This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label Fashion & Lifestyle. Show all posts
Showing posts with label Fashion & Lifestyle. Show all posts

Friday, November 7, 2014

ဆံပင်ကို အရှည်မြန်အောင် ဘယ်လိုလုပ်ရမလဲ၊ အရှည်မြန်အောင် လုပ်နိုင်တယ်ဆိုတာရော ဟုတ်ရဲ့လား

ကျွန်မတို့အားလုံးဟာ ဆံပင်မြန်မြန်ရှည်ဖို့ ဘယ်လိုနည်းလမ်းလေးတွေ ရှိမလဲဆိုပြီး အမြဲတမ်းစူးစမ်းလေ့ရှိပါတယ်။ သူငယ်ချင်းတွေကိုလည်း ဆံပင်မြန်မြန်ရှည်အောင် ဘာလုပ်ရကောင်းမလဲဆိုပြီး မေးမြန်းတတ်ကြပါတယ်။ ဆံပင်အရှည်မြန်မယ့် နည်းလမ်းလေးတွေကို ပြောဆိုကြတာကလည်း တစ်ယောက်တစ်မျိုးပါပဲ။

Saturday, July 26, 2014

From longyi to bikini


july21-beautypageants
The sheer beauty of longyi-clad, parasol-toting Myanmar ladies walking on the street takes anyone’s breath away. In a country where beauty is considered a lady’s invaluable asset and, to a relatively lesser degree, a “weapon” at the same time, not everyone shares the same opinion. 

Friday, July 25, 2014

မယ်စကြ၀ဠာ(မြန်မာ) ၀တ်စုံပြည့်အစမ်းလေ့ကျင့်ပွဲပြုလုပ်


မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ ပြိုင်ပွဲဝတ်စုံပြည့်အစမ်းလေ့ကျင့်နေကြစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ ပြိုင်ပွဲဝင်များနှင့် မယ်စကြ၀ဠာ သရဖူဆုရ မိုးစက်ဝိုင်
ကချင်ဒေသရှိ စစ်ဘေးသင့်သူများအား လှူဒါန်းနိုင်ရန် ၀င်ကြေးဖြင့် ကျင်းပသော မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ ပြိုင်ပွဲဝတ်စုံပြည့်အစမ်းလေ့ကျင့်ပွဲကို ဇူလိုင် ၂၅ ရက်ညက အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ခဲ့သည်။
ယင်းပွဲမှရရှိသည့် ၀င်ကြေးအားလုံးကို ကချင်ဒေသရှိ စစ်ဘေးဒုက္ခသည်စခန်းများအား လှူဒါန်းခဲ့ပြီး ၀င်ကြေးငွေစုစုပေါင်း ကျပ် ၁၁ သိန်းကျော်နှင့် အလှူရှင်တစ်ဦးမှ လှူဒါန်းသည့် အလှူငွေ ကိုးသိန်းနှစ်သောင်း စုစုပေါင်း ငွေကျပ် သိန်းနှစ်ဆယ်ကျော်လှူဒါန်းနိုင်ခဲ့ကြောင်း ဦးချမ်းလင်းသူကပြောသည်။
ထို့အပြင် မယ်စကြ၀ဠာပြိုင်ပွဲဝင်များ၏ ပုဂံခရီးစဉ်တွင် ၀ယ်ယူခဲ့သော အမှတ်တရပစ္စည်းများကို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် လေလံတင်ရောင်းချရာမှ ရရှိသည့် အလှူငွေ ကျပ် ကိုးသိန်းကျော်ကိုလည်း ရွှေဂုံတိုင်မိဘမဲ့ကျောင်းသို့ လှူဒါန်းခဲ့ကြောင်း ၎င်းကပြောသည်။
မယ်စကြ၀ဠာ(မြန်မာ)ပြိုင်ပွဲ ၂၀၁၄ ကို ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီခွဲမှ ည ၈ နာရီအထိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြ၀တီရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ပြိုင်ပွဲဝင်များနှင့်အတူ သရုပ်ဆောင်နေတိုးက ဖျော်ဖြေနေစဉ်

ပြိုင်ပွဲဝင်တစ်ဦး ပြိုင်ပွဲဝင်နေစဉ်

မယ်စကြ၀ဠာပြိုင်ပွဲဝင်များ

ပြိုင်ပွဲဝင်များ ဖျော်ဖြေနေစဉ်

မယ်စကြ၀ဠာပြိုင်ပွဲဝင်များ

ပြိုင်ပွဲဝင်တစ်ဦး




Wednesday, July 16, 2014

ဒေါ်လာ ၃ သောင်းအကုန်ကျခံပြီး Kim Kardashian နဲ့တူအောင် ပလပ်စတစ်ဆာဂျရီပြုလုပ်ခဲ့တဲ့ ဗြိတိသျှအမျိုးသမီး


အသက် ၂၄ နှစ်အရွယ် ဗြိတိသျှအမျိုးသမီးတစ်ဦးဟာ reality ကြယ်ပွင့် Kim Kardashian နဲ့ရုပ်တူဖို့အတွက် ဒေါ်လာ ၃၀၀၀၀ ကိုသုံးစွဲခဲ့တဲ့အတွက် လူအများရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရပါတယ်။
လန်ဒန်မြို့မှာနေထိုင်တဲ့ Clarie Louise Leeson ဟာ  Kardashian ရဲ့ ၂၀၀၉ ခုနှစ် ‘Keeping Up With The Kardashians” ကိုကြည့်ပြီးနောက်ပိုင်း Kardashian ကိုအလွန်အမင်း စွဲလမ်းခဲ့တာဖြစ်ပါတယ်။
‘သူမကအရမ်းလှပြီး ကျွန်မသူမလိုဖြစ်ချင်တယ်လို့ တွေးမိပါတယ်’ လို့ ITV ရဲ့ This Morning အစီအစဉ်မှာပြောပါတယ်။ ပြီးတော့ သူမဆယ်ကျော်သက်တုန်းက အနိုင်ကျင့်ခံရကြောင်းပြောပါတယ်။ ‘ကျွန်မက အသက်ရှင်နေသမျှထဲမှာ ရုပ်အဆိုးဆုံးအရာနဲ့ ကျွန်မကိုယ့်ကို ကိုယ်သတ်သေသင့်တယ်လို့ နေ့တိုင်း ကျွန်မကိုပြောတာခံခဲ့ရပါတယ်’ လို့ Clarie ကပြောပါတယ်။
အခုထိတော့ Clarie ဟာ ရင်သားပစ္စည်းထည့်သွင်းမှုအတွက် ဒေါ်လာ ၈၅၀၀ နဲ့ သွားသန့်စင်မှု၊ နေလောင်အသားအရေရဖို့ sparay ဖြန်းခြင်းနဲ့ အ၀တ်အစားတွေအတွက် ဒေါ်လာထောင်ပေါင်းများစွာ အကုန်အကျခံခဲ့ပြီးပါပြီ။ Kardashian နဲ့တစ်ထေရာတည်း တူဖို့ဆိုတဲ့ သူမရဲ့အိပ်မက်ကြောင့် လက်ရှိမှာ ကြွေးမြီ ဒေါ်လာ ၁၀၀၀၀ ကျော်ရှိနေပါတယ်။
ဒါပေမယ့် Kardashian ရဲ့ဖွံ့ထွားနေတဲ့ တင်ပါးတွေအပါအ၀င် သူမအနေနဲ့ဆက်လက်ပြီး လိမ်ညာရယူစရာ အပိုင်းတွေရှိပါသေးတယ်။ သူမပိုပြီးကြီးမားတဲ့ တင်ကြွက်သားတွေရဖို့ အားကစားရုံကိုသွားရပါတယ်။ ဒါပေမယ့် သူမက ဆီလီကွန်နဲ့ဖြည့်ထားတဲ့ အောက်ခံဘောင်းဘီကို ၀တ်ဆင်ရဦးမှာပဲဖြစ်ပါတယ်။ ‘ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတင်ပါးက Kim ရဲ့တင်ပါးလောက် ဘယ်တော့မှကြီးလာမှာမဟုတ်လို့ပါ’ လို့သူကရှင်းပြပါတယ်။
‘ဒါမှားနိုင်တယ်။ ဒါပေမယ့်ကျွန်မဒါကိုလုပ်တဲ့အခါ ကျွန်မကရပ်တန့်လို့မရပါဘူး။ ဘယ်သူမကျွန်မကို ထိလို့မရပါဘူး’ လို့သူမကကြွေးကြော်ပါတယ်။
ဒီတော့ ဒီကိစ္စကို Kardashian ကိုယ်တိုင်ဘယ်လိုထင်လိမ့်မလဲ။ ကျွန်န်ုပ်တို့ ခန့်မှန်းလို့ပဲရမှာပါ။ ၂၀၁၀ တုန်းက သူမနဲ့ တူအောင်ခွဲစိတ်မဲ့ပရိတ်သတ်တစ်ယောက်ကိုတော့ Kim Kardashian က တားမြစ်ခဲ့ပါတယ်။ အဲဒီ့ပရိတ်သတ်က ‘ကျွန်မ Kim kardashian နဲ့တူအောင် နောက်တစ်ပါတ်မှာ ခေါင်းအစခြေအစုံး ပလပ်စတစ်ဆာဂျရီလုပ်ပါတော့မယ်။ ဒါမှ ကျွန်မယောင်္ကျားက ကျွန်မကိုမထားခဲ့မှာ။ သူကသူမ (Kardashian) ကို ကိုးကွယ်တာလေ’ လို့ twitter မှာ tweet လုပ်ခဲ့ပါတယ်။
‘ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ ရှင့်ယောကျာ်းက ရှင့်ဘယ်သူလဲဆိုတာအတွက် ရှင့်ကိုချစ်သင့်တယ်။ အခြားသူတစ်ယောက်မဖြစ်ချင်ပါနဲ့။ ရှင်က အပေါ်ယံရော အတွင်းစိတ်ကပါ လှတယ်ဆိုတာ ကျွန်မသေချာပါတယ်။ ရှင်ကရှင့်လိုပဲနေပါ’ လို့ Kardashian ကတုန့်ပြန်ခဲ့ပါတယ်။



