Monday, July 21, 2014

လူထု၊ အစိုးရ၊ တိုင်းရင်းသားများကြား ယုံကြည်မှုပြန်ရအောင် ပြုပြင်ရမည်ဟု အမေရိကန်သံအမတ်ပြောကြား


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်
 ဒီမိုကရေစီ၏ အခြေခံ အုတ်မြစ်မှာ ယုံကြည်မှုဖြစ်ပြီး လူထုနှင့် အစိုးရကြား၊ တိုင်းရင်း သားပြည်သူများကြား၊ လူ့အဖွဲ့ အစည်းများကြား ယုံကြည်မှု ပျောက်ဆုံးပါက ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်သော ယုံ ကြည်မှုပြန်လည်ရရှိရန် ပြုပြင် သွားရမည်ဖြစ်ကြောင်း အမေရိ ကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားသည်။

ဇူလိုင် ၁၅ ရက်က ရန်ကုန် မြို့တွင် ပြုလုပ်ခဲ့သော သံတမန် များတွေ့ဆုံပွဲ၌ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအရာရှိ တစ်ဦး၏ ဒီမိုကရေစီတစ်ခုကို မည်သို့ဖော်ဆောင်သင့်သလဲ ဆိုသည့် အကြံပြုမေးမြန်းချက်အပေါ် ၎င်း ကပြန်လည်ဖြေကြားခြင်းဖြစ်သည်။
‘‘ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ်ကတော့ ယုံကြည်မှုပဲ။ တိုင်းရင်းသားလူမျိုးတွေကြား၊ မြို့ပြနဲ့ ကျေးလက်နေပြည်သူတို့ကြား၊ အစိုးရနဲ့ လူ့အဖွဲ့အစည်းကြား ယုံကြည်မှုမရှိရင် အဲဒီအချက်ကို ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ်တစ်ခုအဖြစ်ရရှိအောင် ပြန်လည်ပြီး ပြုပြင်ရပါမယ်။ ဒီတော့မှ ယုံကြည်မှုတွေတည်ဆောက်နိုင်ပါမယ်’’ဟု ၎င်းက ပြောသည်။
အချင်းချင်း အပြန်အလှန် ယုံကြည်မှုရှိမှသာ အရေးပါသည့် အဖွဲ့အစည်းများလည်းရှိလာနိုင် မည်ဖြစ်ပြီး ပြဿနာနှင့် စိန်ခေါ်မှု များကို တစ်ဦးချင်းအနေဖြင့် ရှုမြင်ဖြေရှင်းခြင်းထက် တစ်ဦး နှင့်တစ်ဦး လုပ်ဖော်ကိုင်ဖက်များ အဖြစ် ရှုမြင်၍ပူးပေါင်းဖြေရှင်း သွားရန်လိုသည်ဟု သံအမတ်က ဆက်လက်ပြောကြားသည်။
‘‘စိန်ခေါ်မှုတွေကို အပေါင်း အဖော်တွေနဲ့အတူ ကြုံတွေ့ရ သလို ရှုမြင်ရပါမယ်။ သူတို့နဲ့ ငါတို့ဆိုပြီးမကြည့်ဘဲ ပြဿနာ ကြုံလာတဲ့အခါမှာ အတူတကွ ပူးပေါင်း လုပ်ဆောင်ဖို့စဉ်းစားပါ’’ ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဘာသာ ရေးအကြောင်းပြဆူပူလှုံ့ဆော်မှု များ၊ အကြမ်းဖက်မှုများအပေါ် အမေရိကန် ပြည်ထောင်စုက စိုးရိမ်ကြောင်း ပြောကြားထားပြီး မကြာမီမှာပင် ကိုလိုနီခေတ် ဥပဒေဖြစ်သည့် ၁၉၂၃ ခုနှစ် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် ယူနတီသတင်းထောက်များကို ထောင်ဆယ်နှစ်ချမှတ်ခဲ့ခြင်းအပေါ် အာဏာရှင်ဆန်သည့်ပြုမူ ချက်ဖြစ်ကြောင်းမြန်မာအစိုးရကို အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ပြောကြားထားသည်။
ထို့အပြင် ဒီမိုကရေစီစနစ် ကို ဖော်ဆောင်နေသည့် မြန်မာ အစိုးရသည် ပြီးခဲ့သည့်အသွင်ကူး ပြောင်းဆဲကာလသုံးနှစ်အတွင်း ကဏ္ဍစုံတွင် လျင်လျင်မြန်မြန် ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ သော်လည်း သုံးနှစ်ကြာပြီးနောက် အပြောင်းအလဲများ နှေးကွေးစပြု လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရောက်သံတမန်အသိုင်းအဝိုင်း က သုံးသပ်ပြောကြားသည်။
7Days

0 comments:

Post a Comment