This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label စီးပွားရေး. Show all posts
Showing posts with label စီးပွားရေး. Show all posts

Saturday, December 13, 2014

အနည်းဆုံးအခကြေးငွေ အစိုးရတာဝန်ယူမသတ်မှတ်ပေး၍ အလုပ်ရှင်နှင့် လုပ်သားကြား ပြဿနာကြုံနေခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းပြော


သူရဦးရွှေမန်း စကားပြောကြားနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
အလုပ်ရှင်နှင့် အလုပ် သမားများကြား ပြဿနာဖြစ်နေ ရခြင်းမှာ အလုပ်သမားဝန်ကြီး ဌာနက အနည်းဆုံးလုပ်ခနှုန်းထား တာဝန်ယူ မသတ်မှတ်နိုင်ခြင်း ကြောင့်ဖြစ်သည်ဟု ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေ မန်းကပြောသည်။
အနည်းဆုံးလုပ်ခနှုန်းထား သတ်မှတ်ရန် အလုပ်သမားဝန် ကြီးဌာနမှ စာရင်းကောက်နေမှု သည် ၂၀၁၆ တွင် မြို့နယ် အဆင့်သို့ရောက်ရှိမည်ဖြစ်၍ လွှတ် တော်သက်တမ်း ငါးနှစ်ကုန်သွားပြီး ဘာမှ မလုပ်နိုင်မည်ကို စိုးရိမ် ကြောင်း သူရဦးရွှေမန်းက ပြော သည်။
‘‘လုပ်နေပါတယ်။ ပြောနေရုံ နဲ့ ကျွန်တော်တို့ဘက်က မကျေ နပ်နိုင်ဘူး။ အလုပ်သမားတွေ ဘက်ကလည်း မကျေနပ်နိုင်ဘူး’’ ဟု သူရဦးရွှေမန်းကပြောသည်။
အစိုးရအနေဖြင့် တာဝန်ခံ၊ တာဝန်ယူပြီး ရဲရဲဝံ့ဝံ့ဆုံးဖြတ်လုပ် ကိုင်မှသာ တိုင်းပြည်အမှန်တ ကယ်ဖွံ့ဖြိုးနိုင်မည်ဖြစ်ပြီး တာဝန် မခံရဲ၊ တာဝန်မယူရဲလျှင် ဒီနေရာ တွင်မလုပ်ဘဲ သွားလျှင်လည်း တာ ၀န်ယူပြီး ထွက်သွားသင့်ကြောင်း ၎င်းကပြောသည်။
အနည်းဆုံးလုပ်ခလစာနှုန်း ထားများသတ်မှတ်ရာတွင် အာရှ တိုက်ရှိ တိုင်းပြည်အချို့တွင် ရှစ် နှစ်အထိ ကြာမြင့်မှုများရှိပြီး လက်ရှိထိုင်းနိုင်ငံတွင်လည်း အနည်း ဆုံးလစာဘတ်သုံးရာသတ်မှတ် မှုသည် လူတိုင်းမရရှိကြောင်း အလုပ်သားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်ခလစာမသတ်မှတ်နိုင်သဖြင့် နိုင်ငံခြားလုပ်ငန်းရှင်ရင်းနှီးမြှုပ်နှံ မှုများဝင်ရောက်မှုလည်း အား နည်းနေပြီး တိကျသော နှုန်းထား မရှိခြင်းကို လုပ်ငန်းရှင်များက ထောက်ပြနေကြသည်။
‘‘အနည်းဆုံးအခကြေးငွေ မသတ်မှတ်နိုင်လို့ ဆန္ဒပြပွဲတွေ က ဆက်တိုက်ဖြစ်ပွားနေတယ်’’ ဟု စံကောင်းပီနံအိတ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် ဦး အောင်စိုးမင်းကပြောသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန်အတွက် စစ် တမ်းကောက်ယူရာတွင် ၀န်ကြီး ဌာနတစ်ခုသာမက အလုပ်သမား၊အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများပါဝင် ကောက်ခံမည်ဖြစ်ပြီး သတ်မှတ် မည့်နှုန်းထားမှာလည်း အလုပ် ရှင်၊ အလုပ်သမားလက်ခံနိုင် သော နှုန်းထားဖြစ်ရန် လိုအပ် သည်ဟုဆိုသည်။
လက်ရှိပြည်တွင်း၌ မြန်မာ နိုင်ငံသားပိုင်၊ နိုင်ငံခြားသားပိုင် နှစ်မျိုးစလုံးရှိနေသဖြင့် အားလုံး နှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဟု အလုပ်သမားညွှန်ကြားမှု ဦး စီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦး စီးမှူး ဒေါ်မို့မို့လွင်ကပြောသည်။
7days
http://7daydaily.com/story/26952#.VI0YJHvyTIU

