This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label အနုပညာသတင်းများ. Show all posts
Showing posts with label အနုပညာသတင်းများ. Show all posts

Saturday, June 20, 2015

‘‘ကျွန်မက နှင်းဆီပါမောင်’’ရုပ်ရှင် ရုံတင်ပြီး တစ်ပတ်ခန့်အကြာတွင် အွန်လိုင်း၌ ပျံ့နှံ့လာမှုအတွက် ထုတ်လုပ်ရေးကုမ္ပဏီစုံစမ်းနေ


 ‘‘ကျွန်မက နှင်းဆီပါ မောင်’’ရုပ်ရှင် အွန်လိုင်းတွင် ပျံ့နှံ့ ခဲ့ခြင်းသည် ယင်းရုပ်ရှင်ဇာတ် ကားတစ်ကားတည်းအတွက်သာ မဟုတ်ဘဲ ရုပ်ရှင်လောကတစ်ခု လုံးနှင့် သက်ဆိုင်သည့် ကိစ္စတစ် ခုဖြစ်ကြောင်း ထားဝယ်ထုတ်လုပ် ရေးမှ ဦးစိုးသန်းက ပြောသည်။
‘‘ဒီလိုသာဖြစ်မယ်ဆိုရင် ဘယ်သူမှ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ရိုက်ရဲမှာမဟုတ်တော့ဘူး။ အ ကုန်လုံးက အွန်လိုင်းကပဲ ကြည့် ကြလိမ့်မယ်။ ဒီကိစ္စက ရုပ်ရှင် လောကတစ်ခုလုံးပျက်သွားနိုင် တဲ့ကိစ္စတစ်ခုပါ’’ဟု ဦးစိုးသန်းက ပြောသည်။
ဇွန်လ ၁၂ ရက်မှစတင်၍ ရန်ကုန်၊ မန္တလေးအပါအ၀င် မြို့ ကြီးများတွင် ‘ကျွန်မက နှင်းဆီပါ မောင်’ရုပ်ရှင်ရုံတင်ပြသခဲ့ခြင်း ဖြစ်ကာ ဇာတ်ကားရုံတင်ပြသပြီး တစ်ပတ်ခန့်အကြာတွင် အွန်လိုင်းပေါ်၌ ယင်းဇာတ်ကားကြည့်ရှုနိုင်ရန် လင့်ခ်များတက်လာခြင်း ဖြစ်သည်။အဆိုပါ လင့်ခ်စတင်သူကို စုံစမ်းနေပြီး ယင်းကိစ္စနှင့် ပတ် သက်၍ အသေးစိတ်ကို မပြောပြ နိုင်သေးကြောင်း ထုတ်လုပ်သူ ဦးစိုးသန်း (ထားဝယ်)က ပြော သည်။
ဇွန်လ ၁၈ ရက်က ‘‘ကျွန်မက နှင်းဆီပါမောင်’’ရုပ်ရှင်ဇာတ် ကားကို အပိုင်းလေးပိုင်းခွဲ၍ ကြည့်ရှု နိုင်မည့် လင့်ခ်များဖေ့စ်ဘွတ်ခ် ပေါ်တွင်  ပျံ့နှံ့ခဲ့ပြီး  မျှဝေသူများပြားခဲ့သည်။ ထို့ပြင် ဇာတ်ကား၏အရုပ်၊အသံ အရည်အသွေးမှာ ရုပ်ရှင်ရုံအတွင်း ခိုးရိုက်ထားသည်နှင့် မတူဘဲ အတွင်းလူများက ဖြန့်ဝေ ခြင်းဖြစ်နိုင်သည်ဟု ဇာတ်ကား ကြည့်ရှုသူအများစုက မှတ်ချက်ပြု ထားကြသည်။
‘‘ဖေ့စ်ဘွတ်ခ်မှာ တင်တဲ့ကိစ္စကို ကျွန်တော်တို့ကိုယ်တိုင် တရား ၀င်ခွင့်ပြုပြီး ဖြန့်ဝေတာလို့ ပြော တဲ့သူတွေလည်း ရှိပါတယ်။ အဲဒါ လည်း မဟုတ်ပါဘူး။ ရုံတင်ပြီး တစ်ပတ်အကြာမှာ အခုလိုလုပ်တာကတော့ တော်တော်အောက်တန်းကျတဲ့လုပ်ရပ်ပါ’’ဟု ဦးစိုးသန်း (ထားဝယ်)က ပြောသည်။
ယင်းဇာတ်ကားကို ရိုက်ကူး သူ ဒါရိုက်တာ ၀ိုင်းက ‘‘ဒီကားကို ကျွန်တော်တို့ တော်တော်လေး ကြိုးစားခဲ့ပါတယ်။ အထူးသဖြင့် ထားဝယ်ထုတ်လုပ်ရေးပေါ့။ ဒီ ကားကို ထိုင်းမှာသုံးခါငွေကုန် ကြေးကျများစွာခံပြီး သွားလုပ်ခဲ့ တယ်။ အသံ 5.1 Surroundind ဆိုလည်း  သိန်းခုနစ်ဆယ်ကျော်အ ကုန်ခံပြီး သွားလုပ်ခဲ့တယ်။ တ ကယ်ဆို အခုလိုလုပ်ရပ်မျိုးဟာ တိုးတက်ဖို့ ကြိုးစားနေတဲ့ ကျွန်တော်တို့အတွက် အလဲထိုးခံလိုက်ရတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ကို တိုးတက်စေချင်ရင်၊ ဆက်လက်ရှင်သန်ချင်သေးတယ်ဆိုရင် ရုပ်ရှင်ရုံတွင် အားပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဇွန်လ ၁၉ ရက်က ရေးသားထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ‘‘ကျွန်မက နှင်းဆီပါမောင်’’ရုပ်ရှင်ကို ကူးယူထားခြင်း၊ ဖေ့စ်ဘွတ်ခ်ပေါ် တွင်တင်ထားခြင်းရှိပါက ပယ် ဖျက်ပေးရန် မေတ္တာရပ်ခံထားပြီး ကွန်ပျူတာ၊ အင်တာနက် ၊  ဖုန်းစသည့် ခေတ်မီနည်းပညာများ အသုံးပြု၍    အီလက်ထရွန်နစ် ဆက်သွယ်ရေးကို တရားမ၀င် ဆောင်ရွက်ပါက အီလက်ထရွန် နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအပါအ၀င် တည်ဆဲဥပဒေ များနှင့် ထိရောက်စွာ အရေးယူ မည်ဟု ကြေညာထားသည်။
ထို့အတူ ယင်းဇာတ်ကား၏ အဓိကသရုပ်ဆောင် နေတိုးက လည်း ‘‘နှင်းဆီပါမောင်ရုပ်ရှင် ဇာတ်ကား အခုလိုတရားမ၀င် အွန်လိုင်းပေါ်ရောက်နေခြင်းဟာ မြန် မာ့ရုပ်ရှင်ပြန်လည်ရှင်သန်နိုင်ဖို့ ငွေကြေးမြောက်မြားစွာ အသုံးပြု ခဲ့တဲ့ ထုတ်လုပ်သူနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတဲ့ အနု ပညာဆိုင်ရာ ဖန်တီးသူများအား လုံးရဲ့ မြန်မာ့ရုပ်ရှင်ကို အဆင့်မီ စွာ ကြိုးစားရိုက်ကူးခွင့်ရတော့မှာ ပါလားဆိုတဲ့ စိတ်ကူးများစွာနဲ့ အတူ ပွင့်လန်းလာမယ့် နှင်းဆီ တစ်ပွင့်ကို အမြစ်ကနေ ဆွဲလှန် လိုက်သလိုပါပဲ။ ရှေ့ဆက်ရမယ့် ရုပ်ရှင်လောကအတွက် စိတ်မ ကောင်းဖြစ်မိပါတယ်။ စစ်မှန် သော အနုပညာနဲ့အတူ စစ်မှန် သော အရည်အသွေးနဲ့ ဖန်တီး ထားသော ကျွန်တော်တို့ရင်ထဲက စစ်မှန်သော စေတနာများအတွက်အစစ်အမှန်ကိုသာ အားပေးစေလိုပါတယ် ပရိသတ်ကြီးရေ’’ဟု ၎င်း ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

