This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Saturday, August 30, 2014

အမျိုးသားတွေဆီမှာ အမျိုးသမီးတွေ ရှာဖွေတတ်တဲ့ အရည်အချင်း (၅) ခု

အရပ်အမောင်းရှည်တာ၊ အသားညိုတာ၊ ရုပ်ရည်ချောမောတာတွေအပြင် အမျိုးသမီးတွေဟာ ယောက်ျားလေးတွေကို အကဲခတ်တိုင်းတာတတ်တဲ့ အရည်အချင်းတွေ အများကြီးရှိပါတယ်။ သင့်ဆီမှာ အဲဒီအရည်အချင်းတွေ ဘယ်လောက်ရှိသလဲ ကြည့်ရအောင်။
၁။ သင်ဟာ ပျော်ပျော်နေတတ်တဲ့ သူဖြစ်ခြင်း
မိန်းကလေးတွေအတွက် အရေးကြီးတာက သူတို့ လက်တွဲတဲ့ အမျိုးသားမှာ ဟာသဥာဏ်ရှိပြီး သူမကို အရယ်မောနေအောင် လုပ်နိုင်ဖို့ လိုပါတယ်။ အမျိုးသမီးတွေက လူရှေ့သူရှေ့မှာ ရယ်စရာဟာသ တစ်ခုခုကို ပြောဆိုတတ်တဲ့ ယောက်ျားလေးမျိုးကို သဘောကျပြီး ယေဘုယျအားဖြင့် ပျော်ပျော်နေချင်ကြပါတယ်။
၂။ မားမားမတ်မတ်ရပ်တည်နိုင်ခြင်း
အမျိုးသမီးတွေက ဆုံးဖြတ်ချက်ခိုင်မာတဲ့ ယောက်ျားကို မလိုချင်ကြပါဘူး။ သူတို့က သူတို့အတွက်သာမဟုတ်ဘဲ အများအတွက်ပါ ရပ်တည်ပေးနိုင်တဲ့ ယောက်ျားကို လိုချင်ကြတယ်။ တစ်ခုခုဆို ယောင်လည်လည်လုပ်တတ်တဲ့သူမျိုးကို သဘောမကျကြပါဘူး။ အချိန်အချကျရောက်လာလို့ အမှန်တရားအတွက် ရပ်တည်ရမယ့်အချိန်မှာ အဲ့ဒီတာဝန်ကို လုပ်ဆောင်နိုင်သူတစ်ဦးကိုသာ သူတို့ လိုချင်ကြတာပါ။
၃။ နားထောင်မှုစွမ်းရည် အပြည့်အ၀ရှိခြင်း
ဘဝဆိုတာ ရှည်လျားလှတဲ့ လမ်းခရီးတစ်ခုပါ။ အခါတလေမှာ အမျိုးသမီးတွေ တောင့်တတတ်တဲ့ တစ်ခုတည်းသောအရာက သူတို့စကားကို နားထောင်ပေးတဲ့သူ ဖြစ်ပါတယ်။ သူတို့ အမှားတွေကို လိုက်ထောက်နေရမှာ မဟုတ်ဘဲ လက်ခံ နားထောင်ပေးဖို့သာဖြစ်ပါတယ်။ ဒီအရည်အချင်းကို လျော့မတွက်လိုက်ပါနဲ့။ အရမ်းအရေးကြီးတဲ့ အရည်အချင်းတစ်ခုနော်…ကိုယ့်လူ။
၎။ ဗဟုသုတကြွယ်ဝခြင်း
ဗဟုသုတကြွယ်ဝနေမှုဟာ အမျိုးသမီးတွေ အလေးထားတဲ့ နောက်ထပ် အရည်အချင်းတစ်ခုဖြစ်ပါတယ်။ သူတို့ရင်ခုန်တဲ့သူက အားကစား၊ ကမ္ဘာ့အရေး၊ သမိုင်း၊ တေးဂီတ၊ စက်ရုံအလုပ်ရုံဆိုင်ရာ ဗဟုသုတ စတဲ့ လက်ရှိ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ သတင်းမျိုးစုံ သိစေချင်ကြတယ်။ အခုခေတ်မှာ အမျိုးသမီးအားလုံးလိုလို ယောက်ျားတွေမှာ ရှာဖွေတတ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အဲဒီအချက်ဟာလည်း ယောက်ျားတွေကို တထူးတခြား ဆွဲဆောင်မှုရှိစေတဲ့ အရည်အချင်း တစ်ရပ်လည်းဖြစ်ပါတယ်။
၅။ အမျိုးသမီးတွေကို အလေးထားခြင်း
အမျိုးသမီးမျိုးတွေအပေါ် လေးစားမှုထားသင့်ပါတယ်။ သူတို့ကို ယောက်ျား၊ မိန်းမလို့ ခွဲခြားပြီး သဘောမထားသင့်ဘဲ တန်းတူဆက်ဆံသင့်ပါတယ်။ အမျိုးသမီးရဲ့ စိတ်ကူးအိမ်မက်တွေ၊ ကိုယ်ရေးကိုယ်တာတွေကို တန်ဖိုးထားပြီး လွတ်လပ်မှုရအောင် ဖန်တီးပေးသင့်ပါတယ်။ ရှေ့ရေးအတွက် အသက်မွေးကျောင်းလုပ်ငန်းတွေ ရွေးချယ်ဆုံးဖြတ်ရာမှာ အထောက်အကူပေးသင့်ပါတယ်။ သူမကို တန်ဖိုးထားတယ်၊ ချစ်တယ်လို့ ခံစားလာအောင် လုပ်ပေးပြီး သူမရှေ့မှာ အပြုအမူတွေကို ဂရုစိုက်သင့်ပါတယ်။
Source: Menxp

Wednesday, August 20, 2014

ကျောက်ပန်းတောင်းမြို့နယ် စိတ္တပါလဂူကျောင်း တောအုပ်တွင် လင်းဝက်ငှက်ကြီးများ ထူးဆန်းစွာ ခိုအောင်းလျှက်ရှိ


ကျောက်ပန်းတောင်း၊ သြဂုတ်- ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကောင်းဒီတောင်အခြေရှိ စိတ္တပါလဂူကျောင်း စာသင်တိုက်အနီးတောအုပ်တွင် လင်းဝက်ငှက်ကြီးများအုပ်စုလိုက် ထူးဆန်းစွာရောက်ရှိခိုနားလျှက်ရှိကြောင်း သိရသည်။

