆက်ဆံရေး တင်းမာမှုများ ပြန်လည်ရှိနေပြီး ကာကွယ်ရေးဦးစီးချုပ်မှ ၎င်း၏ သင်တန်းဆင်း တပ်သားတို့အား ပြောဆိုခဲ့သည့် မိန့်ခွန်းများအပေါ်တွင် တိုင်းရင်းသားတို့အနေဖြင့် ကျေလည်မှု မရှိဟု နိုင်ဟံသာက ပြောသည်။

ထိုအချက်အလက် အားလုံးပြေလည်ရန် အဓိက ညှိနှိုင်းမှုများ ပြုလုပ်ရမည့် ဆွေးနွေးဘက်မှာ တပ်မတော် ကိုယ်စားလှယ်များသာ ဖြစ်သည်ဟု NCCT ခေါင်းဆောင်များက ပြောသည်။

တပ်မတော်နှင့် အဓိက မပြေလည်သည့် ကိစ္စရပ်များမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ၊ တပ်နေရာ ချထားရေးများ၊ အပစ်ရပ်ပြီးနောက် နှစ်ဖက်စစ်သည်တော်များ အပြန်အလှန်လိုက်နာရမည့် ကတိကဝတ်များ၊ အနာဂတ်တွင် ပုံဖော်ရမည့် ပြည်ထောင်စုဟူသည့် ခေါင်းစဉ်များ ဆွေးနွေးရာတွင် တစ်ဆို့နေခြင်း ဖြစ်သည်ဟု NCCT ခေါင်းဆောင်များက ဆိုသည်။

အပစ်ရပ်မူကြမ်းအား စက်တင်ဘာလတွင် အပြီးသတ်နိုင်ရန် နှစ်ဖက်ခေါင်းဆောင်များမှ မျှော်လင့်ထားခဲ့ပြီး ဆွေးနွေးမှု မပြီးပြတ်ခဲ့သည့် အပေါ်တွင် နှစ်ဖက်ခေါင်းဆောင်များမှ မှတ်ချက် တစ်စုံတစ်ရာပေးခဲ့ခြင်း မရှိပေ။

အထက်ပါပြောဆိုချက်များနှင့်ပတ်သတ်၍ နိုင်ဟံသာက “အောက်တိုဘာ လတ်မှတ်ထိုးမယ်ဆိုတာ အစိုးရဘက်ကပဲ ပြောနေတာ၊ ကျွန်တော်တို့ဘက်က ကတိတွေပေးတာပြောတာ မရှိဘူး၊ ဒီတိုင်း ညှိမရသေးရင်တော့ အပစ်ရပ်ဖို့ တစ်ဆို့နေမယ်ဆို လတ်မှတ်ထိုးဖို့ကလည်း  ကြာဦးမယ်" ဟု ဆိုသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ တပ်မတော် ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးများအား  တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများ၊ နိုင်ငံရေးဆွေးနွေးမှုများနှင့် ပတ်သတ်၍ မဇ္စျိမ မှ မေးမြန်းခဲ့ရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

ဆွေးနွေးနေဆဲဖြစ်သည့် အပစ်ရပ်မူကြမ်းအား အချက်အလက်များ မကျန်ရှိစေရန် စစ်ဆေးမှု (၄) ကြိမ် ပြုလုပ် ပြီးဖြစ်သည်။ မူကြမ်း ဆွေးနွေးပွဲအား အောက်တိုဘာလတွင် ဆက်လက်ပြုလုပ်သွားရန် နှစ်ဖက်သဘောတူညီမှုများ ပြုလုပ်ထားသည်။

Mizzima News Daily

၂ဝဝ၈ ဖွဲ့စည်းပုံကိုမပြင်လျှင် ပါတီရည်မှန်းချက်နှင့် အမျိုးသားရပိုင်ခွင့်များ မရရှိနိုင်ကြောင်း ညီလာခံတွင် ပါတီ ခေါင်းဆောင်များပြောကြား


စစ်အစိုးရလက်ထက်က အတည်ပြုဖွဲ့
စည်းပေးခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို မပြင် နိုင်လျှင် ရခိုင်အမျိုးသား
ပါတီ၏ရည်မှန်းချက်နှင့် အမျိုးသားရပိုင်ခွင့်
များကိုမရနိုင်ကြောင်း ရခိုင်အမျိုး သားပါတီ


   ခေါင်းဆောင်များက ပြောကြားသည်။

စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီက ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်ရှိ လေးမျက်နှာ ဓမ္မာရုံတွင် ပြုလုပ်သော ပထမအကြိမ် ရခိုင်အမျိုးသားပါတီ(Arakan National Party-ANP) ညီလာခံ ဖွင့်ပွဲ၌ ထိုသို့ ပြောကြားခဲ့ကြခြင်းဖြစ်သည်။

ပြည်သူတစ်ရပ်လုံးသည် တစ်ချိန်က နဝတ၊ နအဖက ကြိုတင်ချပေးလိုက်သည့် ပုံစံခွက်တစ်ခု တည်းတွင် ရောက်ရှိနေပြီး ယင်းပုံစံခွက်ကို မပြိုလဲ မပျက်စီးစေရန် ၂ဝဝ၈ ဖွဲ့စည်းပုံက ကာရန်ထားကြောင်း ပါတီ (ပ) ခေါင်းဆောင် ဦးအေးသာအောင်က ရခိုင်အမျိုးသားပါတီညီလာခံ အဖွင့်အမှာစကားပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

ယင်း ၂ဝဝ၈ ဖွဲ့စည်းပုံကို မပြိုလဲ၊ မပျက်စီးစေရန်နှင့် မပြင်ဆင်နိုင်စေရန် လွှတ်တော်အသီးသီးက နည်းမျိုးစုံဖြင့် ကာရန်ထားသည့်အတွက် ငြိမ်းချမ်းသော ပြည်ထောင်စုကြီးဖြစ်ပေါ်လာစေရန် ပြည်ထောင်စု တိုင်းရင်းများ အနေဖြင့် မည်မျှကြိုးစားစေကာမူ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်နိုင် ပါက ရခိုင်အမျိုးသားပါတီ၏ ရည်မှန်းချက်နှင့် အမျိုးသားရပိုင်ခွင့်များကိုမရနိုင်ကြောင်း ဦးအေးသာအောင်က သုံးသပ် ပြောသည်။

“ကျွန်တော်တို့ရဲ့တိုက်ပွဲဟာ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးပဲ။ ပြင်တဲ့အခါလည်း လိုသလောက်ပဲ ကွက်ပြီး ပြင်လို့မရဘူး။ အစအလယ်အဆုံးပြင်ရမယ်။ ဖြစ်နိုင်ရင် အားလုံးသဘောတူရင် အသစ်ရေး ဆွဲတာ အကောင်းဆုံးလို့ ပြောချင်ပါတယ်”ဟု ဦးအေးသာအောင်က ဆိုသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံကိုပြင်ဆင်နိုင်မှသာလျှင် ပြည်ထောင်စုတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်၍ တိုင်းရင်းသားများ မျှော်လင့်ထားသော ငြိမ်းချမ်းရေးပန်းတိုင်ကိုရောက်ရှိနိုင်မည်ဖြစ်ကြောင်း  ရခိုင်အမျိုးသားပါတီ၏ ဒုတိယ ခေါင်းဆောင်ဖြစ်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း  သုံးသပ် ပြောဆိုသည်။

ယင်းသို့ပြင်ဆင်ရာတွင် အဓိက ပြင်ဆင်သင့်သည့် ပုဒ်မမှာ ပုဒ်မ ၄၃၆ ဖြစ်ကြောင်း သူက ဆိုသည်။

“လာမယ့် ၂ဝ၁၅ မတိုင်ခင်မှာ ဖွဲ့စည်းပုံကြီးတစ်ခုလုံး ပြုပြင်ပြီးသားဖြစ်ရမယ်။ ဒါပေမယ့် ကျွန်တော်တို့ ရည်မှန်းတဲ့ ဖွဲ့စည်းပုံမျိုး ဟုတ်ချင်မှလည်း ဟုတ်မယ်”ဟု ယင်းက ပြောသည်။

ယင်းအပြင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၆) တွင်ပါရှိသော တပ်မတော်သည် အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်ရှိရမည်ဆိုသည့် တပ်မတော်၏ရည်မှန်းချက်ကို ကာလတစ်ခုတွင် ထားခဲ့သင့်ပြီဖြစ်ပြီး လက်ရှိကာလတွင် ယင်းဥပဒေပုဒ်မ ၆ ရှိသင့်/မရှိသင့်ဆိုသည့်အချက်ကို တပ်မ တော်နှင့်ပတ်သက်သည့် ဥပဒေအရ သုံးသပ်ဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ဆက်လက်သုံးသပ်ပြောသည်။

ရခိုင်အင်အားကြီးပါတီနှစ်ခုဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီတို့ပူးပေါင်းထားသော ရခိုင်အမျိုးသားပါတီ(ANP)၏ ပထမ အကြိမ် ပါတီညီလာခံကို ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရှိ ငပလီမြို့ကမ်းခြေတွင် စက်တင်ဘာလ ၂၅ ရက် မှ ၂၉ ရက်အထိ ၅ ရက်တိုင်တိုင် ပြုလုပ်နေသည်။

dr-aye-mg
ညီလာခံတွင် (ဒု) ခေါင်းဆောင် ဒေါက်တာအေးမောင် မိန်းခွန်းပြောကြားနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)

ပထမနေ့အဖြစ်ပြုလုပ်သည့်ပါတီညီလာခံဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီက ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်ရှိ လေးမျက်နှာ ဓမ္မာရုံတွင်ပြုလုပ်ခဲ့ပြီး နေ့လယ်ပိုင်းအစီ အစဉ်ကို ယင်းနေ့နေ့လယ် ၁ နာရီက သံတွဲခရိုင် ငပလီမြို့၊ လင်းသာရပ်ကွက်ရှိ လင်းသာဘုန်း တော်ကြီးကျောင်းဝင်းတွင်ပြုလုပ်ခဲ့သည်။

ရခိုင်အမျိုးသားပါတီညီလာခံ ပထမနေ့၏ နေ့လယ်ပိုင်းအစီအစဉ်တွင် မြို့နယ်ပါတီဗဟိုကော် မတီဝင်များနှင့် မြို့နယ်ပါတီကိုယ်စားလှယ်များအဖြစ် မြို့နယ်အသီးသီးမှရွေးချယ်ခံထားရသောပုဂ္ဂိုလ် များအနက် မြို့နယ် ပါတီဗဟိုကော်မတီဝင်များနှင့် မြို့နယ်ပါတီကိုယ်စားလှယ်များဖြစ်နိုင်မည့်သူများကို မဲစနစ်ဖြင့် ရွေးချယ် ခဲ့ကြသည်။

ညီလာခံမှ အတည်ပြုရွေးချယ်မည့် မြို့နယ်ပါတီ ဗဟိုကော်မတီဝင်များနှင့် မြို့နယ်ပါတီကိုယ် စားလှယ်များကို ပါတီညီလာခံဒုတိယမြောက်နေ့ဖြစ်သော စက်တင်ဘာလ ၂၆ ရက်နေ့တွင် ညီလာခံ၌ ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပါတီနှစ်ခုပူးပေါင်းထားသော ရခိုင်အမျိုးသားပါတီအတွင်းတွင် ပါတီစွဲ၊ ပုဂ္ဂိုလ်များကြောင့် ညီ ညွတ်သင့် သလောက် မညီညွတ်သည့်အခြေအနေများရှိနေသည့်အတွက် ကျစ်လျစ်ခိုင်မာပြီး အမျိုး သားရေးကိုဦးတည်သည့် ရခိုင်တိုင်းရင်းသားများအတွက် ခိုင်မာသော အမျိုးသားပါတီတစ်ရပ်ဖြစ်ပေါ် လာစေရန် ယခုကဲ့သို့ ပါတီညီလာခံကိုကျင်းပရခြင်းဖြစ်ကြောင်း ဦးအေးသာအောင်က ပြောသည်။

ယင်းနေ့ကပြုလုပ်သောပါတီညီလာခံသို့ ပါတီဗဟိုကော်မတီဝင်များအပါအဝင် မြို့နယ်ကိုယ် စားလှယ် ၂ဝဝ ကျော်နှင့် စိတ်ပါဝင်စားသူများလည်း တက်ရောက်ခဲ့ကြသည့်အပြင် ကချင်အခြေစိုက် ရက္ခိုင့်တပ်မတော်(Arakan Army-AA)မှ ဒုတိယ ဗိုလ်မှူးကြီး ကျော်ဟန်၊ အိန္ဒိယအခြေစိုက် ရခိုင်ပြည် ဒီမိုကရက်တစ်ပါတီ(Democratic Party of Arakan- DPA)မှ ဥက္ကဋ္ဌဦးထွန်းအောင်ကျော်နှင့် အတွင်းရေးမှူး ဦးအောင်ဟိန်း၊ တို့လည်း တက်ရောက်ခဲ့ကြသည်။

