This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, July 30, 2014

ရာသီဥတုဖောက်ပြန်မှု ဆိုးရွားစွာကြုံတွေ့နေရဟု ဒေါက်တာထွန်းလွင်ပြော


ရာသီဥတုဖောက်ပြန်မှု ဆိုးရွားစွာကြုံတွေ့နေရဟု ဒေါက်တာထွန်းလွင်ပြောဇူလိုင်လ နှောင်းပိုင်းတွင် သဘာဝ ဘေးကြောင့် မြန်မာနိုင်ငံ ဒေသ အနှံ့ လူသေဆုံးမှုများ ဖြစ်ပေါ်နေသည် အထိ သဘာဝဘေးရင် ဆိုင်နေရပြီး မြေပြိုခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်းနှင့်နေရာ ကွက်၍ မိုးကြီး သည့် အန္တရာယ်များ ဆက်တိုက် ရင်ဆိုင်နေ ရသောကြောင့် ဖောက်ပြန် နေသည့် ရာသီဥတုကို တွေ့ကြုံနေရပြီဖြစ်ကြောင်း ဒေါက်တာ ထွန်းလွင် ကပြောသည်။
‘‘ဇူလိုင်လက မိုးလယ် ကာလ၊ မုတ်သုံလေ ကောင်းနေရဲ့သားနဲ့ လေဆင်နှာမောင်း တိုက်တာမျိုး တွေဖြစ်တာ။ သေချာတာကတော့သမားရိုးကျမဟုတ်ဘူး။ ရာသီဥတုဖောက်ပြန်လို့ ဖြစ်နေတာ’’ဟု မိုးလေ၀ သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။ မိုးကြို ကာလတွင် ပုံမှန်ရင် ဆိုင်ရလေ့ ရှိသည် လေထုမငြိမ်မ သက်ဖြစ်မှုကြောင့် လေဆင်နှာ မောင်းတိုက် ခတ်ခြင်းများ၊ မိုးတိမ်တောင်ကြောင့် မိုးကြိုးပစ်ခြင်းများ၊ နေရာကွက်၍ မိုးကြီးခြင်းများသည် မိုးလယ် ကာလရောက်သည် အထိ ရင်ဆိုင်နေရ၍ ပုံမှန်ရာသီဥတုအခြေအနေ မဟုတ်တော့ ကြောင်း ၄င်းက သုံးသပ် သည်။
မိုး/ဇလဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးကလည်း မြန်မာတစ်နိုင်ငံ လုံးသို့ အ နောက်တောင်မုတ်သုံလေ၀င်ပြီးဖြစ်သည့် ဇွန်လဆန်းမှ စတင်ကာ ဒေသအနှံ့ ပုံမှန်မိုးရွာသွန်းရမည် ဖြစ်သော်လည်း နေရာကွက်၍ မိုးကောင်းခြင်း များသာ ဖြစ်ပေါ်နေကြောင်း ဆိုသည်။ ‘‘ဒီအချိန်ဆို ပုံမှန်မိုးသာ ရွာနေရမှာ။ မိုးလယ်ကာလကိုရောက်နေပြီ။ ဒါပေမဲ့ အခုထိ မိုးက မမှန်ဘူး။ ဒီနှစ်ကတော့ ပိုသိသာတယ်။ climate change ကို ရင်ဆိုင်နေရပြီလို့ ပြောလို့ရတယ်။ နေရာကွက်ပြီး မိုးကြီးတာတွေ၊ မြေပြိုတာတွေကိုလည်း ရှေ့မှာသတိပြုဖို့ လိုအပ်နေသေးတယ်’’ဟု ဦးကျော်မိုးဦးက ပြောသည်။ ရခိုင်ပြည်နယ် စစ်တွေ တွင် ဇူလိုင်လအတွင်း လေဆင်နှာမောင်းဝင်တိုက်ပြီး လူ တစ်ထောင် ခန့် လေဘေးသင့်ခဲ့ကာ ဒေသအချို့တွင်လည်း လေဆင်နှာမောင်းတိုက်ခတ်ခြင်းများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်နှင့် မင်္ဂလာဒုံ၊ လှိုင် သာယာ၊ ရွှေပြည်သာ မြို့နယ်တွင်လေဆင်နှာမောင်းတိုက်ခတ်ခဲ့ သောကြောင့် လူတစ်ဦး သေဆုံးကာ အိမ်ခြေတစ်ရာနီးပါး ပျက်စီးခဲ့သည်။ ရှမ်းပြည်နယ်ဘက်တွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျသောကြောင့် တာချီလိတ်မြို့တွင် လူခုနစ်ဦး မြေပိ ၍ သေဆုံးခဲ့သည်။ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ကြိုးတံတားတစ်စင်းပြတ်ကျကာ ဒေသခံလေးဦး သေဆုံးခဲ့သည့်အပြင် တောင်ပြို၍ လူတစ်ဦး သေဆုံးခဲ့သည်။
ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည် စခန်းတစ်ခု တွင်လည်း မြေပြိုကာဒုက္ခသည် ငါးဦးသေဆုံး ခဲ့ရသောကြောင့် ဇူလိုင်လအတွင်း သဘာဝ ဘေးကြောင့်သေဆုံး သူဦးရေမှာ တရားဝင်ရရှိသောစာရင်းများအရ ၁၇ဦးအထိရှိနေပြီဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အချို့တွင် မြစ်ရေမြင့်တက်လာမှုနှင့် မိုးကောင်းနေသောကြောင့် လယ်စိုက်ခင်းများစွာ ရေနစ်မြုပ်နေသည့်အပြင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင်လည်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေသည်။
လက်ရှိကာလတွင် မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တွင် မုတ်သုံလေအားကောင်းနေသည့်အပြင် တောင် တရုတ်ပင်လယ်တွင်လည်း မုန်တိုင်းများဆက်တိုက်ဖြစ်ပေါ်နေ၍ ယင်းတို့၏ အရှိန်ဖြင့် မြန်မာနိုင်ငံဒေသအနှံ့တွင် သဘာဝဘေး အန္တရာယ်များ သတိပြုရန် လိုအပ်နေကြောင်း ဒေါက်တာထွန်းလွင် နှင့် ဦးကျော်မိုးဦးက သတိပေး ထားသည်။
7Day News

အရှေ့အာရှဒေသတွင် အမြင့်ဆုံး IELTS ပညာသင်ဆုကို မြန်မာနိုင်ငံမှရရှိ


ဗြိတိသျှကောင်စီမှ ပေးအပ်သော IELTS ပညာသင်ဆုအား မြန်မာနိုင်ငံမှ ဒေါက်တာ သန္တာအောင်မှရရှိခဲ့ပြီး အဆိုပါပညာသင်ဆုမှာ အရှေ့အာရှဒေသတွင် အမြင့်ဆုံး IELTS ပညာသင်ဆုဖြစ်ကြောင်း သိရသည်။ IELTS ပညာသင်ဆုကို Regional Schlorship (မြန်မာကျပ်ငွေ သိန်း ၄၁၅ ခန့်) ကို ဒေါက်တာသန္တာအောင်မှ ရရှိခဲ့ပြီး Country Schlorship (မြန်မာကျပ်ငွေ ၄၁ သိန်းခန့်) အား မောင်စောမယ်လ်ဗင်ကို လေးမှရရှိခဲ့ကြသည်။



" နိုင်ငံတကာပညာရေးသည် လူငယ်လူရွယ်များ ငယ်ရွယ်စဉ် အတွေ့အကြုံ ရရှိစေရန် အကောင်းဆုံး အခွင့်အလမ်းဖြစ်ပြီး မြန်မာနိုင်ငံမှ ထူးချွန်တဲ့ပုဂ္ဂိုလ်နှစ်ဦး IELTS ပညာသင်ဆု ချီးမြှင့်ခံရတဲ့အတွက် ၎င်းတို့ရွေးချယ်တားတဲ့ ဘာသာရပ်များမှာ ပိုမိုပေါက်မြောက်အောင်မြင်စေရန် အခွင့်အရေးရသွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ဒေါက်တာ သန္တာအောင်က အရှေ့အာရှဒေသမှာ အမြင့်ဆုံး IELTS ပညာသင်ဆုရရှိသွားသည်မှာ အထူးဂုဏ်ယူစရာပင် ဖြစ်ပါတယ်။ ဆုရရှိသွားတဲ့ ဒေါက်တာ သန္တာအောင်နဲ့ စောမယ်လ်ဗင်ဟိုလေး တို့နှစ်ဦးစလုံးအတွက် ဝမ်းမြောက်ပါတယ် " ဟု ဗြိတိသျှကောင်စီ၏ မြန်မာနိုင်ငံ ညွှန်ကြားရေးမှူး Kevin Mackenzie ကပြောသည်။

ဒေါက်တာသန္တာအောင်သည် ဂျာမနီနိုင်ငံဘာလင်မြို့ရှိ Charite-Universitatsmedizin တက္ကသိုလ်တွင် ပညာသင်ကြားမည်ဖြစ်ပြီး စောမယ်လ်ဗင်ကိုလေးသည် စင်ကာပူနိုင်ငံရှိ Kaplan Higher Education Academy (Royal Holloway, University of London Program) တွင် ဆက်လက်ပညာသင်ကြား ကြမည်ဖြစ်ကြောင်း သိရသည်။ ၎င်းပညာသင်ဆုအား မြန်မာနိုင်ငံမှ လျှောက်ထားသူ ၃၈ ဦးရှိခဲ့ပြီး လျှောက်ထားသူများသည် တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့်ဗီယက်နမ်တို့မှ လျှောက်ထားသူ ရာပေါင်းများစွာနှင့် ယှဉ်ပြိုင်ပြီးမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဗြိတိသျှကောင်စီ မြန်မာနိုင်ငံ၏ စာမေးပွဲဌာန တာဝန်ခံဒေါ်အိအိမွန်က ပြောကြားသည်။

Monday, July 28, 2014

တွဲဖက် မသောက်သုံး သင့်သော ဗီတာမင်နှင့် ဆေးဝါးများ


(၁)ဗီတာမင် B12 နှင့် ကလိုရမ် ဖန်နီကောလ် (Chloramphenicol) ကလိုရမ် ဖန်နီကောလ် ဆေးက သွေးနီဥ များရဲ့ ရင့်ကျက်မှုကို အနှောင့်အယှက် ဖြစ်စေတဲ့ အတွက် သွေးအားနည်း ရောဂါကြောင့် သောက်သုံးရသော ဗီတာမင် B12 ရဲ့အာနိသင်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။

ကလိုရမ် ဖန်နီကောလ် အစား အခြား ပိုးသတ်ဆေးများကို သုံးပါ။ (၂) ဗီတာမင် A နှင့် Mineral oil Mineral oil က ခန္ဓာကိုယ်မှ ဗီတာမင် A စုပ်ယူမှုကို အနှောင့်အယှက် ပေးပါတယ်။ ဆေးဝါးများကို အချိန်ခြားပြီး သောက်သုံးပါ။

(၃)ဗီတာမင် B6 နှင့် လီဗိုဒိုပါ (Levodopa) ဗီတာမင် B6 က Levodopa ၏ဇီဝရုပ်ဖြစ် ပျက်မှုကို တိုးမြင့်စေတဲ့ အတွက် ဦးနှောက် အတွင်းမှာ ထိုဆေးဝါး ပမာဏရောက် ရှိမှု နည်းပါး သွားပါတယ်။ ထိုဆေးဝါးများကို တွဲဖက် မသောက်သုံးရပါ။

(၄) ဗီတာမင် D နှင့် အတက်ကျ ဆေးဝါးများဖြစ်သော ဖီနန်တွိုင်း (Phenytoin)၊ ဖီနိုဘာဘီတယ်လ် (Phenobarbital) အတက်ကျဆေး များက ဗီတာ မင် D ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှုကို လှုံဆော် ပါတယ်။ ရလဒ်အဖြစ် ကယ်လ်စီယမ် ပမာဏ လျော့နည်းသွားပြီး အရိုးပျော့ ရောဂါကို ဖြစ်စေနိုင်ပါတယ်။

အတက်ကျ ဆေးဝါးများ သောက်သုံးနေတဲ့ လူနာများဟာ နေရောင်ခြည်နှင့် ထိတွေ့ဖို့ လိုအပ်ပါတယ်။ ကယ်လ်စီယမ်ြွကယ်ဝတဲ့ အစားအစာ တွေကိုလည်း စားသောက်ပေးဖို့ လိုအပ် ပါတယ်။

ပိုပိုဇော်
မြ၀တီ

လူအများစိတ်ဝင်စားခံရသော်လည်း အထီးကျန်မှုခံစားနေရသူ Megan Fox


 ရုပ်ရှင်သရုပ်ဆောင်နှင့် မော်လ်ဒယ် တစ်ဦးဖြစ်သူ Megan Fox က ၎င်းသည် အမြဲတမ်းလိုလို လူအများ စိတ်ဝင်စားခံရသူတစ်ဦး ဖြစ်ခဲ့သော်လည်း အထီးကျန်သလို ခံစားရပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း အသစ်ထွက်ရှိ လာသည့် လိပ်နင်ဂျာဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်ထားသူ အသက် (၂၈)နှစ်အရွယ် မင်းသမီး Megan Fox က ''ကျောင်းနေစဉ် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူဘဝကတည်းက သူငယ်ချင်းများများမရှိခဲ့ပါဘူး၊ တစ်ခါတစ်ရံ အထီးကျန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် လူထူးလူဆန်းတစ်ယောက်လိုတောင် ခံစားရပါတယ်''ဟု ဆိုသည်။

ဟောလိဝုဒ်ရုပ်ရှင်လောက၏ ဆွဲဆောင်မှုအရှိဆုံးမင်းသမီးတစ်ဦးအဖြစ် တင်စားခံရသူ သရုပ်ဆောင် Megan Fox ပါဝင်သရုပ်ဆောင် ထားသည့် Teenage Mutant Ninja Turtles ဇာတ်ကားသစ်ကို သြဂုတ် လဆန်းပိုင်းတွင် ပါရာမောင့်ရုပ်ရှင် ထုတ်လုပ်ရေးမှ ဖြန့်ချိပြသသွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးစန္ဒာမောင်
https://www.facebook.com/TheMirrorDaily

တည်းခိုခန်းမန်နေဂျာနှင့် ဧည့်သည်တို့စကားများစဉ် မန်နေဂျာမှဓါးဖြင့်ထိုး၍ ဧည့်သည်သေဆုံးခဲ့ပြီး အလောင်းဖျောက်ဖျက်မှုအား ဖော်ထုတ်အရေးယူ


 ရန်ကုန်၊ ဇူလိုင် ၂၈

 လှိုင်မြို့နယ်နေ ဦးရန်နောင်ကျော်သည် ၎င်း၏ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၀.၇.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် နေအိမ်မှအပြင်သွားမည်ဟု ပြောဆို ထွက်သွားခဲ့ရာ ၂၂.၇.၂၀၁၄ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှ ၎င်း၏လက်ကိုင်ဖုန်းသို့ဆက်သွယ်လာပြီး ကြည့်မြင်တိုင်မြို့နယ်ရှိ စိတ်ကူးသစ် တည်းခိုခန်းသို့လာရောက်ရန်ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊ တည်းခိုခန်းရှိ အခန်းအမှတ် (၁၀၅)တွင် ညီဖြစ်သူတည်းခိုခဲ့ကြောင်းသိရှိရပြီး ၎င်းအားမတွေ့ရဘဲ ကုတင်ပေါ်ရှိ ခေါင်းအုံးနှင့် အခင်းတို့တွင် သွေးများပေကျံ နေကာ ဓါး(၁)ချောင်းနှင့် ညီဖြစ်သူ၏ဖုန်း(၁)လုံးတို့မှာ အခန်းအတွင်း၌ရှိနေ သည်ကိုတွေ့ရှိရ သဖြင့် တည်းခိုခန်းရှိ တာဝန်ရှိသူများထံမေးမြန်းရာ ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၁.၇.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန်ခန့်တွင် တည်းခိုခန်းမှ အပြင်သို့ထွက်ခွာသွားခဲ့ကြောင်း ပြောပြသိရှိရသဖြင့် ညီဖြစ်သူအား လိုက်လံ စုံစမ်းရှာဖွေခဲ့ပါသည်။

ထိုသို့စုံစမ်းရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်း၌ လူပျောက်တိုင်တန်းခဲ့ပါသည်။

၂၃.၇.၂၀၁၄ ရက်နေ့ ၁၈၂၅ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၁၀)ရပ်ကွက်ရှိ စိမ်းလန်းစိုပြေဥယျာဉ်၊ အင်းယားကန်အတွင်း၌ အမျိုးသားတစ်ဦးသေဆုံးနေသည် ကိုတွေ့ရှိခဲ့၍ မရမ်းကုန်းမြို့မရဲစခန်း၌ သေမှုသေခင်းရေးဖွင့် စစ်ဆေးဆောင်ရွက် ခဲ့ရာမှ အလောင်းတွင် ၀မ်းဗိုက်နှင့် လည်ပင်းတို့၌ ထိုးသွင်းဒဏ်ရာ များရရှိထား သည်ကိုတွေ့ရှိခဲ့ရပြီး သေဆုံးသူအမျိုးသားမှာ ကြည့်မြင်တိုင်မြို့နယ်၊ စိတ်ကူးသစ် တည်းခိုခန်းတွင် တည်းခိုနေထိုင်သွားခဲ့သူ ကိုကျော်မျိုးထွန်းဖြစ်ကြောင်း သိရှိရ ပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အစ်ကိုဖြစ်သူ ဦးရန်နောင်ကျော်မှ စုံစမ်းအရေးယူ ပေးပါရန် တိုင်တန်းခဲ့သဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်း(ပ)၅၀၃/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ ကြည့်မြင်တိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ တည်းခိုခန်း မန်နေဂျာဖြစ်သူ ဦးမောင်မောင်နှင့် ၀န်ထမ်းအချို့အား မသင်္ကာဖွယ်စိစစ်တွေ့ရှိရ သဖြင့် ၎င်းတို့အား စစ်ဆေးခဲ့ပါသည်။

စစ်ဆေးချက်များအရ သေဆုံးသူ ကိုကျော်မျိုးထွန်းသည် ၂၀.၇.၂၀၁၄ ရက်နေ့ ၂၁၂၀ အချိန်ခန့်တွင် အခင်းဖြစ်တည်းခိုခန်းသို့ရောက်ရှိတည်းခိုခဲ့သဖြင့် အခန်း အမှတ်(၁၀၅)တွင် နေရာချထားပေးခဲ့ကြောင်း၊ ၂၁.၇.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန်ခန့်က သေဆုံးသူ၏အခန်းမှ တံခါးအားထုကာ အော်ဟစ်ဆူညံနေသဖြင့် မန်နေဂျာ ဦးမောင်မောင်မှအခန်းအတွင်း ၀င်ရောက်၍ပြောဆိုတားမြစ်စဉ် စကားများပြီး အပြန်အလှန်ထိုးကြိတ်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားစဉ် ကုတင်ခြေရင်း တွင်တွေ့ရှိသည့် စတီးဓါးဖြင့် ဦးမောင်မောင်မှ ကိုကျော်မျိုးထွန်း၏၀မ်းဗိုက်နှင့် လည်ပင်းတို့အားထိုးခဲ့၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဦးမောင်မောင်ပါ(၅)ဦးတို့မှ အလောင်းအား အင်းလျားကန်အတွင်း ပစ်ချကာဖျောက်ဖျက်ခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်ပြီး အလောင်းဖျောက်ဖျက်ကြသူများကို အမှုဖြင့်ဖမ်းဆီးအရေးယူကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ယူကရိန်းမှာ MH17 လေယာဉ်ကို ပစ်ချခဲ့တာဟာ "စစ်ရာဇဝတ်မှု" မြောက် ဟု ကုလ ဆို


 အရှေ့ယူကရိန်းမှာ မလေးရှားလေယာဉ် MH17 ကို ပစ်ချခဲ့တာဟာ "စစ်ရာဇဝတ်မှု" ဖြစ်တယ် လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိချုပ် Navi Pillay က ဆိုပါတယ်။

MH17 လေယာဉ်ကို ရုရှားထောက်ခံသူ သူပုန်တွေက ပစ်ချခဲ့တယ် လို့ ယူကရိန်းအစိုးရ နဲ့ အနောက်နိုင်ငံ အစိုးရတွေက ယုံကြည်ကြပါတယ်။ လူပေါင်း ၂၉၈ ဦး သေဆုံးပြီး အများစုဟာ ဒတ်ရှ် လူမျိုးတွေ ဖြစ်ကြပါတယ်။

ရုရှားအစိုးရ နဲ့ သူပုန်တွေကတော့ လေယာဉ်ပျက်ကျတဲ့ကိစ္စအတွက် ယူကရိန်းစစ်တပ် ကို အပြစ်တင် နေကြပါတယ်။

ဒတ်ရှ် နဲ့ သြစတြေးလျ ရဲတွေကတော့ လေယာဉ်ပျက်ကျရာ နေရာကို သွားနေပြီ ဖြစ်ပါတယ်။ အဲဒီဒေသမှာ ပစ်ခတ်မှုတွေ အပြင်းအထန် ဖြစ်နေတာဟာ သူတို့တပ်ဖွဲ့တွေ ဒီထက်စောစော သွားဖို့ အတားအဆီးဖြစ်နေခဲ့ပါတယ်။ လေယာဉ်ပျက် အစအနတွေနဲ့ လူအလောင်းတွေကို နိုင်ငံတကာ ကျွမ်းကျင်သူတွေ လေ့လာစမ်းစစ်နိုင်အောင် လေယာဉ်ပျက်ကျတဲ့နေရာကို လုံခြုံအောင် လုပ်ပေးဖို့ သွားတာ ဖြစ်ပါတယ်။ ရုပ်အလောင်းတွေ အများစုကို နယ်သာလန် ကို ပြန်ပို့နေပြီ ဖြစ်ပါတယ်။

သူပုန် အင်အားစုအအတွက် အဓိက ထောက်ပံ့ရေးလမ်းကြောင်း သသွားရာ လမ်မကြီးနှစ်ခုကို ယူကရိန်းစစ်တပ်က ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။ လွန်ခဲ့တတဲ့ ၂၄ နာရီ အတွင်းက Horlivka မြို့ကို မြောက်တွေနဲ့ ပစ်နေတာကြောင့် အရပ်သားများစွာ သေဆုံးခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese?fref=nf

