ပရိသတ်များက
ဇာတ် ကားအဖြစ် ရိုက်ကူးစေလိုကြောင်း ဆန္ဒပြုထားသည့် ၀တ္ထုများထဲမှ
ရွေးချယ်ပြီး ဇာတ်ကားငါးကား ရိုက်ကူးသွားမည်ဟု နေတိုးက ပြောသည်။
‘‘ကျွန်တော် ငါးကားရွေး ထားပါတယ်။ ကျွန်တော်အခု ပထမကားရိုက်ပြီးပြီပေါ့။ ဒုတိယ ကားတော့ ရိုက်ဖို့ စီစဉ်ထားတယ်။ အဲဒါကတော့ စာရေးဆရာအသစ် တစ်ယောက်ရဲ့ ၀တ္ထုပါ’’ ဟု နေ တိုးက ပြောသည်။
လမင်းမိုမို၏ အပြစ်လိုမယူ ခဲ့ပါ ၀တ္ထုကို ပထမဆုံးဇာတ်ကား အဖြစ် ရွေးချယ်ကာ ဖွေးဖွေးနှင့် သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ညိုမင်းလွင်က ပုံဖော်ထားသော စိတ်ကူးယဉ် ဒရာမာအမျိုးအစား ဖြစ်ကြောင်း သိရသည်။
‘‘၀တ္ထုတွေက များပါတယ်။ အုပ် ၃၀ ကျော်၊ ၄၀ ကျော် လောက်ရှိတယ်ပေါ့။ အဲဒီထဲကမှ ရွေးထားတာ လက်ရှိလည်း နောက် ထပ် ထပ်ရောက်လာတာ ရှိပါ သေးတယ်’’ ဟု နေတိုးက ပြော သည်။ ပရိသတ်ပေးပို့၍ ရိုက်ကူး ရန်ရွေးချယ်ထားသော ၀တ္ထုငါး အုပ်ကို ပုံဖော်နေပြီး ၂၀၁၄ ခုနှစ် အတွင်း သုံးကားခန့် ထွက်ရှိလာ မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။ နေတိုးပါဝင်သရုပ်ဆောင် ထားသော ဆယ့်နှစ်နာရီသတို့ သား၊ အဖြူရောင်ရဲတိုက်၊ ရက်စ် ဘော့စ်၊ ကြယ်စင်မော်ကွန်း၊ စုန်း ပြူး ရုပ်ရှင်ငါးကားသည် ယခုနှစ် အကယ်ဒမီစာရင်းဝင် ဇာတ်ကား များဖြစ်သည်။
‘‘ရင်ခုန်သံက ထွေထွေထူး ထူးမရှိပါဘူး။ ကားလေးတွေက တော့ ပရိသတ်တွေ ခန့်မှန်းပေးတဲ့ ကားလေးတွေတော့ ရှိပါတယ်’’ ဟု နေတိုးက ပြောသည်။
နေတိုးသည် ဇူလိုင် ၁၂ ရက်က သမ္မတနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်များ တွေ့ဆုံပွဲသို့ လည်း တက်ရောက်ခဲ့သည်။

0 comments:
Post a Comment