Sunday, July 27, 2014

ပျူမြို့ဟောင်းနှင့် နတ်မောက်ရှိ ဗိုလ်ချုပ်အိမ်သို့ မစ္စဂိုးဒင်းလန်းမြန်မာအလှမယ်များသွားရောက်မည်


ဓာတ်ပုံ−ကျော်ဇင်သန်း
မကြာသေးမီက ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ခဲ့သော ပျူမြို့ဟောင်းရှိ ဗိဿနိုးမြို့အပြင် နတ် မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်နှင့် အခြားအထင်ကရ နေ ရာများသို့ Miss Golden Land Myanmar  ဆန်ခါတင်အလှ မယ် ၂၅ ဦးက လေ့လာရေးခရီး သွားရောက်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။
ထို့အပြင် ရွှေစက်တော်၊ မ ကွေးမြို့နှင့် နေပြည်တော်ရှိ အ ထင်ကရနေရာများအပြင် လွှတ် တော်သို့ သွားရောက်လေ့လာရန် စီစဉ်နေသော်လည်း အတည်မပြု နိုင်သေးကြောင်း Miss Golden Land Myanmar အဖွဲ့အစည်းမှ ကိုဝေယံအောင်က ပြောသည်။
‘‘ကမ္ဘာက မသိသေးတဲ့ နေ ရာတွေကို ဦးစားပေးပြီးတော့ ဒီ နေရာတွေ ရွေးချယ်ခဲ့တာဖြစ်ပါ တယ်’’ ဟု ကိုဝေယံအောင်က ပြောသည်။
အဆိုပါခရီးစဉ်ကို ဇူလိုင် ၂၇ရက်တွင်   စတင်မည်ဖြစ်ပြီး ၃၀ ရက်အထိ   သွားရောက်ကြ မည်ဖြစ်ပြီး ခရီးစဉ်တစ်လျှောက် တွင်  ချို့တဲ့သော  ကလေးငယ် များနှင့် ဘိုးဘွားများအတွက် အလှူများ     ပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။
အဆိုပါခရီးစဉ်ကို မြန်မာ နိုင်ငံ ခရီးသွားမြှင့်တင်ရေး အ တွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။
ထိုအလှမယ် ၂၅ ဦးထဲမှ ငါး ဦးကိုရွေးချယ်၍ မကာအိုနိုင်ငံ တွင်ပြုလုပ်မည့် Miss Earth၊ ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် Miss Grand International၊ တိုင်ပေတွင်ပြုလုပ်မည့် Face of Beauty၊ပိုလန်နိုင်ငံတွင် ပြုလုပ်မည့် MissSupranational နှင့် ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့်  Miss Inter−national နိုင်ငံတကာ အလှမယ် ပြိုင်ပွဲ ငါးပွဲသို့ စေလွှတ်ယှဉ်ပြိုင် မည်ဖြစ်သည်။
7days

0 comments:

Post a Comment