This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, August 30, 2014

အမျိုးသားတွေဆီမှာ အမျိုးသမီးတွေ ရှာဖွေတတ်တဲ့ အရည်အချင်း (၅) ခု

အရပ်အမောင်းရှည်တာ၊ အသားညိုတာ၊ ရုပ်ရည်ချောမောတာတွေအပြင် အမျိုးသမီးတွေဟာ ယောက်ျားလေးတွေကို အကဲခတ်တိုင်းတာတတ်တဲ့ အရည်အချင်းတွေ အများကြီးရှိပါတယ်။ သင့်ဆီမှာ အဲဒီအရည်အချင်းတွေ ဘယ်လောက်ရှိသလဲ ကြည့်ရအောင်။
၁။ သင်ဟာ ပျော်ပျော်နေတတ်တဲ့ သူဖြစ်ခြင်း
မိန်းကလေးတွေအတွက် အရေးကြီးတာက သူတို့ လက်တွဲတဲ့ အမျိုးသားမှာ ဟာသဥာဏ်ရှိပြီး သူမကို အရယ်မောနေအောင် လုပ်နိုင်ဖို့ လိုပါတယ်။ အမျိုးသမီးတွေက လူရှေ့သူရှေ့မှာ ရယ်စရာဟာသ တစ်ခုခုကို ပြောဆိုတတ်တဲ့ ယောက်ျားလေးမျိုးကို သဘောကျပြီး ယေဘုယျအားဖြင့် ပျော်ပျော်နေချင်ကြပါတယ်။
၂။ မားမားမတ်မတ်ရပ်တည်နိုင်ခြင်း
အမျိုးသမီးတွေက ဆုံးဖြတ်ချက်ခိုင်မာတဲ့ ယောက်ျားကို မလိုချင်ကြပါဘူး။ သူတို့က သူတို့အတွက်သာမဟုတ်ဘဲ အများအတွက်ပါ ရပ်တည်ပေးနိုင်တဲ့ ယောက်ျားကို လိုချင်ကြတယ်။ တစ်ခုခုဆို ယောင်လည်လည်လုပ်တတ်တဲ့သူမျိုးကို သဘောမကျကြပါဘူး။ အချိန်အချကျရောက်လာလို့ အမှန်တရားအတွက် ရပ်တည်ရမယ့်အချိန်မှာ အဲ့ဒီတာဝန်ကို လုပ်ဆောင်နိုင်သူတစ်ဦးကိုသာ သူတို့ လိုချင်ကြတာပါ။
၃။ နားထောင်မှုစွမ်းရည် အပြည့်အ၀ရှိခြင်း
ဘဝဆိုတာ ရှည်လျားလှတဲ့ လမ်းခရီးတစ်ခုပါ။ အခါတလေမှာ အမျိုးသမီးတွေ တောင့်တတတ်တဲ့ တစ်ခုတည်းသောအရာက သူတို့စကားကို နားထောင်ပေးတဲ့သူ ဖြစ်ပါတယ်။ သူတို့ အမှားတွေကို လိုက်ထောက်နေရမှာ မဟုတ်ဘဲ လက်ခံ နားထောင်ပေးဖို့သာဖြစ်ပါတယ်။ ဒီအရည်အချင်းကို လျော့မတွက်လိုက်ပါနဲ့။ အရမ်းအရေးကြီးတဲ့ အရည်အချင်းတစ်ခုနော်…ကိုယ့်လူ။
၎။ ဗဟုသုတကြွယ်ဝခြင်း
ဗဟုသုတကြွယ်ဝနေမှုဟာ အမျိုးသမီးတွေ အလေးထားတဲ့ နောက်ထပ် အရည်အချင်းတစ်ခုဖြစ်ပါတယ်။ သူတို့ရင်ခုန်တဲ့သူက အားကစား၊ ကမ္ဘာ့အရေး၊ သမိုင်း၊ တေးဂီတ၊ စက်ရုံအလုပ်ရုံဆိုင်ရာ ဗဟုသုတ စတဲ့ လက်ရှိ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ သတင်းမျိုးစုံ သိစေချင်ကြတယ်။ အခုခေတ်မှာ အမျိုးသမီးအားလုံးလိုလို ယောက်ျားတွေမှာ ရှာဖွေတတ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အဲဒီအချက်ဟာလည်း ယောက်ျားတွေကို တထူးတခြား ဆွဲဆောင်မှုရှိစေတဲ့ အရည်အချင်း တစ်ရပ်လည်းဖြစ်ပါတယ်။
၅။ အမျိုးသမီးတွေကို အလေးထားခြင်း
အမျိုးသမီးမျိုးတွေအပေါ် လေးစားမှုထားသင့်ပါတယ်။ သူတို့ကို ယောက်ျား၊ မိန်းမလို့ ခွဲခြားပြီး သဘောမထားသင့်ဘဲ တန်းတူဆက်ဆံသင့်ပါတယ်။ အမျိုးသမီးရဲ့ စိတ်ကူးအိမ်မက်တွေ၊ ကိုယ်ရေးကိုယ်တာတွေကို တန်ဖိုးထားပြီး လွတ်လပ်မှုရအောင် ဖန်တီးပေးသင့်ပါတယ်။ ရှေ့ရေးအတွက် အသက်မွေးကျောင်းလုပ်ငန်းတွေ ရွေးချယ်ဆုံးဖြတ်ရာမှာ အထောက်အကူပေးသင့်ပါတယ်။ သူမကို တန်ဖိုးထားတယ်၊ ချစ်တယ်လို့ ခံစားလာအောင် လုပ်ပေးပြီး သူမရှေ့မှာ အပြုအမူတွေကို ဂရုစိုက်သင့်ပါတယ်။
Source: Menxp

SIM ကဒ်များကို နိုင်ငံတစ်ဝန်းရှိ လက်လီ အရောင်းဆိုင်များ တွင် ဝယ်ယူရရှိ နိုင်တော့မည်


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် မိဘပြည်သူ များအား SIM ကဒ်များ ပိုမို လွယ်ကူစွာ ဝယ်ယူ ရရှိနိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ တန်ဖိုးနည်း SIM ကဒ်များကို နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လက်လီ အရောင်းဆိုင်များတွင် စက်တင်ဘာလ (၁)ရက်နေ့မှ စတင်၍ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးမည် ဖြစ်ပါသည်။ SIM ကဒ်များကို လစဉ်လတိုင်း ဝယ်ယူရရှိနိုင်ရေးနှင့် နိုင်ငံအနှံ့ရှိ မြို့များနှင့် မြို့နယ်တိုင်းတွင် ရရှိနိုင်ရေး ဆက်လက် စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

ပြည်နယ်/တိုင်း  မြို့နယ်များ

နေပြည်တော်

ဒက္ခိဏသီရိ၊ လယ်ဝေး၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်း၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ

ကချင်

မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း၊ ရွှေကူ၊ တနိုင်း

ကယား

လွိုင်ကော်

ကရင်

ဘားအံ၊ လှိုင်းဘွဲ၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ

ချင်း

ဟားခါး၊ ဖလမ်း၊ မင်းတပ်၊ တီးတိန်

စစ်ကိုင်း

မုံရွာ၊ ဘုတလင်၊ ခန္တီး၊ ဟုမ္မလင်း၊ အင်းတော်၊ ကလေး၊ ကလေးဝ၊ ကန့်ဘလူ၊ ကောလင်း၊ မော်လိုက်၊ မြင်းမူ၊ ပုလဲ၊ စစ်ကိုင်း၊ ဝန်းသို

တနင်္သာရီ

ထားဝယ်၊ ဘုတ်ပြင်း၊ ကော့သောင်း၊ ကျွန်းစု၊ လောင်းလုံ၊ မြိတ်၊ ပုလော၊ ရေဖြူ

ပဲခူး

ပဲခူး၊ ပြည်၊ ဒိုက်ဦး၊ ကဝ၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ညောင်လေးပင်၊ အုတ်တွင်း၊  ဖြူး၊ ရွှေကျင်၊ ထန်းတပင်၊ တောင်ငူ၊ သနပ်ပင်၊ ဝေါ၊ ရေတာရှည်၊ ကြို့ပင်ကောက်၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ နတ်တလင်း၊ အုတ်ဖို၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်၊ သာယာဝတီ၊ သဲကုန်း၊ ဇီးကုန်း

မကွေး

မကွေး၊ အောင်လံ၊ ချောက်၊ ဂန့်ဂေါ၊ ကံမ၊ မင်းဘူး၊ မင်းတုန်း၊ မင်းလှ၊ မြိုင်၊ မြို့သစ်၊ နတ်မောက်၊ ငဖဲ၊ ပခုက္ကူ၊ ပေါက်၊ ပွင့်ဖြူ၊ စလင်း၊ ဆော၊ ဆိပ်ဖြူ၊ စေတုတ္တရာ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး၊ သရက်၊ ထီးလင်း၊ ရေနံချောင်း၊ ရေစကြို

မန္တလေး

အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ မိုးကုတ်၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ စဥ့်ကူး၊ အမရပူရ၊ ချမ်းမြသာစည်၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ မိထ္ထီလာ၊ ပြည်ကြီးတံခွန်၊ စဥ့်ကိုင်၊ တံတားဦး၊ သာစည်

မွန်

မော်လမြိုင်၊ ဘီးလင်း၊ ချောင်းဆုံ၊ ကျိုက်မရော၊ ကျိုက်ထို၊ မုဒုံ၊ ပေါင်၊ သံဖြူဇရပ်၊ သထုံ၊ ရေး

ရခိုင်

စစ်တွေ၊ အမ်း၊ ဘူးသီးတောင်၊ ဂွ၊ ကျောက်ဖြူ၊ ကျောက်တော်၊ မောင်းတော၊ မင်းပြား၊ မြောက်ဦး၊ မန်အောင်၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင် ၊ သံတွဲ၊ တောင်ကုတ်

ရန်ကုန်

ဗိုလ်တထောင်၊ ဒဂုံမြို့သစ်၊ ဒေါပုံ၊ မင်္ဂ္လာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊ ပုဇွန်တောင်၊ တောင်ဥက္ကလာပ၊ တာမွေ၊ သာကေတ၊ သင်္ဃ္န်းကျွန်း၊ ရန်ကင်း၊ လှိုင်သာယာ၊ လှည်းကူး၊ ၊ မှော်ဘီ၊ ထန်းတပင်၊ အင်းစိန်၊ မင်္ဂ္လာဒုံ၊ ရွှေပြည်သာ၊ တိုက်ကြီး၊ အလုံ၊ ဗဟန်း၊ ကိုကိုးကျွန်း၊ ဒဂုံ၊ ဒလ၊ လှိုင်၊ ကမာရွတ်၊ ကော့မှူး၊ ခရမ်း၊ ကွမ်းခြံကုန်း၊ ကျောက်တံတား၊ ကျောက်တန်း၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ လသာ၊ မရမ်းကုန်း၊ ပန်းဘဲတန်း၊ စမ်းချောင်း၊ ဆိပ်ကြီးခနောင်တို၊ ဆိပ်ကမ်း၊ သန်လျင်၊ သုံးခွ

ရှမ်း

တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းတုံ၊ တာချီလိတ်၊ သိန္နီ၊ ကွတ်ခိုင်၊ လောက်ကိုင်၊ မဘိန်း၊ မန်တုံ၊ မိုးမိတ်၊ မိုးညှင်း၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ ကလော၊ ကွန်ဟိန်း၊ လဲချား၊ လင်းခေး၊ ရပ်စောက်၊ လွိုင်လင်၊ မိုင်းရှူး၊ မိုးနဲ၊ နမ့်စန်၊ ညောင်ရွှေ၊ ဖယ်ခုံ၊ ပင်းတယ၊ ပင်လောင်း၊ ရွာငံ