“ဒီကောင်တွေရောက်လာတာ တစ်ပတ်လောက်ရှိပြီဗျ။ အရင်နှစ်တွေကလည်းလာတတ်ပါတယ်။ ဒါပေမဲ့ဒီနှစ်ရောက်လာတာ နဲနဲစောတယ်။ နောက်ပြီးအကောင်ရေ များလာသလို နားတဲ့ရက်လည်း ကြာလာတယ်။အရင်နှစ်တွေက ဒီကောင်တွေ လာနားရင် တစ်ရက်-နှစ်ရက်ဘဲ။ အခုတော့ တစ်ပတ်ကျော်သွားပြီ။ ကျုပ်အထင်တော့ မိုးခေါင်ရေရှားဖြစ်နေတဲ့ အရပ်ဖက်ကကောင်တွေ အစာရေစာရှားပါးလာလို့ နေရပ်ပြောင်းရွေ့လာကြတာထင်ပါတယ်။ မြို့ထဲကလူတွေကတော့ ဒီလိုအကောင်တွေက အီဗိုလာဗိုင်းရပ်ပိုးတွေ သယ်ဆောင်လာတတ်ကြတယ်ဆိုပြီး စိုးရိမ်နေကြတာတွေလည်းရှိတယ်။ ဒါပေမဲ့ ဒီငှက်တွေကတော့ ဒေသခံငှက်တွေပဲဖြစ်နိုင်ပါတယ်”ဟု ဂူကျောင်းစာသင်တိုက်အနီးရှိ ရွှေနဒီပရဟိတကျောင်းဆရာတော် ဦးယူဇနက မိန့်ကြားပါသည်။

ကျောက်ပန်းတောင်းမြို့ခံများမှာ အာဖရိကအလယ်ပိုင်းတွင် ဖြစ်ပွားနေသော ကြောက်မက်ဖွယ် အီဗိုလာရောဂါသတင်းကြောင့် အဆိုပါ လင်းဝက်ငှက်ကြီးများကို နှစ်မြို့ခြင်းမရှိကြဘဲ သက်ဆိုင်ရာဌာနများမှ လာရောက်ကြည့်ရှုလေ့လာ၍ လိုအပ်သည်များဆောင်ရွက်ကြရန် ဆန္ဒရှိနေကြကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf

တောက်တဲ့များ၏ တွယ်ကပ်စွမ်းပကား မြင့်မားရခြင်း၏ လျှို့ဝှက်ချက်



 မည်သည့်မျက်နှာပြင်တွင်မဆို တောက်တဲ့များအံ့ဩဖွယ် တွယ်ကပ်နေနိုင်ခြင်းမှာ ၎င်းတို့ခြေချောင်းများပေါ်ရှိ အမွေးအမှင်များကြောင့်ဖြစ်သည်ဟု သုတေသနလေ့လာချက် အသစ်တစ်ရပ်အရသိရသည်။

အသုံးချရူပဗေဒဂျာနယ်၌ ဖော်ပြသည့် သုတေသန အစီရင်ခံချက် တွင် တောက်တဲ့ များသည် ဆဲတာဟုခေါ်သည့် ၎င်းတို့၏ ခြေချောင်း များပေါ်ရှိ သေးငယ်ပါးလွှာသည့် အမွေးအမှင်များကို အသုံးပြုပြီး မတ်စောက်သော နံရံများပေါ် တွယ်တက်လျက် ရံဖန်ရံခါ မျက်နှာကြက်ပေါ်တွင် ဇောက်ထိုးမိုးမျှော်အနေအထားဖြင့်ပင် မည်ကဲ့သို့ တွယ်ကပ်နေနိုင်သည်ဟူသော အချက်ကို ရှင်းပြထားသည်။

တောက်တဲ့များသည် ၎င်းတို့၏ အံ့ဖွယ် ပြောင်းလွယ်ပြင်လွယ်ရှိမှု၊ မှီတွယ်နိုင်မှုနှင့် ခြေချောင်း အမွေးအမှင် များဆန့်နိုင်မှုတို့ကြောင့် မည်သည့်မျက်နှာပြင်တွင်မဆိုတွယ်ကပ်နေနိုင်ခြင်းဖြစ်သည်ဟု သုတေသနစာတမ်း ဦးဆောင်ပြုစုသူ အမေရိကန်ပြည်ထောင်စု အိုရီဂွန်ပြည်နယ်တက္ကသိုလ် အင်ဂျင်နီယာဌာနမှ ပါမောက္ခ အလက်စ်ဂရီးနီး က ပြောကြားသည်။

ဖော်ပြပါအချက်များကြောင့် တောက်တဲ့များသည်၎င်းတို့၏ ခြေဖဝါးများကို လျင်မြန်စွာ ကပ်၊ ခွာပြုလုပ်နိုင် သဖြင့် မျက်နှာပြင်များတစ်လျှောက် တစ်စက္ကန့် လျှင်ခန္ဓာကိုယ်အရှည်၏ အဆနှစ်ဆယ်အထိ လျှပ်တစ်ပြက် ပြေးလွှား နိုင်ခြင်းဖြစ်သည်ဟုဆိုသည်။

တောက်တဲ့များ၏ ခြေချောင်းများအပေါ် သုတေသန စုံစုံလင်လင်ပြုလုပ် ထားကြောင်း၊ ရှေးဟောင်းဂရိခေတ် ကတည်းက လူများသည် တောက်တဲ့များ နံရံများပေါ်တွင်မည်ကဲ့သို့တွယ်တက်နိုင်သည်ကို အံ့ဩလာကြ ကြောင်းအလက်စ်ဂရီးနီးက ပြောကြားသည်။

တောက်တဲ့များသည် ခြေချောင်းအမွေးအမှင်များ၏မော်လီကျူးများမှလာသည့် အီလက်ထရွန်များနှင့် နံရံမော် လီကျူးများမှ လာသည့် အီလက်ထရွန်များ တစ်ခုနှင့်တစ်ခု အပြန်အလှန်ဓာတ်ပြုရာမှ ဖြစ်လာသော ရုပ်ပိုင်း ဆိုင်ရာ နှောင်ဖွဲ့မှုဖြစ်သည့် van der Waals ကို အသုံးပြုပြီး တွယ်ကပ်မှုပြုလျက် အီလက်ထရွန် မဂ္ဂနက်တစ် ဆွဲငင်အားတစ်ခု ဖန်တီးကာ မည်သည့် မျက်နှာပြင်တွင်မဆို တွယ်ကပ်နိုင်ခြင်းဖြစ်သည်ဟု အမေရိကန် စက်ရုပ်ပညာရှင် ကဲလာအော်တွမ်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ၂၀၀၀ ပြည့်နှစ်တွင် တညီ တညွတ်တည်းအတည်ပြုခဲ့ကြသည်။

ထန်ဆွင်း။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf

Saturday, August 16, 2014

ပင်လယ်သေမှာ ရေနစ်မသေဘူး

Dead Sea ဆိုတာ နှစ်ပေါင်းများစွာကတည်းက နာမည်ကြီးပြီး ထူးခြားတာက ဒီပင်လယ် ထဲက ရေရဲ့ ထူးခြားချက်ကြောင့် လူတွေဟာ ရေနစ်လို့ မသေနိုင်ပါဘူး။ 

 Dead Sea ပင်လယ်မှာ ရေပေါ်မှာ စာဖတ်နေသူတဦး၊ ဓာတ်ပုံ- twistedsifter.com

ပင်လယ်ရဲ့ နာမည်ဟာ အာရပ်ဘာသာစကားအရ The Sea of Death လို့ ဆိုပေမယ့် ဆားဓာတ်ပါဝင်မှု အလွန်များတဲ့ ပင်လယ် ကြီး ဖြစ်ပါတယ်။ 