7daysdaily


Saturday, December 13, 2014

ရေကျောက်ပေါက်နေလို့ ရုပ်ရှင်ပရိုမိုးရှင်းပွဲ မတက်နိုင်တော့တဲ့ ဂျိုလီ


ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး အန်ဂျလီ နာဂျိုလီက ၎င်းတွင် ရေကျောက် များ ပေါက်နေကြောင်းနှင့် Un-broken ရုပ်ရှင်ဇာတ်ကားနှင့် ဆိုင်သော ပွဲများသို့ တက်ရောက် နိုင်လိမ့်မည်မဟုတ်ကြောင်း ဒီဇင် ဘာ ၁၂ ရက်တွင် ပြောသည်။
‘‘လာမယ့် ရက်ပိုင်းအတွင်း မှာပြုလုပ်မယ့် Unbroken ရုပ်ရှင် ဇာတ်ကားနဲ့ဆိုင်တဲ့ ပွဲတွေကို မတက်ရောက်ဖြစ်တော့တဲ့ အ ကြောင်းရင်းကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ကျွန်မ ရေကျောက်တွေ ပေါက်နေတာ ကို မနေ့ညက သတိထားမိလို့ပါ ပဲ။ ဒါကြောင့် ကျွန်မ အိမ်မှာပဲနေ ပြီးတော့ ရွစိရွစိနဲ့ လွမ်းနေရတော့ မှာပါ။ ဒီလိုဖြစ်တာကို မယုံနိုင် ဘူး။ ဒီဇာတ်ကားဟာ ကျွန်မအ တွက် အဓိပ္ပာယ်အများကြီးရှိ တယ်။ မယုံနိုင်သေးဘူး။ ဒါပေမဲ့ ဘ၀က ဒီလိုပါပဲ’’ ဟု ဂျိုလီက ယူ ကျု့ဘ်ဗီဒီယို၌ ပြောကြားခဲ့သည်။
ဂျိုလီသည် ၃၉ စက္ကန့်အ ကြာ၌ လက်ပြနုတ်ဆက်ပြီး ဗီဒီ ယိုအမှာစကားကို အဆုံးသတ်ခဲ့ သည်။
Unbroken ရုပ်ရှင်ဇာတ် ကားမှာ အမေရိကန်အိုလံပစ် အားကစားသမား လူးဝစ်ဇမ်ပါရီနီ ၏ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန် စစ်သုံ့ပန်းဘ၀ အခြေအနေကို အန်ဂျလီနာဂျိုလီက စီစဉ်ရိုက်ကူး ထုတ်လုပ်ထားခြင်းဖြစ်သည်။
ယင်းဇာတ်ကားကို ဒီဇင်ဘာ ၁၅ ရက်တွင် ရုပ်ရှင်ရုံများ၌ ပြသ မည်ဖြစ်သည်။
သို့ရာတွင် ယင်းဇာတ်ကား ဒါရိုက်တာနှင့် စီစဉ်ထုတ်လုပ်သူ ဖြစ်သော ဂျိုလီမှာ ရေကျောက် များ ပေါက်နေ၍ ဇာတ်ကားဆိုင် ရာပွဲများသို့ တက်ရောက်နိုင်လိမ့် မည် မဟုတ်ပေ။ 
 Ref: Reuters

Saturday, September 27, 2014

မိန်းမအစစ်နဲ့ တူသည့် မြန်မာ မိန်းမလျာတစ်ဦး နိုင်ငံတကာအလှမယ်ပြိုင်ပွဲ ၀င်ပြိုင်ခွင့်ရရှိ


 
 
 
 နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ မြန်မာ
အမျိုးသမီးလေးတွေ အကြိမ်ရေ ခပ်စိပ်စိပ်
သွားပြိုင်လာကြတဲ့ခေတ်မှာ မြန်မာမိန်းမ
လျာ တစ်ဦးကလည်း နိုင်ငံတကာအလှ
မယ်ပြိုင်ပွဲကြီးမှာ


ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ကျင်းပပြုလုပ်မယ့် Miss International Queen 2014 နိုင်ငံတကာ
မိန်းမလျာအလှမယ်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအနေနဲ့ ရွေးချယ်ခံထားရတဲ့ မိန်းမလျာအလှမယ်
ကတော့ မျိုးကိုကိုစန်း (ခေါ်) ချစ်လမင်းငယ်ပဲ ဖြစ်ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ နောက်ဆုံးပွဲစဉ် ကျင်းပမယ့် ဒီပြိုင်ပွဲကို နိုင်ငံတကာမှာရှိတဲ့ လိင်တူချစ်သူ
တွေအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်စေရေး ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံက
ဒီပြိုင်ပွဲကို မနှစ်ကမှ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မိန်းကလေးအလှမယ်ပြိုင်ပွဲတွေလို အလှအပအပြင် ပင်ကို အရည်အချင်း၊ ဗဟုသုတ
စတာတွေကိုပါ အမှတ်ပေးရွေးချယ်သွားမှာဖြစ်ပြီး သရဖူဆုအပြင် Title ဆုတွေကိုပါ ပေးသွားမှာ
ဖြစ်ပါတယ်။

သရဖူရရှိသူဟာ အမေရိကန်ဒေါ်လာ ၁၂,၅၀၀ ကို ဆုကြေးငွေအဖြစ် ရရှိမှာဖြစ်ပါတယ်။

"နိုင်ငံတကာမှာ သွားပြိုင်ကြတဲ့ မနန်းခင်ဇေယျာတို့ကို ကြည့်ပြီး အားကျလို့ Miss International
Queen Myanmar 2013 ကို ယှဉ်ပြိုင်ခဲ့တာပါ။ အဲဒီပွဲမှာ ဆုရခဲ့လို့ ထိုင်းမှာလုပ်မယ့်
Miss International Queen ကို ပြိုင်ခွင့်ရခဲ့တာပါ"လို့ အမည်ရင်း မျိုးကိုကိုစန်း ဖြစ်ပြီး
ချစ်လမင်းငယ် အဖြစ် အမျိုးသမီးနာမည်ပြောင်းလဲထားတဲ့ ပြိုင်ပွဲဝင်အလှမယ်က ဆိုပါတယ်။

Miss International Queen Myanmar 2013 ပြိုင်ပွဲကို Rainbow Organisation က
ကြီးမှူးကာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့
အခက်အခဲတွေ အများကြီးရှိခဲ့တယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်ရွေးဖို့ ပြိုင်မယ်ဆိုတော့ အိမ်ကို အသိမပေးရဲခဲ့ဘူး။ အိမ်က
မသိဘဲ လုပ်ခဲ့ရတာဆိုတော့ အ၀တ်အစား၊ ဖိနပ်ကအစ ကိုယ့်ဘာသာကိုယ် ပြင်ဆင်ခဲ့ရတယ်။
ကိုယ့်အတွက်ကလည်း ဒီပွဲက ပထမဆုံးပွဲဖြစ်လို့ အခက်အခဲတွေကတော့ အများကြီးပဲ။
သူငယ်ချင်းတွေ ကူညီလို့သာ ဒီဆုကိုရခဲ့တာပါ"လို့လည်း ပထမအဆင့် ပြည်တွင်းပြိုင်ပွဲမှာ
ဝင်ပြိုင်ဖြစ်ပုံကို ပြောပြပါတယ်။

မိန်းမလျာပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့အတွက် အဆိုးမြင်ဝေဖန်တဲ့သူတွေ ရှိပေမယ့်လည်း
အားပေးတဲ့ပရိသတ်တွေလည်း ရှိတယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"ညီမကိုတော့ မြင့်မြတ်တဲ့ယောက်ျားဘ၀ကို စွန့်လွှတ်တယ်ဆိုပြီး ဘာသာရေးအရ
အကောင်းမြင်ချင်မှ မြင်ပါလိမ့်မယ်။ ဒါပေမဲ့ ညီမအမြင်ကတော့ ကိုယ်နေထိုင်ရာ လူ့အသိုင်းအ၀ိုင်း
ကို ကောင်းကျိုးပြုမှ မြင့်မြတ်တယ်လို့ မြင်ပါတယ်။ မိန်းမ၊ ယောက်ျား၊ မိန်းမလျာလို့ ခွဲခြားမမြင်ဘဲ
ညီမတို့ ကြိုးစားနေတဲ့ လုပ်ရပ်လေးတွေကို ကြည့်ပေးမယ်ဆိုရင် ညီမက ကျေးဇူးတင်မှာပါ"လို့
ဆိုပါတယ်။

အသက် ၂၀ ရှိပြီး B-Tech (မြို့ပြ) ဘွဲ့ရရှိထားတဲ့ ချစ်လမင်းငယ်ရဲ့ ခန္ဓာကိုယ်အချိုးအစားကတော့
တင် ၃၅၊ ရင် ၃၃၊ ခါး ၂၃ နဲ့ အရပ်ကတော့ ငါးပေ၊ ခုနစ်လက်မခွဲရှိပြီး လိင်ခွဲစိတ်ပြုပြင်တာမျိုးတော့
မလုပ်ထားဘူးလို့ ပြောပြပါတယ်။

နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့အတွက် အလှအပပိုင်းအပြင်
အင်္ဂလိပ်စကားပြော အပိုင်းကိုပါ လေ့လာသင်ယူနေတယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"အရင်နှစ်က ၀င်ပြိုင်ခဲ့တဲ့ အစ်မ သန်ညာမောင်ကလည်း ကူညီပါတယ်။ ဗဟုသုတအမေးအဖြေ
အတွက် လေ့လာထားရမယ့် အပိုင်းတွေ၊ ပြီးတော့ နိုင်ငံတကာကလည်း မြန်မာနိုင်ငံကို
အရမ်းစိတ်ဝင်စားတဲ့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကအစ လေ့လာပြီး ပြင်ဆင်ထားဖို့
သူကပြောပါတယ်" မိသားစုက အစပိုင်းမှာ လုံးဝအားမပေးခဲ့ပေမယ့် အခုအချိန်မှာတော့
ပြိုင်ပွဲဝင်ဖို့အတွက် အိမ်က ခွင့်ပြုချက်ပေးလိုက်ပြီလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်လို့ အနေအထိုင်၊ အပြောအဆိုကအစ
ဆင်ခြင်နေထိုင်ပြီး ဒီပြိုင်ပွဲကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ လိင်တူချစ်သူတွေအပေါ် ထားတဲ့အမြင်ကို
ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့လည်း မိန်းမလျာအလှမယ်က ဆိုပါတယ်။