Ref:starpulse.com
trend

Monday, July 14, 2014

ခွေးမွေးခြင်း ဖက်ရှင်

   
အခုခေတ် နိုင်ငံတကာမှာကော မြန်မာနိုင်ငံက မြို့ပြတွေမှာပါ ဖက်ရှင်တခုလို အိမ်မွေး တိရစ္ဆာန်လေးတွေ မွေးမြူ လာကြတာ တွေ့ရပါတယ်။
(Pomerainan အမျိုးအစား ခွေးတကောင်ရဲ့ ပေါက်ဈေးက   ၆သိန်း ဖြစ်ပါတယ်)

အိမ်မွေး တိရစ္ဆာန် တွေထဲကမှ ရေပန်းအစားဆုံးကတော့ ခေတ်အဆက်ဆက် လူသားနဲ့ အနီးစပ်ဆုံး ဖြစ်တဲ့ ခွေးကတော့ ရေပန်းအစားဆုံးလို့ ဆိုရမှာပါ။

ခွေးမွေးခြင်းဟာ ခေတ်အဆက်ဆက်မှာ လူသားတွေအတွက် များစွာအကျိုးရှိ အသုံးဝင်ခဲ့တာဟာ ယနေ့အထိတိုင်ပါပဲ။ ဟိုအရင် ခေတ်တွေကတော့ ခွေးကို အိမ်စောင့်၊ ခြံစောင့်၊ လယ်စောင့်၊ တောလိုက်၊ အမဲလိုက် အစရှိတဲ့ ပုံစံအမျိုးမျိုးနဲ့ အသုံးဝင်စွာ မွေးမြူလေ့ရှိကြပြီး ဒီနေ့ခေတ်မှာတော့ ချစ်စရာကောင်းတဲ့ ခွေးလေးတွေဆို ခေတ်ရဲ့ ဖက်ရှင်အရ မွေးလာကြတာကိုတွေ့ရတယ်။

အကောင်ခပ်ကြီးကြီး ခွေးတွေကိုတော့ အိမ်ရဲ့ အဟန့်အဖြစ်၊ ခြံစောင့်ခွေး အဖြစ် မွေးမြူလာကြတာကိုတွေ့ရတယ်။
ဒါကြောင့်လည်း အိမ်ကြီးကြီး ခြံဝန်းကျယ်ကျယ်တချို့မှာ “သတိ ခွေးကိုက်တတ်သည်” ဆိုတဲ့ စာသားမျိုးတွေ တွေ့ရတတ်ပါတယ်။ ဒီလိုစာသားမျိုးကပ်ထားရင်ကို တော်တန်ရုံ တစိမ်းလူက ခွေးတောင် မမြင်ရသေးဘူး၊ အိမ်အနားကို မကပ်ရဲပါဘူး။

ခွေးရဲ့ နောက်ထပ်သူမတူတဲ့ စွမ်းရည်တမျိုးကတော့ အလွန်အနံ့ခံကောင်းပြီးတော့ မှတ်ဉာဏ်လည်း ကောင်းတာ ဖြစ်ပါတယ်။ သခင်ကို သခင်မှန်းလည်း သိသလို သခင့်ရဲ့မိသားစု၊ သူငယ်ချင်း အစရှိတာတွေ ကိုလည်း မှတ်သား ထားတတ်ပြီး သခင့်ကို မုန်းတဲ့ ရန်သူ၊ ရန်လိုသူတွေကိုတောင်မှ ခွေးက သိနေတတ်ပါတယ်။ ဒီလို အနံ့ခံ ကောင်းတဲ့ အတွက်ကြောင့်လည်း ခွေးတွေကို အမှုလိုက်တဲ့နေရာ ထောက်လှမ်းတဲ့ နေရာတွေမှာပါ အသုံးပြု မွေးမြူလေ့ရှိတယ်လို့ သိရပါတယ်။

နိုင်ငံခြားကလာတဲ့ အမွေးစုတ်ဖွား ခွေးပုပု သေးသေးလုံးလုံး ချစ်စရာလေးတွေကို မိန်းကလေးတွေ အကြိုက်များကြပြီး ကာတွန်းဇာတ်ကောင် ခွေးပုလေးတွေကတော့ ကလေးတွေ အကြိုက်ပါပဲ။ လူငယ် ယောက်ျားလေးတွေကတော့ ကြောက်စရာ ကောင်းပြီး ရုပ်ဆိုးဆိုး အကောင်ကြီးကြီး ခွေးတွေကို မွေးလေ့ရှိတယ်။ အိမ်စောင့်ဖော်လည်း ရတာပေါ့။

ခွေးမွေးတယ်ဆိုတာ ကလေးတယောက် မွေးရတာလောက် မခဲယဉ်းဘူး ဆိုပေမယ့် အိမ်မွေး အလှမွေး ခွေးတကောင် အတွက် လုပ်ဆောင်ပေးရတဲ့ ကရိကထ ကိစ္စလေးတွေတော့ ရှိပါတယ်။ ခွေးတကောင်မွေးမယ်ဆိုရင် ခွေးကို အစာမှန်မှန်ကျွေး၊ သန့်ရှင်းရေး မှန်မှန်လုပ်ပေး၊ ခွေးနဲ့အတူ အညောင်းပြေအညာပြေ လမ်းလျှောက်ပေး၊ ဆော့ပေး၊ ခွေးကျန်းမာရေးကို ဂရုစိုက်ပေး အစရှိတာတွေတော့ မဖြစ်မနေ လုပ်ပေးရမှာပါ။ ကဲ သင်ကကော ခွေးချစ်သူ တယောက်လား။

ဒီတပတ်မှာတော့ အရင်အပတ်တွေနဲ့ မတူတဲ့ သဘာဝတွေထဲက လူသားတွေရဲ့ အရင်းနှီးဆုံး၊ သစ္စာအရှိဆုံးနဲ့ အသုံးဝင်ဆုံး သက်ရှိမိတ်ဆွေ တမျိုးဖြစ်တဲ့ အိမ်မွေး တိရစ္ဆာန်ခွေးလေးတွေ အကြောင်းကို ဧရာဝတီ ခေတ်ရေစီး ကဏ္ဍကနေ ရေးသား တင်ဆက် ပေးလိုက်ပါတယ်။

ပုံမှာပြထားတဲ့ အိမ်မွေးခွေးလေးတွေရဲ့ပုံကို ကျွန်းတောလမ်း၊ ဟံသာဝတီလမ်းနဲ့ နာနတ်တောလမ်းကြား၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့မှာရှိတဲ့ PLUTO Pet Shop မှာ သွားရောက် ရိုက်ယူထားတာ ဖြစ်ပါတယ်။

Poodle - ၆သိန်း


French Mastriff + Laprodor Retreiver (Mix) - ၅သိန်း
 
Golden Retreiver - ၃ သိန်းခွဲ

Shi Tzu - ၂သိန်းခွဲ


Alzation - ၃သိန်းခွဲ

Beagle - ၆သိန်း

 

.