ကွန်ဒိုဥပဒေထွက်လျှင် အိမ်ခြံမြေဈေး တက်နိုင်သော်လည်း လူနည်းစုသာ အကျိုးအမြတ်များမည်ဟု မြို့ပြပညာရှင်ပြော


အိမ်ခြံမြေဈေးကောင်းသော ရန်ကုန်မြို့မြင်ကွင်း ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ကွန်ဒိုမီနီယံ ဥပဒေအရ နိုင်ငံခြားသားများကို ကွန်ဒိုတိုက် ခန်းဝယ်ယူခွင့်ပြုပါက အိမ်ခြံမြေ ဈေးကွက် မြင့်တက်လာနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အကြံပေး မြို့ပြပညာရှင် ဒေါက်တာကျော်လတ်က ပြောသည်။
၂၀၁၅ ဇန်န၀ါရီတွင် ပြည်ထောင်စုလွှတ်တော်အတွင်း ဆွေးနွေးမည့် ကွန်ဒိုမီနီယံ ဥပဒေ၌ နိုင်ငံခြားများ ကွန်ဒိုတိုက်ခန်း ပိုင်ဆိုင်ခွင့် ရှိလာပြီး ယင်းအချက်သည် ပြည်သူလူထု အများထက် လူနည်းစုကိုသာ အကျိုးအမြတ်ဖြစ်စေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘အခုမြန်မာက ကွန်ဒိုတိုက် ခန်းတွေက စင်ကာပူထက် ဈေး က ဆယ်ဆလောက် ဈေးနည်း သေးတယ်။ နိုင်ငံခြားသားတွေ ၀ယ်ခွင့်ပြုလိုက်ရင် ဈေးတွေတဟုန် ထိုးတက်လာနိုင်တယ်’’ ဟု ဒေါက်တာကျော်လတ်က ဆိုသည်။
ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီ ပိုင်ရှင်များသည် တိုက် များ အမြန်ရောင်းထွက်ရန် နိုင်ငံခြားများကို ရောင်းချနိုင်ရန် ဥပဒေတွင် ယင်းအချက်ကို ထည့်သွင်းခြင်းဖြစ်ပြီး တိုက်ခန်းများအမြန်ရောင်းထွက်လျှင် ပြည်သူလူထုအတွက် အကျိုးရှိသည့် ဘဏ်နှင့်ချိတ်ဆက်ကာ အရစ်ကျ ရောင်းချသည့် စနစ်ကိုသာ အကောင်အထည်ဖော်သင့်ကြောင်း ၎င်းကဆက်လက်ပြောသည်။
‘‘နိုင်ငံခြားသားတွေက ကွန် ဒိုတွေကို ဈေးကြီးပေးမယ်။ ရောင်းတဲ့သူက ပြန်ရောင်းပြီးရင် နောက်ထပ်ဈေးတစ်ခုနဲ့ ၀ယ်မယ်။ ဒီလိုအဆင့်ဆင့်နဲ့ ရောင်းဝယ်မယ်ဆိုရင် နောက်ဆုံး မြို့ပေါ်ကလူတွေ မြို့ပြင်ရောက်မယ်။ အိမ်ခြံမြေနှုန်းကမြင့်သထက် မြင့်လာမယ်။ နောက်ဆုံးခံရမှာ ပြည်သူတွေပဲ’’ ဟု ၎င်းကပြောသည်။
၂၀၁၄ ဒီဇင်ဘာအ တွင်း နိုင်ငံခြားသားကို အမြဲတမ်း နေထိုင်ခွင့် စတင် လျှောက်ထားခွင့်ပြုရာ၌ယင်းနိုင်ငံခြားများအတွက် ကွန်ဒိုတိုက်ခန်းများ၌ ၀ယ်ယူနေနိုင်ရန် ဥပဒေတွင် ပြဋ္ဌာန်းပေးခြင်း ဖြစ်သည်။
‘‘လက်ရှိ နိုင်ငံခြားသားတွေ က အများကြီး ၀ယ်နိုင်ဦးမှာမဟုတ်လို့ ဈေးတက်လာဖို့ မရှိ သေးဘူး။ ဒါပေမဲ့ အများအ၀ယ် လိုက်လာရင် ဈေးကွက်သဘော အရ အိမ်ခြံမြေဈေးက တက်လာ မှာပဲ’’ဟု စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးစိုင်းခွန်နောင်က ပြောသည်။
ဈေးကွက်စီးပွားစနစ်အရ နိုင်ငံခြားသားများကို တိုက်ခန်း ပိုင်ဆိုင်ခွင့်ပေးသင့်ပြီး လက်ရှိဥပဒေတွင် ခြောက်ထပ်အမြင့်ထိသာ ခွင့်ပြုပေးထားကြောင်း ထို့ကြောင့် လက်ရှိ အိမ်ခြံမြေဈေးနှုန်းကို ထိခိုက်နိုင်ရန် မရှိသေးကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
‘‘ကွန်ဒိုတိုက်ခန်းကို နိုင်ငံ ခြားသားတွေ ၀ယ်တဲ့ ပမာဏက နောက်ငါးနှစ်အတွင်းများများ စားစား မရှိလာနိုင်ဘူး။ လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ကြို ဆိုသင့်တယ်’’ ဟု ၎င်းက ဆက် လက်ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် အမြဲတမ်း နေထိုင်ခွင့်အတွက် နိုင်ငံခြားသားများ ကွန်ဒို တိုက် ခန်းဝယ်ယူရာတွင် လိုအပ်ပါက ကန့်သတ်ချက်ထားသင့်ကြောင်း နှင့် မည်သည့် နိုင်ငံခြားသားမဆို ၀ယ်ယူခွင့်ပြုခြင်းသည် အိမ်ခြံမြေ ဈေးနှုန်းအတွက် စိုးရိမ်စရာဖြစ် ကြောင်း ဒေါက်တာကျော်လတ် က ပြောသည်။
7days
http://7daydaily.com/story/26969#.VI0YGnvyTIU

