Thursday, July 17, 2014

အမေရိကခရီးစဉ်အပြန်မှာ ပုဒ်မ ၄၃၆ပြင်ဆင်ရေး ကိုယ်တိုင်လက်မှတ်ထိုးခဲ့တဲ့ ထွန်းအိန္ဒြာဗို

7Days
 ပြည်ပဖျော်ဖြေရေးခရီး သွားနေသဖြင့် ပုဒ်မ ၄၃၆ပြင်ဆင် ရေးလက်မှတ်ထိုးခြင်းကို အဝေး ရောက်အနေဖြင့်ပါဝင်နိုင်သော် လည်း ကိုယ်တိုင်လက်မှတ်ရေး ထိုးချင်၍ ဇူလိုင် ၁၅ရက်မှသာ လက်မှတ်ထိုးဖြစ်ခဲ့သည်ဟု ထွန်း အိန္ဒြာဗိုကပြောသည်။
မြန်မာနိုင်ငံသို့ ဇူလိုင် ၁၄ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး ပုဒ်မ ၄၃၆ပြင်ဆင်ရေးအတွက် ဇူလိုင် ၁၅ရက်တွင် သွားရောက် လက်မှတ်ရေးထိုးခဲ့ကြောင်း၎င်း ကပြောသည်။
‘‘လူတစ်စု တစ်ယောက်အ တွက် လုပ်ထားတဲ့ဥပဒေတွေ ဘယ်ဟာမှ ကျွန်မတို့မကြိုက်ဘူး။ ဒီပုဒ်မကလည်း မကြိုက်တဲ့အများ ကြီးထဲမှာ အပြင်သင့်ဆုံးတစ်ခုလို့ ထင်တဲ့အတွက် ထောက်ခံသော အားဖြင့်လက်မှတ်ထိုးဖြစ်တာပါ’’ ဟု ပုဒ်မ ၄၃၆ပြင်ဆင်ရေးလက် မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍  ၎င်း၏အမြင်ကိုပြောသည်။
ထို့အပြင် အမေရိကန်ဖျော် ဖြေရေးခရီးစဉ်များတွင် ၎င်း၏ ပ ရိသတ်များက နာရေးကူညီမှုအ သင်း(ရန်ကုန်)နှင့် NLDပညာရေး ကွန်ရက်သို့ အလှူငွေများလှူဒါန်း ရန်ပေးအပ်ခဲ့၍   ယင်းနေရာ များသို့ သွားရောက်လှူဒါန်းခဲ့ ကြောင်း ထွန်းအိန္ဒြာဗိုကပြော သည်။
လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့်လာမည့် သြ ဂုတ်တွင် စတင်ရိုက်ကူးမည့်ဒါ ရိုက်တာဝိုင်း၏ ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မည်ဟု ၎င်းက ပြောသည်။
‘‘ဇာတ်လမ်းတွဲနောက်တစ် ခုတော့ ရိုက်ဖြစ်မယ်။ ကျွန်မအ ခန်းတော့ အရမ်းနည်းတယ်။ ဒါ ပေမဲ့လုပ်ခွင့်ရမယ့် နေရာတစ်ခု ကနေ သရုပ်ဆောင်ရမှာပါ။ သား ဆိုးအမေ၊ တပေပေနေရာက သ ရုပ်ဆောင်ရမှာပါ’’ဟု ၎င်းကပြော သည်။

0 comments:

Post a Comment