အရှေ့ဘက်မှာ ဂျော်ဒန်နိုင်ငံ တည်ရှိပြီး အနောက်ဘက်မှာ အစ္စရေးနဲ့ ပါလစ္စတိုင်းတို့ ရှိပါတယ်။ Dead Sea ရဲ့ ရေမျက်နှာပြင်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၁၄ဝဝ လောက်နိမ့်ပါတယ်။ ပြောရရင် ကမ္ဘာ့ အနိမ့်ဆုံးနေရာတခုပါဘဲ။ 

Dead Sea ရဲ့ ရေအနက်ဟာ ပေ ၁ဝဝဝ ကျော် ရှိပြီး ပင်လယ်လို့နာမည်ခေါ်ပေမယ့် ကန် အမျိုးအစား သာ ဖြစ်ပါတယ်။ 

ထူးခြားတာက ဆားပါဝင်မှုက အလွန်များပြီး ရေတလီတာမှာ ဆားက ၁.၂၅ ကီလိုဂရမ်လောက် ပါဝင်တာ မို့ ဒီ သတ္တိကြောင့် လူတွေ၊ တိရိစ္ဆာန်တွေဟာ ရေထဲမှာ ပေါလောပေါ်စေပါတယ်။ Dead Sea မှာ ဆား ဓာတ် ပါဝင်မှုက ပုံမှန် ပင်လယ်ထဲက ဆား ဓာတ်ပါဝင်မှုထက် ၉ ဆနီးပါး ပိုပါတယ်။ 

ဆားဓာတ်များမှုက ခန္ဓာကိုယ်ကို တွန်းကန်ထားတဲ့အတွက် ရေနစ်သွားစရာ အကြောင်း မရှိပါဘူး။ ဒီအချက်ကပဲ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားတာဖြစ်ပါတယ်။ 

အရှည် ၆၇ ကီလိုမီတာရှိပြီး အကျယ်အားဖြင့် ၁၈ ကီလိုမီတာ ရှိပါတယ်။ စိန်ပွင့်သဏ္ဍန် ဆားပွင့်တွေက လည်း အလွန်လှပါတယ်။

ဒါပေမယ့် Dead Sea ဟာ တနှစ်ထက်တနှစ် တိမ်ကောလာတဲ့ ဘေးအန္တရာယ်လည်း ရှိနေပါပြီတဲ့။ တနှစ်ကို ၃ ပေ လောက် နှုန်းနဲ့ နှစ်စဉ် ပင်လယ်ရဲ့ အကျယ်အဝန်းဟာ ကျုံ့လာနေပါတယ်။ 

