Saturday, July 19, 2014

မလေးရှားလေကြောင်းလေယာဉ် ပစ်ချခံရမှုကြောင့် ရွှေဈေးအတက်အကျကြမ်း


ဈေးကွက်အတွင်း ရောင်းချနေသော ရွှေထည်ပစ္စည်းများ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မလေးရှားလေကြောင်း လိုင်းမှ လေယာဉ် ပစ်ချခံရမှု ကြောင့် ကမ္ဘာ့နိုင်ငံရေးတင်းမာ လာနိုင်၍့ ကမ္ဘာ့ရွှေဈေးများအတက်အကျကြမ်းသွားရာ ပြည်တွင်းရွှေဈေးနှုန်းများလည်း တစ်ရက်တည်းတွင် အတက်အကျမြန်ခဲ့သည်။
ကမ္ဘာ့ရွှေဈေးနှုန်းများသည် ဇူလိုင် ၁၇ ရက်တွင် တစ်အောင်စ လျှင် ၁၃၁၀ ဒေါ်လာမှ ၁၃၁၈ ဒေါ်လာသို့ တက်သွားခဲ့ပြီး ညနေ ပိုင်းတွင် ၁၃၁၂ ဒေါ်လာသို့ ပြန် လည်ကျဆင်းခဲ့သည်။
ထို့ကြောင့် ပြည်တွင်းရွှေ ဈေးနှုန်းများမှာလည်း တစ်ရက် တည်းတွင် တစ်ကျပ်သားပေါ် တွင် ကျပ် ၅၀၀၀ နီးပါး ဈေးနှုန်းပြောင်းလဲသွားခဲ့သည်။
မလေးရှားလေကြောင်းပစ် ချခံရသည့်အတွက် နိုင်ငံများ အကြား တင်းမာမှုများဖြစ်လာ နိုင်သည်ဟု ခန့်မှန်းကာ စတော့ ရှယ်ယာဈေးကွက်တွင် ရွှေဝယ် လိုအားများ မြင့်တက်လာသည့် အတွက် ရွှေဈေးနှုန်းများမြင့်တက် သွားခဲ့ခြင်းဖြစ်သည်။
‘‘ဈေးက အတက်ကြမ်းသွား တာဆိုတော့ တချို့ကတော့ ထုတ်ရောင်းလာတာရှိတယ်။ ဈေးက စားလိုတဲ့သူတွေလည်း ၀ယ်တာရှိပါတယ်။ ရုတ်တရက်ထွက်လာ တာဆိုတော့ ပစ္စည်းကထွက် လာတာပိုများပါတယ်’’ဟု ရွှေ လုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။
ပြည်တွင်းရွှေဈေးနှုန်းများ မှာ  ဇူလိုင်လ ၇ ရက်ညနေတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၇၀,၀၀၀ ထိကျဆင်းသွား ရာမှာ ကျပ် ၆၇၉,၅၀၀ ထိ မြင့် တက်သွားခဲ့ပြီး ညနေပိုင်းတွင် ကျပ် ၆၇၆,၅၀၀ သို့ပြန်လည်ကျ ဆင်းသွားခဲ့သည်။
‘‘အခုဈေးတက်တာကတော့ လေကြောင်းလိုင်း ကိစ္စကြောင့် ရုတ်တရက် ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ကမ္ဘာ့ဈေးတွေကလည်း ပြန်တက်လာနိုင်တော့ ပြည်တွင်း ဈေးကိုလည်း ပြန်တက်မယ်မှန်း ထားတာတွေရှိနေတုန်းပဲ’’ဟု ရွှေ လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် ပြည်တွင်းရွှေဈေးနှုန်းများမှာ တစ် ကျပ်သားလျှင် ကျပ် ၆၈၅,၀၀၀ ရောက်ရှိသွားချိန်တွင် ပြန်ထုတ် ရောင်းသူများခဲ့သော်လည်း ဈေး ထပ်စောင့်သူများအခက်တွေ့နေ သည်။
7Days

0 comments:

Post a Comment