This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, December 13, 2014

အနည်းဆုံးအခကြေးငွေ အစိုးရတာဝန်ယူမသတ်မှတ်ပေး၍ အလုပ်ရှင်နှင့် လုပ်သားကြား ပြဿနာကြုံနေခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းပြော


သူရဦးရွှေမန်း စကားပြောကြားနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
အလုပ်ရှင်နှင့် အလုပ် သမားများကြား ပြဿနာဖြစ်နေ ရခြင်းမှာ အလုပ်သမားဝန်ကြီး ဌာနက အနည်းဆုံးလုပ်ခနှုန်းထား တာဝန်ယူ မသတ်မှတ်နိုင်ခြင်း ကြောင့်ဖြစ်သည်ဟု ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေ မန်းကပြောသည်။
အနည်းဆုံးလုပ်ခနှုန်းထား သတ်မှတ်ရန် အလုပ်သမားဝန် ကြီးဌာနမှ စာရင်းကောက်နေမှု သည် ၂၀၁၆ တွင် မြို့နယ် အဆင့်သို့ရောက်ရှိမည်ဖြစ်၍ လွှတ် တော်သက်တမ်း ငါးနှစ်ကုန်သွားပြီး ဘာမှ မလုပ်နိုင်မည်ကို စိုးရိမ် ကြောင်း သူရဦးရွှေမန်းက ပြော သည်။
‘‘လုပ်နေပါတယ်။ ပြောနေရုံ နဲ့ ကျွန်တော်တို့ဘက်က မကျေ နပ်နိုင်ဘူး။ အလုပ်သမားတွေ ဘက်ကလည်း မကျေနပ်နိုင်ဘူး’’ ဟု သူရဦးရွှေမန်းကပြောသည်။
အစိုးရအနေဖြင့် တာဝန်ခံ၊ တာဝန်ယူပြီး ရဲရဲဝံ့ဝံ့ဆုံးဖြတ်လုပ် ကိုင်မှသာ တိုင်းပြည်အမှန်တ ကယ်ဖွံ့ဖြိုးနိုင်မည်ဖြစ်ပြီး တာဝန် မခံရဲ၊ တာဝန်မယူရဲလျှင် ဒီနေရာ တွင်မလုပ်ဘဲ သွားလျှင်လည်း တာ ၀န်ယူပြီး ထွက်သွားသင့်ကြောင်း ၎င်းကပြောသည်။
အနည်းဆုံးလုပ်ခလစာနှုန်း ထားများသတ်မှတ်ရာတွင် အာရှ တိုက်ရှိ တိုင်းပြည်အချို့တွင် ရှစ် နှစ်အထိ ကြာမြင့်မှုများရှိပြီး လက်ရှိထိုင်းနိုင်ငံတွင်လည်း အနည်း ဆုံးလစာဘတ်သုံးရာသတ်မှတ် မှုသည် လူတိုင်းမရရှိကြောင်း အလုပ်သားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်ခလစာမသတ်မှတ်နိုင်သဖြင့် နိုင်ငံခြားလုပ်ငန်းရှင်ရင်းနှီးမြှုပ်နှံ မှုများဝင်ရောက်မှုလည်း အား နည်းနေပြီး တိကျသော နှုန်းထား မရှိခြင်းကို လုပ်ငန်းရှင်များက ထောက်ပြနေကြသည်။
‘‘အနည်းဆုံးအခကြေးငွေ မသတ်မှတ်နိုင်လို့ ဆန္ဒပြပွဲတွေ က ဆက်တိုက်ဖြစ်ပွားနေတယ်’’ ဟု စံကောင်းပီနံအိတ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် ဦး အောင်စိုးမင်းကပြောသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန်အတွက် စစ် တမ်းကောက်ယူရာတွင် ၀န်ကြီး ဌာနတစ်ခုသာမက အလုပ်သမား၊အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများပါဝင် ကောက်ခံမည်ဖြစ်ပြီး သတ်မှတ် မည့်နှုန်းထားမှာလည်း အလုပ် ရှင်၊ အလုပ်သမားလက်ခံနိုင် သော နှုန်းထားဖြစ်ရန် လိုအပ် သည်ဟုဆိုသည်။
လက်ရှိပြည်တွင်း၌ မြန်မာ နိုင်ငံသားပိုင်၊ နိုင်ငံခြားသားပိုင် နှစ်မျိုးစလုံးရှိနေသဖြင့် အားလုံး နှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဟု အလုပ်သမားညွှန်ကြားမှု ဦး စီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦး စီးမှူး ဒေါ်မို့မို့လွင်ကပြောသည်။
7days
http://7daydaily.com/story/26952#.VI0YJHvyTIU

