Wednesday, July 16, 2014

ကျွန်မက မိခင်တစ်ယောက်ဖြစ်ဖို့ ဖန်တီးထားတဲ့ လူတစ်ယောက် ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူးလို့ ဆိုလိုက်တဲ့ Cameron Diaz


မကြာခင်ထွက်ရှိတော့မယ် ဇာတ်ကား Sex Tape အတွက်အရောင်းမြှင့်တင်နေရင်း Cameron Diaz တစ်ယောက် သူမရဲ့ ကလေးမရယူဖို့ ဆုံးဖြတ်ချက်အကြောင်း Esquire ကိုဖွင့်ပြောပါတယ်။
‘ကလေးယူဖို့အတွက်က အလုပ်တွေများလွန်းနေတယ်။ ကိုယ်တာဝန်ယူရတဲ့ လူသားတွေ ရှင့်အနားမှာရှိနေစေဖို့ ကျွန်မမဆုံးဖြတ်ခဲ့ပါဘူး။ ဒါကျွန်မကို ကိစ္စရပ်တွေမှာ လွယ်ကူစေပါတယ်။ ကလေးတစ်ယောက်ဆို တစ်နေကုန်တယ်။ ၁၈ နှစ်တာ နေ့တိုင်းပဲ’ လို့ ၄၁ နှစ်အရွယ် မင်းသမီးကပြောပါတယ်။
‘ကလေးမယူတာ ကကိစ္စရပ်တွေကို ပိုမိုလွယ်ကူးစေနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ လွယ်ကူတဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျွန်မလူတွေကို ကာကွယ်ရတာနှစ်သက်ပါတယ်။ ဒါပေမယ့် ကျွန်မက မိခင်တစ်ယောက်ဖြစ်ဖို့ ဖန်တီးထားတဲ့လူတစ်ယောက် ဘယ်တုန်းကမှ မဟုတ်ခဲ့ပါဘူး’ လို့ပြောပါတယ်။
Sex Tape ဇာတ်ကားကို ဇူလိုင်လ ၁၈ ရက်ရုပ်ရှင်ရုံတွေမျာရုံတင်ပြသမှာဖြစ်ပါတယ်။
Ref:starpulse.com

0 comments:

Post a Comment