Sunday, July 27, 2014

မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ ပြိုင်ပွဲ ကျင်းပပြီးစီး


ယွန်းမှီမှီကျော်၊ သျှားထွဋ်အိန္ဒြာ၊ ရွှေစင်ကိုကိုတို့အား ဆုလက်ခံရယူပြီး တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ ပြိုင်ပွဲကို ဇူလိုင် ၂၆ ရက် ညက ပြုလုပ်ခဲ့ရာ ထိုင်းနိုင်ငံတွင် ကျင်းပသည့် Miss Myanmar Thailand Friendship ဆုရရှိသူ သျှားထွဋ်အိန္ဒြာကပင် မယ်စကြ ၀ဠာဆုရရှိခဲ့သည်။
မယ်စကြ၀ဠာ(မြန်မာ)ပြိုင် ပွဲကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် မိုးစက်ဝိုင်ကို ရွေးချယ်၍ ရုရှားနိုင်ငံသို့ သွားရောက်ယှဉ် ပြိုင်ဖြစ်ခဲ့သည်။
ပြိုင်ပွဲတွင် ဆုရရှိရန် ရေပန်း စားခဲ့သော ဇွန်သံစဉ်မှာ ဆန်ခါတင် ငါးဦးအထိ ပါဝင်ခဲ့သော် လည်း ဆုမရရှိခဲ့ဘဲ  Miss Healthy Skin၊ Miss Beautiful Skin နှင့် ပရိသတ်များမဲအရေအတွက်ဖြင့် ရွေးချယ်သော Miss Famous ဆုကို ရရှိခဲ့သည်။
မယ်စကြ၀ဠာဆု ကြေညာ မည့်အချိန်အထိ ပရိသတ်များက ခါးနံပါတ်(၆) ဇွန်သံစဉ်ကို အားပေးခဲ့ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိရန် ရေပန်းစားခဲ့သူတစ်ဦးဖြစ်သည့် ယွန်းမှီမှီကျော်သည်လည်း 1st Run-ner Up ဆုနှင့် Miss Body Perfect ဆုရရှိခဲ့သည်။ 2nd Runner Up ဆုကို ခါးနံပါတ်(၂) ရွှေစင်ကိုကိုက ရရှိခဲ့သည်။
မယ်စကြ၀ဠာဆုရရှိခဲ့သည့်  သျှားထွဋ်အိန္ဒြာသည် အသက် (၂၀) အရွယ်ရှိသူတစ်ဦးဖြစ်ပြီး ဒုတိယနှစ် စိတ်ပညာဘာသာရပ် တက်ရောက်နေသူ ဖြစ်သည်။  ယခုနှစ်ပြိုင်ပွဲတွင် ဖျော်ဖြေရေး အစီအစဉ်များအနေဖြင့် စည်သူ လွင်၊ နေတိုး၊ သျှီနှင့် နီနီခင်ဇော် တို့ပါဝင်ဖျော်ဖြေပေးခဲ့ပြီး မယ်စ ကြ၀ဠာ(မြန်မာ) ပြိုင်ပွဲဝင်များ ကလည်း ရိုးရာဝတ်စုံအဖြစ် ကချင်ဝတ်စုံဝတ်ဆင်၍ ကပြ ဖျော်ဖြေခဲ့သည်။


0 comments:

Post a Comment