ကွန်ဒိုဥပဒေထွက်လျှင် အိမ်ခြံမြေဈေး တက်နိုင်သော်လည်း လူနည်းစုသာ အကျိုးအမြတ်များမည်ဟု မြို့ပြပညာရှင်ပြော


အိမ်ခြံမြေဈေးကောင်းသော ရန်ကုန်မြို့မြင်ကွင်း ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ကွန်ဒိုမီနီယံ ဥပဒေအရ နိုင်ငံခြားသားများကို ကွန်ဒိုတိုက် ခန်းဝယ်ယူခွင့်ပြုပါက အိမ်ခြံမြေ ဈေးကွက် မြင့်တက်လာနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အကြံပေး မြို့ပြပညာရှင် ဒေါက်တာကျော်လတ်က ပြောသည်။
၂၀၁၅ ဇန်န၀ါရီတွင် ပြည်ထောင်စုလွှတ်တော်အတွင်း ဆွေးနွေးမည့် ကွန်ဒိုမီနီယံ ဥပဒေ၌ နိုင်ငံခြားများ ကွန်ဒိုတိုက်ခန်း ပိုင်ဆိုင်ခွင့် ရှိလာပြီး ယင်းအချက်သည် ပြည်သူလူထု အများထက် လူနည်းစုကိုသာ အကျိုးအမြတ်ဖြစ်စေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘အခုမြန်မာက ကွန်ဒိုတိုက် ခန်းတွေက စင်ကာပူထက် ဈေး က ဆယ်ဆလောက် ဈေးနည်း သေးတယ်။ နိုင်ငံခြားသားတွေ ၀ယ်ခွင့်ပြုလိုက်ရင် ဈေးတွေတဟုန် ထိုးတက်လာနိုင်တယ်’’ ဟု ဒေါက်တာကျော်လတ်က ဆိုသည်။
ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီ ပိုင်ရှင်များသည် တိုက် များ အမြန်ရောင်းထွက်ရန် နိုင်ငံခြားများကို ရောင်းချနိုင်ရန် ဥပဒေတွင် ယင်းအချက်ကို ထည့်သွင်းခြင်းဖြစ်ပြီး တိုက်ခန်းများအမြန်ရောင်းထွက်လျှင် ပြည်သူလူထုအတွက် အကျိုးရှိသည့် ဘဏ်နှင့်ချိတ်ဆက်ကာ အရစ်ကျ ရောင်းချသည့် စနစ်ကိုသာ အကောင်အထည်ဖော်သင့်ကြောင်း ၎င်းကဆက်လက်ပြောသည်။
‘‘နိုင်ငံခြားသားတွေက ကွန် ဒိုတွေကို ဈေးကြီးပေးမယ်။ ရောင်းတဲ့သူက ပြန်ရောင်းပြီးရင် နောက်ထပ်ဈေးတစ်ခုနဲ့ ၀ယ်မယ်။ ဒီလိုအဆင့်ဆင့်နဲ့ ရောင်းဝယ်မယ်ဆိုရင် နောက်ဆုံး မြို့ပေါ်ကလူတွေ မြို့ပြင်ရောက်မယ်။ အိမ်ခြံမြေနှုန်းကမြင့်သထက် မြင့်လာမယ်။ နောက်ဆုံးခံရမှာ ပြည်သူတွေပဲ’’ ဟု ၎င်းကပြောသည်။
၂၀၁၄ ဒီဇင်ဘာအ တွင်း နိုင်ငံခြားသားကို အမြဲတမ်း နေထိုင်ခွင့် စတင် လျှောက်ထားခွင့်ပြုရာ၌ယင်းနိုင်ငံခြားများအတွက် ကွန်ဒိုတိုက်ခန်းများ၌ ၀ယ်ယူနေနိုင်ရန် ဥပဒေတွင် ပြဋ္ဌာန်းပေးခြင်း ဖြစ်သည်။
‘‘လက်ရှိ နိုင်ငံခြားသားတွေ က အများကြီး ၀ယ်နိုင်ဦးမှာမဟုတ်လို့ ဈေးတက်လာဖို့ မရှိ သေးဘူး။ ဒါပေမဲ့ အများအ၀ယ် လိုက်လာရင် ဈေးကွက်သဘော အရ အိမ်ခြံမြေဈေးက တက်လာ မှာပဲ’’ဟု စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးစိုင်းခွန်နောင်က ပြောသည်။
ဈေးကွက်စီးပွားစနစ်အရ နိုင်ငံခြားသားများကို တိုက်ခန်း ပိုင်ဆိုင်ခွင့်ပေးသင့်ပြီး လက်ရှိဥပဒေတွင် ခြောက်ထပ်အမြင့်ထိသာ ခွင့်ပြုပေးထားကြောင်း ထို့ကြောင့် လက်ရှိ အိမ်ခြံမြေဈေးနှုန်းကို ထိခိုက်နိုင်ရန် မရှိသေးကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
‘‘ကွန်ဒိုတိုက်ခန်းကို နိုင်ငံ ခြားသားတွေ ၀ယ်တဲ့ ပမာဏက နောက်ငါးနှစ်အတွင်းများများ စားစား မရှိလာနိုင်ဘူး။ လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ကြို ဆိုသင့်တယ်’’ ဟု ၎င်းက ဆက် လက်ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် အမြဲတမ်း နေထိုင်ခွင့်အတွက် နိုင်ငံခြားသားများ ကွန်ဒို တိုက် ခန်းဝယ်ယူရာတွင် လိုအပ်ပါက ကန့်သတ်ချက်ထားသင့်ကြောင်း နှင့် မည်သည့် နိုင်ငံခြားသားမဆို ၀ယ်ယူခွင့်ပြုခြင်းသည် အိမ်ခြံမြေ ဈေးနှုန်းအတွက် စိုးရိမ်စရာဖြစ် ကြောင်း ဒေါက်တာကျော်လတ် က ပြောသည်။
7days
http://7daydaily.com/story/26969#.VI0YGnvyTIU