"ညီမအိမ်က ခွင့်ပြုချက်လည်း ရသွားပါပြီ။ အရင်ကဆို မိန်းမလျာတွေဆိုရင် မိတ်ကပ်လိမ်းတဲ့သူ
အနေနဲ့ပဲ မြင်ကြတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အရင်ကလောက် အထင်သေးတာမျိုးတွေ
မရှိတော့ပါဘူး။ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့တင် မဟုတ်ပါဘူး၊ လိင်တူချစ်သူ အသိုင်းအ၀ိုင်းရဲ့
ကိုယ်စားပြုလည်း ဖြစ်နေတယ်။ ညီမက မှားသွားရင် ညီမမှားတယ်လို့ မြင်မှာမဟုတ်ဘူး၊
အကုန်လုံးက ဒီအသိုင်းအ၀ိုင်းကတော့ ဒီလိုပဲလို့ ထင်သွားကြမှာ။ အဲဒီအတွက် အနေအထိုင်၊
အပြောအဆိုကအစ ညီမ ထိန်းသိမ်းပါတယ်"လို့ ဆိုပါတယ်။

Miss International Queen နိုင်ငံတကာ မိန်းမလျာအလှမယ်ပြိုင်ပွဲမှာ နိုင်ငံတကာက
ခွဲစိတ်ပြုပြင်ထားသူတွေနဲ့ ခွဲစိတ်ပြုပြင်မှု လုပ်မထားတဲ့ မိန်းမလျာတွေ ၀င်ရောက်ယှဉ်ပြိုင်နိုင်တဲ့
ခမ်းနားတဲ့ပွဲတစ်ပွဲဖြစ်ပြီး၊ အသက်ကိုတော့ ၁၈ နှစ်ကနေ ၃၆ နှစ်အတွင်းလို့ သတ်မှတ်ထားပါ
တယ်။

၂၀၁၃ ခုနှစ်မှာ ပထမဆုံး မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အလှမယ် သန်ညာမောင်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတော့ မချိတ်နိုင်ခဲ့ပါဘူး။

အဲဒီနှစ်က သရဖူကို ဆွတ်ခူးသွားတာက ဘရာဇီးလ်အလှမယ် ဖြစ်ပါတယ်။

Myanmar Times

Monday, September 22, 2014

ဂျနီဖာလောရင့်စ်နှင့် ကျော်ကြားသူအချို့ အဖော်အချွတ်ဓာတ်ပုံများ ထပ်မံဖော်ပြခံရ


 ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး ဂျနီဖာ လောရင့်စ်၏ အဖော်အချွတ် ဓာတ်ပုံသစ်များသည် စက်တင် ဘာ ၂၀ ရက်တွင် အွန်လိုင်း၌ ထပ်မံဖော်ပြခြင်းခံခဲ့ရသည်။
စက်တင်ဘာ ၂၀ ရက်တွင် အွန်လိုင်း၌ အဖော်အချွတ်ရုပ်ပုံ များဖြင့် ထပ်မံဖွင့်ချခံရသော ကျော်ကြားသူများထဲတွင် ကင် ကာဒက်ရှီယန်၊ ကိတ်အပ်တန်၊ ဗစ်တိုးရီးယားဂျက်စတစ်၊ ဟွတ် ဆိုလို၊ လီလီဆိုဘိုင်းစကီး၊ ဟေ ဒင်ပန်နက်တီးယားတို့လည်း ပါဝင်သည်။
လွန်ခဲ့သည့် သီတင်းသုံးပတ် ခန့်ကလည်း ကျော်ကြားသူအချို့ ၏ အဖော်အချွတ်ဓာတ်ပုံများ

Thursday, September 18, 2014

နည်းနည်းလေးမှ မဝေးချင်ဘူး အခွေ အောက်တိုဘာလမှာ ထွက်ရှိတော့မယ့်အကြောင်း ဖွင့်ဟလာတဲ့ အဆိုတော် နေနေ

Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေရဲ့ လက်ခံအားပေးမှု ရရှိခဲ့တဲ့ အဆိုတော်နေနေ ဟာ ဆူးစူးသူ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိခဲ့ပြီးနောက် ဒုတိယအခွေဖြစ်တဲ့ နည်းနည်းလေးမှမဝေးချင်ဘူး ကို အောက်တိုဘာမှာထွက်ရှိဖို့ ပြင်ဆင်နေပြီလို့ သိရတာကြောင့် ဒီအခွေလေးနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာတွေကတော့
လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါဦး။
လတ်တလောမှာတော့ နေနေ ခရီးသွားဖြစ်နေပါတယ်။ နယ်ရှိုးတွေ ဆိုဖြစ်တယ်။ ပြီးတော့ နေနေရဲ့ ဒုတိယစီးရီးအတွက် လုပ်နေပါတယ်။
ဒုတိယတေးစီးရီးအခွေ ပရိသတ်ကို ဘယ်တော့လောက်ချပြမလဲ။
အောက်တိုဘာမှာ ထွက်ရှိပါတော့မယ်။
ဒီအခွေလေးထဲမှာရော ဘယ်လိုဂီတအမျိုးအစားတွေ ပါဝင်ဦးမလဲ။
Countryပုံစံပါမယ်။ Popပုံစံပါမယ်။ မြူးမြူးလေးတွေ လည်းပါပါတယ်။ အစုံပေါ့နော်။
ပထမအခွေနဲ့ဒုတိယအခွေရဲ့ ကွာခြားချက်ကဘယ်လိုရှိမလဲ။
ပထမအခွေမှာက ကော်ပီသီချင်း ဆယ်ပုဒ်ထည့်ထားတယ်။ Owntune နှစ်ပုဒ်ပဲပါတယ်။ အခွေကို ပြောင်းပြန်လုပ်ပစ်လိုက်တာပေါ့။ ဒုတိယအခွေမှာ  Owntune ကဆယ်ပုဒ်၊ ကော်ပီကနှစ်ပုဒ်ထဲပါမယ်။ Owntune တောင်မှ အကောင်းဆုံးလေးတွေ ရွေးထားတာပါ။ အခွေထွက်လာရင် ပရိသတ်တွေ ကြိုက်မယ်လို့ ထင်ပါတယ်။
Owntune သီချင်းတွေဆိုရင် ပရိသတ်တော်တော်များများ အားပေးကြိုက်နှစ်သက်ကြတယ်။ အဲဒီ့တော့ နေနေရဲ့ ဒီအခွေလေးကိုရော ဘယ်လောက်မျှော်လင့်ထားပါသလဲ။
နေနေ ကိုယ်တိုင် ဒီအခွေလေး ထဲမှာ အရမ်းကြိုးစားထားပါတယ်။ Owntune တောင် ရိုးရိုးမဟုတ်ဘူး။ တကယ့်ကို Band နဲ့ စိတ်ကြိုက်ဖန်တီးထားတဲ့အတွက် နေနေ ကိုယ်တိုင်အရမ်းသဘောကျတယ်။ စိတ်တိုင်းကျတယ်ပေါ့နော်။ နေနေ စိတ်တိုင်းကျသလို၊ သဘောကျသလိုမျိုး ပရိသတ်တွေလည်း စိတ်တိုင်းကျမယ်၊ သဘောကျမယ်လို့ထင်ပါတယ်။
ညီမဖြစ်သူ ချမ်းချမ်းနဲ့တွဲပြီးအခွေလုပ်မယ်လို့ ကြားပါတယ်။ ဘယ်တော့လောက်လုပ်ဖြစ်မလဲ။
အဲဒါကကြာဦးမှာပါ။ ထွက်တော့ထွက်ချင်တယ်။ လောလောဆယ်မှာတော့ သူမအား၊ ကိုယ်မအားဖြစ်နေတာလည်း ပါပါတယ်။
ပတ္တမြားFMမှာပါတဲ့ သီချင်းတွေက တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေ ဖြစ်တယ်ဆိုတော့ နေနေ သီဆိုတဲ့အခါမှာရော ကိုယ့်အတွက် စိတ်ပူပန်ခဲ့ရတာမျိုးရှိခဲ့သေးလား။
အင်း။ ရှိတာပေါ့။ အဲဒီ့အခွေမှာပါတဲ့ သီချင်းတွေ အကုန်လုံးကလည်း အရမ်းကောင်းပါတယ်။ ဆိုထားတဲ့ Senior အဆိုရှင်တွေကလည်း သိပ်ကို တော်ပါတယ်။ လေးစားဖို့လည်း ကောင်းပါတယ်။ ပြန်ဆိုခွင့်ရတာကို အရမ်းလည်း ဝမ်းသာပါတယ်။ ကိုယ့်အရှေ့မှာ ဆိုထားတဲ့ မူရင်းအဆိုရှင်က ရှိနေတဲ့အခါကျတော့ ဆိုချင်တိုင်း ဆိုလို့မရတော့ဘူး။ သူ့ရဲ့မူရင်း ဆိုထားတာလေးကိုမှီအောင်၊ ကိုယ်ဆိုလိုက်မှပဲ ပျက်သွားတယ်ဆိုတာ မရှိရအောင် အရမ်းကို တော်တော်လေး ဂရုစိုက်ပြီး ထိန်းသိမ်းရပါတယ်။ ဒါပေမယ့် အခွေထွက်လာတော့လည်း ပရိသတ်တွေက နားထောင်ပြီး ကြိုက်တယ်လို့ ပြောကြတော့ ကျေနပ်ပါတယ်။
နေနေကရော ဘယ်တော့လောက် အိမ်ထောင်ပြုဖို့ စီစဉ်နေပြီလဲ။
နေနေအိမ်ထောင်ပြုဖို့ အစီအစဉ်ရှိပါတယ်။ နှစ်ယောက်စလုံးကလည်း မြန်မြန်နီးစပ်ချင်နေပြီပေါ့နော်။ သူလည်းသူ့အလုပ်ကို ကြိုးကြိုးစားစားနဲ့ လုပ်နေသလို နေနေလည်း ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို ကြိုးစားပြီး လုပ်နေကျပါတယ်။ ၂၀၁၅လောက် မဟုတ်ရင်တောင် ၂၀၁၆တော့ အိမ်ထောင်ပြု မှာပါ။

