Monday, July 21, 2014

လော့စ်အန်ဂျလိစ်ဆုပေးပွဲမှာ ရွှေရောင်လွှမ်းခဲ့တဲ့ ဘက်ခမ်းတို့ သားအဖ


ကမ္ဘာကျော် ဘောလုံးသမားဟောင်း ဒေးဗစ် ဘက်ခမ်းနှင့် ၎င်း၏ သားများဖြစ် သော ရိုမီယိုဘက်ခမ်းနှင့် ခရုဇ် ဘက်ခမ်းတို့သည် လော့စ်အန်ဂျ လိစ်မြို့၌ ပြုလုပ်သည့် 2014 Nickelodeon Kids' Choice Sports Awards ဆုပေးပွဲတွင် ခြေစ ခေါင်းဆုံး ရွှေဆေးများ ဖြင့် ပက်ဖျန်းဂုဏ်ပြုခြင်းခံရ သည်။ အသက် (၃၉) နှစ်အရွယ် ဒေးဗစ်ဘက်ခမ်းသည် Nicke-lodeon ရုပ်သံလိုင်းကြည့် ဆယ် ကျော်သက်ပရိသတ်များ မဲပေး ရွေးချယ်သော ‘Legend’ ဆုကို ၎င်း၏ သားနှစ်ဦးနှင့် လက်ခံရယူ နေစဉ် ဆုပေးစင်အောက်မှ ရွှေ ဆေးများပန်းထွက်လာခဲ့ပြီး ၎င်း တို့သားအဖရွှေရောင်လွှမ်းခဲ့ခြင်း ဖြစ်သည်။
ဆယ်ကျော်သက်ပရိသတ် များပေးသော ‘Lengend’ဆုကို ရရှိခဲ့သည့် ဒေးဗစ်ဘက်ခမ်းက ‘‘ကျွန်တော်ငယ်ငယ်တုန်းက ပရော်ဖက်ရှင်နယ်ဘောလုံးသ မားတစ်ဦးဖြစ်ချင်ခဲ့ပါတယ်။ အိပ် မက်တွေရှိပြီး ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှုရှိတယ်ဆိုရင် အိပ်မက် တွေ အကောင်အထည်ပေါ်လာ မှာပါ။ ကျေးဇူးအများကြီးတင်ပါ တယ်’’ဟု ပြောကြားခဲ့သည်။
Ref:E Online

0 comments:

Post a Comment