ဧရာဝတီ

ပုသိမ်၊ ဘိုကလေး၊ ဓနုဖြု၊  ဒေးဒရဲ၊ အိမ်မဲ၊ ဟင်္သာတ၊ အင်္ဂ္ပူ၊ ကန်ကြီးထောင့်၊ ကျိုက်လတ်၊ ကြံခင်း၊ ကျောင်းကုန်း, ကြုံပျော်၊ လပွတ္တာ၊ လေးမျက်နှာ၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ မြန်အောင်၊ မြောင်းမြ၊ ငပုတော၊ ညောင်တုန်း၊ ပန်းတနော်၊ ဖျာပုံ၊ သာပေါင်း၊ ဝါးခယ်မ၊ ရေကြည် ၊ ဇလွန်

http://www.mcit.gov.mm

Thursday, August 28, 2014

အာဖရိက အမျိုးသမီးငယ် (၄)ယောက်က လောင်စာဆီအဖြစ် သေးရည်စွမ်းအင်သုံး မီးစက်တီထွင်

အာဖရိက အမျိုးသမီးငယ် (၄) ယောက်က ဓာတ်ဆီလောင်စာအနေနဲ့ သေးရည် (၁) လီတာသာ အသုံးပြုပြီး လျှပ်စစ်ဓာတ်အား (၆) နာရီကြာ ထုတ်လုပ်ပေးတဲ့ မီးစက်ကို တီထွင်ခဲ့ပါတယ်။
 အသက် (၁၄)နှစ် ရှိပြီဖြစ်တဲ့ Duro-Aina Adebola ၊ Akindele Abiola ၊ Faleke Oluwatoyin နဲ့ အသက် (၁၅)နှစ်ဖြစ်တဲ့  Bello Eniola  တို့ လေး ယောက်ဟာ အဲ့ဒီမီးစက်ကို Nigeria နိုင်ငံ Lagos က Maker Faire မှာ ပြသခဲ့ကြပါတယ်။
သူတို့လေးယောက် တီထွင်ခဲ့တဲ့ ဒီသေးရည်စွမ်းအင်သုံး မီးစက်က ဘယ်လိုပုံစံနဲ့ လည်ပတ် အလုပ်လုပ်သလဲ ကြည့်ကြရအောင်။
  • သေးရည်ကို ဟိုက်ဒရိုဂျင် သပ်သပ်ခွဲခြား ဖယ်ထုတ်ပေးတဲ့ လျှပ်စစ်သံလိုက်ဆဲလ်ထဲကို ထည့်ရပါတယ်။
  • ၎င်းဟိုက်ဒရိုဂျင် သန့်စင်စေဖို့ ဂက်စ်စလင်ဒါထဲ ရောက်အောင် တွန်းပို့ပေးတဲ့ ရေစစ်တစ်ခုကို ဖြတ်သွားပါတယ်။
  • ၎င်းဂက်စ်စလင်ဒါက ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို စိုစွတ်မှုမရှိ ကင်းအောင် လုပ်ပေးတဲ့ ဘူးရပ်စ်အရည်ထည့်ထားတဲ့ စလင်ဒါတစ်ခုထဲကို ရောက်အောင်ပို့ပေးပါတယ်။
  • အဲ့ဒီသန့်စင်ထားတဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို မီးစက်ဆီသို့ ဆက်သွယ်ပေးထားပါတယ်။
သူတို့ရဲ့ တီထွင်ဖန်းတီးမှုတွေနဲ့ တခြားသော လက်တွေ့ကျတဲ့ တီထွင်ကြံဆမှုများကို ပြသဖို့ သူတို့ဟာ Lagos ကို လာရောက်ခဲ့ကြတာပါ။ ဒီ Maker Faire မှာ ကိုယ့်စမ်းသပ်တီထွင်မှုတွေကို လာရောက်ပြသကြသူတွေ ထောင်နဲ့ချီ ရှိတယ်လို့ သိရပြီး Maker Faire ဟာ အာဖရိကတိုက်တစ်ခုလုံးမှာလည်း လူသိများတဲ့ နေရာတစ်ခုဖြစ်ပါတယ်တဲ့။
Source: jewsnews.co.il

မြန်မာ့စီးပွားရေးလုပ်ငန်း အားဖြည့်ပေးဖို့ အမေရိကန်ကြိုးပမ်း


အမေရိကန် အာဆီယံ ထိပ်သီး စီးပွားရေးညီလာခံကို တက်ရောက်ဖို့ အမေရိကန် နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာ နေပြည်တော်ကို ရောက်နေပါတယ်။

လက်ထောက်ဝန်ကြီး Rivkin က ရန်ကုန်မြို့ကိုလည်း သွားရောက်မှာဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမယ့်အပြင် အမေရိကန် ကုမ္ပဏီကြီးတခုက ဖွင့်ထားတဲ့ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပို့ချတဲ့နေရာကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

၄၇ ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးပွဲ ကျင်းပနေချိန်မှာ စီးပွားရေးနဲ့ စီးပွားရေး လုပ်ငန်းများဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာ အမေရိကန် အာဆီယံ စီးပွားရေး ထိပ်သီးညီလာခံကို တက်ရောက်ဖို့ သြဂုတ်လ ၂၇ ရက်က နေပြည်တော်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ နေပြည်တော်ကို ရောက်ရှိစဉ် သူဟာ အာဆီယံစီးပွားရေးကောင်စီအပြင် အမေရိကန် မြန်မာ ကုန်သည်ကြီးများအသင်း ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rivkin ဟာ သြဂုတ်လ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာတော့ ရန်ကုန်မြို့ကို သွားရောက်မှာဖြစ်ပါတယ်။ အဲ့ဒီမှာ စီးပွားရေးလုပ်ငန်းရှင်တွေအပြင် အမျိုးသမီးစွမ်းဆောင် ပညာရှင်တွေနဲ့ တွေ့ဆုံပြီး သူတို့ရင်ဆိုင်နေရတဲ့ အကဲစမ်းမှုတွေကို အမေရိကန်ဘက်က ဘယ်လိုကူညီဖြေရှင်းပေးနိုင်မလဲဆိုတာကို ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းရေးရာဌာန ပြောခွင့်ရပုဂ္ဂိုလ် Kerry Humphrey က -

“ဒီခရီးစဉ်ဟာ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းကတော့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Rivkin အနေနဲ့ သူ့အစီအစဉ်အရ စီးပွားရေးခေါင်းဆောင်တွေအပြင် အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင် ၈ ဦးတို့နဲ့လည်း အလွတ်သဘော ဆွေးနွေးဖို့ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဈေး ကွက်ဖွင့်ပြီးတဲ့နောက် အခုအချိန်မှာ စီးပွားရေးစွမ်းဆောင် ပညာရှင်တွေအနေနဲ့ သူတို့ရင်ဆိုင်နေကြရတဲ့ အကဲစမ်းမှုတွေကို ၀န်ကြီးအနေနဲ့ သိခွင့်ရမှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ကိုင်နေရတဲ့ ပတ်ဝန်းကျင်အနေအထား အထူးသဖြင့် အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို သိခွင့်ရမှာဖြစ်ပြီး အမေရိကန်အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဘယ်ပုံဘယ်နည်း အကူအညီပေးနိုင်မလဲဆိုတာကို ၀န်ကြီးအနေနဲ့ မေးမြန်းမှာဖြစ်ပါတယ်” လို့ ပြောခွင့်ရပုဂ္ဂိုလ် မစ် Humphrey က ပြောဆိုသွားခဲ့တာပါ။

ဒါ့အပြင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စတင်ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို စတင် ရုပ်သိမ်းပေးခဲ့ပြီးတဲ့နောက် လာရောက် ရင်းနှီးမြှုပ်နှံတဲ့ အမေရိကန်ကုမ္ပဏီကြီးတွေ ရှိတဲ့အနက် Caterpillar ကုမ္ပဏီကြီးလည်း ပါဝင်တာဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီကြီးဟာ မြန်မာလူငယ်တွေကို အသက်မွေးဝမ်းကျောင်း ပို့ချနေတဲ့နေရာကိုလည်း လက်ထောက်ဝန်ကြီး Rivkin အနေနဲ့ သွားရောက်ကြည့်ရှုမှာဖြစ်တယ်လို့ မစ် Humphrey က ပြောပါတယ်။

“သူသွားမယ့်နေရာကတော့ သင်တန်းပို့ချမယ့်နေရာဖြစ်ပါတယ်။ Caterpillar ကုမ္ပဏီကြီးရဲ့ အထောက်အပံ့နဲ့ MSP ခေါ် မြန်ရွှေပြည် Tractors နဲ့ တွဲဘက်လုပ်ဆောင်တာ ဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ ငွေကြေးချို့တဲ့လို့ တက္ကသိုလ်ကျောင်း မတက်နိုင်ကြတဲ့ အထက်တန်းကျောင်းသားတွေကို စက်မှုနည်းပညာ အလုပ်သင် သင်တန်း ပို့ချနေတာဖြစ်ပါတယ်။ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒီသင်တန်းကို သွားရောက်မှာဖြစ်ပြီး ကျောင်းသားတွေနဲ့ တွေ့ဆုံတဲ့အပြင် Caterpillar တာဝန်ခံတွေက ပြောဆိုချက်တွေကိုလည်း နားထောင်မှာဖြစ်ပါတယ်။ အခုလို သင်တန်းတွေပေးခြင်းအားဖြင့် သာမန် မြန်မာနိုင်ငံသားတွေရဲ့ ဘ၀တိုးတက်ရေးအတွက် အထောက်အကူပေးရာ ရောက်စေမယ့်အပြင် စီးပွားရေးကော်ပိုရေးရှင်းကြီးတွေအနေနဲ့ ဘယ်လို ကျင့်ဝတ်သိက္ခာပိုင်းနဲ့အညီ တာဝန်သိသိ လုပ်ဆောင်ရမယ်ဆိုတာကိုလည်း နိုးကြားမှုရှိစေပါတယ်” လို့ မစ် Humphrey က ပြောသွားတာဖြစ်ပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rivkin ရဲ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်ဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်ရာမှာလည်း အထောက်အကူပြုစေတယ်လို့ မစ် Humphrey က ပြောပါတယ်။

“ဒီခရီးစဉ်ရဲ့ အရေးပါမှုကတော့ သမ္မတ အိုဘားမားပြောခဲ့တဲ့အတိုင်း အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ အာရှနဲ့ ပစိဖိတ်ဒေသနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် အာရှမှာ အမေရိကန်ရဲ့ လွှမ်းမိုးနိုင်မှု ပြန်လည် ချိန်ကိုက်နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး Kerry ကလည်း ဒါကို အထူးဦးစားပေး ကြိုးပမ်းနေတာ ဖြစ်ပါတယ်” လို့ Humphrey က ပြောသွားတာဖြစ်ပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rivkin အနေနဲ့ မြန်မာနိုင်ငံအပြီး စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအရေး ဆွေးနွေးဖို့ စင်္ကာပူ၊ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတို့ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လာရောက်တဲ့ အမေရိကန်ထိပ်တန်းအရာရှိတွေရဲ့ ခရီးစဉ်တွေနဲ့ပတ်သက်လို့ နောက်ဆုံး ဖြစ် ထွန်းတိုးတက်မှု တရပ်ကတော့ အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်မှု APEC ရဲ့ အမေရိကန် ထိပ်တန်းအရာရှိတဦး အဆိုအရ သမ္မတ အိုဘားမားအနေနဲ့ နိုဝင်ဘာလကျင်းပမယ့် EAS ခေါ် အရှေ့အာရှထိပ်သီးညီလာခံကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဆိုက်ရောက်မှာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒေါ်လှလှသန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/us-burma-visit/2430604.html

အမေရိကန် နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles Rivkin (Photo: U. S. Department of State: Economic & Business Affairs)

Leonardo ရဲ့ The Beach ဇာတ်ကားကြည့်ပြီး ပုံစံတူလိုက်လုပ်ခဲ့တဲ့ လူငယ်တစ်ယောက် ဇာတ်ကားထဲမှာပါတဲ့ ကျွန်းစွယ်မှာပဲ သေဆုံး