Sunday, September 14, 2014

အနုပညာရှင်များ၏ ဖောက်ထွင်းခိုးယူခံခဲ့ရသော ၀တ်လစ်စလစ်ပုံများကို ၀င်ရောက်ကြည့်ရှုသူဦးရေ များပြားသဖြင့် အင်တာနက်လိုင်း ပြတ်တောက်


နယူးဇီလန်နိုင်ငံအတွင်း နာမည်ကျော် အနုပညာရှင်များ၏ ဖောက်ထွင်းခိုးယူခံခဲ့ရသော ၀တ်လစ်စလစ်ပုံများကို ၀င်ရောက်ကြည့် ရှုသူဦးရေ များပြားလွန်းသောကြောင့် နိုင်ငံအတွင်း အင်တာနက်လိုင်း ပြတ်တောက်ခဲ့သည်ဟု စက်တင် ဘာလ ၇ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းဝတ်စလစ်ပုံများအတွက် အင်တာနက်တွင်ဖော်ပြထားသော ၀က်ဘ်ဆိုက်လိပ်စာသည် မှန်ကန်သော လိပ်စာမဟုတ်ပဲ ကလစ်နှိပ်ကာ ၀င်ရောက်ကြည့်ရှုသူများ၏ ကွန်ပျူတာထဲသို့ ဗိုင်းရပ်စ်ထည့်သွင်းရန် လုပ်ဆောင်ထားသော လိပ်စာဖြစ်နေခြင်းကြောင့် နိုင်ငံအတွင်း အင်တာနက်စနစ်ကို ထိခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်ကြောင့် နယူးဇီလန်နိုင်ငံ၏ အင်အားကြီးဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Spark သည် စက်တင်ဘာလ ၇ ရက်အထိ အသုံးပြုသူ ခြောက်သိန်းကျော် အသုံးပြုခဲ့ခြင်းအတွက် မနိုင်မနင်းဖြစ်ခဲ့ရသည့် အင်တာနက်စနစ် ကို ပြင်ဆင်မှု များ ပြုလုပ်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ဝတ်လစ်စလစ်ပုံများ iCloud မှ ဖောက်ထွင်းခံခဲ့ရသော အနုပညာရှင်များထဲတွင် ဂျနီဖာ လောရင့်၊ ရီဟားနားနှင့် အဆိုတော အဲဗယ်လ် လာဗင်း တို့လည်း ပါဝင်ခဲ့သည်။ ယင်းပုံများ အင်တာနက်တွင် ပျံ့နှံ့ခဲ့သည့်အချိန်တွင် Spark က အသုံးပြု သူများအနေဖြင့် မှားယွင်းသော ၀က်ဘ် ဆိုက်လိပ်စာကို နှိပ်မိသောကြောင့် နိုင်ငံတကာ ၀က်ဘ်ဆိုက်များသို့ အလွန်အမင်း ၀င်ရောက်ကြည့်ရှုမှုနှုန်း မြင့်တက်စေနိုင်သည့် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ချေ ရှိကြောင်း လူမှုကွန်ရက်စာမျက်နှာဖြစ်သော တွစ်တာမှတဆင့် သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် ကွန်ပျူတာ လုံခြုံရေး အဖွဲ့ဖြစ်သည့် Trend Micro ကလည်း အင်တာနက်ပြတ်တောက်မှု မဖြစ်ခင် အသုံးပြုသူ များကို သတိပေးခဲ့သည်။ "ဒီအချိန်မှာ naked celebrity သို့မဟုတ် အီးမေးလ်ထဲမှာ ပါဝင်တဲ့ ဖိုင်ကို နှိပ်တာ က ကောင်းမွန်တဲ့အရာမဟုတ်ပါဘူး၊ မသမာသူတွေက အကြံအစည်နဲ့ လုပ်ဆောင်တာပဲ ဖြစ်လိမ့်မယ်"ဟု ၎င်းတို့က သတင်းထုတ်ပြန်ခဲ့သည်။


နာမည်ကျော် အနုပညာရှင်များ၏ ဓါက်ပုံများ ဒီနေရာမှာ ကြည့်နိုင်ပါတယ်.....




Hacker များကြောင့် အမေရိကန် အမျိုးသမီး အနုပညာ ကြယ်ပွင့်တို့၏ အဖော်အချွတ်ဓာတ်ပုံများ ပေါက်ကြား ( ၁ )
Hacker များကြောင့် အမေရိကန် အမျိုးသမီး အနုပညာ ကြယ်ပွင့်တို့၏ အဖော်အချွတ်ဓာတ်ပုံများ ပေါက်ကြား (၂)

Tuesday, September 9, 2014

အာရှ အားကစားပြိုင်ပွဲအခမ်းအနားများမှာ ဖျော်ဖြေမယ့် PSY နဲ့ Big Bang အဖွဲ့


တောင်ကိုရီးယားထိပ်တန်းအဆိုတော်များဖြစ်သော PSY နှင့် Big Bang အဖွဲ့တို့ သည် ၂၀၁၄ အာရှအားကစားပွဲ ၌ ပါဝင်ဖျော်ဖြေကြမည်ဟု ၎င်းတို့၏ အေဂျင်စီ YG Entertain-ment က အတည်ပြုပြောကြား သည်။ ၂၀၁၄ အာရှ အားကစားပွဲကို တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၌ စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။
PSY သည် စက်တင်ဘာ ၁၉ ရက် အားကစားပွဲ ဖွင့်ပွဲအခမ်းအနား နောက်ဆုံး၌ ဖျော်ဖြေမည်ဖြစ်ပြီး Big Bang အဖွဲ့သည် အောက်တိုဘာ ၄ရက် ပိတ်ပွဲအ ခမ်းအနား နောက်ဆုံးအစီအစဉ်တွင် ဖျော်ဖြေတင် ဆက်မည်ဟုဆိုသည်။ တောင်ကိုရီးယားနိုင်ငံသည် အာရှအားကစားပွဲကို တတိယအ ကြိမ် လက်ခံကျင်းပခြင်းဖြစ်ပြီး ၁၉၈၆တွင် ဆိုးလ်မြို့နှင့် ၂၀၀၂ ခုနှစ်တွင် ဘူဆန်မြို့၌ ကျင်းပခဲ့သည်။    Ref: The Korea Herald

ချင်းမိုင်ကမြန်မာမော်ဒယ် စားပွဲထိုးဘဝကိုအဆုံးသတ်လိုက်ပြီ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က လူပြောများနေတဲ့ စားပွဲထိုးဘဝကနေ မော်ဒယ်လ်ဖြစ်လာသူ ရှမ်းပျိုမေ နန်းနွတ် ဟာ ဆန်ပီဆွက် (San Pee Seua) လို့ခေါ်တဲ့ ရပ်ကွက်က ဖွင့်ထားတဲ့ ထိုင်းရိုးရာ အစားအစာတွေ ရောင်း တဲ့ စားသောက်ဆိုင်မှာ ၅ နှစ်ကြာ စားပွဲထိုးဘဝနဲ့ လုပ်ကိုင်ခဲ့ပြီး အခုတော့   စာပွဲထိုး ဘဝက ရပ်နားလိုက်ပါပြီ။


ဓာတ်ပုံ- ဧရာဝတီ

ဒီဆိုင်မှာ စားပွဲထိုးအလုပ် လုပ်ကိုင်နေရင်းနဲ့ လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်းမှာ ဆိုင်ကို လာရောက်ကြတဲ့ ဓာတ်ပုံဆရာတွေ၊ ကြော်ငြာ ထုတ်လုပ်သူတွေက နန်းနွတ်ကို အပျော်တမ်း မော်ဒယ်လ်ဓာတ်ပုံတွေ ရိုက်ကူး ပေး တာကနေ မော်ဒယ်ဖြစ် လာခဲ့သူပါ။ 



အသက် ၂၅ နှစ် ရှိပြီဖြစ်တဲ့ နန်းနွတ်ဟာ ခုတော့ အွန်လိုင်း မော်ဒယ်လ် လောကမှာ အထိုက် အလျောက် 
နေရာရရှိထားသူ ဖြစ်ပါတယ်။ 

အခုလို နန်းနွတ် ဒီဆိုင်ကနေ ထွက်ခွါခဲ့တာဟာ သူ့အနေနဲ့ ပိုပြီးတိုးတက်မှုကို ရှာဖွေလိုတာရယ် တဘက်မှာ သူဝါသနာထုံတဲ့ မော်ဒယ်လ်လောကကို ပိုပြီးနီးစပ်တဲ့ အလုပ်မျိုး လုပ်ကိုင်လိုတာကြောင့် လွန်ခဲ့တဲ့ ၄ လ ကတည်းက ဆိုင်ရှင်ကို ထွက်ခွာခွင့် တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။ 

 “ကျမ အလုပ်ထွက်ဖို့ ဆိုင်ရှင်ကို ပြောတာကြာပြီ ရှင့်။ ဆိုင်မှာလည်း အလုပ်သမား မရှိသေးတော့ မထွက် ရဘူး။ ကျမအသက်အရွယ်နဲ့ စားပွဲထိုးအလုပ် သိပ့်မလုပ်နိုင်တော့ဘူး ရှင့်။ ပြီးတော့ ကိုယ့်အတွက် တိုး တက်ရာ တိုးတက်တဲ့ အလုပ်ကို ပိုပြီးလုပ်ချင်လို့ပေါ့ နော်။ အခုတော့ ဆိုင်မှာလည်း အလုပ်သမားတွေ ရောက် လာပြီ ဆိုတော့ မနေ့ကဘဲ ထွက်လိုက်ပါတယ် ရှင့်” လို့ နန်းနွတ်က ဧရာဝတီကို ရှင်းပြပါတယ်။

