This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, June 17, 2014

Techspace Journal Vol (3), Issue (11)


Techspace ဂျာနယ်ကို အပတ်စဉ်အင်္ဂါ နေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Techspace ဂျာနယ်ကို ဖတ်ချင်သူများအတွက် မူရင်းဆိုဒ်ကနေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Techspace ဂျာနယ် ၀ယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Techspace Journal Vol(3), Issue (11) ကိုတင်ပေး လိုက်ပါတယ်ဗျာ။ ဒီနေ့ 17 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

ဗြိတိသျှ သံတမန်တွေ ဦးဥတ္တရကို တွေ့ခွင့်ရ


 ပြီးခဲ့တဲ့ သီတင်းပတ်က မဟာသန္တိ သုခကျောင်းကို ရဲအင်အားနဲ့ ဝင်ရောက် စီးနင်းခဲ့ ပြီးနောက် အဓမ္မ လူဝတ်လဲပြီး အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ ထားတဲ့ လန်ဒန်မြို့ သာသနာ့ရံသီ ဝိဟာရ ကျောင်းက ဆရာတော် ဦးဥတ္တရကို မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက သံတမန် နှစ်ယောက် ဇွန်လ ၁၇ ရက် အင်္ဂ࿿ါနေ့က သွားရောက် တွေ့ဆုံခွင့် ရခဲ့ပါတယ်။

ဆရာတော်ဦးဥတ္တရကို ဥပဒေအရ ခုခံကာကွယ်ခွင့် ပေးဖို့နဲ့ သူ့ကို ရုံးထုတ်တဲ့ အခါ သံရုံးက ကိုယ်စားလှယ်တွေ ကိုလည်း တက်ရောက်ခွင့် ပေးဖို့ အစိုးရကို တောင်းဆို ထားတယ်လို့ သံရုံးပြောခွင့် ရသူက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဦးဥတ္တရ အတွက် လိုအပ်ရင် ဆေးကုသမှု ခံယူခွင့်ပြုဖို့ကိုလည်း အစိုးရကို တိုက်တွန်း ထားတယ်လို့ ရန်ကုန်မြို့ ဗြိတိသျှ သံရုံးက ပြောရေးဆိုခွင့် ရှိသူ Joseph Fisher က ပြောပါတယ်။

ဦးဥတ္တရ အပါအဝင် ဖမ်းဆီး ထားတဲ့ သံဃာ ငါးပါးကို သောကြာနေ့မှာ ရုံးထုတ်မယ်လို့ သိရပေမဲ့ ဘယ်တရားရုံးမှာလဲ ဆိုတာတော့ မသိရသေးဘူးလို့ ဗြိတိသျှ သံရုံးက ပြောပါတယ်။

ထောင်တွင်းမှာ တွေ့မြင်ရတဲ့ အခြေအနေ နဲ့ပတ်သက်လို့လည်း သံရုံးက အသေးစိတ် ပြောဆိုခြင်း မရှိပါဘူး။

ဗြိတိန် နိုင်ငံသားဖြစ်တဲ့ ဦးဥတ္တရကို တွေ့ခွင့် ရခဲ့ ပေမဲ့ တခြား အဖမ်းခံ ထားရတဲ့ မြန်မာ နိုင်ငံသား သံဃာတွေနဲ့ ပတ်သက်လို့ တစုံတရာ မသိရကြောင်း သံရုံး ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

လောလောဆယ်မှာ ဦးဥတ္တရ အပါအဝင် သံဃာ ငါးပါးကို ရမန် ယူပြီး ဖမ်းဆီး ထားတာ ဖြစ်ပါတယ်။

 ဘီဘီစီ (မြန်မာပိုင်း)
သာသနာ့ရံသီ ကျောင်းက ဆရာတော် နှစ်ပါး ကို လွှတ်ဖို့ တောင်းဆို ဆန္ဒပြကြ

ပွင့်ဖြူမြို့နယ်အတွင်း ပဋိပက္ခဖြစ်ပွား၊ နေအိမ်လေးလုံး ပျက်စီးဆုံးရှုံး


 မကွေး၊ မဇ္ဈိမ။ ။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကုန်ဇောင်းကျေးရွာ၊ စက်တန်းရပ်ကွက်ရှိ အစ္စလာမ်ဘာသာဝင် နေအိမ် လေးလုံး ကို လူအင်အား ၂ဝဝခန့် လာရောက်ဖျက်ဆီးသည့် ဖြစ်စဉ် ဇွန် ၁၆ ရက် ည ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု ပွင့်ဖြူမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဇွန် ၁၇ ရက်တွင် မဇ္စျိမ ကို အတည် ပြုသည်။

ယင်းသို့ မဖြစ်ပွားမီ တစ်ရက်အလိုတွင် အစ္စလာမ်ဘာသာဝင် ဒေါ်ချို၏ နေအိမ်သို့ လူ ၅ဦး လာရောက်၍ လေးခွ၊ ခဲများဖြင့် ပစ်ပေါက်မှု ဖြစ်ပေါ်ခဲ့သေးသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ အခင်းဖြစ်ရပ်ကို ဒေါ်ချိုက ဇွန် ၁၆ရက် နေ့လည်တွင် သက်ဆိုင်ရာ ရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့သည်။

ထို့နောက် ညပိုင်းတွင် ဒေါ်ချိုအိမ်ရှေ့သို့ လူ ၁၅ဦးခန့် လာရောက်စုရုံးရာမှ အင်အား ၂ဝဝ ခန့်အထိ ဖြစ်လာကာ အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် အခြားနေအိမ် လေးလုံးပါ ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။ ဖြစ်စဉ် အတွင်း မော်တော်ဆိုင်ကယ် ၄စီး၊ ရေခဲသေတ္တာ၊ တီဗွီ၊ အစားအသောက်နှင့် အိမ်သုံးပစ္စည်းများ ပျက်ဆီးခဲ့ သည်ဟု ရဲမှတ်တမ်းက ဆိုသည်။ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ လာရောက်ထိန်းသိမ်းခဲ့၍ တစ်နာရီခန့် အကြာတွင် အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။ “မြို့ပေါ်ကလူအချို့နဲ့ မျက်နှာစိမ်းတွေလည်း တွေ့တယ်၊ ဒီလို ဖြစ်ရပ်မျိုးတွေ မဖြစ်ဖို့ ဥပဒေစိုးမိုးစွာနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်တယ်”ဟု ကုန်းဇောင်းမြို့ခံ ဦးတင့် ဆန်း က မဇ္စျိမကို ပြောသည်။ စတင်လှုံ့ဆော်ခဲ့သည့် လူ ၅ဦးကို စစ်ဆေးနေသော်လည်း မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို အတည်ပြုရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ငြင်းဆန်းခဲ့သည်။

ဝိုင်းအောင်
Mizzima - News in Burmese
ဥက္ကံ ပဋိပက္ခ ဖြစ်ပွားစဉ်က မြင်ကွင်း

Digital Life Journal Issue Vol-3 ၊ Issue 8


Digital Life ဂျာနယ်ကို အပတ်စဉ် တင်္နလာနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Digital Life ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Digital Life ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Digital Life Journal Vol(3), Issue (8) ကို တင်ပေး လိုက်ပါတယ်ဗျာ။ 16 ရက်နေ့ထွက် ပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။

Credit to ==> https://www.facebook.com/MyanmarDigitalLife

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
အဆင်ပြေရင်ကြော်ငြာလေးတွေကိုတစ်ချက်လောက်ကလစ်ခဲ့ပါသူငယ်ချင်းတို့ရေ...။


   Download

လူ့အခွင့်အရေးရုပ်ရှင်ပွဲ ခြိမ်းခြောက်ခံရ


 မြန်မာနိုင်ငံ မှာ ဇွန်လ ၁၅ ရက်နေ့ ကနေ ၁၉ ရက်နေ့ထိ ကျင်းပနေ တဲ့၊ ဒုတိယ အကြိမ်မြောက် လူ့အခွင့်အရေး နဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် မှာ ပြသမယ့်၊ မှတ်တမ်း ရုပ်ရှင် ကားတွေ ထဲက၊ ‘အမိုးမရှိတဲ့ ကောင်းကင်’ လို့ အမည် ပေးထားတဲ့ မှတ်တမ်းရုပ်ရှင် ကို၊ ခြိမ်းခြောက် တဲ့ စာတွေ ရောက်လာတဲ့ အတွက် မပြသဖို့ ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေး စီစဉ်သူတွေ က ဆုံးဖြတ် လိုက်ပါတယ်။

အဲဒီ့ ရုပ်ရှင်ကား ကို လူငယ်လေး ၃ ဦး က ရိုက်ကူးခဲ့တာ ဖြစ်ပြီး၊ ဘာသာမတူသူ အမျိုးသမီးကြီး ၂ဦးအကြား က၊ တစ်ဦးကို တစ်ဦး စောင့်ရှောက်မှု၊ ကူညီမှု၊ ချစ်ခြင်းမေတ္တာ ကို ဖော်ကျူးထားတာ ဆိုပြီး၊ ဒီရုပ်ရှင်ပွဲတော် ကို စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ပြောပါတယ်။

ဒီရုပ်ရှင်ကား ကို ကြည့်ဖူးခြင်းလည်း မရှိပဲ၊ တဆင့်စကားတွေ နဲ့၊ အစ္စလာမ်နိုင်ငံများ ပူပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ ငွေကြေးထောက်ပံ့မှု နဲ့ ဒီကားကို ရိုက်ကူးခဲ့တာ ဆိုတဲ့ လွဲမှားတဲ့ သတင်း စကားမျိုးတွေ အပြင်၊ ရုပ်ရှင်ရုံ ကို မီးရှို့မယ်၊ ရုပ်ရှင် ရိုက်သူကို သတ်မယ် ဖြတ်မယ် ဆိုတဲ့၊ မုန်းတီးရေး စကားတွေ၊ လှုံ့ဆော်မှုတွေ ဟာ ဖေ့စ်ဘွတ်ခ်ကဲ့သို့၊ လူမှုကွန်ယက် စာမျက်နှာတွေ မှာ ပျံ့နှံ့ လာခဲ့တဲ့ အတွက်၊ စိုးရိမ်မှု တွေ ဖြစ်ပေါ် လာရတာ ဆိုပြီး၊ မင်းထင်ကိုကိုကြီး က ပြောပါတယ်။

ဒီရုပ်ရှင်ပွဲတော် မှာ ပြည်တွင်းရုပ်ရှင် ၃၂ ကား၊ အာဆီယံရုပ်ရှင် ၉ကား နဲ့ နိုင်ငံတကာရုပ်ရှင်၂၆ကား စုစုပေါင်း ၆၇ကား ပြသ မှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းဆုကြည် ဆု၊ မင်းကိုနိုင် ဆု၊ Vaclav Havel Library ဆု၊ Peter Wintonick ဆု စတဲ့ ဆု ၇ ဆုအပြင် ဟံသာဝတီ ဦးဝင်းတင်ဆု ကို ဒီနှစ် ထည့်သွင်း ချီးမြှင့် မှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Human Rights Human Dignity International Film Festival
 

မြန်မာစာတမ်းထိုးပြီးသား နိုင်ငံခြား Video ကားများကို မထစ်ဘဲ online မှကြည့်ရှု့နိုင်ပါပြီ ..



မြန်မာစာတမ်းထိုးထားတဲ့ နိုင်ငံခြား video ဇာတ်ကားများကို www.watchmyanmarmovies.com မှာ ကြည့်ရှု့နိုင်ပါပြီ။ နေ့စဉ် တစ်နေ့ကို အကား ၃၀ လောက် update လုပ်ပေးနေပါတယ်။ Online မှ အခမဲ့ ကြည့်ရှု့နိုင်စေရန် ရည်ရွယ်ပြီး လုပ်ထားတာပါ။ ဖုန်းနဲ့သော်လည်းကောင်း၊ ကွန်ပျူတာဖြင့်သော်လည်းကောင်း ကြည့်ရှု့လို့ရနိုင်ပြီး Quality ကောင်းသော video များကိုသာ သီးသန့်တင်ပေးထားပါတယ်။ online မကြည့်ချင်သူများအတွက် Google Drive ကနေလည်း Video များကို Download လုပ်လို့ရနိုင်စေရန် တင်ပေးထားပါတယ်။

Samsung ရဲ့ Quad HD Display နဲ့ နောက်ထပ် Galaxy Note

samsung-galaxy-note-3 copyရောင်းအား ကောင်းမူတွေကြား ဆမ်ဆောင်းဟာ နောက်ထပ် Galaxy Note စမတ်ဖုန်းတစ်လုံး ထပ်ထုတ်မယ်ဆိုတာကတော့ အံ့သြစရာတော့ မရှိပါဘူး။ ဒါပေမဲ့ နောက်ထပ် ထွက်ရှိမဲ့ Note 3 ကို ဘယ်လို ဒီဇိုင်း ကောင်းမွန်မူတွေနဲ့ တိုးတက်စေမှာလည်း ဆိုတာကတော့ ရှိပါတယ်။ ကုမ္ပဏီရဲ့ ၀က်ဒ်ပရိုဖိုင်တစ်ခုပေါ်မှာ မကြော်ငြာရသေးတဲ့ မော်ဒယ် SM-N910A ( Note 3 ) အကြောင်းကို ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ ပါဝင်ခဲ့တာကတော့ 2,560 x 1,440 မျက်နှာပြင် ရုပ်ထွက်၊ အကြမ်းထည် ပုံစံ ဒီဇိုင်းအားဖြင့် LG G3 ရဲ့ shape အတိုင်း ဖြစ်မယ်လို့ အရိပ်အမြွှာ ပြောကြားခဲ့ပါတယ်။ အရွယ်အစားကတော့ 5.7 လက်မ နဲ့ ဖြစ်မယ်လို့ အကြံပြုထားပါတယ်။ ပရိုဆက်ဆာ ကိုတော့ 805 or Exynos 5433 processorရှိမယ်လို့ Sammobile က အခိုင်အမာ ဆိုထားပါတယ်။ ကင်မရာကတော့ 16 megapixel နဲ့ပေါ့။

iPhone 6 နှစ်လုံး ဓာတ်ပုံ ထွက်ပြီ

iPhone 6 နှစ်လုံး ဓာတ်ပုံ ထွက်ပြီယမန်နှစ်က iPhone 5S နဲ့ ပက်သက်လို့ သတင်းမှန်ကို ထွက်ရှိစေခဲ့တဲ့ သြစတေးလျ ဘလော့ဂါ Sonny Dickson ဟာ iPhone 6 ဓာတ်ပုံများကို တင်ပေးခဲ့ ပါတယ်။ ပုံမှာ မြင်တွေ့ ရတဲ့ အတိုင်း ပါပဲ။ ၅.၅ လက်မ အရွယ် ဗားရှင်း နဲ့ ၄.၇ လက်မ အသေး ဗားရှင်း ဆိုပြီးတော့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။
ထူးခြားချက် အနေနဲ့ ပိုပါးတဲ့ စမတ်ဖုန်းမျိုးအစား ဖြစ်လာမှာ ဖြစ်ပါတယ်။ နှစ်မျိုး စလုံးကို သတ္တုနဲ့ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ပလပ်စတစ်နဲ့ ပြုလုပ်တဲ့ ဗားရှင်း ထွက်မထွက် ကတော့ မသိရ သေး ပါဘူး။ ထိုင်ဝမ်က ပေါ့ အဆိုတော် တစ်ဦး ဖြစ်တဲ့ Jimmy Lin ဟာလည်း iPhone 6 နှစ်လုံးကို ကိုယ်လို့ ဆိုရှယ်မီယာ ဖြစ်တဲ့ Weibo မှာ တင်ခဲ့ ပါတယ်။. ၄.၇ လက်မ အရွယ် iPhone 6 ကို သြဂုတ်လမှာ ရောင်းချသွားမှာ ဖြစ်ပြီး ၅.၅ လက်မ အရွယ် iPhone 6 ကိုတော့ စက်တင်ဘာလမှာ စတင် ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း သတင်းများက ဆိုထား ပါတယ်။
အတွင်း Specification နဲ့ ပကသက်လို့ ကြေညာထားခြင်း မရှိသေး ပါဘူး။ တရုတ်ပြည် Foxconn စက်ရုံမှာ ထုတ်လုပ်နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။
 (ရိုးရာလေး)

သံဃာတော်ငါးပါး လူဝတ်လဲဖမ်းဆီးခြင်းအပေါ် အင်္ဂလန်ရောက်မြန်မာများ သံရုံးရှေ့တွင်ဆန္ဒပြ


သံဃာတော်ငါးပါး လူဝတ်လဲဖမ်းဆီးခြင်းအပေါ် အင်္ဂလန်ရောက်မြန်မာများ သံရုံးရှေ့တွင်ဆန္ဒပြဇွန်လ ၁၆ ရက်က အင်္ဂလန် နိုင်ငံရောက် မြန်မာနိုင်ငံသား ၂၀၀ ၀န်းကျင်သည် မဟာသန္တိ သုခကျောင်းတိုက်တွင် သီတင်း သုံးနေသော ဆရာတော် ဦးဥတ္တရနှင့် သံဃာတော်လေးပါး ဖမ်းဆီး လူဝတ်လဲခံရမှုနှင့် ပတ်သက်ပြီး ၎င်းတို့အား ပြန်လွှတ်ပေးရန် လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့သို့ သွားရောက် ဆန္ဒပြတောင်းဆို ကန့်ကွက် ခဲ့ကြသည်။ ထိုဆန္ဒပြမှုကို သံရုံးရှေ့တွင် တစ်ပတ်ကြာ ဆန္ဒပြကန့်ကွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဆန္ဒပြရာတွင် ဦးဆောင်သူ မဥမ္မာဦးက ပြောသည်။
‘‘အဓိကက ဆရာတော်တွေကို အတင်းအဓမ္မ ဖမ်းဆီးတာကို ဆန္ဒပြတာပါ။ ဆန္ဒပြတာကို ဒီတစ်ပတ်လုံး မြန်မာ သံရုံးရှေ့မှာ လုပ်သွားမယ်။ နိုင်ငံခြားရေးရုံးမှာလည်း အခြေအနေကို သွားရောက်တွေ့ဆုံပြောသွားမယ်။ အင်္ဂလန် ဆရာတော် အပါအ၀င် သံဃာလေးပါးကို ပြန်လွှတ်ပေးဖို့ တောင်းဆို သွားမယ်’’ ဟု မဥမ္မာဦးက ပြောသည်။
အဆိုပါ ဆရာတော်များ ဖမ်းဆီးလူဝတ်လဲခံရမှုနှင့် ပတ်သက်၍ မြန်မာပြည်သူများကလည်း သာသနာရေးဝန်ကြီးဌာနအား အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်အား တိုင်းသံဃနာယကဆရာတော်များ ဦးဆောင်၍ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးကာ ဇွန်လ ၁၀ ရက် ည ၁၁ နာရီတွင် ၀င်ရောက် စီးနင်း၍ ကျောင်းတိုက်ရှိ သံဃာတော်များကိုဖယ်ရှားကာ ကျောင်းတိုက်ကို ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။
7Day News