Leonardo ရဲ့ The Beach ဇာတ်ကားကြည့်ပြီး ပုံစံတူလိုက်လုပ်ခဲ့တဲ့ လူငယ်တစ်ယောက်ဟာ ဇာတ်ကားထဲမှာ ပါတဲ့ကျွန်းစွယ်မှာပဲ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။
ဗြိတိသျှလူမျိုး တစ်ဦးဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် Jay Davies ဟာ Leonardo DiCaprio သရုပ်ဆောင်ထားတဲ့ The Beach ဇာတ်ကားကို ရူးသွပ်တဲ့အလျောက် ဇာတ်ကားထဲကအတိုင်း အရှေ့တောင်အာရှ မှာရှိတဲ့ ဖူးခက်ကမ်းရိုးတန်းက ဖီဖီလို့ခေါ်တဲ့ကျွန်းစွယ် တစ်ခုအပေါ်မှာ အိမ်ဆောက်ပြီး နေထိုင်ခဲ့ပါတယ်။
 Jay Davies moved to Thailand after seeing hit Leonardo DiCaprio film The Beach (pictured)
သူ့ရဲ့ အရှေ့တောင်အာရှ အိမ်မက်တွေဟာ ကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်။ သူ့ရဲ့သေဆုံးမှုကို အချိန်ကွာဟပြီးမှ သိခဲ့ရတဲ့ ထိုင်းနိုင်ငံတာဝန်ရှိသူတွေဟာ Davies ရဲ့သေဆုံးမှု အကြောင်းအရင်းကို သက်သေပြနိုင်ဖို့ စုံစမ်းဖော်ထုတ်နေဆဲဖြစ်ပါတယ်။
 While living in Thailand, Jay Davies took part in all manner of watersports and outdoor activities
ခရီးထွက်ရတာ ၀ါသနာကြီးတဲ့ Davis ဟာ ကျောင်းပြီးကတည်းက အနောက်ဝေလပြည်နယ်ကနေ မိုင်ပေါင်း ၆၀၀၀ ကျော် ပျံသန်းလာခဲ့တာဖြစ်ပြီး သူဟာ ၃ နှစ်တိတိ ဖီဖီကျွန်းမှာ အနောက်တိုင်း နယ်လှည့်  ခရီးသွားတွေနဲ့အတူ ပါတီပွဲတွေလုပ်နေခဲ့တာ ဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းတွေနဲ့တော့ အဆက်အသွယ်ရှိနေခဲ့ပါတယ်။
Ref:dailymail.co.uk

မြန်မာကိုယ်စားလှယ် ၅ ဦး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက်


  မြန်မာနဲ့ ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံအကြား ​ဆက်ဆံရေး ​တိုးတက် ​ကောင်းမွန် ​ရေးအတွက် ​မြန်မာနိုင်ငံက ​ကိုယ်စားလှယ် ​ငါးယောက် ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံကို ​သွားရောက်နေပါတယ်။

ရိုဟင်ဂျာနဲ့ ​ပတ်သက်တဲ့ ​အကြောင်းအရာတွေ၊ ​တရားမဝင် ​စိတ်ကြွဆေးပြား ​ကုန်ကူးမှု ​အကြောင်းတွေ၊ ​နှစ်နိုင်ငံနယ်စပ် ​အကြားမှာ ​ဖြစ်နေတဲ့ ​အငြင်းပွား ​မှုတွေကို ​ဖြေရှင်းဖို့ ​ဆက်ဆံရေး ​ရုံးထားရှိမယ့် ​ကိစ္စတွေအပြင် ​လုံခြုံရေး ​ဆွေးနွေးပွဲတွေ ​ပုံမှန် ​လုပ်ဆောင်နိုင်ဖို့ ​ဆွေးနွေး ​ကြမှာဖြစ်ကြောင်း ​The ​Daily ​Star ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ဒါ့အပြင် ​လူကုန်ကူးမှု ​ကိစ္စနဲ့ ​ကူးသန်းရောင်း ​ဝယ်ရေး၊ ​ရင်းနှီးမြုပ်နှံရေး၊ ​ပညာရေး၊ ​စိုက်ပျိုးရေး၊ ​ကမ္ဘာလှည့် ​ခရီးသွား ​လုပ်ငန်းနဲ့ ​စွမ်းအင် ​လုပ်ငန်းတွေ ​အကြောင်းလည်း ​ဆွေးနွေးဖို့ရှိ ​တယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံ ​သမ္မတ ​ဦးသိန်းစိန် ​ကိုလည်း ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံက ​နောက်တစ်ကြိမ် ​ဖိတ်ခေါ်ဖို့ ​ရှိတယ်လို့ ​လည်း ​သိရပါတယ်။

သမ္မတ ​ဦးသိန်းစိန်ဟာ ​၂၀၁၂ ​ခုနှစ် ​ဇွန်လတုန်းက ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံကို ​သွားရောက် ​လည်ပတ်ဖို့ ​စီစဉ်ခဲ့ပေမယ့် ​ရခိုင်ပြည်နယ်မှာ ​ဘာသာရေး၊ ​လူမျိုးရေး ​ပြဿနာ ​ဖြစ်ခဲ့တဲ့ ​အတွက် ​ခရီးစဉ်ကို ​ဖျက်သိမ်းခဲ့ ​ရပါတယ်။

ဘင်္ဂလားဒေ့ရှ် ​နိုင်ငံမှာ ​ရိုဟင်ဂျာ ​ဒုက္ခသည် ​အယောက်ပေါင်း ​၃၀၀၀၀ ​လောက် ​ဒုက္ခသည် ​စခန်းတွေမှာ ​နေထိုင်နေပြီး ​ဒုက္ခသည် ​အဖြစ် ​တရားဝင် ​အသိအမှတ်ပြု ​မခံရသူ ​အများအပြား ​လည်း ​စခန်းအပြင် ​ဘက်မှာ ​နေထိုင်လျက်ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-28/1361886

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဖြတ်ကျော်သွားနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ (Credit: AFP) 

Saturday, August 23, 2014

ကမ္ဘာ့ သက်တမ်း အရင့်ဆုံး အက်တိုးပစ် ကိုယ်ဝန်


အိန္ဒိယနိုင်ငံ အလယ်ပိုင်း မက်ဒါပရာဒက်ရှ် က ဂျိုတီ ကူမာဆိုသူအမျိုးသမီးတဦးရဲ့ ခန္ဓာကိုယ်ထဲမှာ မမွေးဖွားခဲ့တဲ့ ကလေးရဲ့ အရိုးစု ရှိနေကြောင်းကို
နှစ်ပေါင်း ၃၆ နှစ် ကြာမှ သိရတဲ့အတွက် ဖယ်ရှား လိုက်ပါပြီ။  



 မမွေးဖွားခဲ့ရတဲ့ကလေးအရိုးစုနဲ့ နှစ်ပေါင်း ၃၆ နှစ်ရှိ ဗိုက်ထဲက အက်တိုးပစ်ကိုယ်ဝန်၊ ဓာတ်ပုံ- The Mirror

ဒါကြောင့် သူ့မှာ ကမ္ဘာ့သက်တမ်းအရှည်ဆုံး အက်တိုပစ် ကိုယ်ဝန်ရှိတယ်လို့ ယုံကြည်ရတဲ့ ကိစ္စအဖြစ် အလွန်ပဲ စိတ်ဝင် စားစရာ ကောင်းပါတယ်။ 

အက်တိုပစ် ကိုယ်ဝန်ဆိုတာ မြန်မာစာဖတ်ပရိသတ်တွေကို ယဉ်မင်းဦး (ဆေးတက္ကသိုလ်) ရဲ့ အက်တိုးပစ် အပျိုစင် ဆိုတဲ့ စာအုပ်နဲ့ မိတ်ဆက်ပေးထားလို့ သိပြီးဖြစ်နိုင်ပါတယ်။ 

အက်တိုးပစ် ကိုယ်ဝန်ဆိုတာ  သားအိမ်မှာ ကိုယ်ဝန် တည်တာမဟုတ်ဘဲ သားအိမ်ပြင်ပမှာ ကိုယ်ဝန် တည်တဲ့ ထူးခြားဖြစ်စဉ်ပါ။ ဒီလို ကိုယ်ဝန်မျိုးဟာ ကလေးအတွက်ရော၊ မိခင်အတွက်ပါ အသက် အန္တရာယ်အလွန်ကြီးပါတယ်။ 

၁၉၇၉ ခုနှစ်တုန်းက မစ္စ ကူမာ အသက် ၂၄ နှစ်အရွယ်မှာ သူ့မှာ ကိုယ်ဝန်ရှိတယ်လို့ သိခဲ့ရပြီး ကလေးဟာ သားအိမ် အပြင်ဘက်မှာ ကြီးထွားလာနေတာကြောင့် ကလေးအသက်ရှင်ဖို့ အခွင့်အလမ်းအလွန်နည်းတယ်လို့ သိခဲ့ရတယ်။ 

ဒါကြောင့် ဒါဟာ ခွဲစိပ်လိုက်မှ အန္တရာယ်ကင်းမယ်လို့ ပြောဆိုထားတာကို မစ္စ ကူမာက အစိုးရိမ်လွန်ပြီး ထွက်ပြေးခဲ့တယ်။ နောက် ရွာက ဆေးခန်းခပ်ငယ်ငယ်တခုမှာ ဒီပြဿနာကို ရှင်းဖို့ ကြိုးစားခဲ့ပြီး လအနည်းငယ်ကြာတော့ သူ့ဗိုက်ထဲက ကိုယ်ဝန်ပြဿနာကို ဖြေရှင်းပြီးပြီ၊ ကိုယ်ဝန်ကိုလည်း ဖယ်ရှားပြီးပြီးလို့ သူက ထင်ခဲ့တာပါ။ 

ဆယ်စုနှစ် ၄ စုနီးပါးအကြာ အခုဆို အသက် ၆၀ အရွယ် မစ္စကူမာဟာ ဗိုက်ထဲက အဆက်မပြတ် ဝေဒနာ ခံစားရတာ ကြောင့် ကျန်းမာရေးပြဿနာ စိစစ်ဖို့ ဗဟိုအိန္ဒိယ Nagpur မြို့တော်က NKP Salve Institute of Medical Sciences (NKPSIMS) ဆိုတဲ့ ဆေးတက္ကသိုလ်ရှိရာကို ရောက်လာခဲ့တယ်လို့ The Mirror သတင်း တပုဒ်မှာ ရေးပါတယ်။ 

 အဲဒီမှာ သူ့ကို ဓာတ်မှတ်ရိုက်ကြည့်လိုက်တဲ့အခါ သူ့ဗိုက်ထဲမှာ မမွေးဖွားခဲ့ရတဲ့ ကလေးအရိုးစုတခုရှိနေတယ် ဆိုတဲ့ ထူးဆန်းအံ့သြဖွယ်သတင်းစကားကို သူကြားလိုက်ရတာပါဘဲတဲ့။ 



ဒေါက်တာ မိုဟာမက် ယူနွတ်ရှား ဦးဆောင်တဲ့ အိန္ဒိယဆေးသိပ္ပံ အဖွဲ့တခုက သူ့ခန္ဓာကိုယ်ထဲက ကလေး အရိုးစုကို အောင်မြင်စွာပဲ ဖယ်ထုတ်ပေးခဲ့ရပါတယ်။ 



မစ္စ ကူမာဟာ လွန်ခဲ့တဲ့ ၂ လကျော်လောက်က ဗိုလ်ထဲက အဆက်မပြတ်နာကျင်မှုဝေဒနာခံစားရလို့ ကင်ဆာများဖြစ် သလားဆိုပြီး အရမ်းကြောက်ခဲ့ရတာလို့ ဒေါက်တာ မိုဟာမက် ယူနွတ် ရှားက ဆိုထားပါတယ်။ 

