This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Saturday, June 20, 2015

တရုတ်ပြည်မှာ မွတ်စလင်များ ဥပုသ်မစောင့်ရဟု တားမြစ်ထား



တရုတ်ပြည်အနောက်ဘက်စွန်း ရှင်ကျာန်းပြည်နယ်တွင် မွတ်စလင်ပါတီဝင်များ၊ မွတ်စလင် အစိုးရ၀န်ထမ်း၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများအတွက် မွတ်စလင်ဥပုသ်လကို ပိတ်ပင်တားဆီးခဲ့သည်။ ယင်းကဲ့သို့ ဥပုသ်လတွင် ၀ီဂါ (Uighurs) လူမျိုးစု မွတ်စလင်များ နေထိုင်ရာဒေသများ၌ ဥပုသ်မစောင့်ရန် ပြောထားသည်ဟု ဆိုသည်။

ဝီဂါခေါင်းဆောင် ဒီလ်ဇက်ရာကစ်ကမူ ယင်းကဲ့သို့ ပိတ်ပင်တားဆီးခြင်းသည် ၎င်းတို့၏ ဘာသာရေးယုံကြည်မှုကို ထိန်းချုပ်ရန် ကြိုးစားခြင်းဖြစ်ပြီး ယင်းကဲ့သို့ ပိတ်ပင်တားဆီးမှုကြောင့် ၀ီဂါ ပြည်သူများအနေနှင့် တရုတ်အစိုးရအုပ်ချုပ်ရေးကို ပို၍ဆန့်ကျင်လာကြမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

မကြာသေးသော နှစ်များကမူ အရပ်သားများနှင့် အစိုးရအဖွဲ့အစည်းများအပေါ် အကြမ်းဖက် တိုက်ခိုက်မှု များသည် ၀ီဂါခွဲထွက်ရေးသမားများကြောင့်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက စွပ်စွဲထားသည်။ သို့သော် ခွဲထွက်ရေးအုပ်စုများမှ ၎င်းအချက်ကို ငြင်းဆိုခဲ့သည်။ တရုတ်ပြည်ရှင်ကျာန်းဒေသတွင် ၀ီဂါမွတ်စလင်များနှင့် တရုတ်အာဏာပိုင်တို့ အငြင်းပွားမှုပြဿနာများပို၍ တင်းမာလာခဲ့သည်။

ကာဇက်နယ်စပ်နှင့် ထိစပ်လျက်ရှိသောဒေသတွင် ဖွင့်လှစ်ထားသည့် မွတ်စလင်သီးသန့်စားသောက်ဆိုင်များကို ဥပုသ်လကာလအတွင်း နေ့ပိုင်းတွင်လည်း ဖွင့်လှစ်ထားရန် အစားအသောက် လုံခြုံရေးအဖွဲ့က တိုက်တွန်းထားကြောင်း အစိုးရ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ မွတ်စလင်ပိုင်ဆိုင်များ၌လည်း ၎င်းဥပုသ်လကာလတွင် စီးကရက်နှင့် ယမကာများကို ဆက်လက်ရောင်းချရန် အမိန့်ထုတ်ထားပြီး မလိုက်နာပါက ဆိုင်ပိတ်သိမ်းမည်ဟု ဆိုသည်။

လူ့အခွင့်အရေးအဖွဲ့များက ဘာသာရေးဖိနှိပ်မှုဟု ခေါ်ဆိုထားစေကာမူ တရုတ်အစိုးရသည် ဘာသာရေးအစွန်းရောက်ဝါဒကို နှိမ်နင်းလျက်ရှိသည်။ ဘာသာရေးနှင့်ပညာရေးကို သီးသန့်ခွဲခြားထားရမည် ဖြစ်ကြောင်း၊ ကျောင်းသားများအနေနှင့် ဘာသာရေးသြဇာသက်ရောက်မှု မရှိစေရကြောင်း အာဏာရကွန်မြူနစ်ပါတီက ပြောသည်။

Ref;AFP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အန်န်အဲဒီ ရွေးကောက်ပွဲဝင်မ၀င် မကြာခင် ကြေညာမယ်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဇွန်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက် အမှာစကား ပြောကြားရာမှာ ရွေးကောက်ပွဲဝင် မ၀င် ဆိုတာနဲ့ အမတ်လောင်းစာရင်းကို မကြာခင် ထုတ်ပြန်မယ်လို့ ပြောပါတယ်။

Saturday, December 13, 2014

အနည်းဆုံးအခကြေးငွေ အစိုးရတာဝန်ယူမသတ်မှတ်ပေး၍ အလုပ်ရှင်နှင့် လုပ်သားကြား ပြဿနာကြုံနေခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းပြော


သူရဦးရွှေမန်း စကားပြောကြားနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
အလုပ်ရှင်နှင့် အလုပ် သမားများကြား ပြဿနာဖြစ်နေ ရခြင်းမှာ အလုပ်သမားဝန်ကြီး ဌာနက အနည်းဆုံးလုပ်ခနှုန်းထား တာဝန်ယူ မသတ်မှတ်နိုင်ခြင်း ကြောင့်ဖြစ်သည်ဟု ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေ မန်းကပြောသည်။
အနည်းဆုံးလုပ်ခနှုန်းထား သတ်မှတ်ရန် အလုပ်သမားဝန် ကြီးဌာနမှ စာရင်းကောက်နေမှု သည် ၂၀၁၆ တွင် မြို့နယ် အဆင့်သို့ရောက်ရှိမည်ဖြစ်၍ လွှတ် တော်သက်တမ်း ငါးနှစ်ကုန်သွားပြီး ဘာမှ မလုပ်နိုင်မည်ကို စိုးရိမ် ကြောင်း သူရဦးရွှေမန်းက ပြော သည်။
‘‘လုပ်နေပါတယ်။ ပြောနေရုံ နဲ့ ကျွန်တော်တို့ဘက်က မကျေ နပ်နိုင်ဘူး။ အလုပ်သမားတွေ ဘက်ကလည်း မကျေနပ်နိုင်ဘူး’’ ဟု သူရဦးရွှေမန်းကပြောသည်။
အစိုးရအနေဖြင့် တာဝန်ခံ၊ တာဝန်ယူပြီး ရဲရဲဝံ့ဝံ့ဆုံးဖြတ်လုပ် ကိုင်မှသာ တိုင်းပြည်အမှန်တ ကယ်ဖွံ့ဖြိုးနိုင်မည်ဖြစ်ပြီး တာဝန် မခံရဲ၊ တာဝန်မယူရဲလျှင် ဒီနေရာ တွင်မလုပ်ဘဲ သွားလျှင်လည်း တာ ၀န်ယူပြီး ထွက်သွားသင့်ကြောင်း ၎င်းကပြောသည်။
အနည်းဆုံးလုပ်ခလစာနှုန်း ထားများသတ်မှတ်ရာတွင် အာရှ တိုက်ရှိ တိုင်းပြည်အချို့တွင် ရှစ် နှစ်အထိ ကြာမြင့်မှုများရှိပြီး လက်ရှိထိုင်းနိုင်ငံတွင်လည်း အနည်း ဆုံးလစာဘတ်သုံးရာသတ်မှတ် မှုသည် လူတိုင်းမရရှိကြောင်း အလုပ်သားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်ခလစာမသတ်မှတ်နိုင်သဖြင့် နိုင်ငံခြားလုပ်ငန်းရှင်ရင်းနှီးမြှုပ်နှံ မှုများဝင်ရောက်မှုလည်း အား နည်းနေပြီး တိကျသော နှုန်းထား မရှိခြင်းကို လုပ်ငန်းရှင်များက ထောက်ပြနေကြသည်။
‘‘အနည်းဆုံးအခကြေးငွေ မသတ်မှတ်နိုင်လို့ ဆန္ဒပြပွဲတွေ က ဆက်တိုက်ဖြစ်ပွားနေတယ်’’ ဟု စံကောင်းပီနံအိတ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် ဦး အောင်စိုးမင်းကပြောသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန်အတွက် စစ် တမ်းကောက်ယူရာတွင် ၀န်ကြီး ဌာနတစ်ခုသာမက အလုပ်သမား၊အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများပါဝင် ကောက်ခံမည်ဖြစ်ပြီး သတ်မှတ် မည့်နှုန်းထားမှာလည်း အလုပ် ရှင်၊ အလုပ်သမားလက်ခံနိုင် သော နှုန်းထားဖြစ်ရန် လိုအပ် သည်ဟုဆိုသည်။
လက်ရှိပြည်တွင်း၌ မြန်မာ နိုင်ငံသားပိုင်၊ နိုင်ငံခြားသားပိုင် နှစ်မျိုးစလုံးရှိနေသဖြင့် အားလုံး နှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဟု အလုပ်သမားညွှန်ကြားမှု ဦး စီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦး စီးမှူး ဒေါ်မို့မို့လွင်ကပြောသည်။
7days
http://7daydaily.com/story/26952#.VI0YJHvyTIU

Friday, November 7, 2014

ဘယ်လိုရေမွှေးရနံ့မျိုးက ကိုယ့်အတွက် အကောင်းဆုံးဖြစ်လိမ့်မလဲ

လူတစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေစေဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုကအရေးကြီးဆုံးပါ။ ဒါ့အပြင် ကိုယ့်ဆီက သင်းပျံ့တဲ့ရနံ့တစ်ခုခု ဒါမှမဟုတ်လဲ လှည့်ကြည့်စရာမလိုပဲ ရနံ့လေးတစ်ခုရလိုက်တာနဲ့ ကိုယ်ဆိုတာ သိသွားစေမယ့် ရေမွှေးရနံ့မျိုးကလည်း သင့်ကို ယုံကြည်မှုတစ်ခု တိုးစေတာပါပဲ။ ဒါပေမယ့် ကိုယ်ရွေးချယ်မယ့် ရေမွှေးရနံ့ကတော့ ကိုယ်ကဘယ်လိုလူမျိုးလဲဆိုတာ ဖော်ပြပေးနိုင်တာမို့ သတိထားရွေးချယ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်လေ ဈေးကွက်ထဲက ရေမွှေးတွေက များလွန်းတာမို့ ဘယ်လိုရေမွှေးမျိုး ရွေးချယ်ဆွတ်ရမလဲဆိုတာ ခေါင်းစားနေသူတွေအတွက် ရွေးချယ်ပုံ ရွေးချယ်နည်းလေး ပြောပြပေးချင်ပါတယ်။
၁။ပန်းရနံ့
တကယ်လို့ သင်ဟာ
-ဆောင်းရာသီကို နှစ်ခြိုက်တဲ့သူဆိုရင်၊
-၀ိုင်းပုလင်းတစ်ပုလင်းထက် ပန်းစည်းတစ်စည်းကိုသာ လက်ဆောင်အဖြစ် ပိုလိုချင်တတ်သူဆိုရင်၊
-သာယာတဲ့ နေ့လည်နေခင်းမျိုးကို နှစ်သက်တဲ့သူဆိုရင်
-ရှောပင်ထွက်တိုင်း ၀ယ်ဖြစ်တဲ့ အင်္ကျံဒီဇိုင်းတွေက ပန်းနွယ်ပန်းပွင့် ဒီဇိုင်းမျိုး ကာလာတောက်တောက်လေးတွေဆိုရင်
ပန်းရနံ့တစ်မျိုးမျိုးနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ ရေမွှေးမျိုးကို ၀ယ်ယူလိုက်ပါ။