Irrawaddy

Friday, August 8, 2014

ယောက်ကျားလေးများ အသက် ၃၀ မတိုင်မှီ သိသင့်သော အရာများ

Image and video hosting by TinyPic
၁ ။ စီးပွားရေးကို အလေးထားပါ
တချို့လူတွေက ပြောကြတယ် ပိုက်ဆံ၇ှိတိုင်း အကုန်လုပ်လို့မရနိုင်ဘူးတဲ့၊
ဒါပေမဲ့ ပိုက်ဆံမရှိရင်ရော ဘ၀ဟာ ကျေနပ်စရာ တွေနဲ့ ပြည့်စုံပါ့မလား…. ။
ဒါကြောင့် အသက် ၃၀ မတိုင်ခင် သင့်ရဲ့ အားအင် အများစုကို သင့်ဘ၀ရဲ့
အလုပ်မှာ မြှုပ်နှံပါ။ အလုပ်မှာ ဘ၀တိုးတက်ဖို့အတွက် ကြံဆနေပါ။
၂။ ပိုက်ဆံမျက်နှာ သိပ်မကြည့်ပါနဲ့
အလုပ်မှာ လစာ နည်းတယ်ဆိုပြီး စောဒက မတက်ပါနဲ့။ ဘဏ်ထဲမှာ ပိုက်ဆံ
ပမာဏဟာ ဂဏန်း ၄ လုံးလောက်ပဲ ရှိပါလား ဆိုပြီး
သောကရောက်မနေပါနဲ့။ အနာဂတ်ကို ကြိုပြီး စိတ်ပူမနေပါနဲ့….
ပင်ပန်းပါတယ်။ အခုလက်ရှိလုပ်ရမှာက ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက်
လေ့လာ သင်ယူပါ…. သင့်မှာ တကယ်လို့ ဘွဲ့ ဒီဂရီ တခု ရှိထားတယ်ဆိုရင်
သင်သိထားတဲ့ သဘောတရား သီအိုရီ တွေကို လက်တွေ့ဘ၀မှာ
အသုံးချဖို့ကြိုးစားပါ။ ရေရှည်စီမံကိန်းနဲ့ လေ့လာသင်ယူပါ…. အလုပ်ဟာ
တကယ်တော့ အခမ်းနားဆုံး ကျောင်းတော်ကြီးပါပဲ။ အဲဒီအလုပ်ကပဲ
သင်လေ့လာခဲ့တာထက်ပိုပြီးတော့ အတွေ့အကြုံတွေ အတွေးအခေါ်တွေကို
သင်ပေးပါလိမ့်မယ်… ပညာမပြည့်စုံသေးရင် စိတ်မပူပါနဲ့
ဆက်တိုက်သင်ယူနေပါ…. ပိုက်ဆံမျက်နှာ တခု ထဲကို မကြည့်နေပါနဲ့။
အသက်၃၀မတိုင်ခင် ကိုယ်ပိုင် တိုက်တွေကားတွေ ၀ယ်နိုင်တဲ့ သူဆိုတာ
ရှားပါတယ၊်။
၃။ မိဘတွေကို စာနာ နားလည်ဖို့ကြိုးစားပါ
မိဘတွေ ဆုံးမတဲ့ အရာတွေကို စိတ်မဆိုးပါနဲ့…. သူတို့ကို စာနာ
နားလည်ပေးပါ… သင်ဟာ ဘယ်လောက်ပဲ အရွယ်ရောက်ရောက် သူတို့ရဲ့
မျက်လုံး ထဲမှာ သင်ဟာ ကလေးပါပဲ… သူတို့ကို
ပျော်ရွင်အောင်ထားပါ။မတတ်နိုင်ရင်တောင် အနည်းဆုံးတော့
ဖုန်းဆက်တာ၊ လက်ဆောင်လေးတွေပေးတာ တွေက သူတို့ကို
စိတ်ချမ်းသာစေပါတယ် ၊ သူတို့ စိတ်ပျော်၇ွင်ရင် သင့်မှာလဲ ကောင်းတာတွေ
ရရှိလာပါလိမ့်မယ်။
၎။ မိတ်ဆွေကောင်းတွေကို ပေါင်းသင်းဆက်ဆံပါ
မိတ်ဆွေ သူငယ်ချင်းဆိုတာ ဘ၀မှာ အရေးပါပါတယ်….
ကိုယ်ကောင်းတဲ့အချိန်မှာပဲ ပေါင်းတဲ့ မိတ်ဆွေမျိုးတွေချည်းနဲ့ပဲ
သင့်အချိန်ကို မကုန်ပါစေနဲ့…. အနည်းဆုံးတော့ ကိုယ်အခက်အခဲ
ရှိတဲ့အချိန်မှာ ကူညီနိုင်မှသာ မိတ်ဆွေစစ်ဖြစ်တယ်။ မိတ်ဆွေကောင်းတွေကို
ကောင်းကောင်းဆက်ဆံပါ…. သူတို့တွေ ဆင်းရဲ သည်ဖြစ်စေ…
ချမ်းသာသည်ဖြစ်စေ မိတ်ဆွေကောင်းဖြစ်ရင် ပေါင်းသင်းပါ၊
၅။ အချစ်ကို မကိုးကွယ်ပါနဲ့
အချစ်တွေ သင့်ရင်ထဲမှာ ဖြစ်လာရင် ရင်ထဲမှာပဲ သိမ်းထားပါ။ ချစ်တယ်
ဆိုတာ ကောင်းပါတယ်… လောကမှာ အချစ်အရေးကြီးဆုံးဆိုတဲ့
သူတွေပြောစကားကို နားမယောင်ပါနဲ့ …. တကယ်က
တာဝန်ယူနိုင်စွမ်းကသာ အရေးပါတာပါ။ မိန်းကလေးတွေရဲ့ စိတ်ကို
နားလည်ဖို့ခက်ပါတယ် … သင်လုပ်ရမဲ့ အလုပ်က လက်တွဲချိန်တွဲ ….
လက်တွဲ ဖြုတ်သင့်ရင် ဖြုတ်ဖို့ပါပဲ။ အသက်၃၀ မတိုင်ခင် အချစ်ဟာ
အတုအယောင်တော့မဟုတ်ပါဘူး ဒါပေမဲ့ များသောအားဖြင့် သူတို့ဟာ
ကောင်းကောင်းမွန်မွန်မှန်ကန်စွာ ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်တွေ့
ချို့တဲ့နေပါတယ်၊ အရင်ဆုံးလေ့လာ သင်ယူသင့်ပါတယ် … မျက်စိမှိတ်ပီး
မယုံသင့်ပါဘူး၊
၆။ အနမ်းတော့ ရှိနိုင်ပါတယ် စိတ်မပူပါနဲ့
အချစ်ဆိုတာ အရေးအကြီးဆုံး မဟုတ်ပေမဲ့ အရေးတော့ပါပါတယ် ။
လူအများစုက အသက် ၂၀ ကျော်လို့မှ ချစ်သူရည်းစားမရှိတော့ဘူးဆိုရင်
တဘ၀လုံးပဲ လူပျိုကြီးဘ၀နဲ့အရိုးထုတ်ရချည်ဆိုပြီး
ကြောက်လန့်နေတတ်ကြပါတယ်။ ဒါဟာ ယောက်ျားလေးတွေထက်
မိန်းခလေးတွေက ပိုပြီး ပူပန်တတ်ကြပါတယ်၊ အသက် ၃၀
အရွယ်ယောက်ျား တယောက်ဟာ တက်သစ်စပန်းတပွင့်နဲ့တူပါတယ်၊
ကြွေကျဖို့ထက် ပွင့်လန်းဖို့ ပိုပြီး အားသန်နေပါတယ်… ရင့်ကျက်တဲ့
ယောက်ျား တယောက်မှသာ အချစ်ဆိုတာကို ရေရှည်
တန်ဖိုးထားတတ်မှာပါ။ .. ဒါကြောင့် မိန်းကလေးတွေကို ရယူဖို့အတွက်
ရူးရူးမူးမူး ကြိုးစားနေမဲ့ အစား အသက် ၃၀ မတိုင်ခင်မှာ
တယောက်တည်းနေခြင်းရဲ့ အရသာကို ခံစားပါ။
၇၊ အကုန်လုံးကို မလုပ်ချင်ပါနဲ့
သင့်မှာ အွန်လိုင်း ဂိမ်း ကစား တာ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာ …
ဓာတ်ပုံရိုက်တာ စသဖြင့် ၀ါသနာတွေ၇ှိနိုင်ပါတယ်။ ဒါတွေဟာ ကျောင်း
မပြီးခင် အချိန်အထိတော့ အချိန်ပေးလုပ်ခဲ့နိုင်ပါတယ် …. ဒါပေမဲ့
ကျောင်းပြီးလို့ အခုလို အလုပ်ထဲဝင်တဲ့အချိန်မှာတော့ အဲလို
ဝါသနာတွေအတွက် အချိန်နဲ့ စွမ်းအင်တွေ အားစိုက်မှူတွေ လုပ်ဖို့
မတတ်နိုင်တော့ပါဘူး… စိတ်ဝင်စားမှု ၀ါသနာဆိုတာ လူတိုင်းမှာ