ဒါနဲ့ ဒေါက်တာ မိုဟာမက် ယူနွတ်ရှားတို့အဖွဲ့လည်း Sonography နဲ့ အတည်ပြု၊ CT scan ဆွဲ၊ လူနာကို အဖက်ဖက် ထောင့်ပေါင်းစုံက ရောဂါရှာဖွေရေးလုပ်ခဲ့ရာမှာတော့ အခုလို လွန်ခဲ့တဲ့ ၃၆ နှစ်က မမွေးဖွားဖြစ်ခဲ့တဲ့ ကလေးရဲ့ အရိုးကြောင့် ဝေဒနာခံစားနေရတယ်ဆိုတဲ့ အဖြေကို သိခဲ့ရတာလို့ ဆိုပါတယ်။ 

အခုတော့ ကလေးအရိုးစုတွေကို စနစ်တကျ ဖယ်ရှားပေးခဲ့လို့ မစ္စကူမာလည်း ကျန်းမာနေပါပြီတဲ့။ 

ဒီလိုဖြစ်ရပ်မျိုးက ဘယ်လ်ဂျီယံအမျိုးသမီးမှာလည်း ဖြစ်ခဲ့ဖူးပြီး အဲဒီဖြစ်စဉ်မှာတော့ အက်တိုပစ် ကိုယ်ဝန်ဟာ ၁၈ နှစ်ကြာ ရှိခဲ့တယ်လို့ မှတ်တမ်းရှိထားပါတယ်။ အခု မစ္စကူမာရဲ့ အက်တိုပစ်ကိုယ်ဝန်က ၃၆ နှစ်
ဖြစ်နေ တာကြောင့် ဒါဟာ ကမ္ဘာ့ သက်တမ်းအရှည်ဆုံး အက်တိုပစ် ကိုယ်ဝန်အဖြစ် စံချိန်သစ်တင်လိုက်တာလို့ ပြောနိုင်ပါတယ်။ 

အိမ့်သံစဉ် ~ 




နိုင်ငံတကာလုပ်ငန်းရှင်များပါဝင်မည့် အိမ်ခြံမြေဆိုင်ရာ ထိပ်သီးအစည်းအဝေး နိုဝင်ဘာတွင် ပြုလုပ်မည်

 အိမ်ခြံမြေနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ လုပ်ငန်းရှင်များ လာရောက်မည့် မြန်မာနိုင်ငံ၏ အိမ်ခြံမြေဆိုင်ရာ ထိပ်သီးအစည်း အဝေးကို လာမည့် နိုဝင်ဘာတွင် ကျင်းပပြုလုပ်မည်ဟု သတင်းရရှိ သည်။
အစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တွင် ရန်ကုန် မြို့၌ တတိယ အကြိမ်မြောက် ကျင်းပပြုလုပ်မည် ဖြစ်သည်။
 အဆိုပါ ဆွေးနွေးပွဲတွင် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်လာ မည့် မြေယာစီမံကိန်းအသုံးချရေး ကဏ္ဍများ၊ ရန်ကုန်၏ အထပ်မြင့် အဆောက်အအုံများ အရည်အ သွေးထိန်းသိမ်းပြုပြင်ခြင်း၊ ကွန်ဒိုဥပဒေ အပါအ၀င် အဆောက်အအုံ စံချိန်စံညွှန်းဆိုင်ရာများကို ဆွေးနွေးခြင်း၊ ရန်ကုန်မြို့လယ် စီးပွားရေးအချက်အချာ နယ်မြေ မရမ်းကုန်းအား မိတ်ဆက်ခြင်း၊ သီလ၀ါ စီးပွားရေးဇုန်အတွက် ရင်းနှီးမြှုပ်နှံသင့်သည့် အခွင့်အ လမ်းများ မိတ်ဆက်ခြင်းတို့ကို အဓိကပြုလုပ်မည် ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ အာရှ နိုင်ငံများမှ ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များအပြင် ဥရောပ နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများပါ တက်ရောက်ဖွယ်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့တော်စည်ပင်မှ အဆင့် မြင့်အရာရှိများ၊ ပညာရှင်များ၊ စီး ပွားရေး လုပ်ငန်းရှင်များကလည်း ၀င်ရောက်ဆွေးနွေးမည်ဟု သိရ သည်။ ယခုပွဲသည် စင်ကာပူနိုင်ငံ အခြေစိုက် CPD အဖွဲ့အစည်းက (၃)ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ပွဲများတွင် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ အခွင့်အလမ်းများကို အဆိုပါနေရာ၌ပင် ချပြဆွေးနွေး ခွင့်ရရှိခဲ့သဖြင့် အစိုးရအဖွဲ့သို့ ဆက်သွယ်ပြီး စိတ်ဝင်စားသည့် လုပ်ငန်းရှင်များက မကြာခဏ ဆက်သွယ်မေးမြန်းခြင်းနှင့် ၀င် ရောက်ရင်းနှီးမြှုပ်နှံရန် သဘော တူညီမှုအချို့လည်း ရရှိခဲ့ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီး ဌာန အင်ဂျင်နီယာမှူးကြီးတစ်ဦးက ပြောသည်။

7days

ရန်ကုန်အနောက်ပိုင်းတွင် ဒေါ်လာ ၁၅ ဘီလီယံသုံးပြီး ဧကသုံးသောင်းကျယ် မြို့သစ်စီမံကိန်းဆောင်ရွက်မည်


ရန်ကုန်မြို့ အနောက်ဘက်တွင် ဧက သုံးသောင်းခန့် ကျယ်ဝန်းမည့် မြို့သစ်စီမံကိန်းကို ကျပ် ဘီလီယံ ခုနစ်ထောင်ကျော် နှင့် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ (စုစုပေါင်း ဒေါ်လာ ၁၅ ဘီလီယံဝန်းကျင်) အကုန်အကျခံ တည် ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ပြောကြားလိုက်သည်။
ရန်ကုန်မြို့၏ အနောက်ဘက်တွင် ရှိသော ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊ လှိုင်မြစ် နှင့် လှိုင်သာယာ တွံတေးကားလမ်းကြား မြေနေရာများကို မြို့သစ် တည်ဆောက်ရန် လျာထားကြောင်း သြဂုတ် ၂၂ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က သ၀ဏ်လွှာပေးပို့ခဲ့သည်။
အကျယ်အ၀န်းမြေဧရိယာ ခန့်မှန်းဧက သုံးသောင်းရှိမည့် ရန်ကုန်မြို့သစ်စီမံကိန်းကို မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီလီမိတက်က တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ကာ ရင်းနှီး မြှုပ်နှံမှုပမာဏမှာ ကျပ်ဘီလီယံ ခုနစ်ထောင်နှင့် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံရှိမည်ဖြစ်သည်။ စီမံကိန်းကာလကို သုံးနှစ်အတွင်း ၇၀ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန် ဦးလှမြင့်က သ၀ဏ်လွှာကို ဖတ်ကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းတွင် အဆင့်မြင့်တန်ဖိုးနည်း အခန်းပေါင်း နှစ်သောင်း၊ မိဘမဲ့ကလေးနှစ်ထောင်ဆံ့ အဆင့်မြင့်ကျောင်းတစ်ကျောင်း၊ အဘိုးအဘွားနှစ်ထောင်ဆံ့ အဆင့်မြင့်ရိပ်သာတစ်ခုနှင့် ဖြတ်သန်းခ တံတားကြေးကောက်ခံမည့် ခြောက်လမ်းသွား မြစ်ကူးတံတားငါးစင်းတို့လည်း ပါဝင်မည်ဟု မြို့တော်ဝန်က ဆိုသည်။
‘‘မြို့ပြစီမံကိန်းသစ်ကို လွှတ်တော်ကိုယ်စားလှယ်တွေက အခုမှ သိရတာ။ အမှန်က သ၀ဏ်လွှာကို တင်မယ် လွှတ်တော်က မှတ်တမ်းတင်မယ်။ ပြီးရင် ဒီသ၀ဏ်လွှာပေါ်မှာ လွှတ်တော်က ဆွေး နွေးရမှာ’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက ဆိုသည်။ အဆိုပါ စီမံကိန်းသည် ရန်ကုန်မြို့အတွက် အရေးကြီးသည့် စီမံကိန်းဖြစ်သည့်အတွက် အစိုးရအဖွဲ့အနေဖြင့် သတင်း ပေါက်ကြားမည်ကို စိုးရိမ်ပြီး တိတ်တဆိတ်ကျိတ်လုပ်၍ မရကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းက ထောက်ပြခဲ့သည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို လွှတ်တော်အစည်းအဝေး ရောက်မှသာ သိရှိရခြင်းဖြစ်ပြီး စီမံကိန်း နှင့်ပတ်သက်ပြီး အစိုးရအဖွဲ့မှ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကာ စီမံကိန်းကြောင့် ပြည်သူများ အကျိုးဖြစ်၊ မဖြစ်ကို လွှတ်တော်တွင် ဆွေးနွေးရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးကျော်ကလည်း ပြောသည်။
ရန်ကုန်မြို့ပြ စီမံကိန်းအကောင်အထည်ဖော်ရန် ကြိုတင် ပြင်ဆင်မှုများပြုလုပ်ရာတွင် မလိုလားအပ်သည့် ရှုပ်ထွေးမှုများပေါ် ပေါက်နိုင်သဖြင့် စီမံကိန်းသတင်း လုံခြုံမှုကို ကန့်သတ်ခဲ့ရခြင်း ဖြစ်သည်ဟု မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်သို့ တင်ပြသည်။
‘‘ဒီလို တိတ်တဆိတ်လုပ်ပြီး ခုမှ လွှတ်တော်မှာ ဘွားခနဲကြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ချပြခြင်းဟာ သွားနေတဲ့ဒီမိုကရေ စီစံနှုန်းတွေနဲ့ မညီဘူးပေါ့’’ဟု ဒေါက်တာ ဒေါ်ညိုညိုသင်းက ဆို သည်။ ပြည်ထောင်စုအစိုးရပင် ယင်းတို့ လုပ်ဆောင်မည့် လုပ်ငန်းများကို ပြည်ထောင်စုလွှတ်တော် ၏ သဘောတူညီချက်ကို ရယူရန် လွှတ်တော်သို့ အကြောင်းကြားရပြီး လွှတ်တော်ကိုယ်စားလှယ်များက အစိုးရအဖွဲ့၏အကြောင်းကြားလာမှုအပေါ် ဆွေးနွေးမှုများပြု လုပ်ရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးအုန်းတင်က ဆိုသည်။
လက်ရှိ ရန်ကုန်မြို့တွင်းပိုင်းတွင် အဆင့်နိမ့်ရပ်ကွက်များရှိနေ ပြီး ယင်းနေရာများကို အဆင့်မြင့် တင်ခြင်းများပြုလုပ်ရန် လိုအပ်ကြောင်း လူဦးရေထူထပ်သည်ဆို သော်လည်း ရန်ကုန်မြို့တွင်းမှာ ပင် မြေနေရာများစွာရှိနေသည့် အတွက် ယင်းတို့ကို အသုံးချသင့်ကြောင်း မြို့ပြစီမံကိန်းပညာရှင်တစ်ဦးဖြစ်သူ ဦးဝင်းမြင့်က ပြောသည်။
‘‘တကယ်လို့ အပြင်ကို ချဲ့ ထုတ်မယ်ဆိုရင်လည်း အခြေခံအ ဆောက်အအုံတွေ လိုက်နိုင်ဖို့လို တယ်။ ဘက်စ်ကားတွေ၊ မီးရထားတွေ ပြေးနိုင်ဖို့လိုမယ်။ စီမံ ခန့်ခွဲမှုမကောင်းရင်တော့ အဲဒီ နေရာတွေ ချဲ့လိုက်ရင် ရန်ကုန်က ရွာတန်းရှည်ကြီးလို ဖြစ်သွားလိမ့်မယ်’’ဟု ဦးဝင်းမြင့်က ထောက်ပြ ပြောကြားသည်။
 မြို့ပြသစ်စီမံကိန်းကြောင့် အိမ်ခြံမြေဈေးကွက် လှုပ်ရှားမှု များရှိလာမည်ဖြစ်ပြီး အိမ်ခြံမြေ အသိုင်းအ၀ိုင်းမှ သတင်းကြိုရ ထားသူများသည် မြေများကြိုစုထားကြကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ မှ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းခွန်နောင်က ပြောသည်။
စီမံကိန်းလုပ်ဆောင်မည့် နေရာများသည် မြေအမျိုးအစား အမျိုးမျိုးပါဝင်ပြီး လယ်မြေများ လည်း ပါဝင်ကြောင်း၊ မြေသိမ်း ဆည်းမှုကိစ္စကို ကုမ္ပဏီက လုံးဝ တာဝန်ယူ ညှိနှိုင်းဖြေရှင်းပေးပြီး စီမံကိန်းဆောင်ရွက်ရာတွင် လူ လေးသိန်းခန့် အလုပ်အကိုင်အ ခွင့်အလမ်းများလည်း ရရှိမည်ဟု ရန်ကုန်မြို့တော်ဝန်က လွှတ် တော်သို့ တင်ပြခဲ့သည်။
ရန်ကုန်မြို့သစ် မြို့ပြစီမံကိန်းအတွက် မြို့မြေအဖြစ် သတ်မှတ်သည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေးကို တည်ဆဲ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်နေကြောင်း မြို့တော်ဝန်က လွှတ်တော်သို့ အသိပေးခဲ့သည်။