နန်းနွတ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်ထဲက ဆီဆိုင်မြို့ဇာတိဖြစ်ပြီး ၁၀ တန်း အထိ တက်ရောက်ခဲ့ပါတယ်။ 

ပညာရေး စာရိတ် ခက်ခဲတာကြောင့် သူ့အတွက် ၁၀ တန်းနဲ့ပဲ အဆုံး သတ်ခဲ့ရပြီး ဆယ်စုနှစ် ကြာ
ရေခြား မြေခြား တိုင်းတပါး နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မိခင်ဖြစ်သူကို ကူညီဖို့ ၂၀၀၆ ခုနှစ်မှာ မိခင်ရှိရာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ထွက်လာခဲ့တာပါ။

ချင်းမိုင်မြို့ကို ရောက်လာကတည်းက နန်းနွမ်းဟာ ဝင်ငွေရရှိဖို့အတွက် ဆောက်လုပ်ရေး အလုပ်ရုံတွေ၊ အိမ်အကူ အလုပ်တွေနဲ့ နှစ်အတန်ကြာ ဖြတ်သန်းလာခဲ့ရတယ်လို့် ဆိုပါတယ်။ 

အဲဒီနောက်ပိုင်း ဆန်ပီဆွက် (San Pee Seua) အရပ်က ထိုင်းရိုးရာအစားအစားတွေ ရောင်းတဲ့ စားသောက်ဆိုင်မှာ နေ့စဉ် နံနက် ၁၁ နာရီကနေ ည ၉ နာရီအထိ စားပွဲထိုး ဘဝနဲ့ ရုန်းကန်ခဲ့တာပါ။

စားပွဲထိုး မော်ဒယ်လ် လို့ ထင်ရှားနေတဲ့ ရှမ်းပျိုးမေ နန်းနွတ်ဟာ မကြာမီရက်ပိုင်းမှာ ချင်းမိုင်ခရိုင် လန်းပန်း မြို့က ကားထုတ်လုပ် ရောင်းဝယ်ရေး ကုမ္ပဏီတခုမှာ စာပွဲထိုးဘဝကနေ အရောင်းဝန်ထမ်းအဖြစ် အသွင် ပြောင်း လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။ 






ငြိမ်းဇော် ~




Thursday, August 21, 2014

မူးယစ်ဆေးဝါးမှုဖြင့် သားဖြစ်သူ အဖမ်းခံရခြင်းအတွက် ပရိသတ်ကို ဂျက်ကီချန်းတောင်းပန်


မူးယစ်ဆေးဝါးမှုဖြင့် သားဖြစ်သူ အဖမ်းခံရသည့် ကိစ္စအတွက် မိမိအနေဖြင့် ရှက်ရွံ့မိကြောင်း ဂျက်ကီချန်းက ဝန်ခံခဲ့ပြီး ပရိသတ်များကိုလည်း တောင်းပန်စကား ပြောကြားခဲ့သည်။
ကိုယ်တိုင်လည်း ဖခင်နည်းတူ သရုပ်ဆောင်တစ်ဦးဖြစ်သည့် ဂျေဆီချန်းသည် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုများဖြင့် ယခုသီတင်းပတ် အစောပိုင်းက အဖမ်းခံခဲ့ရသည်။ ယခုဖြစ်ရပ်သည် နာမည်ကျော် အက်ရှင်မင်းသား ဂျက်ကီချန်းအတွက် အကြီးအကျယ် မျက်နှာပျက်စရာ ဖြစ်လာသည်။ ၎င်းသည် (၂၀၀၉)ခုနှစ်က တရုတ်အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ သံတမန်အဖြစ် အပ်နှင်းခံထားရသူ ဖြစ်သည်။
သတင်းအချို့က အသက်(၃၁)နှစ်ရှိ ဂျေဆီသည် (၂၀၀၆)ခုနှစ်က ကတည်းက မူးယစ်ဆေး သုံးစွဲနေကြောင်း ဖော်ပြခဲ့သည်။ တရုတ် Social Media ဝက်ဘ်ဆိုက်ဖြစ်သည့် Weibo တွင် ချန်းက ပရိသတ်များထံ တောင်းပန်သည့် Post တစ်ခုကို ရေးသား လွှင့်တင်ခဲ့သည်။
“အများပြည်သူနဲ့ ဆိုင်တဲ့ အနုပညာသမား တစ်ယောက်အနေနဲ့ ကျွန်တော် ရှက်မိပါတယ်။ ဖခင်တစ်ယောက်အနေနဲ့တော့ ကျွန်တော် အရမ်းကို ဆိုးဆိုးရွားရွား နာကျင်ခံစားမိတယ်။ ကျွန်တော့်သားကို ဆုံးမဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီအတွက် ကျွန်တော်လည်းပဲ မျှဝေပြီး တာဝန်ခံထိုက်ပါတယ်။ အများပြည်သူရှေ့မှာ ကျွန်တော် လေးလေးနက်နက် တောင်းပန်ချင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ဂျေဆီသည် ဖခင်၏ နေအိမ်တွင်ပင် အဖမ်းခံရခြင်းဖြစ်ပြီး ရဲများက ၎င်းကို ဖမ်းဆီးမိချိန်တွင် ဆေးခြောက် သုံးစွဲထားကြောင်း သိရသည်။ တရုတ်တွင် ဆေးခြောက်ကို သုံးစွဲခြင်းဖြစ်စေ၊ လက်ဝယ်ရှိခြင်းဖြစ်စေ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည်။ ဂျေဆီနှင့်အတူ ထိုင်ဝမ် နာမည်ကျော်မင်းသား ကိုင်ကိုသည်လည်း မူးယစ်ဆေးဝါးမှုဖြင့် တရုတ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
_Ref: Channelnewsasia
7days

Wednesday, August 20, 2014

အလှမယ် မေမြတ်နိုး တောင်ကိုရီးယားဘာကြောင့်သွား

Miss Asia Pacific World 2014 သရဖူဆုရှင် မေမြတ်နိုးဟာပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ ညပိုင်းက ကိုရီယား နိုင်ငံကိုထွက်ခွာသွားခဲ့ပါတယ်။ သူ ရရှိထားတဲ့ ကိုရီယားနိုင်ငံမှ အနုပညာ လုပ်ပိုင်ခွင့်ရထားခဲ့တာကြောင့် အခုလို ထွက်ခွာခဲ့တာဖြစ်ပါတယ်။


ဓာတ်ပုံ- မေမြတ်နိုးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ

ကိုရီးယားနိုင်ငံမှာ K-PoP သီချင်းအစီအစဉ် တခုကို သူနဲ့အတူ အဖွဲ့ ၀င် ၄ ဦး ဖန်တီးကြရမှာဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ ကိုယ်ပိုင်ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလို အသိပေးပြောကြားခဲ့ပါတယ်။

 “ချစ်ခင်လေးစားရပါသော media ဆရာ ဆရာမများ၊ အနုပညာ ဆရာ ဆရာမများနှင့် မောင်နှမများ၊ Facebook သူငယ်ချင်းများနှင့် မြတ်နိုးရဲ့ချစ်ပရိသတ်များရှင်။ မြတ်နိုး ဒီနေ့ ညနေ ၁၁နာရီ Flight နှင့် Korea, Seoul ကို MAPI DOLLS Kpop girl group အတွက် training သွားယူပြီး အခွေလုပ် မှာ ဖြစ်ပါတယ်ရှင်။ မြတ်နိုးကို လာရောက်နှုတ်ဆက် အားပေးကြပါရှင်။ မြတ်နိုး အမိမြန်မာနိုင်ငံကြီးကို ၃ လ ခဏတာ ခွဲခွာချိန်မှာ မြတ်နိုးကို သတိရ အားပေးနေမယ်လို့ မျှော်လင့်ပါတယ်ရှင်။ မြတ်နိုး Koreaမှာ လုပ်ဆောင်မည့် အနုပညာ လုပ်ငန်းတွေကို Facebook ကနေသော်လည်းကောင်း၊ စာနယ်ဇင်း media တွေကနေ update လုပ်ပေးသွားပါမယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။” လို့ မေမြတ်နိုးက အသိပေး ရေးသားထားပါတယ်။


အိမ့်သံစဉ် ~

ခင်ဝေဖြိုးဟန်ရဲ့ Facebook

ဒီနှစ်အတွက် Miss Myanmar International ရွေးချယ်ပွဲကို တနင်္ဂနွေနေ့က ရန်ကုန်မှာ ပြုလုပ်ရာမှာ သရဖူ ရရှိသွားသူက အလှမယ် ခင်ဝေဖြိုးဟန် ဖြစ်ပါတယ်။

  • ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ

  သူ့ Facebook ရဲ့ Profile Picture အဖြစ် ဧရာဝတီက ရိုက်ကူးထားတဲ့ပုံကို တင်ထားတာ တွေ့ရမှာပါ။

သူ့  Facebook လိပ်စာက https://www.facebook.com/MaryHuang.KWPH ဖြစ်ပါတယ်။

သူ သရဖူ သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း မိတ်ဆွေများက ရေးသားကြတာတွေကို သူ့  Facebook မှာ တွေ့ရပါမယ်။