Saturday, July 12, 2014

ထိုင်းနိုင်ငံမှာ ဆုရခဲ့လို့ အားတက်မိတယ်ဆိုတဲ့ သျှားထွဋ်အိန္ဒြာ


မယ်စကြ၀ဠာပြိုင်ပွဲဝင်များ၏ ဖူးခက်ခရီးစဉ်တွင် ရွေးချယ်ချီးမြှင့်ခဲ့သည့် Miss Myanmar-Thailand  Friend-ship 2014 ဆုက ပြိုင်ပွဲအတွက် ပိုပြီးအားဖြစ်စေကြောင်း သျှားထွဋ်အိန္ဒြာက ပြောသည်။
‘‘ဒီဆုရထားတဲ့အတွက်ပိုပြီး တာဝန်ရှိပါတယ်။ ကိုယ်ကသူများနိုင်ငံမှာတောင် ဒီဆုကိုပိုင်ဆိုင်နိုင်ခဲ့တယ်။ ကိုယ့်နိုင်ငံမှာလဲ ဘာလို့မဖြစ်ရမှာလဲဆိုတဲ့ စိတ်နဲ့ညီမတို့ပိုပြီး ကြိုးစားဖို့အတွက် အားအင်တွေဖြစ်တယ်’’ဟု သျှားထွဋ်အိန္ဒြာကပြော သည်။
ဇူလိုင်လဆန်းကဖူးခက်သို့ ငါးရက်ကြာသွားရောက်လေ့ကျင့်ကာ ပြိုင်ပွဲငယ်တစ်ခုပြုလုပ်၍ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်နှင့် မီဒီယာများမှ ရွေးချယ်ပေးထားသော Miss Myanmar-Thailand Friendship 2014 ဆုကို ၎င်းကရရှိခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲဝင်ဦးရေနှစ်ဆယ်ပါဝင်သော  မယ်စကြ၀ဠာပြိုင်ပွဲကို ဇူလိုင်၂၆ရက် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်ပြီး ထိုပြိုင်ပွဲတွင် သရဖူဆွတ်ခူးနိုင်သည်အထိ မမျှော်လင့်ရဲသော်လည်း ကြိုးစားထားသည့်ရလဒ်အတိုင်း ပြန်လိုချင်ကြောင်း သျှားထွဋ်အိန္ဒြာကပြောသည်။
7Days

Wednesday, July 9, 2014

ထိုင်းမီဒီယာနှင့် ခရီးသွားလုပ်ငန်းရှင်များရွေးချယ်သည့် Miss Myanmar Thailand ဆု သျှားထွဋ်အိန္ဒြာရရှိ


Photo- Miss Universe Myanmar Organization
မယ်စကြဝဠာ (မြန်မာ)၂၀၁၄ ပြိုင်ပွဲဝင်များ၏ ဖူးခက်ခရီးစဉ်တွင် ရွေးချယ်ချီးမြှင့်သည့် Miss Myanmar Thailand 2014 ဆုကို ခါးနံပါတ် ၁၈ သျှားထွဋ်အိန္ဒြာက ရရှိခဲ့သည်။
ယင်းပြိုင်ပွဲကို ဇူလိုင် ၈ ရက်ညက Phuket Orchid Resort ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဆုကို ထိုင်းနိုင်ငံရှိ မီဒီယာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားကုမ္ပဏီများက ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။

Monday, June 16, 2014

လူကို ပိန်သွယ်သယောင် ဖြစ်စေတဲ့ ဖက်ရှင်ဒီဇိုင်းများ

လူတစ်ယောက်အတွက် ဖက်ရှင်ဒီဇိုင်းဟာ သိပ်အရေးကြီးပါတယ်။ လူကိုပိုကြည့်ကောင်းစေအောင်၊ ပိုကြည့်ရဆိုးစေအောင် အဲ့ဒီလူရဲ့ ဖက်ရှင်က ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။ ဒါ့အပြင် ထိုသူကို ပိန်သွယ်စေအောင်၊ ပိုဝသယောင်ဖြစ် အောင်လည်း ထိုသူရဲ့ ဖက်ရှင်စတိုင်လ်ကပဲ ဖန်တီးပစ်လိုက်နိုင်ပါတယ်။ ကဲ ဒီတော့ လူတစ်ယောက်ကို ရှိတဲ့ခန္ဓာကိုယ်အချိုးအစားထက် ပိန်သွယ်သယောင်ဖြစ်အောင် ဘယ်လိုဖက်ရှင်မျိုးက ပြောင်းလဲပစ်နိုင်သလဲဆိုတာ ပြောပြပေးချင်တယ်နော်။
၁။ဒေါင်လိုက်အစင်းတွေ ၀တ်ဆင်ပါ။

အစင်းဆိုတာ ဖက်ရှင်ရေစီးကြောင်းမှာ ဘယ်တော့မှ ပစ်ပယ်လို့မရာတဲ့အရာပါ။ catwalkလျှောက်တဲ့ မော်ဒယ်တွေက အလျားလိုက်ရော၊ ဒေါင်လိုက်ရော ဘာဖြစ်ဖြစ် ၀တ်ဆင်နိုင်ပေမယ့် ရှိရင်းစွဲခန္ဓာကိုယ်အရွယ်အစားထက် ပိုမိုပိန်သွယ် သယောင်ဖြစ်ချင်တယ်ဆိုရင်တော့ ဒေါင်လိုက်အစင်းတွေကိုသာ ရွေးချယ်ပါ။
၂။ခါးပတ်ပတ်ပါ။

အမျိုးသမီးတော်တော်များများဟာ များသောအားဖြင့် ခါးနေရာကတော့ သိမ်ကြတာများပါတယ်။ တော်တော်လေး ၀တဲ့သူမှသာ ဒီနည်းနဲ့ အဆင်မပြေတာပါ။ ဒါ့ကြောင့် တီရှပ်တွေကလွဲလို့ အင်္ကျံတော်တော်များများနဲ့ အဆင်ပြေနိုင်မယ့် ခါးပတ်မျိုးလေးတွေ ရှာပတ်လိုက်ရုံပါပဲ။
၃။ပခုံးနေရာကို ဂရုစိုက်ပြီး ၀တ်ပါ။

လူတစ်ယောက်က ကိုယ့်ကိုကြည့်လိုက်ရင် အရင်ထက်ပိုပြည့်လာတယ်၊ ၀လာတယ်လို့ မထင်ရအောင် သူ့ရဲ့အာရုံကို လှည့်ဖျားလိုက်ပါ။ သင့်ခန္ဓာကိုယ်တွေထဲမှာ လူတွေမျက်စိကျသွားနိုင်မယ့်နေရာကတော့ ပခုံးပါပဲ။ ပခုံးကို ဒေါက်ထည့်ပြီး ၀တ်တာတို့၊ ပခုံးဒီဇိုင်းတစ်ခုခုပါတဲ့ အင်္ကျံမျိုးကို ရွေးချယ်ဆင်မြန်းတာတို့ လုပ်ပါ။ ကိုယ့်အနေနဲ့ အဆင်မပြေဘူးလို့ထင်တဲ့အပိုင်းတွေဆိုရင်တော့ အရောင်ရင့်ရင့်တွေ ရွေးချယ်ဝတ်ဆင်ရုံပါပဲ။
၎။ကိုယ်နဲ့လိုက်ဖက်တဲ့ ဒေါက်ဖိနပ်အမြင့်၊ heel တွေစီးပါ။

ကိုယ်ခန္ဒာကို ပိန်သွယ်သယောင်ရှိစေရုံမကပဲ လမ်းလျှောက်တဲ့အခါတိုင်းလည်း ကိုယ်ခန္ဓာအနေအထားမှန်အောင် သင်စီးမယ့်ဒေါက်မြင့်ဖိနပ်က အထောက်အကူပြုပါလိမ့်မယ်။
၅။ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ ကွက်တိဖြစ်မယ့် အ၀တ်အစားကိုပဲ ၀တ်ပါ။

ပိန်သွယ်သယောင်ဖြစ်စေဖို့အတွက် အ၀တ်အစားကို ကိုယ့်sizeထက် ကြီးတဲ့ဟာမျိုးတွေ မရွေးချယ်ပါနဲ့။ အဲ့ဒီလိုဆိုက်ကြီးတွေ ၀တ်လိုက်ရင် ကြည့်ရတဲ့သူအတွက် တော်တော်ကိုဆိုးစေတဲ့အပြင် ရှိရင်းစွဲထက် ပိုဝတယ်လို့တောင် ထင်သွားစေနိုင်တာကြောင့်ပါ။
၆။အရောင်ရင့်တဲ့ ဘလေဇာကုတ်တွေ ၀တ်နိုင်ပါတယ်။

