Friday, July 25, 2014

လိုင်ဇာ ညီလာခံတွင် ‘‘တိုင်းရင်းသားလက်နက်ကိုင်’’ အသုံးအနှုန်းနှင့် ပတ်သက်၍ အချေအတင် ဆွေးနွေး


လိုင်ဇာမြို့တွင် NCCT အဖွဲ့ဝင်တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ ညီလာခံကျင်းပနေစဉ် (ဓာတ်ပုံ − မရန်)
လိုင်ဇာတွင် ပြုလုပ် လျက်ရှိသည့် တိုင်းရင်းသားလက် နက်ကိုင်ခေါင်းဆောင်များ ထိပ် သီးညီလာခံပထမနေ့ ပြီးစီးချိန် တွင် အစိုးရနှင့် ယခင်ကပင် ညှိနှိုင်း ရန်ခက်ခဲနေသည့် ဝေါဟာရ အသုံး အနှုန်းရွေးချယ်မှုနှင့် ပတ် သက်၍ သဘောတူညီမှုမရခဲ့သ ဖြင့် ဦးဆောင်ကော်မတီက ဇူလိုင် ၂၅ ရက် ညပိုင်း၌ အစည်းအဝေးထပ်မံပြုလုပ်ကာ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းတွင် အစိုး ရနှင့် ညှိနှိုင်းရန် ခက်ခဲနေသည့် အခက်အခဲများထဲမှ တိုင်းရင်း သားလက်နက်ကိုင်(သို့) လက် နက်ကိုင်တိုင်းရင်းသားဟူသောခေါင်းစဉ်စကားလုံးရွေးချယ်မှုကို ညီလာခံတွင် သဘောထားအမြင် မတူမှုများ ရှိနေသည့်အတွက် တိုင်းရင်းသား ထိပ်သီးခေါင်း ဆောင်များဖြင့် ဖွဲ့စည်းထားသော ဦးဆောင်ကော်မတီသို့ ဆုံးဖြတ် ရန် လွှဲအပ်လိုက်ခြင်းဖြစ်သည်။
ညီလာခံတွင် သဘောထား အမြင်မတူမှုများကို အဆုံးအဖြတ် ပေးနိုင်မည့် ဦးဆောင်ကော်မတီ ကို ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ကေအိုင်အေစစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး ဂမ်ရှောင်တို့ ဦးဆောင် ၍ အဖွဲ့၁၆ ဦးဖြင့် ဇူလိုင် ၁၄ ရက် ကဖွဲ့စည်းခဲ့သည်။
‘‘ဒီညဆုံးဖြတ်မှာ။ ၈ နာရီမှာ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ် မှာ’’ ဟု တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာ ခေါင်းကပြောသည်။
တံခါးပိတ်ဆွေးနွေးခဲ့သည့် ညီလာခံပထမနေ့တွင် အခန်း (၁) အခြေခံမူများကို ဆွေးနွေး နိုင်ခဲ့သော်လည်း ၁၀ ရာခိုင်နှုန်း ခန့်သာ တိုးတက်မှုရရှိခဲ့ပြီး အပစ် အခတ်ရပ်စဲရေး(သို့) အပစ်အ ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ဒီမိုကရေစီပြည်ထောင်စု(သို့) ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစသည့် မတူညီသော ဝေါဟာရအသုံးအနှုန်းများကို ဆက်လက်ဆွေးနွေးသွားရမည်ဖြစ်ကြောင်း NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
‘‘တချို့က လောလောဆယ် အစိုးရဘက်က သဘောမတူရင် ခေါင်းစဉ်မှာ မထည့်ဘဲ တခြား အတွင်းမှာ ထည့်ရင်ရပါတယ်ဆို တဲ့ သဘောထားမျိုးရှိတယ်’’ ဟု နိုင်ဟံသာကဆိုသည်။
 သို့ရာတွင် ဒေါက်တာ ဆလိုင်းကညီလာခံပထမနေ့တွင် တိုင်းရင်းသားလက်နက်ကိုင် ဟူ သော စကားလုံးမှလွဲ၍ အခန်း (၁) အခြေခံမူများကို ဆွေးနွေးရာ တွင် အားရကျေနပ်ခဲ့ကြောင်း ဆို သည်။
‘‘NCCT နဲ့ UPWC သဘောတူထားတဲ့အချက်တွေကို သူတို့ (တိုင်းရင်းသား ကိုယ်စားလှယ် များ) ချက်ချင်းလက်ခံပေးတဲ့ သဘောတွေ့ရတဲ့အတွက် ကျွန်တော်အနေနဲ့ အင်မတန်မှ အားရတယ်’’ ဟု ဒေါက်တာဆလိုင်းက ပြောသည်။
တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးဟူသော ဝေါ ဟာရအသုံးအနှုန်းကို အပစ်အ ခတ်ရပ်စဲရေးစာချုပ်တွင် ထည့် သွင်းသင့်ကြောင်း ဆွေးနွေးခဲ့ သည့် တိုင်းရင်းသားခေါင်း ဆောင်များ၏ သဘောထားကိုလည်း အလေးအနက်ထားစဉ်းစားသင့် သည်ဟု ဒေါက်တာဆလိုင်းကဆက်လက်ပြောသည်။
အစိုးရနှင့် ညှိနှိုင်းရန် ဖက် ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးကိစ္စကို နိုင်ငံရေး ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးရန် ဖြည့်စွက်လိုက်ကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကဆိုသည်။
‘‘နိုင်ငံရေး ဆွေးနွေးပွဲမှာ agenda ဖြည့်ဖို့ ထည့်လိုက်တယ်။ အခြေခံမူထဲမှာ နည်းနည်းချန် ထားလိုက်၊ တစ်ဖက် (အစိုးရ) ကသိကအောက်ဖြစ်တယ်ဆိုလို့။ ဒါပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲထည့် သွင်းဆွေးနွေးဖို့ သဘောတူတယ် ဆိုတဲ့ အချက်တော့ပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။
7Days

0 comments:

Post a Comment