ပြိုင်ပွဲဝင်အလှမယ်တွေရဲ့ ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆုရသူများ

  • သရဖူ -  ခင်ဝေဖြိုးဟန်
  •  1st Runner Up  -  မေဘရဏီသော်  (သူက ဒီဆုအပြင် Miss Photogenic ဆုလည်း ဆွတ်ခူးသွားသူပါ)
  • 2nd Runner Up - သဒ္ဒါမရိုင်ယန်
  • Miss Beauty Health - အိနုဝေ
  • Miss Talent - သိမ့်ဟန်သော်

Saturday, August 9, 2014

လေးကြိမ်မြောက် ပြည်ပဖျော်ဖြေပွဲသွားမယ့် နီနီခင်ဇော်


ယခုနှစ်အတွင်း လေး ကြိမ်မြောက် ပြည်ပဖျော်ဖြေရေး ခရီးစဉ်အဖြစ် သြစတြေးလျနိုင်ငံ သို့ စက်တင်ဘာ ၁၂ ရက်တွင် သွားရောက်ဖျော်ဖြေမည်ဖြစ် ကြေင်း နီနီခင်ဇော်က ပြောသည်။
ယခင်က ဂီတအလုပ်များကို ဆေးကျောင်းတက်၍ လုပ် ဆောင်ခဲ့သော်လည်း ကျောင်း ပျက်မည်စိုးသည့်အတွက် ပြည်ပဖျော်ဖြေပွဲများ    လက်မခံခဲ့ဘဲ ဆေးကျောင်းပြီးသည့် ယခုနှစ်မှ သာ ပြည်ပဖျော်ဖြေရေးခရီးများ ကို လက်ခံခဲ့သည်ဟုဆိုသည်။
ယခုနှစ်အတွင်း နီနီခင်ဇော် သည် တောင်ကိုရီးယား၊ စင်ကာ ပူ၊ ဘန်ကောက် သုံးနိုင်ငံ၌ သွားရောက် ဖျော်ဖြေခဲ့ပြီး စက် တင်ဘာတွင် သြစတြေးလျနိုင်ငံ ရှိ မြန်မာပရိသတ်များကို အဆို တော် စိုးသူ၊ မိစန္ဒီတို့နှင့်အတူ သွားရောက်ဖျော်ဖြေမည် ဖြစ် သည်။
သြစတြေးလျတွင် ဆစ်ဒနီ မြို့ အပါအ၀င် မြို့ကြီးသုံးမြို့၌ ဖျော်ဖြေမည်ဖြစ်ပြီး သုံးပတ်ကြာ မည့် ခရီးစဉ်ဖြစ်ကြောင်း နီနီခင် ဇော်က ပြောသည်။
‘‘ပရိသတ်တွေအားပေးမှု ကို ကျေးဇူးအများကြီး တင်ပါတယ်။ နောက်ထပ်အားပေးမှုကို   ထပ် ပြီး လိုချင်ပါသေးတယ်’’ ဟု နီနီ ခင်ဇော်ကပြောသည်။
နီနီခင်ဇော်သည် ဒုတိယအ ခွေအတွက်လည်း စတင်စီစဉ်နေ ပြီး ပထမအခွေနှင့်မတူစေရန် ထူး ခြားစွာလုပ်ဆောင်သွားမည်ဟု ဆိုသည်။ ပရိသတ်ကြား အောင် မြင်မှုများစွာ ရရှိခဲ့သော မာရီယို ခွေကို ကွယ်လွန်သူ တေးရေး ကေအေတီက စီမံဆောင်ရွက်ပေးခဲ့ပြီး ဒုတိယခွေစီစဉ်ချိန်တွင် ဆရာဖြစ်သူ တေးရေးကေအေတီ မရှိတော့ပေ။
‘‘ဆရာသွန်သင်တဲ့ စကား လေးတွေ စိတ်ထဲမှာ အမြဲရှိပါ တယ်။ ဆရာမရှိတော့ပေမယ့် လည်း ဆရာရှိသလို ခံစားပြီး တော့ နီနီသီချင်းတွေ သွင်းသွား မှာပါ’’ ဟု နီနီခင်ဇော်က ပြော သည်။
နီနီခင်ဇော်၏ အနုပညာ လှုပ်ရှားမှုအနေဖြင့် နီနီဝင်းရွှေ ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ၊ ထူး အိမ်သင်ကွယ်လွန်ခြင်း ဆယ်နှစ် ပြည့် လွမ်းခြင်းပွဲတို့တွင် ပါဝင် ဖျော်ဖြေမည် ဖြစ်သည်။

Monday, August 4, 2014

မစ္စအင်တာနေရှင်နယ်မြန်မာပြိုင်ပွဲအတွက် ဆန်ခါတင်နှစ်ဆယ်ရွေးချယ်


ကျော်ဇင်သန်း
 သြဂုတ်လတွင်ကျင်းပ မည့် Miss International Myan-mar 2014ပြိုင်ပွဲအတွက် ဆန် ခါတင်အလှမယ် နှစ်ဆယ်ဦးကို ရွေးချယ်ကာ သြဂုတ် ၂ရက်တွင် ချက်ထရီယမ်ဟိုတယ်၌ မီဒီယာ များနှင့် မိတ်ဆက်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ဝင်ရောက်  ယှဉ်ပြိုင်လိုသည့် အလှမယ်များကို လျှောက်လွှာများခေါ်ယူခဲ့ပြီး လာရောက်လျှောက်ထားသူ ဦးရေတစ်ရာကျော်မှ ဆန်ခါတင်အလှမယ် နှစ်ဆယ်ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထိုဆန်ခါတင်အလှမယ် နှစ်ဆယ်ထဲတွင် မျက်နှာသစ်အ လှမယ်များ၊ ပြိုင်ပွဲအတွေ့အကြုံ ရှိသောအလှမယ်များအပြင် ဇူ လိုင်လက ကျင်းပခဲ့သော Miss Universe Myanmar မှ ပြိုင်ပွဲဝင် များဖြစ်သည့် ဇူးဇူးမြင့်လွင်၊ ဟေ ဇယ်အောင်အောင်၊ ဂျေနော်နှင့် အိမ့်မြတ်နိုးစသည့်အလှမယ် လေးဦးလည်းပါဝင်သည်။
‘‘အနယ်နယ်အရပ်ရပ်က အတွေ့အကြုံမရှိတဲ့သူလည်း ပါ တယ်။ ပြိုင်ပွဲမှာ အတွေ့အကြုံရှိ ကြတဲ့သူလည်းပါတယ်။ ကျွန်မ တို့ အသင်းရဲ့ ရွေးချယ်တဲ့စံချိန်အ ပေါ်မှာ မူတည်ပြီးတော့ အ ယောက်နှစ်ဆယ်ကိုရွေးသွားတာ  ဖြစ်ပါတယ်’’ဟု စီစဉ်သူဒေါ်တင် မာမြင့်ကပြောသည်။
အလှမယ်များသည်  လေ့ လာရေးခရီးအနေဖြင့် နေပြည် တော်ရှိ မိဘမဲ့ကလေးကျောင်းသို့ သွားရောက်ခြင်း၊ သဘာဝပတ် ၀န်းကျင်သန့်ရှင်းရေးအတွက် သစ်ပင်စိုက်ခြင်း၊ အမှိုက်ကောက် ခြင်းများပြုလုပ်မည့်အပြင် ပရဟိ တအလှူများလည်း ပြုလုပ်သွား မည်ဟု သိရသည်။
Talent & Model Agency မှ ဒေါ်တင်မိုးလွင်က အလှမယ်တစ် ဦးအတွက်လိုအပ်သော အသိ ပညာ၊ အချက်အလက်များကို ဆန်ခါတင်အလှမယ်နှစ်ဆယ်ဦး အား သင်ကြားပေးသွားမည်ဖြစ် သည်။
နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲကို သြဂုတ် ၁၇ရက်တွင် အမျိုးသား ကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်၍ သ ရဖူရရှိသူသည် ဆုကြေးငွေကျပ်သိန်းတစ်ရာရရှိမည်ဖြစ်ပြီး ဂျပန်နိုင်ငံတွင်ကျင်းပမည့် Miss International 2014ပြိုင်ပွဲသို့မြန်မာနိုင်ငံ   ကိုယ်စားပြုသွား ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထိုပွဲကို Myanmar Tourism Federation မှ ဦးစီးကျင်းပခြင်း ဖြစ်ပြီး ယခုပွဲသည် သုံးကြိမ် မြောက်ပြုလုပ်သောအလှမယ် ရွေးပွဲဖြစ်သည်။  ၂၀၁၂ခုနှစ်တွင်အလှ မယ်နန်းခင်ဇေယျာ၊ ၂၀၁၃ခုနှစ်တွင် အလှမယ်ဂုဏ်ရည်အေး ကျော်တို့က မစ္စအင်တာနေရှင်နယ်ပြိုင်ပွဲသို့   မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာအနုပညာရှင်တွေလည်း ကြွေခဲ့တဲ့ 2NE1