ရေကျောက်ပေါက်နေလို့ ရုပ်ရှင်ပရိုမိုးရှင်းပွဲ မတက်နိုင်တော့တဲ့ ဂျိုလီ


ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး အန်ဂျလီ နာဂျိုလီက ၎င်းတွင် ရေကျောက် များ ပေါက်နေကြောင်းနှင့် Un-broken ရုပ်ရှင်ဇာတ်ကားနှင့် ဆိုင်သော ပွဲများသို့ တက်ရောက် နိုင်လိမ့်မည်မဟုတ်ကြောင်း ဒီဇင် ဘာ ၁၂ ရက်တွင် ပြောသည်။
‘‘လာမယ့် ရက်ပိုင်းအတွင်း မှာပြုလုပ်မယ့် Unbroken ရုပ်ရှင် ဇာတ်ကားနဲ့ဆိုင်တဲ့ ပွဲတွေကို မတက်ရောက်ဖြစ်တော့တဲ့ အ ကြောင်းရင်းကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ကျွန်မ ရေကျောက်တွေ ပေါက်နေတာ ကို မနေ့ညက သတိထားမိလို့ပါ ပဲ။ ဒါကြောင့် ကျွန်မ အိမ်မှာပဲနေ ပြီးတော့ ရွစိရွစိနဲ့ လွမ်းနေရတော့ မှာပါ။ ဒီလိုဖြစ်တာကို မယုံနိုင် ဘူး။ ဒီဇာတ်ကားဟာ ကျွန်မအ တွက် အဓိပ္ပာယ်အများကြီးရှိ တယ်။ မယုံနိုင်သေးဘူး။ ဒါပေမဲ့ ဘ၀က ဒီလိုပါပဲ’’ ဟု ဂျိုလီက ယူ ကျု့ဘ်ဗီဒီယို၌ ပြောကြားခဲ့သည်။
ဂျိုလီသည် ၃၉ စက္ကန့်အ ကြာ၌ လက်ပြနုတ်ဆက်ပြီး ဗီဒီ ယိုအမှာစကားကို အဆုံးသတ်ခဲ့ သည်။
Unbroken ရုပ်ရှင်ဇာတ် ကားမှာ အမေရိကန်အိုလံပစ် အားကစားသမား လူးဝစ်ဇမ်ပါရီနီ ၏ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန် စစ်သုံ့ပန်းဘ၀ အခြေအနေကို အန်ဂျလီနာဂျိုလီက စီစဉ်ရိုက်ကူး ထုတ်လုပ်ထားခြင်းဖြစ်သည်။
ယင်းဇာတ်ကားကို ဒီဇင်ဘာ ၁၅ ရက်တွင် ရုပ်ရှင်ရုံများ၌ ပြသ မည်ဖြစ်သည်။
သို့ရာတွင် ယင်းဇာတ်ကား ဒါရိုက်တာနှင့် စီစဉ်ထုတ်လုပ်သူ ဖြစ်သော ဂျိုလီမှာ ရေကျောက် များ ပေါက်နေ၍ ဇာတ်ကားဆိုင် ရာပွဲများသို့ တက်ရောက်နိုင်လိမ့် မည် မဟုတ်ပေ။ 
 Ref: Reuters