သဘာဝကို အပြည့်အ၀ စားသုံးရခြင်း


 နံနက် မိုးလင်းပြီ ဆိုတော့ ဘုရားရှိခိုး ပြီးသည်နှင့် လုပ်နေကျ အလုပ်တစ်ခုက အိမ်ရှင်မ ပီပီ မီးဖိုခန်းသို့ ဝင်ရခြင်း ပါပဲ။ လုပ်နေကျ အလုပ်ထက် အိမ်ရှင်မ တစ်ယောက်ရဲ့ တာဝန်ဆိုလျှင် ပိုမှန်မှာပါ။ အလုပ်တစ်ခုက လုပ်နေကျ ဆိုလျှင် ပုံမှန် ဘယ်အချိန်မှာ ဘာလုပ်မည် ဘယ်လို လုပ်မည်၊ စီစဉ်ထား၍ ရသည်။ သည် အချက်အပြုတ် ဆိုသည့် တာဝန်မှာ ပုံမှန် စီစဉ် ထားလို့မရ။ ယနေ့ ဝယ်ထားသော အသီးအနှံများ မနက်ဖြန် ကောင်းချင်မှ ကောင်းမည်။ အသီးအနှံ အဆင်ပြေလျှင် ဟင်းရွက်များ နွမ်းချင် နွမ်းနေမည်။ အခြေအနေ အရ ကြိုတင် စီစဉ်လို့မရ။ သင့်တော် သလို အိမ်ရှင်မပီပီ ဉာဏ်ကစား၍ စီမံ ချက်ပြုတ် ရသည်။

ချက်ပြုတ်ရန် အတွက် ဟင်းသီး ဟင်းရွက်များ စီမံရန် ရေခဲသေတ္တာ ကို ဖွင့်လိုက်သည် ဆိုလျှင်ပဲ စိတ်မချမ်းမြေ့ စရာနှင့် ကြုံရသည်။ မြင်ရသည့် မြင်ကွင်းက မသက်သာ။ အရင် နှစ်ရက်က ဝယ်ထားသော အသီးအနှံ များမှာ ကျုံ့နေလေပြီ။ အချို့ ဟင်းရွက်များမှာ ရိနေပြီး အချို့မှာ တစ်ခုနှင့် တစ်ခုထိကာ ပုပ်မလို ဖြစ်နေသည်။ ဝယ်ထားတာ နှစ်ရက်ပဲ ရှိသေးသည်။ ဝယ်တုန်း ကလည်း လတ်လတ် ဆတ်ဆတ်များကို ရွေးဝယ် ထားခြင်း ဖြစ်သည်။ ထားတာက လည်း အိတ်နှင့် ထည့်ကာ ဖြစ်သလို စုထည့်ထားခြင်း မဟုတ်။ သေချာ သပ်သပ်ရပ်ရပ် ရေဆေးပြီးမှ ထည့်ထားခြင်း ဖြစ်သည်။ ယခင် တစ်ပတ် ကလည်း ယခုကဲ့သို့ ဖြစ်သဖြင့် မေမေ၏ ဆူပူခြင်းကို ခံရသည်။ ရေမဆေးဘဲ ထည့်ခြင်းကြောင့် ယခုလို ဖြစ်သည်ဟု ဆိုကာ ရှေးလူကြီး ပီပီ ဆူလိုက်သည့် ဖြစ်ခြင်း။ ထို့ကြောင့် ဒီတစ်ခေါက် ရေဆေးပြီး ထည့်ဖြစ်သည်။ သို့သော်လည်း ထူးမခြားနား ပါပဲ။ သည်အတိုင်း ဆိုလျှင် မေမေတွေ့လျှင် ဘာပြောဦး မလဲ မသိပါ။

တကယ်တော့ မေမေ ကံကောင်းခဲ့ ပါသည်။ အသက် ခြောက်ဆယ် ကျော်သည်တိုင် ကျန်းမာ သန်စွမ်းလျက် ရှိသည်။ ဘာရောဂါမှ မဖြစ်ဘဲ နေနိုင်သည်။ အသားအရေ ကအစ ကောင်းမွန်သည်ဟု ပြောရမည်။ မေမေ တို့ စားသုံးခဲ့သော အစားအစာ သုံးပုံနှစ်ပုံ လောက်မှာ သဘာဝ စစ်စစ် များဖြစ်သည်။ မေမေတို့ ခေတ်ကို တွေးပြီး ကျွန်မ မနာလို ဖြစ်မိသည်။ မေမေတို့ ခေတ်မှ လူအတော် များများသည် သဘာဝ တရားမှ ရသော သဘာဝ အရသာများကို အပြည့်အဝ စားသုံးခွင့် ရကြသည်။ စားသုံးခွင့် ရသည့်အလျောက် တန်ဖိုးလည်း ထားကြသည်။ သဘာဝ ကိုလည်း ချစ်မြတ်နိုး ကြသည်။ မိမိစားဖို့ရန် အတွက် ကိုယ်တိုင် စိုက်ပျိုး ကြသည်က များပြီး အပြင်မှ အသားငါး လောက်သာ ဝယ်စား ကြသည်။ ယနေ့ ကျွန်မတို့ ခေတ်လို့ ပြောရမည့် အချိန်တွင် ကိုယ်တိုင် စိုက်ပျိုးဖို့ ဝေးစွ သူများ စိုက်ထား သည်ကို အလျင်အမြန် အပြေးအလွှား ချက်ပြုတ် စားကြ ရသည်။

ဘယ်အရာမှ ပိုးသတ်ဆေး အားတိုးဆေး များနှင့်မကင်း။ ထိုဆေးဒဏ် များကြောင့် လူများမှာလည်း ဆိုးကျိုးများ ကိုသာ ခံစားကြ ရသည်။ အသီး အရွက်၏ အာဟာရထက် ပိုးသတ်ဆေး အားတိုးဆေး များ၏ အရသာ ကိုသာ ပိုမိုခံစားကြ ရသည်။ ယခင်နေ့ ကလည်း ပဲတောင့်ရှည် ကို ကြော်စားရန် လှီးပြီးရေဆေး လိုက်သည်။ ခါတိုင်း နည်းတူ ရေကြာကြာ မစိမ် ဖြစ်တော့။ အချိန် နောက်ကျ နေသည့် အတွက် ချက်ချင်း ရေဆေးကာ ကြော်လိုက် ရသည်။ ထမင်းစားတော့ ခါးသက်သည့် အရသာမှာ ပဲသီးနှင့် အတူ ပါလာသည်။ ပဲတောင့်ရှည် ခါးတာ မကြားဖူး။ ကြော်ထား တာလည်း မတူးပါ။ မေမေ့ကို ပြကြည့်တော့ ရေအကြာကြီး မစိမ်သည့် အတွက် ဆေးဓာတ် မပြယ် သောကြောင့် ဖြစ်သည် ဆိုတာ သိရသည်။ ဆီ၊ ဆား၊ ကြက်သွန် အစုံ ထည့်ထားသော ပဲသီးကြော် တစ်ခွက် ဝက်စာပုံး ထဲသို့ ရောက်လေပြီ။ ထို ပဲသီးများကို စားသောဝက်များ ထို့နောက် ထိုဝက်သား များကို စားသော လူများ။ ဘုရားဘုရား သည်သံသရာ လည်တာ ကြီးကို မစဉ်းစားတာ ကောင်းမည်။

အဒေါ် တစ်ယောက်က ပြောဖူးသည်။ '' ဝက်တွေ ကြက်တွေ အသား တိုးအောင် ဆေးတွေနဲ့ လုပ်တော့ အဲဒီဝက်တွေ ၊ ကြက်တွေ အသားတိုး မတိုးတော့ မသိဘူး။ လူတွေကတော့ အသားတွေ တိုးလာတယ် ... '' ဟု ပြောသည်။ ဟုတ်မှာ ပါပဲဟု ကျွန်မ ဖြေမိသည်။ သဘာဝ တရားကို တန်ဖိုး မထားသော ကျွန်မတို့ကို သဘာဝ တရားရဲ့ ဒဏ်ခတ်ခြင်း ပဲလား။

လတ်လတ် ဆတ်ဆတ် ဆေးဖျန်း ထားသော အသီးကြီးကြီး များကို စားမည့်အစား သဘာဝ စစ်စစ် အရသာနှင့် အသီးသေးသေး များကိုသာ စားချင် ပါသည်ဟု ပြောလျှင် ယနေ့ တိုးတက် နေသော ခေတ် ရေစီးကြောင်း တွင် လွန်နေ မည်လား။ မည်သို့ပင်ဆိုစေ သဘဝကို အပြည့်အဝ စားသုံး ခဲ့ရသော အမေတို့ ခေတ်ကို တွေးကြည့်ရင်း တသသ ဖြစ်ရသည်မှာ တော့ အမှန်ပင် ဖြစ်သည်။ မဖြစ်နိုင်တာကို တမ်းတနေရုံ နှင့်မဖြစ်။ အိမ်သားများ အဆင်ပြေ စေရန် ဖြစ်နိုင် သေးသော အသီးအနှံ များကို ရွေးကာ ဟင်းလျာ တစ်ခွက် ချက်ရ ပေဦးမည်။

မဒါလေး
#Yadanarpondaily

http://themyawadydaily.blogspot.com/2014/07/blog-post_34.html?spref=tw

ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းတွင် လူဦးရေစာရင်း စစ်ဆေး


 ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းတွင် ထိုင်းစစ်တပ်မှု လူဦးရေ စာရင်းစစ်ဆေးမှုကို ပြီးခဲ့တဲ့ ဇူလှိုင်လ ၂၅ရက်နေ့နှင့် ၂၆ရက်နေ့ နှစ်ရက်တွင် လာရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

“ထူးထူးခြားခြားတော့ ဘာမှမရှိပါဘူး။ သူတို့လာလုပ်တာက လူဦးရေ ဘယ်လောက်ရှိလဲ ဆိုတာတွေကိုပေါ့” ဟု ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းကော်မတီ ဥက္ကဌ မိုးဘူးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

စခန်းအတွင်း နေထိုင် သူများကို စာရင်းကောက်ယူရာတွင် အိမ်နံပါတ်အလိုက် မိသားစုများကို ခေါ်ယူကာ လက်ပွေနိပ်ခြင်း ဓါတ်ပုံရိုက်ယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စခန်းကော်မတီ ဥက္ကဌက “အစည်းဝေးထဲမှာ ပြောတုန်းကနဲ့ ကွာခြားချက်နည်းနည်းရှိတာက တကယ်လို့ လူမရှိဘူးဆိုရင် ဘယ်လိုဖြစ်မယ် ဘယ်လိုလုပ်မယ်ဆိုတာကို တကယ်လို့ ဒီတစ်ယောက်က မရှိဘူးဆိုရင် ဒီလူဟာ အပြစ်ရှိတယ် ဘာတွေညာတွေပြောတယ် ဒါပေမယ့် အခု လောလောဆယ် ဘာမှမပြောသေးဘူးပေါ့နော်”ဟု ပြောသည်။

ယခုလို ထိုင်းစစ်တပ်မှ စစ်ကားများဖြင့် စခန်းအတွင်းသို့ ဝင်ရောက်စစ်ဆေးမှုအပေါ် မိမိတို့ စခန်းသူစခန်းသားများအနေဖြင့် ကြောက်စိတ် စိုးရိမ်စိတ်များနှင့် စိတ်ဆင်းရဲနေရကြောင်း နှင့် မိမိတို့အပေါ် တစုံတရာသက်ရောက်မှု ရှိလာမှာကို စိုးရိမ်မှုများရှိနေကြောင်း မဘဲမယ်က ဆိုသည်။

မဘဲမယ်က “သူတို့ကို စစတွေ့တုန်းကဆိုရင် တုန်တောင်တုန်တယ် ပြီးတော့ ဒီလိုမျိုး ပုံရိုက်ပြီး ပြန်ပို့မလားဆိုပြီးတော့ ကြောက်တာပေါ့နော်။ တစ်ချို့က တတိယနိုင်ငံပဲ ထွက်သွားရင်ကောင်းမယ် တချို့က ပြည်တွင်းပြန်ရင် ကောင်းမယ်လို့ပြောလာကြတယ် ဒီမှာ ဆက်နေရင် တစ်နေ့ကျရင် သူများကလာပြီး နှိပ်စက်မှာကို တွေးပြီး ကြောက်နေတာ။ တချို့ကြပြန်တော့လည်း ပြည်တွင်းပြန်ရင် သူများလို အလုပ်မလုပ်နိုင်တော့ဘူး တတိယနိုင်ငံ သွားချင်ပေမယ့် မသွားရဘူး ဒီမှာနေရင်လည်း တနေ့ကျရင် သူများလာနှိပ်စက်မှာကို ကြောက်တာတွေရှိတယ်” ဟု ပြောသည်။

ယခုလို ဒုက္ခသည်များအား ထိုင်းစစ်တပ်မှ လူဦးရေးစာရင်း လာရောက်ကောက်ယူမှုအပေါ် တင်းကြပ်လာသလို ခံစားရပြီး မိမိတို့ကို နောက်ထပ် ဒုက္ခသည်စခန်းတွင် နေခွင့်ပေး၊ မပေး ကို တွေးပြီး စိုးရိမ်ကြောင်းနှင့် မိမိတို့ကို နေရပ်ပြန်ပို့ရေးကိုတွေးပြီး အလွန်စိုးရိမ်မိကြောင်း မီမယ်က ပြောသည်။

စခန်း ၁ အတွင်း လူဦးရေ စာရင်းစစ်ဆေးမှုကို ၂ ရက်တာ စစ်ဆေးမှုပြုလုပ်ခဲ့ပြီးသော်လည်း ရှေ့ဆက်ပြီး မည်သို့လုပ်ဆောင်သွားဦးမည်ကို မသိရသေးကြောင်း စခန်းကော်မတီ ဥက္ကဌက ပြောသည်။

Written by စူးမယ်
Kantarawaddy Times
http://www.ktimes.org/index.php/news/990-2014-07-28-05-39-39

စက်မှုလုပ်ငန်း ၄ ပုံ ၁ ပုံ အခွန်ရှောင်


 မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်း ၄၀၀ ကျော် မှတ်ပုံတင်ထားတဲ့အထဲက ၄ ပုံ ၁ ပုံ ဖြစ်တဲ့ လုပ်ငန်း ၁၀၀ ကျော်ဟာ လုံးဝ အခွန်မဆောင်ပဲ အခွန်ရှောင်နေတဲ့အတွက် စိစစ်မှုတွေ စပြီး လုပ်နေပြီလို့ ရန်ကုန်တိုင်း ပြည်တွင်းအခွန်ဦးစီးဌာနရုံးရဲ့ တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။

လက်ရှိ ရန်ကုန်တိုင်းထဲက လှိုင်သာယာ၊ ရွှေပြည် သာ၊ မင်္ဂလာဒုံ၊ သာကေတနဲ့ တောင်ဒ ဂုံ စက်မှု ဇုန်တွေမှာတော့ စာရင်းကောက် တာတွေ စ လုပ်နေပြီလို့ ဆိုပါတယ်။

တဆက်တည်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကနေ တဆင့် လုပ်ငန်းရှင်တွေကို ခေါ်ယူမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ အခွန်ဆောင်လာစေဖို့ စည်းရုံး ပြောဆိုသွားမည်အပြင် နောက်ပိုင်းကျမှ အရေးယူမှုတွေ လုပ်သွားမယ်လို့ သူက ရှင်းပြပါတယ်။

By Webteam (ဒီဗွီဘီ)
http://burmese.dvb.no/archives/61135
လှိုင်သာယာ စက်မှုဇုန်

ပရိသတ်ပေးသည့်ဆုဖြင့် အရမ်းပျော်ရွှင်ခဲ့ရသည်ဟု ဇွန်သံစဉ်ပြောကြား



Written by မြင့်မြင့်စိုး
Image and video hosting by TinyPic
အလှမယ် ဇွန်သံစဉ်သည် Miss Universe Myanmar 2014 ပြိုင်ပွဲဆုကို ပရိသတ်များက ရရှိမည် အများက သုံးသပ်ကြသော်လည်း Miss Famous ဆုကိုသာရရှိခဲ့သည်။ ယင်းဆုကို ချီးမြင့်ရန်အတွက်ဆန်ခါတင် အဆင့်ဆင့် ရွေးချယ်ရာတွင် ကြည့်ရှုသူပရိသတ်များ အသည်းယားစဖွယ် ဖြစ်ခဲ့ရပြီးထင်ကြေးများဖြင့် လွဲချော်ခဲ့လေသည်။
” ပရိသတ်တွေ အားပေးမှု အများဆုံးရခဲ့တယ်။ ပရိသတ်တွေကလည်း ညီမနာမည်ကို အော်ပြီးတော့ကို အားပေးခဲ့တာ ပရိသတ်တွေ ပေးတာနဲ့တင် အရမ်းပျော်ခဲ့ရပါတယ်။ ပရိသတ်တွေပေးတဲ့ဆုနဲ့ အရမ်းပျော်ပါတယ်။ ” ဟု ဇွန်သံစဉ်က၎င်း၏ ခံစားမှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ဇွန်သံစဉ်သည် Miss Universe Myanmar 2014 ဆုကိုရရှိနိုင်ရန်ကြိုးစားခဲ့သော်လည်း လွဲချော်ခဲ့ရခြင်းနှင့် ပတ်သက်ပြီး ” အသက်အရွယ်အားဖြင့် ငယ်သေးတယ်။ အဲဒီအတွက်အတွေ့အကြုံကလည်း မရှိသေးတော့ ဆုလွဲချော်သွားတဲ့ အတွက် ပရိသတ်တွေကို အရမ်းအားနာမိတယ်။ ပရိသတ်တွေက အရမ်းမှန်းထားတယ်။ ဖြစ်စေချင် ကြတယ်။ ပရိသတ်တွေ ထင်ထားတဲ့ အတိုင်းမဖြစ်လာတော့ ပရိသတ်တွေအတွက် အရမ်းအားနာတယ်။ သနားမိတယ်။ ညီမကို ဆက်ပြီးအားပေးကြပါဦးလို့ အသက်အရွယ်အားဖြင့် ညီမကငယ်တယ်။ ငယ်တော့အတွေ့အကြုံတွေက နုနယ်လို့ လွဲချော်ခဲ့တယ်လို့ ထင်ပါတယ်။” ဟုပြောသည်။
Miss Universe Myanmar ပြိုင်ပွဲသည် ပြိုင်ပွဲကောင်းတစ်ခုဖြစ်ပြီး MissUniverse Myanmar Orgazination မှ သင်တန်းဆရာများကလည်း ပြိုင်ပွဲဝင်များကို သေချာစွာ လေ့ကျင့်သင်ကြားပေးခဲ့သည်ဟု ဇွန်သံစဉ်ကပြောသည်။ အဆိုပါရွေးချယ်ပွဲတွင် Miss Universe Myanmar ဆန်ခါတင်အလှမယ်၂ဝ ဦးထဲမှ အဆင့်ဆင့်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အကဲဖြတ်ဒိုင်လူကြီးများအဖြစ် မစ္စဆရီမန်၊ မစ္စတာဆာရောင်း၊ဒေါ်ကလျာပြည့်ဝေလျှံ၊ ဒေါက်တာအိသန္တာကျော်၊ အကယ်ဒမီရန်အောင်၊ မိုးဟေကိုတို့က ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
လက်ရှိတွင် ဇွန်သံစဉ်သည် ယဉ်ကျေးမှုတက္ကသိုလ်အတွက် ရိုက်ကူးသည့် ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်လျက်ရှိပြီး Miss Universe Myanmar ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အတွက် ဇာတ်ကားရိုက်ကူးမှုများကို
ရပ်နားထားခြင်း ဖြစ်ပြီး ဇူလိုင် ၂၈ ရက်မှ စတင်ကာ ဇာတ်ကားများ ပြန်လည်ရိုက်ကူးသွားမည်ဟု ဆိုသည်။
Mizzima
ှုImage: Irrawaddy

