Thursday, July 17, 2014

ကျောက်စိမ်းလုပ်ကွက်များ လုပ်ကိုင်ခွင့်သက်တမ်းကို ရပ်နားခဲ့သည့် ကာလအတိုင်း တိုးမြှင့်ပေးမည်

7Days
ကျောက်စိမ်းအဓိကထွက်ရာ ဖားကန့်ဒေသကို တွေ့ရစဉ် (ဓာတ်ပုံ − မရန်)
 ကချင်ပြည်နယ်တွင် ဩဂုတ်လမှစတင်၍ ကျောက် စိမ်း တူးဖော်ခွင့် ပြန်လည်ခွင့်ပြုတော့မည် ဆိုခြင်းကြောင့် ကျောက်စိမ်းလုပ်ကွက်များ ရပ် နားထားရသည့်ကာလအတိုင်း သက်တမ်းပြန်လည်တိုးမြှင့်ပေး သွားမည်ဖြစ်ကြောင်း ကျောက် မျက်ရတနာလုပ်ကွက်များ ခွင့်ပြု မိန့်ချထားရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ သတင်းရရှိသည်။
၂၀၁၂ ခုနှစ် မေလ ၃၁ ရက်မှ စတင်ရပ်နားခဲ့သော ကျောက်စိမ်းလုပ်ကွက်များ ရပ်နားထားရသည့် ကာလကို ပြန်လည်တွက်ချက်ကာ လုပ်ကွက်များ၏ ကာလကိုပြန်လည်တိုးမြှင့်ပေးရန် စီစဉ်ခြင်းဖြစ်သည်။
လုံးခင်၊ ဖားကန့်၊ မော်လူး၊ မော်ဟန်၊ ခန္တီးရတနာနယ်မြေတို့ တွင် ရပ်နားထားရသည့် ကျောက် စိမ်းတူးဖော်ရေး လုပ်ကွက်များ တွင် လုပ်ကိုင်နေသည့် ကုမ္ပဏီ များအနေဖြင့် ခွင့်ပြုမိန့်ကတ်များ ဖြင့် မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းသို့ လာရောက်လျှောက် ထားနိုင်ပြီး သက်တမ်းတိုးနိုင်မည့် ကာလကို ဌာနနှင့်ညှိနှိုင်းရမည်ဖြစ်ကြောင်း သိရသည်။
တရုတ်၏ အဓိကကျောက် စိမ်းဈေးကွက်ရှိရာ မြန်မာနိုင်ငံ တွင် အစိုးရနှင့် ကချင်လွတ် မြောက်ရေး တပ်မတော်တို့ ဖြစ် ပွားနေသော တိုက်ပွဲများကြောင့် ကျောက်စိမ်းလုပ်ကွက်အကြီးစား များ ရပ်တန့်ထားရသည်မှာ ၂ နှစ် ကျော်နေပြီဖြစ်ကာ ယခုအခါ လုပ်ငန်းများ ပြန်လည်စတင်ရန် အတွက် စက်ယန္တရား၊ လုပ်သား လိုအပ်ချက်များကို စတင်စု ဆောင်းနေပြီဖြစ်ကြောင်း မြစ် ကြီးနားကျောက်မျက်ရတနာလုပ် ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
လက်ရှိအချိန်တွင် ကချင် ပြည်နယ်သည် အေးချမ်းတည် ငြိမ်နေပြီး ပြည်ထောင်စုငြိမ်းချမ်း ရေးကော်မတီနှင့် ကေအိုင်အေတို့ ကြား ပဋိပက္ခများ ဖြေရှင်းနိုင်ခဲ့ သဖြင့် တိုင်းရင်းသားဒေသခံများ ၏ လူမှုဘဝအခြေအနေမြင့်မား တိုးတက်စေရန် ကျောက်စိမ်းတူး ဖော်ခွင့် ပြန်လည်ခွင့်ပြုခြင်းဖြစ် သည်ဟု ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့်ချထား ပေးရေး၊ စစ်ဆေးရေးနှင့် ကြီး ကြပ်ရေးလုပ်ငန်း ကော်မတီက ကြေညာချက် ထုတ်ပြန်ထား သည်။
ကချင်ပြည်နယ်တွင် ပုဂ္ဂလိ က ကုမ္ပဏီများအား ကျောက်စိမ်း တူးဖော်ခွင့်ကို ၂၉ လကြာ ပိတ် ထားပြီးနောက် စက်တင်ဘာမှ စတင်၍ အစိုးရက ပြန်လည်ခွင့် ပြုပေးတော့မည်ဖြစ်သည်။
ပြည်ပသို့  ကျောက်စိမ်း တရားဝင်တင်ပို့မှုမှာ တူးဖော်ခွင့် များမပိတ်မီ ၂၀၁၀-၁၁ ဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာသန်း ၂,၂၀၀ ကျော်ရှိပြီး ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် သန်း ၇၀၀ ကျော် ရှိသည်။  ယခင် ဘဏ္ဍာနှစ်က ပြည်ပသို့ ကျောက်စိမ်းကျောက် မျက်တင်ပို့မှုမှာ သန်း ၈၀၀ ကျော် ရှိကြောင်း စီးပွားကူးသန်းစာရင်း များမှ သတင်းရရှိသည်။

0 comments:

Post a Comment