တစ်ဦးချင်းကားတင်သွင်းခွင့် ပါမစ် အနည်းငယ်တင်းကျပ်


သီလ၀ါဆိပ်ကမ်းတွင် ရပ်နားထားသော ကားများ (ဓာတ်ပုံ − ကျော်ဇင်သန်း)
တစ်ဦးချင်း ကားတင် သွင်းခွင့်ပါမစ်များကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န် ကြီးဌာနက အနည်းငယ် တင်း ကျပ်လိုက်သည်။
တစ်ဦးချင်း ကားသွင်းကုန် ပါမစ်များနှင့်ပတ်သက်၍ ကား များ ဆိပ်ကမ်းသို့ ရောက်ရှိပြီးမှ ပါမစ်လျှောက်ထားခြင်းကို ၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှစ၍ ခွင့်မပြု တော့ကြောင်း စီး/ကူးဝန်ကြီးဌာန က ဒီဇင်ဘာ ၉ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယခင်ကမူ တစ်ဦးချင်း ကား တင်သွင်းခွင့် ပါမစ်များအတွက် ကားကို ပြည်ပမှ တင်သွင်းရာတွင် ဆိပ်ကမ်းရောက်ရှိပြီးမှသာ လိုင် စင်လျှောက်ထားခြင်း ခွင့်ပြုခဲ့ သည်။အထက်ပါ သတ်မှတ်ချက် ကြောင့် သတင်းကြိုသိသူများက အရောင်းအ၀ယ်ပိုမိုပြုလုပ်လာကာ ကားပါမစ်ဈေးတက်နေသည်။ လာမည့်နှစ် ကားဈေးပါအနည်းငယ်တက်နိုင်ကြောင်း ကားပွဲစားအချို့ကပြောသည်။
‘‘ဒီလိုစည်းကမ်းထွက်မယ့် လို့ အပြင်မှာ သတင်းတွေထွက် နေကတည်းက ပါမစ်ဈေးက နှစ် ဆနီးပါးခုန်တက်နေတာ။ ဒီအ တိုင်းဆို ပါမစ်ဈေးက ဆက်တက်မယ့် အလားအလာရှိတယ်’’ ဟု ကားဝယ်ရောင်းကိုမင်းဦးကမှတ်ချက်ပြုသည်။
 လက်ရှိ  ထုတ်ပြန်ချက် ကြောင့် သတိထား လုပ်ကိုင်ရ တော့မည်ဖြစ်ကြောင်း မော်တော် ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။
‘‘လိုင်စင်မရှိဘဲ တင်သွင်း ခွင့်ကို မရှိတာ။ ဒါပေမဲ့တင်သွင်း လွယ်ကူအောင်ဖြေလျှော့ပေး ထားတာရှိတယ်။ ဒါကလိုင်စင်မဲ့ ကားတွေကို ဖြစ်ပေါ်စေတယ်။ လိုင်စင်မလျှောက်ဘဲ ဒီကလျှောက် တာရှိလာတော့ အခုလိုလုပ်တာ ပါ။ ဒါက ကားတင်သွင်းတာကို