သွေးအားနည်း ရောဂါ



Image and video hosting by TinyPic
လူတိုင်း အသက်ရှူနေကြရတယ်။ ရှူသွင်း လိုက်သည့်လေထဲ က အောက်စီဂျင် ကိုသုံးပြီး သွေးကို သန့်အောင် လုပ်ပေး ဘို့ပါ။ သွေး ထဲမှာ သွေးနီဥ ရှိတယ်။ သွေးနီဥ မှာ အောက်စီဂျင် ကို အသုံးချနိုင်တဲ့ (ဟီမိုဂလိုဘင်) ဆိုတာမှာ သံဓါတ်ပါတယ်။
ဒါ့ကြောင့် သံဓါတ် နည်းတာကို သွေးအားနည်းတယ် လို့ ယေဘုယျခေါ်နိုင်တယ်။ သွေးစစ်ရင် (Hb) (ဟီမိုဂလိုဘင်) နည်းနေသည် လို့ အဖြေထွက်မယ်။ (ဟီမိုဂလိုဘင်) ဟာ ပုံမှန် အားဖြင့် ကလေးများ မှာ ၁၁ မှ ၁၂၊ အမျိုး သမီးများမှာ ၁၁ မှ ၁၂၊ နဲ့ ယောက်ျားများမှာ ၁၃ မှ ၁၄ g/dl ရှိရပါတယ်။
သွေးအားနည်းရောဂါ က တစ်မျိုး မကရှိတယ်။ ခဏတာသွေးအားနည်းခြင်း နဲ့ နာတာရှည်သွေးအား နည်းခြင်း၊ နဲနဲ ဆိုးခြင်းနဲ့ များများ ဆိုးခြင်း ဆိုပြီးရှိတယ်။
အသား အရေ ဖြူဖတ်ဖြူရော်ဖြစ်နေတာ၊ မောပန်း လွယ်တာ၊ နှလုံးခုန် မမှန်ဖြစ်တာ၊ အသက်ရှူ မဝဖြစ် တာ၊ ရင်ပတ် နာတာ၊ ခေါင်းမူး တာ၊ ခြေလက် အေးစက် တာ၊ ခေါင်းကိုက် တာ၊ ဒီ လက္ခဏာတွေ ရှိနေ ရင် သွေးအား နည်းနေပြီလို့ သိနိုင်တယ်။
အစားအစာထဲ မှာ ပါတဲ့ သံဓါတ် အပြင် အခြားဓါတ်တွေ နဲ့ ပရိုတင်းတွေကို သုံးပြီး (ရိုးတွင်းခြင်ဆီ) က သွေးနီဥ ကို ထုတ်ပေးတယ်။ ဒါ့ကြောင့် အစားအစာ ထဲမှာ ဒီ ဓါတ်တွေ နဲသူများ၊ ဒဏ်ရာ၊ ရောဂါတွေကြောင့် သွေးထွက်၊ သွေးယို၊ သွေးဆင်းသူများဟာ သွေးအားနည်းရောဂါဖြစ်နိုင် ပါတယ်။
လစဉ် ရာသီသွေး ဆင်းနေရတာကို က သွေးအားနည်းစေတယ်။ နောက်ပြီး ကိုယ်ဝန် ရှိရင်၊ မစားနိုင်လို့-မစားတတ် လို့ အာဟာရ နဲသူတွေ၊ အစားအစာ ရွေးလွန်း သူ၊ အရက် ကြာကြာသောက်သူတွေ၊ Celiac Disease နဲ့ Crohn’s Syndrome ဆိုတဲ့ အူရောဂါတွေ ရှိရင်၊ အူကို အရှည်ကြီး ဖြတ်ပြစ်ရသူ၊ နာတာ ရှည် ကျောက်ကပ်၊ အသဲ၊ ကင်ဆာရောဂါတွေရှိရင်၊ ဓါတု အဆိပ်မိ သူတွေဟာ သွေးအားနည်းရော ဂါ ဖြစ်စေနိုင်တယ်။
အေအိုင်ဒီအက်စ်၊ (ရူမတွိုက်) အဆစ်နာရောဂါတွေ ကြောင့်လည်း သွေးအား နည်းနိုင်ပါသေးတယ်။
အများဆုံး ကတော့ သံဓါတ်နဲ သွေးအားနည်းရောဂါဖြစ်တယ်။ Iron deficiency anemia ဖြစ်ရင် သံဓါတ် ပါတဲ့ အစား အစာတွေ ရွေးစား ရပါမယ်။
အစား အမျိုးအစားတွေ ကို ချင့်ချိန်နိုင်အောင် သံဓါတ် ပါတဲ့ ကိန်းဂဏန်းတွေနဲ့ တွဲမှတ်နိုင်ပါတယ်။ အသဲ (၇ဝ)၊ ပဲပုတ် (၅ဝ)၊ တခြားပဲ (၂ဝ-၂၅)၊ တိုဖူး (၂ဝ)၊ ဟင်းနုနွယ် (၂ဝ)၊ အမဲသား (၁ဝ-၂ဝ)၊ ကြက်အသား (၆)၊ ပေါင်မုံ့ (၆)၊ ဝက်သား (၄)။
သွေးအားကောင်း ဘို့ စားဆေး၊ သောက်ဆေး၊ ထိုးဆေးတွေ အလွယ် တကူ ဝယ်ရပါတယ်။ ပုံမှန်သွေး အားနည်းနေ တဲ့ အမျိုးသမီး တယောက် ကို သံဓါတ်ပါ စားဆေး (၃) လကြာ ပေးသင့်တယ်။ အချိန်ကာလ ကြာကြာပေးရ-သောက်ရမှာ မို့ ဈေးချိုတာရှာဝယ်ပါ။
သွေးအား ကောင်းစေတဲ့ဆေးတွေ ကို ဆေး ကုမ္ပဏီတွေက အမျိုးမျိုး ထုတ်တယ်။ Iron တမျိုးထဲ၊ Iron နဲ့ Folic acid တွဲ၊ Vitamin B, C ပါ ရောထားတာလဲ ရှိတယ်။ (အရင်က ဗမာပြည် မှာ ဖြူရာမင် ဘီစီ)။ Ferrous fumarate ဟာ Ferrous sulphate, Ferrous gluconate တို့ထက် သာတယ်။
သံဓါတ်ဆိုတော့ သံချေးနံ့ ရလို တချို့က မကြိုက်ဘူး။ အပေါ်က သကြား အုပ်ဆေးထုတ်တယ်။ ဆေး မမြို တတ် သူတွေ အတွက် ဆေး အရည်ထုတ်တယ်။ တချို့ကြ သံဓါတ် က ဝမ်းချုပ်တတ် လို့ ဝမ်းလွယ်အောင် အစား အစာကို သေခြာ ရွေးစားသင့်တယ်။
သင်္ဘောသီး၊ မန်ကျီးမှည့် ဖျော်ရည်၊ ကန်ဇွန်းရွက်၊ မြန်မာ ဘယဆေးများ ကလည်း အသုံးဝင်လှပါတယ်။
သံဓါတ် ထိုးဆေးဆိုတာ Imferon Iron Dextran Injection ညိုမဲမဲ ခပ်ပြစ်ပြစ်ဖြစ်တယ်။ ဆေးထိုးရင် ဂရုစိုက် ထိုးပေးရတယ်။ လူနာကို အိပ်လျက်နေစေပြီး၊ တင်ပါး အသား ထူထူနေရာ မှာ ခပ်နက်နက် ၄၅ ဒီဂရီစောင်းထိုးပြီး ဆေးထိုး အပ်ကို လမ်းကြောင်းပြောင်း နုတ်ယူရတယ်။
ဆေးထိုးအပ်က သိပ် မကျဉ်းရ-မတို ရဘူး။ ဆေးထိုးပြီး မချေ ရဘူး။ အမဲ ကွက်ဖြစ်နေမှာ စိုးလို့။ Drip ပုလင်းထဲ ဆေးထည့် သွင်း တာလဲ လုပ်နိုင်တယ်။ ဆေးမထိုးခင် ဆေးတည့်-မတည့် လဲ စမ်းရပါမယ်။ တချို့က မတည့်ဘူး။
သံဓါတ် အပြင် (ဖေါလစ်အက်စစ်) Folic acid ခေါ် Folate ခေါ် Vitamin B 9 နဲတဲ့ သွေးအားနည်းရောဂါ ဆိုတာ ရှိတယ်။ သာမန် အချိန်မှာ 400 mcg နို့ တိုက်နေရင် 500 mcg ကိုယ်ဝန် ရှိရင် 600 mcg နေ့စဉ် လိုအပ်ပါတယ်။
Folic acid ပါတဲ့ အစား အစာတွေ ကတော့ ပဲ အမျိုးမျိုး၊ လိမ်မော်သီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ ပဲနို့၊ ဟင်းနုနွယ်၊ မုံညင်း၊ မုံလာအမျိုးမျိုး၊ အာလူး၊ ကြက်သွန် နီပင်စတဲ့ အသီး အရွက်စိမ်းများ၊ အစေ့ အဆံများ၊ နေကြာစေ့၊ မြေပဲ၊ အသဲ-အမြစ်၊ နံနက်စာ အဖြစ် စားလေ့ရှိတဲ့ ကောက်နှံ-ပြောင်း-ပြောင်းဖူးထွက် အစာများ၊ ပေါင်မုံ့၊ ဂျုံမှုံ့၊ ခေါက်ဆွဲ၊ ဆန်တွေဖြစ် တယ်။
Folic acid ဟာ Spina bifida နဲ့ Anencephaly ခေါ် မွေးရာ ပါ ဦးနှောက်-အာရုံကြောရောဂါတွေ ကို ကာကွယ်နိုင် ပါသေးတယ်။
နောက် တမျိုးက ဗီတာမင် ဘီ-၁၂ နဲတဲ့သွေးအားနဲရောဂါ ပါ။ တနေ့ ကို 7 mcg လိုအပ် ပါတယ်။ နဲနေရင် Injection Vitamin 12 ထိုးပေးရမယ်။ များသော အားဖြင့် ထိုးဆေးက ပန်းရောင် ဖြစ်တယ်။ ရာသက်ပန် ထိုးပေးရမှာ လဲရှိတယ်။ B-12 ဟာ သွေး အတွက် သာမက အာရုံကြော အတွက်လည်း အသုံးဝင်တယ်။
ဗီတာမင် ဘီ ၁၂ များ တဲ့ အစားအစာတွေ ကတော့ ခရု၊ အသဲ၊ ကောက်နှံများ (မနက်စာ အဖြစ်စားတဲ့ အစာတွေ)၊ ငါး၊ အမဲသား၊ (ရောဂတ်) ဒိန်ချဉ်၊ နွားနို့၊ ဥ၊ ကြက်သားတို့ ဖြစ်တယ်။
ဆရာဝန်ပေါက်စတွေ ကို ဝါရင့်တွေ က သင်ပေး သလို လူနာတွေ က ဆရာဝန်ကို သင်ပေးတာလဲ ရှိတယ် ။ ဆေးထိုးတဲ့ အခါ ဗီတာမင် ဘီ အုပ်စုကို ထိုးရင် နာတယ်။ ဘီ ၁၂ ကို ထိုးရင် မနာဘူး။
တချို့လူနာ က ဆေး ထိုးတာ မနာ မှ ဒီ ဆရာဝန် လက်ကောင်းတယ် လို့ သတ်မှတ်သလို၊ တချို့ကြ ဆေး က နာလဲ မနာဘူး၊ စွမ်းပုံမရဘူးလို့ ပြောသူလဲရှိတယ်။ ဒါ့ကြောင့် (ဂျီပီ)ကောင်းချင် ရင် လူနာ့ အထာ သိဘို့လိုတယ်။
လူတယောက် မှာ အစဉ် အမြဲ သွေးနီဥ စုစုပေါင်း ၂့၅ ထွီလီယန် ရှိနေတယ်။ စက္ကန့်တိုင်း သွေးနီဥ အသစ်ပေါင်း ၁့၅ မီလီယန် ကို ရိုးတွင်းခြင်ဆီ က ထုတ်ပေးနေပါတယ်။
Bone marrow (ရိုးတွင်းခြင်ဆီ) မကောင်းသူတွေမှာ Aplastic anemia နဲ့ ကင်ဆာနှင့် တူတဲ့ Leukemia (လူကီးမီးယား) သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ Aplastic anemia ဆိုရင် သွေးသွင်းပေးရတယ်။ bone marrow transplant ခေါ် ရိုးတွင်းခြင်ဆီ အစားထိုးပေးရတယ်။
ဆိုးဝါးတဲ့ သွေးအားနည်းရောဂါတွေဖြစ် လို့ ဝတ္ထုတွေ၊ ရုပ်ရှင်တွေ မှာ ဇာတ်လိုက်ကို ဒီရောဂါရှိတယ် လုပ်ပြီး သေ ခိုင်းတတ်တယ် မဟုတ်လား။
အချို့ဆေးဝါးတွေကြောင့်ဖြစ် ရတဲ့ Hemolytic anemia ဆိုရင် ပေးနေ တဲ့ဆေးဝါးတွေ ကို ဆန်းစစ်ပြီး ရပ်သင့် ရင် ရပ်ပစ်ရမယ်။ (စတီရွိုက်) ဆေး လိုချင်လိုပါမယ်။ Spleen (ဘေလုံး) ထုတ်ချင် ထုတ်ပေး ရမယ်။
Autoimmune disorders ခေါ် ကိုယ့်ကိုယ် ကို ပျက်စီးစေတဲ့ ခံနိုင်ရည် စနစ်ကြောင့် ဖြစ်ရတာ ဆိုရင် Immune-suppressing medications ဆေးတွေ ပေးရတယ်။
Sickle cell anemia, Thalassemia, Diamond Blackfan anemia, Fanconi anemia တို့ကတော့ မျိုးလိုက် ရိုးလိုက် ဖြစ်တယ်။ Sickle cell anemia လူနာ အတွက် အောက်စီဂျင်ပေးဘို့ လိုနိုင်တယ်။
အိပ်ပေါက် နဲ့ ဖါးကောက်သလို မဖြစ်အောင် သွေးအားနည်း တာဟာ သွေးဆင်း-သွေးထွက် များနေ လို့ဖြစ်ရင် အကြောင်းရင်း ကိုလည်း ကုသပေးရပါမယ်။
လိပ်ခေါင်း ကသွေးယို တာ၊ ရာသီဆင်း များတာ၊ သွားဖုံး-နှာခေါင်းက သွေးယို တာတွေပြောတာပါ။ အစာလမ်း ကနေ မသိမသာ သွေးယိုဖန် များပြီး၊ ရက်တွေ၊ လတွေကြာ မှ သွေးအား အလွန် နည်းနေ တာမျိုး ဖြစ်တတ်တယ်။ ဝမ်းသွားတဲ့ အထဲပါတဲ့ သွေးကို မျက်စိနဲ့ မမြင်နိုင် လို့ ဝမ်းစစ်မှ တွေ့နိုင်တယ်။ ငှက်ဖျားကြောင့် သွေးအားနည်း သူတွေ မနဲမနောရှိတယ်။
သွေးအားနည်းရောဂါကြောင့် နောက်ဆက် တွဲရောဂါတွေ ဖြစ်လာနိုင်တယ်။ အားအင် ကုန်ခမ်း မောပမ်း လွယ်မယ်၊ နှလုံးက ပိုပြီး ခုန်ရ လို့ Arrhythmia နှလုံးခုန် မမှန်ရောဂါ ဖြစ်လာနိုင်တယ်။ congestive heart failure နှလုံး အရွယ်ကြီး လာနိုင်တယ်။ သွေးဖိအား ကျပြီး အသက်ဆုံးသွားနိုင်တယ်။
Anemia သွေးအားနဲ တာနဲ့ Blood Pressure (ပရက်ရှာ) နဲတာ မတူတာ ကို ခွဲသိထားစေချင်တယ်။ ခု ချက်ချင်းကြီး သွေးယို-သွေးဆင်း သူကို သွေးဖိ အားခေါ်တဲ့ (ပရက်ရှာ) တိုင်းရင်တော့ နဲနေတာ ကို တွေ့ ရမယ်။ ရက်ကြာကြာ သွေးအား နဲနေသူကို (ပရက်ရှာ) တိုင်းရင် ပုံမှန်ဖြစ်နေမယ်။
ဒါ့ကြောင့် BP ကောင်းပေမဲ့ သွေးအားနဲနေနိုင်တယ်။ ဘာ့လို့လဲ ဆိုတော့ သွေးဖိအား ဆိုတာ သွေးထု ထည် နဲ့ ဆိုင်တာ။ လူတိုင်း သွေး ထုတည် ၅ လီတာ အမြဲရှိနေတာ။ ရက်ရှည် သွေးအားနဲ သူတွေလဲ ၅ လီတာပေမဲ့ သွေးက ကျဲနေလို့ ရေရောထား တဲ့ဆေးတို့၊ အရက်တို့ လို အာနိသင်နဲနေရတယ်။
ဒါ့ကြောင့် ကာလရှည်ကြာ သွေးအားနဲနေသူ ကို သွေး မသွင်းဘဲ၊ တခြား D5, NS, DNS, RL သွင်းဆေးတွေ သွင်းပေး တာ အကြောင်း မထူးဘူး။ ဆီးပိုသွားတာဘဲ ရှိမယ်။
Blood Transfusion သွေးသွင်း ကုသခြင်းဟာ အရေးပေါ်နဲ့ ဆိုးဝါး တဲ့ သွေးအားနည်းရောဂါတွေ အတွက် အသက်ကို ကယ်နိုင်တယ်။ သွေးနီဥ ဆိုတာ ရက် ၉ဝ-၁၂ဝ သာ အသက်ရှည်ပြီး အသစ် ထပ်ထပ် ဖြစ်နေ ကြ တာ။ ဒါ့ကြောင့် သွေးလှူရှင် တဦးဟာ ရက် ၁၂ဝ ဒါမှ မဟုတ် ၄ လတခါ (သွေးလှူဘဏ်က လက်ခံ ရင်) စိတ်ချ လက်ချ လှူနိုင်ပါတယ်။
သွေးအားနည်းရောဂါ ကို ပညာတော့ ပေးနိုင် ပါရဲ့၊ (ရဖြူဂျီ) လူနာတွေက အာဟာရလဲ စုံအောင် မစားနိုင် ၊ ဆေးလဲ အပြင်က မဝယ်နိုင်ကြပါ။ ဆေးခန်း ကနေလဲ တခါ လာမှ ၂ ရက်စာ ကနေ ၅ ရက် စာထက် ပို မပေးနိုင်ပါ။ စားနိုင်-သောက်နိုင်-ဝယ်နိုင်တဲ့ ဘဝကို မြန်မြန်ကြီး ရောက်ကြပါစေ။
Dr Tint Swe
From… LY’s HealthCare Collection

အပျိုစင်လေးများ အတွက် သိကောင်းစရာ (အပျိုစင် မိန်းကလေးများသာ ဖတ်ရန်)