မြန်မာလုပ်သားများကို ထိုင်းစစ်အစိုးရ ဆက်တိုက် ဖမ်းဆီးနေ၍ မြန်မာစတင်စုံစမ်း


မြန်မာလုပ်သားများကို ထိုင်းစစ်အစိုးရ ဆက်တိုက် ဖမ်းဆီးနေ၍ မြန်မာစတင်စုံစမ်းအာဏာသိမ်းထိုင်း စစ် အစိုးရက တရား မ၀င်မြန်မာလုပ် သားများကို ဆက်တိုက် ဖမ်းဆီး နေသည့် သတင်းများ ထွက်ပေါ် နေသဖြင့် မြန်မာ အစိုးရက စတင် စုံစမ်းနေကြောင်း အလုပ် သမားအလုပ် အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။ ထိုင်းနိုင်ငံတွင် စစ်အစိုးရ တက်လာပြီးနောက် မြန်မာအပါ အဝင် တရားမဝင် အလုပ်သမား များကို ယခုလဆန်းပိုင်းမှ စ၍ ဆက်တိုက် ဖမ်းဆီးနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ထိုကြောင့် မြန်မာ အစိုးရက ယင်း ဖြစ်ရပ်အပေါ် မှန်ကန်မှုရှိ၊ မရှိ စုံစမ်းနေပြီး မှန်ကန်မှုရှိပါက နှစ် နိုင်ငံ ညှိနှိုင်းဆွေးနွေးမှု ဆောင် ရွက်သွား မည်ဖြစ်ကြောင်း တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘သံအရာရှိကို အသေးစိတ် မေးခိုင်း ထားတယ်။ အခုကြားနေ တာက လူမှုအဖွဲ့အစည်းတွေ ဘက်ကပဲ သတင်းတွေ တက်သေးတယ်။ အစိုးရဘက်က သတင်းမတက်သေးဘူး။ အခုမှ နိုင်ငံခြား က ပြန်လာတာဆိုတော့ သိပ် တော့ သတင်းအတိအကျမရ သေးဘူး။ ခိုင်မာမှုရှိအောင်တော့ လုပ်ရမယ်။ ကိုယ့်နိုင်ငံသားအ တွက်ပဲ။ တကယ်အဖမ်းခံနေရရင်တော့ ဆောင်ရွက်ရမှာပေါ့။ လောလောဆယ် သေချာမသိ သေးဘူး။ သိရင်တော့ အထက်ကို တင်ပြပြီး လုပ်မှာပေါ့’’ဟု အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးအောင်က ပြော ကြားသည်။
ထိုင်းရောက် မြန်မာအလုပ် သမားများ ဖမ်းဆီးခံရမှုသည် ဇွန် လ ဆန်းမှစ၍ ဖမ်းဆီးနေမှု သိသိသာသာ ဆောင်ရွက်လာကြပြီး ဇွန်လ ၁၆ ရက်အထိ မြန်မာအလုပ်သမား ၄၀၀ ကျော် ဖမ်းဆီးခံနေရပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ သတင်းရရှိသည်။ ဇွန်လ ၃ ရက်က ထိုင်း နိုင်ငံ မဲဆောက်မြို့ရှိ တရားမ၀င် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံ စစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေး တို့က ၀င်ရောက်ဖမ်းဆီးခဲ့ရာ တရားမ၀င်နေထိုင်သော မြန်မာ လုပ်သား ၁၆၃ ဦးဖမ်းဆီးခံခဲ့ရ သည်။ ထိုဖမ်းဆီးခံရသူများကိုနေ့ချင်း မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့သည်။
ထို့နောက် ဇွန်လ ၁၁ ရက်တွင် ချင်းမိုင်မြို့၌ အလုပ်လုပ်ကိုင် သော တရားမ၀င် မြန်မာနိုင်ငံ သားများကို ထိုင်းနိုင်ငံစစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးတို့က ထပ်မံ ၀င်ရောက်ဖမ်းဆီးခဲ့ရာ တရားမ ၀င်နေထိုင်သော မြန်မာလုပ်သား ၃၀ ဦး ဖမ်းဆီးခံခဲ့သည်။ ထို့ အပြင် ဇွန်လ ၁၃ ရက်ကလည်း မဲဆောက်မြို့အနီးတွင် မြန်မာ အားလုံး ၁၈၀ ဦး ဖမ်းဆီးခံခဲ့ရပြီး ယခုအခါ စုစုပေါင်းလေးရာကျော် ပြီဖြစ်သည်။ ဖမ်းဆီးနေမှုများကြောင့် မြန်မာလုပ်သားများလည်း နေရပ်ပြန်မှုပိုများလာသည်။ မြန်မာ အလုပ်သမားများဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မြန်မာအ လုပ်သမားသံအရာရှိက ဖမ်းဆီးခံရမှုတွင် အထောက်အထားရှိသော မြန်မာအလုပ် သမားများ ဖမ်းဆီးခံရပါက အလုပ်သမားသံ အရာရှိထံ အချိန်မရွေး ဆက်သွယ် အကူအညီ တောင်းခံနိုင်သည်ဟု ဇွန် လ ၁၆ ရက်က ထုတ်ပြန်သည်။ သို့သော်ယင်းကိစ္စနှင့် ပတ်သက် ၍ ထိုင်းနိုင်ငံမှ မြန်မာသံအရာရှိ ထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရရှိခဲ့ပေ။
‘‘ထိုင်းလက်ရှိ အာဏာရှိတဲ့ သူက တရားမ၀င်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ် လို့ ပြောထားတယ်။ ဟိုနေ့က လည်း မြန်မာ ၃၀ အဖမ်းခံရတယ် လို့ သိရပါတယ်။ သူတို့နေထိုင်တဲ့ နေရာတွေလည်း ဖျက်ဆီးသွား တယ်လို့ ထိုင်းသတင်းစာတွေက ရေးထားပါတယ်။ ပြီးခဲ့တဲ့အပတ် ကလည်း မြန်မာတွေ အဖမ်းခံရသေးတယ်’’ ဟု ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော် သောင်းကပြောသည်။
‘‘ဟိုတစ်လောတုန်းက ဆန္ဒ ပြတုန်းက မြန်မာတွေက ရှေ့ကပါ တယ်လေ။ ဒီတော့ အခုကျတော့ အငြိုးနဲ့ လိုက်ဖမ်းနေတာလို့ ထင်တယ်။ အခုဗီဇာရှိနေတဲ့ သူတွေတောင် ပြေးနေရတယ်။ တချို့တွေဆိုရင် တောတောင် တွေထဲမှာနေနေရတယ်။ ကျွန် တော်တောင် ပြေးရသေးတယ်။ အလုပ်တွေကို ခဏနားပြီး ရှောင်နေတယ်ဗျ။ နေရေးထိုင်ရေးကတော့ အခက်အခဲလေးတွေရှိတာပေါ့။ မြန်မာသံရုံးကို ဖုန်းဆက်တာမရပါဘူး။ အခု ဒုက္ခဖြစ်နေတာတောင် မရဘူး’’ဟု လုပ်သက်သုံးနှစ်ကျော် ရှိသော ထိုင်းရောက် မြန်မာအလုပ်သမား တစ်ဦးကပြောသည်။
လက်ရှိထိုင်းနိုင်ငံတွင် မြန် မာအလုပ်သမား သုံးသန်းနှင့် အထက်ရှိပြီး တရားဝင်လုပ်သား စာရင်းမှာ ၁ ဒသမ ၇ သန်းခန့်သာရှိသည်။ မြန်မာအလုပ်သ မား အများစုသည် နယ်စပ်မှတစ် ဆင့် ထိုင်းနိုင်ငံသို့ တရားမ၀င် လမ်းကြောင်းဖြင့် သွားရောက်မှု အများဆုံးဖြစ်သည်။ ယခုအခါ ထိုင်းအလုပ်ရှင်များက နိုင်ငံရေး ပဋိပက္ခကို အကြောင်းပြုပြီး လုပ် သားများကို လုပ်ခလစာ အပြည့် အ၀မပေးဘဲ ခေါင်းပုံဖြတ်လျက် ရှိကြောင်း သတင်းရရှိသည်။ ထို့အပြင်ထိုင်းအစိုးရက တ ရားမ၀င်မြန်မာအလုပ်သမားများ ကို လက်ခံထားသည့် အလုပ်ရှင် များကိုပါ တရားစွဲဆိုသွားရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။
ထိုင်းနိုင်ငံတွင် အာဏာ သိမ်းမှု မဖြစ်ပွားမီ မေလဆန်း က မြန်မာအစိုးရက ထိုင်းအစိုး ရထံသွားရောက်၍ လက်ရှိမြန်မာ အလုပ်သမားများ ခေါင်းပုံဖြတ် ဖိနှိပ်ခံရမှုနှင့် ထိုင်းရဲတို့ ဖမ်း ဆီးငွေညှစ်တောင်းခံမှုများကို တားဆီးပေးရန် ကတိတောင်းခံခဲ့ ကြောင်း ဒုဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။ ထိုင်းအစိုးရက မြန်မာသာမက နိုင်ငံအတွင်းရှိ တရားမ၀င်ပြည်ပအလုပ်သမားများကို အရှိန်မြှင့်ဖမ်းဆီးအရေးယူနေရာ ကမ္ဘောဒီးယားမှ လုပ်သားတစ်သိန်းကျော်မှာ ရက်ပိုင်းအတွင်း နေရပ်ပြန်သွားသည်။
7Day News

Monday, June 16, 2014

ဦးကျော်သူပြောတဲ့ ပရဟိတနဲ့ ရုပ်အလှ သာမက စိတ်အလှပါထုတ်ဖော်ပြသတဲ့ အလှမောင်မယ်များအကြောင်း


နိုင်ငံတကာမှာ Miss  ဆုရရှိထားတဲ့ အလှမယ်များဟာ မဖြစ်မနေ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်ကြရပါတယ်။ ဒီလိုပရဟိတ လုပ်ဆောင်နေချိန်အတွင်းဟာ လည်း သူတို့အတွက် အလှဆုံးအချိန်တွေပါပဲ။ မြန်မာနိုင်ငံမှာလည်း ပရဟိတ လုပ်ငန်းတွေကို အလှမယ်များက စိတ်ဝင်တစားနဲ့လုပ်ကိုင်လာ ကြပါတယ်။ Miss Myanmar ဂုဏ်ရည်အေးကျော်ကလည်း နာရေးကူညီမှုအသင်း (ရန်ကုန်)ကို သွားရောက် လေ့လာခဲ့ကြောင်း အဲဒီလိုသွားရောက် ခဲ့တဲ့အတွက် အသင်းမှာ လုပ်အားပေးခြင်း၊ အသင်းသား အဖြစ်ဝင်ရောက်မှုတွေနဲ့ ပတ် သက်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူ ကို မေးမြန်းကြည့်တော့..
” Miss တွေပဲဖြစ်ဖြစ်၊ ကာယဗလမောင်ပဲဖြစ်ဖြစ် ဘယ်သူမဆို ကျွန်တော်တို့ဆီလာရင် ကျွန်တော်တို့က ကြိုဆိုတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာ မရွေး ကျွန်တော်တို့က ကူညီ နေရတဲ့သူတွေလေ။ လူမှုရေး စိတ်ဓာတ်ရှိလို့လာတာကို ကြို ဆိုပါတယ်။ ဒါပေမဲ့ ရေရှည် လုပ်နိုင်ဖို့က အရေးကြီးတယ်။ အခု နောက်ပိုင်း ပရဟိတ ကို ပိုပြီးစိတ်ဝင်စားလာတာက တိုင်းပြည်က ဆင်းရဲ နွမ်းပါး ကုန်ကြလို့၊ ဒုက္ခသုက္ခတွေ ရောက်လာလို့ ဖြစ်လာတဲ့အခါ လူသားချင်း စာနာစိတ်တွေ ပေါ်ပေါက်လာတယ်။ ကိုယ့် အသင်းအဖွဲ့ မထူထောင်နိုင် သေးလို့ လက်ရှိတည် ရှိနေတဲ့ အသင်းအဖွဲ့တွေမှာလာ ရောက် ပူးပေါင်း လုပ်အားပေးကြ တာ။ ဒါတွေက ကောင်းပါ တယ်။ အခု ဂုဏ်ရည်အေး ကျော်က ကျွန်တော်တို့ဆီမှာ လာပြီးတော့လေ့လာတယ်။ ကျွန်တော်တို့ရဲ့အသင်း စည်း မျဉ်းစည်းကမ်းတွေကိုတော့ ပြောပြထားပါတယ်။ အနု ပညာ ရှင်တွေဆို ကိုဆောင်း ဦးလှိုင်၊ ဦးရဲလွင်၊ နန်းခင်ဇေ ယျာတို့ဆို အများပြည်သူ သိတဲ့ အနုပညာရှင်တွေ အနေနဲ့အချိန်မရွေးလက် ကမ်းလာပြီး လုပ်အားပေး နိုင်တယ် လို့ထားထား တယ်။ ကျန်တဲ့ အသင်းသူ၊ အသင်း သားတွေကတော့ သင်တန်း ဆရာတွေနဲ့ သင်တန်း ၇ ပတ်လောက်တက်ပြီးမှ ဂျူတီ ချပေးပြီး အသင်းသား အဖြစ် နောက်ပိုင်း ကတ်ပြားထုတ် ပေးတာ။
ကျွန်တော်တို့ အစည်း အဝေးထိုင်ပြီး ဂုဏ်ရည်အေး ကျော်ကို အကြောင်းပြန်မှာ ပါ။ကျွန်တော်တို့ဆီမှာ အရင် တုန်းက ဘောလုံးသမားတွေ လာပြီးလုပ် အားပေးဖူး တယ်။ ဌာနဆိုင်ရာ  လူကြီးတွေ တောင်မှ လာလုပ်အား ပေး တာရှိတယ်။  ဘယ်သူမဆို လုပ်အားပေးချင်ရင်ကြိုဆိုမှာ ပဲ။ရေရှည်အသင်းသား အနေ နဲ့လုပ်ချင်ရင် သင်တန်း စည်းကမ်းအတိုင်းသင်တန်းတက် ရပါမယ်” လို့ပြောပြခဲ့ပါတယ်။
  မေမွန်မောင်