နိရဉ္စရာသတင်းဌာန

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် (၄၅)တွင် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်သောင်းကျန်းသူများအကြား တိုက်ပွဲဖြစ်



စက်တင်ဘာလ (၂၆) ရက်နေ့ နံနက်
 (၈း၃၀)အချိန်ခန့်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်
နယ်စပ် မိုင်တိုင်အမှတ် (၄၅)တွင် မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်


လက်နက်ကိုင်သောင်းကျန်းသူများအကြား တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း နယ်ခြား စောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်တိုင်အမှတ် (၄၅)အနီး နယ်စပ်ခြံစည်းရိုးတလျှောက် လုံခြုံရေး လှည့်ကင်းလှည့်နေစဉ် မသင်္ကာသည့် လှုပ်ရှားမှုများကို တွေ့သည့်အတွက် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ လက်နက်ကိုင်သောင်းကျန်းသူ များမှ ပြန်လည်ပစ်ခတ်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နယ်ခြားစောင့်ရဲမှ အရာရှိတစ်ဦးက အတည်ပြုပြော ကြားသည်။

တိုက်ပွဲမှာ နာရီခွဲနီးပါးဖြစ်ပွားခဲ့ပြီး နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များဖက်မှ အသေအပျောက်နှင့် ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း၊ လက်နက်ကိုင် သောင်းကျန်းသူများဖက်မှလည်း သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုအခြေအနေကို မသိရှိခဲ့ကြောင်း၊ သို့သော်လည်း လက်နက်ကိုင် သောင်းကျန်းသူများမှ ပစ်ခတ်သည့် သေနတ်ကျည်ဆံများမှာ AK-47 ကျည်ဆံများဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။


Western Gate Guard
  ရွှေမြန်မာမီဒီယာ

အိပ်ပျော်စဉ် လိင်ဆက်ဆံတတ်သည့်ရောဂါကြောင့် ဆွီဒင်အမျိုးသား မုဒိမ်းမှုမှ လွတ်မြောက်


ဆွီဒင်အမျိုးသားတစ်ဦးက ၄င်းအိပ် ပျော်နေစဉ်
 အမျိုးသမီးကို လိင်ဆက်ဆံမှု ပြုလုပ်စေခဲ့သည့်
Sexomnia ရောဂါခံစား နေရသည်ဟု ထွက်
ဆိုခဲ့ပြီးနောက် မုဒိမ်းမှု မှ လွတ်မြောက်
ခွင့်ရခဲ့သည်။


မိုက်ကယ်ဟယ်လ်ဗာဆင်သည် အမျိုး သမီးအား မုဒိမ်းမှုကျူးလွန်ရန် ရည်ရွယ် ချက် မရှိခဲ့ပေ။ အကြောင်းမှာ ¤င်းသည် အိပ်ပျော်နေသည့် အခြေအနေတွင် ရှိခဲ့ပြီး မည်သို့ ဖြစ်ပျက်နေသည်ကို မသိရှိခဲ့ဟု ဆွီဒင်နိုင်ငံ ဆန်စ်ဗောတရားရုံး တစ်ရုံးက အမိန့်ချမှတ်ခဲ့သည်။

၂၆ နှစ်အရွယ် မိုက်ကယ်၏ အဖြစ် အပျက်မှာ ဖြစ်နိုင်မှုရှိပြီး အယူခံဝင်ထား သော ဧပြီလက လိင်ပိုင်းဆိုင်ရာ ပြစ်မှုအ တွက် ၄င်း၏ နှစ်နှစ်ကြာထောင်ဒဏ်ကို ပယ်ဖျက်လိုက်ကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။

မိုက်ကယ်ဟယ်လ်ဗာဆင်နှင့် စွပ်စွဲ သော အမျိုးသမီးတို့သည် တူညီသော အိပ် ရာခုတင်တွင် ရှိသော်လည်း ခြားနားသော ခြုံစောင်များအောက်တွင် ရှိနေခဲ့သည်။ နောက်တစ်နေ့နံနက်တွင် အမျိုးသမီးက ရဲ ကို ဖုန်းဆက်တိုင်ကြားခဲ့သည်။ ရဲတပ်ဖွဲ့ ဝင်များ ရောက်လာချိန်တွင် ဟယ်လ်ဗာဆင် မှာ အမျိုးသမီး၏ အိပ်ရာဘက်တွင် အိပ် ပျော်နေဆဲ ဖြစ်သည်။ တရားခွင်က အိပ် စက်မှုဆိုင်ရာ ကျွမ်းကျင်ဆရာဝန်ထံမှ အ ထောက်အထားများကို ကြားနာခဲ့သည်။

ထိုဆရာဝန်က ဟယ်လ်ဗာဆင်တွင် ရှားပါးသော ရောဂါတစ်မျိုးဖြစ်သည့် Sexomnia ရောဂါခံစားနေရကြောင်း ထွက်ဆို ခဲ့သည်။

၎င်းရောဂါက အိပ်ရင်းလမ်းလျှောက် သူများကို လိင်ဆက်ဆံမှုဆီသို့ ဦးတည်စေ နိုင်သည်။

ဟယ်လ်ဗာဆင်၏ ရည်းစားဟောင်း ကလည်း ၄င်းအိပ်နေစဉ် လိင်ဆက်ဆံရန် ကြိုးစားဖူးကြောင်း အစစ်ခံခဲ့သည်။

Sexomnia မှာ ရောဂါအစစ်အမှန် ဟုတ်၊ မဟုတ် စိတ်ရောဂါကု ဆရာဝန်များ နှင့် ဥပဒေကျွမ်းကျင်သူများကြား သဘော ထားကွဲလွဲနေဆဲဖြစ်သည်။


TheYangonTimes

အစိုးရတပ်နှင့် ဒီကေဘီအေ ပစ်ခတ်မှုဖြစ်


မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း
မှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်
 (ဒီကေဘီအေ) နဲ့ အစိုးရတပ်အကြား
 ဒီကနေ့ မွန်းလွဲက တိုက်ပွဲဖြစ်ကြပါတယ်။



ကျိုက်မရောမြို့နယ် ကရင်တောကျေးရွာအနီးမှာ မွန်းလွဲ ၂ နာရီလောက်မှာ ဒီကေဘီ အေတပ်နဲ့ အစိုးရ စကခ ၁၉ တပ်တို့  တိုက်ပွဲဖြစ်တာပါ။

ဒီကေဘီအေ မြ၀တီ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ဒီဖြစ်ရပ်နဲ့ပတ် သက်လို့ ပြောဆိုရာမှာ ဒီကေဘီအေ ကလိုထူးဘော ဗျူဟာဌာန လာက်အောက် ဗိုလ်မှူး ၀င်းဇော်လင်း အခြေပြုရာနေရာကို အစိုးရတာဝန်ရှိသူတွေက ၀င်စစ်ဆေးတဲ့အပေါ် ဗိုလ်မှူး ၀င်းဇော်လင်းက စစ်ဆေးတဲ့ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) နဲ့ ရဲ စုစုပေါင်း (၈) ဦးကို ဖမ်းဆီးခဲ့ကြောင်းနဲ့ ပြန်လွှတ်ဖို့ ညှိနှိုင်းရာမှာ အဆင်မပြေဖြစ်ပြီး ပစ်ခတ်ကြတာဖြစ်ကြောင်း ရှင်းပြပါတယ်။

ဒီပစ်ခတ်မှုကြောင့် အစိုးရတပ်က တဦးဒဏ်ရာရှိသွားကြောင်း၊ ဖမ်းဆီးထားသူတွေကိုတော့ တဖက်နဲ့တဖက် ယုံကြည်မှုတည်ဆောက်ပြီးရင် ပြန်လွှတ်ပေးဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရတပ်ကို ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း မြ၀တီမြို့မှာ ဒီကေဘီအေတပ်ဖွဲ့က ဗိုလ်လင်းနိုင်ဟာလည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။

ဒီကေဘီအေ အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိမှာ အစိုးရနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့ ပါဝင်ဆွေးနွေး နေပါတယ်။

DVB (မြန်မာပိုင်း)

ကျောင်းသူတစ်ဦး ပျောက်ဆုံးမှုဖြင့် ဖမ်းဆီးထားသူ နှစ်ဦးအနက် တစ်ဦးကို အသက်မဲ့ ခန္ဓာအား လိင်ဆက်ဆံမှုဖြင့်ပါ စစ်ဆေးနေ


ဗိတိန်နိုင်ငံ ဘလက်ပူးလ်မြို့ တရားရုံး
တစ်ရုံးတွင် ပျောက်ဆုံး သွားခဲ့သော
 ကျောင်းသူလေး တစ်ဦးကို သတ်ဖြတ်မှုဖြင့်
လူနှစ်ဦးကို စစ်ဆေးလျက် ရှိပြီး ယင်းတို့
အနက်မှ တစ်ဦးကို အဆိုပါ ကျောင်းသူ

မိန်းကလေး၏ အသက်မဲ့ ခန္ဓာအား လိင်ဆက်ဆံသည် ဟူသော စွဲချက်ဖြင့် စစ်ဆေး နေခြင်း ဖြစ်သည်။

Monday, September 22, 2014

အာရှအားကစားပြိုင်ပွဲ မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ် ၂ ခု ဆွတ်ခူး


  တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမှာ ကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာ ပိုက်ကျော်ခြင်း အသင်းဟာ ရွှေတံဆိပ် ၂ ခု ဆွတ်ခူး ရရှိသွားပြီ ဖြစ်ပါတယ်။

ဒီရွှေတံဆိပ်တွေဟာ အမျိုးသားနဲ့ အမျိုးသမီး ၂ ယောက်တွဲ  ပိုက်ကျော်ခြင်း ပြိုင်ပွဲကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ၂ ယောက်တွဲပြိုင် ပွဲ မှာတော့ မြန်မာ အသင်းဟာ အိမ်ရှင် တောင်ကိုးရီးယား အသင်းကို ၂ ပွဲပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ် ဆွတ်ခူးခဲ့တာ ဖြစ်သလို  အမျိုးသမီး ၂ ယောက်တွဲပြိုင်ပွဲမှာတော့ လာအိုအသင်းကို အနိုင်ရရှိပြီး ရွှေတံဆိပ်ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ရွှေတံဆိပ် ၂ ခုရရှိထားတဲ့ မြန်မာအသင်းဟာ ဇယား နံပါတ် ၇ မှာ ရပ်တည်နေပါတယ်။

By Webteam (ဒီဗွီဘီ)
http://burmese.dvb.no/archives/65638

တရားမ၀င်ဆေးဝါး ၅ မျိုး မသုံးစွဲရန် ကြေညာ


အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာနက ဈေးကွက်အတွင်းရှိ ဆေးဝါးတွေကို စိစစ်ခဲ့ရာ ဆေးဝါး ၅ မျိုးဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားခြင်း မရှိတဲ့ တရားမဝင် ဆေးဝါးတွေ ဖြစ်ကြောင်း စိစစ်တွေ့ရှိလို့ မသုံးစွဲကြဖို့ ကျန်းမာရေး ၀န်ကြီးဌာနက ကြေညာ လိုက်ပါတယ်။

ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံမှာ မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေကို ဝယ်ယူသုံးစွဲတာ မပြုကြဖို့နဲ့ မှတ်ပုံတင်ရရှိထားတဲ့ ဆေးဝါးတွေကိုလည်း ဆရာဝန် ညွှန်ကြားချက်နဲ့ ဝယ်ယူ သုံးစွဲကြဖို့ အသိပေး ကြေညာထားပါတယ်။

ပြည်သူ့ကျန်းမာရေးအတွက် စောင့်ရှောက်မှုဆောင်ရွက်ပေးသူတွေ အနေတဲ့ မိမိတို့ သုံးစွဲနေတဲ့ ဆေးဝါးနဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် တစုံတရာ ရှိပါက သတင်းပေးပို့ အကြောင်းကြားဖို့လည်း ကြေညာချက်က ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/65641

မသုံးစွဲရန် ကြေညာထားသည့် ဆေးဝါး ၅ မျိုး

ဒီမိုကရေစီ ရရှိရေးအတွက် ဟောင်ကောင်ကျောင်းသားတွေ စတင်သပိတ်မှောက်


  ဟောင်ကောင် ရွေးကောက်ပွဲ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး တရုတ်အစိုးရရဲ့ ရပ်တည်ချက်ကို ဆန့်ကျင်တဲ့ အနေနဲ့ ဟောင်ကောင် ကျောင်းသားတွေဟာ တနလာင်္နေ့ကစပြီး အတန်း မတက်ဘဲ စတင်သပိတ် မှောက်လိုက် ကြပါတယ်။

တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းများစွာက ကျောင်းသားထောင်ပေါင်းများစွာဟာ တစ်ပတ်ကြာ သပိတ်ပွဲမှာ ပါဝင်ဖို့ သန္နိဋ္ဌာန်ချ ခဲ့ကြပါ တယ်။

ဒါဟာ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားနေတဲ့ Occupy Central အဖွဲ့က အောက်တိုဘာ ၁ရက်မှာပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ ပိုမို ကျယ်ပြန့်ကြီးမားတဲ့ ကန့်ကွက်ဆန္ဒပြပွဲရဲ့ ရှေ့ပြေးတစ်ခုဖြစ်ပါတယ်။

