အဲဒီ ကွန်ဒုံးဟာ HIV ဗိုင်းရပ်စ် ပိုးအပြင်၊ လိင်အင်္ဂါ တဝိုက်မှာ ဖြစ်တတ်တဲ့ ရေရုံတွေနဲ့ လိင်ဆက်ဆံမှုကနေ ဖြစ်ပေါ်တတ်တဲ့ တခြား ရောဂါပိုး တွေကိုလည်း ၉၉.၉ % အထိ သတ်ပစ်နိုင် စွမ်းရှိ တယ်လို့ ဆို ပါတယ်။
ပိုးသတ်ဆေးတွေ ပါဝင်တဲ့ ကွန်ဒုံးတွေကို သြစတြေးလျ နိုင်ငံက Startpharma ကုမ္ပဏီက တီထွင် တာဖြစ်ပြီး အဲဒီ ကွန်ဒုံးတွေကို VivaGel လို့ ခေါ်ပါတယ်။
အဲဒီ ကွန်ဒုံးတွေကို အများပြည်သူတွေဆီ ရောင်းချဖို့ သင့်မသင့် သက်ဆိုင်ရာက သုံးသပ်မှုတွေလုပ်နေပြီး အကယ်လို့ ခွင့်ပြုချက်ပေးမယ်ဆိုရင် သီတင်းပတ် အနည်းငယ်အတွင်း ရောင်းချနိုင်မယ်လို့လည်း သိရပါတယ်။
ကမ္ဘာပေါ်က လူသန်းပေါင်း ၃၅ သန်းလောက်ဟာ AIDS ရောဂါဖြစ်လာစေတဲ့ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေ ဖြစ်ကြပြီး AIDS ရောဂါတိုက်ဖျက်ရေးအတွက် မဲလ်ဘုန်းမြို့မှာ ကမ္ဘာ့ညီလာခံ ကျင်းပနေကြပါတယ်။
AIDS ညီလာခံနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေနဲ့ ဓာတ်ပုံတွေကိုလည်း ဒီရက်ပိုင်းမှာ ကြည့်ရှုလို့ရအောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-22/1346171
0 comments:
Post a Comment