
အခြားသော ဟိုတယ်၊ အပန်းဖြေစရာ နေရာနဲ့ အဆောက်အအုံများ ပြည့်နေပြီ ဖြစ်ပေမယ့် စမတ်ကျဖို့ ကျတော့ နည်းပညာ တစ်ဖက်ကမ်းလွန်အောင် မြင့်မားတဲ့ နေရာတစ်ခု လိုပါသေးတယ်။ ဒါကို ရည်ရွယ်လို့ တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ယင်း မြို့ငယ်လေး အတွင်းမှာ လျှပ်စစ် ဓာတ်အား အသုံးပြုတဲ့ ကား၊ စက်ဘီး၊ ဆိုင်ကယ် နဲ့ စက်ပစ္စည်း များကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ်။
လောင်စာစီ အသုံးပြုတဲ့ ဘယ် ပစ္စည်းမှ ထားရှိမှာ မဟုတ် ပါဘူး။ မြို့ထဲမှာ ရုံးခန်းများ ထားရှိပြီး နည်းပညာ ဆိုင်ရာ ကုမ္ပဏီ လုပ်ငန်း များကို ဦးစား ပေးလို့ ထားရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကမ္ဘာမှာ နောက်ထပ် ဆီလီကွန် တောင်ကြား ထွက်မလာ ဘူးလို့ ပြောလို့ မရ ပါဘူး။ သက္ကရာဇ် ၂၀၂၁ ခုနှစ် မှာ အပြီး တည်ဆောက် သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။

0 comments:
Post a Comment