ဘလေဇာတွေဟာ ခန္ဓာကိုယ်ပြည့်တဲ့သူတွေ ၀တ်ဆင်သင့်တဲ့အရာပါ။ အရောင်ရင့်ရင့်ကို ရွေးချယ်မယ်ဆိုရင် ၀တ်ဆင်သူကို ပိန်သွယ်သယောင် ဖြစ်စေနိုင်ပါတယ်။
၇။A-line ဖက်ရှင်တွေကို ဆင်မြန်းပါ။

အပေါ်ပိုင်းက အရမ်းမကျပ်ပဲ အောက်ပိုင်းနည်းနည်းကားသွားတဲ့ A-line ဖက်ရှင်ဒီဇိုင်း ဂါဝန်၊ ဒါမှမဟုတ် အင်္ကျံနဲ့ စကတ်ကိုလည်း A-line ပုံစံရအောင် ပုံမှာပြထားသလို ၀တ်ဆင်နိုင်ပါတယ်။
Ref:luckymag.com

သင်ဟာ ဦးထုပ်ဆောင်းရတာ နှစ်ခြိုက်တဲ့သူတစ်ယောက် ဟုတ်မဟုတ်ဆိုတာ သိစေဖို့

ကိုယ့်ကိုယ်ကိုယ် ဦးထုပ်ဆောင်းရတာ ကြိုက်တဲ့သူလား၊ ဒီအတိုင်း ဖက်ရှင်ကျဖို့သက်သက် ဆောင်းသွားလိုက်တာလား၊ တစ်နေရာသွားလိုက်တာနဲ့ ဦးထုပ်ဆောင်းမှကို ဖြစ်တာမျိုးလားဆိုတာ စဉ်းစားကြည့်ကြရအောင်။ ဒီလိုစဉ်းစားကြည့်ဖို့ဆို သေချာတာက သင့်စိတ်ထဲမှာ ဒီလိုအတွေးမျိုးတွေ ရှိနေပြီလားဆိုတာ တစ်ချက်ကြည့်ရမှာပါ။ ဒီလိုအတွေးမျိုး အယူအဆတွေရှိတယ်ဆိုရင်တော့ သင်ဟာ ဦးထုပ်ဆောင်းရတာ ကြိုက်တဲ့သူပေါ့။

၁။ အပြင်သွားခါနီး ဆံပင်ကို ပြင်ဆင်ဖို့ထက် ဦးထုပ်ကိုပဲ ကောက်ဆောင်းသွားဖြစ်တယ်။
ခေါင်းလျှော်၊ ဒရိုင်ယာမှုတ်ပြီး ဆံပင်ကို ပုံသွင်းဖို့ထက် ကိုယ့်စိတ်က အားသာနေတာကတော့ ဦးထုပ်ကောက်ဆောင်းပြီး အပြင်ထွက်ဖို့ပါပဲ။ ဆံပင်ပုံသွင်းတာက ကြာတယ်လို့ ထင်တယ်။ ဦးထုပ်ဆောင်းသွားလိုက်ရင် ဖက်ရှင်လည်းကျတယ်၊ အချိန်လည်း မကုန်တော့ဘူးလို့ ထင်နေတတ်တယ်။
၂။ဦးထုပ်ဆောင်းထားလိုက်ရင် ရှေ့ဆံပင်တွေလည်း ဖရိုဖရဲ မဖြစ်တော့ဘူး။
ရှေ့ဆံပင်တွေက လေတိုက်တာနဲ့ မျက်နှာရှေ့ရောက်လာပါရော။ အာရုံနောက်စရာသိပ်ကောင်းတယ်။ ဦးထုပ်ဆောင်းထားလိုက်တော့ ဆံပင်တွေလည်း ထိန်းသိမ်းပြီးရာ ရောက်တယ်။

၃။ဦးထုပ်နဲ့ မျက်မှန်နဲ့ တွဲဝတ်လိုက်ရင် ကြည့်ကောင်းတယ်။
ခု ကိုယ်တပ်နေတဲ့ မျက်မှန်နဲ့ ဦးထုပ်နဲ့ လိုက်ဖက်မှုရှိတယ်။ ဖက်ရှင်လည်းကျသလို ဆွဲဆောင်မှုလည်း ရှိတယ်လို့ သူငယ်ချင်းတွေက ပြောတယ်။
၎။ဦးထုပ်လေးဆောင်းလိုက်မှ ကိုယ့်မျက်နှာက ကြည့်ရတာ ပြည့်စုံသွားသလို ခံစားရတော့တယ်။
ဒီအတိုင်းကြည့်လိုက်ရင် မျက်နှာပါ ဘာလိုနေသလဲမသိဘူးဖြစ်နေတတ်တယ်။ ဦးထုပ်ဆောင်းလိုက်မှ ကိုယ့်မျက်နှာက ကြည့်လို့ကောင်းသွားသလို၊ ပြည်စုံသွားသလို ခံစားနေရတတ်တယ်။
၅။ကိုယ့်မျက်နှာကို နေပူဒဏ်က ကာကွယ်ဖို့ ဆောင်းမှကိုဖြစ်မယ်။
မျက်နှာမှာ နေလောင်ဒဏ်မဖြစ်စေဖို့အတွက် sun block တွေ လိမ်းရမယ်၊ မျက်မှန်နဲ့ ဦးထုပ်ကလည်း မပါအဖြစ်ပဲ။ ဒီတော့ ဦးထုပ်ကိုဆောင်းမှကို ဖြစ်မယ်။

၆။ဦးထုပ်ဒီဇိုင်းအသစ်တွေ ထွက်ပြီဆိုတာနဲ့ ၀ယ်ချင်နေတာ့တာပဲ။
ဦးထုပ်ဒီဇိုင်းသစ်ဆို ၀ယ်စုဖြစ်တယ်။ အင်္ကျံအသစ်တစ်ထည်ဝယ်တိုင်း ဒီအင်္ကျံနဲ့ဆို ဘယ်လိုဦးထုပ်မျိုးနဲ့ လိုက်မလဲဆိုတာလည်း တွေးပြီးဝယ်ဖြစ်တယ်။

၇။Cap ဦးထုပ်မှ မဟုတ်ဘူး၊ ဦးထုပ်ဒီဇိုင်းအားလုံးကို သဘောကျပြီး ဆောင်းဖြစ်တယ်။
Boho ဦးထုပ်ဒီဇိုင်းမျိုးလို ဦးထုပ်အ၀ိုင်းတွေလည်း ဆောင်းဖြစ်တာပဲ။ Cap ဦးထုပ်လည်း ဆောင်းဖြစ်တာပဲ။ ဖက်ရှင်ဒီဇိုင်းနဲ့လိုက်ပြီး ပြောင်းလဲဆောင်းဖြစ်နေတယ်။
Ref:cosmopolitan.com

ချိုးဖာက်ပစ်ရမယ့် ဖက်ရှင်စည်းမျဉ်းများ (အပိုင်း -၂)