လီဗာပူးနှင့်ပွဲ ဒီမာရီယာလွဲချော်မည်ဖြစ်သော်လည်း မန်ယူဒဏ်ရာရသူအချို့ ကောင်းမွန်လာ


လန်ဒန်− ယနေ့တွေ့ဆုံမည့် လီဗာပူး နှင့်ပွဲကို မန်ယူက စံချိန်တင်ကြေးဖြင့် ခေါ်ယူထားသည့် တိုက်စစ်ကစားသ မား ဒီမာရီယာ လွဲချော်မည်ဖြစ်သော် လည်း ဒဏ်ရာရကစားသမားများ လျော့နည်းလာပြီဟု မန်ယူနည်းပြ ဗန်
ဂါးလ်က ပြောသည်။
ရီးရဲလ်မက်ဒရစ်မှ ဗြိတိန်စံချိန် တင်ကြေး ပေါင် ၅၉ ဒသမ ၇ သန်းဖြင့်ခေါ်ယူထားသည့် အာဂျင်တီးနားလက် ရွေးစင် ဒီမာရီယာသည် တံကောက် ကြောဒဏ်ရာ မသက်သာသေးသဖြင့် သုံးပွဲဆက်တိုက် ပါဝင်ကစားနိုင်ဦး မည် မဟုတ်ပေ။
ပရီးမီးယားလိဂ်ဖလား အကြိမ် (၂၀) ရဖူးသည့် မန်ယူအသင်းတွင် နောက်ခံကစားသမားများဖြစ်သည့် လုခ်ရှောနှင့် စမောလင်းတို့အပြင် ကွင်းလယ်လူဘလိုင်းလည်း ပါဝင်နိုင် မည်မဟုတ်ပေ။
သို့သော် ကစားသမား ၁၂ ဦးအ ထိ ပါဝင်မကစားနိုင်သည့်အချိန်ကို ဖြတ်သန်းခဲ့ရပြီးနောက် ဒဏ်ရာရ ကစားသမား များပြားမှုပြဿနာ အ ဆုံးသတ်နိုင်တော့မည်ဟု မန်ယူနည်း ပြ ဗန်ဂါးလ်က မျှော်လင့်နေသည်။
ယခုအခါ မန်ယူအသင်းတွင် ဒဏ်ရာရကစာသးမား လေးဦးသာ ကျန်ရှိတော့ကြောင်း ဗန်ဂါးလ်ကပြောသည်။
မန်ယူသည် ပရီးမီးယားလိဂ်တွင် (၁၅)ပွဲကစားပြီး ၂၈ မှတ်ဖြင့် အမှတ် ပေးဇယား တတိယနေရာတွင်ရပ် တည်နေကာ ဇယားထိပ်မှ ချယ်လ်ဆီး နှင့် ရှစ်မှတ် ကွာဟနေသေးသည်။
—Ref: Reuters