7days


တပ်သိမ်းမြေဧက တစ်သိန်းကိုးသောင်းကျော် မူလပိုင်ရှင်များထံ အပ်နှံပြီးဟုဆို


တပ်မတော်မှ နိုင်ငံတစ်ဝန်း သိမ်းဆည်းထားသော မြေ ဧကပေါင်း ၃ သိန်းကျော်အနက် ဧက ၂ သိန်းကျော်ကို ပြန်လည် စွန့်လွှတ်ပြီးဖြစ်ကာ လက်ရှိအချိန်ထိ မြေဧကပေါင်း ၁ သိန်း ၉ သောင်းကျော်ကို မူလပိုင်ရှင်များ ထံ ပြန်လည်အပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ယခုလ ၂၂ ရက်တွင် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသော ကာကွယ်ရေးဝန်ကြီးဌာန (တပ်မ တော်)၏ ပြန်လည်စွန့်လွှတ်မြေ များစာရင်းကို ထုတ်ပြန်ခဲ့ပြီး အထက်ပါ အချက်များကို စာရင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
နိုင်ငံတစ်ဝန်း သိမ်းဆည်းခံ ထားရသော လယ်ယာမြေများ၊ အခြားမြေများအရေးကိစ္စနှင့် ပတ် သက်၍ ပြည်ထောင်စု လွှတ် တော်၊ လယ်ယာမြေကော်မရှင်မှ အစီရင်ခံစာ တင်သွင်းရာတွင် တပ်သိမ်းမြေများနှင့် ပတ်သက်၍ အစီရင်ခံစာ တစ်စောင်သီးသန့်ပြု စု၍ တင်သွင်းခဲ့သဖြင့် အဆိုပါ အစီရင်ခံစာပါ အချက်အလက် များအရ ယခုကဲ့သို့ ပြန်လည်ပေး အပ်ခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင် အဖွဲ့ဝင်အချို့က ဆိုသည်။
‘‘ဒီလိုတွေ ပြန်ပေးနေတယ် ဆိုပေမယ့် တချို့ကလဲ ကြန့်ကြာနေတာရှိတယ်။ အဲဒီလိုဖြစ်တာ အ ကြောင်းရင်းနှစ်ရပ်ရှိတယ်။ တစ် ခုက မူလပိုင်ဆိုင်ခွင့်ရှိသူကို ပြန် ဖော်ထုတ်တဲ့နေရာမှာ မူလပိုင်ရှင်ကို ရှာဖွေနေရတာ၊ စာရင်းဇယား အတိအကျ မရှိတာ၊  နောက်တစ်ခုက လက်ဝယ်ပိုင်ဆိုင်မှုအ ထောက်အထားတွေမရှိလို့ ကြာ နေတာ။ အဲဒီနှစ်ခုကြောင့်ပါ’’ဟု လယ်ယာမြေစုံစမ်းရေး ကော်မ ရှင်အဖွဲ့ဝင် ဦးအောင်သိန်းလင်း က ပြောသည်။
လယ်ယာမြေများကို ပြန် လည်စွန့်လွှတ်လွှဲပြောင်းရာတွင် တပ်မတော်မှ တိုက်ရိုက်လွှဲအပ် ခြင်းမပြုဘဲ အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနသို့ ပြန်လည်လွှဲ ပြောင်းခြင်းဖြစ်ကာ ၎င်းမှ မူလ ပိုင်ရှင်များထံ လွှဲပြောင်းပေးခြင်း ဖြစ်သည်။
ထုတ်ပြန်လိုက်သော စာရင်း များအရ ကာကွယ်ရေးဝန်ကြီး ဌာနက မြေယာများစွန့်လွှတ်ရာ တွင် စစ်ကိုင်းတိုင်း ဒေသကြီး၌ ဧကငါးသောင်းခန့်ရှိပြီး တစ်နိုင်ငံ လုံးတွင် အများဆုံးဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေသည် မြေ ယာစွန့်လွှတ်မှု အနည်းဆုံးဖြစ်ပြီး ဧကလေးရာနီးပါး စွန့်လွှတ်ခဲ့ သည်။
 မြေယာများ  စွန့်လွှတ်၍ တောင်သူများအား ပြန်လည်အပ်နှံရာတွင် ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည် နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့ တွင် မြေယာများအပ်နှံရန် ကျန် ရှိနေသေးသည်။
7days

အာဆီယံဘုံဈေးကွက်ကြောင့် မညီမျှမှုများ ဖြစ်လာနိုင်


မြန်မာအပါအဝင် အာဆီယံခေါ်   အရှေ့ တောင်အာရှနိုင်ငံများအတွင်း အကောင်အထည်ဖော်ရန် ပြင်ဆင်နေသော (AEC) ခေါ်အာဆီယံစီးပွားရေးအသိုက်အဝန်းကြောင့် ဒေသတွင်းမညီမျှမှုများနှင့် အလုပ်သမားပြဿနာများတွေ့ကြုံရနိုင်ကြောင်းကျွမ်း ကျင်သူပညာရှင်များ၏ လေ့လာချက်တစ်ခုကသတိပေးထားပါ သည်။
သြဂုတ် ၂၀ ရက်တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ကထုတ်ပြန်လိုက်သည့် အဆိုပါ လေ့လာချက်တွင် အာဆီယံစီး ပွားရေးသိုင်းအဝိုင်းသည် အရှေ့ တောင်အာရှဒေသတွင် အလုပ် အကိုင် ၁၄ သန်းခန့် ထပ်တိုးလာ နိုင်မည်ဟုဆိုပါသည်။ ထို့အတူ ၂၀၂၅ ခုနှစ်တွင် ဒေသ၏တိုး တက်မှုနှုန်းသည် ၇ ဒသမ ၁ ရာ ခိုင်နှုန်းရှိလာမည်ဟုဆိုပါသည်။
သို့သော်လည်း အကောင်း တွေချည်းပဲတော့ရလာမည်မ ဟုတ်ဟုလည်း သတိပေးထားပါ သည်။ ‘‘ဒါကိုသေချာမခန့်ခွဲနိုင်ရင် မညီမျှမှုတွေတိုးလာမယ်။ အလုပ် သမားဈေးကွက်ဆုံးရှုံးမှုတွေပိုဆိုး လာမယ်။ တရားမဝင်အလုပ်တွေ ပေါ်လာမယ်’’ဟု လေ့လာချက်က ပြောထားပါသည်။
၂၀၁၅ မှာအကောင်အထည် ဖော်ဖို့စီစဉ်နေသည့် အာရှစီးပွား ရေးအသိုက်အဝန်းသည် ဥရောပ သမဂ္ဂနိုင်ငံများကို အားကျအတု ယူကာ အရှေ့တောင်အာရှ (၁၀) နိုင်ငံက ဘုံဈေးကွက်တစ်ခုတည်း ဖြစ်လာစေရန် ပေါင်းစည်းခြင်း ဖြစ်ပါသည်။ ထိုပေါင်းစည်းမှုတွင် ထုတ်ကုန်ပစ္စည်းများ၊ အလုပ် သမားနှင့်  ငွေပင်ငွေရင်းတို့မှာ အကောင်းအဆိုးသက်ရောက်မှု နှစ်မျိုးလုံးရှိလာမည်ဖြစ်ပါသည်။
ဘယ်သူတွေအကျိုးရှိမလဲ
၂၀၂၅ခုနှစ်၌ AEC ခေါ် အရှေ့တောင်အာရှစီးပွားရေး အသိုက်အဝန်းဖြစ်ပေါ်အကောင် အထည်ဖော်လာပါက ကမ္ဘောဒီး ယားနှင့် ဗီယက်နမ်နိုင်ငံများသည် အများဆုံးအလုပ်ရနိုင်ဖွယ်ရှိ သည်ဟု ပညာရှင်များကဆိုပါ သည်။ ကမ္ဘောဒီးယားသည် ၂၀၂၅ ခုနှစ်အရှေ့တောင်အာရှ စီးပွားရေးအသိုင်းအဝန်းဖော် ဆောင်မှု၏ ၉ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်သော သူ၏လူဦးရေ ၁ ဒသမ ၁ သန်းအတွက် အလုပ်များရလာ နိုင်ပါသည်။ ဗီယက်နမ်ကမူ ၉ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည့် လူဦးရေ ၆ သန်းခန့်မှာ အဆိုပါ အခွင်အရေးကိုရရှိမည်ဟုဆိုပါသည်။
ဖိလစ်ပိုင်နိုင်ငံကမူ တတိယ နေရာတွင်ရှိပြီး ၂၀၂၅ ခုနှစ်တွင် သူ့နိုင်ငံလူဦးရေ ၃ သန်းအတွက် အကျိုးရှိလာနိုင်ပါသည်။ အင်ဒို နီးရှားနိုင်ငံက အကျိုးရရှိမှု အနည်းဆုံးဖြစ်ပြီး ၁ ဒသမ ၃ ရာ ခိုင်နှုန်းဖြင့် လူ ၁ ဒသမ ၉ သန်းခန့်အလုပ်ရရှိမည်ဖြစ်သည်။
ကဏ္ဍများအနေဖြင့်ပြောရ လျှင် စိုက်ပျိုးရေး၊ ကုန်သွယ်မှု၊ ပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေး ကဏ္ဍများသည် အလုပ်အကိုင် အများဆုံးဖန်တီးပေးမည့်ကဏ္ဍ များဖြစ်သည်။ ကုန်သွယ်ရေးနှင့် ပို့ဆောင်ရေးကဏ္ဍသည် ဗီယက် နမ်နိုင်ငံအတွက် ၂၀၁၅ ခုနှစ်ရ လာမည့် အလုပ်အကိုင်၏ထက် ဝက်ကျော်ဖြစ်သည့် အလုပ်အ ကိုင်သုံးသန်းကိုဖန်တီးပေးနိုင် မည်ဖြစ်သည်။ ဖိလစ်ပိုင်ကမူ ထို ကဏ္ဍမှ အလုပ်အကိုင်တစ်သန်း ကျော်ရရှိမည်ဖြစ်သည်။
သို့ရာတွင် အရှေ့တောင် အာရှစီးပွားရေးအသိုက်အဝန်း ဖော်ဆောင်မှုကြောင့် တချို့သော အလုပ်အကိုင်များလည်း ပျက် ပြယ်စေမည့်အကြောင်းလည်းရှိ သည်။ ကမ္ဘောဒီးယား၊ အင်ဒိုနီး ရှားနှင့် လာအိုနိုင်ငံများမှ အစား အစာပြုပြင်ထုတ်လုပ်သည့် လုပ် ငန်းများ အခြေအနေဆိုးလာနိုင် ပြီး ဖိလစ်ပိုင်နှင့်ထိုင်းနိုင်ငံကမူ ထိုကဏ္ဍမှအကျိုးအမြတ်ရလာပါ လိမ့်မည်ဟု နိုင်ငံတကာအလုပ် သမားအဖွဲ့၏ စီးပွားရေးပညာရှင် ဆုကတီဒက်စကုပတာကပြော ကြားသည်။
‘‘AEC ကအာဆီယံနိုင်ငံတွေ က လက်ရှိအနေအထားတွေကို ပြောင်းလဲသွားလိမ့်မယ်။ အလုပ် အသစ်တွေလည်း အားပျော့လာ မည်။ တရားမဝင်ဖြစ်လာမယ်။ တစ်ချိန်တည်းမှာပဲ AEC ကြောင့် ဒေသတွင်းမှာ အလုပ်အကိုင် ကျွမ်းကျင်သူအလုပ်သမားတွေ ကို လိုအပ်ချက်တွေပိုတိုးလာလိမ့် မယ်’’
ထို့အပြင် အလုပ်အကိုင် ကျွမ်းကျင်သူအလုပ်သမားများ၏ ပြောင်းရွှေ့အလုပ်လုပ်ကိုင်နိုင်မှုသည်အချို့နိုင်ငံများက ဒေသခံ ပညာအရည်အချင်းနိမ့်ပါးသည့်အလုပ်သမားများကိုခြိမ်းခြောက်လာဖွယ်ရှိကြောင်း စိတ်ပူပန်စရာ တွေ့ရပါသည်။
ထို့ကြောင့် အာဆီယံဘုံဈေး ကွက်ရလာမည့်အလုပ်အကိုင် များသည် အမျိုးသမီးများထက် အမျိုးသားများက ပိုများသည်ဟု ဆိုပါသည်။ အဘယ်ကြောင့်ဆို သော် အာဆီယံပေါင်းစည်းခြင်း ကြောင့်ရလာသောအလုပ်အကိုင် များသည် ဆောက်လုပ်ရေးနှင့် ပို့ ဆောင်ရေးလုပ်ငန်းများကို တိုး မြင့်စေသည့်အတွက်ဖြစ်၏။
လက်ရှိတွင် အာဆီယံဒေသ အတွင်း ချမ်းသာသောစင်ကာပူ လိုနိုင်ငံများ၊ အလယ်အလတ်ဝင် ငွေရှိသော မလေးရှားနှင့်အင်ဒို နီးရှားလိုနိုင်ငံများ ဝင်ငွေနည်း သောကမ္ဘောဒီးယားနှင့်မြန်မာလို နိုင်ငံများအကြား ငွေကြေးချမ်း သာမှုကွာဟချက်မှာလည်း အတော်ကြီးမားလျက်ရှိနေသည်။
Ref: Rappler, DW
7days