အခက်အခဲမရှိပါဘူး။ အမှန်က ဒါဖြစ်သင့်တယ်’’ ဟု Capital Automotive လီမိတက်၏ မန်နေး ဂျင်းဒါရိုက်တာ ဦးခိုင်ထွန်းက သုံး သပ်သည်။ ထိုသို့သတ်မှတ်ခြင်း ကို ကားအရောင်းစင်တာများက ကြိုက်နှစ်သက်ပြီး ပြင်ပတွင်ကား ရောင်းဝယ်သူများက မကြိုက် နှစ်သက်ပေ။
ယခုထုတ်ပြန်ချက်မှာ ကား အရောင်းစင်တာများအတွက် အခက်တွေ့မည်မဟုတ်သော်လည်း တစ်နိုင်တစ်ပိုင် ကားတင်သွင်းသူများအတွက် ခက်ခဲလိမ့်မည်ဖြစ်ပြီး တစ်နိုင်တစ်ပိုင်ကား တင်သွင်းသူများနှင့် ကားအရောင်းစင်တာများအကြား မျှတမှု ရှိစေရန် ကားအရောင်းစင်တာများ၏ စည်းကမ်းချက်ကိုလည်း တင်းကျပ်သင့်ကြောင်း တစ်ဦးချင်းကားတင်သွင်းသူများကဆိုသည်။
တစ်ဦးချင်းမော်တော်ယာဉ် သွင်းကုန်ပါမစ်ကို အနည်းငယ် ကန့်သတ်လိုက်ခြင်းမှာ ကားများ တင်သွင်းရာတွင် သွင်းကုန်ပါမစ် မရမီတင်သွင်းခြင်း၊ ပါမစ်ရရှိပြီး မှ တင်သွင်းသော်လည်း ဆိပ် ကမ်းရောက်ရှိပြီး အချိန်မီမထုတ် ယူခြင်း၊ ဆိပ်ကမ်းရောက်ရှိပြီး နောက် ပါမစ်ပြင်ဆင်လျှောက် ထားခြင်း၊ ဆိပ်ကမ်းရောက်ရှိပြီး သော်လည်း အချိန်ကြာမြင့်စွာ ထားရှိပြီး ဆိပ်ကမ်းတွင် မော် တော်ယာဉ်များ စုပုံနေခြင်းများ ကြောင့်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် လူပုဂ္ဂိုလ်တစ်ဦး ကားတင်သွင်းခွင့်ပြုသည့် သွင်း ကုန်ပါမစ်ကို သုံးလခွင့်ပြုပြီး သက်တမ်းတိုးခွင့်မပြုတော့ဘဲ ကားတင်သွင်းခွင့်ပါမစ်လျှောက်ထားရာတွင် ပြုပြင်ပြီး မော်တော်ယာဉ်များအတွက် ပြုပြင်ပြီး အဆင့်အချက် ခြောက်ချက်ပါအတိုင်း တင်သွင်းပါမည်ဟူသော ၀န်ခံကတိတင်ပြလျှောက်ထားရမည့် အချက်များကိုလည်း ထည့် သွင်းထားသည်။ သို့သော်အထက်ပါအချက် နှစ်ချက်မှာ ယခင်ကတည်းက သတ်မှတ်ထားခြင်းဖြစ်သည်။
7Days