ပြည့်သူ့ထမင်းအိုးနဲ့ဝေးနေဆဲလား မြန်မာ့နိုင်ငံရေး


၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထားရယူရေး လူထုဟောပြောပွဲ
ဈေးခြင်းတောင်းကို အိမ်လှေကား ထစ်ပေါ်တင်လိုက်ပြီး လေပူတစ်ချက်မှုတ်ထုတ်သည်။ ပိုက်ဆံအိတ်ကိုဖွင့်ကာ လက်ထဲဆုပ်ထားသည့် ပိုက်ဆံများကို လုံးထွေး ထည့် လိုက်ရင်း မခိုင်ခိုင်က”နိုင်ငံရေးကို စိတ်မဝင်စားဘူး” ဟု တုံးတိပင် ဖြေလိုက်သည်။
သူက တောသူတောင်သားမဟုတ်။ လက်ရှိ နိုင်ငံရေးလှုပ်ရှားမှုများနှင့် အလှမ်းဝေးသောအစွန်အဖျားဒေသမှလည်းမဟုတ်။ ရန်ကုန်မြို့ရှိ ကုမ္ပဏီတစ်ခုတွင် Marketing Supervisor  ရာထူးဖြင့်လုပ်ကိုင်နေသည့် အသက် ၂၆ နှစ်ဝန်းကျင်ရှိ ဥပဒေဘွဲ့ရထားသူတစ်ဦး ဖြစ်သည်။ တစ်ရက်တည်းရသော တနင်္ဂနွေအလုပ်နား ရက်တွင် မိသားစု စားသောက်ရေးအတွက် မနက်လင်းကတည်းက လှုပ်ရှားနေခြင်း ဖြစ်သည်။
”နိုင်ငံရေးကို စိတ်ဝင်စားလို့ ကျွန်မတို့ ဘာရမှာလဲ။ ဟိုးအရင်ကတည်းက ပြောနေကြတာပဲ။ ဦးသန်းရွှေတို့ဘာတွေ လုပ်တယ်။ ဦးခင်ညွန့်တို့ ဘာတွေလုပ် တယ်။ ဒေါ် စု ဘာတွေလုပ်တယ်။ ကြာခဲ့ပြီ။ အခုရောဘာထူးခြားလာလဲ။ ကျွန်မတို့ဘဝဘာတွေပြောင်းလဲလာလဲ။ တကယ်တမ်းတော့ နိုင်ငံရေးနိုင်ငံရေးနဲ့ လက်တစ် ဆုပ် စာလူတွေပဲ စိတ်ဝင်စားနေကြတာပါ။ ကိုယ်လုပ်မှ ကိုယ်စားရတာပဲမဟုတ်လား” နိုင်ငံရေးဆိုသည်မှာ ပြည်သူအားလုံး၏ ဘဝနှင့်သက်ဆိုင်သည့် အဓိက အရာဟု မထင် ဘူး လား ဟူသော မေးခွန်းကို သူက အထက်ပါအတိုင်းဖြေဆိုလိုက် ခြင်းဖြစ်သည်။
ထိုအဖြေသည်သူ၏ကိုယ်ပိုင်သဘော ထားအမြင်ကို လွတ်လပ်စွာပြောခြင်းဖြစ် သည့်အပြင်သာမန်ပြည်သူတစ်ဦး၏လက် ရှိ မြန်မာ့နိုင်ငံရေးအပေါ် သုံးသပ်ချက် ပင် ဖြစ် သည်။ ပြည်သူအများစု၏ သဘော ထားအရ ထိုကဲ့သို့ပင်ကိုယ်လုပ်မှ ကိုယ် စားရသည်ဆို သောအချက်နှင့် သူတို့ဘဝ ဘာတွေ ပြောင်းလဲတိုးတက်လာလဲဆို သည့် ချ က်ခြင်းတုံ့ပြန်ကြသည့်စကားများ အရ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများသည်    ပြည်သူ့ဆန္ဒအစစ်အမှန်နှင့် ဝေးကွာနေ သလားဟူသည့် မေးခွန်းလည်း ဖြစ်ပေါ် လာနေပြီဖြစ် သည်။
နိုင်ငံရေးဆိုတာ
၁၉၄၆ ခုနှစ်ဇန်နဝါရီလ ၂ဝရက်နေ့ တွင် ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ ကျင်းပသည့်ဖဆပလအဖွဲ့ကြီး၏ နိုင်ငံ ရေးဆိုင်ရာညီလာခံတွင် ဗိုလ်ချုပ်အောင် ဆန်းက ညီလာ ခံမေးခွန်းကို ပြောခဲ့သည်။ ထို့မိန့်ခွန်းတွင် နိုင်ငံရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးဆိုသည် မှာ ကျွန်ုပ်တို့နေ့စဉ်နှင့်အမျှ လူ့လောက တွင် တွေ့ကြုံေ နကြ ရသောကိစ္စပင် ဖြစ် ပေသည်။ တနည်းအားဖြင့် ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟု ဆိုရပေ မည်။ ကျွန်ုပ်တို့စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု၊ အစုစု သည်နိုင်ငံရေး ပင်ဖြစ်၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်မခြင်မတွေးတောမိစေကာမူ နိုင်ငံ ရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက် သွယ်နေ၏။ ကျွန်ုပ်တို့ သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ုပ် တို့၏ အိမ်၊ ရုံး ၊ အလုပ်ရုံ စသည်တို့၌ပေါ် ပေါက်လျက်ရှိ၏။ ဤဌာနများ၌ ကျွန်ုပ် တို့ သည် နေ့စဉ်နှင့် အမျှ နိုင် ငံရေးကိုပင် လုပ်နေကြရပေသည်။ အလုပ်သမားသည် အခကြေးငွေအတွက် အလုပ်လုပ်ရ၏။ တောင်သူလယ်သမားသည် ဝမ်းစာရေးအ တွက် လယ်ယာ လုပ်ရ ၏။ စာရေးစာချီ အမှုထမ်းသည်လည်း လစာငွေအတွက် အလုပ်လုပ်ရ၏။ ကုန်သည်ပွဲစား စသည်တို့သည် အသီးသီးဝင်ငွေရရန် လုပ်ကြရ၏။ အချုပ်မှာ စားသောက်နေ ထိုင်ေ ရး အတွက်ပင် ဖြစ်သည်။
”နိုင်ငံရေးအခြေအနေကို အစ်ကို ကတော့ စိတ်သိပ်မဝင်စားဘူး။ အစ်ကို့ မှာ သားသမီးတွေနဲ့လေ။ အစ်ကို့အလုပ် ကဆိုက်ကားနင်းရတာဆိုတော့ ကလေး တွေ ကျောင်း ထားဖို့နဲ့အိမ်ရဲ့ စားဝတ်နေရေးတွေကို ခေါင်းထဲထည့်ထားရတယ်။ အဲ့ဒီတော့နိုင်ငံရေးကို စိတ်မဝင်စားတော့ သလိုတောင် ဖြစ်သွားတယ်” ဟု ဆိုသူက ဆိုက်ကားဆရာ ကိုအေးကျော် ဖြစ်သည်။
လက်ရှိနိုင်ငံရေးအခြေအနေ အရ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လူ ထုဆန္ဒခံယူမှုများပြုလုပ်နေသကဲ့သို့ ပြင် ဆင်ရေးကို ကန့်ကွက်သည့်လှုပ်ရှားမှုများ ကိုလည်း တစ်ပြိုင်နက်တည်း မြင်တွေ့ နေရချိန်ဖြစ်သည်။ ထို့ပြင် လယ်ယာမြေ သိမ်းဆည်းခံရမှုများအတွက် ဆန္ဒထုတ် ဖော်မှုအများအပြားပြုလုပ်ခဲ့ကြသလိုကျန် ရှိနိုင်ငံရေး အကျဉ်း သားများနှင့် အထိန်း သိမ်းခံတောင်သူလယ်သမားများ လွတ် မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်အရေး ဆိုမှုများကိုလည်း မြင်တွေ့နေရချိန် ဖြစ် သည်။
”ဒီလိုတွေ လျှောက်လုပ်နေရင် အစ်ကို ထမင်းနပ်မှန်မှာ မဟုတ်တော့ ဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာဆိုတော့ ဘယ်ကိုမှ အာရုံမစိုက်နိုင်ဘူး” ဟု အဆို ပါလှုပ်ရှားမှု များနှင့်ပတ်သက်၍ ကိုအေး ကျော်က ဆက်ပြောသည်။  သို့သော်သူ့တွင်လည်း မျှော်လင့်ချက်ကတော့ ရှိပါသေးသည်။ ထိုအရာ ကတော့ ”နိုင်ငံရေးအခြေအနေနဲ့ ပတ်သ က်ပြီးမျှော်လင့်ထားတာကတော့ဆင်းရဲတဲ့အစ်ကိုတို့လို လူတွေရဲ့စားဝတ်နေရေး အတွက် အဆင်ပြေအောင်ပြုလုပ်ပေးနိုင် မယ့်လူမျိုး၊ ကိုယ်ကျိုးမကြည့်ဘဲ အများ အကျိုးကို ထိထိရောက်ကိုင်တွယ်ဖြေရှင်း နိုင်မယ့်လူဘယ်လို လူဖြစ်ဖြစ် အစ်ကိုက တော့လက်ခံတယ်”ဟူသော ဆိုက်ကား ဆရာ ကိုအေးကျော်၏ စကားသည်ပင် သူလက် ခံ ထားသော နိုင်ငံရေးဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။
ဘာလဲ ဘယ်လဲ
တပ်မတော်မှ အာဏာသိမ်းခဲ့သည့် ၁၉၈၈ မှ နှစ်ပေါင်း၂၅ နှစ်ကျော်ကာလ အတွင်း ပထမဆုံးအပြောင်းအလဲအဖြစ် ၂ဝ၁ဝ ခုနှစ်တွင် သမ္မတဦးသိန်းစိန်၏ အရပ်သား အစိုး ရတက်လာခဲ့သည်။  သမ္မတ၏ ပွဲဦးထွက်မိန့်ခွန်းတွင်လည်း ”သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်မှု”ဟူသော စကားရပ်ကို ထည့် သွင်းပြောခဲ့ရာ လူကြို က်များသော စကားဖြစ်ခဲ့သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်စသော ပုဂ္ဂိုလ်များအပါအဝင် နှစ်ရှည် လများထိန်း သိမ်းခံထား ရသော နိုင်ငံရေး အကျဉ်း သား များစွာကိုလည်း လွတ်ငြိမ်းခွင့်ပေးခဲ့ရာ အစိုးရသစ်အနေ ဖြင့် နိုင်ငံတကာဆက်ဆံရေး တံခါးများစွာ ပြန်လည်ပွင့်လာသည်အထိ အားသာချက်များ ရရှိခဲ့သည်။
သို့သော် ရခိုင်ပြည်နယ်မှ အစပျိုး ခဲ့ပြီး နိုင်ငံအဝှမ်း မီးကူးခဲ့သောလူမျိုးရေး ပဋိပက္ခ၊ တစ်ကျော့ပြန် ကချင်ပြည်နယ် စစ်ပွဲတို့၏ ဂယက်က လက်ရှိအချိန် အထိ ကြိမ်မီး အုံး ကဲ့ သို့ ရှိနေဆဲ။ ထို့ပြင် ငြိမ်း ချမ်းစွာစုဝေးဆန္ဒဖော်ထုတ်ခွင့် ရလာ သော်လည်းယင်းဥပဒေပုဒ်မ ၁၈ ကြောင့်ပင် ဦးဆောင်သူများ ဖမ်းဆီးထိန်း သိမ်းခံရခြင်း များ လည်း ဖြစ် ပွား ခဲ့သည်။ ၎င်းအပြင် ဦးပိုင်နှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီ တို့ ပူးပေါင်းဆောင်ရွက်နေသော လက်ပံတောင်းတောင် အရေးကိစ္စသည် လည်း အကြမ်း ဖက်နှိမ်နင်း ခံရပြီးေ နာက် မြစ်ဆုံစီမံကိန်းနောက်ပိုင်း ပြည်သူစိတ်ဝင်စားအရေးဆိုနေဆဲ နိုင်ငံရေးအကျပ်အတည်း ဖြစ်လာခဲ့သည်။
သို့ရာတွင် ရေရာပြတ်သားသော အဖြေက ထွက်မလာခဲ့။ ထိုကာလများတွင် ပြည်သူများအနေဖြင့် ပြည်တွင်း ရေး မငြိမ်မသက်မှုများ၊ ဆူပူအကြမ်းဖက်မှုများ အတိတ်ကာ လတုန်းကကဲ့ သို့ တစ်ကျော့ပြန်ဖြစ်လာဦးမလားဟု ကျီးလန့်စာ စားဖြစ်ခဲ့ကြရသည်။ မည်သို့ပင်ဆိုစေ ဤကာလတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဟူသော အခြေ အနေ များကြား ပြုပြင်ပြောင်းလဲရေးအတွက် လူထုပါဝင်သော အရေးကြီးသော လှုပ်ရှားမှုအဖြစ် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆန္ဒခံယူ လက်မှတ်ရေး ထိုးမှု များ ပြု လုပ် လျက်ရှိသည်။
”နိုင်ငံရေးနဲ့ပတ်သက်ပြီး မြင်တွေ့နေရတာတော့ ဆန္ဒတွေပြနေတာပဲမြင်တယ်။ ဒါကိုကြည့်ရင်လက်ရှိ နိုင်ငံရေး အခြေအနေက ပြည်သူတွေနဲ့နီးစပ်မှု မရှိဘူးလို့ ထင် တယ်။ ပြည်သူတွေက သဘောမကျလို့ ဒီလိုဆန္ဒပြပွဲတွေဖြစ်နေတာလို့ မြင်တယ်” ဟု သုံးသပ်သူက တက္ကစီယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုအေးလွင် ဖြစ်သည်။
”အခုကြည့်နေတာ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ထိုးဆန္ဒပြတယ်ဆိုတော့ လူတော်တော်များများ လက်မှတ်ထိုးကြတယ်။ ဒါပေမဲ့ ထိုးတဲ့လူတိုင်း ကိုကြည့်။ ၄၃၆က ဘာလဲဆိုတာသိလား မေးကြည့် လူတိုင်းမသိဘူး။ မသိလည်း ဒီလိုပဲဝင်ထိုးနေကြတယ်။ ဒါတွေကိုတော့ သဘောမကျဘူး။ ပြည်သူတွေသိအောင် အသိပေး ဟောပြော ပွဲတွေကို မြို့နယ် အသီးသီးမှာ ပြုလုပ်ပေးမယ်ဆိုရင် ဒီလို လက်မှတ်ထိုးဆန္ဒပြတာက ပိုပြီးအကျိုး သက်ရောက်မှုရှိနိုင်မယ်လို့ ထင်တယ်”ဟု လက်ရှိနိုင်ငံရေး အနေအထား အပေါ် သူက ဝေဖန်သည်။ လက်ရှိနိုင်ငံရေးအနေအထားကိုမူ ၎င်းကမျှော်လင့်ထားသလို ဖြစ်မလာသေးဟု ဆိုပါသည်။
”သေးသေးမွှားမွှား ကိစ္စလေးတွေ ဖြစ်တဲ့ ဆီဈေးတွေဆိုလည်း ကြီးတယ်။ မီတာခလည်း ကြီးတယ်။ ဒီအတိုင်းပဲကုန်ဈေးနှုန်းတွေဆိုလည်း ကြီးတယ်။ အဲ့ဒီတော့ မိသားစု စား ဝတ်နေရေး အတွက်ပူပန်ရပြန်တယ်”ဟု ကိုအေးလွင်က သူ့စိုးရိမ်စိတ်ကို ထုတ်ဖော်ပြသည်။
အစမကောင်းတော့ အနှောင်းကလည်း . . .
ပြည်သူတို့၏ နိုင်ငံရေးရေချိန် ယင်းကဲ့သို့ဖြစ်ပေါ်ရခြင်းမှာ မြန်မာနိုင်ငံတွင် အာဏာရှင် စနစ်ထွန်းကားခဲ့သည့်အလျောက် လွတ်လပ်စွာထုတ်ဖော်ရေး သားခွင့်၊ ပြော ဆို ခွင့်များနှင့် လူ့အခွင့်အရေးများစွာ ပိတ်ဆို့တားဆီးခံခဲ့ရခြင်း၏ အကျိုးဆက်ဟု ပညာရှင်များစွာ တို့က ပြောဆိုရေးသားခဲ့ကြခြင်းအပေါ် အငြင်းပွားရန် လို မည်မဟုတ်။  အမရ ပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးကတော့ ပြည်သူတို့၏ အဆိုပါအခြေအနေအပေါ် ”အခုက ဒီမိုကရေစီကအစပဲ ရှိသေး တာ ပေါ့။ ဒီလိုမျိုးတွေ က ဒီမိုကရေစီကို စတဲ့ နိုင်ငံတိုင်းမှာ တွေ့နေကျပါ” ဟု သုံးသပ်သည်။
၎င်းကဆက်၍ ”ပြည်သူကတော့ စားဝတ်နေရေးကို အဓိကထားတာ ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူကအခုချိန်မှာ အပျိုစင်လေးနဲ့တူပါတယ်။ သူတို့အတွက် စား ဝတ်နေရေးကို အဓိက ထားနေတော့ နိုင်ငံရေးကို စိတ်မဝင်စားတာမျိုးဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။ အဆိုပါ အခြေအနေများထဲ အစိုးရအပြောင်းအလဲနှင့် အတူ ပြန် လည် အသက်ဝင်လာသော လွှတ်တော်၏အခန်းကဏ္ဍအပေါ်တွင်လည်းပြည်သူ၏စိတ်ဝင်စားမှု  က လျော့ရဲနေသေးခြင်းကိုလည်း ငြင်းမရ။ Marketing Supervisor တစ် ဦးဖြစ်သည့် မခိုင်ခိုင်က ”အခုမြေအသိမ်းခံနေရလို့ ဆန္ဒပြကြတယ်။ ကျွန်မသိသလောက် တော့ အစိုးရက ဘာပြန်လုပ်ပေးလိုက်တယ်။ ဘယ်နေရာမှာတော့ ဘာတွေပြန် ရသွားတယ်ဆိုတာ တိတိကျကျမကြားမိသလောက်ပဲ။ ဒီတော့ ပြည်သူ့ဆန္ဒလို့သာ ပြောနေတယ်။
ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်တွေကရော ပြည် သူတွေနဲ့ ဘယ်လောက်ထဲထဲဝင်ဝင် ရှိ နေလို့လဲ။ ဘယ်သူက ကျွန်မတို့ဆီလာ လို့လဲ”ဟု မေးခွန်းထုတ် သည်။ အမရပူရမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက တော့ ယင်းသို့လွှတ်တော်ကိုယ်စားလှယ် များအပေါ် ဝေဖန်မှုများနှင့်ပတ်သက်၍
”လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ကလည်း လွှတ်တော်အတွေ့အကြုံကို ပြည်သူတွေကို ပြောပြဖို့ လိုပါတယ်။ ဒါပေမဲ့ ပါတီစုံဒီမိုကရေစီ ဖြစ်နေတော့ စည်း တို့ ဘောင် တို့အတွင်းကနေ လုပ်ရ မယ်ဆိုတော့ စည်းဘောင်အတွင်းကပဲ လုပ်ရမှာပေါ့။ ပါတီစုံတွေကပြည်သူတွေ ရွေးကောက်တင်မြှောက် လွှတ်တော် ကိုယ်စား လှယ်တွေ က လည်း ဒါကိုလုပ် ဆောင်ပေးရင် နောင်တစ်ချိန်ကျရင် ပြည် သူတွေနိုင်ငံရေးကို သိလာမယ်လို့ ယုံ ကြည်ပါတယ်”ဟု အားနည်းချက်များနှင့် လုပ်ဆောင် ဖွယ်ရာများအပေါ် သူ့အမြင်ကိုပြောသည်။
အောင်ပန်းမြို့နယ် လူငယ်ညီလာခံ ကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးမင်းလွင်ဦးကမူ ”ပြည်သူ တွေအားလုံးက ရွေးချယ်တင်မြှောက်ထား တဲ့ရွေးကော က်ပွဲ မဟုတ်ခဲ့ဘူးလေ။ အဲဒါ ကြောင့် ပြည်သူတွေက နိုင်ငံရေးဘက် အားနည်းနေတာ”ဟု သူ့အမြင်အတိုင်း ဝေဖန်လိုက်သည်။  ”သူတို့ကိုယ်စားလှယ်တွေကို သူတို့ ကိုယ် တိုင်လည်း မသိဘူးဖြစ်နေတယ်။ အဲလိုမျိုးတွေက အများကြီးရှိနေတယ်။ ကျွန်တော်ပြောတာက တစ်နိုင်ငံလုံးကိုခြုံပြောတာ။ ပြည်သူတွေက မဲပေးတယ်။ ဘယ်သူ ဘယ်ဝါ ဆိုတာ မသိဘူးဖြစ်နေတယ်”ဟု ၎င်းက ထပ်လောင်းဆိုသည်။
များများထိ များများသိ
လက်ရှိအနေအထားအရမူ အဓိကအားဖြင့် ပြည်သူများနှင့် ကိုယ်စားလှယ်များ ထိတွေ့ခွင့်အားနည်းခြင်းကြောင့် ဖြစ်ကြောင်း ဦးမင်းလွင်ဦးက သုံးသပ်သည်။ ”ပုဒ်မ ၄၃၆ ကိစ္စကို ကျွန်တော်တို့ကွင်းဆင်းလုပ်တဲ့အခါမှာ မြို့ကလူတွေ လောက်ပဲ သိကြတယ်။ ရွာကလူတွေမသိကြဘူး။ အဲဒါကြောင့် ဒီပုဒ်မက ပြည်သူ တွေအားလုံးနဲ့ သက်ဆိုင် တယ်ဆိုတာကိုသိရအောင် အောင်ပင်လယ်ဟောပြောပွဲ အခွေဖွင့်ပြတာတို့၊ လက်ကမ်းစာစောင်ဝေတာတို့ လုပ်ရတယ်”ဟု ၎င်းက သူ့ အတွေ့အကြုံနှင့်ယှဉ်၍ ဆိုသည်။
တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုရှိန်းထက်ကျော်ကလည်း သူ့အမြင်ကို ဤသို့ပြောသည်။ ”ကျွန်တော်ကတော့ နိုင်ငံရေးကိုနည်းနည်းတော့ စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ပုဒ်မ ၄၃၆ ပြင်ဖို့ကို လက်မှတ်မထိုးဘူး။ နိုင်ငံရေးဆိုတာ ကျွန်တော်တို့နဲ့ သိပ်မဆိုင်သေးဘူးထင်တယ်။ တိုင်း ပြည်တိုးတက်ဖို့ ကပြည်သူတွေ ထက် နိုင် ငံတော် သမ္မတတို့ ဝန်ကြီးတို့မှာ ပိုပြီးတာဝန်ရှိတယ်ထင်တယ်”ဟု သူကပြောသည်။
အတိတ်ကာလတပ်မတော်အာဏာသိမ်းခဲ့ပြီးရှင်သန်လာရသော အခြေအနေ နှင့် လတ်တလောအိမ်နီးချင်း ထိုင်းနိုင်ငံတွင်ဖြစ်ပွားနေသောနိုင်ငံရေးအခြေအ နေများနှင့် ပတ်သက်၍   နှိုင်းယှဉ်မေးမြန်းခဲ့ခြင်းကိုတော့ ၎င်းက ”တပ်မတော် အာဏာသိမ်းတာမလိုချင်ဘူး။ ဘာလို့လဲဆိုတော့ တပ်မတော်အာဏာသိမ်းခဲ့လို့ ကျွန်တော်တို့ ကျောင်း သားတွေ မြို့ပြင်မှာ တက္ကသိုလ်တွေသွားတက်ရတယ်။ အခု ကျောင်းသားတွေထဲက တချို့ကျတော့ မြို့ထဲမှာတက်ရတယ်ဆိုတော့ သဘော ကျပါတယ်”ဟု ကိုရှိန်း ထက်ေ ကျာ်က ဆို သည်။
လူငယ်တစ်ယောက်၏ နိုင်ငံရေးမျှော် လင့်ချက်နှင့်ပတ်သက်၍မူ သူက ”အစိုးရ နဲ့ (NLD) နဲ့ နှစ်ခုယှဉ်ရင် ဘယ်ဘက်ကို အားပေးတယ်ရယ် အားကိုးရယ်တယ် လို့ တော့ မရှိဘူး။ ဘယ်သူပဲသမ္မတဖြစ်ဖြစ် နိုင်ငံတော်ကို ကောင်းကောင်းဦးဆောင်ပြီး နိုင်ငံတော်ကြီး တကယ်တိုးတက်လာမယ်ဆိုရင်တော့အားလုံးကို ကြိုဆိုပါတယ်” ဟု ဆိုပါ သည်။  ပခုက္ကူမြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် အသက် ၃ဝ ကျော် ခန့်ရှိ ကိုဇင်မင်းထွန်းကတော့ ”နိုင်ငံရေးကို စိတ်ဝင်စားပါတယ်။ နိုင်ငံသားတိုင်း မိမိ နိုင် ငံရေးကို စိတ်ဝင်စားသင့်တယ်လို့ ယူဆလို့ပါ”ဟု ပြောသည်။
”ပြောရရင်တော့ဗျာ ပြည်သူဆိုသော လူတွေကို ဘယ်လိုရာခိုင်နှုန်းနှင့် သတ်မှတ်မှာလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ပြည်သူ့ဆန္ဒကို ထိရောက်မှုဆို တာကလည်း ခံ ယူ ချက်ကြည့်သောသူ အမြင်ဘက်မှာ ကွဲလွဲမှုတွေ ရှိနိုင်တာမို့ လက်တွေ့ကျမှုမကျမှုဆိုတာက နိုင်ငံရေးစနစ်တစ်ခုနှင့် တစ်ခုအကူးအပြောင်းမှာ စိတ် ဆန္ဒတွေ ပြင်းပြ မှု အပေါ်အချိန်ကာလက အဆုံးအဖြတ် ပေးပါလိမ့်မယ်” ဟု လည်း သူကသုံးသပ်သည်။
ထို့ပြင် ”အပြောင်းအလဲကာလမှာ နိုင်ငံတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝ တွေပါ။ မြန်မာပြည်သူအများစုဟာ ဒီမိုကရေစီနိုင်ငံရေးစနစ်က ဘာလဲဆိုတာ မသိသူတွေ အ များကြီးရှိသလို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မဖတ်ဘူးတဲ့၊ မသိနားမလည်တဲ့ ပြည်သူတွေအများ ကြီးရှိပါတယ်။ ပြည်သူအများစုဟာ သူတို့ ဘဝကို ကိုယ်လုပ်မှ ကိုယ် စားရတယ်။အပြောင်းအလဲကို မခံစားရဘူးလို့ ပြော နေကြတာဟာ အဓိကပြဿနာ မဟုတ်ပါ ဘူး”ဟု ၎င်းကသုံးသပ်ခဲ့ပြီး Stake Holder (အစိုးရ)နှင့် Political Player တို့သည် နိုင်ငံတော်တည်ဆောက်ရေး State Building တွင် ပြည်သူများ၏ Capacity Building ကို စီစဉ်ဆောင်ရွက်ပေးရာတွင် လူ့စွမ်းအား အရင်းအမြစ်ကို ဖွံ့ဖြိုး တိုး တက်အောင် စီမံဆောင်ရွက်မှုအားနည်းခြင်းကသာ အဓိကပြဿနာဟု ဆိုသည်။  ”ဆိုလိုတာက ပြည်သူတွေ နိုင်ငံရေး အသိအမြင်နိုင်ငံရေးရေချိန်မြင့် စေချင်တယ်ဗျာ”ဟု ကိုဇင်မင်းထွန်းက သူ့ဆန္ဒကို ထုတ်ဖော်ပြောခဲ့သည်။
စနစ်ကောင်းရင် ရှေးစကားလည်း တရားပဲ
၁၉၄၇ ဇွန်၆ရက်နေ့တွင် စတင်ကျင်းပသည့် ‘ဆိုရန်တိုဗီလာ’(ယခု-ပြည်လမ်းစာပေဗိမာန်) အဆောက်အဦ၌ ဗိုလ်ချုပ်အောင်ဆန်းက ပြန်လည်ထူထောင်ရေး ကွန်ဖရင့်၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ယင်းကာလ၌ တွေ့ကြုံနေရသည့် ပြဿနာအခြေအနေများအတွက် ဖြေရှင်းရှာကြံရမည့်အချက် ၈ ချက်ကို ပြောခဲ့သည်။ အဆိုပါ အချက်များသည် မည်သည့်အစိုးရခေတ်မဆို ဂရုတစိုက် ဆောင်ရွက်သင့်သော အချက်များဟုလည်း ယူဆနိုင်ပေသည်။ ယင်းအချက်များမှာ
၁။ နေထိုင်ရေးစရိတ်လျှော့ပေါ့ရန်၊ တိုင်းသူပြည်သားများ၏ နေထိုင်ရေး စရိတ်ကို နဂိုအခြေသို့ ပြန်ရောက်အောင် ပြုပြင်ပေးရန်
၂။ အလုပ်လက်မဲ့များလျော့ သွားအောင် တတ်နိုင်ပါက အလုပ်လက်မဲ့ လုံးဝပပျောက်သွားအောင် ပြုပြင်ပေးရန်
၃။ လမ်းပန်းအဆက်အသွယ်များကို ပြန်လည်ထူထောင်၍ တိုးချဲ့ပေးရန်
၎။ အိုး ခြေအိမ်ခြေပြန်လည်ထူထောင်နိုင်အောင် စီစဉ်ပေးရန်
၅ ။ ပညာရေးပြန်လည်ထူ ထောင်ရန်
၆။ ပြည်သူလူထုများ ကျန်းမာ ရေးအတွက်စီစဉ်ပေးရန်
၇။ နိုင်ငံအုပ်ချုပ် ရေးကို စေတနာကောင်းစွာနှင့် သန့်ရှင်း ကျေပွန်စွာ ထမ်းရွက်ခြင်းရှိအောင်ပြုပြင် ပေးရန်
၈။ နိုင်ငံငြိမ်းချမ်းသာယာလာ အောင် ရွက်ဆောင်ပေးရန်တို့ ဖြစ်သည်။
မည်သို့ပင်ဆိုစေ နောက်ကြောင်း ပြန်မလှည့်ရေးဟု အားလုံးမျှော်လင့်ထားသည့်နည်းတူ ပြည်သူ့ဆန္ဒစစ်စစ်မပါခဲ့ စေကာမူ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည်လည်း အ သက်ဝင်ခဲ့ပြီး အရပ်သား အစိုးရသစ်သည်လည်း သက်တမ်းအား ဖြင့် ၄ နှစ်အတွင်းရောက်လာခဲ့ပြီ ဖြစ်သည်။  အဓိကအတိုက်အခံဖြစ်သည့် NLD ပါတီအနေဖြင့် မကြာ မီလာတော့မည့် ဒုတိယအကြိမ်ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း အခြားပါတီများနှင့်အတူ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။
ထို့အပြင် ၂ဝ၁၅ ပြည်လုံးကျွတ်ရွေးကောက်ပွဲတွင်လည်း ပါတီစုံဒီမိုက ရေစီစံနှုန်းကျကျရွေးကောက်ပွဲ ဖြစ်လာစေရန် အဓိကထား ကြိုးစားနေကြသလို အရေးပါသည့် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်လည်း ပြည်သူအားလုံးပါဝင်နိုင်မည့် လှုပ်ရှားမှုတို့ကို ပြုလုပ်နေပြီ ဖြစ်သည်။
”အဓိကတော့ပြည်သူတွေကို နိုင်ငံရေးပိုင်းမှာ ပါဝင်ပတ်သက်ခြင်း မရှိအောင် ပြုလုပ်ထားတာလေ။ ဒီလိုလုပ်တာလည်း ခုမှမဟုတ်ဘူးနှစ်ပေါင်းများစွာ ကြာနေပြီ။ ပြီးတော့ ဒီဘက်ခေတ်လူနေမှုအဆင့်အတန်းမှာလည်း စားဝတ်နေရေးက တော်တော်လေးခက်ခဲတဲ့အတွက် ရုန်းကန်လှုပ်ရှားရတဲ့အတွက် ဒီအပေါ်မှာ စိတ်သိပ် မနှစ်နိုင်တာ လည်း ဖြစ်နိုင်တယ်လေ။ အဲ့ဒါကြောင့် စိတ်ပါဝင်စားမှု မရှိအောင် စနစ်တကျလုပ်ခဲ့တဲ့ဒဏ်တွေကို ကျွန်တော်တို့ အခုခံခဲ့ရတာပေါ့”ဟု သုံး သပ်ခဲ့သူကတော့ ကိုဒီငြိမ်း လင်းဖြစ်သည်။
ဆက်လက်၍ ၎င်းက ”တချို့က လက်မှတ်ထိုးတဲ့နေရာမှာ မပါဝင်ဘူး။တချို့က မသိဘူးဆိုတာနိုင်ငံရေးအရ ပွင့်လင်းမြင်သာမှု မရှိဘူးလို့တော့ ကျွန်တော်က မြင် ရ မှာပဲ။ နိုင်ငံရေးဆိုတဲ့အရာမှာ ပြည်သူတွေပါဝင်သင့်တာပေါ့။နိုင်ငံရေး ဆိုတာနိုင်ငံသားနဲ့ သက်ဆိုင်တယ်။ သူ တို့ စားဝတ်နေရေးခက်ခဲတယ် ဆိုတာ လည်း ဒီနိုင် ငံရေးပြဿနာကြောင့် ဖြစ် နေတာပဲ။ ကျွန်တော်တို့နိုင်ငံ ဒီလိုအဆင်းရဲဆုံး ဖြစ်နေတာလည်း ဒီနိုင်ငံရေးပြဿနာကြောင့် အခက်အခဲတွေ ဖြစ်နေတာပဲလေ။ သူတို့ကိုယ်တိုင် ဒါ ကိုမပါဘူး။ သူတို့နဲ့ မပတ်သက်ဘူးလို့ထင် ရင်ဒါက ပိုပြီးဆိုးလာဖို့ပဲ ရှိတယ်လေ။ ကျွန်တော်တို့က နိုင်ငံရေးစနစ်ကို ပြောင်းဖို့ ကြိုးစားနေတဲ့အခါမှာ ကျွန်တော်တို့က သူ တို့ရဲ့အားတွေအများကြီး လိုတယ်။ ဒါကိုသူတို့က သူတို့နဲ့မဆိုင်သလိုဆက်ပြီး နေနေမယ်ဆိုရင် ကျွန်တော်တို့ ရှေ့ဆက်တိုးဖို့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ သူတို့ ကိုယ် တိုင်လည်း နိုးကြားဖို့လိုပါတယ်”ဟု ကိုဒီငြိမ်းလင်းက ပြည်သူများ နိုင်ငံရေးတွင် စိတ်ပါဝင်စားမှုအားနည်းနေခြင်းအပေါ် သုံးသပ်ပြောဆိုသည်။
ထို့အတူ ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအလုပ်သမားရေးရာ ဒုတိယတာဝန်ခံ မမာမာ ဦးကတော့ ”အခုက ပြည်သူလူထုက အားယူခါစအ ချိန် ဖြစ်နေသေးတယ်။ တစ်ဖက်ကလည်း ဒီမိုကရေစီဆီသွားနေတဲ့အချိန်။ ဖိအားတွေများနေတယ်လေ။ ပြည်သူလူထုရဲ့ ဖြတ်သန်းခဲ့တဲ့စိတ်ဓာတ် နဲ့အားကို ယုံကြည်ပါ တယ်။ အခုက သို့ လောသို့လောက ဖြစ်နေသေးတယ်လေ။ လူထုရဲ့အားကို ရှစ်လေးလုံးအရေးတော်ပုံတုန်းကလည်းတွေ့ခဲ့ရတာပဲ”ဟု သူ့အမြင်ကို ပြောသည်။
အလယ်ပစ္စယံညီလာခံတွင် ပြောကြားခဲ့သည့်ု နိုင်ငံရေးသဘောတရား၏နောက်ဆက်တွဲအဖြစ်လည်း ဗိုလ်ချုပ်အောင်ဆန်းက ”အလုပ်သမားသည် အခ ကြေးငွေကို တိုး တက်၍ရပြီးလျှင် စားသာသောက်သာသော အခြေအနေကို ရလို၏။ တောင်သူလယ်သမားသည် မိမိ၏လယ်မြေကိုကောင်းမွန်စေ၍ သက်သာ ချောင်ချိလို၏။ စာရေး စာချီ အမှုထမ်းတို့ သည်လည်း ရုံး၌ တကုတ်ကုတ်လုပ်နေရ သောဘဝထက် လွတ်လွတ်လပ်လပ် ချောင်ချောင်လည်လည်ရှိသော အခြေ အနေသို့ရောက်လိုကြ၏။ ကုန် သည် ပွဲစား တို့လည်း လွယ်လွယ်ကူကူတိုးချဲ့၍ ကူး သန်းရောင်းဝယ်လိုကြ၏။ ဤကဲ့သို့ လူ တိုင်းလူတိုင်း မိမိတို့၏ အခွင့်အရေးကို ရယူလိုခြင်း သည် နိုင် ငံရေး ပင်ဖြစ်၏”ဟူ၍ ထည့်သွင်းပြောခဲ့သည်။
ဥပဒေဘွဲ့ရထားသည့် မခိုင်ခိုင်က တော့ နေ့စဉ်ထုတ်သတင်းစာတစ်စောင်ကိုဖတ်နေရင်းမှ မေးခွန်းများကိုဖြေရင်း ”အဓိကကတော့ ဆူပူတာတွေ၊ လူမျိုးရေး ပြဿနာတွေနဲ့ ထိတ်လန့်နေရတာတွေ ဘာမှမဖြစ်ဘဲ ကိုယ့်မိသားစုနဲ့ကိုယ် အေးအေးချမ်းချမ်းလေး နေချင်တယ်။ အဲဒီလိုမဖြစ်ရင်ဘဲ တော်ပါပြီ”ဟုပြော သည်။ ထို့အတွက် နိုင် ငံရေး ဆိုသည်ကို သူနားလည်လက်ခံထားသည့် အယူအဆ ရှိပါသလားဟု နောက်ဆုံးမေးဖြစ်တော့ သူကမဆိုင်းမတွပင် ”စားဝတ်နေရေးပြေ လည်စေချင် တာ နိုင်ငံရေး ဆို ရင်တော့ ဒါကျွန်မနားလည်ထားတဲ့ နိုင်ငံရေးပါပဲ”ဟု ဆိုပါသည်။
စိုင်းလမင်း၊ ဇေဝေယံ၊ ရန်နိုင်  အောင်ခွန်းဆက်တာဝန်ယူရေးဖွဲ့သည်။
Credit - popular news