ယခင်တစ်ပတ်က အလုပ်များနေသောကျမ မိတ်ဆွေငယ်လေးများဆီသို့ သွားရန်ပျက်ကွက်ခဲ့သည်။ ယနေ့တော့စောစောရောက်အောင် သွားမည်ဆိုပါမှ သူငယ်ချင်းတစ်ယောက် ရောက်နေသောကြောင့် ကျမချက်ချင်း မထွက်ဖြစ်ပြန်၍ အနည်းငယ်နောက်ကျ နေပြန်သည်။ ကျမ၏ မိတ်ဆွေများ တံခါးပေါက်တွင် ထွက်လိုက်ဝင်လိုက် လုပ်နေမလား၊ တစ်ခုခုဖြင့် သူတို့တစ်တွေစုပြီး စကားပြောနေကြမလား၊ ဒါမှမဟုတ်မည်သည့်နည်းဖြင့် ကျမကို စောင့်မျှော်နေမလဲဟု တွေးရင်း ကျမကားဂိတ်မှ မိတ်ဆွေကလေးများဆီသို့ အတွေးများနှင့်အတူ ခပ်သွက်သွက်လျှောက်လာလိုက်သည်။
Image and video hosting by TinyPic
‘ဟေး…ဒေါ်လေးမာန်ရောကလာတယ်။ ဟေ့…ဟေ့…ဒေါ်လေးမာန်ရောက်လာပြီ’ ဟုအော်ဟစ်ရင်း ကျမဆီသို့ ကမန်းကတန်းပြေးလာသော မိတ်ဆွေငယ်များကို ကျမြုပုံး၍ နှုတ်ဆက်လိုက်သည်။ ‘ဒေါ်လေး ..ခြင်းပေး’ ဟု ဆို၍ ကျမလက်ထဲမှ စာအုပ်အနည်းငယ်ပါသော ဈေးခြင်းတောင်းကို လှမ်းယူသည်။ ‘ကျေးဇူးပါပဲ သမီးရယ်’ ဟုနှုတ်ဆက်ရင်း အသိအမှတ်ပြုလိုက်သည်။ ‘ဒေါ်လေးမာန်…သမီးတို့က ဒီနေ့လည်း ဒေါ်လေးမာန်မလာတော့ဘူး ထင်နေတာ။ ဒေါ်လေးမာန်က အချိန်အမြဲတမ်းတိကျတတ်တော့ သမီးတို့က လောင်းကြေး၊ စားကြေးငြင်းနေတာ၊ ဒေါ်လေးမာန်လာမလာကိုပေါ့။’
‘ဟောတော့၊ ပြောပါဦး…ဘယ်လိုလောင်းစားကြေးတွေနဲ့များ လောင်းနေကြသလဲ။’ ‘ငါပြောမယ်…ငါပြောမယ်’ ဟု တစ်ယောက်ကဆို၍ ‘ဒီနေ့ဒေါ်လေးမာန်ရောက်လာရင် ပြောမဲ့အကြောင်းအရာကို အနိုင်ရတဲ့သူတွေက မေးခွန်းမမေးကြေး၊ စကားမများကြေးလို့ လောင်းထားတာလေ။’
‘ဟင်း…ဟင်း…ဟင်း’ ကျမအသံအနည်းငယ်ထွက်လိုက်ပြီး လူငယ်တစ်စုကို ကြည့်ပြီး ပြုံးလိုက်သည်။ အော် တစ်ချိန်တုန်းက ကျမတို့ ငယ်စဉ်ကျင့်သုံးမှုလေးများက ယခုချိန်ထိ ရှင်သန်နေဆဲပါလားဟုသာ တွေးလိုက် သည်။ စကားတပြောပြောနှင့် အိမ်ထဲသို့ ဝင်လာတော့ အားလုံးဝမ်းသာအားရနှင့် နှုတ်ဆက်၍ ရေအေးအေးလေးတစ်ခွက် ကောင်မလေး တစ်ယောက်လာပေးသည်။ ကျမရင်ထဲ အေးခနဲ စီးဝင်သွားပြီး ရင်ထဲ ကြည်နူးသွားသည်။ အနည်းငယ်ပူနေသော ပြင်ပပူလောင်မှုများ ယခုတော့လည်း အမောပြေစေသော လူငယ်စုလေးများကြောင့် လန်းဆန်းသွားတော့သည်။
အားလုံးမှာ နေရာယူကြပြီး ကျမပြောမည့် အကြောင်းအရာကို စိတ်ဝင်တစားနားထောင်ရန် အဆင်သင့်ဖြစ်နေသော သူမတို့အားလုံးကို ကြည့်၍ ကျမြုပုံးပြပြီး စကားစဖြစ်လိုက်သည်။
‘သမီးတို့အားလုံးကို ဒီနေ့ဆွေးနွေးပေးမဲ့ အကြောင်းအရာက ဝါဝါသွင်ဆိုတဲ့ ကလေးမလေး ပြီးခဲ့တဲ့အပတ်က ဒေါ်လေးမာန်ဆီကို ရောက်လာပြီး ပြောပြပေးဖို့ ပြေထားတဲ့ အကြောင်းအရပေါ့ကွယ်’ ဟုဆိုလိုက်တော့ အားလုံးဝါဝါသွင်အား ကြည့်လိုက်ပြီး ဘာသွားပြောတာလဲဟု တိုးတိုးကျိတ်ကျိတ် မေးနေသလို၊ တချို့ကလည်း မျက်စပစ်ပြနေကြသည်။ ဝါဝါသွင်ကတော့ ခပ်တည်တည်ဖြင့် နားထောင်ပေါ့ဆိုသည့် သဘောမျိုးဖြင့် မျက်နှာပေးဖြင့်ထိုင်နေတော့သည်။
‘သူမေးထားတာကတော့ အမျိုးသမီးတွေ လိင်အင်္ဂါမှာ ယားယံတဲ့ကိစ္စပဲကွယ့်’ အဖြေပေးလိုက်တော့ ‘ဟင်း…’ ဆိုတဲ့တချို့သူများမှ အသံထွက်လာသကဲ့သို့ တချို့သောသူများက ပြုံးစိစိဖြင့် သူမကို နောက်ချင်နေပုံ ရသည်။ ကျမစကားဆက်လိုက်သည်။ ‘ဟုတ်တယ် တကယ်တမ်းကျတော့ ယားယံတယ်ဆိုတာက ဘာမှမဟုတ်သလိုလိုနဲ့ လူတွေကို အတော်လေး ဒုက္ခပေးတဲ့ အနေအထားပဲပေါ့။ ယားရင်မကုတ်ဘဲ နေနိုင်တဲ့ လူဘယ်နှစ်ယောက်ရှိလဲ။’ ကျမမေးလိုက်တော့ အားလုံးက ခပ်တိုးတိုးရယ်မောရင်း ‘ဟင့်အင်း မရှိပါဘူး မရှိလောက်ပါဘူး’ ဟုဆိုသည်။ ‘အဟင်းဟင်း….ဒါပေမဲ့ အမျိုးသမီးလိင်အင်္ဂါမှာ ယားတာကတော့ ညစ်ပတ်လို့ပဲ ဖြစ်ရမယ်’။ တစ်ယောက်က စပ်ဖြဲဖြဲနဲ့ပြောလိုက်တော့ အားလုံးက ဝါးကနဲပွဲကျသွားတော့သည်။
‘အင်း တကယ်တော့ ဘယ်လိုအကြောင်းတွေကြောင့် ယားတတ်သလဲဆိုတာတော့ ပြောရခက်တာပေါ့။ အခြေအနေ အမျိုးမျိုးဖြစ်နိုင်တယ်။ လိင်အင်္ဂါမှာ ယားတာမျိုးကတော့ အမျိုးသမီးတွေရော အမျိုးသားတွေပါ ဖြစ်တတ်ကြတယ်။ ဘာအကြောင်းမှမရှိဘဲ သူ့ဘာသာသူယားတာမျိုးလည်း ရှိတယ်။ သဘောကတော့ မယ်မယ်ရရအကြောင်းရှာမရဘဲ မိန်းမကိုယ်ယောင်ပြီးယားတာမျိုးပေါ့။ ဗာဘာ (Vulva) ဆိုတဲ့ မိန်းမကိုယ်နှုတ်ခမ်းမှာ အဓိကယားတတ်တယ်။ အမျိုးသားတွေက ကပ်ပယ်အိတ်မှာ ယားတတ်သလိုမျိုးပေါ့။ အမျိုးသမီးတွေယားတာကိုတော့ Pruritus Vulvae လို့ခေါ်တယ်တဲ့’။
‘ဒေါ်လေးမာန်…သမီးကြားဖူးတာကတော့ မှိုရောဂါတစ်မျိုးကြောင့် ဖြစ်တာလို့ကြားဖူးတယ်’ ဟုအနည်းငယ် ဗဟုသုတစုံလင်ပုံရသော သူငယ်မတစ်ယောက်ကပြောတော့။ ‘အင်း ဟုတ်တယ်။ ကန်ဒီတာ မှိုပိုးကြောင့်လည်း ယားနိုင်တယ်။ အဲဒီမှိုပိုးက အမျိုးသမီးတစ်ရာမှာ အယောက် ၂၀ လောက်ဖြစ်နိုင်တယ်။ မိန်းမကိုယ်မှာ သူ့အလိုလို ဘာအန္တာရာယ်မှ မပေးသေးဘဲ ရှိနေတတ်တယ်တဲ့။ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးလေးယောက်မှာ သုံးယောက်က သူတို့ဘဝတလျှောက်မှာ အနညးဆုံးတစ်ကြိမ်တော့ ကန်ဒီဒါမှိုစွဲတဲ့ ပြဿနာကြုံရနိုင်တယ်လို့ သိရတယ်။ လေ့လာဆန်းစစ်မှုအရ အမျိုးသမီးတွေ မိန်းမကိုယ်ယားရခြင်း အကြောင်းထဲမှာ ၁၀ ရာလိုင်နှုန်းက နာတာရှည် ကန်ဒီဒါမှိုစွဲတာကြောင့်ဘဲတဲ့’။
‘ကန်ဒီမှိုပိုးတွေက ကူးတတ်သလား လေဒေါ်လေးမာန်’။ ‘အင်း….ကိုယ်ဝန်ဆောင်တဲ့အခါ ပဋိဒေဝဆေးတွေ ရေရှည်သောက်ရတဲ့အခါတွင်အပြင် ဆီးချိုရှိတဲ့ အခါမျိုးမှာလည်း ဒီမှိုပိုးတွေ အလွယ်တကူ ပွားများနိုင် ပါတယ်။’ ‘နောက်တစ်ချက်ကတော့ Lichen လို့ခေါ်တဲ့အရေပြားရောဂါ တစ်ခုကြောင့်လည်း ယားတတ်တယ်။ မိန်းမကိုယ်တစ်ဝိုက်မှာ ဖြူတူတူနဲ့ အမ်းအမ်းအကွက်ပေါ်လာတာမျိုး၊ ဒီရောဂါဖြစ်ရင် ယားလည်းယား၊ နာလည်းနာပေါ့။ အမြင်အားဖြင့် ခရုသင်းနဲ့တောင်မှားချင်စရာပါ။’
‘ဒေါ်လေးမာန်တစ်ခါပြောပြတုန်းက အဖြူဆင်းတာကြောင့်လည်း ယားတတ်တယ်လို့ ပြောထားဖူးတယ်နော်။ အဲဒါရော ဒီရောဂါမျိုးနဲ့ အတူတူပဲလား ဒေါ်လေးမာန်’။ ‘ဩော်…သမီးက မှတ်မိသားပဲ။ ဟုတ်တယ် အဖြူဆင်းတာတို့ မိန်းမကိုယ်မှာ ရဲယောင်နေတတ်တာတို့၊ ပူစပ်ပူလောင်ဖြစ်နေတတ်တာတို့လည်း ပါတယ်။ ဆီးသွားတဲ့အခါလည်း ပူသလိုလို ကျင်သလိုလို အနေရခက်တဲ့အပြင် လိင်ဆက်ဆံတဲ့အခါမှာလည်း နာတတ်တယ်’။
‘အင်း…Trichinous Virginals ဆိုတဲ့ ပိုးတစ်မျိုးကြောင့်လည်း မိန်းမကိုယ်မှာ ယားယံနိုင်တယ်တဲ့၊ စိမ်းဝါဝါအရည်တွေ ဆင်းတတ်ပြီး အနံ့လည်းဆိုးတယ်။ အလွယ်တကူရနိုင်တဲ့ မက်ထရိုနီတာဇိုး (MetronidaZole) ဆေးသောက်လိုက်ရင်တော့ သိသိသာသာသက်သာနိုင်တဲ့ ရောဂါတစ်မျိုးလို့ ဒေါ်လေးမာန်မှတ်သားဖူးတယ်။ ဒါကြောင့်လူတွေက ယားပြီဆိုရင် မက်ထရိုနီတာဇိုးကို ဝယ်သောက်လိုက် ပျောက်တယ်လို့ အလွယ်တကူပြောကြတာတွေ ကြားဖူးမှာပေါ့’။
‘ဟုတ်တယ်နော်..သမီးကြားဖူးတယ်’ ဟု တစ်ယောက်ကပြောတော့ အားလုံးထောက်ခံသလို ခေါင်းညိတ်လိုက်ကြသည်။
‘နောက်တစ်ခုက ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လိုင်ကင်ပလေနပ်ဆိုတဲ့ အရေပြားယားနာရယ်၊ ဆိုရီယားစစ်ဆိုတဲ့ အရေပြားရောဂါတစ်မျိုးရယ်ဟာ ရှားရှားပါးပါး လိင်အင်္ဂါလိုနေရာမျိုးတွေမှာ ဒုက္ခပေး တတ်တယ်တဲ့။ အဲဒီရောဂါမျိုးဟာ လိင်အင်္ဂါမှာဖြစ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ တစ်ခြားတစ်နေရာမှာ ဖြစ်တာနဲ့မတူလို့ ဆရာဝန်တွေ မျက်စိလည်တယ်လို့တောင် ဆရာဝန်တွေကြား ပြောသံ ဒေါ်လေးမာန်ကြားခဲ့ဖူးတယ်’။
‘ဟိုလေ…သမီးသူများတွေ ပြောတာကြားဖူးတာကတော့ ယားတယ်ဆိုတာ ဓာတ်မတည့်လို့ ယားတာတဲ့။ အဲဒါကရော ဘာကိုဆိုလိုတာလဲဟင် ဒေါ်လေးမာန်’။ ‘ဟုတ်တယ်။ အဲဒါမျိုးက အမျိုးသားတွေထက် အမျိုး သမီးတွေမှာ ပိုပြီးကြုံတွေ့ရတတ်တယ်။ ဘာလို့လည်းဆိုရင် Sanitary Pad ဆိုတဲ့ လစဉ်သုံးပစ္စည်းတွေ၊ သန့်ရှင်းရေးလုပ်တဲ့ သန့်စင်ဆေးရည်တွေ၊ ပဋိသန္ဓေတားတဲ့ ပစ္စည်းတွေကြောင့်လည်း အခန့်မသင့်ရင် ယားတတ်တယ်။ နောက်ဆုံးအမျိုးသားတွေသုံးတဲ့ ကွန်ဒုံးတွေနဲ့ မတည့်ရင်လည်း ယားနိုင်တာပါဘဲ’။
‘ဘာဆေးတွေလိမ်းရင် ပျောက်နိုင်တာလဲ ဒေါ်လေးမာန်ရှင့်’။
‘ဩော်…ဆေးအညွန်းကတော့ ဆရာဝန်တွေနဲ့ သေချာပြပြီးမှ ရနိုင်မှာလေ။ ဒေါ်လေးမာန်က ဆရာဝန်မဟုတ်ဘူးလေကွယ်။ ဒီလိုပဲ တစ်ခြားလူတွေက ယားဖူးလို့ ဘယ်ဆေးနဲ့ပျောက်တယ်၊ ဘယ်လိုလိမ်းလိုက်ပါဆို ညွန်ကြားရင် မလုပ်သင့်ဘူးလို့ ဒေါ်လေးမာန်ခုနက ပြောတယ်မဟုတ်လား။ လိင်အင်္ဂါတွေဟာ အရှက်ကြောင့် ဖုန်းကွယ်ထားပေမဲ့ ကျန်းမာရေးဖြစ်နေတော့ ဆရာဝန်တွေကိုတော့ ပြောပြရလိမ့်မယ်။ ဆရာ ဝန်တွေတောင် ဘယ်လိုအရေပြားရောဂါမျိုးဖြစ်တယ်ဆိုတာ သေချာစမ်းသပ်ပြီးမှ ဆေးပေးလို့ရတာလေ။ ယားလို့ပေးတဲ့ဆေးရယ်လို့ တစ်မျိုးတည်း မရှိဘူးသမီးတို့ရေ။ ဒါကြောင့် ဒေါ်လေးမာန် မှာချင်တာကတော့ ကျန်းမာရေးနဲ့ ပတ်သက်ရင် ကျန်းမာရေးလုပ်သားတွေ ညွန်ကြားချက်အတိုင်းဘဲလုပ်တာ ကောင်းတယ် ဆိုတာကို ပြောပြချင်တယ်။
ဒေါ်လေးမာန်တို့တစ်တွေက မိန်းကလေးဖြစ်နေတော့ ဒီလိုလိင်အင်္ဂါတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ယားယံလာရင် သားဖွားမီးယပ်ဆရာဝန်တွေနဲ့ ပြသရင် ပိုကောင်းမယ်လို့ အကြံပြုချင်တယ် သမီးတို့ရေ…။’ ‘ဟုတ်ကဲ့ပါ ဒေါ်လေးမာန်’ ဟုအားလုံး တစ်ညီတစ်ညွတ်တည်း ပြောလိုက်ကြသည်။
MMDailyStar

အပျိုစစ်စစ် အပျိုရည် ရောင်းရန်ရှိသည်



ခမာဘာသာစကားနဲ့ ရေးထားတဲ့ သူ့ဆိုင်နာမည်ကို ဘာသာပြန်လိုက်ရင် “ရွေ့လျားလက်သည်းအလှပြင် ဆိုင်”လို့ ဆိုနိုင်ပါလိမ့်မယ်။ အသက် ၄၂ နှစ်ရှိနေပြီဖြစ်တဲ့ ဗန်းနစ်အိုင်းဟာ ဒီဆိုင်ရဲ့ ပိုင်ရှင်ပါပဲ။ သူ့ဆိုင်က သိပ်ကြီးကြီးမားမားမဟုတ်။ စက်ဘီးတစ်စီးနောက်မှာ လက်သည်းအလှပြင် ပစ္စည်းတွေနဲ့၊ အသားလှ ဆီဘူးတွေထည့်ထားတဲ့ အိတ်တစ်လုံး၊ ဒါပါပဲ။ ဖနွမ်းပင်မြို့ရဲ့ လမ်းကြိုလမ်းကြားနဲ့ မြစ်ကမ်းဘေးက ရပ် ကွက်တွေထဲ စက်ဘီးနဲ့လျှောက်ပတ်ပြီး လက်သည်းအလှပြင်မယ့် ဖောက်သည်ရှာရတာပါ။
Image and video hosting by TinyPic
လွန်ခဲ့တဲ့သုံးနှစ် ဗန်းနစ်အိုင်း ရွာကတက်လာတုန်းက ဖနွမ်းပင်မြို့ပေါ်မှာ ဆံပင်နဲ့ မိတ်ကပ်အလှပြင်ဆိုင် တစ်ဆိုင်ဖွင့်မယ်ဆိုတဲ့ အိပ်မက်တစ်ခု ရှိခဲ့ပါတယ်။
“ဒါပေမဲ့ ကျွန်မအိပ်မက်ကို ကျွန်မမိသားစုက အကောင်အထည်ဖော်ခွင့်မပေးနိုင်ပါဘူး။ ရှာလိုက်ရင် ညစ် ညစ်ပတ်ပတ် အလုပ်တွေပဲရတယ်၊ ကျွန်မက သမီးလေးနဲ့အတူတူ အလုပ်လုပ်နိုင်မယ့် နေရာလေး တစ်ခု လောက်လိုချင်တာ”လို့ ဗန်းနစ်အိုင်းက ဆိုပါတယ်။
ကြံရာမရတဲ့အဆုံးတော့ အိုင်းအတွက် စဉ်းစားလို့ရတာ တစ်ခုပဲ ကျန်ပါတော့တယ်။ သမီးငယ် ချာမန်းရဲ့ အပျိုဘ၀ကို ချမ်းသာတဲ့လူတစ်ယောက်ဆီ ရောင်းပြီး ဒေါ်လာ ၁,၂၀၀ ကျော်လောက်ရအောင် ရှာဖို့ပါပဲ။ သမီးကို ၀ယ်လိုက်တဲ့သူက သူအလုပ်လုပ်တဲ့ ”ဘီယာဥယျာဉ်” (ဘီယာ၊ မူးယစ်ဆေး၊ ကာရာအိုကေ၊ လိင် အစုံရနိုင်သည့်နေရာ)ကို အမြဲလာတတ်တဲ့ ရဲအရာရှိကြီးတစ်ယောက်ပါ။ ဖနွမ်းပင်မြို့ပြင်က ဟိုတယ်တစ်ခု မှာ သမီးကို ထားပါတယ်။ ပြီးတော့ တစ်ပတ်လောက် နေ့တိုင်းသွားပြီး အတူနေတယ်။
တစ်ရက်မှာ တစ်ကြိမ်ပဲ သမီးငယ်ချာမန်းနဲ့ တွေ့ခွင့်ပေးတယ်။ ရက်စေ့သွားပြီး သမီးပြန်လာတော့ အနာ ကျက်ဆေးတွေနဲ့ ဗီတာမင်ဆေးတွေ တိုက်ရပါတော့တယ်။ သူ အရမ်းပင်ပန်းပြီး အားနည်းနေပြီလေ။ “နောက်ဆုံးနေ့ထိအောင် ကျွန်မသမီးခံနိုင်ရည်ရှိခဲ့တယ်”လို့ အိုင်းက ဆိုပါတယ်။
ပိုက်ဆံအပြည့်ရပေမယ့် သူစိတ်ကူးထားတဲ့ အလှပြင်ဆိုင်တော့ ဖြစ်မလာခဲ့ပါဘူး။ ရတဲ့ပိုက်ဆံထဲက အိမ်လခရယ်၊ နေမကောင်းတဲ့ ယောက်ျားအတွက် ဆေးကုစရိတ်ရယ်၊ အိုမင်းနေတဲ့ မိဘတွေကို ကန်တော့တာရယ်၊ ပြီးတော့ သမီးလေး စိတ်အားပြန်တက်လာဖို့ ရွှေလည်ဆွဲလေးတစ်ခုဝယ်ပေးတာရယ်နဲ့ ပိုက်ဆံက မကျန်တော့ပါဘူး။
အိုင်းရဲ့ စကားပြောပုံကို ကြည့်ရတာ ဒီကိစ္စကို သူတော်တော်ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပုံရပါတယ်။ သူ့ရဲ့ ဆုံးဖြတ် ချက်နဲ့အတွက်အချက် လွဲချော်မှုဟာ သူ့သမီးရဲ့ခန္ဓာကိုယ်နဲ့ လဲလှယ်လိုက်ရတာပဲ အဖတ်တင်ပါတယ်။
ဗန်းနစ်အိုင်းတို့ သားအမိရဲ့ ဇာတ်လမ်းအပြင် သူတို့လို အဆောင်ငှားနေရတဲ့လူတွေရဲ့ ၀မ်းနည်းဖွယ် ကောင်းတဲ့ ကျွန်ပြုခံရခြင်းတွေအများကြီးပါပဲ။ အပျိုရည် ရောင်းဝယ်ဖောက်ကားခြင်းဟာ ကမ္ဘောဒီးယား နိုင်ငံရဲ့ အဆိုးရွားဆုံး လိင်ခေါင်းပုံဖြတ်မှုတွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ကြီးမားတဲ့ ဆင်းရဲချမ်း သာကွာဟမှုနဲ့ လိင်တန်းတူမညီမျှမှုတွေဟာ ဒီကိစ္စတွေကို ကြာရှည်တည်တံ့နေစေပါတယ်။
ကမ္ဘောဒီယား မြို့မျက်နှာဖုံးတွေနဲ့ အာရှရဲ့ကြေးရတက်ရေပေါ်ဆီတွေဟာ ဒီခေါင်းပုံဖြတ်မှုတွေကို အဓိကကျူးလွန်ကြသူ တွေပါပဲ။ နိုင်ငံရဲ့ လာဘ်စားမှု သံသရာထဲမှာ သူတို့ ကောင်းကောင်းကြီး ပျော်ကြပါတယ်။
လူဦးရေ ဆယ့် ငါးသန်းရှိတဲ့ ဒီနိုင်ငံမှာ ယဉ်ကျေးမှုဆိုင်ရာ အယူသည်းမှုတွေနဲ့ တခြားဒေသအလိုက်အယူအဆတွေကြား အပျိုရည်လိင်ကုန်ကူးမှုဟာ လိုအပ်ချက်တစ်ခုလို ကြီးမားတဲ့စီးပွားရေး ဖြစ်နေဆဲပါ။
“အပျိုလေးတွေနဲ့ အတူတူနေခြင်းဟာ ပျိုမြစ်နုနယ်စေတယ်၊ ရောဂါတွေကိုပျောက်စေတယ်။ သူမတူတဲ့ စွမ်းအင်တွေ ရစေတယ်လို့ အသက် ၅၀ ကျော် အာရှလူကြီးတွေက ယုံကြည်ကြတယ်”လို့ ကမ္ဘောဒီးယား မှာ လူ့အခွင့်အရေးကို ဦးဆောင်လုပ်တဲ့ လီကာဒိုအဖွဲ့ဥက္ကဋ္ဌ ခစ်ဗ်ကက်ပန်က ဆိုပါတယ်။“နုံချာတဲ့ မိသား စုတွေဟာ စားဝတ်နေရေးအတွက် သူတို့ ခန္ဓာကိုယ်ကိုရောင်းပြီး စတေးကြရတယ်။ တရားဥပဒေ စိုးမိုး မှုကလည်း အားနည်းတယ်”လို့ ခစ်ဗ်ကက်ပန်က ဆိုတယ်။
တရုတ်နိုင်ငံရဲ့ ဥသျှောင်ဥက္ကဋ္ဌကြီး မော် (မော်စီ တုန်း)နဲ့ မြောက်ကိုရီးယား ကင်မ်မင်းဆက်တွေအပါအ၀င် အာရှရဲ့ ထိပ်တန်းလူကြီးလူကောင်းတွေဟာ အပျို စင်ရဲ့သွေးက သူတို့ကို သက်ဆိုးရှည်စေတယ်လို့ ယုံကြည်ကြတယ်။
“တကယ်လို့ ရှိနေပြီးသား ၁၀ နှစ်အောက် အပျိုစင်လေးတွေကို လိင်မုဆိုးတွေက မကြိုက်ဘူးဆိုရင်တောင် ဒီမှာရှိတဲ့ ပွဲစားတွေက ထပ်ရှာ ပေးဖို့ ၀န်မလေးကြဘူး။ သူတို့အတွက် အသက်ဘယ်လောက် ရှိပြီလဲဆိုတာ အရေးမကြီးဘူး။ ဘယ် လောက်လှလဲဆိုတာနဲ့ ဘယ်လောက်ထိ အပျိုစစ်နိုင်မလဲဆိုတာကိုပဲ အရေးစိုက်တာ”လို့ ခစ်ဗ်ကက်ပန်က ရှင်းပြပါတယ်။
မိဘတွေကလည်း သူတို့သမီးပျိုတွေ ကို ရောင်းစားကြတဲ့နေရာမှာ ကလေးသူငယ် အခွင့် အရေးဆိုတာတွေ ဂရုမစိုက်ကြပါဘူး။ လီကာဒိုအဖွဲ့ရဲ့ စစ်တမ်းကောက်တွက်ချက်မှုတွေအရ အသက် ၁၃ နှစ်နဲ့ ၁၈ နှစ်ကြား အပျိုစင်တွေ နှစ်တိုင်းတစ်ထောင်လောက် ရောင်းစားခံနေရပါတယ်။ ချမ်းသာတဲ့ကမ္ဘော ဒီယားတွေ၊ တရုတ်၊ စင်ကာပူနဲ့ ထိုင်းက လူကြီးလူ ကောင်းတွေဟာ ပုံမှန်ဖောက်သည်တွေ ဖြစ်ပါတယ်။
“စီးပွားရေး ကိစ္စနဲ့ ဒီနိုင်ငံကို လာမယ်။ မလာခင်ကတည်းက ပွဲစားနဲ့ ကြိုချိတ်ပြီးသား။ကြယ်ငါးပွင့် ဟိုတယ် မှာ တည်းမယ်၊ ဂေါက်ရိုက်မယ်၊ ပြီးရင် အပျိုစင်နှစ်ယောက်လောက်နဲ့ တစ်ညလုံး အချိန်ဖြုန်းမယ်။ ဒါသူတို့ အတွက် ပုံမှန်ပဲ”လို့ အင်္ဂလန်ကလာပြီး ခေါင်းပုံဖြတ်မှုတိုက်ဖျက်ရေး အကြံပေးအဖြစ် ဖနွမ်းပင်မှာ အလုပ်လုပ်နေတဲ့ အဲရစ်မဲဒရမ်းက ဆိုပါတယ်။
ကမ္ဘောဒီးယားက လူတွေအတွက် စီးပွားရေးအခွင့်အလမ်းဆိုတာ ရှားပါးလှပါတယ်။ လူဦးရေရဲ့ လေးပုံသုံးပုံလောက်က ဆင်းရဲမွဲတေမှုစံနှုန်းရဲ့အောက်မှာ ဒါမှမဟုတ် မသေရုံစားနိုင်တယ် ဆိုရုံလောက်ပါပဲ။ ယောက်ျားတွေက တစ်ရက်ကို တစ်ဒေါ်လာရှာနိုင်တယ်ဆိုရင် အမျိုးသမီးတွေက ၂၇ ဆင့်လောက်ပဲ ရှာနိုင်ကြတယ်လို့ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်ရဲ့ စစ်တမ်းက ဆိုပါ တယ်။ အမျိုးသမီးအလုပ်သမားထုအတွက် တခြားနေရာတွေမှာထက် အတွင်းခံထုတ်လုပ်တဲ့စက်ရုံတွေက အဓိက ပိုက်ဆံရှာနိုင်တဲ့ နေရာတစ်ခုပါ။ စက်ရုံကရတဲ့ တစ်လ ဒေါ်လာ ၈၀ ကျော် ဆိုတဲ့ ၀င်ငွေဟာ တော် တော်နည်းပါတယ်။ ဒီအတွက် ကမ္ဘောဒီယားအလုပ်သမားတွေ ဆန္ဒဖော်ထုတ်နေကြဆဲပါပဲ။
ဒါပေမဲ့ တစ် ဖက်မှာတော့ ဘီယာ ဥယျာဉ်တွေမှာ အလုပ်လုပ်မလား၊ ကာရာ အိုကေဆိုင်တွေမှာ အလုပ်လုပ်မလား၊ မီး အနီရောင်အောက်က ဖဲမွေ့ရာပေါ် အလုပ်လုပ်မလား။ ကြိုက်တာရွေး။ အတွင်းခံစက်ရုံမှာ လုပ်တာထက် နှစ်ဆ တော့ ပိုရတယ်။ ဒါကြောင့် တချို့ အမျိုး သမီးတွေအတွက် ဒါဟာ အကောင်းဆုံးရွေးချယ်မှုဖြစ်လာ တယ်။
နောက်ထပ် အပျိုစင်တွေ ဈေးကွက် ရောက်လာတဲ့ လမ်းကြောင်းတစ်ခုက ဘီယာဥယျာဉ် ပိုင်ရှင် တွေဟာ သူ့ဆိုင်မှာ အလုပ်လုပ်တဲ့ ကလေးအမေတွေရဲ့ ဆယ် နှစ်အောက် သမီးလေးတွေကို ဆိုင်ကိုခေါ် လာဖို့ ပြောပါ တယ်။ ပြီးရင် ခေါ်ထား တဲ့ ရက်အလိုက် သူ့မိဘ တွေကို နေ့တွက်နဲ့ ဆန်ဖိုး၊ ဆီဖိုးပေးပါ တယ်။ ဒီမိန်းကလေးတွေ အရွယ်ရောက်လာပြီဆိုမှ သူတို့ရဲ့ အပျို ရည်ကို ရောင်းစားပါ တော့တယ်။
ကမ္ဘောဒီးယား ဥပဒေအရ ကိုယ့်ရွေး ချယ်မှုနဲ့ လိင်အလုပ်လုပ်ခြင်းဟာ ရာဇ၀တ်မှုမဟုတ်ပါဘူး။“ဒီနိုင်ငံမှာ အဆိုတစ်ခုရှိ တယ်။ ယောက်ျားတွေက ရွှေနဲ့တူပြီးတော့ မိန်းမတွေ က အ၀တ်စနဲ့ တူတယ်တဲ့။ ဒါပေမဲ့ ရွှေကို ဗွက်ထဲချလိုက်ပြီး ပြန်ဆေးလိုက်ရင် နဂိုအတိုင်း သန့်နေသေးပေမယ့် အ၀တ်စကို ချလိုက်ရင်တော့ အညစ်အကြေးတွေ ကျန်ခဲ့မှာပဲလေ” လို့ ကမ္ဘောဒီးယား လူငယ်တွေရဲ့ လိင်မှုအလေ့အထတွေ လေ့လာ နေတဲ့ သုတေသီ တန်ဆိုပရာက ဆိုပါတယ်။
အပျိုရည်ဟာ ဒီလိုဆိုရင် သိပ်တန်ဖိုးမရှိဘူး ထင်ရပေမယ့် နောက်တစ်နည်းအရ တော်တော်တန်ဖိုးကြီးတဲ့အရာ ဖြစ်နေပြန်ပါတယ်။ လိင်မုဆိုးတွေက အပျိုစင်တစ် ယောက်နဲ့ တစ်ပတ်အတူနေဖို့အတွက် ဒေါ်လာ ၈၀၀ ကနေ ၄,၀၀၀ ကြား ပေးဝယ်ကြတယ်။ ဒါပေမဲ့ မိန်းကလေးရဲ့ အချိုးအစား၊ အလှအပနဲ့ သူတို့ သုံးနိုင်တဲ့ ငွေပမာဏအပေါ်လည်း မူတည်ပါသေးတယ်။ ကမ္ဘောဒီးယား အမျိုးသမီး ဥပဒေအရ အမျိုးသမီးတွေဟာ သူတို့မိဘတွေရဲ့ ပြောဆိုချက်တွေကို လိုက်နာရ ပြီးတော့ မိဘတွေကို ကူညီရမယ်လို့ ညွှန်းဆိုပါတယ်။
“မိသားစုတစ်ခုမှာ မိန်းမပျိုလေးရှိနေခြင်းဟာ မိဘ တွေက အမြတ်ပဲလို့ ထင်ကြတယ်။ ပြီးတော့ ယောက်ျားတွေကလည်း မိန်းမတွေဟာ သူတို့အတွက် ရှိနေ ကြတယ်လို့ ထင်နေတယ်။ စက်ဆုပ်စရာ ကောင်းလောက်အောင် မှားယွင်းနေကြတယ်။ ဒါဟာ အမြန်ဆုံး ဖြေရှင်းရမယ့် ကိစ္စပါ။ ဒါပေမဲ့ အဓိကကတော့ မိန်းမပျို လေးတွေကို ၀ယ်ယူနေတဲ့ အဲဒီလူကြီးလူကောင်း ဆိုတာတွေပဲ။ သူတို့တွေကမှ ရာဇ၀တ်ကောင်တွေ”လို့ ကမ္ဘောဒီးယား ကလေးသူငယ် အခွင့်အရေးကာကွယ်မှု ဌာနရဲ့ဒါရိုက်တာ သက်သိုင်က ဆိုပါတယ်။
နိုင်ငံရေးသမားတွေလို သြဇာရှိတဲ့ လူကြီးလူကောင်း တွေဟာ ဥပဒေက သူတို့ကို ဘာမှမလုပ်နိုင်ဘူးဆိုတာ နောကျေနေအောင်သိကြတယ်လို့ နာမည်မဖော် လိုတဲ့ လုပ်သက်ရင့် ရဲအရာရှိကြီးတစ်ဦးက ပြောပါတယ်။
“ဒီလူတွေကို ဥပဒေနဲ့ အရေးယူဖို့ ကြိုးစားလိုက် တာနဲ့ ခင်ဗျားပြဿနာ အကြီးကြီး တက်သွားလိမ့်မယ်။ ကျွန်တော်တောင် ဒီကိစ္စတစ်ခုကြောင့် ခြိမ်းခြောက် ခံရဖူးတယ်။ ဒီလိုကိစ်္စတွေမှာပါဖူးတဲ့ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေလည်း ခြိမ်းခြောက်ခံရတာပဲ။
သူ ခြိမ်းခြောက်ခံရတုန်းက “လိင်ဆက်ဆံတယ်ဆိုတာ လူ့သဘာဝပဲကွ၊ မင်းတို့ဘာမှ ရေးကြီးခွင်ကျယ်လုပ် စရာ မလိုဘူး”စတဲ့ စကားတွေ ပြောဆိုခံခဲ့ရတယ်လို့ ဆိုပါတယ်။
လုပ်ငန်းကြီးတွေလုပ်တဲ့ စီးပွားရေး သမားတွေ၊ အာဏာရှိသူတွေဟာ အချင်း ချင်းအဆက်အသွယ်ရှိကြပါတယ်။ ဒါကြောင့် အပျိုစင်တွေ ဘယ်လိုဝယ်ရတယ်။ ဘယ်မှာရှိတယ်ဆိုတာ သူတော်ချင်းချင်း သတင်းလွေ့ကြပါတယ်။
လိင်ရောင်းဝယ် မှုပြုခြင်းဟာ ကမ္ဘော ဒီးယားမှာ တရားမ၀င်တဲ့ကိစ္စဖြစ်ပေမယ့် ဒီနေ့ထိ ကမ္ဘောဒီယားတစ်ယောက်
တစ်လေတောင်မှ တရားစွဲတာ မခံရသေးပါဘူး။
(ဆောင်းပါးထဲမှာပါဝင်တဲ့ အမျိုးသမီး တချို့ရဲ့နာမည်တွေကို သူတို့ရဲ့လုံခြုံရေးအတွက် ဆောင်းပါးရှင်က ပြောင်းလဲထားပါတယ်)
The Massenger