ဓာတ်ပုံ−Princess Yu's FB
 2NE1 အဖွဲ့၏ ဖျော် ဖြေပွဲကို မြန်မာကေပေါ့ပ်ပရိ သတ်များသာမက ကေပေါ့ပ် ကြိုက်သည့် အနုပညာရှင်များ လည်း အားပေးခဲ့ကြသည်။
သရုပ်ဆောင်အနုပညာရှင် များဖြစ်သည့် သက်မွန်မြင့်တို့ ဇနီး မောင်နှံ၊ ၀တ်မှုံရွှေရည်၊ နန်းဆု ရတီစိုး၊ ယုသန္တာတင်၊ သန္တာဗိုလ်တို့ လာရောက်အားပေးခဲ့ကြသလို ဂီတနယ်ပယ်မှလည်း ဟဲလေး မိသားစု၊ ကောင်းမြတ်လေး၊ လွှမ်းပိုင်၊ အားတီ၊ နီနီခင်ဇော်၊ Bobby Soxer တို့လည်း လာရောက် ကြည့်ရှုခဲ့ကြသည်။
လက်မှတ်ဈေးနှုန်းမှာ ကျပ် ကိုးသိန်းအထိ ဈေးရှိခဲ့သဖြင့် ဈေးနှုန်း ကြီးမြင့်သည်ဟု ဝေဖန်မှုများပေါ်ထွက်ခဲ့သလို ဖျော်ဖြေပွဲခန်းမအတွင်း ၀င်ခွင့်ရရှိရန် မိုးရေထဲတွင်  အချိန်အတော်ကြာစောင့် ဆိုင်းခဲ့ရသည့် အဆင်မပြေမှုများ ရှိသော်လည်း 2NE1 အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုပုံစံများ၊ ဖက်ရှင်ကျကျသွက်သွက်လက်လက်ဖြင့် သီချင်း ၁၀ပုဒ်ကျော် သီဆိုပေးခဲ့သဖြင့် ပရိသတ်များ အားရခဲ့ကြ သည်။
ဖျော်ဖြေမှုမှာ တစ်နာရီခွဲ ကျော်သာကြာမြင့်ခဲ့သော်လည်း 2NE1 ၏ ဖျော်ဖြေမှုကို ချီးကျူးသံ များ လူမှုကွန်ရက်တွင် ပျံ့နှံခဲ့ သည်။
ဖျော်ဖြေပွဲ   သွားရောက် ကြည့်ရှုခဲ့သည့် ယွန်းဝတီလွင်မိုး က 2NE1 ကို အားပေးရသော ကြောင့် အသံပင်ဝင်ခဲ့ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
2NE1 အဖွဲ့သည် ပွဲစတင် ဖျော်ဖြေသည့် အချိန်မှ ပွဲပြီးသည့် အချိန်အတွင်း ပရိသတ်များ စိတ် တိုင်းကျဖျော်ဖြေခဲ့သောကြောင့် ကျေနပ်မှုရှိကြောင်းကို အဆို တော်ဟဲလေးကလည်း ‘‘မင်းတို့ လေးတွေ ဘာကြောင့် ကမ္ဘာကျော်လဲ အခုသိသွားပြီ။ အရက်သမား စကားနဲ့ပြောရရင် တစ်စက်ကျန် အထိ အရသာရှိပေါ့။ Entertainerဆိုတာ ဒါမျိုးပဲဖြစ်ရမယ်။ တစ်နာရီခွဲက အရမ်းအဓိပ္ပာယ်ရှိတယ်’’ ဟု သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။
2NE1 အဖွဲ့ကို I Don't Care သီချင်းဆုရသည့် အချိန်က တည်းက အားပေးခဲ့ခြင်းဖြစ်ပြီး ကိုယ်တိုင်ကြိုက်သည့် အနုပညာ ရှင်များကို ပြင်ပတွင်တွေ့ခွင့်ရခဲ့ ၍ ပျော်ရွှင်ခဲ့ရကြောင်း နန်းဆုရ တီစိုးကပြောသည်။
အနုပညာရှင်အများစုက အဖွဲ့ခေါင်းဆောင် CL ကို သဘောကျကြောင်း ဖေ့စ်ဘွတ်ခ်စာမျက် နှာအသီးသီးတွင် တင်ခဲ့သလို CL ၏ ပရိသတ်တစ်ဦးဖြစ်သလို VVIP လက်မှတ်ဝယ်ယူကြည့်ရှု ခဲ့သည့် အားတီကလည်း ‘‘နိုင်ငံ တကာဖျော်ဖြေပွဲတစ်ခါမှ မကြည့်ဖူးဘူး။ 2NE1 ပွဲကို စကြည့်ဖူး တာ။ သူတိုရဲ့ ဆက်တင်တွေ မိုက်တယ်။ အဓိကက မီးနဲ့ သရီးဒီ သုံး သွားတာ အရမ်းကောင်းတယ်။ Management အရမ်းကောင်း တယ်။ သူတို့က Teamwork အရမ်းကောင်းတယ်လို့ ပြောလို့ ရတယ်။ ကျွန်တော်က သူတို့အဖွဲ့ မှာ CL ကို အရမ်းကြိုက်တယ်။ သူကပဲဦးဆောင်သွားတယ်။ ပရိ သတ်နဲ့လည်း အကုန်လုံး Link ချိတ်မိတယ်’’ဟု ဖျော်ဖြေပွဲနှင့် ပတ်သက်၍ ၎င်း၏အမြင်ကို ပြောသည်။
သရုပ်ဆောင် ယုသန္တာတင် ကလည်း ကိုယ်တိုင်ကြိုက်သည့် အနုပညာရှင်များကို ပြင်ပတွင် တွေ့ခဲ့ရသလို ၎င်းတို့၏ ဖျော်ဖြေ မှုများ၊ ဖက်ရှင်များကို ကြည့်ရှုရ ၍  သဘောကျကြောင်း   ပြော သည်။

Monday, July 28, 2014

လူအများစိတ်ဝင်စားခံရသော်လည်း အထီးကျန်မှုခံစားနေရသူ Megan Fox


 ရုပ်ရှင်သရုပ်ဆောင်နှင့် မော်လ်ဒယ် တစ်ဦးဖြစ်သူ Megan Fox က ၎င်းသည် အမြဲတမ်းလိုလို လူအများ စိတ်ဝင်စားခံရသူတစ်ဦး ဖြစ်ခဲ့သော်လည်း အထီးကျန်သလို ခံစားရပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း အသစ်ထွက်ရှိ လာသည့် လိပ်နင်ဂျာဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်ထားသူ အသက် (၂၈)နှစ်အရွယ် မင်းသမီး Megan Fox က ''ကျောင်းနေစဉ် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူဘဝကတည်းက သူငယ်ချင်းများများမရှိခဲ့ပါဘူး၊ တစ်ခါတစ်ရံ အထီးကျန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် လူထူးလူဆန်းတစ်ယောက်လိုတောင် ခံစားရပါတယ်''ဟု ဆိုသည်။

ဟောလိဝုဒ်ရုပ်ရှင်လောက၏ ဆွဲဆောင်မှုအရှိဆုံးမင်းသမီးတစ်ဦးအဖြစ် တင်စားခံရသူ သရုပ်ဆောင် Megan Fox ပါဝင်သရုပ်ဆောင် ထားသည့် Teenage Mutant Ninja Turtles ဇာတ်ကားသစ်ကို သြဂုတ် လဆန်းပိုင်းတွင် ပါရာမောင့်ရုပ်ရှင် ထုတ်လုပ်ရေးမှ ဖြန့်ချိပြသသွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးစန္ဒာမောင်
https://www.facebook.com/TheMirrorDaily

ပရိသတ်ပေးသည့်ဆုဖြင့် အရမ်းပျော်ရွှင်ခဲ့ရသည်ဟု ဇွန်သံစဉ်ပြောကြား



Written by မြင့်မြင့်စိုး
Image and video hosting by TinyPic
အလှမယ် ဇွန်သံစဉ်သည် Miss Universe Myanmar 2014 ပြိုင်ပွဲဆုကို ပရိသတ်များက ရရှိမည် အများက သုံးသပ်ကြသော်လည်း Miss Famous ဆုကိုသာရရှိခဲ့သည်။ ယင်းဆုကို ချီးမြင့်ရန်အတွက်ဆန်ခါတင် အဆင့်ဆင့် ရွေးချယ်ရာတွင် ကြည့်ရှုသူပရိသတ်များ အသည်းယားစဖွယ် ဖြစ်ခဲ့ရပြီးထင်ကြေးများဖြင့် လွဲချော်ခဲ့လေသည်။
” ပရိသတ်တွေ အားပေးမှု အများဆုံးရခဲ့တယ်။ ပရိသတ်တွေကလည်း ညီမနာမည်ကို အော်ပြီးတော့ကို အားပေးခဲ့တာ ပရိသတ်တွေ ပေးတာနဲ့တင် အရမ်းပျော်ခဲ့ရပါတယ်။ ပရိသတ်တွေပေးတဲ့ဆုနဲ့ အရမ်းပျော်ပါတယ်။ ” ဟု ဇွန်သံစဉ်က၎င်း၏ ခံစားမှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ဇွန်သံစဉ်သည် Miss Universe Myanmar 2014 ဆုကိုရရှိနိုင်ရန်ကြိုးစားခဲ့သော်လည်း လွဲချော်ခဲ့ရခြင်းနှင့် ပတ်သက်ပြီး ” အသက်အရွယ်အားဖြင့် ငယ်သေးတယ်။ အဲဒီအတွက်အတွေ့အကြုံကလည်း မရှိသေးတော့ ဆုလွဲချော်သွားတဲ့ အတွက် ပရိသတ်တွေကို အရမ်းအားနာမိတယ်။ ပရိသတ်တွေက အရမ်းမှန်းထားတယ်။ ဖြစ်စေချင် ကြတယ်။ ပရိသတ်တွေ ထင်ထားတဲ့ အတိုင်းမဖြစ်လာတော့ ပရိသတ်တွေအတွက် အရမ်းအားနာတယ်။ သနားမိတယ်။ ညီမကို ဆက်ပြီးအားပေးကြပါဦးလို့ အသက်အရွယ်အားဖြင့် ညီမကငယ်တယ်။ ငယ်တော့အတွေ့အကြုံတွေက နုနယ်လို့ လွဲချော်ခဲ့တယ်လို့ ထင်ပါတယ်။” ဟုပြောသည်။
Miss Universe Myanmar ပြိုင်ပွဲသည် ပြိုင်ပွဲကောင်းတစ်ခုဖြစ်ပြီး MissUniverse Myanmar Orgazination မှ သင်တန်းဆရာများကလည်း ပြိုင်ပွဲဝင်များကို သေချာစွာ လေ့ကျင့်သင်ကြားပေးခဲ့သည်ဟု ဇွန်သံစဉ်ကပြောသည်။ အဆိုပါရွေးချယ်ပွဲတွင် Miss Universe Myanmar ဆန်ခါတင်အလှမယ်၂ဝ ဦးထဲမှ အဆင့်ဆင့်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အကဲဖြတ်ဒိုင်လူကြီးများအဖြစ် မစ္စဆရီမန်၊ မစ္စတာဆာရောင်း၊ဒေါ်ကလျာပြည့်ဝေလျှံ၊ ဒေါက်တာအိသန္တာကျော်၊ အကယ်ဒမီရန်အောင်၊ မိုးဟေကိုတို့က ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
လက်ရှိတွင် ဇွန်သံစဉ်သည် ယဉ်ကျေးမှုတက္ကသိုလ်အတွက် ရိုက်ကူးသည့် ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်လျက်ရှိပြီး Miss Universe Myanmar ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အတွက် ဇာတ်ကားရိုက်ကူးမှုများကို
ရပ်နားထားခြင်း ဖြစ်ပြီး ဇူလိုင် ၂၈ ရက်မှ စတင်ကာ ဇာတ်ကားများ ပြန်လည်ရိုက်ကူးသွားမည်ဟု ဆိုသည်။
Mizzima
ှုImage: Irrawaddy