ယခုနှစ်အတွင်း ရဲဝန်ထမ်း၂၀ ဦး အရေးယူခဲ့ဟုဆို

ယခုနှစ်အတွင်း ရဲဝန်ထမ်း၂၀ ဦး အရေးယူခဲ့ဟုဆို

 မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၂၀၁၄ တစ်နှစ်လုံးတွင် ရဲမှူးအဆင့်မှ အောက်ခြေ၀န်ထမ်းအထိ ရဲဝန်ထမ်း ၂၀ ဦးကို အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
‘‘တာဝန်ပေါ့လျော့တာ၊ ကွပ်ကဲမှု အားနည်းတာ၊ စာရိတ္တ ကြောင့် အရေးယူတဲ့ အပိုင်းတွေ ရှိတယ်’’ ဟု နေပြည်တော် တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကို အောင်က ပြောသည်။
အရေးယူခံရသော ရဲဝန်ထမ်း ၂၀ ဦးမှာ ရဲမှူးအဆင့် သုံးဦး၊ ဒုရဲမှူးသုံးဦး၊ ရဲအုပ်ခြောက်ဦး၊ ဒုရဲအုပ်တစ်ဦးနှင့် အခြားအဆင့်များ ပါဝင်သည်။
ယင်းရဲဝန်ထမ်းများကို ရဲ တပ်ဖွဲ့မှ ထုတ်ပယ်ခြင်းမျိုးမရှိဘဲ ရာထူးလျှော့ချခြင်း၊ နယ်များသို့ ပြောင်းရွှေ့ခြင်းစသည့် အရေးယူ မှုများသာ ပြုလုပ်ခဲ့ကြောင်း ရဲမှူး ကြီး ကိုကိုအောင်က ဆိုသည်။
‘‘ဒီလို ရဲဝန်ထမ်းတွေကို အ ရေးယူတယ်ဆိုတာ စံပြအနေနဲ့ ကောင်းပါတယ်။ အမှန်တကယ် အပြစ်ရှိတဲ့သူတွေဖြစ်ဖို့ လိုတယ်။ ဖော်ထုတ်ပြီး အများပြည်သူရှေ့ မှာ ပွင့်ပွင့်လင်းလင်းဖြစ်ဖို့ လို သေးတယ်’’ ဟု အသက် (၆၂) နှစ်အရွယ် အငြိမ်းစား အစိုးရ၀န်ထမ်းတစ်ဦးက သုံးသပ်ပြောဆိုသည်။
အချုပ်ခန်းမီးလောင်ခြင်း၊ အချုပ်သား ထွက်ပြေးလွတ်မြောက် ခြင်း၊ ဖုန်းကတ်၊ စာရွက်စာတမ်း ဖိုးများအတွက် ငွေတောင်းခံခြင်း စသည်တို့အတွက် အရေးယူမှု များ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အကျင့်ပျက်တပ်ဖွဲ့ဝင်များ ကို အရေးယူနေသည်ဆိုသော် လည်း ပြီးခဲ့သည့် နိုဝင်ဘာလအ တွင်း ဖားကန့်မြို့အခြေစိုက် မူး ယစ်ဆေးရောင်းသူ တစ်ဦးကိုဖမ်းဆီးသည့်အမှုတွင် ဖမ်းဆီးခံရ သူနှင့် ပူးပေါင်းကျူးလွန်သည်ဆို သည့် ဒုရဲအုပ်အဆင့်ရှိ မူးယစ်ရဲ တပ်ဖွဲ့ဝင်တစ်ဦးအား အထက်အ ရာရှိများက အရေးယူခဲ့ခြင်းမရှိ ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအ၀ိုင်း မှ သတင်းရရှိသည်။
7days
http://7daydaily.com/story/26972#.VI0YB3vyTIU