၂။သစ်သီးရနံ့
တကယ်လို့ သင်ဟာ
-နွေရာသီကိုသာ အနှစ်ခြိုက်ဆုံးသူ ဖြစ်တယ်ဆိုရင်
-မနက်ခင်းမှာ စောစောထတတ်ပြီး ကော်ဖီတစ်ခွက်သောက်လိုက်ရမှ ကျေနပ်သူဆိုရင်
-ရေသောက်ရင်တောင် လိမ္မော်နံ့သင်းတဲ့၊ အသီးနံ့လေးသင်းတဲ့ ရေမျိုးကိုသာ သောက်ချင်တာဆိုရင်
-သန့်ရှင်းပြီး ပေါ်လွင်တဲ့ အင်္ကျံမျိုး၊ ရှင်းရှင်းလေး၊ သဘာဝဆန်ဆန်လေးနဲ့ လှတဲ့ ဒီဇိုင်းမျိုးတွေသာ ကြိုက်တတ်တဲ့သူဆိုရင်
-အသီးဖျော်ရည်တွေကိုသာ စွဲမြဲစွာ သောက်တတ်သူဆိုရင်
သစ်သီးရနံ့ပါတဲ့ ရေမွှေးမျိုးနဲ့ သင်ဟာ လိုက်ဖက်မှုအရှိဆုံးပါ။

၃။အုံမှိုင်းပြီး စိမ်းစိမ်းစိုစို ဖြစ်စေတတ်တဲ့ရနံ့
တကယ်လို့ သင်ဟာ
-မှုန်မှိုင်းတဲ့ ရာသီမျိုးကို သဘောကျတယ်ဆိုရင်
-သစ်တော၊ သစ်ရိပ်လေးတွေကို သဘောကျတယ်ဆိုရင်
-လက်ဝတ်ရတနာတွေက ကျောက်တုံးပုံစံလေးတွေ၊ သူများတွေ ၀တ်လေ့မရှိတဲ့ ရှေးဟောင်းဒီဇိုင်းပုံစံတွေဆိုရင်
-သောက်နေကျ အရာက လက်ဖက်ရည်ကြမ်းလိုအရာမျိုးဆိုရင်
-အိမ်ထဲမှာ treadmill နဲ့လမ်းလျှောက်ရတာထက် စိမ်းလန်းတဲ့နေရာမျိုးတွေမှာ လမ်းလျှောက်ရတာ သဘောကျတယ်၊ တောင်တက်ရတာမျိုးတွေ နှစ်ခြိုက်တယ်ဆိုရင်တော့
ခုနပြောပြထားတဲ့ ကိုယ့်ကိုအုံမှိုင်းပြီး စိမ်းစိမ်းစိုစိုဖြစ်စေတဲ့ ခံစားချက်မျိုး၊ ရနံ့မျိုးပေးနိုင်တဲ့ ရေမွှေးကို ရှာဆွတ်ပါ။

၎။အရှေ့တိုင်းဆန်တဲ့ ရနံ့
တကယ်လို့သင်ဟာ
- ညဘက်နောက်ကျမှ အမြဲ အိပ်ရာဝင်တတ်တဲ့သူဆိုရင်
-ဖယောင်းတိုင်းတွေ ထွန်းပြီး နေရတာကြိုက်တယ်၊ အမွှေးရနံ့ပါတဲ့ ဖယောင်းတိုင်လေးတွေ သဘောကျတယ်။
-သွားနေကျစားသောက်ဆိုင်ရဲ့ အပြင်အဆင်ဟာ ရွှေရောင်၊ ငွေရောင်အဆင်တန်ဆာတွေနဲ့ အလှဆင်ထားသလို ၊ ပိုးသား၊ ဖဲသားလို အစမျိုးတွေနဲ့လည်း အလှဆင်ထားတယ်။
-ဆောင်းတွင်းကို နှစ်သက်ပေမယ့် နှင်းကြောင့်မဟုတ်ပဲ မီးလင်းဖိုအလှကို ခံစားရင်း နွေးနွေးထွေးထွေးနေချင်တာကြောင့် ဖြစ်တယ်ဆိုရင်
သင်ဟာ အရှေ့တိုင်းဆန်တဲ့ ရနံ့စူးစူးတွေကိုသာ ရွေးချယ်သင့်ပါတယ်။
Ref:womenshealthmag.com

နှစ်ပေါင်း ၁ဝဝ ကျော် ကြာမြင့် နေပြီဖြစ်သည့် သီပေါမင်းနှင့် စုဖုရားလတ်တို့၏ ဝတ်ရုံတော်ပြုပြင်ရန် ပြည်ပနည်းပညာ အကူအညီများ လိုအပ်နေ


ရန်ကုန် ၊ ၇-၁၁-၂၀၁၄

  မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၁ဝဝ ကျော် ကြာမြင့်နေပြီ ဖြစ်သည့် သီပေါမင်းနှင့် စုဖုရားလတ် တို့၏ ဝတ်ရုံတော် ပြုပြင်ရန် ပြည်ပနိုင်ငံ၏ နည်းပညာ အကူအညီများ လိုအပ် နေကြောင်း ရန်ကုန် အမျိုးသား ပြတိုက် ညွှန်ကြားရေးမှူး ဦးငွေထွန်းမြင့် က ပြောသည်။

အဆိုပါ ၀တ်ရုံတော် များကို ပြုပြင်ရန် ၂ဝ၁၃ ခုနှစ်က ဂျပန်နိုင်ငံမှ ပညာရှင်များ လာရောက် လေ့လာခဲ့ သော်လည်း ၄င်းတို့မှာ မည်သို့ ထိန်းသိမ်းရမည် ဆိုသည့် အချက်ကိုသာ ပြောကြားခဲ့ပြီး ပြုပြင်ရန် အဆင့်သို့ မရောက်ရှိ ခဲ့ကြောင်း သိရသည်။

''သီပေါမင်းနဲ့ စုဖုရားလတ် တို့ရဲ့ နန်းတွင်းဝတ် မဟာလတ္တာ ဝတ်ရုံ က အဝတ် ဆိုပေမယ့် ရွှေ၊ ငွေ၊ ကြေး အစရှိတဲ့ သတ္တုတွေ အများကြီး ပေါင်းစပ်ချုပ်လုပ် ထားတာ ဖြစ်တော့ သူတို့လုပ်ဖို့ အခက်ခဲ ရှိတယ်။ ပညာရှင် ကောင်းကောင်း ရှိမှရမယ်။ ဒီ ဝတ်ရုံတွေက နှစ်တွေ ကလည်း ကြာပြီ၊ ရှေးဟောင်း ပစ္စည်း တွေကလည်း ဖြစ်နေပြီ ဆိုတော့ ပျက်စီးသွား မှာကို စိုးရိမ်ကြတဲ့ အတွက် ပြုပြင်ဖို့ လိုအပ်နေ တာပါ။ လုံးဝပျက်စီး နေတာတော့ မဟုတ်သေး ပါဘူး။ အဲဒီလိုမျိုး ရှေးဟောင်း ပစ္စည်းတွေ ကောင်းကောင်း ကျွမ်းကျင်တာ ကတော့ အမေရိကန်နိုင်ငံ ရှိတယ်။ ဒါကြောင့် အကူအညီ ပေးဖို့ အတွက် ကမ်းလှမ်း သွားမှာပါ ... '' ဟု ၄င်းက ဆက်လက် ပြောသည်။

လက်ရှိ အချိန်တွင် ရန်ကုန် အမျိုးသား ပြတိုက်ရှိ တာဝန်ရှိသူ များသည် အဆိုပါ ဝတ်ရုံများကို ပြုပြင် ပေးနိုင်သည့် အမေရိကန်၊ အင်္ဂလန် နှင့် ဂျာမနီ စသည့်နိုင်ငံ များရှိ ပညာရှင်များ ကိုလည်း ပြုပြင် ပေးနိုင်ရန် ကမ်းလှမ်း သွားမည် ဖြစ်သည်။ အဆိုပါ ဝတ်ရုံများကို ရန်ကုန်မြို့ရှိ အမျိုးသား ပြတိုက်တွင် ပြသထားပြီး ယင်း ဝတ်ရုံများ အပါအဝင် ရှေးဟောင်း သမိုင်းဝင် ပစ္စည်း အမျိုးစား ၂ဝဝဝ ကျော်ကိုလည်း ပြသ ထားကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်
http://myawady-myawady.blogspot.com/2014/11/blog-post_81.html

ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရန် ကမ်းနားလမ်း တစ်လျှောက် မိုးပျံလမ်း တည်ဆောက်မည်


ရန်ကုန် ၊ ၇-၁၁-၂၀၁၄

ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှုမှာ တစ်နေ့တခြား များပြား လာလျက်ရှိရာ ထိုသို့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်း နိုင်ရေးအတွက် မိုးပျံလမ်းများ တည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ တည်ဆောက်ရန် Phase 1၊ Phase 2 နှစ်ပိုင်းခွဲ သတ်မှတ်ကာ မိုးပျံလမ်း တည်ဆောက်ရန် လျာထား ဆောင် ရွက်လျက် ရှိသည့်အပြင် သတ်မှတ် ထားသည့် စီမံချက်များကို အကောင်အထည် ဖော်နိုင်ရန် စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

မိုးပျံလမ်းစီမံချက် များကို ကမ်းနားလမ်း၊ (ပုံ) ဗိုလ်တထောင်ဈေးလမ်း မှ အနော်ရထာလမ်း အထိ အပိုင်းနှစ်ပိုင်း ခွဲခြားကာ တည်ဆောက် သွားရန် လျာထား လုပ်ဆောင်လျက် ရှိပြီး ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ဘဏ္ဍာငွေပေါ် မူတည်၍ လုပ်ဆောင် သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အတိအကျ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊ တံတား) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ နေရာကို သတ်မှတ်ချက် ထားကာ နောက်ပိုင်းကာလ များတွင် ယာဉ်ကြောကျပ်သည့် နေရာများ၌ ပါ လုပ်ကိုင် ဆောင်ရွက်ရန် ညွှန်ကြားချက် ရရှိလာပါက ဆက်လက် အကောင်အထည်
ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။ မိုးပျံလမ်း တည်ဆောက်ရန် လျာထားသည့် Phase 1 တွင် ၃ ကီလိုမီတာ ရှည်ပြီး Phase 2 တွင် ၂ ဒသမ ၅ ကီလိုမီတာ ရှည်မည်ဖြစ်သည်။ ၄င်း လမ်းပိုင်းကို တည်ဆောက် ရာတွင်လည်း အတက်အဆင်း နေရာများမှာ ပုံမှန် တစ်သမတ်တည်း မဟုတ်ဘဲ လေးနေရာအထိ ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးပျံတံတား တည်ဆောက်ရန် အကြမ်းဖျင်း သတ်မှတ်ထားသည့် ကုန်ကျငွေမှာ အမေရိကန် ဒေါ်လာ ၂၉၇ ဒသမ ၆ သန်း ကုန်ကျနိုင်မည် ဖြစ်သည်။ ထိုကဲ့သို့ တွက်ချက် ရာတွင်လည်း ၁ ကီလိုမီတာ လျှင် အမေရိကန် ဒေါ်လာ ၅၄ ဒသမ ၁ သန်း ခန့်ဖြင့် တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရမှ ငွေကြေး အမြောက်အမြား ကုန်ကျမည် ဖြစ်သည့်အတွက် နိုင်ငံတော် သမ္မတရုံး နှင့် ဝန်ကြီးဌာနများမှ အကူအညီများ
ထောက်ပံ့ ပေးအပ်ရန် လိုအပ်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
http://myawady-myawady.blogspot.com/2014/11/blog-post_76.html