ရှိပါတယ်…. ဒါပေမဲ့ အရေးကြီးတာ မကြီးတာကို ခွဲခြားနိုင်ဖို့ ကြိုးစားပါ …
အကုန်လုံးကို လုပ်ဖို့ မလွယ်ပါဘူး…
၈။ လူငယ်ဆိုတာ မဆုံးရှုံးပါဘူး
ကျွန်တော်တို့ဟာ စိတ်ပူပန်စရာတွေနဲ့ ကြုံလာရင်
စိတ်ပျက်အားငယ်သွားတတ်ကြပါတယ်။ အဲလိုအချိန် လူငယ်တွေမှာ
အကောင်းမြင်သဘောထား၇ှိဖို့ လိုပါတယ်။ ဆုံးရှုံးသွားရင် အစက ပြန်စပါ…
မှားယွင်းသွားရင် နောက်တခါ ထပ်မဖြစ်အောင် ကြိုးစားပါ…
အရှုံးပေးတာဟာ ကလေးဆန်တဲ့ အပြုအမူပါ။ အစွန်ဆုံးထိ အရှုံး မပေးပါနဲ့။
ကိုယ့်ကိုယ်ကို ယုံကြည်ပါ.. အမှားတခုဖြစ်ပြီး ရင် ကိုယ့်ကိုယ်ကို
အတိတ်မှာပဲအဆုံးမသတ်လိုက်ပါနဲ့… ထပ် ကြိုးစားလို့ အောင်မြင်ရင်
အတိုင်းမသိ ၀မ်းသာဖို့ကောင်းပါတယ်….
၉။ လူတွေကို အားကျပါ ဒါပေမဲ့ အတုမခိုးပါနဲ့၊ ကိုယ်နဲ့တွေ့တဲ့သူတွေကို
မေတ္တာထား ဆက်ဆံပါ
လူတွေမှာ အားကျစရာ လူတွေရှိပါတယ်… ဒါပေမဲ့ ကိုယ့်ပုံစံနဲ့ ကိုယ်နေပါ…
သူတို့ကို အတုခိုးပြီးလိုက်လုပ်တာ ပင်ပန်းပါတယ်…ဘာလို့လဲဆိုတော့
သင်ဟာ သင်ပါပဲ …. ကိုယ်မကြိုက်တဲ့လူနဲ့တွေ့ရင် လဲ မဝေဖန်ပါနဲ့
လူတွေမှာ သူတန်ဖိုးနဲ့ သူ၇ှိကြပါတယ်… သူတို့ကို နားမလည်နိုင်ဘူးဆိုရင်
လက်ခံနိုင်ဖို့ အားထုတ်ပါ၊
၁၀။ တာဝန်ယူ စိတ် ၇ှိပါစေ
အရင်တုန်းက ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ၊ လုပ်ခဲလုပ်ခဲ့ အခုအချိန်က စပြီး
မှန်ကန် ယုံကြည်ရတဲ့ လူဖြစ်အောင် ကြိုးစားပါ…. ယောက်ျားလေးတွေဟာ
အလုပ်မှာပဲ ဖြစ်ဖြစ် ဘ၀မှာပဲ ဖြစ်ဖြစ်၊ တာဝန်ယူတတ်တဲ့
စိတ်ရှိဖို့လိုပါတယ်…. ဒါမှ လူတွေက သင့်ကို ယုံကြည်ကြမှာပေါ့…
နောက်ဆုံး အိမ်ထောင်ဖက် ရွေးတဲ့ နေရာမှာတောင် မိန်းကလေးတွေဟာ
တာဝန်ယူရဲတဲံ ယောကျာ်းလေးတွေပဲ ရွေးချယ်ကြတယ်မဟုတ်လား။
၁၁၊ ယောကျာ်းလေးတွေမှာ အဆင်းက အရေးမပါပါဘူး
ရုပ်ရည် ချောမောမှုကို ဦးစားမပေးပါနဲ့ ။ ကြင်နာတဲ့ နှလုံးသား၊ သန့်၇ှင်းတဲ့
စိတ်.. ရိုးသားတဲ့ ဂုဏ်အင်တွေက ပိုပြီး အရေးပါပါတယ်..လူတွေက
ရုပ်ချောတဲ့ လူထက် မညစ်ပတ်တဲ့ သူကို ပိုသဘောကျပါတယ်။ တကယ်လို့
ရုပ်ချောတာမှ ကြိုက်တယ် ဆိုတဲ့ သူတွေနဲ့ တွေ့ခဲ့ရင် အလေးမထားပါနဲ့…
ဒီလိုလူမျိုးတွေက အမြင်ကျဉ်းမြောင်းတဲ့သူတွေ ဖြစ်နေလို့ပါပဲ၊
၁၂၊ ကိုယ်ကိုယ်ကို ကာကွယ်ဖို့ သင်ယူထားပါ
ဆေးလိပ်သောက်တာ၊ အ၇က်သောက်တာ၊ ညဘက် နောက်ကျမှ အိပ်တာ
တွေက အခုအချိန်မှာတော့ အရေးမကြီးဘူးဆိုပြီး ဆက်လုပ်ဖို့
မကြိုးစားပါနဲ့… အခုအချိန်မှာ မသိသာပေမဲ့ ၃၀ ကျော်လာတဲ့အခါမှာ သိသာ
ကွာခြားသွားပါတယ် …. ဘ၀မှာ ရှင်သန်ဖို့ အတွက် ကျန်းမာဖို့ လိုပါတယ်
… မကျန်းမာရင် ဘာမှ မလုပ်နိုင်ပါဘူး။ ဒါကြောင့်ပုံမှန်ကျန်းမာဖို့
ကြိုးစားပါ…. ကိုယ့်ကိုယ်ကို ကာကွယ်ပါ။
၁၃၊မအောင်မြင်မှာကို မစိုးရိမ်ပါနဲ့
အခုအချိန်အထိသင်ဟာ အောင်မြင်တဲ့သူတယောက်မဖြစ်သေးဘူးဆိုပီး
စိုးရိမ်မနေပါနဲ့ …. အလုပ်ကို ပုံမှန်လုပ်ပြီး အသိပညာကိုသာ လေ့လာပါ…
သင်နဲ့ အသင့်တော်ဆုံးအလုပ်ကို လုပ်ပြီး သင့်ရဲ့ အောင်မြင်မှုကို
လှမ်းယူပါ…
၁၄။ အလုပ်ကို ဂရုတစိုက်လုပ်ပါ
အခုလက်ရှိအလုပ်ဟာ ပျင်းစရာ ဘယ်လောက်ပဲကောင်းကောင်း…
ဘယ်လောက်ပဲ နိမ့်တဲ့အလုပ်ဖြစ်ပါစေ…
အစွမ်းကုန်အားထုတ်လုပ်ဆောင်ပါ…. အောင်မြင်တဲ့လူဆိုတာ
အသေးအဖွဲအလုပ်တွေက စခဲ့ကြတာပါ၊ အဓိကက အလုပ်မှာ ထားတဲံ
စိတ်ထားနဲ့ အလုပ်သဘောတရားလေးတွေကို နားလည်ဖို့ကသာ
အနာဂတ်အတွက် အရေးကြီးပါတယ်။
၁၅။ စစ်မှန်တဲ့ ခံစားမှု တွေကိုပဲ အလေးပေးပါ
မိန်းကလေးတွေကို ဖိနပ်လဲစီးပေးနိုင်တဲ့ ၊ အ၀တ်အစားလှလှလေးတွေ
ဝယ်ပေးနိုင်တဲ့ သူတွေကို မနာလို မဖြစ်ပါနဲ့ … သင့်အတွက်
အချိန်ကုန်ပါတယ်… မိန်းကလေး တွေ အစိုးရိမ်ဆုံး က ချစ်သူရှာမတွေမှာ မဟုတ်ဘူး
….ကိုယ့်ချစ်သူ ကိုယ့်အပေါ် အချစ်တွေ ကုန်ခမ်းသွားမှာကို ပဲ။ ချစ်တယ်ဆိုတဲ့
စကားလုံးလေးတလုံးက သာ သင့်ချစ်သူကို ပျော်ရွင်မှုတွေ အမှန်တကယ်
ရရှိစေပါတယ်..လောကမှာတခြားသူထက် ပိုပေးနိုင်တာထက် စစ်မှန်တဲ့
ခံစားမှု အကြင်နာကသာ အောင်မြင်ခြင်းကို ပို့ဆောင်ပေးပါတယ်…
၁၆။ အပြစ်ကင်းတဲ့ ကလေးလို စိတ်မျိုး နည်းနည်းတော့ ထားပါ
တခါတလေမှာ ကလေးဆန်တဲ့ ရိုးရှင်းတဲ့ စိတ်သဘောထားလေးကို
ထားတတ်ဖို့လိုပါတယ် … အပြစ်ကင်းတာ တုံးအတာ မဟုတ်ပါဘူး…
ဖြူစင်တာပါ… စိတ်ထား ဖြူစင်မှသာ တကယ်ပျော်ရွင်မှုကို သင်ရရှိမှာပါ…
ဘ၀မှာ အောင်မြင်တာ ကျရှုံးတာ မပြည့်စုံတာ အစရှိတဲ့ လောကဓံတွေကို
ဖြူစင်တဲ့ စိတ်ထားလေးနဲ့ ကြည့်ပြီး ပျော်ရွင်နိုင်ဖို့ကြိုးစားကြည့်ပါ
မူရင်း ၊ ၊ http://www.duwenzhang.com/wenzhang/lizhiwenzhang/20110422/180680.html မှ ဘာသာပြန်ခံစားတင်ပြပါသည်။
zaw naing facebook