မြန်မာလုပ်သားများ၏ အနိမ့်ဆုံးလစာသည် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများထက် အဆမတန်နည်းပါး


Image and video hosting by TinyPic
မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အနိမ့်ဆုံးလစာသည် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အဆမတန် နည်းပါးနေကြောင်း ဇူလိုင် ၂၆ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌ ပြုလုပ်သည့် ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်သမားရေးရာ အလုပ်ရုံဆွေးနွေးပွဲ’ တွင် အလုပ်သမားရေးရာ ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာမင်းညိုက ဆိုသည်။

အခြေခံဥပဒေပြင်ဆင်ရေး မြေနီကုန်းမှ ဗိုလ်စိန်မှန်သို့ လူရာချီ ချီတက်လမ်းလျှောက်


အခြေခံဥပဒေပြင်ဆင်ရေး ချီတက်ဆန္ဒဖော်ထုတ်သူများကို တွေ့ရစဉ် (ဓာတ်ပုံ −ကျော်ဇင်သန်း)
အခြေခံဥပဒေပြင်ဆင် ရေး ရန်ကုန်တိုင်းအနောက်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ် ၁၃ မြို့ နယ်မှ ရာနှင့်ချီသောပြည်သူများ သည် စမ်းချောင်းမြို့နယ်မြေနီ ကုန်းမှ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် ကွင်းထိ ဇူလိုင် ၂၇ ရက်က လမ်း လျှောက် ဆန္ဒပြ တောင်းဆိုကြ သည်။
နေ့လယ် ၁ နာရီခွဲ အချိန် က မြေနီကုန်းမှဗိုလ်စိန်မှန်ကွင်း သို့လမ်းလျှောက်ဆန္ဒပြခြင်းဖြစ် သည်။ လမ်းလျှောက်ဆန္ဒပြခဲ့ကြ သူများကို ဗိုလ်စိန်မှန်ကွင်း၌ ပန်း ရဲ့လမ်းဂီတအဖွဲ့က သီချင်းများ ဖြင့် ဖျော်ဖြေခဲ့ကြသည်။   ထို့ နောက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းဇေယျာ အပါအဝင် ဦး ဆောင် ဆန္ဒပြသူများက ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လူထုဟောပြောပွဲများပြုလုပ်ခဲ့ကြသည်။
‘‘ဒီပုဒ်မကိုပြင်ဆင်ပေးမယ် လို့ထင်တယ်။ ပြည်သူတွေအတွက် ဆို ပြင်ကိုပြင်ပေးရမယ့်ပုဒ်မပဲ။ အဲဒါကြောင့် ဒီပုဒ်မကြီးကို ပြင် ပေးအောင်အရှိန်အဟုန်မြှင့်လုပ် နေတာ။ နောက်ထပ်လည်း ဆန္ဒ ပြ တောင်းဆိုပွဲတွေ လုပ်သွားဦး မယ်။ ဒီပုဒ်မ ၄၃၆ အကြောင်းကို လည်း  ပြည်သူတွေနားလည် အောင်ရှင်းပြရမယ်။ ဒါမှ ပြည်သူ တွေက သူတို့နဲ့သက်ဆိုင်ပါလား ဆိုပြီး ပယ်ဖျက်ပေးဖို့တောင်းဆို တဲ့နေရာတွေမှာပါဝင်လာမှာ’’ဟု ဇူလိုင် ၂၇ ရက်တွင်အခြေခံဥပဒေ ပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆို ရာ၌ ဦးဆောင်သူ ဦးဘမြင့်ကပြောသည်။
လမ်းလျှောက်ဆန္ဒပြရာတွင် ‘၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ စစ်အာဏာရှင်စနစ် မှလွတ်မြောက်ရေး၊ အခြေခံဥပ ဒေပြင်ဆင်ပေး၊ တိုင်းရင်းသား တန်းတူညီမျှမှုရရှိရေး အခြေခံ ဥပဒေပြင်ဆင်ပေး၊ ဒီမိုကရေစီ ရရှိရေး အခြေခံဥပဒေပြင်ဆင် ပေး၊ စားဝတ်နေရေးပြေလည်ရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဒို့ အရေး’စသည့်ကြွေးကြော်သံများ အော်ဟစ်ကာ ဆန္ဒပြတောင်းဆိုခဲ့ ကြသည်။
ဆန္ဒပြ လမ်းလျှောက်ပွဲနှင့် လူထုဟောပြောပွဲပြုလုပ်ရာတွင် သက်ဆိုင်ရာ၏တရားဝင်ခွင့်ပြု ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ် သည်။
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့အပြား၌ ပုဒ်မ ၄၃၆ပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆို မှုများ အရှိန်အဟုန်မြှင့်လျက်ရှိ ရာ မေလ ၂၅ ရက်ကလည်း ရန်ကုန်မြို့အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ် စုပေါင်း၍ ပြည်သူ ၂,၀၀၀ ခန့်သည် ၄၃၆  ပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

7days

အိုင်တီပစ္စည်း ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ ပြည်တွင်းကုမ္ပဏီ အမည်ခံ ရောင်းချနေ

 မြန်မာနိုင်ငံ၌ အိုင်တီ ပစ္စည်း ဖြန့်ဖြူးရောင်းချသည့် ပြည်ပကုမ္ပဏီအချို့သည် ပြည် တွင်းကုမ္ပဏီအမည်ခံပြီး ရောင်း ချနေသောကြောင့် အခွန်ဆောင် ရာတွင် နစ်နာမှုမရှိစေရေး ဆောင် ရွက်ရန်လိုအပ်နေကြောင်း မြန်မာ နိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အ သင်းတာဝန်ရှိသူက ပြောသည်။
‘‘ဈေးကွက်အတွင်းမှာ အ ရေးကြီးတဲ့ကိစ္စတစ်ခုက နိုင်ငံခြား ကုမ္ပဏီတွေဟာ မြန်မာအမည်ခံ ပြီး လုပ်နေတာကို တွေ့နေရ တယ်။ အဲဒါကြောင့် အခွန်ဆောင် တဲ့အခါမှာ တန်းတူဖြစ်စေဖို့အ တွက် ဈေးကွက်ထဲမှာလေ့လာမှု တွေလုပ်သွားဖို့စီစဉ်နေပါတယ်’’ ဟု အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်း ကပြောသည်။
လက်ရှိတွင် အိုင်တီကုမ္ပဏီ များအနေဖြင့် ပြည်တွင်းကုမ္ပဏီ များနှင့် ဖက်စပ်လုပ်ကိုင်ခြင်း၊ ရာခိုင်နှုန်းပြည့်ရင်းနှီးမြှုပ်နှံ၍ လုပ် ကိုင်ခြင်းနှင့် ၀န်ဆောင်မှုလုပ် ငန်းများ ဆောင်ရွက်ခြင်းတို့အ တွက် အခွန်ဆောင်မှုပုံစံများကို လေ့လာမှုများပြုလုပ်ပြီး လိုအပ် သည်များကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
‘‘အိုင်တီ ကုမ္ပဏီတွေရဲ့ အခွန်ဆောင်မူပုံစံကို အရင်ဆုံး လေ့လာရမယ်။ ပြီးရင် ဈေးကွက် ထဲက ကုမ္ပဏီတွေကိုလည်း ခေါ် ပြီးတွေ့ဆုံသွားဖို့ရှိတယ်။ နစ်နာမှုမရှိအောင်တော့ လုပ်သွားရမယ်’’ဟု ဦးမျိုးမြင့်ထွန်းကဆိုသည်။
ပြည်ပ အိုင်တီကုမ္ပဏီများ အနေဖြင့် အခွန်ဆောင်ပုံစံမှား ယွင်းနေသည်ဆိုပါက လေ့လာ တွေ့ရှိချက်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ တင်ပြ၍လိုအပ် သည်များကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
7days

Sunday, July 27, 2014

တရုတ်နိုင်ငံသို့ အညာဆန်များ အဓိကတင်ပို့နေ


ဆန်ဂိုဒေါင်တစ်ခုတွင် တွေ့ရသည့် ဆန်အိတ်များ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 ပြည်တွင်း၌ ဆန်ဈေး ဆက်တိုက် မြင့်တက်လာသော် လည်း တရုတ်ကုန်သည်များက ဈေးတိုးမပေးသဖြင့် မြန်မာပြည် အလယ်ပိုင်း (အညာဒေသ) မှဆန်များကိုသာ အဓိကထား တင်ပို့နေရကြောင်း မူဆယ် ဆန်စပါးလုပ်ငန်းအသင်းမှ  သတင်းရရှိသည်။
‘‘အောက်ပိုင်းကဆန်တွေက ပြည်တွင်းမှာဈေးအရမ်းကြီးနေ တော့ မပို့နိုင်တော့ဘူး။ အလယ် ပိုင်းက  နွေဆန်တွေပဲ  အဓိက ရောင်းနေရတယ်’’ဟု မူဆယ်ဆန် စပါးအသင်းမှ ဆန်ကုန်သည် ဦးမင်းသိန်းကပြောသည်။
ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆန်များမှာ ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအား ကောင်းကာ ဈေးဆက်တိုက်မြင့် တက်လာပြီး တရုတ်ဈေးကွက်မှ ပေးသောဈေးနှုန်းထက်ပိုများနေ သည်။
ပြည်တွင်း ဈေးကွက်တွင် ဆန်ကြမ်း ရှယ်တစ်အိတ်လျှင် ကျပ် ၁၉,၀၀၀ ဝန်းကျင်ရှိနေကြောင်း ပြည်ပသို့ဆန်တင်ပို့နေ သော လုပ်ငန်းရှင်ဦးမျိုးသူရအေး ကပြောသည်။
လက်ရှိ မူဆယ်သို့ဝင်ရောက် နေသောဆန်းများမှာ ရွှေဘို၊ မတ္တ ရာစသောမန္တလေးတစ်ဝိုက်နှင့် မကွေး၊ မင်းဘူး၊ ပွင့်ဖြူဘက်မှ ဆန်များဖြစ်ကြောင်း မူဆယ်ဆန် ကုန်သည်များကပြောသည်။
မူဆယ်သို့နေ့စဉ်ဆန်အဝင်မှာ အိတ်ရေလေးသောင်းဝန်းကျင်ရှိ သော်လည်း တရုတ်နိုင်ငံသို့ ရောင်းချရသောပမာဏမှာ အိတ် ရေ နှစ်သောင်းဝန်းကျင်သာ ရှိ သည်။
ဇူလိုင် ၂၀ ရက်မှစတင်၍ မူဆယ်တွင် မိုးဆက်တိုက်ရွာပြီး လေးရက်ကြာရေကြီးမှုကြောင့် ဈေးကွက်မဖွင့်ရသဖြင့် ဂိုဒေါင်တွင်ထားစရာမရှိအောင် ဆန်အိတ်များစုပုံနေခဲ့သည်။ ဂိုဒေါင်များတွင် ဆန်များပြည့်နေသဖြင့် ကားများပေါ်တွင်သာ  ညအိပ် ကြေးပေး၍ ထားရသည်ဟု သိရသည်။
မူဆယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် တရုတ်နိုင်ငံသို့ ဆန်ရောင်းချမှုကို လေးရက်ခန့် ရပ်နားခဲ့ရပြီး လက်ရှိအချိန်တွင် တရုတ်နိုင်ငံက ပြန်ဝယ်လာသော် လည်း ဆန်ဂိုဒေါင်များမှာ လျော့ နည်းမှုမရှိပေ။
မူဆယ်ဈေးကွက်တွင် မြန်မာဆန်ဈေးမှာ တည်ငြိမ်နေပြီး အမြင့်ဆုံး ဆန်ဈေး တစ်အိတ်လျှင် ၁၅၄ ယွမ်မှ ၁၅၈ ယွမ်ကြားဈေးရှိကြောင်း သတင်းရရှိသည်။
7days

မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ ပြိုင်ပွဲ ကျင်းပပြီးစီး


ယွန်းမှီမှီကျော်၊ သျှားထွဋ်အိန္ဒြာ၊ ရွှေစင်ကိုကိုတို့အား ဆုလက်ခံရယူပြီး တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ ပြိုင်ပွဲကို ဇူလိုင် ၂၆ ရက် ညက ပြုလုပ်ခဲ့ရာ ထိုင်းနိုင်ငံတွင် ကျင်းပသည့် Miss Myanmar Thailand Friendship ဆုရရှိသူ သျှားထွဋ်အိန္ဒြာကပင် မယ်စကြ ၀ဠာဆုရရှိခဲ့သည်။
မယ်စကြ၀ဠာ(မြန်မာ)ပြိုင် ပွဲကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် မိုးစက်ဝိုင်ကို ရွေးချယ်၍ ရုရှားနိုင်ငံသို့ သွားရောက်ယှဉ် ပြိုင်ဖြစ်ခဲ့သည်။
ပြိုင်ပွဲတွင် ဆုရရှိရန် ရေပန်း စားခဲ့သော ဇွန်သံစဉ်မှာ ဆန်ခါတင် ငါးဦးအထိ ပါဝင်ခဲ့သော် လည်း ဆုမရရှိခဲ့ဘဲ  Miss Healthy Skin၊ Miss Beautiful Skin နှင့် ပရိသတ်များမဲအရေအတွက်ဖြင့် ရွေးချယ်သော Miss Famous ဆုကို ရရှိခဲ့သည်။
မယ်စကြ၀ဠာဆု ကြေညာ မည့်အချိန်အထိ ပရိသတ်များက ခါးနံပါတ်(၆) ဇွန်သံစဉ်ကို အားပေးခဲ့ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိရန် ရေပန်းစားခဲ့သူတစ်ဦးဖြစ်သည့် ယွန်းမှီမှီကျော်သည်လည်း 1st Run-ner Up ဆုနှင့် Miss Body Perfect ဆုရရှိခဲ့သည်။ 2nd Runner Up ဆုကို ခါးနံပါတ်(၂) ရွှေစင်ကိုကိုက ရရှိခဲ့သည်။
မယ်စကြ၀ဠာဆုရရှိခဲ့သည့်  သျှားထွဋ်အိန္ဒြာသည် အသက် (၂၀) အရွယ်ရှိသူတစ်ဦးဖြစ်ပြီး ဒုတိယနှစ် စိတ်ပညာဘာသာရပ် တက်ရောက်နေသူ ဖြစ်သည်။  ယခုနှစ်ပြိုင်ပွဲတွင် ဖျော်ဖြေရေး အစီအစဉ်များအနေဖြင့် စည်သူ လွင်၊ နေတိုး၊ သျှီနှင့် နီနီခင်ဇော် တို့ပါဝင်ဖျော်ဖြေပေးခဲ့ပြီး မယ်စ ကြ၀ဠာ(မြန်မာ) ပြိုင်ပွဲဝင်များ ကလည်း ရိုးရာဝတ်စုံအဖြစ် ကချင်ဝတ်စုံဝတ်ဆင်၍ ကပြ ဖျော်ဖြေခဲ့သည်။