ပြည်ပအလုပ်အကိုင်အေဂျင်စီများကို တင်းကျပ်စွာ စိစစ်မည်

ရန်ကုန်လေဆိပ်တွင် မကြာမီကဖွင့်လှစ်ခဲ့သော မြန်မာရွှေ့ပြောင်းလုပ်သားများ သတင်းပို့ရာနေရာ(ဓာတ်ပုံ−အေးမြတ်သူ)
 ပြည်ပအလုပ်အကိုင် အေဂျင်စီလိုင်စင်များ ဖောင်းပွနေ ၍ ပိုင်ဆိုင်မှုအထောက်အထား စိစစ်စစ်ဆေးမှုများကို ယခင်က ထက် တင်းကျပ်စွာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ပအ လုပ်အကိုင်ရှာဖွေရေးအေဂျင်စီ အသင်းချုပ်အတွင်းရေးမှူး ဦး ကျော်ထင်ကျော်ကပြောသည်။
ယခင်အစိုးရလက်ထက် တွင် ပြည်ပသို့အလုပ်သမား စေ လွှတ်ခွင့်လိုင်စင်လျှောက်ထားမှု ကို ပိုင်ဆိုင်မှုအထောက်အထား  ငွေကျပ်သိန်းတစ်ထောင်နှင့် အ ထက်ပြသနိုင်ပါက လုပ်ကိုင်ခွင့် ပြုခဲ့သည်။ သို့သော် ယခုအရပ် သားအစိုးရလက်ထက်တွင် အေ ဂျင်စီအသင်းချုပ်   ဖွဲ့စည်းပြီး နောက်ပိုင်း ယင်းပိုင်ဆိုင်မှုအ ထောက်အထားများတင်ပြရာ တွင် မှန်ကန်မှုရှိ၊ မရှိ စိစစ်မှု များဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အခုလိုင်စင်တွေက ဖောင်း ပွနေတော့ လုပ်သားဈေးကွက် ပျက်တော့မယ်။ ရှိပြီးသားတွေကို တော့ ထိန်းချုပ်လို့ ရမှာမဟုတ် ဘူး။ နောက်လုပ်မယ့်လိုင်စင်ကိုပဲ စိစစ်သွားမယ်’’ဟု ဦးကျော်ထင် ကျော်ကပြောသည်။
လက်ရှိအစိုးရက ပြည်ပအ လုပ်အကိုင် လုပ်ကိုင်ခွင့်ပြုထား သည့် လိုင်စင်ရအေဂျင်စီပေါင်း နှစ်ရာကျော်ရှိပြီး လိုင်စင်ရ အေ ဂျင်စီများဖောင်းပွခြင်းသည် တစ် ဖက်နိုင်ငံနှင့် ချိတ်ဆက်၍လုပ် သားစေလွှတ်ရာတွင် ငွေကြေး တောင်းခံမှုနှုန်းထားဖောင်းပွနိုင် သည့်အပြင် ပြဿနာများပိုမိုဖြစ် ပွားနိုင်ကြောင်း ဆိုသည်။
ယခင်က ပိုင်ဆိုင်မှု အ ထောက်အထား ကျပ်သိန်းတစ်ထောင်ပြသနိုင်ပါက ထုတ်ပေးခဲ့သော်လည်း ယခုအခါပိုင်ဆိုင်မှုမြေယာ အထောက်အထားအပြင် ဘဏ်အကောင့်ကိုပါ စစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း သိရသည်။အဆိုပါမြေယာအထောက်အထား များကို စစ်ဆေးမှုတွင် မှန်ကန်မှု ရှိ၊ မရှိ အိမ်ခြံမြေအကျိုးဆောင် အသင်းနှင့်  ချိတ်ဆက်  ဆောင်ရွက်လျက်ရှိသည်ဟုသိရသည်။
ပြည်ပအလုပ်အကိုင်ရှာဖွေ ရေးအေဂျင်စီအသင်းချုပ်ကို ပြီးခဲ့ သည့် ၂၀၁၃ ခုနှစ်က စတင်ဖွဲ့ စည်းခဲ့ပြီး ယင်းအဖွဲ့ချုပ်သည် ပြည်ပရောက် မြန်မာအလုပ်သ မားအရေး ဆောင်ရွက်မှုများကို တရားဝင်ဖြေရှင်းခွင့် ရရှိသည့်အပြင် လုပ်သားစေလွှတ်လိုပါက အသင်းချုပ်ထောက်ခံချက်  ပါ ရှိမှသာ အစိုးရက ခွင့်ပြုလျက်ရှိ သည်။
ထို့အပြင် ယခင်က အစိုးရ အနေဖြင့် လုပ်သားများကို ပြည်ပသို့  မစေလွှတ်မီ   လုပ်ငန်းခွင်အကြို သင်တန်းသင်ကြားလျက်ရှိရာမှ သြဂုတ် ၃၁ ရက်မှစ၍ အေဂျင်စီ အသင်းချုပ်က လွှဲပြောင်းသင် ကြားရန် သင်တန်းကျောင်း စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အေဂျင် စီအသင်းချုပ်မှ သတင်းရရှိသည်။
7days

နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများဝင်ပြိုင်မည့် အလှမယ်ငါးဦး ထပ်မံပေါ်ထွက်


ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
နိုင်ငံတကာ အလှမယ် ပြိုင်ပွဲငါးခုသို့ နိုင်ငံတကာကိုယ် စားပြု ယှဉ်ပြိုင်ရန် Miss Golden Land Myanmar 2014 ပြိုင်ပွဲ ကို သြဂုတ် ၂၁ ရက်က ပြုလုပ် ကာ အလှမယ်ငါးဦး ရွေးချယ် လိုက်သည်။
Miss Supranational Myanmar အဖြစ် ဟန်သီ၊ Miss Grand Myanmar အဖြစ် အမ် ဂျာဆိုင်း၊ Miss Earth Myanmar အဖြစ် အိမွန်ခိုင်၊ Miss Inter-national Myanmar အဖြစ် အိန် ဂျယ်လမုန်၊ Face of Beauty အ ဖြစ် ဟယ်လင်မျိုးကိုတို့ကို ရွေး ချယ်ခဲ့သည်။
အသက် (၁၇) နှစ်အရွယ် ဟန်သီသည်     ခင်ဝင့်ဝါသွား ရောက်ယှဉ်ပြိုင်ခဲ့သည့်    Miss Supranational ပြိုင်ပွဲတွင်ပါဝင် ရမည်ဖြစ်ပြီး သင်္ချာမေဂျာဖြင့် ဘွဲ့ ရရှိထားသည့် အသက် (၂၁)နှစ် အရွယ် ကချင်တိုင်းရင်းသူ အမ် ဂျာဆိုင်းသည် ထားထက်ထက် သွားရောက်ယှဉ်ပြိုင်ခဲ့သော Miss Grand International ပြိုင်ပွဲတွင် ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။
ထို့အပြင် B.Med.Tech (physiotherapy) ဖြင့် ဘွဲ့ရရှိ ထားသည့် အသက် (၂၂)နှစ်အ ရွယ် အိမွန်ခိုင်သည် Miss Earth ပြိုင်ပွဲသို့လည်းကောင်း၊ ပထမ နှစ်ကျောင်းသူ အသက် (၁၇) နှစ် အရွယ် ကချင်တိုင်းရင်းသူ အိန် ဂျယ်လမုန်သည် Miss Interna-tional ပြိုင်ပွဲသို့လည်းကောင်း၊ B.A (Philosophy) ဖြင့် ဘွဲ့ရရှိ ထားသည့် အသက် (၂၅) နှစ်အ ရွယ် ဟယ်လင်မျိုးကိုသည် Face of Beauty International ပြိုင်ပွဲ သို့လည်းကောင်း  ယခုနှစ်မှ ပထမဆုံး စတင်ဝင်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။
ယင်းအလှမယ်ပြိုင်ပွဲကို MCC ခန်းမ၌ ကျင်းပခဲ့ပြီး အလှ မယ်များက ညနေခင်းပွဲတက် ၀တ်စုံ၊ ရေကူးဝတ်စုံ၊ ရိုးရာဝတ်စုံ တို့ဖြင့် ယှဉ်ပြိုင်ခဲ့ကာ ဆန်ခါ တင်ပြိုင်ပွဲဝင်ဆယ်ဦးကို ဉာဏ် စမ်းမေးခွန်း ဖြေဆိုမှုများ ပြုလုပ် ခဲ့ကြသည်။
အောက်တိုဘာလတွင် (၁၄) ကြိမ်မြောက် ကျင်းပမည့် Miss Earth ပြိုင်ပွဲတွင် အိမွန်ခိုင်၊ နိုဝင်ဘာတွင် ပိုလန်နိုင်ငံ၌ (၆) ကြိမ်မြောက်ကျင်းပမည့် Miss Supranational ပြိုင်ပွဲတွင် ဟန် သီ၊ အောက်တိုဘာလတွင် (၂) ကြိမ်မြောက် ကျင်းပမည့် Miss Grand International ပြိုင်ပွဲတွင် အမ်ဂျာဆိုင်း၊ အောက်တိုဘာလ တွင် ဂျော်ဒန်နိုင်ငံ၌ (၄၃)ကြိမ် မြောက်ကျင်းပမည့် Miss Inter-national   ပြိုင်ပွဲတွင်  အိန် ဂျယ်လမုန်၊ အောက်တိုဘာတွင် ထိုင်ဝမ်နိုင်ငံ၌ ကျင်းပမည့် Face of Beauty International ပြိုင်ပွဲ ကြီးတွင် ဟယ်လင်မျိုးကိုတို့က မြန်မာကိုယ်စားပြုအဖြစ် အသီး သီးဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ် သည်။
ရွေးချယ်ထားသော အလှ မယ်ငါးဦးသည် နိုင်ငံတကာပြိုင်ပွဲ သို့ စေလွှတ်ရန် အရည်အချင်း ပြည့်စုံနေပြီဖြစ်သော်လည်း ဖိ လစ်ပိုင်မှ ပညာရှင်များဖြင့် ထပ် မံလေ့ကျင့် သင်ကြားပေးသွား မည်ဖြစ်ကြောင်း ကိုဝေယံအောင် က ပြောသည်။

