Friday, July 25, 2014

သီလ၀ါအထူးစီးပွားရေးဇုန်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်းကို ၂၀၁၅ တွင်မှ ထုတ်ပြန်မည် By


သီလ၀ါအထူးစီးပွားရေး ဇုန် ဧက ၅၀၀၀ ကျော် (ဟက် တာ ၂၀၀၀) ပတ်ဝန်းကျင်ထိ ခိုက်မှုဆန်းစစ်ချက် (EIA) ကို လာမည့် ၂၀၁၅ တွင် ထုတ်ပြန် သွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီမှ သတင်းရရှိသည်။
ယင်းသဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းကို ပြီးခဲ့သည့်  နှစ်အတွင်းကတည်း က အခြေခံအချက်အလက်များ ကောက်ယူခြင်းကို စတင်လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆန်းစစ်ခြင်း အကြမ်းဖျင်းကို အောက်တိုဘာ လတွင် အပြီးသတ်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အဆိုပါအ ဖွဲ့မှ ဦးအေးသီဟက ပြောသည်။
‘‘ကျွန်တော်တို့ဘက်က အောက်တိုဘာမှာ ပြီးမယ်ဆိုပေ မယ့် သစ်တောဘက်မှာ အပိုင်းက လည်း     ကြာဦးမယ်ဆိုတော့ နောက်နှစ်ထဲလောက်မှသာ ထုတ် ပြန်နိုင်မယ်။ တစ်ခါတည်းပြီးရင် တော့ နောက်နှစ်ဆန်းပိုင်းလောက် မှာ ထွက်လာနိုင်မယ်’’ ဟု ဦးအေး သီဟက ပြောသည်။
အဆိုပါ ဆန်းစစ်ခြင်းလုပ် ငန်းကို တာဝန်ယူလုပ်ဆောင်နေ သော E Guard Environmental Services နှင့် သဘာဝပတ်ဝန်း ကျင် အရင်းအမြစ်များ စီမံခန့်ခွဲရေး အဖွဲ့ (ERM) တို့ ပူးပေါင်းလုပ် ကိုင်နေခြင်းဖြစ်သည်။
သို့သော် ၎င်းတို့ ဆန်းစစ်ပြီး သော စစ်ဆေးချက်အကြမ်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီး ဌာနသို့ တင်ပြပြီး ထိုဌာန၏ ပြန် လည်သုံးသပ်မည့်အချိန်မှာလည်း ကြာမြင့်နိုင်သောကြောင့် လာ မည့် ၂၀၁၅ ခုနှစ်ရောက်မှသာ EIA စစ်တမ်းကို ထုတ်ပြန်နိုင်မည် ဖြစ်သည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက မူကြမ်းကို တစ်ကြိမ် တည်းဖြင့် လက်မခံဘဲ ပြင်ဆင်မှု များ ထပ်မံပြုလုပ်ခိုင်းမည်ဆိုပါ က ၂၀၁၅ နှောင်းပိုင်းမှသာ ထုတ် ပြန်မှုများ ပြုလုပ်သွားနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
EIA စစ်တမ်း ကောက်ယူ ချိန်တွင်    လူမှုစီးပွားစစ်တမ်း ကောက်ယူရေး (SIA) ကိုလည်း လုပ်ဆောင်နေရာ ယင်းဆန်းစစ် မှုမှာ ပြီးလုနီးပါး အဆင့်ထိ ရောက် ရှိသွားပြီးဖြစ်ကြောင်း သီလ၀ါစီမံ ခန့်ခွဲမှု ကော်မတီတွဲဖက်အတွင်း ရေးမှူး ဒေါ်သင်းသင်းသွယ်က ပြောသည်။
EIA စစ်တမ်းထုတ်ပြန်ပြီးမှ သာ သီလ၀ါအထူးစီးပွားရေးဇုန် ဒုတိယအဆင့် စီမံကိန်းကို စတင် မည်ဖြစ်သောကြောင့် စီမံကိန်း စတင်နိုင်မည့် အချိန်ကို သေချာ မပြောနိုင်သေးကြောင်း အထက် ပါပုဂ္ဂိုလ်က ပြောသည်။

 

7Days


0 comments:

Post a Comment