လုပ်အားခ၊ လမ်းပိတ်ဆို့မှု နဲ့ နေ့စဉ်ဘဝ



ရုံးလှေကားပေါ်သို့ အမောတကော ပြေးတက်သွားသော်လည်း နောက်ကျသွားပြီဖြစ်ကြောင်း လက်ပတ်နာရီကိုကြည့်ရင်း မေဇော်ဦးတစ်ယောက် သိ လိုက်သည်။ အ များကြီးမဟုတ်။ ၂ မိနစ်စွန်းစွန်းသာ။ တစ်လအတွင်းပင် နှစ်ကြိမ်နောက်ကျပြီးဖြစ်ရာ ထိုနေ့နှင့်ပေါင်းလျှင်သုံး ကြိမ်ဖြစ်ချေသည်။ စုစုပေါင်းလုပ်အားခ တစ်ထောင့်လေး ရာ ဖြတ်ခံလိုက်ရပြီ ဖြစ် သည်။ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ရန်ကုန်မြို့ထဲသို့ အလုပ်ဆင်းလာရသူတစ်ဦးအဖို့ နံနက် ၅ နာရီဆိုပါက အိပ်ရာက ထနေရပြီ။
”တကယ်ဆို ဒဂုံကနေ မြို့ထဲကို လမ်းမပိတ်ဘူးဆိုရင် တစ်နာရီ စွန်းစွန်း လေးပဲ ကြာတယ်”
သို့သော် ထိုတွက်ချက်မှုမှာ အလုပ် မဖြစ်တော့ကြောင်း မနက်အိပ်ရာထ သည်နှင့် ရုံးချိန်အမီရောက်ရန် လမ်းတွင်ပုံမှန်ကြာချိန်အပြင် လမ်းပိတ်မည့် အချိန်များ၊ ဘတ်စ်ကား မှတ်တိုင်မှာ ကျောက်ချရပ်နေမည့်အချိန်များကို ထည့်တွက်လာရသည်ဟု သူက မဲ့ပြုံးပြုံးရင်း ပြောသည်။ ယခုတော့ မြို့ထဲသို့ ရုံးချိန်မီ ရောက်ရန် နှစ်နာရီကျော်နီးပါးကို ကား ပေါ်တွင် စတေးခဲ့ရသည်။ လမ်းမှာ ကားပိတ်တာက ကိုယ်ထင်တာထက် ပိုကြာတဲ့နေ့ဆိုသေပြီဟု ဆိုသည်။  သူမကဲ့သို့ပင် နံနက်ရုံးချိန်နောက် ကျ၍ လစာဖြတ် ခံရ သည့် ဝန်ထမ်းများစွာ ဒုနဲ့ဒေး ရှိနေခြင်းက ခေတ်ကာလ၏ သင်္ကေတတစ်ခု ဖြစ်လာသည်။
ကြီးထွားနှုန်းမြန်ယာဉ်ကြောပိတ် ပြဿနာ
ရန်ကုန်မြို့လမ်းမများသည် လက်ရှိကားအစီးအရေအတွက်ဆိုလျှင် ပြည့်ကျပ်နေပြီဟု မဆိုနိုင်သေးကြောင်း ဂျပန်နိုင်ငံ JICA အဖွဲ့မှ အကြံပြုချက်အရ သိရသည်။ ထိုအချက် သည် လက်တွေ့နှင့် နှိုင်းယှဉ်ပါက အဘယ်ကြောင့်ကွာခြားနေရပါသနည်း။ ရန်ကုန်မြို့ကြီး၌ လူကျပ်၊ ကားကျပ်ဖြစ်နေသည်မှာ အစိုးရသစ် သက်တမ်း တစ်ခုလုံး နီးပါး ရှိတော့မည် ဖြစ်သည်ဟုလည်း ဆိုကြသည်။ မြို့ကြီးတစ်မြို့ ဖြစ်လာပါက ယာဉ်ကြောပိတ်မည့် ပြဿနာကြီးထွားလာမြဲ ဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြောသည်။
မြန်မာနိုင်ငံတွင်သာမက ထိုင်းနှင့်စင်ကာပူနိုင်ငံတို့တွင်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်ခါစတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။ ဘန်ကောက်မြို့ တွင် ယခုထက်တိုင် ယာဉ်ကြောပိတ်ဆို့ မှု ပြဿနာ ရှိနေဆဲပင် ဖြစ်သည်။ ထိုင်းနိုင်ငံက ထိုပြဿနာကိုဖြေရှင်း ရန် မိုးပျံလမ်းများ တည်ဆောက်သည်။ မြို့ပတ်အမြန်လမ်းများ တည်ဆောက်ခဲ့သည်။ မိုးပျံရထား၊ မြေအောက်ရထားလမ်းများ တည်ဆောက်ပြီး အများပြည်သူ ခရီးသွားလာမှုကို အတိုင်းအတာတစ်ခုထိ အဆင်ပြေချောမွေ့စေခဲ့သည်။
စင်ကာပူနိုင်ငံတွင်လည်း မြို့လယ်ကောင်ကိုဖြတ်သော လမ်းမများကို ဦးစားမပေးဘဲ မြို့ပတ်လမ်းများကို ဦးစားပေး ဖောက်လုပ်ခဲ့ကြသည်။ သို့သော် မိုးရွာချိန်နှင့် ရုံးဆင်း၊ ရုံးတက်ချိန်ဆိုလျှင် ကားများတရွေ့ရွေ့သွားနေရဆဲကို စင်ကာပူ၏ နာမည်ကြီး အော့ချာ့(ဒ်)လမ်း (Orchard Road ) တွင် တွေ့နိုင်သည်။ရန်ကုန်တိုင်းဒေသကြီး ယာဉ် ထိမ်းတပ်ဖွဲ့က ယာဉ်ကြောပိတ်ဆို့မှု အဓိကနေရာ ၇၉ နေရာရှိသည်ဟု မေလ၂၄ရက် နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာ ခဲ့သည်။
၎င်းတို့အနက် အဓိက ယာဉ်ကြောပိတ်နေရာများမှာ အနော်ရထာလမ်းမကြီး၊ ကမ္ဘာအေးဘုရားလမ်းမှ စက်မှု(၁) လမ်းဆုံ၊ တာမွေ ၅ ခွဆုံ၊ တာမွေ ဗလီထိပ်၊ ရန် ကင်း စင်တာရှေ့၊ သမိုင်းလမ်းဆုံ၊ ဆရာစံလမ်း၊ ချော်တွင်းကုန်း လမ်းဆုံတို့လည်း ပါဝင်လာကြသည်။ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံး က လည်း အောင်မင်္ဂလာအဝေးပြေးအနီး သုဓမ္မာ၊ ဝေဘာဂီနှင့် ရန်ကုန်မြို့၏ အချို့ လမ်းဆုံ၊ လမ်းခွနေရာများပါ ယာဉ်ကြောပိတ်အဓိကနေရာများဟု သတ်မှတ်ကြောင်း သ တင်းထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ တရားဝင် ထုတ်ပြန်ကြေညာမှု မတိုင်မီကတည်းကပင် ထိုနေရာ များ၌ ယာဉ်ကြောပိတ်ဆို့မှု ဒုက္ခအစုစုကို ဘတ်စ်ကားစီး ခရီးသည်များ အ ငှားကားများနှင့် ကိုယ်ပိုင်ကားများ စီးနင်း လိုက်ပါသူတို့ကတွေ့ကြုံခဲ့ရသည်။ တွေ့ ကြုံနေရဆဲလည်း ဖြစ်သည်။ ”ဒါဟာ ရေရှည်မဖြစ်သင့်တဲ့ကိစ္စပါ။ ဘယ်သူတွေကို အဓိ ကလာထိခိုက်တာလဲဆိုတော့ လူထုကိုပါပဲ”ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ ဒုဥက္ကဋ္ဌလည်း ဖြစ်ပြီး လမ်းပိုင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုများ အတွက် ဖြေရှင်းနို င် မည့် လမ်းများကို အစဉ်တစိုက် လေ့လာနေသူ အင်ဂျင်နီယာ ဦးအောင်မြင့်က ပြောဆိုသည်။
မြို့တွင်းသို့ ဦးတည်သည့် မြားများ
ကုန်စုံဆိုင်မှအစ အစိုးရရုံးများအလယ် ဘဏ်များအဆုံး အားလုံးနီးပါးမြို့လယ်တွင် အခြေချထားခြင်းကလည်း မြို့လယ်ကောင်သို့ ကားများ၊ လူများစုပြုံ ဝင်လာသည့် အ ချက်ဖြစ်သည်ဟု ဦးကိုကိုလှိုင်က ဆိုသည်။ မြို့လယ်ကောင်သို့ မော်တော်ယာဉ်လိုင်းများ တစ်နေရာတည်း ဦးတည်နေခြင်းကလည်း ယာဉ်ကြောပိတ်မှု ပြဿနာများထဲမှ အဓိ ကအချက်တစ်ချက်ဖြစ်ကြောင်း အင်ဂျင်နီယာ ဦးအောင်မြင့်က ထောက်ပြသည်။ လမ်းကြောင်းတူယာဉ်လိုင်းများ တစ်လိုင်းထက် ပိုကာရှိနေခြင်းကလည်း ယာဉ်ကြော ပိတ် မှု ပြဿနာများအနက် တစ်ခုဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ ဆောင်ရေး မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ဆိုသည်။
သို့သော် လိုင်းကားများအနေနှင့် လမ်းကြောတစ်ခုတွင် တစ်စီးနှုန်းသာရှိပါကမှတ်တိုင်တွင်ကြာမြင့်စွာရပ်ခြင်း၊ လူစောင့်တင်ပြီးမှသာ ထွက်ခွာခြင်း စ သည့်ပြဿများလည်း ရှိနိုင်သည်ဟု ခရီးသည်များက ဆိုကြသည်။ မှတ်တိုင်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်၍ လူတင်ခြင်းဆိုသည်မှာ တစ်ရက်လျှင် ခရီးစဉ်အစ အဆုံး လေးခေါက် ပြေး ဆွဲနေနိုင် သည့် အခြေအနေမှာ ဖြစ်နိုင်သော်လည်း ယခုအခါ ခေါက်ရေနှင့်အတည်အကျပြေးဆွဲရန် မဖြစ်နိုင်တော့ ကြောင်း ၄၈ အထူးယာဉ်မောင်း ဦးဝင်း မောင်က တုံ့ပြန်ပြော ဆို သည်။
”ခေါက်ပြန်များများ ဆွဲနိုင်ရန် မစဉ်းစားနိုင်တော့ဘဲ ပထမဦးဆုံးခေါက်မှာ လမ်းမပိတ်ဖို့သာ ဆုတောင်းနေရတယ်။ ယခင်ကလိုလည်း ဝင်ငွေမကောင်းတော့ ပါ”ဟု ၎င်းက ထပ်မံပြောဆိုသည်။ မြို့တွင်း ပြေးဆွဲပေးနေသည့်ခရီးသည် တင်ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ရှိပြီး ဘတ်စ်ကားစီးရေမှာလည်း ၅ဝဝဝ ကျော် ရှိသည်။ ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင်ထားသည့် လူစီးယာဉ်ပေါင်း နှစ်သိန်းခုနစ်သောင်းကျော် ရှိလာပြီဟု ၂ဝ၁၄ ဧပြီလ စာရင်းဇယားများအရ သိရသည်။
”မြန်မာနိုင်ငံက အများပြည်သူ သယ်ယူပို့ဆောင်ရေးဟာ ချွေးနံ့တွေနဲ့ မွှန်ထူပြည့်နှက်နေတဲ့ ဘတ်စ်ကားပေါ်မှာ တိုးကြိတ်နေရတာပါပဲ။ မသက်သာပါဘူး။ ဒါကိုပဲလူ အများ စုက အားကိုး နေရပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဆိုတာ ဆင်းရဲချမ်းသာ၊ တတ်နိုင်၊ မတတ် နိုင် အခြေအနေတွေပေါ်မှာ မူမတည် ဘဲ ဝန်ကြီးချုပ်ကအစ သာမန်လူတန်းစားအထိ (Public Transportation) ပြည်သူ့သယ်ယူ ပို့ဆောင်ရေးကိုသာ အသုံးပြုကြပါတယ်”ဟု Thura Swiss ကုမ္ပဏီ ဒေါက် တာ အောင်သူရက ပြောသည်။
လူတွေ ပြွတ်သိပ်နေတဲ့ ခရီးသည်တင်ဘတ်စ်ကားများ၊ အနော်ရထာလမ်းမပေါ်တွင် ပိတ်မိနေသည်မှာ နာရီဝက်ကျော်ရှိသည်။ သာကေတမှ ဘုရင့်နောင် သို့ နှစ်ဆင့် စီး သွားရမည့် အသက် ၅ဝ အရွယ် အင်ဂျင်နီယာဒေါ်ဆွေဆွေမြင့် တစ်ယောက်သက်ပြင်းရှည်များချလျက် ရှိသည်။ ရုံးရောက်လျှင် နေ့လယ်စာတန်းစားရသည့် အနေအ ထားဖြစ်နေပြီ ကားပေါ်တွင် လူငွေ့များတထောင်းထောင်း ထကာ ပူလောင်နေသည်ဟုလည်း သူမ က ညည်းတွားပြောသည်။တကယ်တမ်း သူမအနေဖြင့် လမ်းပိတ်၍ အချိန်မှန် မရောက်ခြင်းကြောင့် ရုံးလစာ ဖြတ်ခံရပေါင်း မနည်းဟုလည်း သူမက ဆိုသည်။ ထိုအသံများသည် ရန် ကုန်မြို့နေ ပြည်သူများ၏ ရင်တွင်းဖြစ် သံစဉ်များဖြစ်ကာ ဘယ်အချိန်အထိ ထိုကဲ့သို့ ညည်းတွားနေရဦးမည်နည်း။ ၂ဝ၃ဝ ရောက်လျှင် ရန်ကုန်လူဦးရေမှာ ၁ဝ သန်းခန့် ထိ တိုးပွားလာနိုင်ပြီး လူများလာသည်နှင့်အမျှ ကား လည်းများလာမှာ ဖြစ်သည်။
စမ်းသပ်ခံ ပြည်သူ့သယ်ယူ ပို့ဆောင်ရေးစနစ်
စီးပွားရေး တောင့်တင်းသော်လည်း လူတစ်ဦးလျှင် ကားတစ်စီးနှုန်း ဝယ်စီးရန်မှာ ဖြစ်သင့်သည့်အနေအထား မဟုတ်ကြောင်း ကမ္ဘာ့ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ တိုင်းပြည် များတွင် လည်း ထိုအခြေအနေ မရှိကြောင်း ၎င်းတို့အတွက် မောင်းနှင်ရန် လုံလောက် သည့်လမ်းများရှိရန်လိုကြောင်းကို သမ္မတအကြံပေး ဦးကိုကိုလှိုင်က ပြောသည်။ ရန်ကုန် လူ ဦးရေ၏ လိုင်းကားစီးနှုန်းမှာ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်များတွင် ၃၂ သန်းဖြစ်သည်ဟု ယခုနှစ်ထုတ်ပြန်သည့် စီးပွားရေးဆိုင်ရာအညွှန်းကိန်း (Eco- nomic Indicators) ထု တ်ပြန်ချက်အရ သိရသည်။ရန်ကုန်မြို့နေ ချမ်းသာကြွယ်ဝသည့် မိသားစုအချို့၌ အိမ်ရှိလူဦးရေ ထက်ကားပိုင်ဆိုင်မှုမှာ နှစ်ဆရှိသည်ဟု လသာမြို့နယ်သားတစ်ဦးက ဆို သည်။ ထိုအခြေအနေကို ပြည်သူ့သယ်ယူ ပို့ဆောင်ရေး (Public  Transportation) စနစ်ဖြင့်သာ ဖြေရှင်းနိုင်သည်။ တိုးတက်လာသော လူဦးရေနှင့်အပြိုင် အများသုံး လိုင်းကားများကို တိုးမြှင့်ပေးရမည်ဟု နိုင်ငံတော်သမ္မတအကြံပေးက ပြောသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းကို အိမ်စောင့်အစိုးရလက်ထက်ကတည်းက ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ မြို့ တွင်းမှ ဆင်ခြေဖုံးရပ်ကွက်များသို့ သွား လာရေး လွယ် ကူစေရန်ရည်ရွယ်ဆောက် လုပ်ထားသည်။ တစ်နေ့လျှင် ခေါက်ရေ ၂ဝဝ ကျော်ပြေးဆွဲနေသည့် အဆိုပါ မြို့ပတ်ရထားမှာ စီးနင်းသူ တစ်နေ့လျှင် တစ်သိန်းကျော်ရှိသည်ဟု သိရသည်။ ယာဉ်ကြောပိတ်ပြဿနာများကို ဖြေရှင်းနိုင်ရန် ခရီးသွားပြည်သူများ စဥ့် အိုးတန်း-လှိုင်သာယာ ရေယာဉ်လမ်းကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ဖွင့် လှစ်ပြေးဆွဲပေးခဲ့သည်။ ၂ဝ၁၃ ခုနှစ် မေလတွင် FMI နှင့်ပြည်တွင်းရေကြောင်းတို့ ပူးပေါင်းကာ လှိုင်သာယာကားမှတ်တိုင်နှင့် သင်္ဘောဆိပ်အကြား အကြို အပို့ ပြု လုပ်ပေး ခဲ့သည်။
ထိုအစီအစဉ် မှာလည်း သင်္ဘောအစား ဘတ်စ်ကား စီးကြသူများသာများလေရာ ပြန်လည် ပိတ်သိမ်းခဲ့ရသည်။ နိုင်ငံတကာ၏ ယာဉ်ကြောပိတ် ပြဿနာ ဖြေ ရှင်း သည့်နည်း လမ်းမှာ ရေယာဉ်ခရီးစဉ်နှင့် ဖြေရှင်း၍မရ ကြောင်း ပြည်တွင်းရေကြောင်း မြစ်ဝကျွန်းပေါ်ဌာနခွဲမန်နေဂျာ ဦးသန့်ဇင်ဦး က ၎င်းအမြင်ကို ပြောပြသည်။ ”ကားမှတ် တိုင်အ ထိတော့ ဆိပ်ကမ်းလုပ်ပေးတော့မရဘူး”
သင့်ကြောင့် ကားလမ်းမပိတ်ပါစေနှင့်
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ၂ဝ၁၄ ခုနှစ် ဧပြီလအထိ (က) ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင် သုံးသောင်းနီးပါးကိုလည်းကောင်း၊ (ဃ)အငှား ယာဉ်မောင်း လိုင်စင် တစ်သိန်းခြောက်သောင်းကိုလည်းကောင်း ထုတ်ပေးခဲ့သည်ဟု သိရသည်။ လမ်းပေါ်တွင် ပူပူနွေးနွေး လိုင်စင်အသစ်များကိုင်ကာ စိတ်ထင်တိုင်း မောင်းနေကြ သူ များ တိုးပွားလာကြောင်း အငှားယာဉ်မောင်းသက်တမ်း နှစ် ၂ဝ ကျော်ရှိသူ ဦးငွေစိုးက သူ့အတွေ့အကြုံ ကို ပြောပြသည်။တစ်သိန်းကျော် အရေအတွက် ရှိလာသည့် ယာဉ်ေ မာင်းများအနေဖြင့်ယာဉ်နှင့် လမ်းအပေါ်တွင် ပိုမိုကျွမ်းကျင် ပိုင်နိုင်မှုရှိရန်လိုအပ်ပြီးလမ်းစည်း ကမ်းနှင့်အညီမောင်းနှင်တတ်ရန်လည်း လိုအပ်လာကြောင်း အထူးသဖြင့် ယာဉ်ကြောပိတ်ချိန်တွင် အနည်းငယ်ချောင်မည့် လမ်းကြောကိုရွေးချယ်သွားလာနိုင်ခြင်းမရှိဘဲ ယာဉ်ကြောကျပ် လမ်းမကြီးများပေါ်တွင်သာ စုပြုံတိုးနေခြင်းက လည်း ပြဿ နာတစ်ခုဖြစ်သည်ဟု သက်တမ်းရင့် ယာဉ်မောင်းများက ထောက်ပြ သည်။
ယာဉ်ကြောပိတ်ဆို့မှုများသည် မီး ပွိုင့်စနစ် များပြားနေခြင်းကြောင့်လည်း ဖြစ်ပြီး နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်သင့်သည်ဖြစ်ကြောင်း သမ္မတ အကြံပေး ဦးကို ကို လှိုင်က ပြောသည်။ အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်ကမူ ”လူဖြင့် ထိန်းချုပ်ခြင်းထက် နည်းပညာအသုံးပြု၍သာ ဖြေရှင်းသင့်သည်”ဟု သုံးသပ်ပြော ဆို သည်။ ရန်ကုန်မြို့လယ်ကောင် နေရာများတွင် ယာဉ်ရပ်နားရန် နေရာများ တိတိကျကျပေါ်ပေါက်လာရန်လိုပြီ။ စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းတို့ကလည်း ယာဉ် ကြော ပိတ် ပြဿနာ ကို ဖြစ်ပွားစေသည် ဟု ခရီးသွားများက ထောက်ပြပြောဆို လာကြသည်။
ကျောင်းဖွင့်ရာသီ၌ နာမည်ကြီး ကျောင်းများတွင် ကိုယ်ပိုင်ကျောင်းကြို ယာဉ်ငယ်များ၊ ယာဉ်ကြောပေါ်တွင် ထပ်ဆင့်ရပ်နားခြင်းကလည်း ယာဉ် ကြောပိတ် ဆို့မှုများ ကို ဖြစ်ေ စသည်ဟု နိုင်ငံတကာ ပညာရေး လမ်းကြောင်းအ တွက် အကြံပေးနေသည့်Crown Education မှ ဦးအောင်ကျော်ဆန်းက ပြောသည်။ နိုင်ငံတကာမှာလို အဝါရောင်ေ ကျာင်းကား အကြီးကြီးတွေလုပ်ပြီး ကျောင်းသူကျောင်းသားများများကို တစ်ခါတည်းနဲ့ သယ်ပို့ပေးနိုင်တာမျိုး လုပ်ရမည်။သို့သော် ရန်ကုန်မြို့တွင် ယခု ဇွန် လမှစကာ နံနက် ၈ နာရီမှ ၉ နာရီ ကြား နေ့လယ် ၁၂ နာရီ ၂ နာရီကြား၊ ညနေ ၅ နာရီအချိန်များတွင် နာမည်ကျော် ကျောင်းကြီးများရှေ့၌ ယာဉ်များ ပိတ် နေ သည် ကို ပြန် လည်တွေ့မြင် ရဦး မည် ဖြစ်သည်။
ဆေးမြီးတိုနှင့် ယာဉ်ကြောပိတ်ဆို့မှု
ရွှေဂုံတိုင်၊ လှည်းတန်း၊ ဘုရင့်နောင် ခုံးကျော်တံတား သုံးစင်းကို ၂ဝ၁၃ ခုနှစ်အတွင်း အပြီးသတ် တည်ဆောက် ခဲ့ကြသည်။ ယာဉ်ကြောပိတ် ဆို့မှုကို ဖြေ ရှင်း ရန် ဖြစ် သည်။ မြေနီကုန်း ခုံးကျော်တံတားအသစ် တစ်စင်းကိုလည်း ကျပ်ငွေ ၁၆ ဘီလျံ ကျော်သုံးစွဲပြီး ၂ဝ၁၄ -၂ဝ၁၅ ဘဏ္ဍာ နှစ်၌ တည်ဆောက် သွားဦးမည်ဟု ရန် ကုန် တိုင်းဒေ သကြီး အစိုးရအဖွဲ့အထူးအစည်းအဝေး ဆုံးဖြတ်ချက်အရသိရသည်။
”လမ်းပိတ်တဲ့ ပြဿနာကို ဖားခုံသလိုမျိုး တံတားထိုး ဖြေရှင်းလို့မရဘူး” ဟု အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ဝေဖန်ထောက်ပြထားသည်။ အိမ်နီးချင်း ထိုင်းနှင့် စင်ကာပူနိုင်ငံများတွင် ခုံးကျော်တံတားများ တည်ဆောက်ဖြေရှင်းသော်လည်း တစ်ဆက်တစ်ဆက်တည်း တံတားများဖြစ်၍ အမြန်လမ်းများသဖွယ် သွား လာနိုင်ကြ ခြင်းဖြစ် သည်။ ရန်ကုန်မှ ခုံးကျော်တံ တားများမှာ မီးပွိုင့်တစ်ပွိုင့်စာ ကျော် ဖြတ်သည့်အခြေအနေသာရှိသည်ဟု ယင်းက ပြောသည်။
နိုင်ငံတကာတွင်မူ ခုံးကျော်တံတား သာမက မြေအောက်ရထား၊ မြေအောက် လမ်းများနှင့် နှစ်ထပ်၊ သုံးထပ်ကားလမ်းများ၊ မြို့ပတ်အမြန်လမ်းများ ထားရှိပြီး ယာဉ်ကို အနှောင့်အယှက် မရှိစေရန် ပြုလုပ်ပေးထားခြင်း ဖြစ်သည်။ ၎င်းအစီအစဉ်များမှာ ငွေကြေးအရင်းအနှီးများ စွာ ကုန်ကျမည့်အရာများဖြစ်ကာ မြန်မာ နိုင်ငံအတွက် ခက် ခဲဦးမည်ဟု ပညာရှင်အများစုက တစ်ညီတစ်ညာတည်းပြောဆို ကြသည်။ မြန်မာနိုင်ငံတွင်မူ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများကို အဝေး ပြေးဝင်းများပြုလုပ်ကာ မြို့ အစွန်တွင် ထားရှိပေးထားသော်လည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် မကောင်း ခြင်းကြောင့် ခရီးသွားမည့်နှုန်းထားထက် မြို့တွင်းမှ အဝေးပြေးဝင်းသို့ သွားမည့် ကုန်ကျစရိတ် ပိုမိုမြင့်မားနေသည်ကို တွေ့ရသည်။ ”နေပြည်တော် ကားခ ၆ဝဝဝ။ မြို့ထဲကနေ အောင်မင်္ဂလာကို ၅ဝဝဝ။ အဲဒီလို ဖြစ်နေတယ်”ဟု သမ္မတ အကြံ ပေး ဦးကိုကိုလှိုင်က ပြောသည်။
လမ်းလျှောက်ဖို့ နေရာပေးပါ
”ရန်ကုန်ရဲ့ နေရာအတော်များများဟာ ကားတွေအတွက် ဖြစ်နေပြီး လမ်းလျှောက်မယ့် လူတွေအတွက် မဟုတ် တော့ဘူးဆိုတာ စိတ်မကောင်းကြီးစွာ တွေ့ရပါတယ်” Yangon Heritage Trust  မှ မြို့ ပြစီမံကိန်းအပိုင်းကို ကိုင်တွယ်ဆောင်ရွက်သူ Megan Quirk အား အယ်ဂျာဇီးယား မီဒီယာက မေးမြန်းရာ ဖြေကြား ခြင်းဖြစ်သည်။ ရန် ကုန်မြို့တွင် တက္ကစီအစီးရေ သုံးသောင်းကျော်ရှိနေပြီ။ အမေရိကန် နယူးယောက်မြို့၏ နှစ်ဆဖြစ်သည်ဟုလည်း ထောက်ပြထားသည်။လူများ လမ်းလျှောက်ရန် စင်္ကြံပ လက်ဖောင်းများမရှိခြင်း၊ စက်ဘီးစီးနင်းရန် ခွင့်မပြုခြင်းတို့ကလည်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်မည့် နည်း လမ်းများအား ပိုမိုခက်ခဲစေ သည် ဟု ရေး သား ပါရှိ သည်။
ရန်ကုန်မြို့နေ ပြည်သူများကို လမ်းလျှောက်နိုင်ရန် ပံ့ပိုးပေးပါက ယာဉ်စီးမှုနှုန်း လျော့ကျသွားမည်ဖြစ် သည်။ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ လည်း အဆင်ပြေသွားနိုင်သည်။ ထို့ ကြောင့် လမ်းလျှောက်သမားများအတွက် ပလက်ဖောင်းကျယ်ကျယ်ဝန်းဝန်း ဖန်တီးပေးသင့်ကြောင်း Yangon Heritage Trust  မှ ပညာရှင် တစ်ဦး ဖြစ် သည့် ဒေါက်တာ သန့်မြင့်ဦးက လူမှု ကွန်ရက် စာမျက်နှာနှင့် ဟောပြောပွဲများ တွင် အကြံဥာဏ်ပေးခဲ့သည်။ သို့သော် ရန်ကုန်မြို့တော် စည်ပင်သာယာရေးက လက်ရှိ လူ သွားပလက်ဖောင်းများကို ယာဉ်သွားလမ်းမများအဖြစ် ပြောင်းလဲ ချဲ့ထွင်နေသည်ကို ရန်ကုန်မြို့တွင်း မြို့နယ်များတွင် တွေ့ရသည်။
ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပြည် သူများ နစ်နာဆုံးရှုံးရသည့် လုပ်အား ခများကို စီးပွားရေး ပညာရှင် ကိုသန်း စိုးက တွက်ချက်ပြထားသည်။ တစ်နေ့လျှင် ဘတ်စ်ကားစီးသူ သုံးသိန်းဆိုပါစို့၊ သူတို့၏တစ်နေ့ပျမ်းမျှ လုပ်ခကျပ်ငွေ ခုနစ်ထောင်ဖြင့် တွက်ချက်လျှင် တစ်နာရီလုပ်အားခမှာ ၈၇၅ ကျပ် ဖြစ်သည်။ ယာဉ်ကြောတစ်နာရီ ပိတ်ဆို့လျှင် လူ သုံးသိန်းအတွက် လုပ်အားခ သန်းနှစ်ရာကျော် ဆုံးရှုံးမည်ဟု ယင်းက တွက်ချက်ပြထားသည်။ ထိုကဲ့သို့ ဆုံးရှုံးနစ်နာနေသည်သာမက မိသားစု တွေ့ဆုံချိန်များ နည်းပါး လာခြင်း၊ ကိုယ်ပိုင်အချိန် လျော့နည်း လာခြင်းများလည်း ဖြစ်လာနေပြီဟု ကိုသန်းစိုးက ဆက်လက်ပြောသည်။
ခရီးသွားပြည်သူများ၏ စွမ်းအား၊ လုပ်အားခနှင့် အချိန်များဆုံးရှုံးနေခြင်းကို မည်သည့်အချိန်တွင် ဖြေရှင်းပေးနိုင်မည်နည်း။ ”နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့ အချိန်ရောက်နေ ပါပြီ။ မဟုတ်ရင်တော့ မကြာခင်တိုးပွားလာဦးမယ့် ကားတွေနဲ့ ရင်လေးစရာအနေအထားပါပဲ”ဟု အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌက ဦးအောင်မြင့်က သုံးသပ်ပြသည်။
သုတလင်း၊ မြတ်စုငြိမ်း၊ အိမ်စည်စိုးစံ

