Saturday, July 12, 2014

ထိုင်းနိုင်ငံမှာ ဆုရခဲ့လို့ အားတက်မိတယ်ဆိုတဲ့ သျှားထွဋ်အိန္ဒြာ


မယ်စကြ၀ဠာပြိုင်ပွဲဝင်များ၏ ဖူးခက်ခရီးစဉ်တွင် ရွေးချယ်ချီးမြှင့်ခဲ့သည့် Miss Myanmar-Thailand  Friend-ship 2014 ဆုက ပြိုင်ပွဲအတွက် ပိုပြီးအားဖြစ်စေကြောင်း သျှားထွဋ်အိန္ဒြာက ပြောသည်။
‘‘ဒီဆုရထားတဲ့အတွက်ပိုပြီး တာဝန်ရှိပါတယ်။ ကိုယ်ကသူများနိုင်ငံမှာတောင် ဒီဆုကိုပိုင်ဆိုင်နိုင်ခဲ့တယ်။ ကိုယ့်နိုင်ငံမှာလဲ ဘာလို့မဖြစ်ရမှာလဲဆိုတဲ့ စိတ်နဲ့ညီမတို့ပိုပြီး ကြိုးစားဖို့အတွက် အားအင်တွေဖြစ်တယ်’’ဟု သျှားထွဋ်အိန္ဒြာကပြော သည်။
ဇူလိုင်လဆန်းကဖူးခက်သို့ ငါးရက်ကြာသွားရောက်လေ့ကျင့်ကာ ပြိုင်ပွဲငယ်တစ်ခုပြုလုပ်၍ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်နှင့် မီဒီယာများမှ ရွေးချယ်ပေးထားသော Miss Myanmar-Thailand Friendship 2014 ဆုကို ၎င်းကရရှိခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲဝင်ဦးရေနှစ်ဆယ်ပါဝင်သော  မယ်စကြ၀ဠာပြိုင်ပွဲကို ဇူလိုင်၂၆ရက် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်ပြီး ထိုပြိုင်ပွဲတွင် သရဖူဆွတ်ခူးနိုင်သည်အထိ မမျှော်လင့်ရဲသော်လည်း ကြိုးစားထားသည့်ရလဒ်အတိုင်း ပြန်လိုချင်ကြောင်း သျှားထွဋ်အိန္ဒြာကပြောသည်။
7Days

0 comments:

Post a Comment