ဆယ်ကျော်သက် တက်ကြွလှုပ်ရှားသူတွေဟာ တနလာင်္နေ့မနက်ပိုင်းက အလယ်တန်း ကျောင်းတွေ အပြင်မှာ ရပ်ပြီး ကျောင်းလာတက်တဲ့ ကျောင်းသားတွေကို အ၀ါရောင်ဖဲပြားတွေဝေကာ အတန်းမတက်ဘဲ သပိတ်မှောက်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။ လူထုစုဝေးပွဲတွေ နဲ့ ဟောပြောပွဲတွေကိုလည်း သပိတ်မှောက် ကျောင်းသားတွေ ဦးစီး ပြုလုပ်ခဲ့ကြပါတယ်။

ဟောင်ကောင်ရဲ့ ခေါင်းဆောင်ပိုင်းကို ရွေးချယ်တင်မြှောက်မယ့် မဲဆန္ဒခံယူပွဲမှာ လွတ်လပ်စွာအမည်စာရင်းတင်သွင်းခွင့်ပေးရေးကို ဘေဂျင်းအစိုးရက ငြင်းပယ်ခဲ့တာဟာ ဟောင်ကောင်မှာ ဒီမိုကရေစီတိုးတက်လာစေရမယ်လို့ ၁၉၉၇ ခုနှစ်က ဗြိတိန် လက်ကနေ လွှဲယူစဉ် ပေးခဲ့တဲ့ ကတိက၀တ်နဲ့ ကိုက်ညီမှုမရှိဘူးလို့ ဆန္ဒပြကျောင်းသားတွေက ပြောပါတယ်။

ဘာသာပြန်-- မအေးသီမွန်
Ref: BBC
Kumudra
https://www.facebook.com/newsKumudra

အခွန်ဆိုင်ရာသတ်မှတ်ပြီးပါက ၀ိုင်တင်သွင်းမှု စတင်နိုင်မည်ဟုဆို


ဝိုင်ဖြင့်ဧည့်ခံသည့် ဧည့်ခံပွဲတစ်ခု (ဓာတ်ပုံ− advadvisor)
ဝိုင်တင်သွင်းခွင့်ကို စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ၀န်ကြီးဌာနမှ ပထမဆုံးအနေ ဖြင့် ခွင့်ပြုလိုက်ပြီဖြစ်၍ အခွန် ဆိုင်ရာ သတ်မှတ်ပြီးပါက မကြာ မီခွင့်ပြုပေးသွားမည်ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။
‘‘အရက်၊ ၀ိုင်တွေမှာ ၀ိုင်ကို အရင်စပေးမယ်။ အသင်းအဖွဲ့ တွေ၊ အကြံပေးပုဂ္ဂိုလ်တွေနဲ့ စီး ပွားကူးသန်းအနေနဲ့ကတော့ ခွင့် ပြုလိုက်ပြီ။ အခွန်ကိစ္စတွေပဲ ကျန်တော့တယ်ဆိုတော့ မကြာခင် ခွင့်ပြုမယ်’’ဟု ပြည်ထောင်စုဝန် ကြီးက ပြောသည်။
တင်သွင်းခွင့်နှင့်ပတ်သက် ၍ စီးပွားကူးသန်းက ခွင့်ပြုချက်ပေးနိုင်ပြီး အခွန်ကိစ္စကို အကောက်ခွန်မှ သတ်မှတ်မည်ဖြစ်၍ လက်ရှိတွင် အတိအကျ မပြောနိုင်သေးဟု ဆိုသည်။
အရက် တင်သွင်းခွင့်ကို နောက်ပိုင်းမှ ခွင့်ပြုပေးရခြင်းမှာ အရက်သည် အရည်အသွေးအ မျိုးမျိုးနှင့် အမျိုးအစားများစွာ ရှိ သည့်အပြင် ဈေးကွက်အ၀င်များ ခြင်းနှင့် အတုများစွာ ရှိသဖြင့် စိစစ်မှုများ ပြုလုပ်နေဆဲ ကာလ ဖြစ်သောကြောင့်ဟု ဆိုသည်။
ဝိုင်တင်သွင်းခွင့်ကို ပထမ ဆုံးခွင့်ပြုရခြင်းသည် နိုင်ငံတွင်း သို့ နိုင်ငံခြား ဧည့်သည်များစွာ ၀င်ရောက်နေသည့်အတွက် အများစုက တင်သွင်းခွင့်ပြုလို၍ ဦးစွာ ခွင့်ပြုရခြင်းဖြစ်သည်ဟု ၀န်ကြီးက ပြောသည်။
အရက်၊ ဘီယာ၊ ၀ိုင်များကို ယခင် စစ်အစိုးရ လက်ထက် ၁၉၉၆ ခုနှစ်မှစတင်၍ ပြည်ပမှ တင်သွင်းရောင်းချခြင်းကို အမိန့် ကြော်ငြာစာထုတ်၍ ပိတ်ပင်တား ဆီးခဲ့သည်။ သို့သော် တရားမ၀င် မှောင်ခိုအနေဖြင့် နယ်စပ်ကုန် သွယ်ရေး လမ်းမှသာမက ပင် လယ်ရေကြောင်း ကုန်သွယ်ရေး မှပါ ၀င်ရောက်နေသဖြင့် တရား မ၀င် ကုန်သွယ်မှုတားဆီးရေးအ ဖွဲ့က ဂိုဒေါင်များကိုပါ စစ်ဆေး ဖမ်းဆီး၍ ပြည်တွင်း၌ ဈေးမြင့် လာကာ တရားဝင်တင်သွင်းခွင့် ပြုရန် စီစဉ်နေခြင်း ဖြစ်သည်။
နိုင်ငံတကာတွင်လည်း အရက်၊ ဘီယာ၊ ၀ိုင်တို့ကို အခွန် ကောက်၍ တရားဝင်တင်သွင်းရန် အများအားဖြင့် ခွင့်ပြုပေးထား သည်။ အခွန်ကောက်ခံရာတွင် လည်း အရက်ကြောင့် ဖြစ်လာ မည့် ရောဂါများ ကုသရန် ဆေးရုံ များတည်ဆောက်ခြင်း၊ ပညာပေး ဆောင်ရွက်ခြင်း စသည်တို့ အ တွက် သုံးစွဲရန် ကြိုတင်ကောက် ခံခြင်း ဖြစ်သည်။ အရက်၊ ဘီယာ၊ ၀ိုင်အတွက် အခွန်ငွေမှာ မြန်မာ့အိမ်နီးချင်းနိုင်ငံအချို့တွင် ၂၀ ရာခိုင်နှုန်းထိ ကောက်ခံသည်။
လက်ရှိတွင် မြန်မာနိုင်ငံအ နေဖြင့် အခွန်များစွာ ကောက်ခံပါ က တရားမ၀င်မှောင်ခိုလုပ်ငန်း များလာမည်ကို စိုးရိမ်နေရပြီး အခွန်မကောက်ပါကလည်း ပြည် တွင်းထုတ် အရက်၊ ဘီယာများ နှင့် ဈေးကွက်တွင် ထိပ်တိုက်ရင် ဆိုင်ရမှုလည်း ရှိနိုင်သည်။
ဈေးကွက်အတွင်း အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များကို အခွန်တံဆိပ်ကပ်ထားခြင်း မရှိဘဲ ရောင်းချပါက ပစ္စည်းသိမ်းသည် အထိ အရေးယူမည်ဟု တိုင်း ဒေသကြီး အခွန်ဦးစီးဌာနမှ သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအ တွင်းရှိ အရက်၊ ဘီယာထုတ် လုပ်ရောင်းချနေမှုများအပေါ် အ ခွန်နှုန်းထားနှစ်ဆကျော် တိုးမြှင့် ကောက်ခံမည့် ယစ်မျိုးခွန်ဥပဒေ ကြမ်းကို စက်တင်ဘာ ၁ ရက် တွင် ကျင်းပခဲ့သော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအ ဝေးက အတည်ပြုခဲ့သည်။
အဆိုပါ ဥပဒေကြမ်းအရ ပြည်တွင်းရှိ အရက်ချက်စက်ရုံ များမှ ထုတ်လုပ်သော နိုင်ငံခြား အရက်ပြင်းများ လက်ကားရောင်း ချခွင့်လိုင်စင်ကို မူလအခွန်နှုန်း ထား ကျပ် ၁၂ သိန်းမှ သိန်း ၃၀ အထိ တိုးမြှင့်ကောက်ခံမည် ဖြစ်သည်။
ထို့အပြင် အရက်ချက်စက် ရုံပိုင်ဆိုင်ခွင့်နှင့် ချက်လုပ်ခွင့်လိုင်စင်များအပေါ်တွင်လည်း မူလကောက်ခံသည့် နှုန်းထားများ ထက် လေးဆကျော် တိုးမြှင့်ကောက်ခံ ရန် ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကြမ်းတွင် ပါရှိသည်။
အရက်ချက်စက်ရုံအသေး ကို မူလကောက်ခံသည့် အခွန်နှုန်းကျပ် ၁၂ သိန်းမှ သိန်း ၅၀ ၊ စက်ရုံအလတ်စားများကို မူလအခွန် နှုန်းထား ကျပ်၂၄ သိန်းမှ သိန်း ၁၀၀၊ စက်ရုံအကြီးစားများကို မူလအခွန်နှုန်းထား ကျပ်၃၆ သိန်းမှ သိန်း ၁၅၀ အထိ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။
၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် သုံးနှစ်အတွင်း ရန်ကုန်တိုင်းဒေသ ကြီးတွင် တရားမ၀င် အရက်၊ ဘီယာ၊ ဘီယာဆိုင်များ အရေးယူမှု မြင့်တက်လာခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီလအထိ တရားမ၀င်  အရက်၊ ဘီယာဆိုင် နှစ်ထောင် ကျော်ကို အရေးယူခဲ့ကြောင်း သိ ရသည်။ အရက်ယမကာ သုံးစွဲမှု ထိန်းချုပ်ရန် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ အရက်၊ ဘီယာ ထုတ်လုပ် ရောင်းချနေမှုများကို အခွန်နှုန်းထားနှစ်ဆကျော် တိုးမြှင့်ကောက်ခံပါက အရက်၊ ဘီယာ ရောင်းချသူများ ဆိုင်ပိတ်သိမ်းသည်အထိ အခက်ကြုံနိုင်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

ဂျနီဖာလောရင့်စ်နှင့် ကျော်ကြားသူအချို့ အဖော်အချွတ်ဓာတ်ပုံများ ထပ်မံဖော်ပြခံရ


 ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး ဂျနီဖာ လောရင့်စ်၏ အဖော်အချွတ် ဓာတ်ပုံသစ်များသည် စက်တင် ဘာ ၂၀ ရက်တွင် အွန်လိုင်း၌ ထပ်မံဖော်ပြခြင်းခံခဲ့ရသည်။
စက်တင်ဘာ ၂၀ ရက်တွင် အွန်လိုင်း၌ အဖော်အချွတ်ရုပ်ပုံ များဖြင့် ထပ်မံဖွင့်ချခံရသော ကျော်ကြားသူများထဲတွင် ကင် ကာဒက်ရှီယန်၊ ကိတ်အပ်တန်၊ ဗစ်တိုးရီးယားဂျက်စတစ်၊ ဟွတ် ဆိုလို၊ လီလီဆိုဘိုင်းစကီး၊ ဟေ ဒင်ပန်နက်တီးယားတို့လည်း ပါဝင်သည်။
လွန်ခဲ့သည့် သီတင်းသုံးပတ် ခန့်ကလည်း ကျော်ကြားသူအချို့ ၏ အဖော်အချွတ်ဓာတ်ပုံများ

Toyota Land Cruiser ရဲ့ တကျော့ပြန်လည် ဆန်းသစ်မှု

~



  ကမ္ဘာကျော် မော်တော်ကားထုတ်လုပ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော ဂျပန်နိုင်ငံအခြေစိုက် တိုယိုတာ မော်တာ ကော်ပိုရေးရှင်းက  Land Cruiser 70 အမျိုးအစား ကားများ ပြန်လည်ရောင်းချပြီဖြစ်သည်။

Thursday, September 18, 2014

အိပ်စရာနေရာ ရရန် မိန်းကလေးများနှင့် ညတိုင်းတွဲသည့် အိမ်ယာမဲ့


နယူးယော့ခ် မြို့ တော် မန်ဟတ်တန်ရှိ အိမ်ခြေ
ယာမဲ့တစ်ဦးသည် ညတိုင်းလိုပင် မိန်းကလေး
များနှင့် အတူလိုက်အိပ်ကာ အိပ်စရာ အခက်အ
ခဲကို ဖြေရှင်းလျှက် ရှိသည်ဟု Mirror သတင်း
ဌာနက ဖော်ပြသည်။