Saturday, September 27, 2014

အောင်မင်္ဂလာ-ဆူးလေပြေးဆွဲနေသည့် စုပေါင်းတက္ကစီ တိုင်းအစိုးရအမိန့်ဖြင့် ယာယီရပ်


အောင်မင်္ဂလာအဝေး ပြေးမှ ဆူးလေအထိ
 ငွေကျပ် တစ်ထောင်ဖြင့် ပြေးဆွဲပေးနေ သော စုပေါင်းတက္ကစီယာဉ်လိုင်း အမျိုးအစားဖြစ်
သည့် အောင် မဟာယာဉ်လိုင်းကို ရန်ကုန်
တိုင်း အစိုးရအမိန့်ဖြင့် ယာယီရပ်နား
လိုက်ကြောင်း သတင်းရရှိသည်။



  အောင်မဟာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း အသစ်သည် ဇွန် ၁၀ ရက်က စတင်ပြီး ဆူးလေ-အောင်မင်္ဂလာ လမ်းကြောင်းကို ၁၂ ဦးဆံ့အဲကွန်း ကားဖြင့် ပြေးဆွဲနေပြီး အောင်မြင်မှုရရှိနေသည်။

‘‘တိုင်ကြားသူရှိလို့ တစ်လိုင်းလုံးရပ်ဆိုင်းခံရတာပါ။ ရန်ကုန် တိုင်းအစိုးရအဖွဲ့က အရေးယူ တာပါ’’ဟု အဆိုပါယာဉ်လိုင်း ဥက္ကဋ္ဌ ဦးအေးသောင်းကပြောသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အရေးယူအကြောင်းကြားစာတွင် (ဂ) စင်းလုံးငှား(တက္ကစီ)လိုင်စင် ယူပြီး၊ (ခ)ခရီးသည်တင်ယာဉ်ကဲ့ သို့ လုပ်ငန်းမျိုးပြေးဆွဲနေခြင်း ကြောင့် အရေးယူခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ယာဉ်လိုင်းမှာ ကား မှတ်တိုင်များတွင် ခရီးသည်များ ခေါ်ယူတင်ဆောင်သည့်အတွက်  ခရီးသည်တင် ဘတ်စ်ကားလိုင်း အချို့က တိုင်ကြား၍ တိုင်းဒေသကြီးအစိုးရက အရေးယူခြင်းဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မထသ) ဥက္ကဋ္ဌဦးလှအောင်က ပြောသည်။

အဆိုပါယာဉ်လိုင်းအသစ် သည် ကားအစီးရေ ၃၀ ကျော် ရှိပြီး အောင်မြင်မှုရနေသဖြင့် နောက်ပိုင်းတွင် ယာဉ်အစီးရေ ၆၀ ကျော်အထိ တိုးမြှင့်ရန် စီစဉ်ထားစဉ် အရေးယူခံရခြင်းဖြစ်သည်ဟု ဆိုသည်။

အောင်မဟာ အဆင့်မြင့် ယာဉ်လိုင်းက တစ်ဦးလျှင် ကျပ် တစ်ထောင်နှုန်းဖြင့် အဲကွန်းဖွင့် ကာ အင်းစိန်မှ ဆူးလေ၊ အောင် မင်္ဂလာ အဝေးပြေးမှ ဒဂုံ-ဧရာ အဝေးပြေး စသည့်ခရီးစဉ်များ အဖြစ် ပြေးဆွဲလျက်ရှိသည်။