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို နုတ်ထွက်ရန် မိသားစုဝင်များက ပြောကြားခဲ့ ဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၅

နို   နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မီဒီယာများက ဝေဖန်ရေးသားမှု များကြောင့် သမ္မတ၏ သမီးများက ဖခင်ဖြစ်သူအား အလုပ်မှ နုတ်ထွက်ရန် တိုက်တွန်း ပြောကြားခဲ့သည်ဟု ပြည်ထောင်စု အဆင့် အကြီးအကဲ တစ်ဦးအား သမ္မတ ဦးသိန်းစိန်က ကိုယ်တိုင် ပြောကြား ခဲ့ကြောင်း အဆိုပါ ပြည်ထောင်စု အဆင့် အကြီးအကဲက မြန်မာ သံတော်ဆင့် သို့ ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်ကို သမ္မတ၏ သမီးများက နုတ်ထွက်ရန် ပြောကြား ခဲ့ခြင်းကို သိရှိခဲ့ရသော ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် အစိုးရ၀န်ကြီး တစ်ဦး ဖြစ်ခဲ့သူ ယခုသမ္မတဦးသိန်းစိန် လက် ထက် ပြည်ထောင်စု အဆင့် အကြီးအကဲက သမ္မတ ကြီးနှင့် တွေ့ဆုံ စဉ်က ပြောကြားချက် အချို့နှင့် စပ်လျဉ်း၍ ““ဒီတစ်ခွန်းပဲ။ သူ့သမီးတွေက အဖေရယ် ထွက်လိုက်ပါတော့။ အဖေ့ကို ပြောလိုက်ကြတာ မခံနိုင်တော့ ဘူးတဲ့။ ဒီပြောတာတွေကိုသာ လိုက်နားထောင်နေလို့ စိတ်ပျက်နေလို့ရှိရင် ဘယ်လိုလုပ်မလဲ။ ကြားကော်မရှင်အဖွဲ့ ဖွဲ့စည်းပြီးတော့ နားထောင် ခိုင်းတယ်။ ဖတ်ခိုင်းတယ်။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ် မယ်။ နောက်ဆုံးရလဒ် ကျမှသာလျှင် ဒီစနစ်မျိုးမှာ ဘယ်အစိုးရပဲ တက်တက် ဒီလိုပဲလာ မှာပဲ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ယခင်စစ်အစိုးရ လက်ထက်က ပြောဆိုရေးသားသော မီဒီယာများကို ကန့်သတ်မှုများသည် ဒီမိုကရေစီ စနစ်မဟုတ်၍သာ လုပ်ခဲ့ရခြင်း ဖြစ်ကြောင်းလည်း ““ပြီးခဲ့တဲ့ အစိုးရတုန်းက သူကရှင်းရှင်းလေးပဲ စစ်အစိုးရပဲ။ စစ်အစိုးရဆိုတော့ စစ်အစိုးရလိုပဲ သူလုပ်မှာပဲ။ အများပြည်သူ ရွေးကောက် တင်မြှောက်ခြင်း ခံထားရတဲ့ အစိုးရ မဟုတ်တဲ့အတွက် မလုပ်သင့်တဲ့ကိစ္စ သူမလုပ်ဘူး။ လုပ်သင့်တဲ့ကိစ္စ သူလုပ်မယ်။ စည်းလွတ်ဝါးလွတ်တော့ မလုပ်နဲ့ပေါ့။ အယ်ဒီတာဆိုတာ ရှိတာပဲ။ လူသစ်တွေကို အယ်ဒီတာမှာ ပြုပြင်ပေးဖို့၊ သင်တန်းပေးဖို့ တာဝန် ရှိတယ်။ အယ်ဒီတာဆိုတာ ဒီအတွက် ခန့်ထားတာပဲလေ””ဟု အဆိုပါ ပြည်ထောင်စုအဆင့် အကြီးအကဲ က မြန်မာ သံတော်ဆင့်သို့ အကြံပြု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အစိုးရ လက်ထက်က နံပါတ် (၄) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဇာတိဖြစ်ကာ ဇနီးဒေါ်ခင်ခင်ဝင်း၊ သမီး (၃)ဦး ရှိကြောင်း သိရသည်။

MH-0011

ပုံညွှန်းစာ - ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ နေပြည်တော်၌ သမ္မတဦးသိန်းစိန် ၏ ဆွေမျိုးများပါဝင်သော ရှင်ပြုအလှူပွဲတစ်ခုသို့ တက်ရောက်နေသည်ကို တွေ့ရစဉ်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

Thursday, October 16, 2014

ပျဉ်းမနားပရိသတ်ကို တောင်းပန်တဲ့ Rဇာနည်


ပျဉ်းမနားနှစ်ကျိပ် ရှစ် ဆူပွဲနှင့် ပတ်သက်၍ ဖေ့စ်ဘွတ်ခ် တွင် တင်ခဲ့သော အကြောင်းအ ရာမှာ စနောက်၍ တင်ခဲ့ခြင်းဖြစ် ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပရိသတ်များကို တောင်းပန်ကြောင်း Rဇာနည်က ၎င်း၏ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုတော် Rဇာနည်က ၎င်း ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပျဉ်း မနားနှစ်ကျိပ်ရှစ်ဆူပွဲတွင် မိုးအ လင်းဖျော်ဖြေရသည့် အကြောင်း အရာကို ‘‘ပျဉ်းမနား မိုးဖင်မိုးလင်း ပွဲကြီး တိုက်ပွဲကြီးစရန် နာရီပိုင်း သာ လိုတော့သည်။ ကဲ..ကိုနိုင်ဇော် မျောက်ပွဲစပြီနော်’’ စသဖြင့် ရေးသားခဲ့ရာ ယင်းကိစ္စကို ပျဉ်းမနား ပရိသတ်များက မကျေနပ်သောကြောင့် ပျဉ်းမနားမြို့နယ် ဂီတ အစည်းအရုံးသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
‘‘ပျဉ်းမနားမှ ပရိသတ်ထု ကြီးအား ကျွန်တော်Rဇာနည်မှ အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ။ မည်သို့မှ နစ်နာသည့် ရည်ရွယ်ချက်ဖြင့် ပြောဆိုခြင်း မဟုတ်ပါ။ ကိုယ့် Wall ပေါ်မှာ ကိုယ့်Friends များနှင့် စနောက် လိုစိတ် ပိုပြီး ရေးမိခြင်းကြောင့် ချစ်လှစွာသော ပျဉ်းမနားတေး ချစ်ပရိသတ်ထုကြီးအား တောင်း ပန်ပါတယ်ခင်ဗျာ’’ ဟု အောက် တိုဘာ ၁၄ ရက်ညက Rဇာနည်၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။
အဆိုတော် Rဇာနည်သည် ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူပွဲတွင် ပထမဆုံးအကြိမ် သွားရောက် ဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး နှစ်ရက်စ လုံးပရိသတ်စိတ်ကြိုက် မိုးအလင်းသီဆိုပေးခဲ့ကြောင်း အောက်တိုဘာ ၁၀ ရက်က ပြုလုပ်သည့် ဇော်ပိုင်နှင့်   နှစ်ယောက်တွဲဖျော်ဖြေပွဲ တွင် ပြောကြားခဲ့သည်။

ဗိုလ်မှူးကြီး တိုက်ဂါးကို ကရင်ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ကနေ ထုတ်ပယ်


KNU/KNLA-PC ငြိမ်းချမ်းရေး ကောင်စီက ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးကို တပ်စည်းကမ်း ဖောက်ဖျက်မှု ၊ အဖွဲ့အစည်း ဂုဏ်သိက္ခာ ကျဆင်းစေမှုစတဲ့ အကြောင်းပြ ချက်တွေနဲ့ ထုတ်ပယ်လိုက်တယ်လို့ သိရပါ တယ်။

ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာချက်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့လို့ အခုလို ထုတ်ပယ်တာဖြစ်နိုင်ကြောင်း KNU/KNLA-PC ကောင်စီဝင်ကနေ ပြီးခဲ့တဲ့ ရက်ပိုင်း ထွက်ခွာသွားခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း တင်မိုသီက RFA ကို ပြောပါတယ်။

"ဗိုလ်ချုပ် ဘော်ကျော်က ဆရာမ ကပေါ်ထူးကို လက်မှတ်ထိုးခိုင်းတယ်၊ ဆရာမ ကပေါ်ထူးက မထိုးဘူး၊ ဆရာမက မထိုးတော့ ဗိုလ်တိုက်ဂါးက ကရင်တွေစည်းလုံးတာ ကောင်းတယ်၊ ကရင်တွေအားလုံး တစ်ဖွဲ့တည်းဖြစ်တာ ကောင်းတယ်ဆိုပြီး သူ့အထူးဗျူဟာအနေနဲ့ လက်မှတ်ထိုးတော့ တိုက်ဂါးကိုမောင်းထုတ်တယ်၊ အမိန့်ကိုမနာခံလို့ ထုတ်လိုက်တယ်ဆိုတဲ့အကြောင်းကို ကျနော်တို့တွေ့ရတယ်"

ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းဖို့ လိုအပ်တယ်လို့ ယူဆတာကြောင့် ဗိုလ်မှူးကြီး တိုက်ဂါးက ကော်သူးလေ တပ်မတော်ဖွဲ့စည်းရာမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ်ဟောင်း တင်မိုသီ ကပြောပါတယ်။

KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီရဲ့ မြဝတီဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဗိုလ်ကြီးအယ်ဒို ကတော့ ဗျူဟာမှူး ဗိုလ်မှူး တိုက်ဂါးကို အဖွဲ့ ကနေထုတ်လိုက်တာမဟုတ်ပဲ သူတို့ဌာနချူပ်နဲ့  အဆက်အသွယ်မရတဲ့အတွက် ခေတ္တအနားပေးထားတာဖြစ်တယ်လို့  RFA ကိုပြောပါတယ်။

"တိုက်ဂါးကို အဖွဲ့ကထုတ်လိုက်တာ မဟုတ်ဘူး၊ အနားပေးလိုက်တာဗျ၊ သူ့တစ်ယောက်ထဲပဲ၊ သူ့ရဲဘော်တွေနဲ့ ဗျူဟာနဲ့ မဆိုင်ဘူး၊ ဗျူဟာမှူးကို ခဏအနားပေးထားတယ်ဆိုတာက သူနဲ့မတွေ့ရသေးလို့၊ ဒီအချိန်မှာက သူနဲ့ဆက်သွယ်ဖို့ကလည်းမရှိသေးဘူး၊ ဗျူဟာမှူးလည်း ဘယ်ရောက်နေလဲ မသိတဲ့အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်မရသေးလို့ ခဏအနားပေးလိုက်တဲ့သဘောပါ"