ဟိုးအရင်ကတည်းက ဘာနဲ့ဘာတွဲဝတ်ရင် မလိုက်ဖက်ဘူး။ ဘယ်အရောင်နဲ့ဆို ဘယ်အရောင်နဲ့မှ လိုက်တယ်ဆိုတဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ စည်းမျဉ်းတွေရှိခဲ့ဖူးပေမယ့် ခုချိန်မှာ ဒါတွေ မလိုအပ်တော့ပါဘူး။ ကိုယ့်စိတ်ကူးထဲ မှာရှိတဲ့အတိုင်း၊ ကိုယ့်အိုင်ဒီယာအတိုင်း တွဲဖက်ဝတ်ဆင်ပြီး ကိုယ့်စိတ်ကြိုက်ဖက်ရှင်ကို ဖန်တီးနိုင်ပြီလေ။ အဲ့ဒီတော့ ခုချိန်မှာ ဖောက်ဖျက်ပစ်ရတော့မယ် စည်းမျဉ်လေးတွေကို ပြောပြပေးချင်ပါတယ်။ ပထမအပိုင်း (၁)မှာ ဆယ်ချက်ဖော်ပြပေးခဲ့ပြီးပြီမို့ ခု အပိုင်း(၂)အနေနဲ့ ထပ်မံဖော်ပြပေးချင်တဲ့အချက်တွေကတော့
၁၁။နှုတ်ခမ်းနီအရောင်တွေထဲမှာ အနီရင့်ရင့်ဆိုးတာဟာ ညနေခင်းအတွက်ပဲဆိုတာမျိုး။
အရင်ကဆို နှုတ်ခမ်းနီအရောင်တွေထဲမှာ အနီတောက်တောက် ဆိုးဖို့အတွက် အချိန်ကာလလိုပါတယ်။ မနက်ခင်း၊ နေ့လည်နေ့ခင်းမျိုးတွေမှာ အဲ့ဒီလိုအရောင်ဆိုးပြီး အပြင်ထွက်ရင် အူကြောင်ကြောင်နိုင်တယ်လို့ သတ်မှတ်ခဲ့ကြပေမယ့် ခုတော့ ကိုယ်ကြိုက်တဲ့အချိန်ဆိုးလို့ရနေပြီလေ။ ဘယ်သူမှလည်း ဘာမှလာပြောမှာ မဟုတ်တော့ဘူး။
၁၂။အရပ်ရှည်တဲ့ အမျိုးသမီးတွေဟာ ဒေါက်မြင့်ဖိနပ် မ၀တ်သင့်ဘူးဆိုတာမျိုး။
ဟိုယခင်က ပြောလာခဲ့ကြတဲ့ အရပ်ရှည်ရင် ဖိနပ်အပါးကသာ သင့်တော်တယ်ဆိုတာမျိုး ခုခေတ်မှာ မရှိတော့ပါဘူး။ အရပ်ရှည်တဲ့သူလည်း ဒေါက်မြင့်ဖိနပ်တွေ စီးနိုင်တာပဲ။ ပိုစမတ်ကျနေအောင်ပေါ့။
၁၃။ဂျင်းမဟုတ်တဲ့ ဘောင်းဘီအပျော့သားတွေ၊ အားကစားဘောင်းဘီစတာတွေကို အပြင်သွားရင် မ၀တ်သင့်ဘူးဆိုတာမျိုး။
ဒါကလည်း ခပ်ကြောင်ကြောင် အတွေးပါ။ ခုခေတ်မှာ ဘယ်အရာလုပ်တာမှန်တယ်၊ ဘယ်အရာမှအမှားဆိုတာ မရှိတော့ပါဘူး။ အထူးသဖြင့် ဖက်ရှင်မှာ ပိုလို့တောင်ဆိုးပါသေးတယ်။
၁၄။ကာလာအဖျော့တွေချည်း အထက်၊အောက် မ၀တ်သင့်ဘူးဆိုတာမျိုး။
အပေါ်က ပန်းရောင်ဝတ်ထားရင်၊ အောက်က အနက်၊ အပြာစတဲ့ အရောင်ရင့်တွေနဲ့တွဲရမယ် ဆိုတာမျိုးတွေ မေ့လိုက်ပါတော့။ အပေါ်က အ၀ါနုဆိုရင်လည်း အောက်က ပန်းနုရောင်ကာလာနဲ့ တွဲဝတ်နိုင်တာပါပဲ။
၁၅။မျက်မှန်ကိုင်းတွေမှာ အနက်ရောင်ကသာ စတိုင်လ်အကျဆုံး ဆိုတာမျိုး။
ခုချိန်မှာ လူငယ်လူကြီး အားလုံးဟာ ကိုယ့်စိတ်ကြိုက် ကာလာဒီဇိုင်းပေါင်းစုံနဲ့ မျက်မှန်ကိုင်းတွေ ရွေးချယ်ဝတ်ဆင်လာကြပြီမို့ အထူးပြောစရာတောင် မလိုတော့ပါဘူး။
၁၆။အပြောင်အလက်တွေပါတဲ့ အ၀တ်အစားဒီဇိုင်းမျိုးတွေကို ညဘက်မှသာ ၀တ်သင့်တယ်ဆိုတာမျိုး။
စီးကွင့်တွေနဲ့ ဖန်တီးထားတဲ့ ဘောင်းဘီရှည်ကို နေ့ခင်းဘက်ဝတ်လိုက်ရင် ကြောင်သွားမလားဆိုပြီး တွေးနေဖို့အချိန် မဟုတ်တော့ပါဘူး။ ဒါလည်း ချိုးဖောက်ပစ်ရမယ့် စည်းမျဉ်းတွေထဲက တစ်ခုပါပဲ။
၁၇။အသက် ၄၀ကျော်သွားရင် ဒူးအထက် စကတ်တွေ မ၀တ်ဆင်သင့်တောဘူးဆိုတာမျိုး။
ဖက်ရှင်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေထဲမှာ ချိုးဖောက်ရမယ့် စည်းမျဉ်းတစ်ခုပါ။ စကတ်အတိုဆိုပေမယ့် ကိုယ်နဲ့လည်း သင့်တော်တဲ့၊ ကြည့်ကောင်းတဲ့ စကတ်မျိုးဆို အသက်၄၀ကျော်လည်း ၀တ်လို့ရတာပါပဲ။
၁၈။ဟိုးအရင္က ကုတ္အက်ႍေတြက သံုးစားမရေတာ့ဘူး ဆိုတာမ်ိဳး။
အရင်တုန်းက ကိုယ့်ဆီမှာ ရှိနေဖူးတဲ့ ကုတ်အင်္ကျံဒီဇိုင်းကို မကြိုက်တော့ဘူးဆိုရင် အပ်ချုပ်ဆိုင်သွားပြီး ဟိုပြင်ဒီပြင်လုပ်လိုက်ပါ။ အထာကျသွားပါလိမ့်မယ်။
၁၉။ဒေါက်မြင့်ဖိနပ်တွေနဲ့ ခြေစွပ်နဲ့ တွဲမ၀တ်သင့်ဘူးဆိုတာမျိုး။
ဒေါက်မြင့်ဖိနပ်အမျိုးမျိုးကို သူနဲ့သင့်တော်တဲ့ ခြေစွပ်တွေနဲ့ တွဲဝတ်လို့ရပါတယ်။ ဒါဟာလည်း ခုနောက်ဆုံး ခေတ်စားနေတဲ့ ဖက်ရှင်တွေထဲက တစ်ခုပါ။
၂၀။ရေမွှေးတွေဆွတ်တာလွန်သွားခဲ့ရင် တစ်ခုတည်းသော လုပ်နိုင်တာက ရေပြန်ချိုးလိုက်တာပဲဆိုတာမျိုး။
သွားခါနီး လာခါနီး အမြန်အမြန်လုပ်ရင်းနဲ့ ရေမွှေးကို အသားကုန် ဆွတ်လိုက်မိလို့ အနံ့ပြယ်သွားဖို့အတွက် ရေပြန်ချိုးစရာ မလိုပါဘူး။ 0il-based မိတ်ကပ်ဖျက်တဲ့ remover နဲ့ ရေမွှေးစွတ်ထားတဲ့ လက်ကောက်ဝတ်၊ လည်ပင်းစတဲ့ နေရာတွေကို နည်းနည်းသုတ်လိမ်းပေးလိုက်ရုံပါပဲ။
Ref:stylecaster.com


ချိုးဖာက်ပစ်ရမယ့် ဖက်ရှင်စည်းမျဉ်းများ (အပိုင်း -၁)

