Thursday, July 24, 2014

မြန်မာမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ADB ဆွေးနွေး


 အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ် ​ADB ​ဘဏ်ကနေပြီး ​လာမည့် ​၅ ​နှစ်တာကာလမှာ ​မြန်မာနိုင်ငံတွင်း ​ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ချမှတ်နိုင်ဖို့ဆိုပြီး ​ထိုင်း ​မြန်မာနယ်စပ်မှာ ​အခြေစိုက်တဲ့ ​လူမှုအခြေပြု ​အဖွဲ့အစည်းက ​တာဝန်ရှိသူတွေနဲ့ ​မနေ့က ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာ ​လာရောက်တွေ့ဆုံ ​ဆွေးနွေးခဲ့ကြပါတယ်။

ချင်းမိုင်မြို့က ​Sinthana ​Resort ​မှာ ​အစိုးရ ​မဟုတ်တဲ့ ​လူမှုအဖွဲ့အစည်းတွေ၊ ​လူမှုအခြေပြု ​အဖွဲ့အစည်း ​CBO ​က ​တာဝန်ရှိသူတွေနဲ့ ​လာရောက်တွေ့ဆုံတာဖြစ်ပြီး ​အခြေခံ ​လူတန်းစား ​အဖွဲ့အစည်းတွေ ​လိုချင်တဲ့ ​စီမံကိန်းတွေ၊ ​အစိုးရ ​လိုချင်တဲ့ ​စီမံကိန်းတွေနဲ့ ​ADB ​ဘဏ်က ​ကူညီနိုင်တဲ့ ​လုပ်ငန်း ​စီမံကိန်း ​တွေကို ​ပေါင်းစပ်ပြီး ​ကောင်းတဲ့ ​စီမံကိန်းတွေ ​ဖြစ်လာဖို့အတွက် ​လာရောက် ​ညှိနှိုင်း ​ဆွေးနွေးတာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

ဒီတွေ့ဆုံ ​ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ​လူမှုအဖွဲ့ ​အစည်းဆိုင်ရာ ​ကျွမ်းကျင်သူလည်းဖြစ် ​အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် ​ADB ​က ​အပြည်ပြည်ဆိုင်ရာ ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ​ဒေါက်တာ ​သိန်းဆွေ ​က ​အခုလို ​ပြောဆိုပါတယ်။

အဓိက ​ကတော့ ​ဒီ ​ဆင်းရဲ ​နွမ်းပါးမှု ​ပပျောက်ရေးကို ​အဓိက ​ဆောင်ရွက်ဖို့၊ ​ဒါနဲ့ပတ် ​သက်ပြီးတော့ ​အခြေခံ ​လူတန်းစားတွေ ​ဘာတွေ ​လိုအပ်တယ်၊ ​အထူးသဖြင့် ​ပေါ့လေ ​တိုင်းပြည်ဖွံ့ဖြိုးမှုမှာ ​ပါဝင်နိုင်တဲ့ ​လယ်ယာ ​ကဏ္ဍ ​ဟုတ်လား ​ဒီ ​လျှပ်စစ် ​မရှိရင် ​စက်မှုကဏ္ဍ ​မလုပ်နိုင်ဘူး၊ ​စက်မှု ​ကဏ္ဍလည်း ​ပါဝင်နိုင် ​အောင် ​လျှပ်စစ် ​လုပ်ငန်း ​စီမံကိန်းတွေ ​ပါဝင်တယ် ​လမ်းပန်း ​ဆက်သွယ်ရေး ​ကိစ္စတွေ ​ပါဝင်တယ် ​အတိုချုံး ​တင်ပြ ​တာပေါ့ ​အဓိကတော့ ​ဆင်းရဲ ​နွမ်းပါးမှု ​ပပျောက်ရေး ​အတွက်၊ ​ဒါကို ​ဦးတည် ​ချက်အနေနဲ့ ​သူ့ထက် ​ဆက်နွယ်နေတဲ့ ​လုပ်ငန်း ​စီမံကိန်းတွေ ​ဦးစားပေး ​ပြီးတော့ ​အကူအညီပေးဖို့။

ဒီဆွေးနွေးပွဲ ​ကနေ ​ရရှိလာတဲ့ ​အချက် ​အလက် ​တွေကို ​နေပြည်တော် ​မှာရှိတဲ့ ​အစိုးရ ​တာဝန်ရှိသူ ​တွေထံ ​ဆက်လက် ​တင်ပြသွား ​မှာဖြစ်ပြီး ​၂၀၁၆ ​ခုနှစ် ​ကစလို့ ​လာမည့် ​၅ ​နှစ်တာကာလမှာ ​ဆောင်ရွက်မယ့် ​လူမှု ​ဖွံ့ဖြိုးမှု ​ဆိုင်ရာ ​လုပ်ငန်းစဉ် ​စီမံကိန်းတွေ ​ကို ​အကောင် ​အထည်ဖော် ​သွားမှာ ​ဖြစ်တယ်လို့လည်း ​သိရပါတယ်။

ဒီဆွေးနွေးပွဲ ​တက်ရောက် ​သူတွေက ​တိကျတဲ့ ​အချက် ​အလက်တွေ ​ရဖို့ ​ကျေးလက် ​ဒေသတွေကို ​ကွင်းဆင်း ​လေ့လာ ​မေးမြန်းဖို့ ​လိုအပ်ကြောင်း၊ ​ပြည်နယ် ​အလိုက် ​တိုင်းရင်း ​သားတွေရဲ့ ​ဖွံ့ဖြိုးတိုး ​တက်ရေး ​ကိစ္စတွေကို ​တိုင်းရင်းသား ​CBO ​အဖွဲ့ ​တွေနဲ့ ​တွေ့ဆုံညှိနှိုင်း ​သွားဖို့ ​လိုကြောင်းနဲ့ ​ကျေးရွာ ​ဖွံ့ဖြိုးရေး ​တွေနဲ့ ​ပညာသင် ​ကျောင်း ​မလုံလောက်မှု ​ကိစ္စတွေကို ​အရင်ဆုံး ​အကောင် ​အထည်ဖော် ​လုပ်ဆောင် ​သွားဖို့ ​အကြံပြု ​ဆွေးနွေး ​ခဲ့ကြတယ်လို့ ​ရေဒီယို ​သြစတေးလျ ​သတင်း ​ထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-25/1347989

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Credit: AFP) 

0 comments:

Post a Comment