ခရီးသွားကုမ္ပဏီများ ပတ်စ်ပို့၊ ဗီဇာအတု ပြုလုပ်လျှင် ထိရောက်စွာ အရေးယူမည်ဟု သတိပေး


လိုင်စင်ရခရီးသွား ကုမ္ပဏီများအနေဖြင့် ပတ်စ်ပို့၊ ဗီဇာ အတုပြုလုပ်သည့်ကိစ္စများတွင် ပါဝင်ပတ်သက်ကြောင်း စစ်ဆေး တွေ့ရှိပါက ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။
မြန်မာနိုင်ငံသား ၇၀ ကျော် သည် မလေးရှားနိုင်ငံသို့ ဇူလိုင် ၈ ရက်တွင် သွားရောက်ခဲ့ရာ ၎င်းတို့ တွင် ပတ်စ်ပို့ဗီဇာအတုများ ပြု လုပ်ထားကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သဖြင့် မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးအရေးယူခဲ့သည်။ ဖမ်းဆီးခံရ သူများအနက်အချို့မှာ အေဂျင်စီများ၏ ဆောင်ရွက်ပေးမှုဖြင့် သွားရောက်ခဲ့သူများဖြစ်သည်။ ထို့ကြောင့် လိုင်စင်ရခရီးသွားကုမ္ပဏီများအနေဖြင့် အထက်ပါကဲ့သို့ ပတ်စ်ပို့၊ ဗီဇာအတုပြုလုပ်သည့်ကိစ္စများ တွင် ပါဝင်ပတ်သက်ခြင်းမပြုရန်နှင့် အကယ်၍ ပါဝင်ပတ်သက်ကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သြဂုတ် ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ပါရှိသည်။ မလေးရှားနိုင်ငံရဲတပ်ဖွဲ့က ဗီဇာအတုများဖြင့် လာaရာက်သော မြန်မာ ၇၂ ဦးနှင့် ခေါ်ဆောင်လာသူမြန်မာနိုင်ငံသားသုံးဦးကို ဖမ်းဆီးခဲ့သည်။

ဗီဇာအတုဖြင့် လာရောက်သောမြန်မာ ၇၂ ဦးကို သြဂုတ် ၁၂ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီး ဗီဇာအတုများဖြင့် လာရောက်သူမြန်မာ ၅၂ ဦးကို ထောင်ဒဏ်တစ်နှစ်စီချမှတ်ခဲ့သည်။ ပြစ်ဒဏ်မှလွတ်မြောက်ခဲ့သော ၂၀ ဦးကို မလေးရှားလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးစခန်းတွင် ထားရှိပြီး၎င်းတို့အား ခေါ်ဆောင်လာသူသုံးဦးကို ပြစ်ဒဏ်ချမှတ်ပြီးမှ မြန်မာနိုင်ငံသို့ပြန်ပို့မည်ဖြစ်သည်။
အထက်ပါဖြစ်စဉ်များဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိ၏နိုင်ငံကူးလက်မှတ်တွင် ပါရှိသည့် ပြည်ဝင်ခွင့် (ဗီဇာ)အပါအဝင် အခြားအချက် အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရန် အထူးဂရုပြုသင့်ကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးကလည်း တိုက်တွန်းနှိုးဆော်ထားသည်။
7days

Thursday, August 21, 2014

မြန်မာ - ထိုင်း ကာချုပ်နှစ်ဦး ပုဂံတွင် အဆင့်မြင့်အရာရှိများအစည်းအဝေးတက်ရောက်

 မြန်မာ့တပ်မတော်နှင့် ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှစ်ဦး ခေါင်းဆောင်၍ ဒုတိယအကြိမ် High Level Committee Meeting (2nd HLC) အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ပုဂံမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ရေးရာကိစ္စများ၊ နယ်စပ်ဒေသနေပြည်သူလူထုအေးချမ်းတည်ငြိမ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်တားဆီးရေးကိစ္စများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
2nd HLC အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်နှစ်ဦးအပြင် ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံ စစ်သံမှူး၊ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်တပ်မတော် ကြည်း၊ရေ၊လေ စစ်သံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Penlaksana Patimapragurn က နှစ်နိုင်ငံတပ်မတော်များ ရှေ့သို့အတူတကွလျှောက်လှမ်းနိုင်ရေး၊ ၂၀၁၅ ခုနှစ်တွင် အာဆီယံအသိုက်အ၀န်းဖြစ်ပေါ်လာစေရေးနှင့် နှစ်နိုင်ငံပြည်သူများအား ပျော်ရွှင်သာယာဝပြောမှု ဆောင်ကြဉ်းပေးနိုင်ရေးတို့အတွက် မျှော်လင့်ထားပြီး နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာရေးအတွက်လည်း ထိုင်းနိုင်ငံဖက်မှ ပြင်ဆင်ဆောင်ရွက်နေကြောင်း၊ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထိုင်းနိုင်ငံသို့ လာရောက်မှုကို များစွာတန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုကာလသည် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးအကောင်းဆုံးအချိန်ဖြစ်ပြီး၊ အပြန်အလှန်ယုံကြည်မှုတည်ဆောက်လျှက်ရှိကာ ယခုအစည်းအဝေးမှ တဆင့် ကောင်းမွန်သော နှစ်နိုင်ငံဆက်ဆံရေးအခြေအနေနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားရန် လက်ဆင့်ကမ်းအမွေပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းအစည်းအဝေးတွင် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့သည့် ကိစ္စရပ်များ၊ Navy - to - Navy Staff Talk နှင့် Air Working Group Bilateral အစည်းအဝေးကျင်းပ ပြုလုပ်နိုင်ခဲ့မှုများ၊ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုပိုမိုမြှင့်တင်နိုင်ရေးနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို တင်ပြဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပုဂံမြို့ရှိ ရှေးဟောင်းသုတေသနပြတိုက်၊ ရွှေပြည်နန်းသနပ်ခါးပြတိုက်တို့အပါအ၀င် ပုဂံမြို့ကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
7days








အီဘိုလာဗိုင်းရပ်စ် သံသယလူနာတွင် ငှက်ဖျားပိုးတွေ့


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပမှရောက်ရှိလာသူများအား ကျန်းမာရေးဝန်ထမ်းများက စောင့်ကြည့်စစ်ဆေးနေသည်ကို သြဂုတ် ၂၀ ရက်က တွေ့ရစဉ် [(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)]
ရန်ကုန်- ဝေဘာဂီဆေးရုံတွင် စစ်ဆေးကုသမှုခံယူနေသော အီဘိုလာရောဂါ သံသယရှိလူနာသည် ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်း အဖြေအရ ငှက်ဖျားရောဂါပိုး နှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပရမ်နှင့် ပလတ်စမိုဒီရမ်ဗိုင်းဘက် ရောဂါပိုးနှစ်မျိုး ကူးစက်ခံနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
သြဂုတ် ၂၀ ရက် ညနေတွင်ရရှိသော ဓာတ်ခွဲအဖြေအရ ထုတ်ပြန်ခြင်းဖြစ်ပြီး အီဘိုလာရောဂါ သံသယရှိသူ အသက်(၂၂)နှစ်အရွယ် လူနာသည်လည်း သြဂုတ် ၂၁ ရက်တွင် ကျန်းမာရေးတိုးတက်ကောင်းမွန်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
၎င်းနှင့်အတူ စစ်ဆေးကုသနေသော အခြားလေးဦးမှာ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနတွင် စစ်ဆေးသည့် ဓာတ်ခွဲအဖြေအရ မည်သည့်ရောဂါပိုးမျှ မတွေ့ရှိရကြောင်း သတင်းများကို နိုင်ငံပိုင်ရုပ်သံလိုင်းက ကြေညာသွားသည်။
ကူးစက်မြန် အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း အစီအစဉ်အရ အီဘိုလာရောဂါနှင့် ပတ်သက်သော ဓာတ်ခွဲစစ်ဆေးမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့ရန် စီစဉ်နေကြောင်း သိရသည်။
ထို့ကြောင့် အီဘိုလာဗိုင်းရပ်စ် ဟုတ်၊ မဟုတ် သိရှိရန် ဓာတ်ခွဲခန်းအဖြေကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။
7days

ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် အိမ်ရာများ ၂၀၁၅ နှစ်ဆန်းတွင် အခန်းအပ်မည်


ဗိုလ်ဗထူးအိမ်ရာဆောက်လုပ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်အိမ်ရာ စီမံကိန်းတွင် မဲပေါက်၍ အခန်းဝယ်ယူခွင့် ရရှိသူများအား ၂၀၁၅ နှစ်ဆန်း၌ အခန်းအပ်နှံမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။
မြောက်ဒဂုံ ၄၂ ရပ်ကွက် ဗိုလ်မင်းရောင်လမ်းရှိ မြေ ၁၁ ဧကတွင် အခန်းပေါင်း ၈၀၀ ကျော် ပါဝင်သည့် ဗိုလ်မင်းရောင်အိမ်ရာ စီမံကိန်းမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လမှ စတင်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်တွင် ပြီးစီးမည်ဖြစ်ရာ ၂၀၁၅ ဇူလိုင်တွင် ပိုင်ရှင်များထံ အခန်း အပ်နှံနိုင်မည်ဖြစ်သည်။
ထို့အတူ အခန်းပေါင်း ၄၀၀ ကျော် ပါဝင်သည့် ဗိုလ်ဗထူး အိမ်ရာစီမံကိန်းမှလည်း စီမံကိန်းကာလကို ၂၀၁၃ ခုနှစ် မေလမှစတင် ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် ပြီးစီးမည်ဖြစ်ရာ ၂၀၁၅ နှစ်ဆန်းမှသာ အခန်းပိုင်ရှင်များအား  အပ်နှံနိုင်မည်ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရောင်းချ သည့် အဆိုပါ အိမ်ရာစီမံကိန်း နှစ်ခုလုံးကို လျှောက်ထားသူများ ပြားပြီး မေလဆန်းက တိုင်းဒေသကြီး အစိုးရအဖွဲ့က မဲဖောက်စနစ် ဖြင့် ရောင်းချခဲ့သည်။
အခန်းငယ်ဝယ်ယူခွင့်ရရှိသူသည် လအလိုက် အရစ်ကျငွေ ပေးချေမှုစနစ်ကို စတင်ပေးချေ နေရပြီဖြစ်သည်။
ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းကို အောင်မြင်တိုးတက်ရေး ဆောက်လုပ်ရေး ကုမ္ပဏီက ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီနှင့် အကျိုးတူပူးပေါင်း တည်ဆောက်ထားခြင်းဖြစ်ပြီး ဗိုလ်ဗထူးအိမ်ရာစီမံကိန်းကို မူ Myanmar V-pile ကုမ္ပဏီလီမိတက်က ပူးပေါင်းတည်ဆောက်နေခြင်းဖြစ်သည်။
လက်ရှိတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက လှိုင်သာယာမြို့နယ်တွင် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ဖော်ဆောင်နေပြီး လျှောက်ထားသူများအား မဲဖောက်စနစ်ဖြင့် ရောင်းချမည်ဖြစ်၍ နှစ်ရှည် အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချမည်ဖြစ်သည်။
7days