ဟိုးအရင်ကတည်းက ဘာနဲ့ဘာတွဲဝတ်ရင် မလိုက်ဖက်ဘူး။ ဘယ်အရောင်နဲ့ဆို ဘယ်အရောင်နဲ့မှ လိုက်တယ်ဆိုတဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ စည်းမျဉ်းတွေရှိခဲ့ဖူးပေမယ့် ခုချိန်မှာ ဒါတွေ မလိုအပ်တော့ပါဘူး။ ကိုယ့်စိတ်ကူးထဲ မှာရှိတဲ့အတိုင်း၊ ကိုယ့်အိုင်ဒီယာအတိုင်း တွဲဖက်ဝတ်ဆင်ပြီး ကိုယ့်စိတ်ကြိုက်ဖက်ရှင်ကို ဖန်တီးနိုင်ပြီလေ။ အဲ့ဒီတော့ ခုချိန်မှာ ဖောက်ဖျက်ပစ်ရတော့မယ် စည်းမျဉ်လေးတွေကို ပြောပြပေးချင်ပါတယ်။
၁။အနီရောင်နဲ့ပန်းရောင်တွဲဝတ်တာမျိုး။
အရင်တုန်းက ဒီအရောင်နှစ်ရောင်ကို တွဲဝတ်လိုက်ရင် လူတွေဝိုင်းကြည့်ခံရမှာပါ။ ခုချိန်မှာတော့ ကိုယ့်စိတ်ထဲမှာရှိတဲ့ အရောင်တိုင်းကို အပေါ်၊ အောက်ဆင်မြန်းပစ်လို့ရနေပါပြီ။
၂။အဖြူဝမ်းဆက် ၀တ်ဆင်တာမျိုး။
အထက်၊ အောက် အဖြူဝမ်းဆက် ၀တ်မယ်ဆို ဖိုးသူတော်လို့ အခေါ်ခံရမှာ ကြောက်နေသေးလား။ ဒါတွေမလိုတော့ပါဘူး။
၃။လက်ပတ်ကြိုး၊ accesoory တွေ အိမ်ကမထွက်ခင် ချွတ်ခဲ့တာမျိုး။
ကိုယ်သွားရမယ့်နေရာက ပွဲတက်မို့လို့ လက်က ပုတီးစေ့တွေ ချွတ်ထားခဲ့ဖို့ မလိုတော့ပါဘူး။ ဒါဖက်ရှင်ပါပဲ။
၎။အပြာနဲ့အနက်ရောင်နဲ့ မလိုက်ဖက်ဘူးဆိုတာမျိုး။
ရှေးရိုးစွဲဖက်ရှင်အမြင်တွေ မေ့ပစ်လိုက်ပါ။ ဒီအရောင်တွေကို တွဲဆင်မြန်းချင်တယ်ဆိုတဲ့ စိတ်ခံစားချက်ရှိရင် ၀တ်ပစ်လိုက်ရုံပေါ့။
၅။ဒီဇိုင်းပါတဲ့အဆင်တွေဆို အထက်အောင် ရှုပ်ယှက်ခတ်အောင် မဆင်မြန်းပါနဲ့။
အမှန်တကယ်ဆို အပေါ်အောက် မတူတဲ့ ဒီဇိုင်းပါတဲ့ အဆင်တွေ ဆင်မြန်းတာဟာ လူငယ်အသွင်တောင် ပိုဆောင်ပါသေးတယ်။ fresh လည်းဖြစ်ပါတယ်။
၆။ရွှေ ဒါမှမဟုတ် ငွေနဲ့ပတ်သက်ပြီး accessory တွေကို ရောမ၀တ်ပါနဲ့။
ရွှေဆိုရင်ရွှေ၊ ငွေဆိုရင်ငွေ သပ်သပ်စီခွဲဝတ်တဲ့ခေတ်ကျန်ခဲ့ပါပြီ။ အားလုံးရောဝတ်ပြီး accessory ခပ်များများဆင်မြန်းပစ်တာကလည်း ဖက်ရှင်ပဲနော်။
၇။မင်္ဂလာဆောင်ကို အနီဝတ်မသွားရဘူးဆိုတာမျိုး။
အနီနဲ့အနက်ဆိုရင် မင်္ဂလာဆောင် ၀တ်မသွားသင့်ဘူးလို့ ဆိုကြပေမယ့် ဒီအယူတွေလည်း ခုချိန်မှာ ပျောက်ကွယ်ကုန်ပါပြီ။
၈။Sneaker ဖိနပ်တွေဟာ gym ဆော့တဲ့အချိန်မှာသာ ၀တ်ဆင်ရတယ်ဆိုတာမျိုး။
ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာအတွက်သာမက ပွဲတက်တွေမှာပါ စီးလာကြတဲ့ Sneaker ဖိနပ်တွေဟာ gym ဆော့တဲ့အချိန်မှသာ ၀တ်ဆင်ရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းကတော့ မရှိတော့တာတောင် ကြာနေပါပြီနော်။
၉။အပေါ်အောက် ဂျင်းဝမ်းဆက်ဝတ်တာဟာ ကြည့်ရဆိုးတယ်ဆိုတာမျိုး။
အပေါ်အင်္ကျံကလည်း ဂျင်း၊ အောက်ကဘောင်းဘီကလည်း ဂျင်းမို့လို့ ကြောင်တောင်တောင်နိုင်တယ်ဆိုတာမျိုးလည် ခုချိန်မှာ မရှိတော့ပါဘူး။ အထာကျတယ်လို့တောင် ထင်နေကြသေး။
၁၀။ခါးပတ်ရယ်၊ ဖိနပ်ရယ်၊ အိတ်ရယ် အရောင်ကာလာတူနေရမယ်ဆိုတာမျိုး။
အရင်တုန်းကတော့ ဘယ်အရာတွေ ကွဲပြားနေပါစေ။ ဖိနပ် နဲ့ အိတ်၊ ဒါမှမဟုတ် ဖိနပ်နဲ့ ခါးပတ် ကာလာတူနေမယ်ဆိုရင် ကြည့်ရတာ မိုက်တယ်။ ဖက်ရှင်ကျတယ်ဆိုတာမျိုးလည်း မဟုတ်တော့ပါဘူး။ တစ်ရောင်စီခွဲဝတ်လည်း အထာကျတာပါပဲ။
Ref:stylecaster.com

ရှုးတွေ၊ heel တွေနဲ့ ခြေစွပ်ကို တွဲဖက် ဆင်မြန်းတဲ့အခါ

နိုင်ငံတကာ ပွဲတက်ဖက်ရှင်တွေမှာရော၊ ထသွားထလာဖက်ရှင်တွေမှာပါ တွေ့လာရတဲ့ ရှုးဖိနပ်တွေ၊ Heel တွေ စီးတဲ့အခါ ခြေစွပ်ခံစီးတဲ့ဖက်ရှင်မျိုးဟာ ခုနောက်ပိုင်းတော်တော်လေး ခေတ်စားလာခဲ့ပြီမို့ ဘယ်လိုဖိနပ်မျိုးတွေကို  ခြေအိပ်တွေနဲ့ တွဲဖက်စီးနိုင်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။
၁။ပွဲတက်ဒေါက်မြင့်ဖိနပ်တွေနဲ့ ခုလို တွဲစီးလို့ရပါတယ်။ ပါတီပွဲ၊ ဒါမှမဟုတ် ဒင်နာသွားရမှာမို့ ကိုယ့်ဖိနပ်ကို သူများတွေနဲ့ကွဲမှန်း သိသာစေချင်တာမျိုးပဲဖြစ်ဖြစ်၊ ဒီမှာတွေ့ရနည်းတဲ့ပုံစံမို့ ကိုယ်ကအရင်ဆုံး တွဲစီးသွားချင်တယ်ဆိုရင်တော့ ကိုယ့်ဒေါက်မြင့်ဖိနပ်အရောင်နဲ့ လိုက်ဖက်မှုလည်းရှိမယ်၊ ဒီဇိုင်းပါတဲ့ ခြေအိပ်အမိုက်စားလေးတွေနဲ့ တွဲစီးသွားလိုက်ပါ။ ဘာဒီဇိုင်းမှ မပါတဲ့ ခြေအိတ်ဗြောင်တွေနဲ့တော့ ဒီဖိနပ်ဒီဇိုင်းတွေက အဆင်ပြေမှာ မဟုတ်ဘူးနော်။

၂။Peep -Toe Heelလို့ခေါ်တဲ့ ခြေချောင်းထိပ်လေးတွေ ပေါ်နေတဲ့ Heel အမြင့်စားတွေနဲ့ဆိုရင်တော့ ပုံမှာပြထားသလို ခြေအိတ်ဗြောင်လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ခြေအိတ်က ဖိနပ်ထက် နည်းနည်းအမြင့်ဆွဲဝတ်ထားဖို့ လိုပါတယ်။

၃။ပုံမှာပြထားတဲ့ Fisherman Sandal တွေကိုတော့ အနက်ရောင်ခြေအိတ် ဒါမှမဟုတ် အနက်ရောင်ဒီဇိုင်းပါတဲ့ ခြေအိတ်မျိုးလေေးတွနဲ့ တွဲဝတ်ပါ။ ဖိနပ်ကာလာနဲ့ သိပ်မကွာတဲ့ ကာလာကို ရွေးချယ်ပါ။

၎။Exposed Foot Sandal တွေကိုလည်း ကိုယ်ကြိုက်နှစ်သက်ရာ ခြေအိတ်တွေနဲ့ တွဲစီးလို့ရပါတယ်။

၅။ကိုယ်စီးနေကျ boot တွေ၊ sneaker တွေကိုလည်း ခြေအိတ်အတို၊ အရှည်တွေနဲ့ တွဲစီးနိုင်တယ်နော်။