ရပ်တော်မူပါဦး ကုန်ဈေးနှုန်း


 ဧပြီလမှစ၍ ကုန်ဈေးနှုန်းများ သိသိသာသာတက်လာသောကြောင့် ယခင်လို ဈေးဝယ်ရတာ အဆင်မပြေတော့။ လက်ထဲတွင်ပါသော တစ်နေ့ စရိတ်နှင့် ဝယ်ခြမ်းရမည့် ဟင်းစားကို တော်တော် စဉ်းစားရသည်။ ယခင်နှစ်များကမူ သင်္ကြန် ကျော်ပါက ဈေးပြန်ကျလေ့ရှိသော်လည်း ယခုနှစ်တွင် ဘယ်သို့ဖြစ်သည်မသိ။ ဈေးက လုံးဝပြန်မ ကျေ တာ့သောကြောင့် တစ်ခါဈေးဝယ်လျှင် လက်ထဲမှာပါသည့် ငွေနှင့် ဟင်းစား လောက်ငအောင် တွက်ရသည့်အချိန်က ပိုလာသည်ဟု ရန်ကင်းမှ အိမ်ရှင် မတစ်ဦးဖြစ်သည့် မသီတာက ပြောသည်။
 ”ဈေးသွားရင် ငွေပိုယူသွားရတယ်၊ အရင်ကလိုတစ်နေ့ ငါးထောင်နဲ့လောက်တယ်ဆိုပြီး ယူသွားလို့ကတော့ အဲဒီငွေက အသားငါးဝယ်တာနဲ့တင်ကုန်ပြီ။ ဒါတောင် ဆန်၊ ဆီ၊ ဆားတွေ မပါသေးဘူး ” ဟု ၎င်းကစိတ်ပျက်စွာ ပြောသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင်တစ်နေ့ လုပ်အားခဘတ် ၃ဝဝ သတ်မှတ်ပေးထားသော်လည်း မြန်မာနိုင်ငံတွင်မူ တစ်နေ့ လုပ်အားခ မသတ်မှတ်ရသေးပါ။ လုပ်ငန်း များအလိုက် ဝင်ငွေရရှိမူ မတူညီကြသော်လည်း ကုန်ဈေးနှုန်းမြင့်မားခြင်း ဒဏ်ကိုတော့ အယုတ်အလတ်အမြတ်မရွေး တူညီစွာခံစားကြရသည်။
ဆန်ဈေးမြင့်တက်
မြန်မာလူမျိုးတို့အတွက် မရှိမဖြစ်စားကုန်ဖြစ်သော ဆန်ဈေးနှုန်းများ မေလဆန်းမှစ၍ မြင့်တက်လာပြီး ဆန်ချောတစ်အိတ်လျှင် ကျပ်၂ဝဝဝ မှ ၃ဝဝဝ အထိ မြင့်တက်သွား သည်။အလား တူ ဆန်ကြမ်းဈေးလည်း မြင့်တက်လျက် ရှိပြီး တစ်အိတ်လျှင် ကျပ် ၇ဝဝ မှ ၈ဝဝ အထိ ဈေးတက်နေကြောင်း ဝါးတန်းရှိ ဆန်ကုန်သည်တစ်ဦးက ပြောသည်။ ယမန်နှစ်များကလည်း ဆန်ဈေးတက်လေ့ ရှိသည်။ သို့သော် ဆန်ချောတစ်အိတ်လျှင် ကျပ် ၁ဝဝဝ ဝန်းကျင်သာ တက်လေ့ရှိပြီး ယခုနှစ်တွင်မူ ဈေးပိုတက်လာသည်ဟု ၎င်း က ပြောသည်။ ထိုသို့ဈေးတက်ရခြင်းမှာ ကြိတ်ခွဲခ နှင့် သယ်ယူစရိတ်များကြောင့်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
ရန်ကုန်ဆန်ဈေးကွက်အတွင်းသို့ ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မော်ကျွန်း၊ ရွှေဘိုတို့မှ ဆန် များဝင်ရောက်လျက်ရှိပြီး လက်ရှိဈေး ထက် ထပ်မံမြင့်တက် ဖွယ်ရာရှိသည်ဟု အထက်ပါကုန်သည်ကဆိုသည်။ ”ထမင်းကောင်းတဲ့ဟာ (ဆန်ချော)ကနည်းနည်းရှားတယ်၊ ဒီနှစ်က ထပ်တက်ဖို့များတယ်” ဟု ၎င်းကဆိုသည်။ ဆန်ကြမ်းဈေး တက်မတက်မှာမူ တင်ပို့မှုအပေါ် မူတည်ကြောင်း၊ တင်ပို့ မှုများပါက ဆန်ကြမ်းဈေးလည်းတက် ဖွယ်ရာရှိကြောင်း ၎င်းကဆိုသည် ။
” Export ဝင်လာပြီဆိုရင် ငါးမတ်ဆန် (ဆန်ကွဲရော)က တန်းတက်သွားရော၊ ဒါပေမဲ့ သူက ဆန်ချောလောက်တော့ အတက်အကျ မကြမ်းပါဘူး”ဟု ၎င်းကပြောသည်။ ဆန်ဈေးမြင့်တက်ခြင်းကြောင့် ပုံမှန် ဆန်ချောစားသူများပင် ဆန်ကြမ်းနှင့် ရောနှောစားလာသည်ကို တွေ့ရကြောင်း ၎င်းကပြောသည်။ကမာရွတ်မြို့နယ်မှ အိမ်ရှင်မတစ် ဦးဖြစ်သည့် ဒေါ်မေမျိုးခိုင်က ယခင်က ၁၉ဝဝ တန် ဆန်တစ်ပြည်လျှင် ကျပ် ၂၂ဝဝ အထိ ဈေးတက်သွားကြောင်း၊ ဟင်းသီးဟင်းရွက်၊ သားငါး အပါအဝင် ဆိုပါက တစ်နေ့ လျှင် ကျပ်တစ်သောင်း အထက်ပါမှသာ အဆင်ပြေတော့ကြောင်း ပြောသည်။
”ကလေးမုန့်ဖိုးကို မနှစ်က ငါးရာ၊ တစ်ထောင်ပေးလို့ ရတယ်။ အခုက ၁၅ဝဝ၊ ၂ဝဝဝ လောက်မှ။ အိမ်က သားဆိုရင် သူ့ကို တစ်နေ့တစ်ထောင် ပေးရင် ဘာပြောလဲ ဆိုတော့ မေမေတဲ့၊ အာလူးကြော်တစ်ထုပ်တောင် ၂ဝဝ ရှိ တယ်။ အအေးတစ်ဘူးက ၇ဝဝ ရှိတယ်၊ အဲ တစ်ထောင်နဲ့ဆိုရင် မုန့်နှစ်မျိုးတောင် ကောင်းကောင်းစားရမှာ မဟုတ်ဘူးတဲ့”ဟု ဒေါ်မေမျိုးခိုင်က အိမ်သုံးစရိတ်များ မြင့်တက်လာခြင်းကို ပြောပြသည်။
ဆီဈေးငြိမ်
ဆန်ဈေး မြင့်တက်နေသော်လည်း ဆီဈေးမတက်ကြောင်း မြောက်ဒဂုံရှိ ကလေးနှစ်ဦးမိခင် ဒေါ်စိုးစိုးက ပြောသည်။ ဧပြီလအတွင်းက ထိုင်းမှဝင်သော ဆီပုံးများ ဈေးမြင့် ခဲ့သော်လည်း လက်ရှိ အချိန်တွင်မူ ပုံမှန်ပြန်ဖြစ်ပြီဟု ညောင်ပင် လေးဈေးမှ ဆီရောင်းသူတစ်ဦးကပြော သည်။ မကွေး၊ မြင်းခြံတို့မှ ဆီများကို အများဆုံးရောင်းချသော အဆိုပါ ဆီ ဈေးကွက်တွင် ပဲဆီ၊ နှမ်းဆီဈေးများ အတက်အကျမရှိကြောင်း ၎င်းကပြောသည်။ လက်ရှိတွင် လက်လီဈေးကွက်အတွင်း ပဲဆီ တစ်ပိဿာလျှင်ကျပ် ၄ဝဝဝ နှင့် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၂ဝဝဝ ဈေးဖြင့် ရောင်းချနေကြောင်း သိရသည်။ ဆီဈေးနှုန်းသည် အလှူ အတန်းများသော ပွဲတော်ရက်များတွင် တက်လေ့ ရှိကြောင်း၊ ပြည် တွင်းထုတ် ပဲဆီများသာမက မလေးရှားမှပို့သော စားအုန်းဆီ၊ ထိုင်းမှဝင်သောပုစွန်နှစ်ကောင် ဆီတို့ကိုအသုံးများကြောင်း သိရသည်။
ကြက်သားဈေးမြင့်
ကြက်သား တစ်ပိဿာလျှင်ကျပ် တစ်ထောင်ကျော် ဈေးမြင့်လာကြောင်း အသားလက်လီ ရောင်းချသူများထံ မှသိရသည်။ ထိုသို့ဈေးမြင့်ရခြင်းမှာ ရာသီဥတုပူ၍ ကြက်ေ သနှုန်းများလာခြင်းကြောင့်ဖြစ်ကြောင်း အသားတိုး ကြက် ထုတ်လုပ်မွေးမြူရောင်းချသူများ အသင်းမှ ဦးခင်မောင်လွင်က ပြောသည်။ ထို့အပြင် အခြားသားငါးများ အဝင် နည်းနေသောကြောင့် ကြက်သားဈေး မြင့်နေခြင်းဖြစ်ပြီး လက်ရှိတွင် ခြံဖမ်းဈေး တစ်ပိဿာလျှင် ကျပ် ၃၉ဝဝ ဈေးရှိပြီး လက်လီရောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၄၂ဝဝ ဈေးရှိ သည်။ သို့သော် ရပ်ကွက်ဈေးများတွင်မူ ကြက်သား တစ်ပိဿာလျှင် ကျပ်ခြောက်ထောင်ဈေး ရှိနေသည်ဟု  အိမ်ရှင်မဒေါ်စိုးစိုးကပြောသည်။
”ဒိုင်မှာဈေးတက်လို့ ဒီမှာတက်တာ လို့ပြောတယ်”ဟု ၎င်းကပြောသောကြောင့် ၃၈ လမ်းဈေးရှိ ကြက်သားသည်တစ်ဦး ကိုမေးမြန်းကြည့်ရာ လက်လီဈေး တက်ေ သာကြောင့် ဈေးတက်ရောင်းရခြင်း ဖြစ်သည်ဟု ဆိုသည်။ လက်ရှိ ကြက်သားဈေးသည် အိမ် နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံနှင့် နှိုင်း ယှဉ် ပါက မြင့်ေ နပြီး  မွေးမြူသူများ အတွက်မူ တွက်ခြေကိုက်ကြောင်း၊  ဈေးထိုးကျသွားပါက စားသုံးသူများ အတွက် တွက်ခြေကိုက်သော်လည်း ရောင်းချသူများအရှုံးပေါ်ကြောင်း၊ ကြက်သားပို ထုတ်လုပ်နို င် ပါက မွေးမြူသူ နှင့် စားသုံးသူ နှစ်ဦးနှစ်ဖက် တွက်ခြေ ကိုက်သော အခြေအနေရရှိနိုင်ကြောင်း ၎င်းကပြောသည်။
”ထိုင်းမှာကတစ်ခြံကို အနည်းဆုံး အကောင်ရေတစ်သိန်းလောက် မွေးတာ၊ ဒီမှာက ရာဂဏန်းပဲ မွေးနိုင်ကြတယ်။ အဲဒီလိုသာ ထုတ်လုပ်နိုင်မယ်ဆို နှစ်ဖက် စလုံး တွက်ခြေကိုက်မှာ”ဟု ၎င်းက ပြောသည်။ မင်္ဂလာတောင်ညွန့် ကြက်ဘဲဒိုင်မှ ကိုဇော်ဝင်းကမူ  အပူရှိန်လျော့သွားပြီ ဖြစ်၍ ကြက်သားဈေး ကျဖို့သာရှိသည်ဟု သုံးသပ် သည်။ ”လက်ကားဈေးမှာ တစ်ပိဿာ    ခြောက်ထောင်၊ ခုနစ်ထောင်ဖြစ်နေ တော့ စားသုံးသူတွေအတွက် တော်တော်ကြီးတဲ့ နှုန်းထားဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။
ဧပြီလမှစ၍ ကြက်သားဈေးများ သိသာစွာ မြင့်တက်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် လက်ကားဈေးကျ ဆင်းခြင်းမရှိသေးကြောင်း သိရသည်။  အင်းစိန်မြို့နယ်မှ အသ က်ခြောက် ဆယ်ဝန်းကျင်ရှိ အိမ်ရှင်မတစ်ဦးက ”ကြက်သားတစ်ဆယ်သားကို ခုနစ်ရာ ဈေးရှိတယ်၊ အစိတ်သားလောက်ဝယ်မှ အိမ်ကမိသားစုနဲ့ လောက်ငအောင်စား ရ တယ်” ဟု တွက်ချက်ပြသည်။
ဝက်သား၊ အမဲသားဈေးတက်  
ကြက်သားကဲ့သို့ပင် ဝက်သားဈေးလည်းမြင့်တက်နေပြီး လက်ကားဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ်နှစ်ထောင်အထိ ဈေးမြင့်လာသည်။ အလားတူ အမဲသားလည်း ဈေး တက်နေပြီး တစ်ပိဿာလျှင် ကျပ် ၂ဝဝဝ အထိဈေးမြင့်လာကြောင်းသိရ သည်။ ဝက်သား တစ်ပိဿာလျှင် ကျပ် ၇ဝဝဝ ဈေးရှိနေပြီး အမဲသားတစ်ပိဿာလျှင် ကျပ် ၉ဝဝဝ ဈေး ရှိနေကြောင်း သိရ သည်။ ထိုသို့ဖြစ်ရခြင်းမှာ အိမ်နီးချင်း တရုတ်နိုင်ငံသို့ ကျွဲ၊ နွား၊ ဆိတ် အရှင်များ တရားမဝင်လမ်းကြောင်းမှတင်ပို့နေခြင်း ကြောင့်ဖြစ်ကြောင်းသိရသည်။ ကျွဲ၊ နွား တင်ပို့ရောင်းချသူတစ်ဦးက ”အဲဒီလို တရားမဝင်သွားနေတာတွေကို ထိန်းချုပ်ပြီး တရားဝင်သတ်မှတ်ပေးမယ်ဆိုရင် ပြည်တွင်းဈေးနှုန်း တည်ငြိမ်မယ်၊ အစိုးရက အဲဒါကိုကူညီပေးဖို့လိုတယ်”ဟု မှတ်ချက်ပြုသည်။
အင်းစိန်မြို့နယ်မှ အသက်လေးဆယ် ဝန်းကျင်ရှိ အိမ်ရှင်မတစ်ဦးက အမဲသား များ ဈေးတက်လာသောကြောင့် ယခင် ထက်လျှော့ဝယ်နေ ရကြောင်း ပြော သည်။”တစ် ခါ စားရင် ဟင်းသေးနှစ်တုံး ထည့်ပေးတာတောင် အိမ်က ကလေးက မဝလို့ သူ့ကိုထည့်ပေးတာ နည်းတယ် ဆိုပြီး ဂျီကျတယ်၊ အမဲသားတစ်ဆယ် သား ကိုး ရာဈေးဖြစ်ေ နတော့ အရင်လို အများကြီး မဝယ်နိုင်တော့ဘူး”ဟု ၎င်းက စိတ်ပျက်စွာ ပြောသည်။
ငါးဈေးမြင့်
လက်ကားဈေးတွင် ငါးဈေးမြင့် တက်လျက်ရှိပြီး  ငါးကြင်း၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ယခင်ထက် ကျပ်တစ် ထောင်ကျော် မြင့်တက်လာသည်ဟု သိ ရသည်။ ငါးဒိုင်ဖြစ်သည့် ကြည့်မြင်တိုင် ဗဟိုစံပြ ငါးဈေးတွင် ဈေးမတက်သော် လည်း လက်ကားဈေးကွက်တွင် ဈေး တက်လျက်ရှိကြောင်း အဆိုပါဈေးရုံးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။ ထိုသို့ ဈေးတက်ရခြင်းသည် သယ်ယူစရိတ်နှင့် ရေခဲဈေး မြင့်တက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း အင်းစိန်ရှိငါးရောင်းသူတစ်ဦး ကပြောသည် ။ငါးမြစ်ချင်းတစ်ပိဿာလျှင် ဒိုင်မှ ကျပ် ၂၇ဝဝ ဈေးဝယ်ရသော်လည်း ပြန်ရောင်းသည့်အခါ ကျပ် ၃၅ဝဝ၊ ၄ဝဝဝ ဈေးရောင်းချကြောင်း၊ မီတာခများတက် ၍ရေခဲတစ်တုံးလျှင် ကျပ်ငါးရာဈေးတက်သောကြောင့် လက်ကားဈေးကွက်တွင် ငါးဈေးများမြင့်လာခြင်း ဖြစ်ကြောင်း ၎င်းကပြောသည် ။
ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးမှ ဈေးသည်တစ်ဦးကမူ ”လက်ကားဈေး မှာက တစ်ခါလောက် ဈေးတက်သွားတာ နဲ့ တော်တန်ရုံဈေးပြန်မကျတော့ဘူး၊ သူ တို့ကိုမေးရင် လက်လီဈေးမှာကိုက ဈေး တက်နေတာလို့ပြောကြတယ်”ဟု ပြောသည်။ မိုးရာသီရောက်ပြီဖြစ်၍ ငါးဈေး များ အကျဘက်သာ ရှိလာနိုင်ကြောင်း၊ ကုန်အဝင်ပေါ်မူ တည် ၍  ဈေးအတက်အ ကျရှိကြောင်း၊ လက်ရှိတွင် ဗဟိုစံပြငါး ဈေးသို့ တစ်ရက်လျှင် ငါးပိဿာချိန် ပေါင်း နှစ်သိန်းဝန်းကျင် ဝင်ရောက်ပြီး နယ်များသို့ တစ်ရက်လျှင် ပိဿာချိန် နှစ်သောင်း ဝန်းကျင် တင်ပို့နေရကြောင်း သိရသည်။ ငါးကဲ့သို့ပင် ရေထွက်ကုန် ဖြစ်သော ပုစွန်လည်း ဈေးမြင့်လျက် ရှိပြီး တစ်ပိဿာလျှင် ကျပ်နှစ်ထောင်မှ သုံး ထောင် အထိ ဈေး တက်ေ နကြောင်း သိရသည်။ ”ဘာငါးပဲဖြစ်ဖြစ် ဈေးတက်နေတာ၊ ချဉ်ဟင်းချက်သောက်တဲ့ ငါးခေါင်းတောင် တစ်ထောင်ဖိုးဝယ်မှရောင်း တဲ့ေ ခတ် ဖြစ် နေပြီ” ဟု မြောက် ဂုံ မှ အသက်ငါးဆယ်ကျော် အိမ်ရှင်မတစ်ဦးက ပြောသည်။
ဟင်းသီးဟင်းရွက်ဈေးတက်
မေလအတွင်း မိုးရွာသွန်းမှုကြောင့် ကုန်စိမ်းဈေးများမြင့်တက်လျက်ရှိပြီး ကုန် အဝင်လည်း နည်းနေသည်ဟု တညင်း ကုန်းဈေးမှသိရသည်။ ဘူးသီးတစ်လုံး လျှင် ကျပ် ၃ဝဝ မှ ကျပ်၂ဝဝဝ ထိလည်း ကောင်း၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ် ၃ဝဝ၊ ၄ဝဝ မှ ကျပ် ၁ဝဝဝ၊ ၁၂ဝဝ ထိလည်း ကောင်း ဈေးမြင့်တက်လျက်ရှိပြီး ကုန် အဝင်ပေါ်မူ တည်ပြီး ဈေးကစားကြ ကြောင်း အဆိုပါဈေးမှ ကုန်စိမ်းရောင်း ချသူ တစ်ဦးကပြောသည်။ ထို့အပြင် ယခင်က ဟိုင်းလတ်ကားများဖြင့် ကုန် တင်ပို့ကြပြီး ဧပြီလမှစ၍ ဟိုင်း လတ်များ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အ တွင်း ဝင်ရောက်ခွင့်မရှိတော့၍ ဒိုင်နာ များဖြင့် ကုန်တင်ပို့ကြကြောင်း၊ တစ်နေ့ လျှင်  ဟိုင်းလတ်အစီး နှစ်ဆယ်ခန့်ဝင်ရာမှ ဒိုင်နာ ၁၂ စီးခန့်သာ ဝင်တော့သော ကြောင့် ကုန်အဝင်နည်းပြီး ဈေးတက်လာ ခြင်းဖြစ်ကြောင်း တညင်းကုန်းဈေးဌာနခွဲ (၂)မှ ဦးသိန်းလွင်ကပြောသည်။ ထို့အပြင် ၎င်းက ”ဟိုင်းလတ်ကားနဲ့တုန်းက ကျပ် ၅ဝဝတန် ပစ္စည်းတစ်ထုပ်ကို ခုလိုက် ထရပ်ကားက ၁ဝဝဝ၊ ၁၅ဝဝ ကျပ် ယူတယ်။ လူကိုလည်းအဲဒီလိုပဲ။ တစ်ဆလောက်ကို တက် သွား တယ်”ဟုသုံးသပ်ပြောသည်။
ဟင်းသီး ဟင်းရွက်ဒိုင်များတွင် ဈေးတက်သည်ဟုဆိုကာ လက်ကားဈေး ရောင်းသူများကလည်း ဈေးတင်ရောင်း ကြသောကြောင့် ဟင်းသီးဟင်းရွက်ဈေး များ သိသာစွာ မြင့် တက်လာခြင်းဖြစ် ကြောင်း တညင်းကုန်းဈေးရှိ ကုန်စိမ်းသည် တစ်ဦးကပြောသည်။ ရန်ကင်းမြို့နယ်မှ အိမ်ရှင်မ မသီ တာကမူ ”ကန်စွန်းရွက်တစ်စည်း နှစ်ရာ ဖြစ်နေပြီ၊ အသားဟင်းတစ်မျိုး အရွက် ကြော်တစ်မျိုးတည်း ချက်စားဖို့တောင် မလွယ်တော့ပါဘူး”ဟု ညည်းတွား ပြောဆိုသည်။
ဈေးတွေ ဘာကြောင့်တက်
အစိုးရက လိုငွေပြ၍ ငွေစက္ကူရိုက်ထုတ်ခြင်းကြောင့်လည်းကောင်း၊ စီးပွား ရေးဖွံ့ဖြိုးလာ၍လည်းကောင်း ကုန်ဈေး နှုန်းတက်လေ့ရှိပြီး မြန်မာနိုင်ငံတွင် လက် ရှိဖြစ်ပေါ်နေသောအခြေအနေမှာ စီးပွားရေးဖွံ့ဖြိုးမှုကြောင့်ဖြစ်ကြောင်း သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက သုံးသပ်သည်။Tradingeconmics.com တွင် ဖော်ပြ ထားသော မြန်မာနိုင်ငံဗဟိုစာရင်းအင်းအဖွဲ့မှ ယခုနှစ်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်းသည် ၂ဝ၁ဝ မှ ၂ဝ၁၄ အတွင်း ပုံမှန်အားဖြင့် ၅ ဒသမ ဝ၂ သာရှိေ သ်ာလည်း ၂ဝ၁၄ ဖေဖော်ဝါရီတွင်မူ ငွေဖောင်းပွမှုနှုန်း ၆ ဒသမ ဝ၃ ဖြစ်နေကြောင်း သိရသည်။
”စီးပွားရေးတက်လာလို့ ကုန်ဈေးနှုန်းတက်လာတယ်။ ဒါပေမဲ့ စီးပွားရေးတက်တာက လူတစ်စုထဲ အကျိုးခံစားခွင့် ရှိနေတယ်။ ပြည်သူတွေရဲ့ဝင်ငွေက တက်မလာဘူး” ဟု ဒေါက်တာဇော်ဦးက ပြောသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန် ပုံငွေအဖွဲ့ (IMF) အကြီးအကဲ Mr.Matt Davies က ယခုနှစ် ဇန်နဝါရီတွင် မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ရာ မြန်မာ့ငွေဖောင်း ပွမှုနှုန်းသည် ၂ဝ၁၅ မတ်လအထိ ၆ ရာခိုင်နှုန်းတက်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဈေးကွက်မှရရှိသော အချက်အ လက်များအရ သားငါးဟင်းသီး ဟင်းရွက် ဈေးတက်သည်ဆိုသော်လည်း လက်လီ ဒိုင်များတွင် ကုန်အဝင်ပေါ်မူတည်ပြီး သာ ဈေး တက်ခြင်းဖြစ်သည်။ သို့သော် လည်း လက်ကားဈေးများတွင်မူ ကုန် အဝင်မည်သို့ပင်ဖြစ်စေ၊ အချိန်ပြည့် ဈေး တက်နေသည်ကို တွေ့ရ သည်။ ထိုသို့ဖြစ် ရခြင်းမှာ ကားခ၊ ဆိုက်ကားခ၊ ထမ်းပိုးခစသည့်တစ်ဆင့်သယ်ယူစရိတ်များကြောင့် ဖြစ်နိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်သည်။  တညင်းကုန်းဈေးရှိ ခရမ်းသီးရောင်း ချ သည့် အသက်သုံးဆယ်အရွယ် အမျိုး သားဈေးသည်တစ်ဦးက ”ဒီမှာ ခရမ်းသီး အရှည်ကြီးတစ်လုံးမှ ကျပ် ၅ဝ ၊ ၇ဝ လောက်ရောင်းကြတာ။ ရပ်ကွက်မှာ အဲဒီတစ်လုံးကို ၁၅ဝ ကျပ် အထိရောင်းနေကြတာဗျ။ ရပ်ကွက်ကဈေးသည်တွေ တော် တော်လေး အမြတ်ကြီးစားကြတယ်” ဟု နှိုင်းယှဉ်ပြောသည်။
ဈေးမတက်အောင် ဘယ်လိုလုပ်မလဲ
ထိုပြဿနာကို ဖြေရှင်းရန်အတွက် ပြည်သူများ၏ ဝင်ငွေတက်လာအောင် အစိုးရကလုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ စီးပွားရေး တိုးတက်သလို     ပြည်သူတစ်ရပ်လုံး ဝင်ငွေတက်လာရန် ဆောင်ရွက်သင့်ကြောင်း ဒေါက်တာဇော် ဦးက ပြောသည်။ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးသန်းလွင် (ငြိမ်း)ကမူ ထိုသို့ဖြစ်ရခြင်းမှာ အစိုးရက စစ် တမ်းကောက်ယူမှု နည်းခြင်းကြောင့် ဖြစ်ကြောင်း၊ အခြားနိုင်ငံများတွင် ပေါ်လစီတစ်ခုခု ပြောင်းတော့မည်ဆိုလျှင် ဖြစ် လာနိုင်သည့် ကောင်းကျိုး၊ ဆိုးကျိုးကို စစ် တမ်းကောက်ယူကာ ကုန်သည်လုပ် ငန်းရှင်များ၊ ပြည်သူများသို့ ချပြလေ့ရှိ ကြောင်း ပြောသည်။
ထိုသို့စီစဉ်ခြင်းကြောင့် ကုန်သည်များသည် ဈေးကစားခြင်းကို မလုပ်ဝံ့ကြ တော့ကြောင်း၊ မြန်မာနိုင်ငံတွင်မူ ထိုသို့ အစီအမံမရှိသောကြောင့် ဈေး ကစားမှုများ ဖြစ်ပေါ်ေ နခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ”အစိုးရက ကြိုမြင်ဖို့လိုတယ်။ ကြို မြင်ထားရင် ကာကွယ်လို့ရတယ်။ ဘတ် ဂျက်ဆွဲရင်လည်းကြိုမြင်ထားရမယ်၊ တက်တာကို ဘယ် လိုကာကွယ်မလဲ၊ အ ကျိုးယုတ်မှုအနည်းဆုံးဖြစ်အောင် ဘယ် လိုလုပ်မလဲ၊ လုပ်ပြီးပြီဆိုရင်လည်း ကျွန်တော်တို့တော့ ဒီလို လုပ်ထားပါတယ်ဆိုပြီး ကြေညာရမယ်” ဟု ဦး သန်းလွင်က အကြံ ပြုသည်။
ထို့ပြင် ကုန်ဈေးနှုန်းနှင့်ဆက်စပ်နေသော တိကျသည့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေမရှိခြင်း၊  စားသုံးသူ အကာကွယ်ပေးရေး အဖွဲ့အစည်း နည်း ပါးခြင်း သည် လည်း ပြဿနာတစ်ရပ်ဖြစ် ကြောင်း ၎င်းကဆိုသည်။ ”နိုင်ငံခြားတွေမှာဆို ကုန်ဈေးနှုန်းတက်ပြီဆို မီဒီယာကို ပြောလိုက်တာနဲ့ရပ်သွားတာ၊ သူတို့ဆီမှာဥပဒေ အရပေါ် လာတဲ့ အဖွဲ့အစည်းများတယ်၊ ဒီမှာ အဲဒီလိုအဖွဲ့မရှိဘူး”ဟု ၎င်းက ထပ်လောင်း ပြောသည် ။
မြန်မာ့နိုင်ငံရေးတွင် ကုန်ဈေးနှုန်း တက်ခြင်း၊ ငွေစက္ကူများသိမ်းခြင်းကြောင့် နိုင်ငံရေးပဋိပက္ခများဖြစ်ပွားခဲ့သည့် သာဓက များရှိ၍ အစိုးရသည် ကုန်ဈေးနှုန်း ပြဿနာကို လျစ် လျူမရှုသင့်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်မာမာဦးက ထောက်ပြသည်။ ”ကုန်ဈေးနှုန်းကိစ္စကိုအစိုးရက တာ ဝန်မယူဘူးဆိုရင်တော့ အ လား အလာ မကောင်းနိုင်ဘူး၊ ရှေ့မှာလည်း သာဓက တွေရှိခဲ့ပါတယ်”ဟု ၎င်းက မှတ်ချက်ပြု သည်။
အဝတ်အစား၊ အသုံးအဆောင်ကို ခြိုးခြံချွေတာ၍ ရနိုင်သော်လည်း အစားအသောက်မှာမူ အာဟာရစုံအောင် စားရန်လိုအပ်ပေသည်။ ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့(ယူနီဆက်)၏ ထုတ် ပြန်ချက်အရ အရှေ့တောင်အာရှ၏ အာ ဟာရချို့တဲ့မှုနှုန်း အမြင့်ဆုံးနိုင်ငံ စာရင်း တွင် မြန်မာနိုင်ငံသည် တတိယနေရာ၌ ရပ်တည်လျက်ရှိသည်။ အာဟာရ ချို့တဲ့မှု ပြဿနာသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင်ကြုံတွေ့နေရသည့် အကြီး မားဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်သည်။
ယင်းကြောင့် မြန်မာနိုင်ငံရှိ အသက် ငါးနှစ်အောက် ကလေးသူငယ် စုစုပေါင်း ၏ သုံးပုံတစ်ပုံမှာ ပုညှက်နေပြီး ၎င်းတို့ ထဲမှ ရှစ်ရာခိုင်နှုန်းခန့်သည် အသက် အရွယ်နှင့် မလိုက်အောင် ဆိုးဆိုးရွားရွား စိုးရိမ်ဖွယ် ပိန်သေးနေကြောင်း ယူနီဆက်မှသိရသည်။ ”အရင်လို ဟင်းနှစ်မျိုး စားရဖို့ တောင်မလွယ်တော့ဘူး၊ တစ်ရက်ဟင်း ကောင်း စား ရင် နောက်တစ်ရက်ကိုဖြစ်သလိုစားပုံစံမျိုးနဲ့ပဲသွားနေရတယ်”ဟု ရန်ကင်းမှ မသီတာက ပြောသည်။
မေဇင်ဝင်းနှင့် ထက်ထက်မိုးမြင့် စုစည်းတင်ပြသည်

