Friday, July 25, 2014

ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ လိုင်စင်မလိုဘဲ တင်သွင်းခွင့်ရမည်


ဇူလိုင်နောက်ဆုံးပတ် မှစ၍ ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ လိုင်စင်မလိုဘဲ တင်သွင်းခွင့်ရရန် အကောက်ခွန်ဦး စီးဌာနက ခွင့်ပြုပေးသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။
 ‘‘လိုင်စင်မလိုဘဲ တင်သွင်း ခွင့်ရဖို့ကို နောက်တစ်ပတ်ထဲမှာပဲရုံးတွင်းစာနဲ့ ထုတ်ပြန်ပြီး ခွင့်ပြုပေးသွားမယ်လို့ အကောက်ခွန်ကအကြောင်းပြန်ထားပါတယ်’’ဟု မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းက ပြောသည်။

  မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်းအနေဖြင့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၏ ၉၉ ရာခိုင်နှုန်းကို လိုင်စင်မလိုဘဲ တင်သွင်းခွင့်ရစေရန်တင်ပြထားခြင်းဖြစ်ပြီး ကျန်သော ၁ ရာခိုင်နှုန်းမှာ နောက်ထွက်လာမည့် ပစ္စည်းများဖြစ်သောကြောင့် အဆိုပါ စာရင်းအတိုင်း ခွင့်ပြုပေးမည်ဆိုပါက ကွန်ပျူတာပစ္စည်းအားလုံးကို လိုင်စင်မလိုဘဲ တင်သွင်းခွင့်ရတော့မည် ဖြစ်ကြောင်း သိရသည်။
‘‘ရုံးတွင်းစာနဲ့ ထုတ်ပြန်ပေး သွားမယ်ဆိုတော့ ဘယ်လိုလာ မလဲ မသိသေးဘူး။ စာရင်းအတိုင်းပဲ ခွင့်ပြုပေးမယ်ဆိုရင်တော့ အကုန်လုံးကို လိုင်စင်မလိုဘဲ တင်သွင်းခွင့်ရမှာပါ’’ဟု ဦးမျိုးမြင့်ထွန်းက ပြောသည်။
   ၂၀၁၃ ခုနှစ် မတ်လတွင် ကွန်ပျူတာနှင့်  ဆက်စပ်ပစ္စည်း များအားလုံးကို လိုင်စင်လျှောက် ထားစရာ မလိုကြောင်း ညွှန်ကြား ချက်တစ်ခု ထုတ်ပြန်၍ ခွင့်ပြုခဲ့ သော်လည်း ၂၀၁၃ ခုနှစ် စက် တင်ဘာတွင်  လိုင်စင်လျှောက် ထားစရာမလိုသော  စာရင်းသစ် တစ်ခုထုတ်ပြန်ခဲ့ရာ  ကွန်ပျူတာပစ္စည်းလေးမျိုးခန့်သာ အဆိုပါ စာရင်းထဲတွင်  ပါဝင်တော့သည့်အတွက်  ကွန်ပျူတာနှင့် ဆက် စပ်ပစ္စည်းများကို  အားလုံးနီးပါး လိုင်စင်လျှောက်ထားရကြောင်းသိရသည်။
7days

0 comments:

Post a Comment