This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, November 7, 2014

ဘယ်လိုရေမွှေးရနံ့မျိုးက ကိုယ့်အတွက် အကောင်းဆုံးဖြစ်လိမ့်မလဲ

လူတစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေစေဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုကအရေးကြီးဆုံးပါ။ ဒါ့အပြင် ကိုယ့်ဆီက သင်းပျံ့တဲ့ရနံ့တစ်ခုခု ဒါမှမဟုတ်လဲ လှည့်ကြည့်စရာမလိုပဲ ရနံ့လေးတစ်ခုရလိုက်တာနဲ့ ကိုယ်ဆိုတာ သိသွားစေမယ့် ရေမွှေးရနံ့မျိုးကလည်း သင့်ကို ယုံကြည်မှုတစ်ခု တိုးစေတာပါပဲ။ ဒါပေမယ့် ကိုယ်ရွေးချယ်မယ့် ရေမွှေးရနံ့ကတော့ ကိုယ်ကဘယ်လိုလူမျိုးလဲဆိုတာ ဖော်ပြပေးနိုင်တာမို့ သတိထားရွေးချယ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်လေ ဈေးကွက်ထဲက ရေမွှေးတွေက များလွန်းတာမို့ ဘယ်လိုရေမွှေးမျိုး ရွေးချယ်ဆွတ်ရမလဲဆိုတာ ခေါင်းစားနေသူတွေအတွက် ရွေးချယ်ပုံ ရွေးချယ်နည်းလေး ပြောပြပေးချင်ပါတယ်။
၁။ပန်းရနံ့
တကယ်လို့ သင်ဟာ
-ဆောင်းရာသီကို နှစ်ခြိုက်တဲ့သူဆိုရင်၊
-၀ိုင်းပုလင်းတစ်ပုလင်းထက် ပန်းစည်းတစ်စည်းကိုသာ လက်ဆောင်အဖြစ် ပိုလိုချင်တတ်သူဆိုရင်၊
-သာယာတဲ့ နေ့လည်နေခင်းမျိုးကို နှစ်သက်တဲ့သူဆိုရင်
-ရှောပင်ထွက်တိုင်း ၀ယ်ဖြစ်တဲ့ အင်္ကျံဒီဇိုင်းတွေက ပန်းနွယ်ပန်းပွင့် ဒီဇိုင်းမျိုး ကာလာတောက်တောက်လေးတွေဆိုရင်
ပန်းရနံ့တစ်မျိုးမျိုးနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ ရေမွှေးမျိုးကို ၀ယ်ယူလိုက်ပါ။

၂။သစ်သီးရနံ့
တကယ်လို့ သင်ဟာ
-နွေရာသီကိုသာ အနှစ်ခြိုက်ဆုံးသူ ဖြစ်တယ်ဆိုရင်
-မနက်ခင်းမှာ စောစောထတတ်ပြီး ကော်ဖီတစ်ခွက်သောက်လိုက်ရမှ ကျေနပ်သူဆိုရင်
-ရေသောက်ရင်တောင် လိမ္မော်နံ့သင်းတဲ့၊ အသီးနံ့လေးသင်းတဲ့ ရေမျိုးကိုသာ သောက်ချင်တာဆိုရင်
-သန့်ရှင်းပြီး ပေါ်လွင်တဲ့ အင်္ကျံမျိုး၊ ရှင်းရှင်းလေး၊ သဘာဝဆန်ဆန်လေးနဲ့ လှတဲ့ ဒီဇိုင်းမျိုးတွေသာ ကြိုက်တတ်တဲ့သူဆိုရင်
-အသီးဖျော်ရည်တွေကိုသာ စွဲမြဲစွာ သောက်တတ်သူဆိုရင်
သစ်သီးရနံ့ပါတဲ့ ရေမွှေးမျိုးနဲ့ သင်ဟာ လိုက်ဖက်မှုအရှိဆုံးပါ။