Monday, August 4, 2014

Kiss and Risks နမ်းတာကနေ ဘာရောဂါတွေရနိုင်သလဲ (18 နှစ်ပြည့်မှဖတ်ပါ)

B ပိုးကာကွယ်ဆေးပြည့်အောင်မထိုးရသေးပဲနဲ့ ရောဂါပိုးရှိသူနဲ့ french kiss လုပ်မိရင် ရောဂါကူးနိုင်ပါသလား သိချင်ပါတယ်။
• ဆေးစာမဖြေခင် အနမ်းဋီကာချဲ့ပါရစေ။ စာတပုဒ်ရေးထားတာရှိပေမဲ့ အများဖတ်စရာအနေနဲ့တော့ မတင်လိုပါ။ လျှာမပါဘဲ နှုတ်ခမ်းချင်းနမ်းတာကို Light Kissing ခေါ်တယ်။ နှုတ်ခမ်းချင်းနမ်းတာကို Lip kiss လို့ ပြောတာများတယ်။ တရားဝင်ခေါ်ကြတာက French kiss ဖြစ်ပါတယ်။ Deep Kissing လို့သတ်မှတ်တယ်။ အထဲထိနက်တယ်။ ဒီနမ်းနည်းမှာ တယောက်ရဲ့ နှုတ်ခမ်းနဲ့ နောက်တယောက်ရဲ့ နှုတ်ခမ်း + လျှာနဲ့ ထိတွေ့မှုလုပ်ကြတယ်။ အပြန်အလှန်သဘောရှိနိုင်တယ်။ တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရ ရှိလာနိုင်တယ်။
• ပေါ့ပေါ့ပါးပါးနမ်းတာနဲ့လဲ ရေယုံနဲ့ ဝဲ ကူးစက်နိုင်တယ်။ ထိစပ်တဲ့နေရာမယ် ရောဂါမရှိသူမှာ အပေါက်အပြဲ အနာအဆာရှိမှသာ ကူးမှာပါ။
• တီဘီ (သလိပ်ထဲ ပိုးတွေ့)၊ တုပ်ကွေး၊ အအေးမိဖြစ်နေသူက နမ်းတာမခံပါနဲ့။
• မြင်သာတဲ့ မန်းရည်လို၊ ပြည်လိုအနာရှိနေသူကို သွားမနမ်းပါနဲ့။
• ရေယုံ ဗိုင်းရပ်စ် အမျိုးအား (၂)၊ အသဲရောင် (ဘီ) နဲ့ ဆစ်ဖလစ်ရောဂါတွေ ကူးနိုင်တယ်။
• သွားရည်ထဲကနေ ရနိုင်တဲ့ကူးစက်ရောဂါတွေရှိတယ်။
1. Mononucleosis (မိုနိုနူကလီယိုးဆစ်) ကို Kissing disease အနမ်းရောဂါလို့ခေါ်တယ်။ (EBV) နဲ့ (CMV) ဗိုင်းရပ်စ်တွေကနေ ကူးစက်တယ်။
2. (စထွက်ပတိုကေားကပ်စ်) ဗက်တီးရီးယားကြောင့် လည်ချောင်းနာရောဂါကူးလာနိုင်တယ်။
3. Cold sores ခေါ်တဲ့ နှုတ်ခမ်းရေယုံဟာ Herpes Simplex Virus-1 (HSV-1) ဗိုင်းရပ်စ်ကနေကူးစက်တယ်။
4. လက်-ခြေ-ပါးစပ်ရောဂါဆိုတာ Coxsackie virus ဗိုင်းရပ်စ်ကနေကူးတယ်။
5. HIV ပိုးဟာ သွားရည်ထဲမှာပါနေနိုင်ပေမဲ့ အရေအတွက်နည်းလို့ မကူးဘူးလို့ (ကနေ့အထိ) ပြောနိုင်တယ်။
6. အသဲရောင် (အေ)၊ (ဘီ) နဲ့ (စီ) တွေကတော့ နမ်းလို့ကူးတယ်လို့ပြောနိုင်တဲ့ လူနာတွေတွေ့ထားတယ်။
7. သွားဖုံးရောင်တာကို ဗီတာမင် (စီ) နည်းလို့လဲဖြစ်နိုင်တယ်။
8. Candida yeast infections မှိုပိုးဝင်နေလို့လဲဖြစ်နိုင်တယ်။ အထူးသဖြင့် ပဋိဇီဝဆေး သောက်နေချိန်မှာ ဖြစ်တတ်တယ်။
• French kiss ပြင်သစ်အနမ်းကနေ အသည်းရောင် (ဘီ) ကူးစက်ဘို့အခွင့်အလမ်း အလွန်နည်းပါတယ်။ (ဘီ) သာမက (စီ) နဲ့ (ဒီ) တွေလဲအတူတူဘဲ။ HIV လဲ ပါတယ်။ ရာနှုန်းပြည့် မကူးစက်ပါလို့ ဘယ်ဆရာဝန်ကမှ အာမမခံနိုင်ပါ။
• သီအိုရီအရတော့ ကူးစက်လာနိုင်တယ်လို့ပြောနိုင်တယ်။ ဗိုင်းရပ်စ်ပိုးတွေဟာ လူကိုယ်က အရည်တွေ မှန်သမျှထဲမှာ နေကြတယ်။ သွားရည်လဲပါတယ်။
• နှုတ်ခမ်းနဲ့ အနီးအနားမှာ အနာအဆာရှိနေရင်တော့ ကူးစက်ဘို့အခွင့်အလမ်းပိုများတယ်။
• ကိုယ်ကနေ တယောက်ယောက်ကိုနမ်းတယ်ဆိုတာ ကိုယ်နမ်းလိုက်သူကိုနမ်းဘူးသူတွေ အားလုံးကို နမ်းသလိုဘဲလို့ ပြောနိုင်တယ်။ ကိုယ်နမ်းတဲ့သူကို အရင် လူပေါင်းဘယ်လောက်က နမ်းထာသလဲသိပါသလား။
• အဖေါ်အကြောင်း ကောင်းကောင်းမသိရင် အန္ကရာယ်နဲ့ မကစားတာကောင်းတယ်။
• ငယ်တုံးရွယ်တုံးမှာ French kiss ကို အဖေါ်တွေအများကြီးနဲ့ လုပ်ခဲ့သူဟာ ဦးနှောက်မြှေးရောင်ရောဂါရစေဘို့ ပိုပြီးနီးစပ်တယ်လို့ သုတေသနတခုက ဆိုပါတယ်။
• နမ်းရာကနေ ကူးစက်ရောဂါမရချင်ရင် နမ်းတာကိုသာဆင်ခြင်ပါလေ။
ဒေါက်တာတင့်ဆွေ
ဒေါက်တာတင့်ဆွေ - Kiss and Risks နမ်းတာကနေ ဘာရောဂါတွေရနိုင်သလဲ 

Saturday, July 19, 2014

တွေ့ကြ၊သိကြတာ မကြာသေးပဲ ချစ်တယ်လို့ ဘာ့ကြောင့် ဖွင့်မပြောသင့်သလဲ ဆိုတာ သိသာစေတဲ့ အချက် (၆) ချက်