ဒါ့အပြင် ဗျူဟာမှူး ဗိုလ်မှူးတိုက်ဂါးဟာ ဒီကေဘီအေအဖွဲ့ နဲ့ ပူးပေါင်းသွားတယ်ဆိုတဲ့ သတင်းတွေဟာလဲ မဟုတ်ဘူးလို့  မြဝတီဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဗိုလ်ကြီးအယ်ဒိုက ပြောပါတယ်။

ဗိုလ်မှူးကြီးတိုက်ဂါး နဲ့ ဗိုလ်မှူးချုပ်ဟောင်းတင်မိုသီတို့နှစ်ဦးလုံး ကော်သူးလေတပ်မတော်မှာ တာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ကော်သူးလေတပ်မတော်ကို ဖွဲ့စည်းကြောင်း အောက်တိုဘာလ ၁၃ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာ ခဲ့ရာမှာ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်တဲ့ KNLA က ဒုတိယစစ်ဦးစီးချုပ်၊ KNDOနဲ့ DKBA တို့က စစ်ဦးစီးချုပ် တွေနဲ့ KNU/KNLA-PC က ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးတို့က ပါဝင်လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

ဦးဆန်းဆင့်ကို အရေးမယူဖို့ လွှတ်တော်အမတ် ၅၀ ကျော် လက်မှတ်ထိုးတောင်းဆို

သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်အပေါ် တရားစွဲဆိုထားတာကို နိုင်ငံတော် အစိုးရအနေနဲ့ သက်ညှာစွာ စဉ်းစားပေးပြီး ပြစ်မှုတွေကို ရုပ်သိမ်းပေးရန်အတွက် လွှတ်တော် ကိုယ်စားလှယ် ၅၁ ဦးက လက်မှတ်ရေးထိုး ပေးပို့ထားတဲ့ စာတစ်စောင်ကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ပြည်ထောင်စု တရားသူကြီးချုပ်ထံ မနေ့က ပေးပို့လိုက်ပါတယ်။

ဦးဆန်းဆင့်အနေနဲ့ ငွေကြေးအလွဲသုံးစားမှု ပြုလုပ်တယ်ဆိုတာ မဖြစ်နိုင်ကြောင်း ယုံကြည်တဲ့အတွက် အခုလိုပါဝင် လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

"အဓိကကတော့ အမှုမှန်ပေါ်ပေါက်ပြီးတော့ သူ့ကို မတရားမခံရစေဖို့ ကျမတို့က တိုက်တွန်းထားတာပေါ့နော်၊ ဒီဦးဆန်းဆင့်က အရင်တုန်းက လွှတ်တော်ဥက္ကဌ ဘဝတုန်းကလည်း တော်တော်သမာသမတ်နဲ့ သူလုပ်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ နာမည်ကောင်းတော်တော်ရခဲ့တယ်၊ ငွေအလွဲသုံးစားလုပ်ခဲ့တာကလည်း တစ်ရာကျော်နဲ့ပေါ့၊ ဥပမာ ဝန်ကြီးဌာနတိုင်းမှာ တစ်ရာကျော်ဟာ မပြောပလောက်တဲ့ပိုက်ဆံပေါ့၊ ဦးဆင်းဆင့်ကိုယ်တိုင်က ဒီတစ်ရာကျော်ကို လျော်နိုင်တယ်ပေါ့၊ အဲဒီ့အတွက်ကြောင့် ဒါလေးကိုတော့ သေချာစိစစ်ပြီးတော့ လုပ်ပေးဖို့ကို ကျမတို့ကတောင်းဆိုတာပါ"

ဒါ့အပြင် ဦးဆန်းဆင့်ကို လွှတ်ပေးဖို့ ဧရာဝတီတိုင်းဒေသကြီးမှာနေထိုင်တဲ့ ပြည်သူတစ်ထောင်ကျော်နဲ့ သံဃာတော်တွေရဲ့ လက်မှတ်တွေကိုလည်း ဦးရွှေမန်းကတဆင့် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ထံ ပေးပို့ထားတယ်လို့ သိရပါတယ်။

အခုလက်မှတ်တွေကို လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဦးစီးကောက်ယူတာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ စတဲ့ပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်လက်မှတ်ထိုးခဲ့ပါတယ်။

ဦးဆန်းဆင့်ကို ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညိုပျက်အောင်လုပ်ဆောင်မှုနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး နေပြည်တော်ကောင်စီ ဒက္ခိဏသီရိခရိုင်တရားရုံးက မနက်ဖြန် အမိန့်ချမှတ်မယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

Saturday, September 27, 2014

အင်္ဂလန်တွင် ကျင်းပမည့် Miss World beauty 2014 ပြိုင်ပွဲအတွက် အလှမယ်ရွေးချယ်


အင်္ဂလန်မှာ ကျင်းပမယ့် Miss World beauty 2014 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အတွက် အလှမယ်ရွေးချယ်တဲ့ Miss Myanmar World 2014 ပြိုင်ပွဲကို စက်တင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့မှာ ပြုလုပ်သွားပါတယ်။

Miss Myanmar World ၂၀၁၄ သရဖူကို ခါးနံပါတ် ၅ ၀ိုင်းလေးက ရရှိသွားပြီး ခါးနံပါတ် ၁၄ ခင်ရတနာဟိန်း 1st runner နဲ့ Miss Personality ၊ ခါးနံပါတ် ၁ ထက်ထက်ထွန်းက 2nd runner နဲ့ Miss Photogenic ဆုတွေ အသီးသီးရရှိသွားပါတယ်။

ဆန်ကာတင် အလှမယ် အယောက် ၂၀ ထဲကနေ မြန်မာဝတ်စုံ၊ ရေကူး ၀တ်စုံ၊ ညနေခင်းဝတ်စုံ အဆင့်ဆင့်ရွေးချယ်တဲ့ ဒီပြိုင်ပွဲကို နိုင်ငံပိုင်ရုပ်သံတွေမှာ ပြသသွားပေမယ့် တခြား အလှမယ်ပြိုင်ပွဲတွေနဲ့ မတူပဲ သတင်းလွတ်လပ်စွာ ရယူခွင့်မရှိတဲ့အပေါ် ဝေဖန်မှုတချို့ ရှိခဲ့ပါတယ်။

ဒါ့အပြင် သရဖူရရှိသွားတဲ့ အလှမယ်က နောက်ဆုံးအဆင့်မှာ မေးခွန်း ၂ ခု ဖြေကြားသွားမှု အပေါ်မှာလည်း ပရိသတ် ဝေဖန်မှု တချို့ ရှိနေပါတယ်။

Miss World Myanmar ၂၀၁၄ အရွေးခံရတဲ့ အလှမယ်ဟာ သိန်း ၁၀၀ နဲ့ သရဖူ ရရှိပြီး ၂၀၁၄ ဒီဇင်ဘာကျရင် လန်ဒန်မြို့မှာ ကျင်းပမယ့် Miss World beauty ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/66249

ဓာတ်ပုံ – Miss World Myanmar Faecebook

မြနန်းစံကျော်ရွှေနန်းတော်တွင် မဖွယ်မရာပြုလုပ်သူ အမျိုးသမီးများကို အရေးယူဆောင်ရွက်သွားမည်



မန္တလေးမြို့၏ သမိုင်းဝင်တစ်ခုဖြစ်သော မြနန်းစံကျော်ေ၇ွှနန်းတော်ကြီး အတွင်း အမျိုးသမီးတစ်ချို့ မင်းတုန်းမင်းတရားကြီး ပုံတော်နှင့် မဖွယ်မရာ ဓာတ်ပုံယှဉ်တွဲရိုက်ခြင်း များ ဖေ့စ်ဘွတ်လူမှုကွန် ယက်စာမျက်နှာ များတွင် ပျံ့နှံ့လာသော ကြောင့် ပြုလုပ်ခဲ့သူအမျိုးသမီးများကို စုံစမ်းဖော်ထုတ်အရေးယူရန် ဆောင်ရွက်လျက်ရှိ ကြောင်း တိုင်းဒေသကြီး ပြန်ကြားရေးဦးစီးဋ္ဌာနမှထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂ ပတ်လောက်က လူမှုကွန်ယက်စာမျက်နှာ တွင် အမျိုးသမီးတစ်ဦးက မင်းတုန်းမင်းကြီးရုပ်တုနှင့် ယှဉ်တွဲဓာတ်ပုံရိုက်ခြင်း၊ အပြောင်အပျက်သဘောဖြင့် ရုပ်ထုများကို မဖွယ်မရာပြုလုပ်ထားသော ပုံများ ပျံ့နှံ့ လာခဲ့ပြီးနောက် အရေးယူရန်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“၎င်းဓာတ်ပုံတွေပါလာခြင်းနဲ့ပတ်သက်ပြီးတော့ ပေါ့လျော့စွာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တာဝန်ရှိသူဝန်ထမ်း တွေကိုလည်း စည်းမျဉ်းစည်းကမ်းနဲ့အညီအရေးယူဖို့လုပ်ဆောင်နေပါတယ်။ မင်းတုန်းမင်းကြီးပုံနဲ့ မဖွယ်မရာ ပြုလုပ်သူတွေကိုလဲ စုံစမ်းဖော်ထုတ်အရေးယူသွားမှာပါ” ဟု ပြန်ကြားရေးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

'မြနန်းစံကျော်ရွှေနန်းတော်ကြီးသည် မြန်မာလူမျိုးများ၏ သမိုးဝင် အဖိုးတန်အမွေအနှစ်တစ်ခုဖြစ်ပြီး နိုင်ငံတကာ ခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့် နေရာတစ်ခုလည်းဖြစ်ကာ တန်ဖိုးထားဂုဏ်ယူရမည့်နေရာတစ်ခုလည်း ဖြစ်သည်။
“မြနန်းစံကျော်ရွှေနန်းတော်ဟာ သမိုင်းဝင်တန်ဖိုးထားတဲ့နေရာတစ်ခု တစ်တဲ့အတွက် မဖွယ်မရာညစ်ညမ်းတဲ့ အပြုအမူတွေကိုမလုပ်သင့်ပါဘူး။ ပြီးတော့ဖေ့စ်ဘုတ်စာမျက်နှာတွေပေါ်မှာ တွေလိုက်တာက ဆဲဆိုဝေဖန်သံ တွေနဲ့ တက်လာတယ်၊ လူလတ်ပိုင်း မြန်မာအမျိုးသမီးတွေဖြစ်နေတယ်။ မြန်မာမိန်းကလေးတွေအနေနဲ့ မိမိရဲ့ ဂုဏ်သိက္ခာ၊ တန်ဖိုးထားပြီးတော့နေသင့်ပါတယ် ” ဟုလည်း မန္တလေးမြို့ခံ ကျောင်းဆရာမတစ်ဦးကပြောသည်။