Ref:luckymag.com

သင့်အိမ်ထောင်ရေး ပိုမိုသာယာပျော်ရွှင်စေဖို့ သိထားရမယ့် နည်းလမ်း(၉) သွယ်

အိမ်ထောင်တစ်ခု သာယာဖို့ဆိုတာ တစ်ဦးတည်းကောင်းနေလို့ မရပါဘူး။ အမျိုးသားရော၊ အမျိုးသမီးပါ တစ်ဦးပေါ်တစ်ဦး နားလည်မှုရှိရှိ၊ သစ္စာရှိရှိ ပြုမူနေထိုင်သွားမယ်ဆိုရင်တောင် နေ့စဉ်ဘ၀တွေမှာ ပျင်းရိစရာဖြစ်မလာအောင်၊ တစ်ဦးကို တစ်ဦး ချစ်စိတ်တွေ လျော့ပါးမသွားအောင် နှစ်ဦးစလုံးက ကြိုးစားနေရမှာပါ။ တစ်ခါတစ်လေ ကိုယ်တွေ မတွေးထားခဲ့တဲ့ အချက်ကလေးတွေကလည်း အိမ်ထောင်တစ်ခု သာယာစေဖို့ အထောက်အကူပြုနေတာမျိုးတွေ ရှိတတ်ပါ တယ်။ အရေးမကြီးဘူးလို့ ယူဆထားတဲ့ အချက်ကလေးတွေကို သေသေချာချာဂရုစိုက်ပေးသွားမယ်ဆိုရင် သင့်အိမ်ထောင်ရေးဟာ ပျင်းရိငြိငွေ့စရာ မကောင်းတော့ပဲ စိတ်လှုပ်ရှားပျော်ရွှင်စရာတွေနဲ့ ပြည့်လာမှာပါ။
၁။တစ်ဦးပေါ်တစ်ဦး အရိုးသားဆုံး ဆက်ဆံပါ။
စိတ်တိုတာ၊ စိတ်ဆိုးတာမျိုးတွေကို ဖုံးကွယ်ပြီး ပြုံးပြနေစရာ မလိုပါဘူး။ ဒါဟာ ရန်ဖြစ်ဖို့ပြောနေတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်မကြိုက်တဲ့အရာမျိုး သူလုပ်ရင် သူ့ကို နားလည်အောင် ရှင်းပြပါ။ ဒေါသရှေ့မထားပါနဲ့။ စိတ်အနှောင့်အယှက်ဖြစ်နေတာမျိုးကိုလည်း ပြုံးပြုံးလေးနေပြီး ဖုံးကွယ်နေစရာမလိုပါဘူး။
၂။အပြင်မှာ စိတ်ဝင်စားစရာကိစ္စမျိုးလေးတွေ ဖန်တီးပါ။
ဒါကို ဖတ်လိုက်ရလို့ အပြင်မှာ နောက်ထပ်ကောင်မလေး/ကောင်လေး အသစ်ထပ်ရှာခိုင်းတာ မဟုတ်ပါဘူး။ ကိုယ်စိတ်ဝင်စားတဲ့အရာ ဥပမာ ယောဂသင်တန်း အတူတူတက်တာပဲဖြစ်ဖြစ်၊ ရေအတူတူသွားကူးတာမျိုးပဲဖြစ်ဖြစ်၊ သင်တန်းတစ်ခုခု တက်တာမျိုးပဲဖြစ်ဖြစ် ကိုယ့်အိမ်ထောင်ဖက်နဲ့အတူတူ အပြင်လောကမှာ စိတ်ဝင်စားစရာကောင်းတဲ့အရာလေးတွေ လုပ်ပေးပါ။
၃။နှစ်ဦးသားအတူတူ စွန့်စားပါ။
တစ်နေ့တစ်နေ့ အိမ်မှာ ထိုင်နေပြီး ငါ့ဘ၀ကြီးက ပျင်းစရာကောင်းတယ်လို့ အော်မနေပါနဲ့။ ချစ်သူနဲ့အတူ အပြင်လောကကို ထွက်ပြီး လုပ်စရာရှိတဲ့အရာတွေကို လုပ်ပါ။ နေ့စဉ်ဘ၀တွေကို စိတ်လှုပ်ရှားဖွယ်ဖြတ်သန်းပါ။
၎။ခရီးထွက်ပေးပါ။
တစ်ခါတစ်လေ နေ့ရောညပါ အလုပ်ကိစ္စတွေ ရှုပ်နေတာကြောင့် ကိုယ့်အိမ်သူဇနီးမယားကို အချိန်မပေးနိုင်တာမျိုး၊ ထမင်းတောင်တူတူ မစားဖြစ်တာမျိုးတွေ ကြုံနေတတ်ပါတယ်။ ဒီလိုအချိန်ကြာမြင့်စွာနေခြင်းဟာ ကိုယ့်ရဲ့အိမ်ထောင်ရေးအတွက် ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ဇနီးနဲ့အတူ ခရီးထွက်ပေးပါ။ ဒါဟာနှစ်ဦးသားအတွက် ပျော်ရွှင်စရာကောင်းသလို သံယောဇဉ်လည်း ပိုတိုးစေပါတယ်။
၅။လက်ဆောင်လေးတွေပေးပါ။
တန်ဖိုးကြီးတဲ့အရာကမှ လက်ဆောင်မဟုတ်ပါဘူး။ ကိုယ့်ချစ်သူဇနီးမယား ကြိုက်တတ်တဲ့အရာလေးတွေကို သေချာမှတ်ထားပြီး အနည်းဆုံး တစ်လကို တစ်ခါလောက် လက်ဆောင်လေးတွေ ပေးပေးပါ။ သူမပျော်ရွှင်ကြည်နူးသွားတဲ့အခါ ကိုယ်လည်း အဲ့ဒီပျော်ရွှင်မှုတွေကို ထပ်တူခံစားရမှာဖြစ်ပါတယ်။
၆။ကလေးတွေမပါပဲ နှစ်ဦးသား ပျော်ရွှင်ကြည်နူးစရာ အချိန်တွေကို ဖန်တီးပါ။
သားသား၊ မီးမီးတွေနဲ့ အလုပ်တွေရှုပ်နေတာမို့ ကိုယ့်အမျိုးသားကို ပစ်ထားမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကလေးတွေကို အာရုံပိုစိုက်လေလေ၊ အမျိုးသားအတွက် အချိန်မရှိလေလေပါပဲ။ ဒီလိုမျိုးမဖြစ်ရအောင် ကလေးတွေအတွက် အချိန်ပေးသလို ကိုယ့်အမျိုးသားနဲ့ နှစ်ဦးသား အတူတူနေနိုင်မယ့် အချိန်ကို ဖန်တီးပါ။ တစ်ခါတစ်လေ ကလေးတွေ မပါဘဲ အပြင်သွားတာမျိုးတွေလည်း လုပ်ပေးနိုင်ရင် ကောင်းပါတယ်။
၇။အိမ်အလုပ်၊ အိမ်မှုကိစ္စတွေကို အတူတူလုပ်ပါ။
အိမ်အတွက် လိုအပ်တဲ့ တစ်ချို့အရာဝယ်ခြမ်းမယ်ဆိုရင် သူ့ကိုခိုင်းပါ။ အိမ်သန့်ရှင်းရေးအတွက်တော့ အတူတူလုပ်ကြပေါ့။ ခြံထဲမှာ ပန်းပင်တွေစိုက်တာမျိုးဆိုရင်လည်း အတူတူလုပ်လို့ရတာပဲ။ ကလေးကျောင်းသွားကြိုတာမျိုး သူလုပ်တယ်ဆို ၊ ဖုန်းဘေလ်သွားဆောင်တာမျိုး ကိုယ်လုပ်လိုက်ပေါ့။ အိမ်မှာရှိနေတဲ့အချိန်မျိုး အလုပ်တစ်ခုကို အတူတူလုပ်တာမျိုးကလည်း သံယောဇဉ်ကြိုးတွေ ပိုခိုင်စေပါသတဲ့။
၈။တစ်ဦးနဲ့တစ်ဦးဆွဲဆောင်မှုရှိနေပါစေ။
တစ်ဦးနဲ့တစ်ဦးဆွဲဆောင်နေဖို့ဆိုတာ လိင်ဆက်ဆံတာတစ်ခုတည်းနဲ့ မပတ်သက်ပါဘူး။ နှစ်ဦးသားသံယောဇဉ် ပိုမိုခိုင်မြဲဖို့ဆိုရင် အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာလည်း ပိုမိုနွေးနွေးထွေးထွေး နေပေးဖို့လိုပါတယ်။ တစ်ယောက်လက် တစ်ယောက်တွဲပြီး လမ်းလျှောက်တာမျိုး၊ ထွေးထွေးပွေ့ပွေ့နေတာမျိုး၊ မကြာခဏ ပွေ့ဖက်တာမျိုးတွေဟာ တစ်ဦးနဲ့တစ်ဦး ဆွဲဆောင်မှုပိုရှိစေသလို သံယောဇဉ်ပိုတွယ်စေပါတယ်။
၉။အရေးမပါတဲ့နောက်ကြောင်းတွေကို မေ့လိုက်ပါ။
အရင်တုန်းက ဖြစ်ခဲ့တဲ့ ရန်ပွဲတွေမှာ ပြောခဲ့တဲ့ စကားလုံးတွေကို မေ့လိုက်ပါ။ ရှေ့ရေးမှာ သာယာပျော်ရွှင်ချင်တယ်ဆိုရင် အရေးမပါတဲ့ နောက်ကြောင်းတွေကို မေ့ပစ်လိုက်ဖို့လိုက်ပါတယ်။
Ref:womenshealthmag.com