၃။အုံမှိုင်းပြီး စိမ်းစိမ်းစိုစို ဖြစ်စေတတ်တဲ့ရနံ့
တကယ်လို့ သင်ဟာ
-မှုန်မှိုင်းတဲ့ ရာသီမျိုးကို သဘောကျတယ်ဆိုရင်
-သစ်တော၊ သစ်ရိပ်လေးတွေကို သဘောကျတယ်ဆိုရင်
-လက်ဝတ်ရတနာတွေက ကျောက်တုံးပုံစံလေးတွေ၊ သူများတွေ ၀တ်လေ့မရှိတဲ့ ရှေးဟောင်းဒီဇိုင်းပုံစံတွေဆိုရင်
-သောက်နေကျ အရာက လက်ဖက်ရည်ကြမ်းလိုအရာမျိုးဆိုရင်
-အိမ်ထဲမှာ treadmill နဲ့လမ်းလျှောက်ရတာထက် စိမ်းလန်းတဲ့နေရာမျိုးတွေမှာ လမ်းလျှောက်ရတာ သဘောကျတယ်၊ တောင်တက်ရတာမျိုးတွေ နှစ်ခြိုက်တယ်ဆိုရင်တော့
ခုနပြောပြထားတဲ့ ကိုယ့်ကိုအုံမှိုင်းပြီး စိမ်းစိမ်းစိုစိုဖြစ်စေတဲ့ ခံစားချက်မျိုး၊ ရနံ့မျိုးပေးနိုင်တဲ့ ရေမွှေးကို ရှာဆွတ်ပါ။

၎။အရှေ့တိုင်းဆန်တဲ့ ရနံ့
တကယ်လို့သင်ဟာ
- ညဘက်နောက်ကျမှ အမြဲ အိပ်ရာဝင်တတ်တဲ့သူဆိုရင်
-ဖယောင်းတိုင်းတွေ ထွန်းပြီး နေရတာကြိုက်တယ်၊ အမွှေးရနံ့ပါတဲ့ ဖယောင်းတိုင်လေးတွေ သဘောကျတယ်။
-သွားနေကျစားသောက်ဆိုင်ရဲ့ အပြင်အဆင်ဟာ ရွှေရောင်၊ ငွေရောင်အဆင်တန်ဆာတွေနဲ့ အလှဆင်ထားသလို ၊ ပိုးသား၊ ဖဲသားလို အစမျိုးတွေနဲ့လည်း အလှဆင်ထားတယ်။
-ဆောင်းတွင်းကို နှစ်သက်ပေမယ့် နှင်းကြောင့်မဟုတ်ပဲ မီးလင်းဖိုအလှကို ခံစားရင်း နွေးနွေးထွေးထွေးနေချင်တာကြောင့် ဖြစ်တယ်ဆိုရင်
သင်ဟာ အရှေ့တိုင်းဆန်တဲ့ ရနံ့စူးစူးတွေကိုသာ ရွေးချယ်သင့်ပါတယ်။
Ref:womenshealthmag.com

နှစ်ပေါင်း ၁ဝဝ ကျော် ကြာမြင့် နေပြီဖြစ်သည့် သီပေါမင်းနှင့် စုဖုရားလတ်တို့၏ ဝတ်ရုံတော်ပြုပြင်ရန် ပြည်ပနည်းပညာ အကူအညီများ လိုအပ်နေ


ရန်ကုန် ၊ ၇-၁၁-၂၀၁၄

  မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၁ဝဝ ကျော် ကြာမြင့်နေပြီ ဖြစ်သည့် သီပေါမင်းနှင့် စုဖုရားလတ် တို့၏ ဝတ်ရုံတော် ပြုပြင်ရန် ပြည်ပနိုင်ငံ၏ နည်းပညာ အကူအညီများ လိုအပ် နေကြောင်း ရန်ကုန် အမျိုးသား ပြတိုက် ညွှန်ကြားရေးမှူး ဦးငွေထွန်းမြင့် က ပြောသည်။