စီးပွားရေးလုပ်ကိုင်ရန် အခက်ခဲဆုံးနိုင်ငံတွင် ပါဝင်နေခြင်း ယနေ့ ဆွေးနွေးအဖြေရှာမည်


မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် စီးပွားရေးလုပ်ကိုင်ရန် အခက်ခဲဆုံးနိုင်ငံစာရင်း ၀င်ခြင်း အဖြေရှာမည့် ဆွေးနွေးပွဲ ယနေ့ (ဇူလိုင် ၂၇ ရက်) တွင် မြန်မာ နိုင်ငံ  ကုန်သည်များနှင့်    စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ချုပ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။
အဆိုပါ ဆွေးနွေးပွဲသို့ သမ္မ တရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်းနှင့် ဦးဝင်း မြင့်တို့ တက်ရောက်ကြမည်ဖြစ် ပြီး ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများလည်း တက် ရောက်မည်ဖြစ်ကြောင်း ကုန် သည်စက်မှုအသင်းချုပ် ဗဟိုအ လုပ်အမှုဆောင်တစ်ဦးက ပြော သည်။
‘‘လယ်ယာကဏ္ဍနဲ့ ပတ် သက်ပြီး ဆွေးနွေးဖို့တော့ ရှိပါ တယ်’’ ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်း ရေးမှူး ဦးရဲမင်းအောင်က ပြော သည်။
၂၀၁၄ အတွက် ကမ္ဘာ့ဘဏ် က ထုတ်ပြန်သည့် စီးပွားရေးလုပ် ငန်းစတင်လိုက်ကိုင်ရန် အလွယ် ကူဆုံး Doing Business အဆင့် သတ်မှတ်ရာတွင် မြန်မာနိုင်ငံမှ နိုင်ငံပေါင်း ၁၆၈ နိုင်ငံတွင် ၁၆၂ အဆင့်တွင် ရှိနေသည်။ ထို့ကြောင့်စီးပွားရေးလုပ်ကိုင်ရန် အခက်ခဲဆုံးနိုင်ငံများဖြစ်သော နောက်ဆုံးမှရေတွက်လျှင် အဆင့် ၈ ၌ ရပ်တည်နေသည်။
ကွန်ဂို၊ ဆူဒန်၊ လစ်ဗျား စသော နိုင်ငံခုနစ်နိုင်ငံမှာ မြန်မာ နိုင်ငံထက် စီးပွားရေးလုပ်ကိုင်ရန် ပိုခက်သော မှတ်တမ်းဝင်နေ သည်။ ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင်လည်းမြန်မာက စီး ပွားရေးလုပ်ကိုင်ရန်  အခက်အခဲ ဆုံးနိုင်ငံ ဖြစ်နေသည်။
လုပ်ငန်းစတင်ရန် မှတ်ပုံ တင်ရသောစနစ် လွယ်ကူခြင်းရှိ၊ မရှိ၊ လျှပ်စစ်မီးရရှိမှု၊ ရင်းနှီးမြှုပ် နှံသူများ အကာအကွယ်ပေးမှု၊ အခွန်နှုန်းထား သက်သာမှု၊ လုပ် ငန်းများပေါ် အသိအမှတ်ပြုမှု၊ ဘဏ္ဍာရေးအထောက်အပံ့ပေး အပ်မှု စသည်တို့ကို အခြေခံ တွက်ချက်ရာတွင် ညွှန်းကိန်းအား လုံးတွင် မြန်မာက အောက်ဆုံး ရောက်နေခြင်း ဖြစ်၏။
ထိုစစ်တမ်းမှာ ၂၀၁၃ ဇွန်လ အထိ ကမ္ဘာ့ဘဏ်က ကောက် ယူထားသော အချက်အလက် များဖြင့် တွက်ချက်ထုတ်ပြန်ခြင်း ဖြစ်ပြီး စစ်တမ်းတွင်မြန်မာ ပါဝင် သည်မှာ ပထမဆုံးဖြစ်သည်။
  7days

အာဖရိက အီဘိုလာရောဂါ အမေရိကန်ဆရာဝန်ကိုကူးစက်


အာဖရိကတောင်ပိုင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားနေသည့် အီဘိုလာ (Ebola) ရောဂါကို သွားရောက်ကုသပေးနေသည့် အမေရိကန်နိုင်ငံမှ အသက် ၃၃ နှစ်အ၇ွယ် ဒေါက်တာကန့်ဘရင်တီကို ယင်းရောဂါကူးစက်နေကြောင်း သိရသည်။
သူကိုယ်တိုင် ရောဂါကူးစက်သည့်လက္ခဏာများကို သတိပြုမိသဖြင့် သီးခြားခွဲထုတ်ထားသည့်အဆောင်သို့ ၀င်သွားပြီဟု သိရသည်။

အီဘိုလာရောဂါသည် အလွန်ကူးစက်လွယ်သည့်ရောဂါဖြစ်ပြီး ကူးစက်ခံရသူ ၉၀% မှာ သေဆုံးသည့်အထိ ပြင်းထန်သည်။
ယခုနှစ်ဆန်း ရောဂါစတင်ကူးစက်ဖြစ်ပွားချိန်ကစပြီး လူပေါင်း ၆၇၂ ဦးသေဆုံးခဲ့ပြီဖြစ်သည်။
အာဖရိကတိုက် ဂီနီနိုင်ငံတွင် စတင်ဖြစ်ပွားပြီး လိုင်ဘေး၇ီးယားနှင့် ဆီရာလီယွန်နိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့သည်။

ဒေါက်တာဘရင်တီသည် ဆာမင်ထရီတန် ကူညီပေးရေးအင်န်ဂျီအိုအဖွဲ့၏ အီဘိုလာကူးစက်ရောဂါဌာနတွင် လုပ်ကိုင်နေသူ ဖြစ်သည်။
ရောဂါကူးစက်မှုများ၊ သီးခြားဆောင်များကို ထိန်းသိမ်းထားရှိပုံနှင့် ပတ်သက်၍  ယခုနှစ်ဆန်းပိုင်းတွင် ဒေါက်တာဘရင်တီက ရှင်းလင်းပြောဆိုခဲ့ရာတွင် -  "ဆေးရုံက အထူးသတိထားပြီး ဆောင်ရွက်နေပါတယ။် အရင်က အီဘိုလာကူးစက်ရောဂါကူးစက်ပြီး သေဆုံးသူအများအပြားက ကျန်းမာရေးလုပ်သားတွေ ဖြစ်ကြပါတယ်။ သူတို့က ရောဂါဖြစ်သူတွေကို ကုသပြုစုပေးရင်းနဲ့ သူတို့ကိုယ်တိုင်ေ၇ာဂါကူးစက်ခံရတာပါ" ဟု ၎င်းကဆိုသည်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်သားဒေါက်တာ ဘရင်တီ၏ မိသားစုကလည်း ၎င်းနှင့် အတူ အာဖရိကတွင် နေထိုင်ခဲ့ပြီး မကြာသေးမီကမှ အမေရိကန်သို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။
လိုင်ဘေးရီးယားမှ ရောဂါကူးစက်ပြီး ရောက်ရှိသူတစ်ဦး စတင်သေဆုံးခဲ့ပြီးသည့်နောက် အာဖရိက၏ လူနေအထူထပ်ဆုံး နိုင်ငံဖြစ်သည့် နိုင်ဂျီးရီးယားလေဆိပ်နှင့် ကူးတို့ဆိပ်ကမ်းတို့တွင် ယခုအခါ အရေးပေါ်အခြေအနေကြေညာခဲ့သည်။
လေယာဉ်ပေါ်တွင် အော့အန်ပြီး အဖျားကြီးသည့် လက္ခဏာဖြင့်ရောက်လာပြီးသည့်နောက် ဆေးရုံတွင်သီးခြားခွဲထားသော်လည်း ပြီးခဲ့သည့် သောကြာနေ့က သေဆုံးသွားခဲ့သည်။

၎င်းစီးနင်းလိုက်ပါလာသည့်လေယာဉ် တထောက်နားရာ တိုဂိုတွင်လည်း ရောဂါ ပျံ့နှံ့ခဲ့နိုင်သဖြင့် အရေးပေါ်သတိပေးထားသည်။
အီဘိုလာရောဂါသည် ရောဂါရှိသူသေဆုံးချိန်တွင် အရေပြားမှထွက်သောအရည်နှင့် တွေ့ထိမိရာက ကူးစက်ပြီး ဒေသခံဓလေ့အရ သေဆုံးသူကို ကိုင်တွယ်ပြင်ဆင်မှုများကြောင့်လည်း ရောဂါကူးစက်ကြကြောင်း သိရသည်။

ယဉ်ကျေးမှုနှင့်ဆန့်ကျင်သောအပြုအမူအတွက် ဗိုလ်တထောင်ရေပေါ်ဟိုတယ် သတိပေးခံရ


ဧည့်သည်ကိုကြိုဆိုနေသော ဗိုလ်တထောင်ရေပေါ်ဟိုတယ်မှဝန်ထမ်းများ
ဗိုလ်တထောင်ရေပေါ် ဟိုတယ်တွင် ပုံမှန်ဟိုတယ်ဝန် ဆောင်မှုများထက်လွန်ကဲပြီး ရိုးရာယဉ်ကျေးမှုနှင့်ဆန့်ကျင်သောအပြုအမူများလုံးဝရပ်တန့်ရန် ဟိုတယ်တာဝန်ရှိသူများကို ဟိုတယ်/ခရီးဝန်ကြီးဌာနကခေါ်ယူ သတိပေးခဲ့ကြောင်း သတင်းရရှိ သည်။
ဟိုတယ်ခရီးဝန်ကြီးဌာနမှ လိုင်စင်ယူပြီး ဆောင်ရွက်နေ သော ဟိုတယ်များအားလုံး ရေပေါ်ဟိုတယ်ကဲ့သို့ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာသင်တန်းကျောင်း တွင် ပို့ချသောဝန်ဆောင်မှုထက်ပိုပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မလျော်ညီသော ၀န်ဆောင်မှုမျိုး ကို မပြုလုပ်ရန် ဇူလိုင် ၂၅ ရက်ညနေတွင် သတိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။
လှလှပပကုမ္ပဏီပိုင် Vintage Luxury Yacht Hotel (ရေပေါ်ဟိုတယ်)မှဝန်ထမ်းများ  ဧည့်သည်ကို ကြိုဆိုရာတွင် ဒူးထောက်ကြိုဆို သည့်ဝန်ဆောင်မှုပေးနေသည့်ပုံ ကို Agoda ခရီးသွားဝက်ဘ်ဆိုက် တွင် ဟိုတယ်ကြော်ငြာအဖြစ် လွှင့်တင်ခဲ့ရာမှ ယင်းပုံစံမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဆန့်ကျင်သော အပြုအမူမျိုးဖြစ်သည်ဟု ဝေဖန် မှုများထွက်ပေါ်ခဲ့သည်။
ဇူလိုင် ၂၄ ရက်က ဟိုတယ် နှင့်ခရီးသွားလာရေးလုပ်ငန်းဝန် ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးဆောင်ပြီး ယင်းဟိုတယ်သို့ သွားရောက်ကာ ဝန်ထမ်းများအား တွေ့ဆုံမေးမြန်းစစ်ဆေးခဲ့သည် ဟု ဝန်ကြီးဌာနမှသတင်းထုတ်ပြန် ခဲ့သည်။
ဟိုတယ်ကဝန်ဆောင်မှုပေး ရာတွင် ၁၉၂၀ ပြည့်ဝန်းကျင်က ဥရောပနိုင်ငံများ၌ ဘုရင်နှင့် မိဖုရားများကို ဒူးထောက်အရို အသေ ပေးသော King and Queen Service ကိုဝန်ထမ်းများအား လေ့ကျင့်ပေးပြီး ဧည့်သည်များကို ဝန်ဆောင်မှုပေးရန် စီစဉ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည်ဟု သတင်း ရရှိသည်။
ဇူလိုင် ၂၅ ရက်တွင် ဟိုတယ်တာဝန်ရှိသူများကို နေပြည် တော်ဟိုတယ်/ခရီးဝန်ကြီးဌာန သို့ခေါ်ယူတွေ့ဆုံခဲ့ပြီး ယင်းဝန် ဆောင်မှုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအရ အနန္တောအနန္တဂိုဏ်းဝင်များကိုသာ အရိုအသေပေးသောအမူအရာမျိုးဖြစ်ပြီး ဝန်ထမ်းများအနေဖြင့်လည်း ပုံမှန်ထက်ပိုသောဝန်ဆောင်မှုမျိုးကို ဆောင်ရွက်ရသည်မှာ အဆင် မပြေဖြစ်ခြင်းကြောင့် ယင်းဝန်ဆောင်မှုမျိုးကို ရပ်ဆိုင်းရန် သတိပေးခဲ့သည်။
‘‘ဝန်ကြီးဌာနပိုင်းကနေ ဟို တယ် တာဝန်ရှိသူတွေခေါ်ပြီး တော့ပြောတာပါ။ အခု မလုပ် တော့ဖို့။ နောက်လုပ်မယ်ဆိုရင် လည်း အရေးယူသွားမယ်ဆိုပြီး တော့သတိပေးတာပါ’’ဟု ဟို တယ်/ခရီးဝန်ကြီးဌာနမှတာ ဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းဝန်ဆောင်မှုမှာ ဟို တယ်တွင်အထွေထွေမန်နေဂျာ အဖြစ်တာဝန်ထမ်းဆောင်သော အီတလီလူမျိုး Mr.Aless ၏တစ်မူ ထူးကဲသောဝန်ဆောင်မှုဖြစ်ပြီး ယခုအခါ Mr.Aless သည် အလုပ်ထွက်သွားပြီဟုဆိုသည်။
ထို့အပြင် ယင်းဟိုတယ်၏ အလုပ်ရှင်အလုပ်သမား သဘော တူစာချုပ်တွင်လည်း သုံးလ မပြည့်မီအလုပ်ထွက်ပါက ကျပ် သိန်း ၁၀၀ လျော်ရမည်ဆိုသော အချက်များ၊ဝန်ထမ်းအချင်းချင်းချစ်ကြိုက်ခြင်းကိုခွင့်မပြုဘဲအလုပ်ထုတ်မည့်အပြင် ဟိုတယ် သို့နှစ်ဦးစလုံးကကျပ် သိန်း ၁၀၀ ပေးလျော်မည်စသည့် အချက်များကိုမကျေနပ်၍ အလုပ်သမားအချို့ စာချုပ်မချုပ်မီ အလုပ်ထွက် ခြင်းများရှိနေသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ရေပေါ်ဟိုတယ်ရှိ တာဝန်ရှိသူများ ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ ရာ တာဝန်ယူဖြေကြားပေးခြင်း မရှိခဲ့ဘဲ ယင်းကိစ္စကို လတ်တလော တွင် ဖြေကြားပေးသွားမည်မ ဟုတ်ဟု ပြောကြားသည်။
7days

ဆန်းစစ်မှုများအောက်က မြန်မာသူဌေးကြီး ဦးတေဇ


ကိုယ်ပိုင်ရဟတ်ယာဉ်ပေါ်တွင်တွေ့ရသည့် ဦးတေဇ(ဓာတ်ပုံ − ဦးတေဇဖေ့စ်ဘွတ်ခ်)