မူးယစ်ဆေးဝါးမှုဖြင့် သားဖြစ်သူ အဖမ်းခံရခြင်းအတွက် ပရိသတ်ကို ဂျက်ကီချန်းတောင်းပန်


မူးယစ်ဆေးဝါးမှုဖြင့် သားဖြစ်သူ အဖမ်းခံရသည့် ကိစ္စအတွက် မိမိအနေဖြင့် ရှက်ရွံ့မိကြောင်း ဂျက်ကီချန်းက ဝန်ခံခဲ့ပြီး ပရိသတ်များကိုလည်း တောင်းပန်စကား ပြောကြားခဲ့သည်။
ကိုယ်တိုင်လည်း ဖခင်နည်းတူ သရုပ်ဆောင်တစ်ဦးဖြစ်သည့် ဂျေဆီချန်းသည် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုများဖြင့် ယခုသီတင်းပတ် အစောပိုင်းက အဖမ်းခံခဲ့ရသည်။ ယခုဖြစ်ရပ်သည် နာမည်ကျော် အက်ရှင်မင်းသား ဂျက်ကီချန်းအတွက် အကြီးအကျယ် မျက်နှာပျက်စရာ ဖြစ်လာသည်။ ၎င်းသည် (၂၀၀၉)ခုနှစ်က တရုတ်အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ သံတမန်အဖြစ် အပ်နှင်းခံထားရသူ ဖြစ်သည်။
သတင်းအချို့က အသက်(၃၁)နှစ်ရှိ ဂျေဆီသည် (၂၀၀၆)ခုနှစ်က ကတည်းက မူးယစ်ဆေး သုံးစွဲနေကြောင်း ဖော်ပြခဲ့သည်။ တရုတ် Social Media ဝက်ဘ်ဆိုက်ဖြစ်သည့် Weibo တွင် ချန်းက ပရိသတ်များထံ တောင်းပန်သည့် Post တစ်ခုကို ရေးသား လွှင့်တင်ခဲ့သည်။
“အများပြည်သူနဲ့ ဆိုင်တဲ့ အနုပညာသမား တစ်ယောက်အနေနဲ့ ကျွန်တော် ရှက်မိပါတယ်။ ဖခင်တစ်ယောက်အနေနဲ့တော့ ကျွန်တော် အရမ်းကို ဆိုးဆိုးရွားရွား နာကျင်ခံစားမိတယ်။ ကျွန်တော့်သားကို ဆုံးမဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီအတွက် ကျွန်တော်လည်းပဲ မျှဝေပြီး တာဝန်ခံထိုက်ပါတယ်။ အများပြည်သူရှေ့မှာ ကျွန်တော် လေးလေးနက်နက် တောင်းပန်ချင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ဂျေဆီသည် ဖခင်၏ နေအိမ်တွင်ပင် အဖမ်းခံရခြင်းဖြစ်ပြီး ရဲများက ၎င်းကို ဖမ်းဆီးမိချိန်တွင် ဆေးခြောက် သုံးစွဲထားကြောင်း သိရသည်။ တရုတ်တွင် ဆေးခြောက်ကို သုံးစွဲခြင်းဖြစ်စေ၊ လက်ဝယ်ရှိခြင်းဖြစ်စေ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည်။ ဂျေဆီနှင့်အတူ ထိုင်ဝမ် နာမည်ကျော်မင်းသား ကိုင်ကိုသည်လည်း မူးယစ်ဆေးဝါးမှုဖြင့် တရုတ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
_Ref: Channelnewsasia
7days

အသုံးများသော ပိုးသတ်ဆေး (Antibiotic) နှင့် နှလုံးရောဂါကြောင့် သေဆုံးမှု ဆက်စပ်နေ


လူသုံးများသော ပိုးသတ်ဆေး (Antibiotic) တစ်မျိုးနှင့် နှလုံး ရောဂါကြောင့် သေဆုံးမှု အန္တရာယ်ကြား သိသာထင်ရှားသည့် ဆက် စပ်မှုရှိနေသည်ကို တွေ့ရှိရသည်ဟု ဒိန်းမတ်နိုင်ငံမှ သုတေသီများက ပြောကြားသည်။ လေ့လာသူများကမူ သုတေသန ရလဒ်များကို နား လည်မှုဖလှယ်ရာတွင် သတိထားရန် ပြောကြားကြသည်။

Penicillin V ဆေးဝါးသုံးစွဲမှုနှင့် နှိုင်းယှဉ်ကြည့်ပါက Clari-thromycin ဆေးဝါးကို အသုံးပြုခြင်းမှာ နှလုံးရောဂါကြောင့် သေဆုံးမှု အန္တရာယ်ကို ၇၆ ရာခိုင်နှုန်းမြင့်တက်လာစေသည်ဟု သုတေသန စာတမ်းတွင် ဖော်ပြသည်။ ယခုလေ့လာမှုကို ဗြိတိသျှ ဆေးပညာ ဂျာနယ် (BMJ) တွင် ဖော်ပြထားသည်။ Clarithromycin ဆေးဝါးဖြင့် ကုသမှု လူဦးရေတစ်သန်းတွင် နှလုံးရောဂါကြောင့်သေဆုံးနိုင်သူ ၃၇ ဦး ရှိနိုင်သည်ဟု ကိုပင်ဟေဂင်မြို့ စတက်ဆင်စီရယ်အင်စတီကျုဒ် ကူးစက်ရောဂါဌာနမှ သုတေသီသုံးဦးက ပြောသည်။ ကုသမှုကို ရပ်ဆိုင်းလိုက်ပါက အန္တရာယ်မရှိတော့ဟု ၎င်းတို့က ဆက်လက်ပြောသည်။
Clarithromycin ဆေးဝါးကို နှစ်စဉ် လူသန်းပေါင်းများစွာအားပေးလေ့ရှိပြီး အဆုတ်လေပြွန်ရောင်ရမ်းခြင်း၊ အအေးမိဖျားနာခြင်းနှင့် အချို့သော အရေးပြား ရောဂါများကို ကုသရာ၌ အသုံးပြုသည်။ ဒိန်းမတ်သုတေသီများသည် ယခုသုတေသနအတွက် ၁၉၉၇နှင့် ၂၀၁၁ ခုနှစ် ကြား အသက် (၄၀)နှင့် (၇၄) နှစ်ကြား ဒိန်းမတ်နိုင်ငံသားများအား antibiotic ဆေးဝါးများဖြင့် ကုသမှုအကြိမ် ငါးသန်း၏ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ကြသည်။
၎င်းတို့အနက် Penicillin V ဖြင့် ကုသမှု အကြိမ်ရေ ၄ ဒသမ ၄ သန်း၊ roxithromycin ဖြင့် ကုသမှု ၅၉၀,၀၀၀ ရှိပြီး clarith-romycin ဖြင့် ကုသမှု ၁၆၀,၀၀၀ ရှိသည်။
ထိုအထဲတွင်မှ Clarithromycin ဆေးဝါးဖြင့်ကုသမှု ခံယူသူ များတွင် အသက်ဆုံးရှုံးနိုင်သော နှလုံးခုန်နှုန်းမမှန်သည့် ပြဿနာများ တိုးတက်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
—Ref: AFP

Wednesday, August 20, 2014

အလှမယ် မေမြတ်နိုး တောင်ကိုရီးယားဘာကြောင့်သွား

Miss Asia Pacific World 2014 သရဖူဆုရှင် မေမြတ်နိုးဟာပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ ညပိုင်းက ကိုရီယား နိုင်ငံကိုထွက်ခွာသွားခဲ့ပါတယ်။ သူ ရရှိထားတဲ့ ကိုရီယားနိုင်ငံမှ အနုပညာ လုပ်ပိုင်ခွင့်ရထားခဲ့တာကြောင့် အခုလို ထွက်ခွာခဲ့တာဖြစ်ပါတယ်။


ဓာတ်ပုံ- မေမြတ်နိုးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ

ကိုရီးယားနိုင်ငံမှာ K-PoP သီချင်းအစီအစဉ် တခုကို သူနဲ့အတူ အဖွဲ့ ၀င် ၄ ဦး ဖန်တီးကြရမှာဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ ကိုယ်ပိုင်ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလို အသိပေးပြောကြားခဲ့ပါတယ်။

 “ချစ်ခင်လေးစားရပါသော media ဆရာ ဆရာမများ၊ အနုပညာ ဆရာ ဆရာမများနှင့် မောင်နှမများ၊ Facebook သူငယ်ချင်းများနှင့် မြတ်နိုးရဲ့ချစ်ပရိသတ်များရှင်။ မြတ်နိုး ဒီနေ့ ညနေ ၁၁နာရီ Flight နှင့် Korea, Seoul ကို MAPI DOLLS Kpop girl group အတွက် training သွားယူပြီး အခွေလုပ် မှာ ဖြစ်ပါတယ်ရှင်။ မြတ်နိုးကို လာရောက်နှုတ်ဆက် အားပေးကြပါရှင်။ မြတ်နိုး အမိမြန်မာနိုင်ငံကြီးကို ၃ လ ခဏတာ ခွဲခွာချိန်မှာ မြတ်နိုးကို သတိရ အားပေးနေမယ်လို့ မျှော်လင့်ပါတယ်ရှင်။ မြတ်နိုး Koreaမှာ လုပ်ဆောင်မည့် အနုပညာ လုပ်ငန်းတွေကို Facebook ကနေသော်လည်းကောင်း၊ စာနယ်ဇင်း media တွေကနေ update လုပ်ပေးသွားပါမယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။” လို့ မေမြတ်နိုးက အသိပေး ရေးသားထားပါတယ်။


အိမ့်သံစဉ် ~

ခင်ဝေဖြိုးဟန်ရဲ့ Facebook

ဒီနှစ်အတွက် Miss Myanmar International ရွေးချယ်ပွဲကို တနင်္ဂနွေနေ့က ရန်ကုန်မှာ ပြုလုပ်ရာမှာ သရဖူ ရရှိသွားသူက အလှမယ် ခင်ဝေဖြိုးဟန် ဖြစ်ပါတယ်။

  • ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ

  သူ့ Facebook ရဲ့ Profile Picture အဖြစ် ဧရာဝတီက ရိုက်ကူးထားတဲ့ပုံကို တင်ထားတာ တွေ့ရမှာပါ။

သူ့  Facebook လိပ်စာက https://www.facebook.com/MaryHuang.KWPH ဖြစ်ပါတယ်။

သူ သရဖူ သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း မိတ်ဆွေများက ရေးသားကြတာတွေကို သူ့  Facebook မှာ တွေ့ရပါမယ်။

ပြိုင်ပွဲဝင်အလှမယ်တွေရဲ့ ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆုရသူများ

  • သရဖူ -  ခင်ဝေဖြိုးဟန်
  •  1st Runner Up  -  မေဘရဏီသော်  (သူက ဒီဆုအပြင် Miss Photogenic ဆုလည်း ဆွတ်ခူးသွားသူပါ)
  • 2nd Runner Up - သဒ္ဒါမရိုင်ယန်
  • Miss Beauty Health - အိနုဝေ
  • Miss Talent - သိမ့်ဟန်သော်