Friday, July 25, 2014

အွန်လိုင်းဗီဇာစနစ် စက်တင်ဘာတွင် စတင်မည်


ကမ္ဘာ့လှည့်ခရီးသွားဗီဇာကို အွန်လိုင်းဗီဇာအဖြစ် ဆောင်ရွက်နိုင်ရန်အတွက် စက်တင်ဘာ ပထမအပတ်အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
ဇူလိုင် ၂၄ ရက်က နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲခြင်းဆိုင်ရာမူဝါဒများ ဆောင်ရွက်ဆဲနှင့် ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရန်ကုန်အခြေစိုက်နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအား တွေ့ဆုံရှင်းလင်းစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။
7Days

0 comments:

Post a Comment