၁၂၂၁ ခုနှစ် မန္တလေးမြို့ တည်သည်မှ သီပေါမင်း ပါတော်မူသည့် ၁၂၄၇ ခုနှစ်အထိ ရွှေနန်းတော်၏ ထီးနန်း သက်တမ်းကား ၂၆ နှစ်မျှသာ ကြာခဲ့၍ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက် နယ်ချဲ့ အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက် ခဲ့ရပြီးနောက် နန်းတော်ကြီးမှာ အင်္ဂလိပ်နယ်ချဲ့တို့ ထင်သလိုပြုမူခဲ့ခြင်းကြောင့် စစ်တန်းလျားများ ဖြစ်သွားခဲ့၏။ ရွှေရောင် တဝင်းဝင်းဖြစ်နေရာက ထင်းဖြစ်သွားရ၏။ ထို့နောက် မြန်မာနိုင်ငံသို့ ဒုတိယ ကမ္ဘာစစ် ကူးစက်လာကာ ၁၃ဝ၃ ခုနှစ် တပေါင်းလဆန်း ၅ ရက်တွင် ကျန်ရှိသမျှ ရွှေနန်းတော် အဆောင်ဆောင်တို့ မီးလောင်ပြာကျ ခဲ့ရ၏။

ယခုအခါ ရွှေနန်းတော်ကို ရှေးမူမပျက် ပြန်လည်တည်ဆောက် မွမ်းမံပြင်ဆင်ပြီး ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဘုန်းလျှံမင်း
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764

ကျဉ်းမြောင်းတဲ့အယူအဆတွေ ဘေးဖယ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အချိန်ဖြစ်ကြောင်း ဘန်ကီမွန်း ပြောကြား


  မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးနဲ့ လူမှုရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးတွေမှာ တိုးတက်မှုတွေ တွေ့မြင်လာရပေမယ့် တချိန်ထဲမှာလည်း ၂ဝ၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အရေးကြီးတဲ့ အခက်ခဲတွေကို ရင်ဆိုင်နေရဆဲလို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ စက်တင်ဘာ ၂၆ ရက် သောကြာနေ့ ညနေပိုင်းကကျင်းပတဲ့ မြန်မာ့အရေး လုပ်ဖော်ကိုင်ဖက်နိုင်ငံများ အဖွဲ့တွေ့ဆုံဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

အခုချိန်ဟာ မြန်မာနိုင်ငံအနေနဲ့ ကျဉ်းမြောင်းတဲ့ အယူအဆသဘောတရားတွေကို ကျော်လွန်ပြီး ပူးပေါင်း ဆောင်ရွက်ရေးလုပ်ဆောင်ရမယ့် အချိန်ကာလဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ မှာ ငြိမ်းချမ်းရေးရဖို့ အပြုသဘောအခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမှာ ဖြစ်ကြောင်းလည်း မစ္စတာဘန်ကီမွန်းက ပြောပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ အပြောင်းအလဲခြေလှမ်းဖြစ်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးတွေ ဖြစ်ပေါ် လာရေး၊ အမုန်းတရားပွားစေတဲ့ ပြောဆိုရေးသားချက်တွေ ထိန်းချုပ်နိုင်ဖို့ အပါအဝင် တိုင်းပြည် ဖွံ့ဖြိုးရေး ကိစ္စရပ်တွေကို ဆုံးဖြတ်ရာမှာ လွှတ်တော်အနေနဲ့ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားပါတယ်။

မြန်မာအစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အာဏာခွဲဝေရေး၊ တန်းတူမျှမှု ဒီမိုကရေစီစနစ်နဲ့ ကိုယ့်ကံကြမ္မာဖန်တီးခွင့်စတာတွေ အခြေခံတဲ့ ဖယ်ဒရယ်စနစ် တည်ဆောက်ရေး စတာတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးနေကြတာဟာ စည်းလုံးညီညွတ်တဲ့ မြန်မာနိုင်ငံဖြစ်ပေါ်လာရေး အစိုးရအနေနဲ့ အလေးနက်ထားနေတာ ထင်ရှားကြောင်းလည်း မစ္စတာဘန်ကီမွန်းက ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

နိုင်ငံသားစိစစ်ရာမှာ ရခိုင်ဒေသခံတွေသဘောထားကို အရင်ဖြေရှင်းပေးဖို့ တောင်းဆို


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဒုက္ခသည်စခန်းတွေက မူဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်ဆောင်ရွက်ရာမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့တောင်းဆိုချက်တွေကို လိုက်လျောပြီးမှ ဆောင်ရွက်ဖို့ ဘူးသီးတောင်ဒေသခံတွေနဲ့ သံဃာတော်တွေက တောင်းဆိုလိုက်ပါတယ်။

အစိုးရတာဝန်ရှိသူတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာသူတွေကို စိစစ်ဖော် ထုတ်နိုင်ခြင်းမရှိသေးတဲ့အတွက် ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အရင်ဆုံး လိုက်လျောဖြေရှင်းပေးဖို့ ကြေငြာချက်ထုတ်ပြန်တောင်းဆိုတာဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ရခိုင်လူမှုကွန်ယက်က ဦးအောင်ကိုကိုက ပြောပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ မြေပုံမြို့နယ်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ စိစစ်ဆောင်ရွက်ခဲ့ရာမှာ ဥပဒေနဲ့ညီညွတ်မှုမရှိတာကြောင့် နိုင်ငံသား ဖြစ်ခွင့်ရသူနဲ့ နိုင်ငံသားပြုခွင့်ရသူတွေကို ကန့်ကွက်ကြောင်း၊ အရင်က ဘင်္ဂလီ လူမျိုးတွေကို မှားယွင်းစွာ ထုတ်ပေးခဲ့တဲ့ နိုင်ငံသားသက်သေခံကဒ်ပြားတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ ညီမညီစိစစ်ပေးဖို့၊ ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကဒ်ရရှိထားသူတွေကိုလည်း ကမန်လူမျိုးအစစ် အမှန်ဟုတ်မဟုတ် စိစစ်ပေးဖို့၊ ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေကို သွေဖယ်ပြီး နိုင်ငံသားစီစစ်ရေး ကဒ်ရရှိထားသူနဲ့ ကဒ်ရရှိအောင်အားပေးကူညီသူတွေကို ဥပဒေအရ အရေးယူပေးဖို့၊ စတဲ့အချက်တွေအပါအဝင် အချက် ၉ ချက်ပါရှိပါတယ်။

ဒီကြေငြာချက်ကို မြို၊ ခမီး၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသားတွေအပါအဝင် သံဃာတော်တွေနဲ့ မြို့ပေါ် လူမှုအဖွဲ့အစည်း ၈ ခုက စုပေါင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အပါအဝင် ရခိုင်ပြည်နယ် အစိုးရနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပေးပို့သွားမယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

မိန်းမအစစ်နဲ့ တူသည့် မြန်မာ မိန်းမလျာတစ်ဦး နိုင်ငံတကာအလှမယ်ပြိုင်ပွဲ ၀င်ပြိုင်ခွင့်ရရှိ


 
 
 
 နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ မြန်မာ
အမျိုးသမီးလေးတွေ အကြိမ်ရေ ခပ်စိပ်စိပ်
သွားပြိုင်လာကြတဲ့ခေတ်မှာ မြန်မာမိန်းမ
လျာ တစ်ဦးကလည်း နိုင်ငံတကာအလှ
မယ်ပြိုင်ပွဲကြီးမှာ


ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ကျင်းပပြုလုပ်မယ့် Miss International Queen 2014 နိုင်ငံတကာ
မိန်းမလျာအလှမယ်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအနေနဲ့ ရွေးချယ်ခံထားရတဲ့ မိန်းမလျာအလှမယ်
ကတော့ မျိုးကိုကိုစန်း (ခေါ်) ချစ်လမင်းငယ်ပဲ ဖြစ်ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ နောက်ဆုံးပွဲစဉ် ကျင်းပမယ့် ဒီပြိုင်ပွဲကို နိုင်ငံတကာမှာရှိတဲ့ လိင်တူချစ်သူ
တွေအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်စေရေး ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံက
ဒီပြိုင်ပွဲကို မနှစ်ကမှ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မိန်းကလေးအလှမယ်ပြိုင်ပွဲတွေလို အလှအပအပြင် ပင်ကို အရည်အချင်း၊ ဗဟုသုတ
စတာတွေကိုပါ အမှတ်ပေးရွေးချယ်သွားမှာဖြစ်ပြီး သရဖူဆုအပြင် Title ဆုတွေကိုပါ ပေးသွားမှာ
ဖြစ်ပါတယ်။

သရဖူရရှိသူဟာ အမေရိကန်ဒေါ်လာ ၁၂,၅၀၀ ကို ဆုကြေးငွေအဖြစ် ရရှိမှာဖြစ်ပါတယ်။

"နိုင်ငံတကာမှာ သွားပြိုင်ကြတဲ့ မနန်းခင်ဇေယျာတို့ကို ကြည့်ပြီး အားကျလို့ Miss International
Queen Myanmar 2013 ကို ယှဉ်ပြိုင်ခဲ့တာပါ။ အဲဒီပွဲမှာ ဆုရခဲ့လို့ ထိုင်းမှာလုပ်မယ့်
Miss International Queen ကို ပြိုင်ခွင့်ရခဲ့တာပါ"လို့ အမည်ရင်း မျိုးကိုကိုစန်း ဖြစ်ပြီး
ချစ်လမင်းငယ် အဖြစ် အမျိုးသမီးနာမည်ပြောင်းလဲထားတဲ့ ပြိုင်ပွဲဝင်အလှမယ်က ဆိုပါတယ်။

Miss International Queen Myanmar 2013 ပြိုင်ပွဲကို Rainbow Organisation က
ကြီးမှူးကာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့
အခက်အခဲတွေ အများကြီးရှိခဲ့တယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်ရွေးဖို့ ပြိုင်မယ်ဆိုတော့ အိမ်ကို အသိမပေးရဲခဲ့ဘူး။ အိမ်က
မသိဘဲ လုပ်ခဲ့ရတာဆိုတော့ အ၀တ်အစား၊ ဖိနပ်ကအစ ကိုယ့်ဘာသာကိုယ် ပြင်ဆင်ခဲ့ရတယ်။
ကိုယ့်အတွက်ကလည်း ဒီပွဲက ပထမဆုံးပွဲဖြစ်လို့ အခက်အခဲတွေကတော့ အများကြီးပဲ။
သူငယ်ချင်းတွေ ကူညီလို့သာ ဒီဆုကိုရခဲ့တာပါ"လို့လည်း ပထမအဆင့် ပြည်တွင်းပြိုင်ပွဲမှာ
ဝင်ပြိုင်ဖြစ်ပုံကို ပြောပြပါတယ်။