အသက် ၂၁ နှစ်ရှိ ရုပ်ဖြောင့်သော ဂျိုးဆိုသည် အိမ်ခြေယာမဲ့က ခြေသလုံးအိမ်တိုင် ဘဝပင် ဖြစ်သော်လည်း ယောက်ျား အများစု အားကျယူရ လောက်အောင် မိန်းများကို ဆွဲဆောင်နိုင်သည်ဟု mirror သတင်းကရေးသားသည်။

ဂျိုးက နေ့ ခင်းချိန်များတွင် အလှဆီများ ခေါင်းလိမ်းဆီများကို နမူနာ အခမဲ့သုံးနိုင်သော ဆိုင်များသို့  သွားရောက်ယူကာ သူ့ ရုပ်ရည်ရူပကာ အတွက် ပြင်ဆင်သည်။ တောင်းရမ်း ရသော ငွေကြေး အချို့  ကိုလည်း အသုံးသည်။

"နယူးယော့ခ် မြို့ တော်ကြီးက အံ့သြစရာ အပြည့်ပါ။ ၈၉ သန်း ရှိတဲ့ လူဦးရေမှာ မိန်းကလေး တွေကို စိတ်တိုင်းကျ တွဲနိုင်တယ်" ဟု ဂျိုးကပြောသည်။

"မိန်းကလေးတွေကို အရောဝင်တယ်။ နောက် အတူသောက်စား ကြပြီး အတူအိပ်ခွင့် ရတော့တာ ပါပဲ"ဟုလည်း ဂျိုးက ဆက်၍ ပြောသည်။

ဂျိုးသည် နေ့ စဉ် အလွန်အကျွံ့  သောက်စားသူ တစ်ဦး ဖြစ်ကြောင်း ကိုယ်တိုင် ဝန်ခံထားသည်။ ၎င်းအိမ်ခြေယာမဲ့ ဘဝသို့ ရောက်ရှိခဲ့ သည်မှာလည်း မူးယစ် ဆေးဝါးများ ဖွက်ထားသည်ကို မိခင် ဖြစ်သူက တွေ့ ရှိသွား၍ အိမ်မှ နှင်ချ ခံခဲ့ရခြင်း ဖြစ်သည်။

Mizzima News Daily

နည်းနည်းလေးမှ မဝေးချင်ဘူး အခွေ အောက်တိုဘာလမှာ ထွက်ရှိတော့မယ့်အကြောင်း ဖွင့်ဟလာတဲ့ အဆိုတော် နေနေ

Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေရဲ့ လက်ခံအားပေးမှု ရရှိခဲ့တဲ့ အဆိုတော်နေနေ ဟာ ဆူးစူးသူ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိခဲ့ပြီးနောက် ဒုတိယအခွေဖြစ်တဲ့ နည်းနည်းလေးမှမဝေးချင်ဘူး ကို အောက်တိုဘာမှာထွက်ရှိဖို့ ပြင်ဆင်နေပြီလို့ သိရတာကြောင့် ဒီအခွေလေးနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာတွေကတော့
လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါဦး။
လတ်တလောမှာတော့ နေနေ ခရီးသွားဖြစ်နေပါတယ်။ နယ်ရှိုးတွေ ဆိုဖြစ်တယ်။ ပြီးတော့ နေနေရဲ့ ဒုတိယစီးရီးအတွက် လုပ်နေပါတယ်။
ဒုတိယတေးစီးရီးအခွေ ပရိသတ်ကို ဘယ်တော့လောက်ချပြမလဲ။
အောက်တိုဘာမှာ ထွက်ရှိပါတော့မယ်။
ဒီအခွေလေးထဲမှာရော ဘယ်လိုဂီတအမျိုးအစားတွေ ပါဝင်ဦးမလဲ။
Countryပုံစံပါမယ်။ Popပုံစံပါမယ်။ မြူးမြူးလေးတွေ လည်းပါပါတယ်။ အစုံပေါ့နော်။
ပထမအခွေနဲ့ဒုတိယအခွေရဲ့ ကွာခြားချက်ကဘယ်လိုရှိမလဲ။
ပထမအခွေမှာက ကော်ပီသီချင်း ဆယ်ပုဒ်ထည့်ထားတယ်။ Owntune နှစ်ပုဒ်ပဲပါတယ်။ အခွေကို ပြောင်းပြန်လုပ်ပစ်လိုက်တာပေါ့။ ဒုတိယအခွေမှာ  Owntune ကဆယ်ပုဒ်၊ ကော်ပီကနှစ်ပုဒ်ထဲပါမယ်။ Owntune တောင်မှ အကောင်းဆုံးလေးတွေ ရွေးထားတာပါ။ အခွေထွက်လာရင် ပရိသတ်တွေ ကြိုက်မယ်လို့ ထင်ပါတယ်။
Owntune သီချင်းတွေဆိုရင် ပရိသတ်တော်တော်များများ အားပေးကြိုက်နှစ်သက်ကြတယ်။ အဲဒီ့တော့ နေနေရဲ့ ဒီအခွေလေးကိုရော ဘယ်လောက်မျှော်လင့်ထားပါသလဲ။
နေနေ ကိုယ်တိုင် ဒီအခွေလေး ထဲမှာ အရမ်းကြိုးစားထားပါတယ်။ Owntune တောင် ရိုးရိုးမဟုတ်ဘူး။ တကယ့်ကို Band နဲ့ စိတ်ကြိုက်ဖန်တီးထားတဲ့အတွက် နေနေ ကိုယ်တိုင်အရမ်းသဘောကျတယ်။ စိတ်တိုင်းကျတယ်ပေါ့နော်။ နေနေ စိတ်တိုင်းကျသလို၊ သဘောကျသလိုမျိုး ပရိသတ်တွေလည်း စိတ်တိုင်းကျမယ်၊ သဘောကျမယ်လို့ထင်ပါတယ်။
ညီမဖြစ်သူ ချမ်းချမ်းနဲ့တွဲပြီးအခွေလုပ်မယ်လို့ ကြားပါတယ်။ ဘယ်တော့လောက်လုပ်ဖြစ်မလဲ။
အဲဒါကကြာဦးမှာပါ။ ထွက်တော့ထွက်ချင်တယ်။ လောလောဆယ်မှာတော့ သူမအား၊ ကိုယ်မအားဖြစ်နေတာလည်း ပါပါတယ်။
ပတ္တမြားFMမှာပါတဲ့ သီချင်းတွေက တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေ ဖြစ်တယ်ဆိုတော့ နေနေ သီဆိုတဲ့အခါမှာရော ကိုယ့်အတွက် စိတ်ပူပန်ခဲ့ရတာမျိုးရှိခဲ့သေးလား။
အင်း။ ရှိတာပေါ့။ အဲဒီ့အခွေမှာပါတဲ့ သီချင်းတွေ အကုန်လုံးကလည်း အရမ်းကောင်းပါတယ်။ ဆိုထားတဲ့ Senior အဆိုရှင်တွေကလည်း သိပ်ကို တော်ပါတယ်။ လေးစားဖို့လည်း ကောင်းပါတယ်။ ပြန်ဆိုခွင့်ရတာကို အရမ်းလည်း ဝမ်းသာပါတယ်။ ကိုယ့်အရှေ့မှာ ဆိုထားတဲ့ မူရင်းအဆိုရှင်က ရှိနေတဲ့အခါကျတော့ ဆိုချင်တိုင်း ဆိုလို့မရတော့ဘူး။ သူ့ရဲ့မူရင်း ဆိုထားတာလေးကိုမှီအောင်၊ ကိုယ်ဆိုလိုက်မှပဲ ပျက်သွားတယ်ဆိုတာ မရှိရအောင် အရမ်းကို တော်တော်လေး ဂရုစိုက်ပြီး ထိန်းသိမ်းရပါတယ်။ ဒါပေမယ့် အခွေထွက်လာတော့လည်း ပရိသတ်တွေက နားထောင်ပြီး ကြိုက်တယ်လို့ ပြောကြတော့ ကျေနပ်ပါတယ်။
နေနေကရော ဘယ်တော့လောက် အိမ်ထောင်ပြုဖို့ စီစဉ်နေပြီလဲ။
နေနေအိမ်ထောင်ပြုဖို့ အစီအစဉ်ရှိပါတယ်။ နှစ်ယောက်စလုံးကလည်း မြန်မြန်နီးစပ်ချင်နေပြီပေါ့နော်။ သူလည်းသူ့အလုပ်ကို ကြိုးကြိုးစားစားနဲ့ လုပ်နေသလို နေနေလည်း ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို ကြိုးစားပြီး လုပ်နေကျပါတယ်။ ၂၀၁၅လောက် မဟုတ်ရင်တောင် ၂၀၁၆တော့ အိမ်ထောင်ပြု မှာပါ။

Wednesday, September 17, 2014

Leonardo Dicaprio ကို Climate Change ရဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားသူအဖြစ် UN က တိုးမြှင့်သတ်မှတ်


ဟောလီးဝုဒ် မင်းသား Leonardo Dicaprio ဟာ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့(UN) ရဲ့ ငြိမ်းချမ်းရေးသံတမန် အဖြစ် အထွေထွေ အတွင်းရေးမှုး ဘန်ကီမွန်း ရဲ့ ခန့်အပ်ခြင်းကို ခံခဲ့ရပါတယ်။ အခုအခါမှာတော့ အသက် ၃၉ နှစ်အရွယ်မင်းသား  Leonardo ဟာ ရာသီဥတုပြောင်းလဲမှု(Climate Change)ရဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားသူအဖြစ် တိုးမြှင့်သတ်မှတ်ခြင်းကို ခံခဲ့ရတယ်လို့ AP သတင်းများအရ သိရပါတယ်။
Leonardo Dicaprio ဟာ ၁၉၉၈ ခုနှစ်က လူသားတွေနဲ့ သဘာဝကမ္ဘာမြေကြားမှာ လိုက်လျောညီထွေဖြစ်မယ့် ဆက်ဆံရေးမျိုးကို ရရှိဖို့နဲ့ ကမ္ဘာကြီးရဲ့နောက်ဆုံးကျန်ရှိနေတဲ့ မြေလွတ်မြေရိုင်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ထား ခဲ့ပါတယ်။
UN ရဲ့အထွေထွေ အတွင်းရေးမှုး ဘန်ကီမွန်း ရဲ့ပြောကြားချက်အရ Leonardo ဟာ စက်တင်ဘာ ၂၃ ရက်နေ့မှာ ပြုလုပ်မယ့် ကမ္ဘာ့ခေါင်းဆောင် ၁၂၀ ကျော် ပါဝင်မယ့် သဘာဝပတ်ဝန်းကျင် ညီလာခံတစ်ခုမှာ စတင်တက်ရောက်မယ်လို့ သိရပါတယ်။
Leonardo ကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ သံတမန် အဖြစ် ခန့်အပ်ခြင်းခံထားရတဲ့ ဟောလီးဝုဒ် ကြယ်ပွင့်တွေကတော့ Georege Clooney နဲ့ Michael Douglas တို့ ပဲဖြစ်ပါတယ်။
Ref:dailymail.co.uk

Contraceptive pills ဟော်မုန်း ၂ မျိုးပါကိုယ်ဝန်တားဆေး



• လူအများဆုံးသုံးတယ်။ ဈေးချိုတယ်။ ရှာရတာလွယ်တယ်။
• Estrogen နဲ့ Progestin ဟော်မုန်း ၂ မျိုးပါတဲ့ တလစာ ၂၈ လုံးပါတဲ့ကိုယ်ဝန်တားဆေးဖြစ်တယ်။
• ဆေးလုံး အရောင် ၂ မျိုးရှိမယ်။ ၂၁ လုံးကအရောင်တမျိုး၊ ၇ လုံးကအရောင်တမျိုး။ ၂၁ လုံးမှာသာ ဟော်မုန်းတွေ ပါတယ်။
• ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။
• တားဆေးကို ပဌမဆုံးသောက်သူဆိုရင် ရာသီစလာတဲ့နေ့ကနေ စသောက်ရင် တလလုံးအတွက် ကာကွယ်မှုရမယ်။ ရာသီရပ်ပြီးမှ စသောက်ရင်တော့ ဆေးသောက်စ ၇ ရက်အတွင်း စိတ်မချရသေးပါ။ အတူမနေတာ ဒါမှမဟုတ် ကွန်ဒွမ် သုံးရမယ်။
• တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။
• ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံအတားနည်း တခုခု ဥပမာ (ကွန်ဒွမ်) သုံးတာနဲ့ သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။
• ရာသီလာပြီး တတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ဆေးစသောက်နေကြရက်အထိ တရက် ၁ လုံး သောက်ပြီးနောက်၊ ဆေးကပ်သစ် စသောက်ပါ။
• ဆေးသောက်နေကြရက်ဆိုတာ မှတ်ရတာလွယ်အောင် ကိုယ့်ဖါသာ အကျင့်လုပ်ထားတာကိုဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်ကြလေ့ရှိတယ်။
• တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဘို့ ၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ် ဘယ်ရက်သတ္တပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက်၊ ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင် ကျန်တဲ့ဆေးကပ်ကို ဆက်မသောက်ဘဲ၊ ဆေးကပ်သစ် စသောက်ပါ။ တပြိုင်နက်တည်းမှာ ၇ ရက်တာ အရံတားနည်းတခုခုသုံးပါ။ အဲဒီလမှာ ရာသီ မလာဘဲနေတာ ဖြစ်နိုင်တယ်။
• တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန် ရှိ-မရှိစစ်ပါ။
• ဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိ သွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသဲကင်ဆာ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ အသဲရောင် အသားဝါရှိနေသူ၊ မွေးလမ်းကနေ သွေးဆင်းတာ အကြောင်းရှာမရသူတွေ ဒီဆေးမသောက်သင့်ပါ။
• ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန် သိပ်များသူတွေမှာလဲ ထိရောက်မှုနည်းနိုင်တယ်။
• ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။
• ဘေးထွက်-ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းလဲကိုယ်လှုတ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။

Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး
၁။ Combined pill ဆေးနှစ်မျိုးတွဲ စားဆေး
COC လို့လဲ ခေါ်တယ်။ ဟော်မုန်း ၂ မျိုးတွဲဆေး ဖြစ်တယ်။ Estrogen နဲ့ Progesterone ဟော်မုန်းတွေကနေ လစဉ် ရာသီလာစေဘို့နဲ့ မျိုးဥ ထွက်နေဘို့ လုပ်ပေးနေတာပါ။ ဆေးထဲပါတဲ့ ဟော်မုန်းတွေကြောင့် မျိုးဥ ထွက်မှာကို တားဆီး ပေးတယ်။ အမျိုးမျိုးရှိတယ်။ သားအိမ်အဝမှာ ရှိတဲ့ ချွဲရည်ကိုလဲ ထူပြစ်စေတာမို့ မျိုးဥ ထွက်လာအုံးတော့ သုတ်ပိုးနဲ့ တွေ့ဘို့ ခက်ခဲစေပြီး၊ သားအိမ်အတွင်းနံရံကိုလဲ ပါးလွှာစေသေးလို့ သန္ဓေဟာ သားအိမ်မှာ လာမကပ်နိုင်တော့ဘူး။ လူအများဆုံးသုံးတဲ့ဆေးဖြစ်တယ်။

စနစ်တကျသုံးရင် ၉၉% စိတ်ချရတယ်။ ရာသီ စလာတဲ့နေ့က ၅ ရက်မြောက်နေ့ကစပြီး သောက်ရမယ်။ အားလုံးပေါင်း ၂၁ ရက်ကြာ၊ နေ့တိုင်း ဆေး ၁ ပြားစီသောက်ရမယ်။ နောက်ဆုံး သောက်ရမဲ့ အရောင်မတူတဲ့ ဆေးပြား ၇ ပြားဟာ အားဆေးသာ ဖြစ်တယ်။ အဲဒီ ၇ ရက်အတွင်း သွေးပြန်ဆင်းမယ်။

၂။ Progestogen-only pill (POP) ဆေးလုံး
Mini-Pill လို့လဲ ခေါ်သေးတယ်။ Progestogen ဟော်မုန်း တမျိုးတည်းပါတဲ့ဆေး ဖြစ်တယ်။ နာမယ် အမျိုးမျိုးနဲ့ ရှိတယ်။ ဒီဆေးကြောင့် သားအိမ်အဝက ချွဲကျိတဲ့အရည်ဟာ ပြစ်စေးလာစေလို့ ကျားသုတ်ပိုးကို သားအိမ်ထဲ မဝင်အောင် တားတယ်။ သားအိမ် အတွင်းသားနံရံကိုလဲ ပါးလွှာစေလို့ သန္ခေတွယ်ကပ်မှာကိုလည်း တားပေးတယ်။ ဒီဆေးမျိုးက ကြားရက်မှာ သွေးနဲနဲဆင်းတာ ပိုဖြစ်တတ်တယ်။ ဆေးကပ်ကုန်တာနဲ့ နောက်တကပ် ဆက်သောက်ပါ။ အသက်ကြီးလည်း သောက်နိုင်တယ်။ Cerazette ဆေး ဖြစ်ရင် လစဉ် မျိုးဥထွက်တာကိုပါ တားဆီးပေးမယ်။

၃။ အရေးပေါ်တားဆေး Ecee-2 ကို ဖေ့စ်ဘွတ်မှာမတင်ပါ။

ကိုယ်ဝန်နဲ့ တားဆေး
ကလေးဖွါးပြီးသူတွေ ကလေးနို့မတိုက်ရင် ၂ ပါတ်၊ နို့တိုက်ရင် ၆ ပါတ် စောင့်ပြီး စသောက်ရမယ်။ ဟော်မုန်း ၂ မျိုးတွဲ ဆေးက နို့ထွက် နည်းစေတယ်။ ဒါ့ကြောင့် ဟော်မုန်း ၁ မျိုးထဲဆေးကို နို့တိုက်တိုက်-မတိုက်တိုက် ကလေးဖွါးပြီးတာနဲ့ သောက်ပါ။ ကိုယ်ဝန်ပျက်သူတွေ ပျက်ပြီးပြီးချင်း သောက်ရမယ်။

မလိုလားအပ်တာတွေ
• သွေးအချိန်မဟုတ် နဲနဲဆင်းမယ်၊
• ခေါင်းကိုက်မယ်၊
• စိတ်မူ ပြောင်းလဲတတ်တယ်၊
• ရင်သား တင်းတတ်တယ်၊
• စိတ်ကျတတ်တယ်၊
• ဆက်ဆံလိုစိတ် နဲတတ်တယ်၊ လူတိုင်းမဟုတ်ပါ။
• လူဝလာတတ်တယ်၊
• အရေပြားပေါ် အစက်အပျောက် ပေါ်တတ်တယ်။
• ရာသီနည်းတာ၊ မလာတာဖြစ်နိုင်တယ်၊
• ရှားရှားပါးပါး မျိုးဥအိမ် အကြိတ်အလုံးပေါ်တာ သွေးဖိအားတက်ခြင်း၊ သွေးခဲခြင်းတွေ ဖြစ်တတ်တယ်။
• အခု ဒါမှမဟုတ် အရင်က ရင်သား-ကင်ဆာ ရှိနေရင်၊ ကိုယ်ဝန်ရှိနေရင်၊ အသဲနဲ့ သည်းခြေရောဂါရှိနေရင်၊ မျိုးဥအိမ် အကြိတ်-အလုံး ရှိဘူးရင်၊ (မိုင်ဂရင်း) အမူးရောဂါရှိရင် မသုံးသင့်ပါ။
• ကိုယ်ဝန် ရှိနေရင်၊ အသက် ၃၅ ကျော်ရင်၊ အဝလွန်ရင်၊ သွေးခဲတတ်တဲ့ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း) ခေါင်းမူး-ခေါင်းကိုက် ရောဂါ၊ အသဲ-သည်းခြေရောဂါ၊ ဆီးချိုရောဂါများ ရှိနေရင် မသုံးသင့်ပါ။

ဖြစ်နိုင်တဲ့ နောက်ဆက်တွဲတွေ
• ခြေထောက်-အဆုပ်-နှလုံး-ဦးနှောက်မှာ သွေးခဲတတ်တယ်။
• သွေးဖိအား (သွေးတိုး) များတတ်တယ်။
• အသက် ၃၅ နှစ်ကျော်ရင် ဒါတွေ ပိုဖြစ်စေနိုင်တယ်။
• ပဋိဇီဝဆေး၊ မွေးလမ်းပိုးကုဆေး၊ အတက်ပျောက်ဆေး၊ HIV ဆေးတွေနဲ့ တွဲသောက်တာ မကောင်းပါ။
• ဝမ်းလျှောနေတုံး၊ အန်နေတုံး သောက်သူတွေမှာ ထိရောက်မှု မသေခြာပါ။
• ပျို့-အန်ချင် သက်သာအောင် ညနေစာစားပြီး သောက်သင့်တယ်။

ပူးတွဲ-ကောင်းကျိုး
သွေးဆင်းရက် မှန်စေတယ်။ ရာသီမလာခင် ဖြစ်တတ်တဲ့ လက္ခဏာတွေ နည်းစေတယ်။ သွေးဆုံးခါနီး ခံစားရတာတွေ လျှော့စေတယ်။ ဝက်ခြံပေါက်တာ သက်သာစေတယ်။ မျိုးဥအိမ်-ကင်ဆာနဲ့ သားအိမ် အတွင်းလွှာ-ကင်ဆာလဲ အဖြစ်နဲစေတယ်။ Osteoporosis အရိုးရောဂါဖြစ်မှာကို လျှော့ပါး စေတယ်။ ရာသီဆင်းတာ နည်းစေလို့ သွေးအားနည်းတာ အဖြစ်နဲမယ်။ မျိုးဥအိမ်အလုံး၊ မွေးလမ်းခြောက်တာ၊ ဆက်ဆံချိန်နာတာ၊ ရင်သား-အကြိတ်၊ သားအိမ်ပြင်ပ ကိုယ်ဝန်တည်တာ၊ ကိုယ်မွှေးများတာတွေပါ အဖြစ်နည်းကြတာ တွေ့ရပါတယ်။

Extended Cycle Birth Control Pills ခေါ်တဲ့ Seasonique, Lybrel and Seasonale ဆေးသစ်တွေက တနှစ်မှာ ရာသီ ဘယ်နှစ်ခါဘဲ လာစေချင်တာမျိုး စိတ်ကြိုက် ထိန်းလို့ရတယ်။ ရာသီမဆင်းအောင်အထိပါ လုပ်ချင်လုပ်နိုင်တယ်။ Yaz 28 ဆေးက ပဌမ ၄ ရက်သောက်ရမှာက ဟော်မုန်း မပါဘူး။ ဒါ့ကြောင့် ဟော်မုန်း အပြောင်းအလဲ ဖြစ်တာ နည်းစေတယ်။ Loestrin 24 Fe ဆေးက အဲလိုဘဲ အရင်ပေါ်တာပါ။

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

Marvelon (မာဗယ်လွန်) တားဆေး



1. ကျနော်တို့ အိမ်ထောင်ကျတာ ၂ နှစ်ရှိပါပြီ။ ကျနော့် အမျိုးသမီးက ၂၄ နှစ်ပါ။ ကလေးက ၁ဝ လကျော်ပါပြီ။ ကလေးကဒီတယောက်ပဲရှိပါတယ်။ နောက်လေးနှစ်လောက်မှ ကလေးထပ်။ ယူချင်ပါတယ်။ အမျိုးသမီးက ပေါင် ၁၇ဝ ရှိတယ်။ ကလေးနို့မဖြတ်သေးပါ။ အခု marvelon28 သောက်နေပါတယ်။ လေးနှစ်သောက်ရင် အန္တရာယ်ရှိပါသလား။ ကောင်းကျိုးဆိုးကျိုးကို သိချင်ပါတယ်။ ကလေးနို့တိုက်လို့ကောရပါသလား။ ဒီဆေးသောက်ရင် ပိုဝနိုင်ပါသလား။ ဒါမှမဟုတ် တခြားတားဆေး ဘာသောက်သင့်ပါသလဲ။ ပိန်အောင်ဘာတွေ လုပ်သင့်ပါသလဲ။
2. ဆရာ အသက်က ၂၂ ပါ။ ဆရာဆီ marvelon အကြောင်းတစ်ခါမေးဖူးပါတယ်။ ၁၉ ရက်တည်းက (ရာသီမလာခင်) marvelon ကို စသောက်ပါတယ်။ ၂၁ ရက်နေ့မှာရာသီလာပါတယ်။ ဆရာ့စာထဲမှာ ခုမှစသောက်မဲ့သူဆို ရာသီလာတဲ့နေ့က စသောက်ပါဆိုလို့။ ခုထိ ရက်မပျက်သောက်ခဲ့ပါတယ်။ ဆေးကုန်တာနဲ့ ရာသီလာမှာလားဆရာ။ ရာသီလာတုန်း ဆေးကိုရက်ထားပြီး လာပြီးမှ ကဒ်အသစ်ပြန်စသောက်ရမှာလား ဆရာ။
3. ဆရာ ကျမ အသက် ၂၄ နှစ်ပါ။ အိမ်ထောင်ကျတာ (၈) လ ရှိပါပြီ။ ခုထိ ကလေးမရသေးလို့ပါ။ ဆရာရဲ့ "ကလေးမရနိုင်သေးခြင်း" အကြောင်းအရာတွေကိုလဲ ဖတ်ပြီးပါပြီ။ အိမ်ထောင်ကျခါစက Marvelon-28 ကို (၂) ကဒ် တော့သောက်ခဲ့ဖူးပါတယ်ဆရာ။ ဒီဆေးကြောင့်ပဲ ကလေးမရသေးတာလားဆိုတာကို သိချင်ပါတယ်ဆရာ။