ဘန်ကောက်-ဆိုးလ်ခရီးစဉ် Thai Air Asia ဘာ့ကြောင့် ရန်ကုန်မှာ မိတ်ဆက်တာလဲ

ဒေသတွင်း ဈေးနှုန်းချိုချိုနဲ့ ခရီးသွားလာနိုင်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ Air Asia ရဲ့ တိုးချဲ့လေကြောင်းလိုင်းက တောင်ကိုရီးယားနိုင်ငံကို တိုက်ရိုက်ပျံသန်းမယ့် ခရီးစဉ်သစ်ကို ရန်ကုန်မှာ ဇွန် ၁၆ရက်နေ့က မိတ်ဆက်လိုက်ပါတယ်။ ဘန်ကောက်-ဆိုးလ်ခရီးစဉ်ကို ဘာ့ကြောင့် ရန်ကုန်မှာ လာမိတ်ဆက်တာလဲ။
မြန်မာပြည်ဟာ သမိုင်းဝင်နေရာတွေ၊ ရိုးရာဓလေ့တွေ ပေါကြွယ်ဝလို့ ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတွေထက် ခရီးသွားလုပ်ငန်းမှာ ကြီးမားတဲ့အခွင့်အလမ်းရှိနေတယ်လို့ Thai Air Asia X ရဲ့ CEO က ပြောပါတယ်။ နောက်တစ်ခုက မြန်မာပြည်ကနေ တောင်ကိုရီးယားသွားတဲ့ ခရီးသည်တွေ မနှစ်က ၃ထောင်ကျော်ရှိခဲ့တာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
Airbus A330-300 အမျိုးအစား လေယာဉ်ဖြစ်ပြီး အထူးတန်း ၁၂ခုံ၊ ရိုးရိုးတန်း ၃၆၅ ခုံပါဝင်တဲ့ Thai Air Asia X ဟာ ဘန်ကောက် ဒွန်မောင်းလေဆိပ်ကနေ တောင်ကိုရီးယားကို စတင်ပျံသန်းမှာဖြစ်ပြီး စက်တင်ဘာကျမှ ဂျပန်နိုင်ငံ တိုကျိုနဲ့ အိုကာဆာတို့ကို ပျံသန်းမယ်လို့ ပြောပါတယ်။
Thai Air Asia X ဟာ ခရီးသွားတွေအနေနဲ့ ခရီးဆောင်အိတ်တွေ တစ်ကြိမ်ပဲ စစ်ဆေးခံရမှာဖြစ်သလို ဘန်ကောက်ရောက်ရင် တစ်ဆင့်ဗီဇာလျှောက်ဖို့ မလိုတာ၊ ဘန်ကောက် ဒွန်မောင်းလေဆိပ်မှာ လေဆိပ်ခွန်ဆောင်ဖို့ မလိုတဲ့ ဝန်ဆောင်မှုတွေ ရမယ်လို့ ဆိုပါတယ်။
စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှုက အရေးပါတဲ့အကြောင်း၊ ထိုင်းနိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် လေကြောင်းလိုင်းနဲ့ ခရီးသွားလုပ်ငန်းတွေ ကျဆင်းပြီး ထိုင်းနိုင်ငံစီးပွားရေး ထိခိုက်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်ဟာ မြန်မာပြည်အတွက် ဘယ်လောက်အရေးပါလဲ


နိုင်ငံပေါင်း ၂၄နိုင်ငံက ဇာတ်ကားပေါင်း ၆၇ကားကို ပြသမယ့် အရှေ့တောင်အာရှမှာ အကြီးဆုံး လူ့အခွင့်အရေးရုပ်ရှင်ပွဲတော်ဖွင့်ပွဲကို ရန်ကုန်မြို့မှာ ဇွန် ၁၅ရက်နေ့က စတင်လိုက်ပါပြီ။ ဒုတိယအကြိမ် ကျင်းပတဲ့ ဒီရုပ်ရှင်ပွဲတော်ဟာ ဘယ်လောက်အရေးပါလဲ။ မြန်မာပြည်လို လူ့အခွင့်အရေးအကြောင်း မပြောနိုင်တဲ့ အကြောင်းအရာတွေဟာ အခုလို ရုပ်ရှင်ပွဲတော်မှာ ပြောဆိုတင်ပြခွင့်ရှိပြီး ရုပ်ရှင်ဟာ လူတွေရဲ့အမြင်ကို ဖွင့်ပေးနိုင်တဲ့အစွမ်းရှိတာကြောင့် အရမ်းကိုအရေးပါတယ်လို့ ရုပ်ရှင်ပွဲတော်အကြံပေး Igor Blazevic က ပြောပါတယ်။
Junction Square နဲ့ ဝဇီရာရုံတွေမှာ လေးရက်ကြာပြသမယ့် ဒီရုပ်ရှင်ပွဲတော်မှာ အဓိက ဆု ၄ ဆုဖြစ်တဲ့ အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆု၊ မတ် ၁၃ဆုနဲ့ ဟံသာဝတီဦးဝင်းတင်ဆုတွေအပါအဝင် စုစုပေါင်း ဆု ၈ဆုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၉နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ရက်နေ့မှာ ချီးမြှင့်မှာဖြစ်ပါတယ်။
ပထမဆုံးကျင်းပတဲ့ ရုပ်ရှင်ပွဲတော်ကို ပရိသတ် ၂သောင်းလောက်ကြည့်ခဲ့ပြီး အခုအခါမှာတော့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဖြစ်လာတာကြောင့် တာဝန်ပိုကြီးသလို နိုင်ငံတကာစံနှုန်းနဲ့ အရည်အသွေးမြင့်တဲ့ ပွဲတော်တစ်ခုဖြစ်ဖို့ ကြိုးစားရေး ဆုံးဖြတ်ထားတယ်လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။
အရင် နှစ်၂ဝလောက်တုန်းက စစ်အစိုးရရဲ့ ထိန်းချုပ်မှုက အခုနဲ့မတူပေမယ့် အခုလည်း သတင်းမီဒီယာ သမားတွေကို စင်္ကာပူလိုမျိုး ဥပဒေတွေနဲ့ ထိန်းချုပ်ဖို့လုပ်နေသလို နိုင်ငံရေးသမားတွေကိုလည်း ရာဇဝတ်မှုတွေနဲ့ ဖမ်းဆီးမယ်၊  မြန်မာပြည်မှာ အစိုးရထိန်းချုပ်မှုက သိပ်ကြီးတယ်၊ သိပ်ကို အားကောင်းနေဆဲပဲလို့ မြန်မာ့အရေးကျွမ်းကျင်တဲ့ သတင်းစာဆရာ ဘာတေးလ် လင့်တနာက ပြောပါတယ်။
(Bertil Litner – Journalist and Myanmar Expert) file 8934/4:50-5:10
လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် အော်စကာဆု စာရင်းဝင် The Missing Picture ကို ပြသခဲ့ပါတယ်။
credit Kamaryut Media

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်- မဖြစ် ပြည်သူအပေါ် မူတည်



dassk-nepal-305
Sundarijal ရှိ နီပေါဝန်ကြီးချုပ်ဟောင်း Hon. Mr. B. P. Koirala အထိမ်းအမှတ်ပြတိုက်မှာ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
Photo: Phyo Zaya Thaw Facebook
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က သူ့အနေနဲ့ ၂၀၁၅ ခုနှစ်မှာ သမ္မတဖြစ်ရေး မဖြစ်ရေးဆိုတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒ သဘောထားအပေါ်မှာ မူတည်နေကြောင်း ပြောကြား လိုက်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင် အထည်ဖော်ရေး ကော်မတီက ပုဒ်မ် ၅၉(စ)ကို မပြင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး  နီပေါနိုင်ငံကနေ မထွက်ခွာခင်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်း ပုံပြင် - မပြင် ဆိုတာနဲ့ သူ့ကိုသမ္မတအဖြစ် ရွေးလို - မလို ဆိုတဲ့အပေါ် ပြည်သူတွေရဲ့ ဆန္ဒကသာ အဓိကဖြစ်ပါတယ်လို့  သူ့ရဲ့ ခရီးစဉ်နောက်ဆုံးနေ့ဖြစ် တဲ့ ဒီကနေ့မှာ ပြောလိုက်တာပါ။

နီပေါနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်သွားရောက် ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေမှာ  ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

♪ Mobile Guide Issue Vol-2 ၊ Issue-157 (16.6.14) ♫


Mobile Guide ဂျာနယ်ကို အပတ်စဉ် တနင်္လာ နေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Mobile Guide ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Mobile Guide ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Mobile Guide Journal Vol(2), Issue (157) ကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီနေ့ 16 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှသူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

အင်တာနက်ဂျာနယ် (16.6.14) အတွဲ (15)၊ အမှတ် (23)


အင်တာနက် ဂျာနယ်ကို အပတ်စဉ် တင်္နလာနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ အင်တာနက် ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ အင်တာနက် ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ အင်တာနက် အတွဲ (15) အမှတ် (23) ကို တင်ပေး လိုက်ပါတယ်ဗျာ။ ဒီနေ့ 16 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသော နေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

ဒိန်ချဉ်က အစာမကြေမူအတွက် ဆေးတစ်လက်ပါ


ဒိန်ချဉ်က အစာမကြေမူအတွက် ဆေးတစ်လက်ပါတစ်ချို့ကလည်း သိပြီးသား ဖြစ်ချင်လည်း ဖြစ်မှာပါ။ ဒိန်ချဉ်ကြိုက်သူတွေ အတွက် သတင်းကောင်း တစ်ခုလို့ ဆိုရမှာပေါ့။
ဒိန်ချဉ်ဟာ ခန္ဓာကိုယ် အတွက် ခွန်အား ဖြစ်စေနိုင်တဲ့ အပြင် အစာမကြေခြင်း အတွက် အထူးပင် ကောင်းမွန်တဲ့ ဆေးစွမ်း တစ်လက် ဖြစ်ပါတယ်။ ဒါကြောင့် အစာမကြေ ဖြစ်နေရင် ဒိန်ချဉ်ကိုသာ မှီဝဲလိုက်ပါ။ သကြားနဲ့ အခြားသော အရသာတွေ မပါတဲ့ ဒိန်ချဉ်က ပိုမိုပြီး ဆေးစွမ်း ထက်ပါတယ်။
ဒါကြောင့် ဒိန်ချဉ် ကြိုက်သူတွေအ တွက် ပြန်လည် မျှဝေပေးလိုက် ရပါတယ်။
ရိုးရာလေး 

ကမ္ဘာကျော် မင်းသမီး အန်ဂျလီနာဂျိုလီ မြန်မာနိုင်ငံသို့ လာရောက်လိုဟုဆို


ကမ္ဘာကျော်မင်းသမီး အန်ဂျလီနာဂျိုလီ မြန်မာနိုင်ငံသို့ လာရောက်လိုဟုဆိုကမ္ဘာကျော် ရုပ်ရှင်မင်း သမီး အန်ဂျလီနာဂျိုလီက ပဋိပက္ခများ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားနေရသော မြန်မာ အမျိုးသမီးများကို အားပေးစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်လိုကြောင်း ပြောကြား ခဲ့သည်ဟု သတင်းရရှိသည်။
ဇွန်လ ၁၁ ရက်မှ ၁၃ ရက် အထိ လန်ဒန်မြို့ Excel တာဝါ တွင်ကျင်းပနေသည့် ပဋိပက္ခများ အတွင်း အမျိုးသမီးများ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုရပ်တန့် ရေးထိပ်သီးဆွေးနွေးပွဲ၌ ဂျိုလီက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေသည့် ဒေါ်စူဇန်နာလှလှစိုးက အတည်ပြု ပြောကြားသည်။
‘‘မနေ့က ရုပ်ရှင်မင်းသမီး အန်ဂျလီနာဂျိုလီနဲ့ ကျွန်မတို့ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ တွေ့ဆုံကြတဲ့အခါမှာ မြန်မာအမျိုးသမီးတွေအတွက် သူကစိတ်ဓာတ်ခွန်အား မြှင့်တင်ပေးခဲ့တဲ့အနေနဲ့ အားပေးစကားတွေ ပြောတယ်။ နောက်ပြီး မြန်မာနိုင်ငံကို သူလာလည်ချင်တယ်လို့ ပြောပါတယ်’’ ဟု အန်ဂျလီနာဂျိုလီနှင့် တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒေါ်စူဇန်နာလှလှစိုးက ပြောကြားသည်။
ဂျိုလီသည် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့၏ သံတမန်လည်းဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်ရန် ၂၀၀၉ ခုနှစ်က ကြိုးစားဖူးသော်လည်း မအောင်မြင်ခဲ့ဘဲ မြန်မာ-ထိုင်းနယ်စပ်ရှိဒုက္ခသည်စခန်းများသို့ သွားရောက်၍ မြန်မာဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။
‘‘သူက မြန်မာကို သိပ်ပြီး လာချင်ပုံပဲ။ စိတ်လည်း ထက်သန်နေပါတယ်။ ဒါပေမဲ့ ဘယ်တော့ လည်းဆိုတာတော့ သူမပြောဘူး။ တွေ့ရတဲ့အချိန်ကလည်း နည်း တယ်။ အကြမ်းဖက်ခံရတဲ့ မြန်မာ အမျိုးသမီးတွေ ဘာမှ စိတ်ဓာတ် မကျဖို့ သူကအားပေးခဲ့တယ်’’ ဟု မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့ သည်။ အန်ဂျလီနာဂျိုလီသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားခဲ့ရသည့် မြန်မာအပါအ၀င် အခြားသော ကမ္ဘာ့နိုင်ငံမှ အမျိုးသမီးဒုက္ခသည်များနှင့် လန်ဒန်ဆွေးနွေးပွဲတွင် တွေ့ဆုံခဲ့ပြီး အားပေးစကားများပြောခဲ့သည်။
ထို့ပြင် ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ်နှင့် ပူးတွဲပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင်လည်း ဂျိုလီက လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုခံရခြင်းမှာ ရှက်စရာမဟုတ်ဘဲ ပြုကျင့်သူက သာ ရှက်ဖို့ကောင်းကြောင်း ပြောကြားခဲ့သည်။
လန်ဒန်တွင် ကျင်းပနေသော ယင်းဆွေးနွေးပွဲသို့ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒေါ်စူဇန်နာလှလှစိုး၊ ကျားမ တန်းတူညီမျှရေး ကွန်ရက်မှ ဒေါ်မေစပယ်ဖြူ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ အဖွဲ့ချုပ်မှဥက္ကဋ္ဌ ဒေါ်တင်တင်ညိုနှင့် နော်ဝါးခူးရှီး၊ မြန်မာအစိုးရဘက်မှ နိုင်ငံခြားရေးဒုဝန်ကြီး ဦးသန့်ကျော်၊ ညွှန်ကြားရေးမှူး ဦးရဲမင်းသိန်းတို့ တက်ရောက်လျက်ရှိသည်။
ယခုဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံ၌ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ခံနေရသည့် အမျိုးသမီးများအား အထောက်အပံ့အကာအကွယ်ပေးနိုင်ရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆွေးနွေးနိုင်ခဲ့ကြောင်းဒေါ်စူဇန်နာလှလှစိုးက ပြောကြား သည်။ ပဋိပက္ခများတွင် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုရပ်တန့် ရေး ကြေညာချက်ကိုမြန်မာက ဇွန်လ ၅ ရက်တွင် လက်မှတ်ရေး ထိုးခဲ့ခြင်းအတွက် ဗြိတိန်အစိုးရက ထောက်ခံကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံ တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုကိစ္စရပ်များအတွက် ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် နှစ်နိုင်ငံအတူတကွ ပူးတွဲလုပ်ဆောင်သွားလိုကြောင်း ပြောကြားထားသည်။
7Day News