အဆိုပါ ၀တ်ရုံတော် များကို ပြုပြင်ရန် ၂ဝ၁၃ ခုနှစ်က ဂျပန်နိုင်ငံမှ ပညာရှင်များ လာရောက် လေ့လာခဲ့ သော်လည်း ၄င်းတို့မှာ မည်သို့ ထိန်းသိမ်းရမည် ဆိုသည့် အချက်ကိုသာ ပြောကြားခဲ့ပြီး ပြုပြင်ရန် အဆင့်သို့ မရောက်ရှိ ခဲ့ကြောင်း သိရသည်။

''သီပေါမင်းနဲ့ စုဖုရားလတ် တို့ရဲ့ နန်းတွင်းဝတ် မဟာလတ္တာ ဝတ်ရုံ က အဝတ် ဆိုပေမယ့် ရွှေ၊ ငွေ၊ ကြေး အစရှိတဲ့ သတ္တုတွေ အများကြီး ပေါင်းစပ်ချုပ်လုပ် ထားတာ ဖြစ်တော့ သူတို့လုပ်ဖို့ အခက်ခဲ ရှိတယ်။ ပညာရှင် ကောင်းကောင်း ရှိမှရမယ်။ ဒီ ဝတ်ရုံတွေက နှစ်တွေ ကလည်း ကြာပြီ၊ ရှေးဟောင်း ပစ္စည်း တွေကလည်း ဖြစ်နေပြီ ဆိုတော့ ပျက်စီးသွား မှာကို စိုးရိမ်ကြတဲ့ အတွက် ပြုပြင်ဖို့ လိုအပ်နေ တာပါ။ လုံးဝပျက်စီး နေတာတော့ မဟုတ်သေး ပါဘူး။ အဲဒီလိုမျိုး ရှေးဟောင်း ပစ္စည်းတွေ ကောင်းကောင်း ကျွမ်းကျင်တာ ကတော့ အမေရိကန်နိုင်ငံ ရှိတယ်။ ဒါကြောင့် အကူအညီ ပေးဖို့ အတွက် ကမ်းလှမ်း သွားမှာပါ ... '' ဟု ၄င်းက ဆက်လက် ပြောသည်။

လက်ရှိ အချိန်တွင် ရန်ကုန် အမျိုးသား ပြတိုက်ရှိ တာဝန်ရှိသူ များသည် အဆိုပါ ဝတ်ရုံများကို ပြုပြင် ပေးနိုင်သည့် အမေရိကန်၊ အင်္ဂလန် နှင့် ဂျာမနီ စသည့်နိုင်ငံ များရှိ ပညာရှင်များ ကိုလည်း ပြုပြင် ပေးနိုင်ရန် ကမ်းလှမ်း သွားမည် ဖြစ်သည်။ အဆိုပါ ဝတ်ရုံများကို ရန်ကုန်မြို့ရှိ အမျိုးသား ပြတိုက်တွင် ပြသထားပြီး ယင်း ဝတ်ရုံများ အပါအဝင် ရှေးဟောင်း သမိုင်းဝင် ပစ္စည်း အမျိုးစား ၂ဝဝဝ ကျော်ကိုလည်း ပြသ ထားကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်
http://myawady-myawady.blogspot.com/2014/11/blog-post_81.html

ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရန် ကမ်းနားလမ်း တစ်လျှောက် မိုးပျံလမ်း တည်ဆောက်မည်


ရန်ကုန် ၊ ၇-၁၁-၂၀၁၄

ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှုမှာ တစ်နေ့တခြား များပြား လာလျက်ရှိရာ ထိုသို့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်း နိုင်ရေးအတွက် မိုးပျံလမ်းများ တည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ တည်ဆောက်ရန် Phase 1၊ Phase 2 နှစ်ပိုင်းခွဲ သတ်မှတ်ကာ မိုးပျံလမ်း တည်ဆောက်ရန် လျာထား ဆောင် ရွက်လျက် ရှိသည့်အပြင် သတ်မှတ် ထားသည့် စီမံချက်များကို အကောင်အထည် ဖော်နိုင်ရန် စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