• Marvelon (Desogestrel - Ethinyl estradiol) ထဲမှာ Estrogen နဲ့ Progestin ဟော်မုန်း ၂ မျိုးပါတယ်။ 21-day pack ၂၁ လုံးပါကပ်နဲ့ 28-day pack ၂၈ လုံးပါတာရှိတယ်။
• Marvelon 21 ထဲမှာ Desogestrel 0.15 mg နဲ့ Ethinyl estradiol 0.03 mg ပါတယ်။ အိန္ဒိယမှာ လူအများသုံး Mala-D (Levonorgestrel-0.15 mg + Ethinyl oestradiol 0.03mg) နဲ့တူတယ်။
• Marvelon 28 ထဲမှာ အဲဒါတွေအပြင် Hydroxypropyl methylcellulose, Indigotine blue, Iron oxide, Lactose, Magnesium stearate, Polyethylene glycol, Starch, Titanium dioxide နဲ့ Talc တွေပါတဲ့ ဆေး ၇ လုံးပါတယ်။
• ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။
• တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။
• ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံအတားနည်း တခုခု ဥပမာ (ကွန်ဒွမ်) သုံးတာနဲ့ သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။
• ရာသီလာပြီး တတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ဆေးစသောက်နေကြရက်အထိ တရက် ၁ လုံး သောက်ပြီးနောက်၊ ဆေးကပ်သစ် စသောက်ပါ။
• ဆေးသောက်နေကြရက်ဆိုတာ မှတ်ရတာလွယ်အောင် ကိုယ့်ဖါသာ အကျင့်လုပ်ထားတာကိုဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်ကြလေ့ရှိတယ်။
• တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဘို့ ၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ် ဘယ်ရက်သတပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက်၊ ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင် ကျန်တဲ့ဆေးကပ်ကိုဆက်မသောက်ဘဲ၊ ဆေးကပ်သစ် စသောက်ပါ။ တပြိုင်နက်တည်းမှာ ၇ ရက်တာ အရံတားနည်းတခုခုသုံးပါ။ အဲဒီလမှာ ရာသီ မလာဘဲနေတာ ဖြစ်နိုင်တယ်။
• တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန် ရှိ-မရှိစစ်ပါ။
• ဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိ သွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသဲကင်ဆာ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ အသဲရောင် အသားဝါရှိနေသူ၊ မွေးလမ်းကနေသွေးဆင်းတာ အကြောင်းရှာမရသူတွေ ဒီဆေးမသောက်သင့်ပါ။
• ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန်သိပ်များသူတွေမှာလဲ ထိရောက်မှုနည်းနိုင်တယ်။
• ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။
• ဘေးထွက်-ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းလဲကိုယ်လှုတ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။
• တားဆေးကိုပဌမဆုံးသောက်သူဆိုရင် ရာသီစလာတဲ့နေ့ကနေ စသောက်ရင် တလလုံးအတွက် ကာကွယ်မှုရမယ်။ ရာသီရပ်ပြီးမှ စသောက်ရင်တော့ ဆေးသောက်စ ၇ ရက်အတွင်း စိတ်မချရသေးပါ။ အတူမနေတာ ဒါမှမဟုတ် ကွန်ဒွမ် သုံးရမယ်။
WebMD Health News ၂၇-၉-၂ဝဝ၂ သတင်းတပုဒ်မှာ တားဆေး ကြာကြာသောက်ခဲ့တဲ့ အမျိုးသမီးတွေမှာ ဆေး ဖြတ်လိုက်ရင် သူများတွေထက် ကလေးပြန်ရတာ ပိုတောင်မှ လွယ်ကြသေးတယ်လို့ ပါခဲ့တယ်။ သုတေသန လုပ်သူတွေက အင်္ဂလန်မှာ ၁၉၉ဝ ကျော်ကာလတွေတုံးက ကလေးရချင်နေသူပေါင်း ၈၅ဝဝ ကို လေ့လာခဲ့တာဖြစ်တယ်။ တားဆေး ၅ နှစ်ကြာသောက်ခဲ့သူတွေထဲက ၇၅့၎% ဟာ နောက် ၆ လအတွင်း ကိုယ်ဝန် ပြန်ဆောင်ကြတယ်။ တားဆေးမသောက်သူတွေထဲက ၇ဝ့၅% ကသာ အဲလိုဖြစ်တယ်။ နောက်တနှစ်အထိ စောင့်ရတဲ့ ကိန်းဂဏန်းမှာလဲ အတူတူဖြစ်နေပြန်တယ်။ ဆေးသောက်ခဲ့သူ ၈၉့၅% က ကလေးရပြီး၊ တားဆေးမသောက်ခဲ့သူတွေထဲက ၈၅့၎% သာ ကလေးရလာကြတယ်။

ကိုယ်ဝန်တား ဟော်မုန်းပါ စားဆေးသောက်တာ ရပ်လိုက်တဲ့နောက် ဘယ်လောက်ကြာမှ ကိုယ်ဝန်ရနိုင်သလဲ။
• ဂျာမန် တက္ကသိုလ်က အဖြေထုတ်တာကတော့ ဆေးဖြတ်ပြီးပြီးချင်း ပဌမလတွေမှာ မ-မျိုးဥပြန်ထွက်လာနိုင်သူ ၅၇့၉% ရှိတယ်။ ၁ဝ့၂၄% မှာ အဲလိုမထွက်ဘူး။ အတူတူ စမ်းသပ်ခဲ့တဲ့ ဆေးမသောက်သူထဲက ၃့၄၄% မှာလဲ မထွက်ဘူး။ တားဆေးသောက်ပြီး ဖြတ်လိုက်သူတွေမှာ နောက်ပိုင်း ရာသီစက်ဝန်း ပိုရှည်တတ်တယ်။ အရင်လို ပြန်ဖြစ်ဘို့ ၉ လအထိ ကြာနိုင်တယ်။
• တချို့မှာ စောင့်စရာမလိုပါ။ တချို့က ခဏစောင့်ရမယ်။ ရာသီလာတာ ပုံမှန်ဖြစ်လာအောင် ထိန်းညှိနေအုံးမယ်။ တချို့ တနှစ်လောက် စောင့်ရနိုင်တယ်။ ဆေးရပ်လိုက်ပေမဲ့ ဆေးသတ္တိကျန်နေသေးအုံးမယ်။ ကိုယ်ဝန်ရဘို့ ပျမ်းမျှ ၂-၃ လ ကြာ စောင့်ရတတ်တယ်။
• တားဆေး သောက်သူတွေထဲမှာ တခါမှ ကလေးမယူသေးသူနဲ့ အရင်ကလေးရှိဘူးသူ၊ နောက်ပြီး အသက်တွေက မတူကြဘူး။ ကလေးရဘူးသူတွေ နဂိုအနေပြန်ရောက်ဘို့ သူများထက် စောနိုင်တယ်။ ကလေးလဲမယူဘူးသေး၊ အသက်လဲ ၃ဝ-၃၅ နှစ်ဆိုသူတွေက ရင်းစားပြန်ရဘို့ သူများတွေထက် ကြာနိုင်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

အသားစားခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ ချနိုင်


ကိုယ်အလေးချိန် လျှော့ချခြင်း ဆိုင်ရာ လေ့လာဆန်းစစ်မှု အသစ်များ အရ အမဲသား စားသုံးခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချ နိုင်ကြောင်း သိရသည်။ အသား စားသုံးခြင်းကြောင့် ကိုယ်အလေးချိန် တိုးစေသည်ဟု ဘိုးဘေး ဘီဘင် လက်ထက် ကတည်းက လက်ခံထား ခဲ့ကြသည်။

သို့သော် ကျန်းမာရေး စာရေး ဆရာမ အက်စတာဘမ်း ရေးသားသည့် ''ကိုယ်အလေးချိန် အမြန်ကျစေမည့် လျှို့ဝှက်ချက်များ'' စာအုပ်တွင်မူ အသားသာ စားသုံးခဲ့ကြ ရသည့် ကျောက်ခေတ် လူသား အမျိုးသမီးများ မဝကြပေဟု ဖော်ပြထားသည်။ အဆီမပါသည့် လတ်ဆတ်သော အသား စားသုံးခြင်းဖြင့် ဦးနှောက် အတွင်းရှိ အကျိုးပြု ဓာတ်ပစ္စည်းများ တိုးမြင့်နိုင်သည့် ကောင်းကျိုးရှိပြီး ယင်းဖြစ်စဉ်ကြောင့် ခန္ဓာကိုယ် ကျန်းမာ ကျစ်လျစ် စေမည် ဖြစ်ကြောင်း The Today Show အမည်ရှိ အင်တာဗျူး တစ်ခုတွင် အက်စတာဘမ်းက ရှင်းလင်း ပြောကြား ခဲ့သည်။

လတ်ဆတ်သော သစ်သီးဝလံ များ၊ ဟင်းသီး ဟင်းရွက်များ၊ ငါးနှင့် အဆီကင်းသည့် အသားများတွင် လိုအပ်သည့် ကယ်လိုရီ ပမာဏထက် ပိုမိုခြင်း မရှိပေ။ ယင်းအစားအစာ များသည် ဖန်တီးပြုလုပ် ထားသည့် အစားအစာများ ထက် ကယ်လိုရီ ပိုမို နည်းပါးကြောင်း ''ကိုယ်လေးချိန် အမြန်ကျစေမည့် လျှို့ဝှက်ချက်များ'' စာအုပ်တွင် ထည့်သွင်း ရေးသား ထားသည်။

''အစာလျှော့ စားပါလျက်နဲ့ ဘာလို့ ဝိတ်မကျ တာလဲလို့ စာဖတ် ပရိသတ် အများစုက ကျွန်မကို မေးကြတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က လျှော့သာ စားနေတယ်၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစာကို စားဖို့ကျတော့ မေ့လျော့ နေလို့ပါ။ စားသောက်နည်း မှားနေတာပါ။ အသင့်စား စားသောက်ကုန်တွေနဲ့ ဖန်တီးထားတဲ့ အစာတွေကို လျှော့ပေါ့ စားသုံး သင့်ပါတယ်။ သဘာဝကျပြီး အာဟာရဖြစ်တဲ့ အစာတွေကို စားသုံး သင့်ပါတယ်''ဟု အက်စတာဘမ်းက ဆက်လက် ပြောကြား ခဲ့သည်။ ။

Written by  မိုးဦး
မြ၀တီ
http://www.myawady.net.mm/health/item/34150-2014-01-07-15-58-53

အီဘိုလာ ကာကွယ်ဆေး လူတွေနဲ့ စတင် စမ်းသပ်


အီဘိုလာ ရောဂါ ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံ အောက်စဖို့ဒ် မြို့မှာ လူသားတွေနဲ့ စမ်းသပ်မှု စတင် လိုက်ပါတယ်။

တိရစ္ဆာန်တွေကို စမ်းသပ်မှု အရ ရလဒ်ကောင်းတွေ ရခဲ့ပြီးတဲ့ နောက်မှာ ကျန်းမာ သန်စွမ်းသူ လူ ၆၀ ကို အီဘိုလာ ရောဂါ ကာကွယ် ဆေးတွေ ပေးပြီး စမ်းသပ်မှု စတင်လိုက်တာ ဖြစ်ပါတယ်။

ဆေးသုတေသီ အဖွဲ့ဟာ အပျော့စား အီဘိုလာ မျိုးဗီဇကို ချင်ပန်ဇီတွေမှာ ဖြစ်လေ့ရှိတဲ့ အအေးမိ ရောဂါ ဗိုင်းရပ်စ်နဲ့ ပေါင်းစပ် ခဲ့ကြတယ်လို့ ဝက်စ်မင်စတာ တက္ကသိုလ်က ဒေါက်တာ Edward Wright က ပြောပါတယ်။

အဲဒီလို ပေါင်းစပ် ထားတဲ့ ဆေးဟာ အီဘိုလာကို ခုခံနိုင်မယ့် ပဋိဇီဝ ပစ္စည်းတွေကို လူ့ ခန္ဓာကိုယ်က ထုတ်လုပ်ဖို့ လှုံဆော် ပေးလိမ့်မယ်လို့ မျှော်လင့်တာ ဖြစ်ပါတယ်။

ဒီနှစ်ကုန်မှာ အဲဒီ ဆေးတွေကို အီဘိုလာ လူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေး လုပ်သားတွေ အတွက် သုံးကောင်း သုံးနိုင်မှာ ဖြစ်ပါတယ်။

ဒီကာကွယ်ဆေးကို ဗြိတိန်နိုင်ငံက GlaxoSmithKline ဆေးကုမ္ပဏီနဲ့ အမေရိကန်က National Institutes of Health တို့က ထုတ်ဖော် ခဲ့ကြတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/09/140917_ebola_vaccine_human_trial.shtml

အီဘိုလာကို ခုခံမယ့် ပဋိဇီဝ ပစ္စည်းတွေကို ခန္ဓာကိုယ်က ထုတ်လုပ် နိုင်မယ်လို့ မျှော်လင့်

ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားများ တည်းခိုနေထိုင်သည်ကို တွေ့ရှိပါက သတင်းပေးရန် ပြောကြား


နိုင်ငံခြားသားဧည့်သည် များလူနေအိမ်များတွင်
တည်းခို နေထိုင်ခြင်း (Home Stay) များ တွေ့
ရှိပါက သတင်းပေးရန် မန္တ လေးတိုင်းဒေ
သကြီး လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်
ပုံ တင်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသောင်းဇော်
ကပြောသည်။



