Thursday, July 17, 2014

Gift card များဖြင့် ငွေပေးချေရန် မလိုသည့် iTunes Pass ကို Apple မိတ်ဆက်


Gift card များဖြင့် ငွေပေးချေရန် မလိုတော့ဘဲ iTunes Store တွင် ဝယ်ယူမှု ပြုလုပ်နိုင်မည့် iTunes Pass ဝန်ဆောင်မှုကို Apple က ဂျပန်၊ အမေရိကန်နှင့် သြစတြေးလျ Apple Store များတွင် မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုသူများသည် Apple Retail Store ရှိ ကျွမ်းကျင်သူတစ်ဦးထံတွင် iTune Pass ၌ ထည့်သွင်းလိုသည့် ငွေပမာဏကို လွှဲပြောင်းပေးချေပြီးနောက် Passbook app အတွင်းရှိ iTunes Pass ဖြင့် ဝယ်ယူမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။ iTunes Pass ကို အသုံးပြုသူများသည် iTunes gift card များကို အသုံးပြုသူများကဲ့သို့ပင် iTunes Store, App Store နှင့် iBooks Store တို့တွင် ဝယ်ယူမှုများ ပြုလုပ်နိုင်သည်။

iTunes Pass feature သည် iTunes အခြေခံ မိုဘိုင်းငွေပေးချေ ဝန်ဆောင်မှု၏ ကနဦး ခြေလှမ်းတစ်ရပ် ဖြစ်နိုင်ကြောင်း၊ Apple အနေဖြင့် Passbook နှင့် Touch ID fingerprint sensor တို့ချိတ်ဆက်ထားသည့် ဝန်ဆောင်မှုတစ်ခုကိုလည်း စီစဉ်လျက်ရှိကြောင်း 9to5Mac က ဖော်ပြခဲ့သည်။

Ref: MacRumors

0 comments:

Post a Comment