Sunday, July 27, 2014

မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ ပြိုင်ပွဲ ကျင်းပပြီးစီး


ယွန်းမှီမှီကျော်၊ သျှားထွဋ်အိန္ဒြာ၊ ရွှေစင်ကိုကိုတို့အား ဆုလက်ခံရယူပြီး တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ ပြိုင်ပွဲကို ဇူလိုင် ၂၆ ရက် ညက ပြုလုပ်ခဲ့ရာ ထိုင်းနိုင်ငံတွင် ကျင်းပသည့် Miss Myanmar Thailand Friendship ဆုရရှိသူ သျှားထွဋ်အိန္ဒြာကပင် မယ်စကြ ၀ဠာဆုရရှိခဲ့သည်။
မယ်စကြ၀ဠာ(မြန်မာ)ပြိုင် ပွဲကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် မိုးစက်ဝိုင်ကို ရွေးချယ်၍ ရုရှားနိုင်ငံသို့ သွားရောက်ယှဉ် ပြိုင်ဖြစ်ခဲ့သည်။
ပြိုင်ပွဲတွင် ဆုရရှိရန် ရေပန်း စားခဲ့သော ဇွန်သံစဉ်မှာ ဆန်ခါတင် ငါးဦးအထိ ပါဝင်ခဲ့သော် လည်း ဆုမရရှိခဲ့ဘဲ  Miss Healthy Skin၊ Miss Beautiful Skin နှင့် ပရိသတ်များမဲအရေအတွက်ဖြင့် ရွေးချယ်သော Miss Famous ဆုကို ရရှိခဲ့သည်။
မယ်စကြ၀ဠာဆု ကြေညာ မည့်အချိန်အထိ ပရိသတ်များက ခါးနံပါတ်(၆) ဇွန်သံစဉ်ကို အားပေးခဲ့ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိရန် ရေပန်းစားခဲ့သူတစ်ဦးဖြစ်သည့် ယွန်းမှီမှီကျော်သည်လည်း 1st Run-ner Up ဆုနှင့် Miss Body Perfect ဆုရရှိခဲ့သည်။ 2nd Runner Up ဆုကို ခါးနံပါတ်(၂) ရွှေစင်ကိုကိုက ရရှိခဲ့သည်။
မယ်စကြ၀ဠာဆုရရှိခဲ့သည့်  သျှားထွဋ်အိန္ဒြာသည် အသက် (၂၀) အရွယ်ရှိသူတစ်ဦးဖြစ်ပြီး ဒုတိယနှစ် စိတ်ပညာဘာသာရပ် တက်ရောက်နေသူ ဖြစ်သည်။  ယခုနှစ်ပြိုင်ပွဲတွင် ဖျော်ဖြေရေး အစီအစဉ်များအနေဖြင့် စည်သူ လွင်၊ နေတိုး၊ သျှီနှင့် နီနီခင်ဇော် တို့ပါဝင်ဖျော်ဖြေပေးခဲ့ပြီး မယ်စ ကြ၀ဠာ(မြန်မာ) ပြိုင်ပွဲဝင်များ ကလည်း ရိုးရာဝတ်စုံအဖြစ် ကချင်ဝတ်စုံဝတ်ဆင်၍ ကပြ ဖျော်ဖြေခဲ့သည်။


သွေးစုပ်ဖုတ်ကောင် နေတိုး


မကြာမီရုံတင်ပြသမည့် အဆုံးမဲ့အချစ် ရုပ်ရှင်ဇာတ်ကားကြီးတွင် သွေးစုပ်ဖုတ်ကောင်အဖြစ် ပထမဆုံးအကြိမ် သရုပ်ဆောင်ထားကာ ယင်းဇာတ်ရုပ်အတွက် ရာနှုန်းပြည့်ကျေနပ်မှုရှိကြောင်း နေတိုးကပြောသည်။
‘‘သွေးစုပ်ဖုတ်ကောင်ဇာတ်ရုပ်ကို ပရိသတ်တွေက နိုင်ငံခြားကားတွေမှာ မြင်ဖူးနေတာဆိုတော့ ကျွန်တ်ာတို့အတွက် စိန်ခေါ်မှုတွေရှိတယ်။ အဓိကအနေနဲ့ သွေးစုပ်ဖုတ်ကောင်ရဲ့ အစွယ်တွေ ပီပြင်မှုမရှိရင် ကျွန်တော်တို့အတွက် ဝေဖန်မှုတွေ ရှိနိုင်တယ်။ ပရိသတ်တွေမြင်ဖူးတဲ့ ဇာတ်ကောင်ဆိုတော့ ဇာတ်ရုပ်ပီပြင်မှုအပိုင်းတွေကို သေချာဂရုစိုက်ပြီး လုပ်ထားတယ်။ ကျွန်တော်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်အပေါ်မှာလည်း ရာခိုင်နှုန်းပြည့်ကျေနပ်မှုရှိသလို ကျန်တဲ့ရိုက်ကူးတဲ့ အပိုင်းမှာလည်း ရာခိုင်နှုန်းတော်တော်များများ ကျေနပ်ပါတယ်’’ဟု နေတိုးကပြောသည်။
ခေတ်နှစ်ခေတ်တွင် ပါဝင်သရုပ်ဆောင်ရခြင်းဖြစ်သောကြောင့် အ၀တ်အစားပိုင်းကို သေချာဂရုစိုက်ပြင်ဆင်ခဲ့သလို သွေးစုပ်ဖုတ်ကောင်အဖြစ် သရုပ်ဆောင်ရသောကြောင့် မိတ်ကပ်အထူးပြုလုပ်ချက်များကိုလည်း သေသေချာချာ ပြင်ဆင်ရိုက်ကူးခဲ့သည်ဟု ၎င်းကပြောသည်။
‘‘ဒီကားက Presentation ထက် Animation ကို ဦးစားပေးပြီး ရိုက်ထားတယ်။ နောက်ပြီး သွေးစုပ်ဖုတ်ကောင်ကား တော်တော်များများက Romance နဲ့ချိတ်ပြီး ရိုက်တာများတယ်။ ဒီကားမှာလည်း Romance က ၇၀ ရာခိုင်နှုန်းလောက်ပါတယ်။ ကျန်တဲ့အပိုင်းကတော့ သွေးစုပ်ဖုတ်ကောင်ရဲ့ လှုပ်ရှားမှုတွေပါမယ်။ ဖိုက်တင်တွေပါမယ်’’ဟု နေတိုးက အဆုံးမဲ့အချစ် ရုပ်ရှင်ဇာတ်ကားအကြောင်း ပြောသည်။
ယင်းဇာတ်ကားတွင် ၀တ်မှုံရွှေရည်နှင့် တွဲဖက်သရုပ်ဆောင်ထားပြီး သွေးစုပ်ဖုတ်ကောင်ဖြစ်သွားသောကြောင့် ချစ်သူနှင့်သေကွဲကွဲခဲ့ကာ နောက်ဘ၀တွင် ၎င်း၏ချစ်သူအဖြစ် လူဝင်စားသည့် မိန်းကလေးနှင့် ပေါင်းဖက်နိုင်ရန် ကြိုးစားသည့် အကြောင်းအရာများကို ရိုက်ကူးထားသည့် ဇာတ်ကားတစ်ကား ဖြစ်သည်။
ယင်းဇာတ်ကားကို ဒါရိုက်တာသိန်းဟန်(ဖီးနစ်)က ရိုက်ကူးထားခြင်းဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးရှိ ရုပ်ရှင်ရုံများတွင် ဇူလိုင်ဒုတိယပတ်အတွင်း၌ ရုံတင်ပြသမည်ဖြစ်သည်။
7days