မိုးပျံလမ်းစီမံချက် များကို ကမ်းနားလမ်း၊ (ပုံ) ဗိုလ်တထောင်ဈေးလမ်း မှ အနော်ရထာလမ်း အထိ အပိုင်းနှစ်ပိုင်း ခွဲခြားကာ တည်ဆောက် သွားရန် လျာထား လုပ်ဆောင်လျက် ရှိပြီး ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ဘဏ္ဍာငွေပေါ် မူတည်၍ လုပ်ဆောင် သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အတိအကျ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊ တံတား) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ နေရာကို သတ်မှတ်ချက် ထားကာ နောက်ပိုင်းကာလ များတွင် ယာဉ်ကြောကျပ်သည့် နေရာများ၌ ပါ လုပ်ကိုင် ဆောင်ရွက်ရန် ညွှန်ကြားချက် ရရှိလာပါက ဆက်လက် အကောင်အထည်
ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။ မိုးပျံလမ်း တည်ဆောက်ရန် လျာထားသည့် Phase 1 တွင် ၃ ကီလိုမီတာ ရှည်ပြီး Phase 2 တွင် ၂ ဒသမ ၅ ကီလိုမီတာ ရှည်မည်ဖြစ်သည်။ ၄င်း လမ်းပိုင်းကို တည်ဆောက် ရာတွင်လည်း အတက်အဆင်း နေရာများမှာ ပုံမှန် တစ်သမတ်တည်း မဟုတ်ဘဲ လေးနေရာအထိ ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးပျံတံတား တည်ဆောက်ရန် အကြမ်းဖျင်း သတ်မှတ်ထားသည့် ကုန်ကျငွေမှာ အမေရိကန် ဒေါ်လာ ၂၉၇ ဒသမ ၆ သန်း ကုန်ကျနိုင်မည် ဖြစ်သည်။ ထိုကဲ့သို့ တွက်ချက် ရာတွင်လည်း ၁ ကီလိုမီတာ လျှင် အမေရိကန် ဒေါ်လာ ၅၄ ဒသမ ၁ သန်း ခန့်ဖြင့် တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရမှ ငွေကြေး အမြောက်အမြား ကုန်ကျမည် ဖြစ်သည့်အတွက် နိုင်ငံတော် သမ္မတရုံး နှင့် ဝန်ကြီးဌာနများမှ အကူအညီများ
ထောက်ပံ့ ပေးအပ်ရန် လိုအပ်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
http://myawady-myawady.blogspot.com/2014/11/blog-post_76.html

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို နုတ်ထွက်ရန် မိသားစုဝင်များက ပြောကြားခဲ့ ဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၅