အရင်တစ်ပတ်လောက်ကမှ စတင်သိကျွမ်းခဲ့တဲ့ ကောင်မလေးကို ရည်းစားစကားပြောဖို့ စဉ်းစားနေပြီလား။ သူ့အကြောင်း နည်းနည်းမှ မသိသေးပဲ တစ်ကြိမ်၊ နှစ်ကြိမ်လောက် ဆုံပြီးကတည်းက လုံးဝကို ကြွေသွားပြီလား။ ဘယ်လိုပဲဖြစ်ဖြစ် တွေ့တာမကြာသေးပဲ ချစ်တယ်လို့ ပြောဖို့ဆိုရင်တော့ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ထည့်စဉ်းစားဖို့ လိုလာပြီပေါ့။
၁။အချိန်ကြာလာတာနဲ့အမျှ ရင်ခုန်စရာကောင်းနိုင်မှာ မဟုတ်တော့ပါဘူး။
တစ်ယောက်နဲ့တစ်ယောက် ချစ်တာ ဟုတ်မှဟုတ်ရဲ့လားလို့ မကြာခဏတွေးမိလာနိုင်ပါတယ်။ မသေချာမှုတွေ များလာလေလေ ရင်ခုန်စရာ မကောင်းတော့လေလေပါပဲ။ ဒီအချက်က အချိန်နည်းနည်းကြာလာတဲ့အခါမှ ခံစားမိနိုင်တာမျိုးမို့ ထည့်သွင်းစဉ်းစားရမယ့် အချက်ပါ။
၂။တစ်ယောက်နဲ့တစ်ယောက် ကြာလေချဉ်လေ ဖြစ်လာတတ်ပါတယ်။
နှစ်ယောက်တွဲကြည့်တော့မှ တစ်ယောက်ရဲ့အကျင့်တွေကို တစ်ယောက်သေချာသိလာပြီး မခံစားနိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်ကို လေးစားအားကျတာမျိုး မဟုတ်ပဲ ပြစ်တင်ပြောဆိုနေတာချည်းပဲ ဆိုရင်တော့ နှစ်ဦးသားဆက်ဆံရေးဟာ ဘယ်လိုမှ ကောင်းတော့မှာ မဟုတ်ပါဘူး။
၃။ဒါဟာ အသည်းကွဲဖို့ အစလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဘုမသိ ဘမသိနဲ့ ရည်းစားတွေဖြစ်ပြီးမှ နှစ်ဦးသား ဘယ်လိုမှ အဆင်မပြေတော့တဲ့အခါ လမ်းခွဲတဲ့အထိ ဖြစ်ရရော။ ဒီတော့ အသည်းကွဲတာအပြင် ဘာများရှိဦးမှာလဲ။
၎။အလိမ်ခံရတာ၊ အညာခံရတာမျိုးတွေ ကြုံလာနိုင်ပါတယ်။
ကိုယ်တွဲမယ့်သူရဲ့ နောက်ကြောင်းရာဇ၀င်ကို သေချာမသိပဲ တွဲလိုက်မိရင် သူအရင်က ဘာတွေဖြစ်ခဲ့တယ်ဆိုတာမျိုးတွေ မသိနိုင်ပါဘူး။ အရင်ရည်းစားနဲ့ ပြတ်ခါစမို့ ကိုယ့်ကို ခဏတွဲတာမျိုးလားဆိုတာလည်း မသေချာပါဘူး။ ဒီလိုမျိုးတွေ ကြုံရတဲ့အခါ ဒါဟာ စိတ်ပျက်စရာအကောင်းဆုံး ဆက်ဆံရေးတစ်ခု ဖြစ်လာမှာပါ။
၅။ကိုယ်မြင်နေရတဲ့အရာတွေက အစစ်အမှန်ဖြစ်ဖို့ ခဲယဉ်းပါတယ်။
နှစ်ဦးသား နှစ်ယောက်စလုံး မရိုးမသားနဲ့ တွဲလိုက်မိပြီဆိုရင် နောက်ဆက်တွဲ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့အခါ ကွယ်ဝှက်မှုတွေ၊ လျှို့ဝှက်ချက်တွေ ရှိလာနိုင်ပါတယ်။
၆။ယုံကြည်မှုဆိုတာကို တည်ဆောက်နိုင်ဖို့ မလွယ်ကူနိုင်ပါဘူး။
အစပိုင်းကိုယ်က ပေါ့ပေါ့လေး သဘောထားပြီး တွဲလိုက်တယ်။ ဒါကိုသူကလည်း သူ့ကိုအလေးမထားဘူးဆိုတာ သိလာတယ်။ ကိုယ်က အချိန်ကြာလာရင် သံယောဇဉ်တိုးပြီး ချစ်သွားနိုင်မယ်ထင်လို့ တွဲပေမယ့် သူကတော့ ကိုယ့်အပေါ်မှာ ယုံကြည်မှုမရှိတော့ဘူး။ အနာဂတ်မှာ ဆိုတာကိုလည်း သူယုံကြည်မှာ မဟုတ်တော့ပါဘူး။
Ref:mensxp.com
Trend

Tuesday, July 8, 2014

ယောက္ခမအကြိုက် စကား (၆) ခွန်း

 

လောကမှာ ယောက္ခထီးနဲ့ ချွေးမ မပြေလည်တာထက် ယောက္ခမ နဲ့ ချွေးမ မပြေလည်တာက ပိုများတတ်ပါ တယ်။ ဒီနေ့ တော့ ဘာရယ်မဟုတ် အင်တာနက်ထက်မွှေနောက်ကြည့်ရင်း တွေ့မိတာလေးတစ်ချို့ကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်နော်။ အဆင်ပြေရင် မုန့်လာကျွေးနော်။ အဓိက လူတွေမှာ လိုအပ် တာက အပြောချိုသာမှုပါပဲ။ အပြောချိုရင် အရာအားလုံးမှာ အဆင်မပြေဘူးဆိုတာထက် ပြေလည်ကြတာ က ပိုများပါတယ်။ ဒီတော့ ကိုယ့်နဲ့ ယောက္ခမက အတူတူ နေလို့ပဲဖြစ်ဖြစ် မနေလို့ပဲဖြစ်ဖြစ် မပြေလည်ကြ ရင် ကိုယ့်ရဲ့ ခင်ပွန်းသည်ရော ကိုယ်ရော စိတ်ညစ်ရပါတယ်။ ဘာပဲပြောပြော ပြေလည်တာကတော့ အတိုင်းထက်အလွန်ပေါ့လေ။ ဒီတော့ ဘာလိုစကားတွေကို အဓိကထားပြောရမလဲ ……..

