Tuesday, July 22, 2014

ပြည်တွင်းဘဏ်များ အတိုးနှုန်းအပြိုင်မြှင့်

ပြည်တွင်းဘဏ်များ အ ကြား  ငွေအပ်နှံသူဖောက်သည် များရရှိရေးအတွက် ဘဏ်အတိုး နှုန်းများ အပြိုင်အဆိုင်တိုးပေးနေ ရကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။
ဘဏ်အတိုးနှုန်းများကို ဘဏ်အချို့က ငွေစုဘဏ်အပ်ငွေ နှင့် စာရင်းသေအပ်ငွေနှစ်မျိုး စလုံးပေါ်တွင် တိုးမြှင့်လိုက်သော်လည်း  ဘဏ်အချို့မှာ ငွေစုအပ်ငွေတစ်မျိုးတည်းပေါ်တွင်သာ အတိုးနှုန်းတိုးမြှင့်ထားခြင်းဖြစ်သည်။
ငွေစုဘဏ်အပ်ငွေအပေါ် လက်ရှိကာလအတိုးနှုန်း ၈ ရာခိုင် နှုန်းပေးနေရာမှ ၈ ဒသမ ၂၅ ရာ ခိုင်နှုန်းအထိ တိုးမြှင့်ပေးသွား မည်ဖြစ်သည့်အတွက် ငွေစုဘဏ် အပ်ငွေအဖြစ်အပ်နှံထားသူများ မှာ ယခင်က ကျပ်တစ်သိန်းအပ် နှံပါက တစ်နှစ်လျှင် အတိုးနှုန်း ကျပ် ၈၀၀၀ ရရှိရာမှ ယခုအခါ ကျပ် ၈၂၅၀ ရရှိတော့မည်ဖြစ် သည်။
ထို့အတူ စာရင်းသေအပ်ငွေ အဖြစ် အပ်နှံသူများက တစ်လ အပ်ငွေအပေါ် ယခင် ၈ ရာခိုင်နှုန်း ပေးနေရာမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်သည့်အတွက် ကျပ်တစ် သိန်းအပ်နှံထားလျှင် အတိုးယခင် ကျပ် ၈၀၀၀ ရရှိသူမှာ ယခု ကျပ် ၉၀၀၀ ရရှိမည်ဖြစ်သည်။
စာရင်းသေအပ်ငွေ သုံးလ အပ်နှံသူမှာ ယခင်က ၈ ဒသမ ၅၀ ရာခိုင်နှုန်း  ယခု ၉ ဒသမ ၂၅ ရာခိုင်နှုန်း၊ ခြောက်လအပ်နှံ သူမှာ ၉ ရာခိုင်နှုန်းမှ ၉  ဒသမ ၅၀ ရာခိုင်နှုန်း၊ ကိုးလအပ်နှံသူမှာ ၉ ဒသမ ၅၀ ရာခိုင်နှုန်းရရှိနေရာ မှာ ၉ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ရရှိမည်ဖြစ်သည်။
 စာရင်းသေ အပ်ငွေတွင် လပိုင်းအပ်နှံမှုများအပေါ် အတိုး နှုန်းမြှင့်လိုက်သော်လည်း တစ်နှစ် (၁၂ လ)အပ်နှံမှုအပေါ်တွင် ယ ခင် ၁၀ ရာခိုင်နှုန်းအတိုင်းသာ ပေးသွားမည်ဖြစ်သည်။
‘‘အဓိကက ကိုယ့်ဘဏ်နဲ့ အမြဲလုပ်နေတဲ့ Customer တွေ အဆင်ပြေအောင် တိုးပေးတာ။ အခုက ကုန်ဈေးနှုန်းတွေက လည်း တက်သွားတယ်ဆိုတော့ ပင်စင်စားတွေအားလုံးအဆင် ပြေအောင် အခုလိုတိုးပေးလိုက် တာပါ’’ဟု  ကမ္ဘောဇဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်ခင်ချောစု ကပြောသည်။
အဆိုပါဘဏ်အပ်ငွေများ အပေါ်တွင် အတိုးနှုန်းများ တိုး မြှင့်ပေးခြင်းကို   CB ဘဏ်၊ ကမ္ဘောဇဘဏ်နှင့် အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်တို့က စတင်လုပ် ဆောင်နေပြီဖြစ်သည်။
‘‘တခြားဘဏ်တွေကလည်း အတိုးနှုန်းတွေ တိုးပေးနေတော့ ကိုယ့်ဘဏ်က Customer တွေ မပြောင်းသွားအောင် ကိုယ့်ဘဏ် က အတိုးနှုန်းကိုလည်း သူများ ပေးသလောက် လိုက်တိုးတဲ့ သဘောနဲ့ တိုးလိုက်တာပါ။ သူ များ Customer ရသလောက် ကိုယ့်ဘဏ်အပ်တဲ့သူတွေလည်း ရအောင်တိုးတာပါ’’ဟု AGD ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘဏ်အတိုးနှုန်းများစတင် တိုးမြှင့်ပေးခဲ့သည့် CB ဘဏ်က ငွေစုအပ်ငွေတစ်ခုတည်းကို ယခင်၈ ရာခိုင်နှုန်းပေးနေရာမှ ၈ ဒသမ ၂၅ ရာခိုင်နှုန်းသို့ စတင်တိုးမြှင့် ပေးထားသော်လည်း စာရင်းသေ အပ်ငွေ၏ အတိုးကို တိုးမြှင့်ရန် စောင့်ကြည့်နေဆဲဖြစ်ကြောင်း CB ဘဏ်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ယခုကဲ့သို့အပ်ငွေအပေါ် ဘဏ်အချို့က အတိုးနှုန်းများကို တိုးမြှင့်ပေးလိုက်သည့်အတွက် ဘဏ်များအကြားတွင် အခြား သော ဘဏ်များ၏ အတိုးနှုန်း များမှာလည်း တိုးလာနိုင်ဖွယ်ရှိ ကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောသည်။
7Days

0 comments:

Post a Comment