အစိုးရ၏ခွင့်ပြုချက်ပါရှိ သည့် လုပ်ငန်းဗီဇာနှင့် နိုင်ငံခြား သားများကိုသာ နေအိမ်များတွင် တည်းခိုခွင့်ပြုထားသော်လည်း ကမ္ဘာ့လှည့်ဗီဇာနှင့် ခရီးသွားများ ကိုမူ ခွင့်မပြုထားသောကြောင့် တွေ့ရှိပါက သတင်းပေးတိုင်ကြားရန် တိုင်းဦးစီးမှူးကပြောသည်။

‘‘ကျွန်တော်တို့အနေနဲ့ ကိုယ့်တိုင်းထဲမှာရောက်နေတဲ့ နိုင်ငံခြား သားတွေ အကုန်လုံးကို ကျွန် တော်တို့ မသိနိုင်ပါဘူး။ အဲဒီတော့ သတင်းပေးပါ။ အားလုံးပူးပေါင်း ပါဝင်ပြီး သတင်းပေးရင်း နိုင်ငံ ခြားသားကိုရော၊ အိမ်ရှင်ကိုရော အရေးယူပါမယ်။ ပြစ်ဒဏ်ကို လည်း ငွေဒဏ်ရော၊ ပြည်နှင်ဒဏ် ရော အရေးယူပါမယ်’’ဟု ဦး သောင်းဇော်ကပြောသည်။

Home Stay ခွင့်ပြုထားခြင်း မရှိသော်လည်း အချို့သော နိုင်ငံ ခြားသားများသည် အိမ်များတွင် တည်းခိုကြသဖြင့် ဟိုတယ်များ တွင် တည်းခိုသူများလျော့ကျမှု အနည်းငယ်ရှိနေကြောင်း၊ ထို့ ကြောင့် Home Stay ဥပဒေနှင့် ပတ်သက်ပြီး တိတိကျကျထုတ် ပြန်ပြီး အရေးယူမှုများကိုလည်း တိတိကျကျလုပ်ဆောင်ပေးသင့် ကြောင်း မန္တလေးမြို့ရှိ ရွှေဖြူဟို တယ်မှ အထွေထွေမန်နေဂျာ ဦး စိုးသူရကပြောသည်။

‘‘အပြင်မှာ အိမ်ငှားနေကြ တာတွေကြားနေရတယ်။ ဒါပေ မဲ့ လ၀ကကိုမေးတော့ ကုမ္ပဏီ ဗီဇာနဲ့ဆို အချက်အလက်နဲ့ ညီ ရင် ခွင့်ပြုတယ်ပြောတယ်’’ ဟု ဦးစိုးသူရကပြောသည်။

တရုတ်ပြည်ဘက်မှလာ ရောက်သည့် ကျောက်ကုန်သည်

ဧည့်သည်အများစုမှာ မန္တလေးမြို့ သို့ တစ်ကြိမ်လာရောက်လျှင် တစ်လ၊  နှစ်လကြာ  ဟိုတယ် များတွင် ငှားရမ်းနေထိုင်လေ့ရှိကြ ပြီး ကျန်နိုင်ငံခြားသားကမ္ဘာလှည့် ဧည့်သည်များမှာမူ ရက်အနည်း ငယ်ခန့်သာ လာရောက်တည်းခို လေ့ရှိပြီး  အင်န်ဂျီအိုအဖွဲ့များမှ နိုင်ငံခြားသားအချို့မှာမူ ၎င်းတို့ ဌာနမှ ငှားရမ်းပေးသည့် အိမ်ရာ များတွင် နေထိုင်မှုများ ရှိကြ ကြောင်း မန္တလေးမြို့ခံဟိုတယ် လုပ်ငန်းရှင်အချို့ထံမှသိရသည်။
7Day News Daily

လမ်းဖြတ်ကူးရင် ကားကြည့်ရှောင်၊ ဓာတ်ကြိုးအောက်ဖြတ်ရင် ဓာတ်ကြိုးကို မော့ကြည့်ရမတဲ့လား


ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က သင်္ဃန်းကျွန်း
မြို့နယ် ၁၆/၁ ရပ်ကွက် ဇဋိလလမ်းနဲ့ သုမင်္ဂ
လာလမ်းထောင့်က ဓာတ်တိုင် ၀ိုင်
ယာရှော့ဖြစ်တာကြောင့် လမ်းပေါ်မှာ
 အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်
 ယောက် ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။


အခုနှစ်ပိုင်း လျှပ်စစ်ဓာတ်တိုင်၊ ဓာတ်ကြိုး

ဘာသာသာသနာညှိနွမ်းစေမှုဖြင့် တရားစွဲခံထားရသူ ရဲတိုက်ကို ၁၈ ရက်တွင် အမိန့်ချမည်


ဘာသာ၊ သာသနာကို ညှိနွမ်းစေမှုပုဒ်မ
၂၉၅၊ ၂၉၅(က) ဖြင့် အရေးယူခံထားရသော
 သရုပ်ဆောင်ရဲတိုက်ကို ဗိုလ်တ ထောင်မြို့
နယ် တရားရုံးက စက် တင်ဘာ ၁၈ ရက်တွင်
 အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း


သတင်း ရရှိသည်။

 ၂၀၁၃ ခုနှစ် မေ ၂၈ ရက် တွင် ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန် ကျောင်းသို့ သွားရောက်ကာ မ ဖွယ်မရာပြုလုပ်ခဲ့ခြင်းကြောင့် ဗိုလ်တထောင်မြို့နယ် တရားရုံး က ဘာသာ၊ သာသနာကို ညှိနွမ်း စေမှုပုဒ်မ ၂၉၅၊ ၂၉၅ (က) ဖြင့် အရေးယူထားခြင်းဖြစ်သည်။

 သရုပ်ဆောင်ရဲတိုက်ကို စက်တင်ဘာ ၁၆ ရက်က အပြီး သတ်အမိန့်ချရန် ဗိုလ်တထောင် တရားရုံးတွင် ရုံးထုတ်စစ်ဆေး ရာ စစ်ဆေးရန် ကျန်ရှိနေသော ကြောင့် အမိန့်ချမှတ်ခြင်းမရှိဘဲ စက်တင်ဘာ ၁၈ ရက်၌ ထပ်မံ ချိန်းဆို၍ ထိုနေ့တွင် အပြီးသတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ဗိုလ်တထောင်တရားရုံးမှ စုံစမ်းသိရှိရသည်။ သရုပ်ဆောင် ရဲတိုက်သည် စက်တင်ဘာ ၁၆ ရက်က ရုံးထုတ်အပြီးတွင် ဗိုလ်တ ထောင်တရားသူကြီးကို ယုံကြည်ကြောင်း မီဒီယာများအား ပြော ကြားသွားခဲ့သည်။

ရဲတိုက်သည် ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်က ဆေးခြောက် ဟု ယူဆရသော အရွက်အနည်း ငယ်ကို လက်ဝယ်တွေ့ရှိ၍ ပဲ ခူးတိုင်းဒေသကြီး၊ ကျောက်တံ တား မြို့နယ်တရားရုံးက မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)ဖြင့် အ ရေးယူခဲ့သည်။ ထိုပုဒ်မဖြင့်ပင် ရဲ တိုက်ကို ယခုနှစ်ဧပြီလ ၇ ရက် တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခဲ့သည်။ ထိုသို့ ချမှတ်သောကြောင့် အယူခံဝင် ရာ ထောင်ဒဏ်တစ်နှစ်လျှော့ပေါ့ပေးခဲ့ပြီး စုစုပေါင်း ငါးနှစ်ချမှတ် ခံခဲ့ရသည်။

7Day news Daily

တာဝါတိုင်များ အပြည့်အ၀ မစိုက်ထူနိုင်ခြင်းမှာ အတားအဆီးတစ်ခုဖြစ်နေဟု တယ်လီနော ပြောကြား


မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်
ငန်းများ တိုးတက်လာခဲ့သော်လည်း ခက်ခဲ
သည့်အပိုင်းများလည်း ရှိနေကြောင်း၊ ယင်း
အနက် တာဝါတိုင်များ အပြည့်အ၀ မစိုက်
ထူနိုင်ခြင်းမှာ အတားအဆီးတစ်ခုဖြစ်နေကြောင်း


Telenor Myanmar ၏ CEO Peter Furberg က စက်တင်ဘာ ၁၆ ရက် နေပြည်တော်၌ ကျင်းပသည့် Myanmar Connect 2014 တွင် ဆွေးနွေးပြောကြားခဲ့သည်။

Sunday, September 14, 2014

ကန်ဒေါ်လာသန်း ၁၆ဝ ကုန်ကျမည့် လေအားလျှပ်စစ် မာန်အောင်မြို့တွင် တည်ဆောက်မည်


ရခိုင်ပြည်နယ်၊ မာန်အောင်မြို့အား လေအား
လျှပ်စစ်ဖြင့် လျှပ်စစ်မီးပေးနိုင်ရန် တိုင်းတာမှုများ
စတင်ပြု လုပ်နေပြီဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းကို ဂျာမနီနိုင်ငံမှ အဖွဲ့တစ်ခုက
 ကနဦး ဘတ်ဂျက်ငွေ ကန်ဒေါ်လာသန်း


၁၆ဝ ဖြင့် အကုန်အကျခံ တည်ဆောက် သွားမည်ဟု သိရသည်။

ယင်းသို့ဆောင်ရွက်နိုင်ရန် အဆိုပါအဖွဲ့သည် မာန်အောင်မြို့ထံ မကြာသေးမီက သွားရောက် တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက စက်တင်ဘာလ ၁ဝ ရက်၊ နံနက်ပိုင်းက အတည်ပြုပြောသည်။

“သူတို့အဖွဲ့ မကြာသေးခင်ကပဲ မာန်အောင်ကို တစ်ခေါက်သွားပြီး တိုင်းတာမူတွေ ပြုလုပ်ခဲ့ကြတယ်။ အခု တိုင်းတာမူ ပြီးလို့ ပြန်သွားကြပြီ”ဟု ယင်းက ဆိုသည်။

အစိုးရက လက်ရှိဆောင်ရွက်နေသည့်  မဟာဓာတ်အားလိုင်းမှတဆင့် ရခိုင်ပြည်နယ်မြို့နယ်တိုင်း လျှပ်စစ်မီး ရရှိရေးဆောင်ရွက်ရာတွင် မာန်အောင်မြို့သည် ရခိုင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များနှင့် မတူဘဲ ရေပတ်လည် ဝန်းရံထားသော ကျွန်းမြို့တစ်မြို့ဖြစ်သည့်အတွက် ယင်းမြို့အနေဖြင့် မဟာဓာတ်အား လိုင်းမှတဆင့် လျှပ်စစ်မီးသုံးစွဲခွင့်ရရှိရန် များစွာအခက်အခဲရှိနေသည်ဟု ဆိုသည်။

“ဒီမြို့ကို မဟာဓာတ်အားလိုင်းကတဆင့် လျှပ်စစ်မီးရရှိဖို့ ပင်လယ်အောက်က မီးကြိုးသွယ်မယ်ဆိုလည်း မရဘူး။ အပေါ်က ဓာတ်တိုင်တွေထောင်ပြီး သွယ်မယ်ဆိုလည်း အဆင်မပြေဘူး။ ဒါကြောင်း ဒီစီမံကိန်းကို ပြုလုပ်ဖို့ စီစဉ်ရတာပါ” ဟု ဦးလှသိန်းက ဆိုသည်။

မာန်အောင်မြို့အား ယခုကဲ့သို့လေအားလျှပ်စစ်စနစ်ဖြင့် လျှပ်စစ်မီးပေးနိုင်ရန် အတွက် ယခုလ ၃ ရက်နေ့ က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ လေအားလျှပ်စစ်ထုတ်လုပ်သည့် လေရဟတ်များ ရှိသော Wind Park (Energy Sufficient Feldheim Village)သို့သွားရောက်လေ့လာခဲ့သည်ဟု သိရသည်။

Wind Park ရှိ Energy Sufficient Feldheim Village မှ တာဝန်ရှိသူများနှင့် နိုင်ငံတော် သမ္မတတို့ တွေ့ဆုံ ဆွေးနွေးခဲ့မူများ ရှိခဲ့ကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့က အတည်ပြု ပြောဆိုသည်။

မာန်အောင်မြို့သည် ကျောက်ဖြူမှ ထွက်ရှိသည့် ဂတ်စ်များဖြင့်လည်း လျှပ်စစ်မီးရရှိနိုင်ခြင်းမရှိသလို မဟာဓာတ်အားလိုင်းမှသွယ်တန်းမည့်ဓာတ်အားများဖြင့်လည်း လျှပ်စစ်မီးရရှိနိုင်ခြင်းမရှိသည့်အတွက် မာန်အောင်မြို့မီးလင်းရေးအတွက် လေအားလျှပ်စစ်ဖြင့်သာအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် နိုင်ငံတော် အစိုးရ ထံ ဒေသခံများက လွှတ်တော်များမှတဆင့် တင်ပြတောင်းဆိုထားပြီးဖြစ်ကြောင်း မာန်အောင်မြို့ခံများက ဆိုသည်။

