Monday, July 28, 2014

တွဲဖက် မသောက်သုံး သင့်သော ဗီတာမင်နှင့် ဆေးဝါးများ


(၁)ဗီတာမင် B12 နှင့် ကလိုရမ် ဖန်နီကောလ် (Chloramphenicol) ကလိုရမ် ဖန်နီကောလ် ဆေးက သွေးနီဥ များရဲ့ ရင့်ကျက်မှုကို အနှောင့်အယှက် ဖြစ်စေတဲ့ အတွက် သွေးအားနည်း ရောဂါကြောင့် သောက်သုံးရသော ဗီတာမင် B12 ရဲ့အာနိသင်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။

ကလိုရမ် ဖန်နီကောလ် အစား အခြား ပိုးသတ်ဆေးများကို သုံးပါ။ (၂) ဗီတာမင် A နှင့် Mineral oil Mineral oil က ခန္ဓာကိုယ်မှ ဗီတာမင် A စုပ်ယူမှုကို အနှောင့်အယှက် ပေးပါတယ်။ ဆေးဝါးများကို အချိန်ခြားပြီး သောက်သုံးပါ။

(၃)ဗီတာမင် B6 နှင့် လီဗိုဒိုပါ (Levodopa) ဗီတာမင် B6 က Levodopa ၏ဇီဝရုပ်ဖြစ် ပျက်မှုကို တိုးမြင့်စေတဲ့ အတွက် ဦးနှောက် အတွင်းမှာ ထိုဆေးဝါး ပမာဏရောက် ရှိမှု နည်းပါး သွားပါတယ်။ ထိုဆေးဝါးများကို တွဲဖက် မသောက်သုံးရပါ။

(၄) ဗီတာမင် D နှင့် အတက်ကျ ဆေးဝါးများဖြစ်သော ဖီနန်တွိုင်း (Phenytoin)၊ ဖီနိုဘာဘီတယ်လ် (Phenobarbital) အတက်ကျဆေး များက ဗီတာ မင် D ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှုကို လှုံဆော် ပါတယ်။ ရလဒ်အဖြစ် ကယ်လ်စီယမ် ပမာဏ လျော့နည်းသွားပြီး အရိုးပျော့ ရောဂါကို ဖြစ်စေနိုင်ပါတယ်။

အတက်ကျ ဆေးဝါးများ သောက်သုံးနေတဲ့ လူနာများဟာ နေရောင်ခြည်နှင့် ထိတွေ့ဖို့ လိုအပ်ပါတယ်။ ကယ်လ်စီယမ်ြွကယ်ဝတဲ့ အစားအစာ တွေကိုလည်း စားသောက်ပေးဖို့ လိုအပ် ပါတယ်။

ပိုပိုဇော်
မြ၀တီ

0 comments:

Post a Comment