မိန်းမလျာပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့အတွက် အဆိုးမြင်ဝေဖန်တဲ့သူတွေ ရှိပေမယ့်လည်း
အားပေးတဲ့ပရိသတ်တွေလည်း ရှိတယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"ညီမကိုတော့ မြင့်မြတ်တဲ့ယောက်ျားဘ၀ကို စွန့်လွှတ်တယ်ဆိုပြီး ဘာသာရေးအရ
အကောင်းမြင်ချင်မှ မြင်ပါလိမ့်မယ်။ ဒါပေမဲ့ ညီမအမြင်ကတော့ ကိုယ်နေထိုင်ရာ လူ့အသိုင်းအ၀ိုင်း
ကို ကောင်းကျိုးပြုမှ မြင့်မြတ်တယ်လို့ မြင်ပါတယ်။ မိန်းမ၊ ယောက်ျား၊ မိန်းမလျာလို့ ခွဲခြားမမြင်ဘဲ
ညီမတို့ ကြိုးစားနေတဲ့ လုပ်ရပ်လေးတွေကို ကြည့်ပေးမယ်ဆိုရင် ညီမက ကျေးဇူးတင်မှာပါ"လို့
ဆိုပါတယ်။

အသက် ၂၀ ရှိပြီး B-Tech (မြို့ပြ) ဘွဲ့ရရှိထားတဲ့ ချစ်လမင်းငယ်ရဲ့ ခန္ဓာကိုယ်အချိုးအစားကတော့
တင် ၃၅၊ ရင် ၃၃၊ ခါး ၂၃ နဲ့ အရပ်ကတော့ ငါးပေ၊ ခုနစ်လက်မခွဲရှိပြီး လိင်ခွဲစိတ်ပြုပြင်တာမျိုးတော့
မလုပ်ထားဘူးလို့ ပြောပြပါတယ်။

နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့အတွက် အလှအပပိုင်းအပြင်
အင်္ဂလိပ်စကားပြော အပိုင်းကိုပါ လေ့လာသင်ယူနေတယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"အရင်နှစ်က ၀င်ပြိုင်ခဲ့တဲ့ အစ်မ သန်ညာမောင်ကလည်း ကူညီပါတယ်။ ဗဟုသုတအမေးအဖြေ
အတွက် လေ့လာထားရမယ့် အပိုင်းတွေ၊ ပြီးတော့ နိုင်ငံတကာကလည်း မြန်မာနိုင်ငံကို
အရမ်းစိတ်ဝင်စားတဲ့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကအစ လေ့လာပြီး ပြင်ဆင်ထားဖို့
သူကပြောပါတယ်" မိသားစုက အစပိုင်းမှာ လုံးဝအားမပေးခဲ့ပေမယ့် အခုအချိန်မှာတော့
ပြိုင်ပွဲဝင်ဖို့အတွက် အိမ်က ခွင့်ပြုချက်ပေးလိုက်ပြီလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်လို့ အနေအထိုင်၊ အပြောအဆိုကအစ
ဆင်ခြင်နေထိုင်ပြီး ဒီပြိုင်ပွဲကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ လိင်တူချစ်သူတွေအပေါ် ထားတဲ့အမြင်ကို
ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့လည်း မိန်းမလျာအလှမယ်က ဆိုပါတယ်။

"ညီမအိမ်က ခွင့်ပြုချက်လည်း ရသွားပါပြီ။ အရင်ကဆို မိန်းမလျာတွေဆိုရင် မိတ်ကပ်လိမ်းတဲ့သူ
အနေနဲ့ပဲ မြင်ကြတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အရင်ကလောက် အထင်သေးတာမျိုးတွေ
မရှိတော့ပါဘူး။ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့တင် မဟုတ်ပါဘူး၊ လိင်တူချစ်သူ အသိုင်းအ၀ိုင်းရဲ့
ကိုယ်စားပြုလည်း ဖြစ်နေတယ်။ ညီမက မှားသွားရင် ညီမမှားတယ်လို့ မြင်မှာမဟုတ်ဘူး၊
အကုန်လုံးက ဒီအသိုင်းအ၀ိုင်းကတော့ ဒီလိုပဲလို့ ထင်သွားကြမှာ။ အဲဒီအတွက် အနေအထိုင်၊
အပြောအဆိုကအစ ညီမ ထိန်းသိမ်းပါတယ်"လို့ ဆိုပါတယ်။

Miss International Queen နိုင်ငံတကာ မိန်းမလျာအလှမယ်ပြိုင်ပွဲမှာ နိုင်ငံတကာက
ခွဲစိတ်ပြုပြင်ထားသူတွေနဲ့ ခွဲစိတ်ပြုပြင်မှု လုပ်မထားတဲ့ မိန်းမလျာတွေ ၀င်ရောက်ယှဉ်ပြိုင်နိုင်တဲ့
ခမ်းနားတဲ့ပွဲတစ်ပွဲဖြစ်ပြီး၊ အသက်ကိုတော့ ၁၈ နှစ်ကနေ ၃၆ နှစ်အတွင်းလို့ သတ်မှတ်ထားပါ
တယ်။

၂၀၁၃ ခုနှစ်မှာ ပထမဆုံး မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အလှမယ် သန်ညာမောင်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတော့ မချိတ်နိုင်ခဲ့ပါဘူး။

အဲဒီနှစ်က သရဖူကို ဆွတ်ခူးသွားတာက ဘရာဇီးလ်အလှမယ် ဖြစ်ပါတယ်။

Myanmar Times

PR စနစ်ကျင့်သုံးရန်အဆိုကို ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့သည့် ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်အား မဲဆန္ဒရှင်ပြည်သူများ ဆန္ဒပြမည်


PR စနစ်ကျင့်သုံးရန်အဆိုကို ပြည်သူ့လွှတ်တော်
တွင် တင်သွင်းခဲ့သည့် ရန်ကုန်မြို့ ပုဇွန်တောင်မြို့
နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်
ဇင်အား မဲဆန္ဒရှင် ပြည်သူများက စက်တင်ဘာ
 ၂၈ ရက်တွင် ကန့်ကွက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း


မဲဆန္ဒရှင်များက ပြောကြားသည်။

စက်တင်ဘာ ၂၆ ရက်က ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပုဇွန်တောင်မြို့နယ်အတွင်း နေထိုင်ကြသည့် မဲဆန္ဒရှင်ပြည်သူများက ယင်းကဲ့သို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ကို ကန့်ကွက်ဆန္ဒပြရသည့် အကြောင်းရင်းမှာ ပြည်သူများ၏ သဘောထားမပါဘဲ PR စနစ် ကျင့်သုံးရေးအဆိုကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည့်အတွက် ဖြစ်သည်ဟု ပြောကြားသည်။

ပုဇွန်တောင်မြို့နယ်နေ မဲဆန္ဒရှင်တစ်ဦးဖြစ်သည့် ဦးကျော်က “PR စနစ်ကို တစ်ပြည်လုံးနဲ့အတူ ကျွန်တော်တို့ ပုဇွန်တောင်မဲဆန္ဒရှင်တွေကလည်း မလိုလားဘူး။ ဒီစနစ်ကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ လက်သည်တရားခံ ဘယ်သူလဲဆိုတော့ ကျွန်တော်တို့မဲပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ဖြစ်နေတယ်။ နောက်ဦးအောင်ဇင်ဟာ ပုဇွန်တောင်သား မဟုတ်ဘူး။ ရွေးကောက်ပွဲမှာဘာလို့ မဲပေးခဲ့တာလဲဆိုတော့ စစ်အာဏာရှင်စနစ်ကို မုန်းတီးနေတဲ့ ပြည်သူတွေက ပြည်ခိုင်ဖြိုးပါတီကို မထောက်ခံရင် ပြီးရောဆိုပြီး ဦးအောင်ဇင်ကို မဲပေးခဲ့တယ်။ အခု ဖွတ်ထွက်မှ တောင်ပို့မှန်းသိတယ်။ ဒါဟာ ပုဇွန်တောင်ပြည်သူတွေရဲ့ မျက်နှာကို အိုးမဲသုတ်လိုက်တာဖြစ်တယ်” ဟု ပြောကြားသည်။

ဆန္ဒပြရာတွင် သက်ဆိုင်ရာခွင့်ပြုချက်ဖြင့် ပုဇွန်တောင်မြို့နယ်အတွင်း လှည့်လည်ဆန္ဒပြမည်ဖြစ်ပြီး PR စနစ်ကျင့်သုံးရေးအဆိုကို ကန့်ကွက်သည့် မဲဆန္ဒရှင် ပြည်သူများနှင့် အခြားဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့များလည်း ပူးပေါင်းပါဝင် ဆန္ဒပြကြမည်ဖြစ်ကာ ပုဇွန်တောင်ပန်းခြံရှေ့တွင် ယင်းနေ့နံနက် ၉ နာရီ စုရပ်သတ်မှတ်ထားကြောင်း ဆန္ဒပြရာတွင်ပါဝင်မည့် ဦးသိန်းဝင်းက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်မှာ ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူမဟုတ်ကြောင်း၊ ရုံးခန်းဖွင့်လှစ်ခြင်း မရှိကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများ၏ လိုအပ်ချက်များကိုလည်း တွေ့ဆုံညှိနှိုင်း ဖြေရှင်းပေးခဲ့ခြင်းမရှိကြောင်း  သတင်းစာရှင်းလင်းပွဲတွင် မဲဆန္ဒရှင်များက ပြောကြားသည်။

Eleven Media Group

အောင်မင်္ဂလာ-ဆူးလေပြေးဆွဲနေသည့် စုပေါင်းတက္ကစီ တိုင်းအစိုးရအမိန့်ဖြင့် ယာယီရပ်


အောင်မင်္ဂလာအဝေး ပြေးမှ ဆူးလေအထိ
 ငွေကျပ် တစ်ထောင်ဖြင့် ပြေးဆွဲပေးနေ သော စုပေါင်းတက္ကစီယာဉ်လိုင်း အမျိုးအစားဖြစ်
သည့် အောင် မဟာယာဉ်လိုင်းကို ရန်ကုန်
တိုင်း အစိုးရအမိန့်ဖြင့် ယာယီရပ်နား
လိုက်ကြောင်း သတင်းရရှိသည်။



  အောင်မဟာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း အသစ်သည် ဇွန် ၁၀ ရက်က စတင်ပြီး ဆူးလေ-အောင်မင်္ဂလာ လမ်းကြောင်းကို ၁၂ ဦးဆံ့အဲကွန်း ကားဖြင့် ပြေးဆွဲနေပြီး အောင်မြင်မှုရရှိနေသည်။

‘‘တိုင်ကြားသူရှိလို့ တစ်လိုင်းလုံးရပ်ဆိုင်းခံရတာပါ။ ရန်ကုန် တိုင်းအစိုးရအဖွဲ့က အရေးယူ တာပါ’’ဟု အဆိုပါယာဉ်လိုင်း ဥက္ကဋ္ဌ ဦးအေးသောင်းကပြောသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အရေးယူအကြောင်းကြားစာတွင် (ဂ) စင်းလုံးငှား(တက္ကစီ)လိုင်စင် ယူပြီး၊ (ခ)ခရီးသည်တင်ယာဉ်ကဲ့ သို့ လုပ်ငန်းမျိုးပြေးဆွဲနေခြင်း ကြောင့် အရေးယူခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ယာဉ်လိုင်းမှာ ကား မှတ်တိုင်များတွင် ခရီးသည်များ ခေါ်ယူတင်ဆောင်သည့်အတွက်  ခရီးသည်တင် ဘတ်စ်ကားလိုင်း အချို့က တိုင်ကြား၍ တိုင်းဒေသကြီးအစိုးရက အရေးယူခြင်းဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မထသ) ဥက္ကဋ္ဌဦးလှအောင်က ပြောသည်။