အမျိုးသားတွေအတွက် ရှူးဖိနပ်စတိုင်အမျိုးမျိုး

          ရှူးဖိနပ်တွေရဲ့ အရေးပါမှုကို လစ်လျူမရှုပါနဲ့။ သူတို့တွေက သင့်ရဲ့ခြေထောက်အောက်မှာ အမြဲတမ်း လိုက်ပါနေမယ့်အရာတွေလေ။
          အခုဖော်ပြပေးမယ့် ရှူးတွေက ခေတ်မီပြီး ဖက်ရှင်ဦးစားပေးတဲ့ အမျိုးသားတွေကြား အလွန်ရေပန်းစားပါတယ်။ အခုကတော့ သူတို့ကို အသုံးပြုဖို့ အချိန်ပါပဲ။
(၁)     သားရေပျော့ဖိနပ် ရောင်စုံ (Moccasins)

-         သမိုင်းကြောင်းကတော့ မြောက်အမေရိကန် လူမျိုးစုတွေရဲ့ ရိုးရာဖိနပ်တစ်ခုဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ တစ်ကမ္ဘာလုံးက သဘောကျနေပါပြီ။
-         ဒါကိုရွေးချယ်ရတဲ့ အဓိကအကြောင်းကတော့ ၀တ်ဆင်ရလွယ်ကူပြီး နွေရာသီအတွက် အထူးအဆင်ပြေပါတယ်။ ပြီးတော့ ကြိုးတွေလည်းမပါဘူးလေ။
-         ဒီဖိနပ်တွေဟာ မိန်းမဆန်တယ်ဆိုတဲ့ မှတ်ချက်ကို ချိုးဖောက်လိုက်ပါပြီ။ နယူးယောက် ၊ မီလန် ၊ တိုကျို စတဲ့ မြို့ကြီးတွေရဲ့ လမ်းမတွေပေါ်မှာ စမတ်ကျတဲ့ အမျိုးသားတွေဟာ ဒီလိုဖိနပ်မျိုးကို ၀တ်စုံပြည့် ၊ စတိုင်ပန် ၊ ဂျင်န်း စတဲ့ အမျိုးမျိုးသော အ၀တ်အစားတွေနဲ့ တွဲဖက်ဝတ်ဆင်နေကြတာ တွေ့နိုင်ပါတယ်။
(၂)     Oxford Shoes

-         ဒီဖိနပ်တွေကိုတော့ ၁၇ ရာစုလောက်က Oxford University က ကျောင်းသားတွေအကြား အလွန်ရေပန်းစားခဲ့တာကြောင့် Oxford Shoes လို့နာမည်တွင်ပါတယ်။
-         ဒီရှူးတွေကိုတော့ ထသွားထလာနဲ့ ပွဲနေပွဲထိုင် နှစ်မျိုးလုံးမှာ အသုံးဝင်တာကြောင့် နှစ်သက်ကြပါတယ်။
-         ဒီဖိနပ်တွေကို အခန့်အထည် ၀တ်မှသာ လိုက်ဖက်တယ်ဆိုတဲ့ စကားကိုလည်း ဆန့်ကျင်ပစ်ကြပါတယ်။ ဒီဖိနပ်တွေကို skinny ဂျင်န်းအကျပ်တွေနဲ့ တွဲဝတ်ရင်လည်း မော်ဒယ်တွေလိုမျိုး အထာကျတဲ့ ပုံစံကို ရနိုင်ပါတယ်။
(၃)     သားရေပျော့ ရှူးဖိနပ်လည်တို (Suede Ankle Shoes)

-         ဒီဖိနပ်ရဲ့ ရာဇ၀င်ကတော့ အဆိုတော် Elvis Presley တစ်ယောက် ၁၉၅၆ လောက်တုန်းက ဒီဖိနပ်အပြာရောင်နဲ့ ပွဲထွက်ခဲ့ပြီးနောက်မှာ ပေါ်ပြူလာဖြစ်သွားတာပါ။
-         ဒီဖိနပ်တွေက သားရေတွေလောက် တောင့်တင်းမှုမရှိဘဲ ၀တ်ဆင်ရ နူးညံ့ပါတာကြောင့် ရွေးချယ်ဖြစ်ကြပါတယ်။
-         ခြေကျင်းဝတ်လောက်အရှည်ဟာ နွေရာသီအတွက်သာဖြစ်တယ်ဆိုတဲ့ အဆိုကို ချိုးဖောက်နေကြပါပြီ။ သားရေပါး အပျော့သားနဲ့ လုပ်ထားတဲ့ ဒီဖိနပ်တွေဟာ အရောင်မျိုးစုံလာပေမယ့် အနီရောင် ၊ အီလက်ထရစ်အပြာရောင်တို့က နည်းနည်းကြောင်တာကြောင့် စွန့်စွန့်စားစား ၀တ်ကြည့်ချင်သူတွေ အတွက်လို့ ဆိုနိုင်ပါတယ်။ အညိုရောင်၊ မြင်းချေးရောင်တွေကတော့ အတွေ့အကြုံမရှိသေးပဲ ဒီဖိနပ်ကို ခုမှစ၀မယ့်သူတွေ ရွေးချယ်သင့်ပါတယ်။
(၄)     သံမှိုတွေနဲ့ အလှဆင်ထားတဲ့ ရှူး (Studded Shoes)

-         ဒါတွေကတော့ ရောခ့်ကာတွေကနေ စလာတာလို့ ဆိုနိုင်ပါတယ်။ ဒီတော့ လူတွေဘာကြောင့် ဒီဖိနပ်ကို ကြိုက်သလဲ ပြောဖို့လိုသေးလား။
-         လူတွေပြောတာက ဒီလို သတ္တုသံမှိုတွေဆိုတာ နားမှာဝတ်ရတဲ့ အရာတွေလို့ပေါ့။ အခုကတော့ ဖိနပ်မှာရော ဘာလို့မဖြစ်နိုင်ရမှာလဲလို့ စိန်ခေါ်နေပါပြီ။ punk mood ၀င်နေတဲ့အချိန်မျိုး ၊ အခန်းထဲကလူတွေအားလုံးရဲ့ အာရုံစိုက်မှုကို လိုချင်တဲ့အချိန်မျိုးဆို ဒီဖိနပ်က အတော်လေး အသုံးဝင်ပါတယ်။ အနက်ရောင်ကို ရွေးချယ်ခြင်းက ဈေးကြီးပစ္စည်းမှန်း ပေါ်လွင်ပါတယ်။
(၅)     Combat Boots

-         သမိုင်းကြောင်းကတော့ ၁၈၀၀ ခုနှစ်အစောပိုင်းတွေတုန်းက ရောမအင်ပါယာက စစ်သားတွေ စတင်ဝတ်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။
-         ဒီဖိနပ်ကို နှစ်သက်ကြရတဲ့ အကြောင်းရင်းကတော့ စစ်သက်ရဲ့ အငွေ့အသက်တွေပါတဲ့ ဘယ်လိုအသုံးအဆောင်မျိုးမဆို ယောက်ျားပီသတယ်လို့ ခံစားရလို့ပါတဲ့။
-         ဒီတော့ စစ်တပ်ထဲမှာပဲ အသုံးဝင်ပါတယ်လို့ ပြောရင် မှားပါတယ်။ ဒီလို ခပ်ကြမ်းကြမ်း အသုံးအဆာင်မျိုးဆိုတာ အမျိုးသားများကို ယုံကြည်မှုနဲ့ စိတ်ဓါတ်ခွန်အားပေးတယ်လို့ ဆိုကြပြီး အပြင်လောကမှာလည်း အများအပြား ၀တ်ဆင်နေကြပါပြီ။ စစ်စိမ်းရောင်သာမက အနက်နဲ့ ကာကီရောင်တွေလည်း လာပါတယ်။ အကောင်းဆုံး တွဲဖက်ဝတ်ဆင်နည်းကတော့ ဂျင်န်းတွေနဲ့ပါပဲ။
Ref:mensxp.com