‘‘သူတို့က ကမ္ဘာ့ပုလိပ်ကြီး လုပ်နေ တာလေ’’
မြန်မာသူဌေးကြီး ဦးတေဇ က ဆိုဖာနောက်ကို မှီချလိုက်ရင်း အမေရိကန်အစိုးရကို ပြစ်တင်ဝေ ဖန်လိုက်သည်။ သူထိုင်နေသည့် မိကျောင်းသားရေဆိုဖာပေါ်ကို သူမွေးထားသည့် ဝက်ဝံပေါက် လေးက ကုပ်တက်ဖို့ကြိုးစားနေ သည်။
အမေရိကန်နိုင်ငံက သူ့စီး ပွားရေးလုပ်ငန်းများကို တင်းကျပ်နေသည့်အပေါ်နှင့် အရာရှိများက သူ၏ ငွေလွှဲပြောင်းမှုမှန်သမျှကိုစောင့်ကြည့်နေသည့် အပေါ် သူကပြောဆိုလိုက်သည်။ ဦးတေဇစကားပြောချိန်တွင် အနားတွင် မျက်ခြည်မပြတ်စောင့်ကြည့်နေသည့်ဝန်ထမ်းက ဝက်ဝံပေါက်စ နှစ်ကောင်ကြောင့် ကော်ဇောမ ပျက်စီးရန် အခါအားလျော်စွာ ဝင်ထိန်းနေသည်။ မြန်မာနိုင်ငံ မြောက်ဖျားတွင် ဝက်ဝံအမေကြီးကိုဒေသခံတစ်ဦးက သတ်ဖြတ် လိုက်ပြီးသည့်နောက် ထို ဝက်ဝံသားပေါက်နှစ်ကောင်ကို ဦးတေဇက ယူမွေးခဲ့သည်။ ထူးဆန်းရှား ပါးသော တိရစ္ဆာန်များနှင့် ရန်ကုန်မြို့က သူ၏ခမ်းနားထည်ဝါသည့် အိမ်တော်ကြီး၏ နောက်ကွယ်တွင်တော့ သူ၏စီးပွားရေးအင် ပါယာကြီးသည် စီးပွားရေးကျူး ကျော်မှုများခံနေရသည်ဟု ဦး တေဇက ဆိုသည်။ အမေရိကန် အရာရှိများက သူ့ကို နှောင့်ယှက် ပေးနေသည်ဟု သူကစွပ်စွဲလိုက်သည်။ ယင်းအထဲတွင် မြောက်ကိုရီးယားနှင့် ပတ်သက်နေသည့် ကုမ္ပဏီများနှင့် ငွေလွှဲပြောင်းခဲ့သည်ဟု သံသယရှိသည့် စင်ကာပူက သူ၏ရင်းနှီးမြှုပ်နှံမှုဘဏ်စာရင်းကိုလည်း အပိတ်ခံခဲ့ရသည်။
အသက်(၅၀)အရွယ် ဦးတေ ဇသည် ဝါရှင်တန်အတွက် ပြဿနာတစ်ရပ်ဖြစ်သည်။ ရင်းနှီးမြှုပ် နှံသူများနှင့် လေ့လာသူများ အဆိုအရ မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး စီးပွားရေးသမားများကို စီးပွားရေးဆက်လက်ပိတ်ဆို့အ ရေးယူခြင်းက နှစ် ၅၀ နီးပါး အထီးကျန်အစိုးရအုပ်ချုပ်မှုမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ပစ်မှတ်ကို ပြည့်မီရန် နှောင့်နှေးစေမည်ဟု ဆို သည်။
အရပ်သားတစ်ပိုင်းအစိုးရ ပြုပြင်ပြောင်းလဲရေးတစ်ပိုင်း အစိုးရက အာဏာရနေသော်လည်း အမေရိကန်အရာရှိများက လူ့အခွင့်အရေးချိုးဖောက်မှုကြီးမားစွာ ကျူးလွန်ခဲ့သည့် ယခင်စစ်အစိုးရကို ထောက်ခံပံ့ပိုးပေးခဲ့သည့် စီး ပွားရေးသမားများကို လုပ်ခွင့်ပေး လိုသည့်ပုံ မတွေ့ရပါ။
‘‘ခရိုနီတွေက သူတို့အိတ် ကပ်အတွက်ပဲ ကြည့်နေတာပါ။ သူတို့က လူထုအကျိုးစီးပွားအ တွက် ဘာမှလုပ်ပေးမှာမဟုတ် ဘူး’’ဟု ရီပက်ဘလေကန်အမတ် စတိဗ်ရှာဘော့က ပြောဆိုလိုက် သည်။ သူက မြန်မာအရာရှိများ နှင့် ကန့်သတ်ဆက်ဆံမှုပြုရေး မူကြမ်းကို တင်သွင်းသူဖြစ်သည်။
ဦးတေဇကမူ အမေရိကန် စီးပွားရေးပိတ်ဆို့အရေးယူမှု၏ နောက်ဆက်တွဲရိုက်ခတ်မှုက သူ့ ကိုယ်ပိုင်မိသားစုနှင့် ဆက်နွှယ် ပတ်သက်နေသူများကိုသာမက သူပိုင်ဆိုင်သည့် ထူးကုမ္ပဏီမှ ဝန် ထမ်းသုံးသောင်းကိုပါ ထိခိုက်စေ သည်ဟု ဆိုသည်။ ယင်းသည် စီးပွားရေး၏ ကဏ္ဍတိုင်းလိုလိုအ ပေါ် သက်ရောက်သည်ဟု ဆို သည်။
ဥပမာအားဖြင့်ဆိုလျှင် အ မေရိကန်လုပ် စက်ပိုင်းအပိုပစ္စည်း များကို ဈေးကွက်တွင်ပေါက်သည့်ဈေးဖြင့် သူဝယ်ယူခွင့်မရခဲ့သည့် အတွက်လည်း ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဒေါ်လာသန်း ၉၀ ကျော် အရှုံးပေါ်ခဲ့သည့် အဲပုဂံလေကြောင်းလိုင်းကို ပိတ်ပစ်ဖို့ ဖြစ်လာနိုင်သည်ဟု သူက ပြောဆိုသည်။
ဧပြီ ၁၇ ရက်စွဲဖြင့် စင်ကာ ပူရှိ United Oversea Bank က ပေးပို့လာသည့်စာကို သူက ထုတ် ပြသည်။ သူ၏ ဘဏ်စာရင်းကိုးခု ကို ပိတ်လိုက်ကြောင်း အကြောင်း ကြားစာဖြစ်သည်။ စာတွင် အ ကြောင်းပြချက်ကို ပေးမထားပါ။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းချက်ကိုလည်း ဘဏ်က တုံ့ပြန်ဖြေကြားခဲ့ခြင်းမရှိပါ။ ဦးတေဇကတော့ တရုတ်နိုင်ငံရှိ ကုမ္ပဏီများသို့ သူငွေလွှဲပြောင်းသည့်ကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်အရာရှိများက မေးခွန်းထုတ်လာ သည့်အပေါ် စင်ကာပူဘဏ်က စိုးရိမ်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းတရုတ်ကုမ္ပဏီများက မြောက်ကိုရီးယားနှင့် ဆက်နွှယ်နေသည် ဟု ယူဆရသည်။
စင်ကာပူအခြေစိုက် သူ၏ ကုမ္ပဏီ 4G Investment နှင့် ပတ်သက်ပြီး သူ့အားဆက်သွယ် မေးမြန်းလာသည့် အမေရိကန် အရာရှိများက ယင်းငွေကြေးလွှဲ ပြောင်းမှုအချို့ကို တွေ့ရှိသွားခဲ့ သည်။ ဦးတေဇ၏အကိုဖြစ်သူ ဦးသီဟက ၂၀၁၃ ခုနှစ် ဇွန်လထဲတွင် အမေရိကန်သံရုံးကိုယ်စားလှယ်နှစ်ဦးနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။
‘‘သူတို့က မြောက်ကိုရီးယား အကြောင်းမေးတယ်။ မြောက်ကို ရီးယားနဲ့ တစ်နည်းနည်းပတ်သက် မှုရှိသလားဆိုတာ ကျွန်တော်တို့ က တကယ်ပဲမသိတာပါ’’
ရန်ကုန်ရှိ အမေရိကန်သံရုံး ကို ယင်းတွေ့ဆုံမှုနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် တစ်စုံတစ်ရာ ပြောဆိုရန် ငြင်းဆိုလိုက်ပြီး အမေရိကန်ဘဏ္ဍာရေးဌာနသို့ စုံစမ်းမေးမြန်းရန် လွှဲပေးလိုက်သည်။ ‘‘တချို့ကိစ္စရပ်များအပေါ် တစ်စုံတစ်ရာပြောဆိုခြင်းမပြုရန် ဟူ သောမူဝါဒ’’အရဟု ဆိုသည်။
ဦးတေဇက သူ၏ 4G နှင့် အခြားကုမ္ပဏီများဖြစ်သည့် Asia Pioneer Impex၊ တရုတ်ကုမ္ပဏီ များဖြစ်သည့် Fanwell, Goldtec Trading Group, Win Trade World Wide, Ocean Wide Trading (Hong Kong), Fortune Sun International Trading များသို့ ငွေလွှဲပြောင်းမှု မှတ်တမ်းများကို Forbes Asia ကို ထုတ်ပြသည်။
အမေရိကန်ဘဏ္ဍာရေးဝန် ကြီးဌာနက ယင်းကုမ္ပဏီများထဲ မှ အနည်းဆုံး တစ်ခုဖြစ်သည့် Fortune Sun သည် မြောက်ကိုရီး ယား Tunchon စီးပွားရေးဘဏ်မှ တည်ထောင်ထားသည့် ရုပ်ပြ ကုမ္ပဏီဖြစ်ကြောင်း ဝိကီလိခ်က ၂၀၀၉ ခုနှစ် ဇူလိုင် သံတမန်ကြေး နန်းသတင်း ထုတ်ဖော်ချက်တွင် ဖော်ပြထားသည်။ ကုလသမဂ္ဂက Tunchon ကို ၂၀၀၉ ခုနှစ်တွင် စီးပွားရေးအရ အရေးယူပိတ်ဆို့ ထားပြီးယင်းသည် ‘‘လက်နက် များ၊ ဒုံးကျည်များနှင့် ယင်းတို့ကို ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ပစ္စည်းများရောင်းချမှုတွင် ငွေကြေးအရ အဓိကတာဝန်ရှိ သည်’’ ဟု ဆိုသည်။
ဦးတေဇကတော့ သူသည် မြန်မာအစိုးရကိုယ်စား ငွေပေးချေခြင်းဖြစ်သည်ဟု ဆိုသည်။ အစိုးရအတွက် လောင်စာများတင် သွင်းခြင်းလုပ်ငန်းတွင် သူက ဦး ဆောင်နေပြီး ကမ္ဘာ့ဈေးကွက်မှ ဝယ်ယူခွင့်ပိတ်ပင်ခံထားရသည့် မြန်မာအစိုးရအတွက် ဒေါ်လာ ငွေသန်း ၃၀၀ လွှဲပြောင်းပေးခဲ့ ကြောင်း ပြောဆိုသည်။ ငွေလွှဲ ပြောင်းမှုမှတ်တမ်းများအရ For-tune Sun သို့ ငွေပေးချေမှု အများစုသည် ယခင်စစ်အစိုးရလက် အောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ် သော်လည်း ပေးချေမှုတစ်ခုကမူ အစိုးရသစ်တက်လာသည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာတွင် ပြုလုပ်ခဲ့ သည်။
အတိတ်က သတင်းအချက် အလက်များ (သို့မဟုတ်) လက်ရှိ အချက်အလက်များနှင့်ပတ်သက် ပြီး မြန်မာ၏ မြောက်ကိုရီးယား နှင့် ဆက်နွှယ်ပတ်သက်မှုက ဖုံးဖိ မရဖြစ်နေသည်။ မည်သို့ပင်ဖြစ် စေ သူ့မှာရွေးစရာလမ်းမရှိခဲ့ဘဲ အရာရှိများခိုင်းသလို လုပ်နေရ ကြောင်း ဦးတေဇက တစ်စိုက် မတ်မတ်ဆိုနေသည်။ ‘‘အစိုးရက ဘာပဲခိုင်းခိုင်း ကျွန်တော်က လုပ် ရတာပဲ’’
မြန်မာနိုင်ငံ ယခင်စစ်အစိုးရ အာဏာပိုင်များက ဦးတေဇတို့လို လုပ်ငန်းရှင်သူဌေးမျိုးအပေါ် မှီခို ပြီး စီးပွားရေးလုပ်ကိုင်ခဲ့ကြသည်။ လူအများက ခရိုနီဟုသိထားကြ ပြီး သူတို့သည် စီးပွားရေးပိတ်ဆို့ မှုကို တစ်ပတ်ရိုက်ပြီး လှည့်ပတ် လုပ်ကိုင်သည့် ကျွမ်းကျင်သူများ ဖြစ်လာသည်။ စစ်အစိုးရ၏ သူ ကောင်းပြုမှုများစွာရရှိခဲ့ပြီး သစ် တောထုတ်ကုန်မှ ကားတင်သွင်း မှုအထိ လုပ်ပိုင်ခွင့်များ လှိုင်လှိုင် ရခဲ့သူများဖြစ်သည်။
ဩစတြေးလျနိုင်ငံ မက်ကွာ ဟာတက္ကသိုလ်မှ မြန်မာ့စီးပွား ရေးဆိုင်ရာ ကျွမ်းကျင်သူရှောင် တားနားက ဦးတေဇ နဝတဟု လူသိများသည့် မြန်မာစစ်အစိုးရ ကိုယ်စား ယခုလို မြောက်ကိုရီး ယားနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီကို ငွေပေးချေခြင်းသည် အံ့ဩစရာလုံးဝမရှိပါကြောင်း ပြောဆိုလိုက်သည်။
‘‘အစိုးရကိုယ်စား ဒီလိုငွေ လွှဲပြောင်းမှုမျိုးလုပ်တယ်ဆိုတာ က နဝတခေတ်တစ်လျှောက်လုံး မှာ ခရိုနီကုမ္ပဏီတွေအတွက် ပုံမှန်လုပ်ငန်းတစ်ခုဖြစ်နေပါတယ်’’ဟု ရှောင်တားနားက ပြောသည်။ သေချာမသိသေးသည်မှာ ထိုကဲ့သို့ ပြုံးယန်းနှင့်မြန်မာ အဆက်အဆံ ဆက်လက်ရှိ၊ မရှိဆိုတာပဲ ဖြစ်သည်။
အမေရိကန်ဘဏ္ဍာရေးဝန် ကြီးဌာနက ဦးတေဇကို အရေးယူ ပိတ်ဆို့မှုအတွက် အထူးသတ် မှတ်ထားသည့်ပုဂ္ဂိုလ်များစာရင်း တွင် ၂၀၀၈ ခုနှစ်က ထည့်သွင်း ထားသည်။ စစ်အစိုးရအတွက် စစ်တပ်အတွက် စစ်သုံးပစ္စည်း များနှင့် လေယာဉ်များဝယ်ယူခြင်း အပါအဝင် ပံ့ပိုးပေးမှုများကြောင့် ဖြစ်ကြောင်း ထိုစဉ်က ထုတ်ပြန်ခဲ့ သည့် စာများအရ သိရသည်။
နောက်ထပ် စီးပွားရေးပိတ်ဆို့အရေးယူမှုစာရင်းဝင်ပုဂ္ဂိုလ် တစ်ဦးဖြစ်သူ စီးပွားရေးလုပ်ငန်း ရှင်ဦးဝင်းအောင်က အမေရိကန် သည် ကောလာဟလများအပေါ် အခြေခံပြီး လူများကို စာရင်းပြု စုနေသည်ဟု ပြောဆိုလိုက်သည်။ ‘‘မေးစရာကတော့ အတော်များ တာပဲ။  ဘယ်ကသတင်းတွေကိုရသလဲ။  အဲဒီရတဲ့သတင်းတွေ ဘယ်လောက်အထိမှန်ကန်စိတ် ချရသလဲ’’ဟု သူက မေးခွန်းထုတ် သည်။
ဦးတေဇက ရုရှားလုပ် MI-17 ရဟတ်ယာဉ်များကို ရောင်းချ ကြောင်း ဝန်ခံပြောဆိုသည်။ မြန်မာစစ်တပ်အတွက် အပိုပစ္စည်းကို ဆက်လက်ပံ့ပိုးပေးနေပြီး စက်ပိုင်းဆိုင်ရာဝန်ဆောင်မှုစာချုပ်ကို ဆက်လက်ချုပ်ဆိုထားကြောင်းလည်း ပြောဆိုလိုက်သည်။ သို့ရာတွင် အခြားလက်နက်ရောင်းချမှုများ မပြုလုပ်ကြောင်း ငြင်းဆိုလိုက်သည်။ ရုရှားများကို မြန်မာစစ်ခေါင်းဆောင်များနှင့်  မိတ်ဆက်ပေးခဲ့ပြီးသည့်နောက် ညှိနှိုင်းမှုများကို သူတို့ဘာသာဆက်လက်လုပ်ဆောင်ကြခြင်းဖြစ်သည်ဟု ဆိုသည်။
‘‘သူတို့က အစိုးရတစ်ခုနဲ့ တစ်ခုအကြား တိုက်ရိုက်လုပ်ခဲ့ ကြတာပါ။ ကျွန်တော်တို့က အစည်းအဝေးခန်းထဲကိုတောင် မဝင်ရဘူး’’
ဝိကီလိခ်က ထုတ်ပြန်လိုက် သည့် ၂၀၀၇ ခုနှစ် သံတမန်ကြေး နန်းသတင်းတွင် ဦးတေဇကို ယခင်စစ်အစိုးရ၏ အတွင်းလူအဖြစ် ဖော်ပြထားသည်။ သူ့ကို ‘‘နံပါတ်၁ ခရိုနီစီးပွားရေးသမား’’ဟု ဖော်ပြထားသည်။ သူသည် စစ်အစိုးရခေါင်းဆောင်များကို ဖောဖောသီသီဧည့်ခံပြီး အမြတ်အစွန်းများသော စီးပွားရေးသဘောတူညီချက်အများစုကို ရယူခဲ့သည်ဟု ဆိုသည်။
ပါမောက္ခရှောင်တားနားက တော့ ဦးတေဇ၏ ခရိုနီသူဌေးပုံ ရိပ်မှာ ဆင်းရဲနွမ်းပါးလှသည့် စီးပွားရေးရှိသည့်နိုင်ငံတစ်ခုတွင် သူ၏ဟိတ်ဟန်ကြီးလှသည့် နေထိုင်ပုံကြောင့် ပိုကြီးသယောင်ချဲ့ကားခံထားရခြင်းဖြစ်ကြောင်းဆိုသည်။  ‘‘သူ့ရဲ့ပြိုးပြိုးပြက်ပြက်နေပုံတွေကြောင့် သူ့ကို လူဆိုးအခန်းမှာထည့်ပြလို့ သိပ်ကောင်းသွားတာပေါ့’’
 အမေရိကန်အစိုးရက အရပ်ဘက်နိုင်ငံရေးသမားများအဖြစ် ပြောင်းလဲသွားသည့် ယခင်စစ်အရာရှိများစွာကို  သူတို့၏ ပစ်မှတ်ထား ပိတ်ဆို့အရေးယူ သည့် လူပုဂ္ဂိုလ်များစာရင်းမှ ဖယ် ရှားပေးခဲ့သည်။ ယင်းအထဲတွင် သမ္မတဦးသိန်းစိန်နှင့် ၂၀၀၈ ခုနှစ် တွင် ပြုံးယန်းသို့ သွားရောက်ခဲ့ သည့် ဗိုလ်ချုပ်ဟောင်းလွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့လည်း ပါဝင် သည်။ သို့ရာတွင် ဦးတေဇနှင့် တခြားလုပ်ငန်းရှင်ကြီးများ စာရင်းတွင် ကျန်ရစ်နေသည်။ သူတို့ကို ဖက်စပ်လုပ်ကိုင်မည့်သူများအဖြစ် မြင်ထားကြသည့်  ဝင်ရောက်ရင်းနှီးမြှုပ်နှံလိုသူ အမေရိကန် စီးပွားရေးသမားအများအပြားအတွက် အတော် ပင်စိတ်ပျက်စရာဖြစ်နေသည်။
‘‘အမေရိကန်ကုမ္ပဏီအများ စုက အဲဒီစာရင်းကို ပြန်ပြီးပြင် ဆင်စေချင်တယ်။ အဲဒီလူပုဂ္ဂိုလ် တွေနဲ့ ကုမ္ပဏီတွေကို စာရင်းက ဖယ်ပေးလို့ရရင် ပယ်ဖျက်ပေးစေ ချင်ကြတယ်’’ဟု DFDL ဥပဒေ အကျိုးဆောင်အဖွဲ့မှ ရှေ့နေစီလီ ယမ်ဂရင်းလီက  ပြောဆိုလိုက် သည်။ သူက မြန်မာနိုင်ငံရှိ အမေ ရိကန်ကုန်သည်ကြီးများအသင်း ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။
ဇန်နဝါရီလလယ်တွင် ကုန် သည်ကြီးများအသင်းဝင်များက ရန်ကုန်မြို့ရှိ  ပြန်လည်မွမ်းမံပြင် ဆင်ထားသော ဗြိတိသျှခေတ် အဆောက်အအုံတစ်ခု၏ စား သောက်ဆိုင်၌ စုဝေးခဲ့ကြသည်။ ထိုနေရာတွင်  အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က သူ တို့ကို သတင်းကောင်းတချို့ပါး လိုက်သည်။ ဘဏ္ဍာရေးဝန်ကြီး ဌာနက ပစ်မှတ်ထားပိတ်ဆို့အရေးယူထားသူစာရင်းမှ တချို့ကို မကြာမီဖယ်ရှားပေးတော့မည်။ ‘‘နောက်ဆုံးအကြိမ် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ကျွန်တော်စကားပြောတော့ သူတို့က လပိုင်းလောက်ပဲလိုတော့တယ်လို့ ပြောတယ်’’
ခြောက်လကြာပြီးချိန်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ စာရင်းမှဖယ်ရှားခြင်းမရှိခဲ့။ ဝါရှင် တန်အတွင်း သတင်းများအရ ယင်းသို့ရွှေ့ဆိုင်းခြင်းသည် ဝါရှင် တန်နှင့် နေပြည်တော် နှစ်ရပ် စလုံးတွင်  နိုင်ငံရေးအပြောင်းအလဲများရှိနေ၍ဟု ဆိုသည်။ မြန်မာအစိုးရ ကတိပြုထားသည့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များနောက်ပြန်လှည့်နေသည့် အပေါ်အမေရိကန်နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေး အဖွဲ့များက အပြစ်တင်နေကြသည်။
 ‘‘ပြီးခဲ့တဲ့ ၁၈ လအတွင်း ပြုပြင်ပြောင်းလဲရေးမှာ တိုးတက်မှု နည်းနည်းလေးပဲရှိခဲ့တာကြောင့် စာရင်းထဲကနေ ဘယ်သူကိုမှပယ် ဖျက်မပေးဖို့ ပြည်တွင်းမှာ ဖိအား တွေများနေတယ်’’ဟု ဝါရှင်တန် အခြေစိုက် Project 2049 In-stitute အကြံပေးအဖွဲ့မှ ကယ် လီကူရီးက ဆိုသည်။ ယင်းအဖွဲ့ သည်အာရှ၏ လုံခြုံရေးကိစ္စရပ် များအပေါ် အဓိကလေ့လာနေ သည့်အဖွဲ့ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးကို ဆန့် ကျင်ပြီး စည်းရုံးနေသူများထဲတွင် လွှတ်တော်အမတ်ချာဘော့ လည်းပါဝင်သည်။ သူက လူနည်းစုမွတ်စလင်များကို ဖိနှိပ်နေမှုကို ရပ်တန့်ရေးမြန်မာအစိုးရအား ဖိအားများပေးရန်တောင်းဆိုသည့် မူကြမ်းကို  တင်သွင်းခဲ့သူဖြစ်သည်။
 ပစ်မှတ်ထားအရေးယူသူ လူပုဂ္ဂိုလ်များကို စာရင်းမှပယ် ဖျက်ခြင်းက  မှားယွင်းသော အဓိပ္ပာယ်  သက်ရောက်စေနိုင် သည်ဟု ချာဘော့က ဆိုသည်။ ‘‘အမေရိကန်ကုမ္ပဏီတွေက ဒီခရို နီတွေနဲ့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် စီးပွားရေး ပူးပေါင်းလုပ်မှာကို ကျွန်တော်မထောက်ခံပါဘူး’’ဟု သူက ပြောဆိုလိုက်သည်။
သို့သော်လည်း ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ပိတ်ဆို့အရေး ယူခံထားရသော လူပုဂ္ဂိုလ်များကို အမေရိကန်ဘဏ္ဍာရေးနှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အရာရှိများ က ရန်ကုန်မြို့တွင်ဖိတ်ခေါ်ပြီး တွေ့ဆုံခဲ့သည်။ ယင်းစာရင်းမှ ပယ်ဖျက်ခံရရန် မည်သို့မည်ပုံ ဆောင်ရွက်ရမည်ဆိုသည်ကို ရှင်းလင်းပြခဲ့သည်။ လိုအပ်ချက် များမှာ စစ်တပ်နှင့် ဆက်နွှယ်ပတ် သက်ခြင်းမပြုရန်၊ လုပ်ငန်းတွင် ထင်သာမြင်သာရှိစွာ ဆောင်ရွက် ရန်တို့ဖြစ်သည်။ ယင်းအချက်က ဦးတေဇတို့လိုလုပ်ငန်းရှင်သူဌေး များအတွက် ဝါရှင်တန်က အတိုက်အခံများထက်ပင်လျှင် စိန်ခေါ်မှု ကြီးမားနိုင်ပါသည်။
(Forbes magazine ပါ ဆောင်းပါးရှင် Jared Ferrie ၏ Burmese Tycoon Tay Za Under Scrutiny ဆောင်းပါးကို  မူရင်းအတိုင်း ခင်မေဇော် (ဝါရှင်တန်ဒီစီ) ဘာသာပြန်ဆိုသည်။)
7Days

ရုရှားသမ္မတ ပူတင်ရဲ့ သမီး၊ နယ်သာလန်မှာနေတဲ့ အိမ်က တိမ်းရှောင်

မလေးရှားလေကြောင်းလိုင်း MH 17 ကို ယူကရိန်းအရှေ့ဘက် ရုရှားနယ်စပ်နားမှာ ဒုံးကျည်နဲ့ ပစ်ချခဲ့တဲ့ ကိစ္စနဲ့ ပတ်သက် ပြီး ရုရှားသမ္မတ ပူတင်ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲမှုတွေ ဆက်တိုက်ထွက်ပေးလာပြီး တဲ့နောက် နယ်သာလန်နိုင်ငံက သမီးဖြစ်သူ မာရီယာ ပူတင်နာဟာ သူ့အိမ်က တိမ်းရှောင် ထွက်ပြေး သွားပြီလို့ ဆိုပါတယ်။ 

 ရုရှားသမ္မတ ပူတင်နဲ့ နယ်သာလန်မှာ နေထိုင်တဲ့ သမီး ဖြစ်သူ မာရီယာပူတင်နာ၊ ဓာတ်ပုံ- ရာဟူး
နယ်သာလန်နိုင်ငံ အမ်စတာဒမ်လေဆိပ်ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ဦးတည်ပျံသန်းသွားတဲ့ ဘိုးရင်း ၇၇၇ MH 17 လေယာဉ်ဟာ လွန်ခဲ့တဲ့ သတင်းပတ်က ရုရှားလိုလားသူ ယူကရိန်း ခွဲထွက်ရေး စစ်သွေးကြွတွေက သူတို့ ထိန်းချုပ် ထားရာဒေသမှာ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချခဲ့တယ်။ 

လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်းနဲ့ ခရီးသည် စုစုပေါင်း ၂၉၈ ဦးလုံး အသက်ဆုံးရှုံးခဲ့ရပြီး အဲဒီထဲက ဒတ်ခ်ျ လူမျိုး စုစုပေါင်း ၁၉၃ ဦး ပါဝင်ပါတယ်။ 

အဲဒီ ဒတ်ခ်ျတွေရဲ့ အလောင်းတွေကို ဘယ်သူ၊ ဘယ်ဝါ စစ်ဆေးတဲ့ နေရာဖြစ်တဲ့ Hilversum က မြို့တော် ဝန်က ရေဒီယို အင်တာဗျူးတခုမှာ ခရီးသည်တင်လေယာဉ်ကို ပစ်ချဖို့ မစ်ဇိုင်း ဒုံးကျည်ကို အသုံးပြုဖို့ ကျွမ်းကျင်သူတွေ ရုရှားသမ္မတ ပူတင်က အထောက်အပံ့ လုပ်ထားတာကြောင့် နယ်သာလန်နိုင်ငံမှာ
နေ ထိုင်နေသူ မာရီယာပူတင်နာကိုလည်း နိုင်ငံက နှင်ထုတ်သင့်တယ်လို့ မှတ်ချက် ထည့်ပြောပါတယ်။ 

 နောက်ပိုင်းတော့ သူပြောခဲ့တဲ့ စကားဟာ အမြော်အမြင်နည်းပါးတဲ့ စကားလုံး သုံးနှုန်းမိတာကြောင့် တွစ်တာကတဆင့် တောင်းပန်းစကား ဆိုခဲ့ပါတယ်။ 

သူ့ခံစားချက်ကို ရှေ့တန်းတင်လွန်းပြီး အရမ်းကို စိတ်ထိခိုက်ချိန်မှာ ပြောမိလိုက်တာတာ ဖြစ်ပေမယ့် 
တော်တော်များများက ဒီစကားကို မှတ်မိနေကြမှာပါဘဲလို့ ရာဟူး သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 

ရုရှားသမ္မတ ပူတင်ရဲ့ သမီး ဖြစ်သူ မာရီယာပူတင်နာရဲ့ သမီးနေထိုင်ရာ နယ်သာလန်က အိမ်လိပ်စာကို ယူကရိန်း ဝက် ဆိုက် တခုက လူသိရှင်ကြား ထုတ်ရေးပြီးတဲ့နောက် “ သဟိတ်ဂ်” The Hague မြို့နားက Voorschoten ရွာမှာရှိတဲ့ သူ့အိမ်ကနေ ထွက်ပြေးတိမ်းရှောင်သွားပြီလို့ သိရပါတယ်။ 

