Thursday, July 17, 2014

၁၉၆ဝ ခုနှစ်လောက်က ဖက်ရှင်ပုံစံနဲ့ အမ်တီဗီရိုက်ခဲ့တဲ့ စန္ဒီမြင့်လွင်


၁၉၆ဝ ခုနှစ်လောက်က ဖက်ရှင်ပုံစံနဲ့ အမ်တီဗီရိုက်ခဲ့တဲ့ စန္ဒီမြင့်လွင်မော်ဒန် ရာဇဝင် ရုပ်ရှင်ဇာတ် ကားပရက်ရှိုးကို ဇူလိုင် ၆ ရက်နေ့ က သမ္မတ ရုပ်ရှင်ရုံမှာပြသ ခဲ့ပါတယ်။ ဒီဇာတ်ကား ထဲမှာ ပါဝင်သရုပ် ဆောင်ထားတဲ့ စန္ဒီမြင့်လွင်က အဲဒီရက်မှာ မိသားစုတွေနဲ့ အတူ ဘန်ကောက်ကို အလည် အပတ် ရောက်ရှိ နေတာကြောင့် ပရက်ရှိုး လာမကြည့်ဖြစ် ခဲ့ပါဘူး။ အမ်တီဗီ ရိုက်ဖို့ လိုအပ်တာတွေကို ဘန်ကောက်မှာ ဝယ်ဖြစ်ခဲ့ကြောင်းပြော ပါတယ်။
မော်ဒန် ရာဇဝင်ရုပ်ရှင် ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး စန္ဒီမြင့်လွင်က "ဒီးဒီရိုက်တဲ့ ရုပ်ရှင် ဇာတ်ကားတွေ နည်းပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားကို ဒီးဒီကြိုက်တယ်။ ဦးခင် လှိုင်နဲ့တွဲပြီး ဟာသတွေ လုပ်ရတယ်။ ပထမရိုက်ရမယ် ဆိုတော့ ရုပ်ရှင်ကလည်း သိပ်မရိုက်တော့ နည်းနည်းတော့ကြောက် တာပေါ့လေ။ အဲဒီဇာတ်ကား မရိုက်ခင် နှစ်လ၊ သုံးလ လောက်က ရုပ်ရှင်၊ ဗီဒီယိုတွေ ဘာမှ မရိုက်ဖြစ်ဘူး။
အဲဒီတုန်းက သီချင်းဆိုတာနဲ့ အမ်တီဗီ ရိုက်တာနဲ့ ရှိုးပွဲတွေပဲ ဆိုဖြစ်နေတာ။ ရုပ်ရှင်ဇာတ် ကား ဆိုတော့နည်းနည်း စိုးရိမ်တာပေါ့။ ကိုယ့်နေရာ ကောကောင်း ပါ့မလား၊ တခြား မင်းသမီးတွေလည်း ပါတယ်။ ကစ်ကစ်တို့လည်း ပါတယ်။ မခိုင်ကြီး တို့လည်းပါတယ် ဆိုတော့ ရိုက်လည်း ရိုက်ချင်တယ်။ ကြောက်ကလည်း ကြောက်သေးတယ်။ ကိုခန့် တို့ကလည်း နေရာ လည်းကောင်း တယ် ရိုက်ဆိုလို့ ရိုက်ဖြစ် သွားတယ်။ ဦးနေရဲမာန်ကလည်း ဒီးဒီကိုသတိ တရနဲ့ ဒီဇာတ်ကား ရိုက်ဖို့ ကမ်းလှမ်းခဲ့တယ်။
ဒီဇာတ်ကား ရိုက်တော့ ပင်ပန်းတယ်။ ဂူကြီးတွေ ထဲမှာ ရိုက်ရတယ်။ ဂူထဲကထွက်လာရင် နှာခေါင်းတွေမည်းနေတာပဲ။ မေမြို့ မှာရိုက်တာ ဆိုတော့ တခြားရက်တွေ ဆိုရင်မန္တလေး သွားလည်ကြတယ်။ ရှိုးပွဲဆို ဖို့ရှိတော့ အဲဒီကနေ မလေးရှားမှာ ရှိုးပွဲသွား ဆိုတယ်။ ရန်ကုန်ပြန်လိုက်၊ သီချင်းသွား ဆိုလိုက်နဲ့ ဒီဇာတ် ကားကြီးတစ်ခုတည်း မဟုတ် တော့ နည်းနည်း တော့ ပင်ပန်းတာပေါ့" လို့ ပြောပြီး ဒီဇာတ်ကားကို ကြည့်ပြီး ပရိသတ်တွေ ဝေဖန်အကြံပေး ပါဦးလို့ စန္ဒီမြင့်လွင်က ပြောပါတယ်။
စန္ဒီမြင့်လွင်က သူ့ရဲ့ ကလီယိုပါ ထရာအခွေထဲက 'အိုသိပါပြီ' သီချင်းကို ထွန်းကိုကိုနဲ့ အမ်တီဗီ ရိုက်ကူးခဲ့ပြီး ၁၉၆ဝ ခုနှစ်လောက်က ပုံစံမျိုး ဝတ်ဆင်ကာStory ပုံစံ ရိုက်ကူး ခဲ့ကြောင်း သိရပါ တယ်။ ဒီလထဲ မှာတော့ အမ်တီဗီကိုဆက်တိုက် ရိုက်ကူးဖို့စီစဉ် ထားကြောင်းပြော ပါတယ်။
Popular News

0 comments:

Post a Comment