နို   နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မီဒီယာများက ဝေဖန်ရေးသားမှု များကြောင့် သမ္မတ၏ သမီးများက ဖခင်ဖြစ်သူအား အလုပ်မှ နုတ်ထွက်ရန် တိုက်တွန်း ပြောကြားခဲ့သည်ဟု ပြည်ထောင်စု အဆင့် အကြီးအကဲ တစ်ဦးအား သမ္မတ ဦးသိန်းစိန်က ကိုယ်တိုင် ပြောကြား ခဲ့ကြောင်း အဆိုပါ ပြည်ထောင်စု အဆင့် အကြီးအကဲက မြန်မာ သံတော်ဆင့် သို့ ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်ကို သမ္မတ၏ သမီးများက နုတ်ထွက်ရန် ပြောကြား ခဲ့ခြင်းကို သိရှိခဲ့ရသော ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် အစိုးရ၀န်ကြီး တစ်ဦး ဖြစ်ခဲ့သူ ယခုသမ္မတဦးသိန်းစိန် လက် ထက် ပြည်ထောင်စု အဆင့် အကြီးအကဲက သမ္မတ ကြီးနှင့် တွေ့ဆုံ စဉ်က ပြောကြားချက် အချို့နှင့် စပ်လျဉ်း၍ ““ဒီတစ်ခွန်းပဲ။ သူ့သမီးတွေက အဖေရယ် ထွက်လိုက်ပါတော့။ အဖေ့ကို ပြောလိုက်ကြတာ မခံနိုင်တော့ ဘူးတဲ့။ ဒီပြောတာတွေကိုသာ လိုက်နားထောင်နေလို့ စိတ်ပျက်နေလို့ရှိရင် ဘယ်လိုလုပ်မလဲ။ ကြားကော်မရှင်အဖွဲ့ ဖွဲ့စည်းပြီးတော့ နားထောင် ခိုင်းတယ်။ ဖတ်ခိုင်းတယ်။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ် မယ်။ နောက်ဆုံးရလဒ် ကျမှသာလျှင် ဒီစနစ်မျိုးမှာ ဘယ်အစိုးရပဲ တက်တက် ဒီလိုပဲလာ မှာပဲ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ယခင်စစ်အစိုးရ လက်ထက်က ပြောဆိုရေးသားသော မီဒီယာများကို ကန့်သတ်မှုများသည် ဒီမိုကရေစီ စနစ်မဟုတ်၍သာ လုပ်ခဲ့ရခြင်း ဖြစ်ကြောင်းလည်း ““ပြီးခဲ့တဲ့ အစိုးရတုန်းက သူကရှင်းရှင်းလေးပဲ စစ်အစိုးရပဲ။ စစ်အစိုးရဆိုတော့ စစ်အစိုးရလိုပဲ သူလုပ်မှာပဲ။ အများပြည်သူ ရွေးကောက် တင်မြှောက်ခြင်း ခံထားရတဲ့ အစိုးရ မဟုတ်တဲ့အတွက် မလုပ်သင့်တဲ့ကိစ္စ သူမလုပ်ဘူး။ လုပ်သင့်တဲ့ကိစ္စ သူလုပ်မယ်။ စည်းလွတ်ဝါးလွတ်တော့ မလုပ်နဲ့ပေါ့။ အယ်ဒီတာဆိုတာ ရှိတာပဲ။ လူသစ်တွေကို အယ်ဒီတာမှာ ပြုပြင်ပေးဖို့၊ သင်တန်းပေးဖို့ တာဝန် ရှိတယ်။ အယ်ဒီတာဆိုတာ ဒီအတွက် ခန့်ထားတာပဲလေ””ဟု အဆိုပါ ပြည်ထောင်စုအဆင့် အကြီးအကဲ က မြန်မာ သံတော်ဆင့်သို့ အကြံပြု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အစိုးရ လက်ထက်က နံပါတ် (၄) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဇာတိဖြစ်ကာ ဇနီးဒေါ်ခင်ခင်ဝင်း၊ သမီး (၃)ဦး ရှိကြောင်း သိရသည်။

MH-0011

ပုံညွှန်းစာ - ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ နေပြည်တော်၌ သမ္မတဦးသိန်းစိန် ၏ ဆွေမျိုးများပါဝင်သော ရှင်ပြုအလှူပွဲတစ်ခုသို့ တက်ရောက်နေသည်ကို တွေ့ရစဉ်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

ဆံပင်ကို အရှည်မြန်အောင် ဘယ်လိုလုပ်ရမလဲ၊ အရှည်မြန်အောင် လုပ်နိုင်တယ်ဆိုတာရော ဟုတ်ရဲ့လား

ကျွန်မတို့အားလုံးဟာ ဆံပင်မြန်မြန်ရှည်ဖို့ ဘယ်လိုနည်းလမ်းလေးတွေ ရှိမလဲဆိုပြီး အမြဲတမ်းစူးစမ်းလေ့ရှိပါတယ်။ သူငယ်ချင်းတွေကိုလည်း ဆံပင်မြန်မြန်ရှည်အောင် ဘာလုပ်ရကောင်းမလဲဆိုပြီး မေးမြန်းတတ်ကြပါတယ်။ ဆံပင်အရှည်မြန်မယ့် နည်းလမ်းလေးတွေကို ပြောဆိုကြတာကလည်း တစ်ယောက်တစ်မျိုးပါပဲ။