တစ်ဦးချင်းကားတင်သွင်းခွင့် ပါမစ် အနည်းငယ်တင်းကျပ်


သီလ၀ါဆိပ်ကမ်းတွင် ရပ်နားထားသော ကားများ (ဓာတ်ပုံ − ကျော်ဇင်သန်း)
တစ်ဦးချင်း ကားတင် သွင်းခွင့်ပါမစ်များကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န် ကြီးဌာနက အနည်းငယ် တင်း ကျပ်လိုက်သည်။
တစ်ဦးချင်း ကားသွင်းကုန် ပါမစ်များနှင့်ပတ်သက်၍ ကား များ ဆိပ်ကမ်းသို့ ရောက်ရှိပြီးမှ ပါမစ်လျှောက်ထားခြင်းကို ၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှစ၍ ခွင့်မပြု တော့ကြောင်း စီး/ကူးဝန်ကြီးဌာန က ဒီဇင်ဘာ ၉ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယခင်ကမူ တစ်ဦးချင်း ကား တင်သွင်းခွင့် ပါမစ်များအတွက် ကားကို ပြည်ပမှ တင်သွင်းရာတွင် ဆိပ်ကမ်းရောက်ရှိပြီးမှသာ လိုင် စင်လျှောက်ထားခြင်း ခွင့်ပြုခဲ့ သည်။အထက်ပါ သတ်မှတ်ချက် ကြောင့် သတင်းကြိုသိသူများက အရောင်းအ၀ယ်ပိုမိုပြုလုပ်လာကာ ကားပါမစ်ဈေးတက်နေသည်။ လာမည့်နှစ် ကားဈေးပါအနည်းငယ်တက်နိုင်ကြောင်း ကားပွဲစားအချို့ကပြောသည်။
‘‘ဒီလိုစည်းကမ်းထွက်မယ့် လို့ အပြင်မှာ သတင်းတွေထွက် နေကတည်းက ပါမစ်ဈေးက နှစ် ဆနီးပါးခုန်တက်နေတာ။ ဒီအ တိုင်းဆို ပါမစ်ဈေးက ဆက်တက်မယ့် အလားအလာရှိတယ်’’ ဟု ကားဝယ်ရောင်းကိုမင်းဦးကမှတ်ချက်ပြုသည်။
 လက်ရှိ  ထုတ်ပြန်ချက် ကြောင့် သတိထား လုပ်ကိုင်ရ တော့မည်ဖြစ်ကြောင်း မော်တော် ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။
‘‘လိုင်စင်မရှိဘဲ တင်သွင်း ခွင့်ကို မရှိတာ။ ဒါပေမဲ့တင်သွင်း လွယ်ကူအောင်ဖြေလျှော့ပေး ထားတာရှိတယ်။ ဒါကလိုင်စင်မဲ့ ကားတွေကို ဖြစ်ပေါ်စေတယ်။ လိုင်စင်မလျှောက်ဘဲ ဒီကလျှောက် တာရှိလာတော့ အခုလိုလုပ်တာ ပါ။ ဒါက ကားတင်သွင်းတာကို အခက်အခဲမရှိပါဘူး။ အမှန်က ဒါဖြစ်သင့်တယ်’’ ဟု Capital Automotive လီမိတက်၏ မန်နေး ဂျင်းဒါရိုက်တာ ဦးခိုင်ထွန်းက သုံး သပ်သည်။ ထိုသို့သတ်မှတ်ခြင်း ကို ကားအရောင်းစင်တာများက ကြိုက်နှစ်သက်ပြီး ပြင်ပတွင်ကား ရောင်းဝယ်သူများက မကြိုက် နှစ်သက်ပေ။
ယခုထုတ်ပြန်ချက်မှာ ကား အရောင်းစင်တာများအတွက် အခက်တွေ့မည်မဟုတ်သော်လည်း တစ်နိုင်တစ်ပိုင် ကားတင်သွင်းသူများအတွက် ခက်ခဲလိမ့်မည်ဖြစ်ပြီး တစ်နိုင်တစ်ပိုင်ကား တင်သွင်းသူများနှင့် ကားအရောင်းစင်တာများအကြား မျှတမှု ရှိစေရန် ကားအရောင်းစင်တာများ၏ စည်းကမ်းချက်ကိုလည်း တင်းကျပ်သင့်ကြောင်း တစ်ဦးချင်းကားတင်သွင်းသူများကဆိုသည်။
တစ်ဦးချင်းမော်တော်ယာဉ် သွင်းကုန်ပါမစ်ကို အနည်းငယ် ကန့်သတ်လိုက်ခြင်းမှာ ကားများ တင်သွင်းရာတွင် သွင်းကုန်ပါမစ် မရမီတင်သွင်းခြင်း၊ ပါမစ်ရရှိပြီး မှ တင်သွင်းသော်လည်း ဆိပ် ကမ်းရောက်ရှိပြီး အချိန်မီမထုတ် ယူခြင်း၊ ဆိပ်ကမ်းရောက်ရှိပြီး နောက် ပါမစ်ပြင်ဆင်လျှောက် ထားခြင်း၊ ဆိပ်ကမ်းရောက်ရှိပြီး သော်လည်း အချိန်ကြာမြင့်စွာ ထားရှိပြီး ဆိပ်ကမ်းတွင် မော် တော်ယာဉ်များ စုပုံနေခြင်းများ ကြောင့်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် လူပုဂ္ဂိုလ်တစ်ဦး ကားတင်သွင်းခွင့်ပြုသည့် သွင်း ကုန်ပါမစ်ကို သုံးလခွင့်ပြုပြီး သက်တမ်းတိုးခွင့်မပြုတော့ဘဲ ကားတင်သွင်းခွင့်ပါမစ်လျှောက်ထားရာတွင် ပြုပြင်ပြီး မော်တော်ယာဉ်များအတွက် ပြုပြင်ပြီး အဆင့်အချက် ခြောက်ချက်ပါအတိုင်း တင်သွင်းပါမည်ဟူသော ၀န်ခံကတိတင်ပြလျှောက်ထားရမည့် အချက်များကိုလည်း ထည့် သွင်းထားသည်။ သို့သော်အထက်ပါအချက် နှစ်ချက်မှာ ယခင်ကတည်းက သတ်မှတ်ထားခြင်းဖြစ်သည်။
7Days