လက်ရှိမှာ မာရီယာ ဘယ်မှာနေထိုင်နေတယ်ဆိုတာတော့ မသိရသေးပါဘူးတဲ့။ မာရီယာပူတင်နာက သူ့ချစ်သူ ဒတ်ခ်ျ လူမျိုး Jorrit Faassen နဲ့ မနှစ်ကတည်းက နယ်သာလန်မှာ နေထိုင်နေတာပါ။ 

မာရီယာပူတင်နာကလည်း သူ့အမ ဖြစ်သူ Yekaterina လိုပဲ လူမြင်ကွင်းကို ထွက်တာ အလွန်နည်းတယ်လို့ ရာဟူးသတင်းက ဆိုပါတယ်။ 

တဖက်မှာလည်း လေယာဉ်ပစ်ချခံရမှုကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ရုရှားဘက်ကတော့ ယူကရိန်းဘက် က အပစ်တင်စွပ်စွဲနေလို ဒီလေယာဉ်ပျက်ကျမှုမှာ ဘယ်လိုမှ ပါဝင်ပတ်သက်မှု မရှိဘူး လို့ ငြင်းဆိုထားပါတယ်။ 

လေယာဉ်နဲ့ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေမှာတော့ လေယာဉ်အပျက်အစီးမှာ စက်သေနတ် ကျည်ပေါက်ရာမျိုးတွေ အများကြီးတွေ့ရပြီး နောက်ထပ်လည်း အလောင်းတွေထပ်တွေ့တယ်လို့ ဆိုပါ တယ်။ 

အိမ့်သံစဉ် ~ 




မန်ယူပရိတ်သတ် ဦးရဲထွဋ်နဲ့ ချဲလ်ဆီးကစားသမားဟောင်း ဖရန့်လမ်းပတ်ဒ်

သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် အမေရိကန်ပြည်ထောင်စုကို ရောက်နေ တာ အွန်လိုင်းလောကသားတွေက အသိဆုံးပါ။ ဦးရဲထွဋ်ဟာ အမေရိကားမှာ သင်တန်းတခု တက်ရောက် သင်ယူနေပါတယ်။ 

 မန်ယူ ပရိသတ်တဦးဖြစ်သူ ဦးရဲထွဋ်နဲ့ အလယ်က ချဲလ်ဆီး အလယ်တန်းလူ ဖရန့်လမ်းပတ်ဒ်၊ ဓာတ်ပုံ- ဦးရဲထွဋ်ဖေ့စ်ဘုတ်

ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ ဦးရဲထွဋ်က စီအန်အန် ရုပ်သံ သတင်းဌာနကို လေ့လာရေးသွားစဉ်မှာ တချိန်က ချဲလ်ဆီး အလယ်တန်းလူ ဖရန့် လမ်းပတ်ဒ်နဲ့ တွေ့တော့ အမှတ်တရ ဓာတ်ပုံရိုက်ပြီး သူ့ရဲ့ 
ဖေ့စ်ဘုတ် မှာ တင်ထားပါတယ်။ 

ဖရန့်လမ်းပတ်ဒ်ကလည်း စီအန်အန်ကို လာတာက နယူးယောက် ဘောလုံးအသင်းကို ပြောင်းလာ ပြီးနောက် အင်တာဗျူး လာလုပ်တာလို့  ဦးရဲထွဋ်က ရေးထားတယ်။ 

မန်ယူအားပေးလေ့ ရှိတဲ့ ဦးရဲထွဋ် လည်း ချဲလ်ဆီး ကစားသမားနဲ့တွေ့စဉ်မှာ ဖရန့်လမ်းပတ်ဒ်က သူ့ကို မေး ခွန်း မေးပါသတဲ့။ 

"သူက မြန်မာနိုင်ငံမှာ ပရီမီယာလိဂ်က ဘယ်အသင်းကို ထောက်ခံသူအများဆုံးလည်း လို့ မေးလို့ မန်ယူလို့ ရှင်းပြခဲ့ပါတယ်" လို့ ဦးရဲထွဋ်က ရေးထားပါတယ်။ 


အိမ့်သံစဉ် ~ 

 

ခရီးသည် တဦး ခြိမ်းခြောက်လို့ ကနေဒါ လေယာဉ်အရေးပေါ် ဆင်းခဲ့ရ

သောကြာနေ့က ကနေဒါ နိုင်ငံ တိုရန်တိုမှာ လေယာဉ်အရေးပေါ် ဆင်းသက်ခဲ့ရမှုကြောင့် ခရီးသည်တဦး
ဖြစ်တဲ့ ကနေဒါ လူငယ် ဖမ်းဆီးခံလိုက်ပါတယ်။ သူ့ကို လေယာဉ် ပေါ်မှာ ခြိမ်းခြောက်မှုလုပ်တဲ့ ကိစ္စအတွက် လည်း တရားစွဲဆိုခံရမှာဖြစ်ပါတယ်။ 


ကနေဒါ နိုင်ငံ တိုရန်တို လေဆိပ်ကနေ ပနားမားကို ဦးတည်ပျံသန်းတဲ့ ကနေဒါ လေယာဉ် Flight 772 ပေါ် မှာ ခရီးသည် တဦးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ကနေဒါ နိုင်ငံသား အလီရှာဟီက ခြိမ်းခြောက်ခဲ့လို့ 
ဝေဟင်မှာ F 16 တိုက် လေယာဉ် ၂ စင်း က လိုက်ပါ လုံခြုံရေးယူပြီး တိုရန်တိုက Pearson လေဆိပ်ကို အရေးပေါ် ဆင်းခဲ့ရတာပါ။ 

လေယာဉ်လည်း ဆင်းလာပြီး လက်နက်ကိုင် စစ်သား ၄ ဦး ၅ ဦးလောက်က လေယာဉ် ပေါ်တက်လာပြီး အလီရှာဟီကို ဖမ်းခေါ်သွားခဲ့တယ်လို့ ခရီးသည် တဦးက ပြောတာကို ကနေဒါ သတင်းဌာနတခုဖြစ်တဲ့ စီဘီစီက ရေးထားပါတယ်။ 

အဖမ်းခံလိုက်ရတဲ့ အလီ ရှာဟီရဲ့ ဖခင်ကပြောတာမှာတော့ သူ့သားဟာ စိတ်ဝေဒနာ ခံစားနေရသူ ဖြစ် တယ်လို့ ပြောထားပါတယ်။ 

“လေယာဉ်ပေါ်မှာ ဖြစ် ပျက်ခဲ့တာအတွက် ကျနော် စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် အလီ့ မှာ အမှား မရှိခဲ့ပါဘူး။ ကျနော်ကတော့ ရဲနဲ့ ကျန်းမာရေးစနစ်ကိုပဲ အပြစ်တင်ချင်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် အတွင်း ၂၃ ကြိမ်ထက်မက ကျနော်တို့ ရဲကို ခေါ်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ သူတို့က ကျနော်တို့ကို ဘာမှ မကူညီခဲ့ဘူး။ ကျနော့်သားကိုလည်း ဘာမှ ကူညီမှု မပေးခဲ့ဘူး”လို့ အလီ ရှာဟီရဲ့ ဖခင်က ပြောပါတယ်။ 



လေယာဉ်ပေါ်ပါတဲ့ ကလေး ၂ ယောက်ရဲ့ မိခင် Sharon Ramsay က ပြောတာမှာတော့ လေယာဉ်ပေါ်ကို ရဲတွေက ဝင်စီး တော့ အရမ်းကြောက်သွားခဲ့တာတဲ့။ ရဲတွေက ခေါင်းတွေ ငုံ့၊ လက်တွေမြှောက်ထားလို့ 
အော်ပြီး သေနတ်တွေနဲ့ ဝင်လာ တော့ ကလေး ၂ ယောက်နဲ့ သူ လည်း အရမ်းကြောက်စိတ်ဖြစ်ခဲ့ရတယ် လို့ ဆိုပါတယ်။ ဖမ်းတာစီးတာ လုပ်တော့ သူလည်း ငိုနေခဲ့တယ်တဲ့။ 

အလီရှာဟီကို ဖမ်းဆီးပြီးနောက် လေယာဉ်ပေါ်မှာက ခရီးသည် ၁၈ဝ ကျော် ပါတဲ့ ကနေဒါ လေယာဉ်စီး ခရီးသည်တွေ လည်း နည်းနည်း အေးအေးဆေးဆေး ပြန်ဖြစ်သွားတဲ့အခါ ပနားမားကို အေးအေးချမ်းချမ်း ပျံသန်းသွားခဲ့ပါတယ်။ 


ဒီသတင်းမှာထူးခြားတာက လေယာဉ်ပေါ်ကို စိတ်ဝေဒနာသည်လို့ ဆိုသူကို တက်ဖမ်းစဉ်မှာ ခေါင်းတွေ ငုံ့၊ လက်တွေ မြှောက်ထားလို့ သေနတ်တွေနဲ့ ထိုးချိန်ပြီး အော်ဝင်လာတဲ့ ဗီဒီယိုကလစ်ထွက်ပေါ်လာခဲ့တာ ပါဘဲ။ 

 ခေတ်ကာလ အခြေအနေမှာ ဘယ်လောက်ပဲ ကြောက်စရာ ကောင်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါစေ လူတွေက သက်သေ အထောက်အထားဖြစ်လာစေမယ့် ရုပ်သံမှတ်တမ်းတွေကို စမတ် တယ်လီဖုန်းတွေနဲ့ အလွယ်တကူ မှတ်တမ်း လုပ်ထားနိုင်ကြတာပါဘဲ။ 
ဧရာဝတီ

သက်ဆင်ရဲ့ မွေးနေ့မှာ ယင်လတ် ဘာလက်ဆောင် ပေးခဲ့လဲ

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ၆၅ နှစ်ပြည့်မွေးနေ့ပွဲကို မနေ့ ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပခဲ့တယ်။ အဲဒီ မွေးနေ့ပွဲမှာ ညီမဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ် ရှင်နာဝပ် က အကိုဖြစ်သူကို မွေးနေ့ လက်ဆောင်ပစ္စည်း တခုပေးပါတယ်။ 

 ဓာတ်ပုံ- Khaosod
 
ယင်လတ်ရဲ့ သက်ဆင်အတွက် မွေးနေ့ လက်ဆောင်ကတော့ သက်ဆင်ရဲ့ ပုံတူ ရုပ်လုံးကြွ အနုပညာ လက်ရာပစ္စည်းတခု ဖြစ်ပါတယ်။ 

ထိုင်း လူမှု ကွန်ရက်တွေမှာတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း မောင်နှမ ၂ ဦးရဲ့ ပြုံးပျော်ရွှင်နေကြတဲ့ မြင်ကွင်း အစုံအပေါ် ဝေဖန်မှုတွေ အမျိုးမျိုး ပေးနေကြတာတွေ့ရတယ်။ 

တချို့က ပြန်လာမယ့်ပုံ မပေါ်တဲ့ မစ္စယင်လတ်လို့ မှတ်ချက်ပေးတာမျိုးလည်း ရှိသလို ပြန်လာဖို့ သေချာပါ တယ် လို့ မှတ်ချက်ပေးတာမျိုးလည်း ရှိကြတယ်။
ဧရာဝတီ

ဒုက္ခသည်များအတွက် လူ့ဂုဏ်သိက္ခာရှိတဲ့ အိမ်ပြန်ချိန်ဖြစ်စေလို


 ဒုက္ခသည်များ နေရပ်သို့ ပြန်လည်ပို့ဆောင်ရေး ဆိုတဲ့ အသံကြောင့် လက်ရှိ ကရင်လူမှု အဖွဲ့အစည်းတွေ၊ ဒုက္ခသည်တွေ အကြား မှာ ပိုမိုရိုက်ခတ်မှု ရှိလာတာကို ကြားနေရတယ်။ ကရင်လူမှုအဖွဲ့အစည်းတွေက ဒုက္ခသည်တွေ ပြန်ဖို့ အချိန်မတန်သေးဘူးလို့ ပြောဆိုနေကြသလို စခန်းအတွင်းရှိ ဒုက္ခသည်ထုတွေကလည်း အာဏာပိုင်တွေ အတင်းပြန်ပို့မှာကို စိုးရိမ်ပူပန်နေကြတယ်။

ပြီးခဲ့သော ဇူလိုင်လ ၄ရက်နေ့က မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင် ထိုင်းနိုင်ငံ လက်ရှိအာဏာ ရစစ်ခေါင်းဆောင် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်ကျန်းအိုးချား (Prayuth Chan-ocha) နဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံခဲ့ စဉ် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ခုမှာရှိနေတဲ့ မြန်မာဒုက္ခသည် တစ်သိန်းသုံးသောင်းကျော်ကို နေရပ်ရင်းသို့ပြန်နိုင် ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်းကို ပြည်တွင်းပြည်ပရှိ သတင်းမီဒီယာတွေမှာ သတင်းတွေ ထွက်ပေါ်လာတဲ့နောက် ဒုက္ခသည်တွေအတွက် ကြီးမားတဲ့ စိုးရိမ်မှုတွေ ဖြစ်လာတာ ဖြစ်ပါတယ်။

ဒုက္ခသည်ပြန်ပို့ရေးနဲ့ ပတ်သက်ပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေဟာ ဒုက္ခသည်တွေအတွက် လုံခြုံမှုမရှိသေးတဲ့အတွက် ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ပို့ဖို့ အချိန်မတန်သေးဘူးလို့ ကရင်ဒုက္ခသည်ကော်မတီ(KRC)ရဲ့ ပြောရေးဆိုခွင့်ရှိသူ နော်ဘလူး မင်းနိုက်ဇန်က ပြောတယ်။

“ကျမတို့မြင်တာက တစ်တချက်က ပြည်တွင်းမှာ မြေမြှုပ်မိုင်းတွေ အကုန် မရှင်းလင်းနိုင်သေးဘူး။ နှစ်တချက်က တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး မရသေးဘူး။ ဒါကြောင့် ဒုက္ခသည်တွေရဲ့ လုံခြုံရေးအတွက် အာမခံချက်တခုမှ မရှိသေးအတွက် ဒုက္ခ သည်တွေ ပြန်ပို့ဖို့က အချိန်မတန်သေးဘူးလို့ ပြောချင်တယ်”လို့ ပြောပါတယ်။

ကရင်ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရ မြန်မာအစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ အပစ်အခတ်ရပ်စဲရေး သဘောတူလက် မှတ်ရေးထိုးပြီးနောက် ကရင်ဒေသအတွင်းမှာ စီးပွားရေးလုပ်ငန်းတွေ အများအပြားဝင်လာပြီး မြေယာသိမ်းဆည်းမှု ပြဿနာ တွေ၊ မြေမြှုပ်မိုင်းပြဿနာတွေ ရှိနေဆဲပဲလို့ ပြောပါတယ်။

“လက်ရှိ ကရင်ဒေသတွေမှာ အစိုးရစစ်တပ်တွေရဲ့ လှုပ်ရှားမှုတွေရှိနေဆဲ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တဲ့အခြေ အနေမှာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စမှာ အစိုးရကို မေးခွန်းထုတ်စရာတခုရှိတာက နေရပ်ပြန်မယ့် ဒုက္ခသည်တွေရဲ့ လုံခြုံ ရေးအတွက် ဘယ်အတိုင်းအတာအထိ အာမခံချက်ပေးနိုင်လဲ”လို့ KHRG ရဲ့ ပြောရေးဆိုခွင့်ရှိသူ စောဝေ့လေး ပြောပါတယ်။

ဒုက္ခသည်တွေ နေရပ်ရင်းပြန်ပို့ရေး သတင်းတွေကြောင့် ကရင်လူမှုအဖွဲ့အစည်းများ စိုးရိမ်တဲ့အသံတွေ ထွက်ပေါ်လာချိန်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ထိုင်းအာဏာရ စစ်ခေါင်း ဆောင်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြား ဒုက္ခသည်အရေး ဆွေးနွေးမှုတွေဟာ သာမန်သဘောသာဖြစ်ပြီး အချိန်ကာလ အတိအကျ သတ်မှတ်ထားတာမျိုး မရှိဘူးလို့ ပြောပါတယ်။

သို့သော်လည်း ထိုသို့သတင်းတွေ ထွက်လာတာနဲ့ တချိန်တည်း ထိုင်း-မြန်မာ နယ်စပ်တ လျှောက်ရှိ ကရင်ဒုက္ခသည် ၇ခုထဲမှာ ထိုင်းအာဏာပိုင်တွေက အကြောင်းပြချက် ရှင်းရှင်းလင်းလင်း မပေးဘဲ ဒုက္ခသည်စာရင်း စစ်တမ်း ကောက်ယူမှုတွေ လုပ်ဆောင်လာတဲ့အတွက် ဒုက္ခသည်တွေရဲ့ စိုးရိမ်မှုတွေကို ပိုတိုးလာစေတဲ့ အချက်တချက်ဖြစ်လာတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေနဲ့ လက်ရှိ ကြုံတွေနေရတဲ့ အခြေအနေတွေကြောင့် ဒုက္ခသည်တွေအတွက် စဉ်းစားစရာ၊ စိုးရိမ်စ ရာတွေ ဖြစ်စေပါတယ်လို့လည်း ကရင်ဒုက္ခသည် ၇ခုအနက် အကြီးဆုံးစခန်းဖြစ်တဲ့ လူဦးရေ ၄သောင်းကျော် နေထိုင်တဲ့ မယ်လ ဒုက္ခသည်စခန်းမှ စခန်းဥက္ကဌ စောအောနက်စ်က ပြောတယ်။

“အခုချိန်မှာ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေလည်း ကျနော်တို့အတွက် ရှင်းရှင်းလင်းလင်း မဖြစ်သေးဘူး။ ကျနော်တို့ လူထုတွေကို ပြန်ပို့မယ်ဆိုရင် လုံခြုံရေး၊ နေရေးထိုင်ရေး အဆင်အပြေဘူးဆိုရင် ရှေ့ဆက် အခက်အခဲတွေ အများကြီး ကြုံရနိုင် တယ်”လို့ စောအောနက်စ်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲပြီး ကြံ့ဖွံ့အစိုးရ တက်လာတဲ့နောက်ပိုင်း ဇူလိုင်လ ၂၀၁၃ခုနှစ်မှ ဇွန်လ ၂၀၁၄ခုနှစ်အ တွင်း UNHCR က Mae Fah Luang Foundation နဲ့ပူးတွဲပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် ၂ခု အပါအ၀င် ဒုက္ခသည် ၉ခုမှာ ဒုက္ခသည်တွေရဲ့ သဘောထားစစ်တမ်းတွေ (Refugee Survey) ကောက်ယူခဲ့ပါတယ်။ ဒုက္ခသည်တွေကို ပြန်လည်နေရာ ချထားရေးအစီအစဉ်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တာဝန်ရှိသူတွေက ဇူလိုင်လ ၁၇ရက်နေ့၊ ထိုင်းနယ်စပ်တနေရာမှာ လူထုအခြေပြု ကရင်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့သဘောထားတွေကို ရှင်းလင်းပြော ကြားခဲ့ပါတယ်။

ရှင်းလင်းပွဲ တက်ရောက်ခဲ့သူတွေရဲ့ ပြောပြချက်အရ UNHCR ရဲ့ သဘောထားဟာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေမှာ ဒုက္ခသည်တွေကို နေရာပြန်လည်ချထားဖို့က အဆင်သင့်မဖြစ်သေးသလို အချိန်လည်း မတန်သေးတဲ့အပြင် ဒုက္ခသည်တွေ ပြန် ဖို့၊ မပြန်ဖို့ဆိုတာက ဒုက္ခသည်တစ်ဦးချင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်တယ်လို့ ဆိုပါတယ်။ နောက်ပြီး UNHCR အနေနဲ့ ဒုက္ခသည်တွေ ပြန်လည်အခြေချနေထိုင်ရေးနှင့် ပတ်သက်လို့ ထိုင်းအစိုးရနဲ့ဖြစ်စေ၊ မြန်မာအစိုးရနဲ့ဖြစ်စေ ပူးပေါင်း ဆောင်ရွက်မယ့် အစီအစဉ်တွေ လက်ရှိမှာ ဘာတခုမှမရှိဘူးလို့ ရှင်းလင်းပြောဆိုသွားကြောင်း လူထုအခြေပြု ကရင်လူမှုအဖွဲ့အ စည်းတွေက ပြန်လည်ပြောပြပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကာလဟာ နှစ်ပေါင်း ၆၀ကျော်လို့ ပြောဆိုလာနေပေမဲ့ နှစ်ပေါင်း ၇၀နီးလာခဲ့ပြီဖြစ်ပါတယ်။ ဒီပြည် တွင်းစစ်မီးကြောင့် လူထုတွေအနေနဲ့ ဆင်းရဲဒုက္ခမျိုးစုံ ရင်ဆိုင်ခဲ့ရပြီး ယခုလို အိမ်နီးချင်းထိုင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ် သိမ်ငယ် စွာ ခိုလှုံနေထိုင်နေရသလို ပြည်တွင်းအိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေကလည်း အများအပြား ဖြစ်လာခဲ့တာပါ။

လက်ရှိအချိန်မှာတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု တွေရယူပြီး ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ရင်း တစ်ပြည်လုံးအပစ်အခတ်ရပ်စဲနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ သို့သော်လည်း တချို့တိုင်းရင်းသားဒေသတွေဖြစ်တဲ့ သျှမ်း၊ ကချင်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေ ဆဲဖြစ်သလို ယခုဆို ကရင်ဒေသတွေမှာလည်း ရံဖန်ရံခါ ပစ်ခတ်မှုတွေ ဖြစ်ပွားလာနေပြန်ပါတယ်။

ဒီလို မတည်ငြိမ်၊ မခိုင်မာသေးတဲ့ ပဋိပက္ခ အခြေအနေတွေကြောင့် ဆင်းရဲဒုက္ခများစွာကို ကျော်ဖြတ်လာခဲ့ရတဲ့ ဒုက္ခသည်တွေ ကို နေရပ်သို့ ပြန်လည်နေရာချထားဖို့က နိုင်ငံတကာ စံချိန်စံနှုန်းနဲ့အညီ ဘေးကင်းလုံခြုံပြီး လူ့ဂုဏ်သိက္ခာရှိစွာ နေထိုင်ရေးအ တွက် အာမခံချက်ရှိတဲ့ အခြေအနေတစ်ရပ် ဖြစ်ထွန်းတည်ရှိမှသာ ဒီအစီအစဉ် လုပ်ဆောင်သွားဖို့ ကရင်လူမှုအဖွဲ့အစည်းတွေ က လိုလားနေကြပါတယ်။

(နန်းထူးစံ)
ကေအိုင်စီ - KIC News
http://www.kicnews.org