အဆိုပါယာဉ်လိုင်းအသစ် သည် ကားအစီးရေ ၃၀ ကျော် ရှိပြီး အောင်မြင်မှုရနေသဖြင့် နောက်ပိုင်းတွင် ယာဉ်အစီးရေ ၆၀ ကျော်အထိ တိုးမြှင့်ရန် စီစဉ်ထားစဉ် အရေးယူခံရခြင်းဖြစ်သည်ဟု ဆိုသည်။

အောင်မဟာ အဆင့်မြင့် ယာဉ်လိုင်းက တစ်ဦးလျှင် ကျပ် တစ်ထောင်နှုန်းဖြင့် အဲကွန်းဖွင့် ကာ အင်းစိန်မှ ဆူးလေ၊ အောင် မင်္ဂလာ အဝေးပြေးမှ ဒဂုံ-ဧရာ အဝေးပြေး စသည့်ခရီးစဉ်များ အဖြစ် ပြေးဆွဲလျက်ရှိသည်။

နယ်မှလာသော ခရီးသည် များအနေဖြင့် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ မြို့တွင်းသို့ အငှားယာဉ်ငှားရာတွင် ဈေးနှုန်း ကြီးမြင့်ခြင်း၊ စောင့်ဆိုင်းရချိန် ကြာမြင့်ခြင်း၊ စုပေါင်းစပ်ပေါင်း ငှားရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းတို့ကို ဖြေရှင်းနိုင်ရန် စီစဉ်ပြေးဆွဲစေခြင်းဖြစ်သည်။

7Day News Daily 

IS စစ်သွေးကြွများက လူ့ အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီးတစ်ဦးကို လူမြင်ကွင်း၌ ခေါင်းဖြတ် ကွပ်မျက်


အီရတ်နိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ မိုဆူးလ်
တွင် ISIS အကြမ်းဖက် သမားများက
ဘာသာရေး အထိမ်းအမှတ် များကို ဖျက်ဆီးလျက်
ရှိကြောင်း ဖေ့ဘုတ်ပေါ် တွင် ရေးသားခဲ့သူ
လူအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး


တစ်ဦးကို လူမြင်ကွင်း၌ ခေါင်းဖြတ် သတ်ဖြတ် ခဲ့သည်။



ဆာမီရာ ဆာလစ် အယ်လ်နူအီမိ ဆိုသူ ယင်းအမျိုးသမီးက မြို့ ၏ ဘာသာရေး နေရာများကို IS တို့ ဖျက်ဆီး နေသည်ဟု ဖေ့ဘုတ် ပေါ်တွင် ရေးသား ခဲ့ပြီး အချိန် မကြာမီမှာပင် စက်တင်ဘာ ၁၇ ရက်က အိမ်သို့ လာရောက် ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်သည်။

နူအီမီကို ရှာရီယာ ဥပဒေ (မွတ်စလင် ဘာသာရေး ဥပဒေ) အရ အရေးယူ ခဲ့ခြင်း ဖြစ်ပြီး ငါးရက်ကြာ ညှင်းပန်း နှိပ်စက်ခဲ့ကာ နောက်ဆုံးတွင် ခေါင်းဖြတ် ကွပ်မျက် ခဲ့ခြင်း ဖြစ်ကြောင်း အီရတ်ရှိ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင် အရ သိရသည်။

အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း အဖွဲ့ များက IS ပစ်မှတ်များကို လေကြောင်း ထိုးစစ် သုံးညမြောက် ဆင်နွှဲပြီး အချိန်တွင် နူအီမီ သတ်ဖြတ် ခံရခြင်း ဖြစ်သည်။ နူအီမီကို တနလာင်္နေ့က ကွပ်မျက် ခဲ့ခြင်း ဖြစ်ပြီး သူ၏ ဖေ့ဘုတ် အကောင့် ကိုလည်း ဖျက်ပစ် ခဲ့ကြောင်း မစ်ရှင်က ထုတ်ပြန် ခဲ့သည်။

IS တပ်များက ဇွန်လမှ စကာ အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့ အနှံ့ ထိုးစစ်များ ဆင်နွဲခဲ့သည်။ အီရတ် နိုင်ငံ၏  ဒုတိယ အကြီးဆုံးမြို့ မိုဆူးလ်လည်း ၎င်းတို့ လက်အောက် ကျရောက် နေသည်။ ယင်းတို့သည် သြဂုတ်လ အတွင်း မြို့ ရှိ သမိုင်းဝင် အထင်ကရ နေရာများ အပြင် ဗလီများနှင့် သချိင်းဂူများ ကိုပါ ဖျက်ဆီး ခဲ့ကြသည်။

Ref: Daily Mail
Mizzima News Daily

သားဖြစ်သူကဲ့သို့ လမ်းမှားမလိုက် ကြရန် အမေရိကန် လေကြောင်း ထိုးစစ်ကြောင့် သေဆုံးခဲ့သည့် ဗြိတိန်ဂျီဟတ် လူငယ်၏ မိခင်က တိုက်တွန်း


ဆီးရီးယားရှိ IS စစ်သွေးကြွများနှင့် သွားရောက်
ပူးပေါင်းသည့် ဗြိတိန်ဆယ်ကျော်သက်
 ကျောင်းသား တစ်ဦးမှာ ယခု သီတင်းပတ်
အတွင်း အမေရိကန် တို့၏ လေကြောင်း
ထိုးစစ်အတွင်း သေဆုံးခဲ့ရာ ကျောင်းနေ
အရွယ် ငယ်ငယ် ရွယ်ရွယ်နှင့် ဂျီဟတ်ဝါဒီ


တစ်ဦး ဖြစ်ခဲ့သည့် ၎င်းကျောင်းသား၏ မိခင် ဖြစ်သူက သူ့ သားကဲ့သို့ လမ်းမှား မလိုက်ကြရန် သတိပေးမှု ပြုလုပ်ခဲ့သည်။

အတန်းဖော် များက အီဘေးဟု ခေါ်ကြသည့် အီဘရာဟမ် ကာမာရာသည် ပြီးခဲ့သည့် နှစ်အတွင်းက ကျောင်းမှ နှုတ်ထွက်ကာ ဆီးရီးယားသို့  ဘာသာရေး စစ်ပွဲ ဆင်နွှဲရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အသက် ၁၉ နှစ်ရှိ ကာမာရာနှင့် အခြား လေးဦးတို့ သည် အမေရိကန်၏ လေကြောင်း ထိုးစစ်အ တွင်း သေဆုံးသည့် ပထမဆုံး ဗြိတိန်နိုင်ငံသားများ အစွန်းရောက်များ ဖြစ်လာခဲ့သည်။

ကာမာရာသည် ဘရိုက်တန် မြို့ မှ GCSE ကျောင်းသား တစ်ဦး ဖြစ်သည်။ ဥာဏ်ရွှင်သည့် လူငယ်တစ်ဦး ဖြစ်ကာ အတန်းဖော် များအား နောက်ပြောင် ပျော် ရွှင်စေသူ တစ်ဦး ဖြစ်ခဲ့သည်။ သို့ သော် ကုန်လွန်ခဲ့သည့် နှစ်အ နည်းငယ် အတွင်း ဘာသာရေးနှင့် ပတ်သက်၍ ယုံကြည်မှု ပြင်းထန် လာခဲ့သည်။

ကာမာရာကဲ့သို့ လမ်းမှား မလိုက်ကြရန် တခြားသူများကို တိုက်တွန်းကြောင်း ၎င်း၏ မိခင်ဖြစ်သူ ခါဒီဂျက် ကာမာရာက ပြောခဲ့သည်။ ကာမာရာသည် ဂွါတာ နာမို အကျဉ်းသားဟောင်း အိုမာဒီဂါယီ၏ တူသုံးဦးဖြစ်သော ဒီဂါယီ ညီအစ်ကို များကို တပည့်ခံခဲ့သည်။ ၎င်းနှင့် အခြားလူငယ် လေးဦးတို့မှာ ဆီးရီးယားသို့ အ တူ သွားရောက် ခဲ့ကြခြင်း ဖြစ်သည်။

"ကျွန်မ သားရဲ့ လုပ်ရပ်ကို မှန်တယ်လို့ မတွေးကြစေ ချင်ပါဘူး။ သူဟာ ခေါင်းထဲ အယူမှားတွေ ရိုက်သွင်း ခံထားရ တာပါ။ အမြန်ပဲ အယူစွဲ ပြင်းထန်လာတယ်" ဟု မိခင်ဖြစ်သူက ပြောသည်။



လေကြောင်းထိုးစစ်တွင် သေဆုံးသွားခဲ့သည့် အသက် ၁၉ နှစ်အရွယ် အီဘေး။

ထိုပြင် ကာမာရာသည် သူ၏ ၁၅နှစ်အရွယ် ညီဖြစ်သူ၏ ပတ်စပို့ ကို ခိုးယူ၍ ထွက်သွားခြင်း ဖြစ်ကြောင်း၊ ယင်းတို့ နှစ်ဦးမှာ ရုပ်ချင်း မဆင်ကြ သူများဖြစ် ၍ လေဆိပ်တာဝန် ရှိသူများက မည်သည့် အတွက်ကြောင့် တားမြစ်ခြင်း ရှိသည်ကို သိချင်မိကြောင်း မိခင်ဖြစ်သူ ခါဒီဂျက်ကပြောသည်။

"ကာမာရာက သိတတ်တဲ့ သာမန်ကလေး တစ်ဦးပါ။ ITကို သင်ယူနေပြီး အင်ဂျင်နီယာ တစ်ယောက် ဖြစ်လိုခဲ့သူပါ။ မအေစကား နားထောင်တတ်တဲ့ သား က နောက်ပိုင်း နှစ်တွေမှာ ကဏ္ဍကောစ လုပ်လာပါတယ်။ အိမ်ကိုလည်း ညမိုးချုပ်မှ ပြန်လာ တတ်တယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ သီးသန့် ခွဲနေတော့ တယ်"ဟု ခါဒီဂျက်က ပြောသည်။



ကာမာရာ ထွက်သွားရန်လုပ်သည့် အချိန်က သူ့ ပတ်စပို့ မှာ သက်တမ်း ကျော်နေပြီ ဖြစ်၍ ညီဖြစ်သူ ပတ်စပို့ ကို ခိုးသွားခဲ့ကြောင်း၊ ယင်းနောက် ဆီးရီးယား သို့  ရောက်နေပြီ ဖြစ်ကြောင်း လှမ်းပြောချိန်တွင် ဒေါသထွက်ခဲ့ ရသလို စိတ်ပျက်စိတ်ကုန်လည်း ဖြစ်ရကြောင်း ၎င်းကပြောသည်။

