Tuesday, July 22, 2014

တရုတ်သွားမည့် လူသုံးရာကျော်အား ပတ်စ်ပို့အတုလုပ်ပေးခဲ့သူကို တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဖမ်းဆီးမည်

တရုတ်နယ်ခြားစောင့် တပ်က ဇူလိုင် ၁၅ရက်က ဖမ်းဆီး ခဲ့သော မြန်မာနိုင်ငံသား ယောက် ၃၈၀ကျော်အား ယာယီနိုင်ငံကူး လက်မှတ်အတု  ထုတ်ပေးခဲ့သူကို ဖမ်းဆီးရန်  နှစ်နိုင်ငံအစိုးရ သဘောတူညီလိုက်ပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သတင်းရရှိသည်။
တစ်နှစ်အသုံးပြုနိုင်သည့် ယာယီနိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်သူများကို တစ်ဆင့်ပွဲ စားများက ပြုလုပ်ပေးခဲ့သည်ဟု သတင်းရရှိသဖြင့် လိုက်လံဖမ်း ဆီးရာအမှန်တကယ်အတုပြုလုပ်  သော မြန်မာနိုင်ငံသားမှာ တရုတ် နိုင်ငံသို့ ထွက်ပြေးသွားသော ကြောင့်နှစ်နိုင်ငံအစိုးရ ပူးပေါင်း ဖမ်းဆီးရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
‘‘သူ့နာမည်က ဇေယျာ အောင်လို့ခေါ်ပါတယ်။ အခုတ ရုတ်နိုင်ငံဘက်မှာ။ တရုတ်နိုင်ငံ ဘက်ကလည်း ဖမ်းပေးဖို့ သဘော တူညီလိုက်ပါပြီ။ လိုက်ရှာနေပါ တယ်’’ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှတာ ၀န်ရှိသူတစ်ဦးကပြောသည်။
ထို့အပြင် မူဆယ်မြို့ပေါ်ရှိ  ယာယီနိုင်ငံကူးလက်မှတ် ထုတ် ယူရာတွင် ပွဲစားအဖြစ်ဆောင် ရွက်ပေးသူငါးဦးကိုလည်း အစိုးရက ဖမ်းဆီးထားသည်။
ယာယီနိုင်ငံကူးလက်မှတ် အတုကိုင်ဆောင်သူများကို တရုတ်နယ်ခြားစောင့်တပ်က ဇူလိုင် ၁၅ရက်တွင်  ဖမ်းဆီးပြီးနောက် နှစ်ရက်အတွင်းဖမ်းဆီးမိသူများ ကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲ ပြောင်းပေးအပ်ခဲ့သည်။ တရုတ် နယ်ခြားစောင့်တပ်က  ဇူလိုင် ၁၅ရက်က ဖမ်းဆီးရရှိသည့် မြန်မာနိုင်ငံသား ၃၈၂ဦးကို ယခုအခါ မြန်မာနိုင်ငံသို့ တစ်ယောက်မ ကျန်ပြန်လည်ပို့ဆောင်ပေးပြီးဖြစ် သည်။
‘‘အတုကိုင်ဆောင်တဲ့သူ တွေကို အစစ်ထုတ်ပေးလိုက်ပြီ။ တချို့က အဲဒီကို ပြန်သွားတယ်။ တချို့ကတော့ ပြန်မသွားတော့ ဘူး’’ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာ ၀န်ရှိသူတစ်ဦးကပြောသည်။
ယာယီနိုင်ငံကူးလက်မှတ် အတု ပြုလုပ်ပေးခဲ့သည့် တရုတ်နိုင်ငံသို့ သွားရောက်ပြီး တံဆိပ်၊စာအုပ်အတုပြုလုပ်သူ မြန်မာနိုင် ငံသား ကိုဇေယျာအောင်အား ဖမ်း ၀ရမ်းထုတ်ထားသော်လည်း ယနေ့အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိ ချေ။
မြန်မာအစိုးရသည် ရှမ်းမြောက်ပိုင်းတွင် သန်းခေါင်စာရင်း  ရှိသူများကို တစ်နှစ်သက်တမ်းရှိ သည့် ယာယီနိုင်ငံကူးလက်မှတ် များ ထုတ်ပေးခဲ့သည်။ ရှမ်း မြောက်ဒေသခံ  မဟုတ်သူများ အား  တစ်ကြိမ်သာဝင်ထွက်နိုင် သည့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးသည်။
မြန်မာ-တရုတ်နယ်စပ် မူ ဆယ်-နမ့်ခမ်းမှ တစ်နေ့လျှင် ထောင်ဂဏန်းကျော်   နေ့စဉ်ဝင် ထွက်သွားလာနေကြသည်။
7days

0 comments:

Post a Comment