Sunday, July 27, 2014

ဂျေးဇီးနှင့် ဘီယွန်းစ် ဖျော်ဖြေပွဲသို့ မထင်မရှား သွားရောက်အားပေးခဲ့သည့် မစ်ချယ်လ်အိုဘားမား


အမေရိကန် သမ္မတကတော် မစ်ချယ်လ်အိုဘားမားသည် သမီးနှစ်ဦးကို ခေါ်ဆောင်ကာ ဂျေးဇီးနှင့် ဘီယွန်းစ်တို့၏ ဖျော်ဖြေပွဲသို့ မထင်မရှား သွားရောက် အားပေးခဲ့ကြောင်း သိရှိရသည်။
ချီကာဂိုတွင် ကျင်းပသော ဖျော်ဖြေပွဲတွင် မစ်ချယ်လ်နှင့် သမီးဖြစ်သူ ဆာရှာအိုဘားမားတို့၏ ပုံရိပ်ကို ပွဲကြည့်ပရိသတ် အမျိုးသမီး တစ်ဦးက အမှတ်မထင် ဓာတ်ပုံရိုက်ယူနိုင်ခဲ့သည်။ ယာဆီနီယာ ဟာရဲရာသည် သူမကိုယ်ကိုယ် Selfie ဓာတ်ပုံရိုက်ခဲ့ရာတွင် သမ္မတကတော်က နောက်ဘက်တွင် ရှိနေသည်ကို သတိပြုမိခဲ့ခြင်း ဖြစ်သည်။
မစ်ချယ်လ်သည် ဒီမိုကရက်တစ် ပါတီ၏ ရန်ပုံငွေပွဲ အစီအစဉ်တစ်ခုအရ ချီကာဂိုသို့ ရောက်ရှိနေသည်။ သူမသည် သမီးများ၏ တောင်းဆိုမှုကြောင့် ဇူလိုင်(၂၄)ရက် ညပိုင်း ဖျော်ဖြေပွဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ချီကာဂိုမှ မော်းယ်လ်တစ်ဦးဖြစ်သည့် ဟာရဲရာက နောက်ဘက်တွင် မစ်ချယ်လ်၏ပုံရိပ် ပါဝင်နေသော Selfie ဓာတ်ပုံကို Instagramတွင် လွှင့်တင် ဝေမျှခဲ့သည်။
ဂျေးဇီးနှင့် ဘီယွန်းစ်တို့ ဇနီးမောင်နှံမှာ သမ္မတ ဘာရတ်အိုဘားမား၏ မိသားစုများနှင့် ရင်းနှီးကြပြီး အိုဘားမား၏ ရွေးကောက်ပွဲအကြို လှုပ်ရှားမှုများတွင် နာမည်ကျော် ဂီတမောင်နှံက တက်တက်ကြွကြွ ကူညီခဲ့ကြဖူးသည်။
_Ref: Dailymail

0 comments:

Post a Comment