၁) ဘယ်တော့ကြည့်ကြည့် နုပျိုလန်းဆန်းနေတာပဲ။ ဒီစကားတစ်ခွန်းက တကယ်တော့ ဘယ်သူ့ ကိုပြောပြော အပြောခံရတဲ့သူတွေက ကျေနပ် သဘောကျကြပါတယ်။ ယောကျာ်းပြောပြော မိန်းမပြောပြော အားလုံးကကြိုက်ကြပေမဲ့၊ ကိုယ့်ယောက္ခမဖြစ်သူ ကိုပြောတော့မယ်ဆိုရင်တော့ အရမ်းကြီးအကဲမပိုဖို့ လိုပါတယ် ။ သူကဒီလိုက သက်သက်လာမြှောက်တယ် မထင်ရအောင် ပြောတတ်ဖို့လိုပါတယ်။ ဥပမာ ။ ။ အမေရယ် အမေ့ကို ဘယ်တော့ကြည့်ကြည့် လန်းဆန်းနေတာပဲ။ ခုနေသမီးနဲ့သွားရင် သမီးကတောင် အိုတဲ့ရုပ်ထွက်နေတာ ကိုယ့်ကိုယ်ကိုတောင် စိတ်ပျက်ပါတယ် ဆိုတာမျိုးလေးပေါ့ ။

၂) အမေ့လက်ရာက အရမ်းစားလို့ကောင်းတာပဲ ။ ဒီစကားကတော့ စားဖိုမှူးတစ်ယောက်နဲ့တွေ့မိလို့ သူ့ကို ဒီစကားလေးပြောပြီး ချီးကျူးပေးရင် သူလည်းသဘောကျပြီး နောက်ကို ကိုယ်လာရင်တောင် ကောင်းကောင်းမွန်မွန် ပိုထည့်ပေးဖို့ ၀န်လေးမှာမဟုတ်ပါဘူး။ နောက်ပြီး သူများအိမ် မှာ ဧည့်သည်သွားလုပ်ရင်လဲ အမလက်ရာလေးက ကောင်းလိုက်တာ ၊ ထမင်းဆိုင်ထက်တောင် သာတယ် ဆိုတာမျိုးလေး ချီးကျူးလိုက်ရင် ဘယ်သူမဆို ပီတိဖြစ်မှာပါပဲ။ ယောက္ခမ အိမ်ရောက်လို့ သူချက်ပေးတဲ့ ဟင်းစားရင် ဘယ်လောက်ပဲအရသာ မကောင်းမကောင်း အမှုအရာမပျက်ပဲ ဒါလေးက ဘယ်လိုချက်ထား တာလဲ အရမ်းစားကောင်းလို့ အမေ့ဆီက လာသင်ရဦးမယ် ဆိုတာမျိုး။

၃) ဘာပဲဝတ်ဝတ် ကြည့်ကောင်းနေတာပဲ။ ဒီစကားကိုတော့ ယောက္ခမ အင်္ကျီ အသစ်ဝတ်တဲ့ အခါမျိုးတွေ မှာ မသိလိုက် မသိဖါသာ မနေပဲ အမေရယ် ဘာပဲဝတ်ဝတ်ကြည့်ကောင်းလိုက်တာ သမီးတို့များ အ၀တ်စားတစ်ခါရွေးရင် ပိန်အောင် ၊ ကြည့်ကောင်းအောင် မနညးရှာဝတ်ရတာ အမေတို့ကြတော့ ကံကောင်းလိုက်တာ ဘာဝတ်ဝတ် လှနေတော့တာပဲ ဆိုတာမျိုးလေး ။

၎) အမေ့မြေးတွေက သူ့အဘွားကိုပဲ တစ်ချိန်လုံးတနေတာ။ ပိတ်ရက်တွေ ယောက္ခမ အိမ်ကလေးခေါ် မသွားမိတာ ကြာလာပြီဆိုရင် ယောက္ခမကတော့ ကျိန်းသေနှာကစ်နေပါပြီ။ အဲလိုအချိန်မျိုးတွေဆို အိမ်အ၀ ၀င်တာနဲ့ အထုတ်မချခင် အမေရယ် အမေ့မြေးတွေက ဘွားဘွားကြီးဆီသွားမယ်ဆိုပြီး တစ်ချိန်လုံး ဂျီကျနေတာ သူ့အိမ်စာတွေနဲ့ စာမပြီးမှာစိုးလို့ ခုမှ အမေ့ဆီကို လာရတော့တယ်။ သားတို့နော် နောက်ကို စာကောင်းကောင်းလုပ် ၊ စာတွေပြီးရင် ဘွားဘွားကြီးဆီကို မေမေ အပတ်တိုင်းပို့ပေးမယ်ဆိုတာ မျိုးလေး ပြောလိုက်တော့ ယောက္ခမကြီးလည်း နှာကစ်ပြေသွားတာပေါ့နော်။

၅) အမေပြောတာလည်း ဟုတ်တာပဲ။ ဒီစကားကိုတော့ ယောက္ခမ ဘာပဲပြောပြော တစ်ခုခု ထင်မြင် ချက်ပေးလို့ပဲဖြစ်ဖြစ် ကိုယ်ကမကျေမနပ်ဖြစ်နေရင်တောင် အရင်ဦးဆုံး တုန့်ပြန်တာမျိုးမလုပ်ပဲ ။ အမေပြောတော့လည်း ဟုတ်နေတာပဲ သမီးတောင်မတွေးမိလိုက်ပါဘူး ။ ဒါပေမဲ့ သမီးကတော့ ဒီလိုမျိုး စဉ်းစားထားတယ် အမေလည်း ၀ိုင်းအကြံပေးပါဦး ဆိုပြီး နောက်ဆက်တွဲ စကားကို ပြီး မှဖြည့်ပြောပေးပါ။

၆) အရမ်းဝယ်တတ်တာပဲ ။ ဈေးဝယ်ပြန်လာတဲ့ ယောက္ခမဖြစ်သူကို သူဘာလေးပဲဝယ်လာဝယ်လာ ချီးကျူး စကားပြောပေးပါ။ ဥပမာ ။ ။ ဟင်းရွက်လေးဝယ်လာရင်တောင် အမေ၀ယ်တာလေးက လတ်လိုက်တာ သမီးဝယ်ရင် ဘယ်တော့မှ အမေ့လို ကောင်းကောင်းကန်းကန်းမရတတ်ဘူး။ အမေ၀ယ်ရင်ကို ဈေး သည်တွေက ပိုပေးချင်နေတော့တာလားမသိဘူး ။ ဆိုတော့ သူလည်းသဘောကျ ကိုယ်လည်းဈေးဝယ်ရ သက်သာသွားနိုင်တာပေါ့။

မနုဿ ရဲ့ စာမျက်နှာလေးများ

အောက်နှိုက်သွားတယ် လို့ လူသိများတဲ့ လူပျိုလှည့်တဲ့ဓလေ့



 မွန်လူမျိုးတို့ရဲ့ ထုးဆန်းပြီးလူသိများတဲ့ လူပျိုလှည့်ခြင်းဓလေ့တစ်ခု ကတော့ညဘက်အချိန်မှာ မိမိနှစ်သက်တဲ့မိန်းမပျိုအိမ်အောက် လူပျိုလှည့် တဲ့ဓလေ့ပါ ။ အောက်နှိုက်သွားခြင်းလို့ လူသိများတဲ့ ဓလေ့ လို့အခြားတိုင်းရင်းသားတွေ သိထားတဲ့ဓလေ့ ဟာ ရိုင်းစိုင်းတဲ့ဓလေ့တစ် ခု မဟုတ်ပါဘူး။