"စစ်အယူအဆကို ကျွန်မ မုန်းတယ်။ သူက အစွန်းရောက်တွေရဲ့ စကား နားဝင်နေပြီး မိဘနဲ့ ညီအစ်ကိုတွေ စကားကို လက်မခံတော့ဘူး။ သားကို ဘုရားက ခွင့်လွှတ်ဖို့ ကျွန်မ ဆုတောင်းပါတယ်။ ကျွန်မကတော့ သားကို ခွင့်လွှတ်ထား ပါတယ်။ သူဟာလည်း လူသား တစ်ယောက်ပဲဖြစ်လို့ အမှား ကျုးလွန်တတ် တာပါပဲ။ ဒါပေမယ့် သူ့ လမ်းစဉ် အလိုက်မမှားဖို့ အခြားသူတွေကို ကျွန်မ တိုက်တွန်း လိုပါတယ်"ဟု ခါဒီဂျက်က ပြောခဲ့သည်။


Mizzima News Daily

အပစ်ရပ်မူကြမ်းဆွေးနွေးမှု ပြီးဆုံးသွားသော်လည်း သဘောတူညီမှု တစ်စုံတစ်ရာ မရရှိ


ငါးရက်တာ ဆွေးနွေးခဲ့သည့် ဆဋ္ဌမ
အကြိမ်မြောက် အပစ်ရပ်မူကြမ်းညှိနှိုင်းမှု
တွင် တိကျသည့် သဘောတူညီမှု တစ်
စုံတစ်ရာမရရှိခဲ့ဟု တစ်နိုင်ငံလုံး အပစ်အခတ်
ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ၊ခေါင်းဆောင်

  နိုင်ဟံသာက မဇ္စျိမကို ပြောသည်။



၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက် ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ကျင်းပသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီးတွင် NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာမှ မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

“အရင်ပတ် အစည်းအဝေးတွေနဲ့ စာရင်တော့ အခက်အခဲတွေ ပိုရှိတယ်၊ အခက်ခဲဆုံးပဲ၊ ဒါပေမယ့် နှစ်ပေါင်း ၆၀ကျော် ရှေ့တန်းမှာဖြေရှင်းခဲ့ရတဲ့ ကိစ္စနဲ့ စာရင်တော့ မခက်ပါဘူး၊ ရအောင်ဆက်လုပ်ပါမယ်" ဟု နိုင်ဟံသာက ပြောသည်။

ဆွေးနွေးပွဲမှာ စက်တင်ဘာလ ၂၂ ရက်မှ ၂၆ ရက်ထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာနတွင် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အပစ်ရပ်မူကြမ်းတွင် သဘောတူညီမှု အပြီးသတ်ရရှိရန် ကျန်ရှိနေသည့် အချက်များမှာ အပစ်ရပ်စဲရာတွင် နှစ်ဖက်တပ်များ အပြန်အလှန်လိုက်နာရမည့် စစ်သည်တော်ဆိုင်ရာ ကတိကဝတ်များ၊ အပစ်ရပ်ပြီးနောက်နှင့် နိုင်ငံရေးဆွေးနွေးပွဲ မစတင်မှီ ကြားကာလအတွင်း တပ်နေရာချထားရေး၊ တိုင်းရင်းသားလက်နက်ကိုင် တပ်များမှ တပ်သားသစ်မစုဆောင်းရေး ၊ ပစ်ခတ်မှုပြန်လည်မဖြစ်ပွားစေရန် နှစ်ဖက်ပူးပေါင်းစောင့်ကြည့် ကော်မတီများ ဖွဲ့စည်းရေး ၊ အပစ်ရပ်စာချုပ်တွင် ပါဝင်လတ်မှတ်ရေးထိုးမည့်သူများ ရွေးချယ်ရေး၊ အပစ်ရပ်ပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်မည့် အစုအဖွဲ့ဆိုင်ရာ ကိစ္စရပ်များ ဖြစ်သည်။

ထိုအချက်များမှာ သြဂုတ်လ၊ ပဌ္စမအကြိမ် အပစ်ရပ်မူကြမ်းဆွေးနွေးပွဲတွင် ဆွေးနွေးရန် ကျန်ရှိနေခဲ့သည့် အချက်များပင် ဖြစ်သည်။

ငါးရက်တာ ဆွေးနွေးမှုတွင် မပြီးပြတ်ခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သတ်၍ နိုင်ဟံသာက “ ဒီတစ်ခါ တပ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ်တွေက အသစ်တွေ ရောက်နေတော့ သူတို့က အဆုံးအဖြတ်မပေးရဲသေးဘူး၊ သူတို့အထက်ကို မေးရမယ်တဲ့" ဟု ဆိုသည်။

အပစ်ရပ်ပြီးနောက် ပါဝင်မည့် အစုအဖွဲ့များနှင့် ပတ်သက်၍ အစိုးရ ကိုယ်စားလှယ်များဘက်မှ အစုအဖွဲ့ (၇) ဖွဲ့ (အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ) နှင့် တိုင်းရင်းသားများဘက်မှ အစိုးရ (အစိုးရကိုယ်စားလှယ်၊ လွှတ်တော်၊ တပ်မတော်) ၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီဟူ၍ အစုအဖွဲ့ (၃) ဖွဲ့ ဟူ၍ သဘောထားကွဲလွဲ နေသေးသည်။

ဆွေးနွေးရန် ကျန်ရှိနေသည့် အချက်အလက်များအပြင် သြဂုတ်လတွင် နှစ်ဖက်အပြန်အလှန် သဘောတူညီခဲ့ပြီး ဖြစ်သည့် ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးနှင့် “တော်လှန်ရေး “ ဟူသည့် စကားလုံးအား အပစ်ရပ်စာချုပ်တွင် မသုံးရန်ဟူသည့်အချက်တို့အား တပ်မတော်အထက်ပိုင်း ကိုယ်စားလှယ်များမှ မကြေလည်သဖြင့် ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်နေရသည်ဟု NCCT ခေါင်းဆောင်များက ဆိုသည်။

ထို့ပြင် ပဋ္ဌမအကြိမ်မြောက် အပစ်ရပ်မူကြမ်းဆွေးနွေးသည့် သြဂုတ်လတွင် တိုင်းရင်းသားတို့ဘက်မှ အဓိက တင်ထားခဲ့သည့် ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးများ ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်အား အကောင်အထည်ဖော်ရန် သဘောတူညီခဲ့သည့် အပေါ်တွင်လည်း တပ်မတော်အထက်ပိုင်း ကိုယ်စားလှယ်များမှ မကျေလည်ဟု သတင်းစကားများ ကြားသိရကြောင်း NCCT ခေါင်းဆောင်များက မဇ္စျိမ ကိုပြောသည်။

တပ်မတော် ကိုယ်စားလှယ်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် နှစ်ဖက်ပူးပေါင်းလုံခြုံရေးဟူသည့် ကိစ္စရပ်များတွင်သာ ပူးပေါင်းလုပ်ဆောင်လိုပြီး ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးအား လက်မခံခြင်း ဖြစ်သည်။

တော်လှန်ရေး စကားလုံးမှာ ခေါင်းစဉ်တွင် မသုံးနှုန်းဘဲ စာချုပ်အတွင်းပိုင်း သုံးနေရာခန့်တွင်သာ သုံးရန် တိုင်းရင်းသားတို့နှင့် အစိုးရ ကိုယ်စားလှယ်များကြား သဘောတူညီမှုရရှိပြီး ဖြစ်သည်။

ဆွေးနွေးပွဲ ပြုလုပ်နေစဉ် တိုင်းရင်းသားနယ်မြေအချို့ရှိ အောက်ခြေတပ်များတွင် တပ်မတော်နှင့် ဆက်ဆံရေး တင်းမာမှုများ ပြန်လည်ရှိနေပြီး ကာကွယ်ရေးဦးစီးချုပ်မှ ၎င်း၏ သင်တန်းဆင်း တပ်သားတို့အား ပြောဆိုခဲ့သည့် မိန့်ခွန်းများအပေါ်တွင် တိုင်းရင်းသားတို့အနေဖြင့် ကျေလည်မှု မရှိဟု နိုင်ဟံသာက ပြောသည်။

ထိုအချက်အလက် အားလုံးပြေလည်ရန် အဓိက ညှိနှိုင်းမှုများ ပြုလုပ်ရမည့် ဆွေးနွေးဘက်မှာ တပ်မတော် ကိုယ်စားလှယ်များသာ ဖြစ်သည်ဟု NCCT ခေါင်းဆောင်များက ပြောသည်။

တပ်မတော်နှင့် အဓိက မပြေလည်သည့် ကိစ္စရပ်များမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ၊ တပ်နေရာ ချထားရေးများ၊ အပစ်ရပ်ပြီးနောက် နှစ်ဖက်စစ်သည်တော်များ အပြန်အလှန်လိုက်နာရမည့် ကတိကဝတ်များ၊ အနာဂတ်တွင် ပုံဖော်ရမည့် ပြည်ထောင်စုဟူသည့် ခေါင်းစဉ်များ ဆွေးနွေးရာတွင် တစ်ဆို့နေခြင်း ဖြစ်သည်ဟု NCCT ခေါင်းဆောင်များက ဆိုသည်။

အပစ်ရပ်မူကြမ်းအား စက်တင်ဘာလတွင် အပြီးသတ်နိုင်ရန် နှစ်ဖက်ခေါင်းဆောင်များမှ မျှော်လင့်ထားခဲ့ပြီး ဆွေးနွေးမှု မပြီးပြတ်ခဲ့သည့် အပေါ်တွင် နှစ်ဖက်ခေါင်းဆောင်များမှ မှတ်ချက် တစ်စုံတစ်ရာပေးခဲ့ခြင်း မရှိပေ။

အထက်ပါပြောဆိုချက်များနှင့်ပတ်သတ်၍ နိုင်ဟံသာက “အောက်တိုဘာ လတ်မှတ်ထိုးမယ်ဆိုတာ အစိုးရဘက်ကပဲ ပြောနေတာ၊ ကျွန်တော်တို့ဘက်က ကတိတွေပေးတာပြောတာ မရှိဘူး၊ ဒီတိုင်း ညှိမရသေးရင်တော့ အပစ်ရပ်ဖို့ တစ်ဆို့နေမယ်ဆို လတ်မှတ်ထိုးဖို့ကလည်း  ကြာဦးမယ်" ဟု ဆိုသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ တပ်မတော် ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးများအား  တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများ၊ နိုင်ငံရေးဆွေးနွေးမှုများနှင့် ပတ်သတ်၍ မဇ္စျိမ မှ မေးမြန်းခဲ့ရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

ဆွေးနွေးနေဆဲဖြစ်သည့် အပစ်ရပ်မူကြမ်းအား အချက်အလက်များ မကျန်ရှိစေရန် စစ်ဆေးမှု (၄) ကြိမ် ပြုလုပ် ပြီးဖြစ်သည်။ မူကြမ်း ဆွေးနွေးပွဲအား အောက်တိုဘာလတွင် ဆက်လက်ပြုလုပ်သွားရန် နှစ်ဖက်သဘောတူညီမှုများ ပြုလုပ်ထားသည်။

Mizzima News Daily