“ကျွန်တော်တို့မြို့ကို လေအားလျှပ်စစ်နဲ့ပေးဖို့ အခုလိုမျိုး လာရောက်တိုင်းတာမှုတွေလုပ်တာတော့ ကျွန်တော်တို့မသိရသေးဘူး။ ဒီလိုပေးလာနိုင်ရင်တော့ ကျွန်တော်တို့မာန်အောင်ကျွန်းအတွက် အင်မတန် ကောင်းတဲ့ အချက်ပါပဲ”ဟု မာန်အောင်မြို့နယ် ရခိုင်အမျိုးသားပါတီ၏ဗဟိုကော်မတီဝင် ဦးတင်ရွှေက ပြောသည်။

လက်ရှိတွင် မာန်အောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြို့မီးလင်းရေးကော်မတီတို့ပူးပေါင်းပြီး ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအထိတစ်ကြိမ်၊ နံနက် ၅ နာရီ ၄၅ မိနစ်မှ ၆ နာရီ ၁၅ မိနစ်အထိတစ်ကြိမ်- တစ်နေ့လျှင် လျှပ်စစ်မီး စုစုပေါင်းနှစ်ကြိမ်ပေးလျက်ရှိပြီး ပထမ ယူနစ် ၂ဝ သုံးစွဲခအတွက် တစ်ယူနစ်လျှင် ၃၅ ကျပ်ပေးရပြီး ယင်းထက်ပိုမိုသုံးစွဲပါက တစ်ယူနစ်လျှင် ကျပ် ၄ဝဝ ပေးနေရကြောင်း မာန်အောင်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

မာန်အောင်မြို့အား ယခုကဲ့သို့လေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီးပေးမည့်စီမံချက်ကို မည်သည့် အချိန်တွင်စတင်ဆောင်ရွက်သွားမည်ဆိုသည်ကို ရခိုင်ပြည်နယ်အစိုးရက ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေး ပေ။

(နိရဉ္စရာသတင်းဌာန- ၁၁ စက်တင်ဘာ ၂၀၁၄) / မာန်ယုကျော် (ရွှေဝမြေ)

အနုပညာရှင်များ၏ ဖောက်ထွင်းခိုးယူခံခဲ့ရသော ၀တ်လစ်စလစ်ပုံများကို ၀င်ရောက်ကြည့်ရှုသူဦးရေ များပြားသဖြင့် အင်တာနက်လိုင်း ပြတ်တောက်


နယူးဇီလန်နိုင်ငံအတွင်း နာမည်ကျော် အနုပညာရှင်များ၏ ဖောက်ထွင်းခိုးယူခံခဲ့ရသော ၀တ်လစ်စလစ်ပုံများကို ၀င်ရောက်ကြည့် ရှုသူဦးရေ များပြားလွန်းသောကြောင့် နိုင်ငံအတွင်း အင်တာနက်လိုင်း ပြတ်တောက်ခဲ့သည်ဟု စက်တင် ဘာလ ၇ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းဝတ်စလစ်ပုံများအတွက် အင်တာနက်တွင်ဖော်ပြထားသော ၀က်ဘ်ဆိုက်လိပ်စာသည် မှန်ကန်သော လိပ်စာမဟုတ်ပဲ ကလစ်နှိပ်ကာ ၀င်ရောက်ကြည့်ရှုသူများ၏ ကွန်ပျူတာထဲသို့ ဗိုင်းရပ်စ်ထည့်သွင်းရန် လုပ်ဆောင်ထားသော လိပ်စာဖြစ်နေခြင်းကြောင့် နိုင်ငံအတွင်း အင်တာနက်စနစ်ကို ထိခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်ကြောင့် နယူးဇီလန်နိုင်ငံ၏ အင်အားကြီးဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Spark သည် စက်တင်ဘာလ ၇ ရက်အထိ အသုံးပြုသူ ခြောက်သိန်းကျော် အသုံးပြုခဲ့ခြင်းအတွက် မနိုင်မနင်းဖြစ်ခဲ့ရသည့် အင်တာနက်စနစ် ကို ပြင်ဆင်မှု များ ပြုလုပ်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ဝတ်လစ်စလစ်ပုံများ iCloud မှ ဖောက်ထွင်းခံခဲ့ရသော အနုပညာရှင်များထဲတွင် ဂျနီဖာ လောရင့်၊ ရီဟားနားနှင့် အဆိုတော အဲဗယ်လ် လာဗင်း တို့လည်း ပါဝင်ခဲ့သည်။ ယင်းပုံများ အင်တာနက်တွင် ပျံ့နှံ့ခဲ့သည့်အချိန်တွင် Spark က အသုံးပြု သူများအနေဖြင့် မှားယွင်းသော ၀က်ဘ် ဆိုက်လိပ်စာကို နှိပ်မိသောကြောင့် နိုင်ငံတကာ ၀က်ဘ်ဆိုက်များသို့ အလွန်အမင်း ၀င်ရောက်ကြည့်ရှုမှုနှုန်း မြင့်တက်စေနိုင်သည့် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ချေ ရှိကြောင်း လူမှုကွန်ရက်စာမျက်နှာဖြစ်သော တွစ်တာမှတဆင့် သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် ကွန်ပျူတာ လုံခြုံရေး အဖွဲ့ဖြစ်သည့် Trend Micro ကလည်း အင်တာနက်ပြတ်တောက်မှု မဖြစ်ခင် အသုံးပြုသူ များကို သတိပေးခဲ့သည်။ "ဒီအချိန်မှာ naked celebrity သို့မဟုတ် အီးမေးလ်ထဲမှာ ပါဝင်တဲ့ ဖိုင်ကို နှိပ်တာ က ကောင်းမွန်တဲ့အရာမဟုတ်ပါဘူး၊ မသမာသူတွေက အကြံအစည်နဲ့ လုပ်ဆောင်တာပဲ ဖြစ်လိမ့်မယ်"ဟု ၎င်းတို့က သတင်းထုတ်ပြန်ခဲ့သည်။


နာမည်ကျော် အနုပညာရှင်များ၏ ဓါက်ပုံများ ဒီနေရာမှာ ကြည့်နိုင်ပါတယ်.....




Hacker များကြောင့် အမေရိကန် အမျိုးသမီး အနုပညာ ကြယ်ပွင့်တို့၏ အဖော်အချွတ်ဓာတ်ပုံများ ပေါက်ကြား ( ၁ )
Hacker များကြောင့် အမေရိကန် အမျိုးသမီး အနုပညာ ကြယ်ပွင့်တို့၏ အဖော်အချွတ်ဓာတ်ပုံများ ပေါက်ကြား (၂)

Tuesday, September 9, 2014

မြန်မာ့စီးပွားရေးဖိုရမ်တည်ဆောက်ရန် စီစဉ်

 ပုဂ္ဂလိကကဏ္ဍနှင့် အစိုး ရအဖွဲ့    တွေ့ဆုံဆွေးနွေးနိုင် မည့် မြန်မာ့စီးပွားရေးဖိုရမ်တည် ထောင်ရန်အတွက် နေပြည်တော် အစိုးရအနေဖြင့်ပြင်ဆင်နေပြီဖြစ် ပြီး အပြည်ပြည်ဆိုင်ရာဘဏ္ဍာ ရေးကော်ပိုရေးရှင်း(IFC)က လည်း ကူညီပံ့ပိုးပေးနေကြောင်း သတင်းရရှိသည်။
မြန်မာ့စီးပွားရေးဖိုရမ်တွင်  အစိုးရ-ပုဂ္ဂလိကဆွေးနွေးပွဲများ ပြုလုပ်ရာမှတစ်ဆင့် ကုမ္ပဏီများ အနေဖြင့် စီးပွားရေးလုပ်ငန်းများ နှင့် ရင်းနှီးကျွမ်းဝင်သည့်ဥပဒေ၊ နည်းဥပဒေများကိုရေးဆွဲသည့် ဖြစ်စဉ်များတွင် ပါဝင်ခွင့်ရလာ မည်ဖြစ်သည်။ ယင်းဆွေးနွေးပွဲဖို ရမ်ပြုလုပ်ရန် သမ္မတဦးသိန်းစိန် က ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလက ကြေညာခဲ့ပြီး     ယခုစတင်အ ကောင်အထည်ဖော်လာခြင်းဖြစ် သည်။
အလားတူ မြန်မာအစိုးရ၏ ကုန်သွယ်ရေးနှင့် စီးပွားရေးမြှင့် တင်ရေးအထူးလုပ်ငန်းအဖွဲ့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဦးဝင်းမြင့်ဦးဆောင်ပြီး သြဂုတ်လဆန်းကစတင်ဖွဲ့စည်း လိုက်ပြီဖြစ်သည်။ ယင်းအဖွဲ့အ နေဖြင့် မြန်မာ့စီးပွားရေးဖိုရမ်အ တွက် အစိုးရကဏ္ဍ  ပေါင်းစပ် ညှိနှိုင်းမှုလုပ်ငန်းများကို  တာဝန် ယူခြင်း၊ မြန်မာ့စီးပွားရေးဖိုရမ်ကို ဦးဆောင်ကျင်းပရန်    အတွင်း ရေးမှူးအဖွဲ့အဖြစ်   တာဝန် ထမ်းဆောင်ခြင်းနှင့်အစိုးရ၏ပြု ပြင်ပြောင်းလဲရေးကြိုးပမ်းအား ထုတ်မှုများကို ဦးဆောင်မည်ဟု ဆိုသည်။
ယင်းအထူးလုပ်ငန်းအဖွဲ့အ နေဖြင့် ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေးဆောင် ရွက်သည့်ကမ္ဘာ့အကြီးဆုံးအဖွဲ့ အစည်းကြီးဖြစ်သည့် IFCနှင့် လည်း အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကို ပြီးခဲ့သည့်ကြာသပတေးနေ့က ပြုလုပ်ခဲ့သည်။ မြန်မာ့စီးပွားရေးဖို ရမ် တည်ထောင်နိုင်ရေးအတွက် အသိပညာနှင့်ကျွမ်းကျင်မှုများကို ဖလှယ်ခဲ့ကြသည်ဟုဆိုသည်။
အစိုးရနှင့် ပုဂ္ဂလိကနှီးနှော ဖလှယ်ခြင်းဖြင့် စီးပွားရေးလုပ် ငန်းများအတွက်လိုအပ်နေသည့် ဥပဒေလုပ်ထုံးလုပ်နည်းများတိုး တက်ပြောင်းလဲမှုကိုဖြစ်ပေါ်စေ မည်ဟု အထူးလုပ်ငန်းအဖွဲ့အ တွင်းရေးမှူးဖြစ်သည့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနဒုတိယ၀န်ကြီးဒေါက်တာ ပွင့်စန်းကပြောသည်။
မြန်မာ့စီးပွားရေးဖိုရမ်မှတစ် ဆင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ဆက်ဆံနိုင်မည့်လမ်းကြောင်း တစ်ခုပေါ်လာရန်၊ ပုဂ္ဂလိကက ဏ္ဍနှင့်အတူလက်တွဲရန်စိတ်ပိုင်း ဖြတ်ထားသည်ဟု၎င်းကဆိုသည်။
တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (UMFCCI)ကလည်း ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရအဖွဲ့ဆွေးနွေးနိုင်ရန် ပေါင်းစပ်ညှိနှိုင်းပေးသည့် အ တွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ ပြီးဖြစ်သည်။ ၎င်းတို့အနေဖြင့် ပုဂ္ဂ လိကကဏ္ဍမှ ကဏ္ဍအလိုက်လုပ် ငန်းအဖွဲ့  ခုနစ်ဖွဲ့ကို  ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့များသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက    ဖွဲ့စည်းလိုက် သည့်    အထူးလုပ်ငန်းအဖွဲ့၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့်  ဆွေးနွေးကြမည့်   အစိုးရကဏ္ဍဆွေးနွေး ဖက်များနှင့်ဆွေးနွေးမည့်ဦးစား ပေးအကြောင်းအရာများရွေးချယ် နိုင်ရန်အတွက် ပုံမှန်အစည်းအ ဝေးများပြုလုပ်ကြမည်ဟုဆို သည်။ မြန်မာ့စီးပွားရေးဖိုရမ်ပေါ် ပေါက်ရန်ပံ့ပိုးမည့် IFCအနေဖြင့် ဗီယက်နမ်အပါအ၀င်အရှေ့ တောင်အာရှနိုင်ငံများတွင်လည်း အစိုးရ-ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဆွေးနွေးပွဲအတွေ့အကြုံများရရှိ ထားသူဖြစ်သည်။၂၀၁၄ဘဏ္ဍာ နှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ လူ နေမှုအဆင့်အတန်းမြှင့်တင်ရန် နှင့် ဖွံ့ဖြိုးတိုးတက်မှုများရှိလာနိုင် စေရန်၊ အရေးပေါ်စိန်ခေါ်မှုများကို ကိုင်တွယ်လုပ်ဆောင်နိုင်စေရန် အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံကျော် ထောက်ပံ့ရင်းနှီးမှုပြုလုပ်ထားသည်ဟုဆိုသည်။
7Days