နယ်မှလာသော ခရီးသည် များအနေဖြင့် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ မြို့တွင်းသို့ အငှားယာဉ်ငှားရာတွင် ဈေးနှုန်း ကြီးမြင့်ခြင်း၊ စောင့်ဆိုင်းရချိန် ကြာမြင့်ခြင်း၊ စုပေါင်းစပ်ပေါင်း ငှားရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းတို့ကို ဖြေရှင်းနိုင်ရန် စီစဉ်ပြေးဆွဲစေခြင်းဖြစ်သည်။

7Day News Daily 

Wednesday, August 13, 2014

AGD ဘဏ် အစုရှယ်ယာများကို ဗဟိုဘဏ်ခွင့်ပြုချက်ဖြင့် ထုတ်ရောင်းမည်ဟု ဦးတေဇပြော


AGD ဘဏ်ဥက္ကဋ္ဌ ဦးတေဇ (ဓာတ်ပုံ − ဦးတေဇဖေ့စ်ဘွတ်ခ်)
အာရှစိန်းလန်းမှု ဖွံ့ဖြိုး ရေးဘဏ် လီမိတက် AGD ဘဏ် က ဘဏ်ရှယ်ယာများကို ၆၀ ရာခိုင်နှုန်းထိ ထုတ်ရောင်းချသွား မည်ဟု AGD ဘဏ်ဥက္ကဋ္ဌ ဦးတေဇက ပြောကြားသည်။
လက်ရှိတွင် AGD ဘဏ်က ၎င်းတို့၏ ရှယ်ယာများထဲမှ ၁၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်ခွင့်ပြုချက်ဖြင့် ရောင်းချပြီးဖြစ်ကြောင်း၎င်းက ပြောသည်။
‘‘ဥပဒေအရ ရှယ်ယာရောင်း ခွင့်ရတဲ့ ဘဏ်ဖြစ်ပါတယ်။ ရောင်း မယ်ဆိုလည်း ဗဟိုဘဏ်ကို တင် ပြီး တရားဝင်လုပ်မှာပါ။ ၆၀ ရာ ခိုင်နှုန်းတော့ ရောင်းမှာပဲ။ ဒါပေမဲ့ အခြေအနေ၊ အချိန်အခါကိုကြည့် ပြီးတော့ ပြုလုပ်သွားမှာပါ’’ဟု ဦးတေဇက ဆက်လက်ပြောသည်။
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်၏ အစုရှယ်ယာ ၁၅ ရာခိုင် နှုန်းကို ဦးနေ၀င်း၏မြေး၊ ဦးကျော် နေ၀င်းနှင့် မီကိုကွေကာ လုပ်ငန်း ရှင်အပါအ၀င် စုစုပေါင်း လုပ်ငန်း ရှင်လေးဦးကို ရောင်းချခြင်းဖြစ် ကြောင်း ဘဏ်ဘက်က ပြောဆို နေသော်လည်း ကာယကံရှင်ဦး ကျော်နေ၀င်းဘက်ကမူ ၆၀ ရာခိုင်နှုန်းအထိ ၀ယ်ယူထားပြီးဖြစ် ကြောင်းပြောဆိုနေသည်။
‘‘Commitment က Com-mitment ပဲ။ မကျေနပ်ရင် သူတို့ ဘက်ကလဲ သက်သေနဲ့ တရားရုံး တင်လည်း အဆင်သင့်ပဲ။ သက် သေနဲ့ ပြောလိုက်တာ မကောင်း ဘူးလား။ ငွေလည်း Scanning လုပ်ပြီးသား ဖြစ်သွားတာပေါ့။ အခုလည်း ကိုယ့်ဆီပိုက်ဆံမှ မရောက်သေးတာ’’ ဦးတေဇက UMFCCI နှစ်ပတ်လည်ပွဲတွင် မီဒီယာများအား ပြောကြားသွားသည်။
AGD ဘဏ်တွင် စုစုပေါင်း အစုရှယ်ယာ ခြောက်သိန်းရှိပြီး ယင်းအနက် ၁၅ ရာခိုင်နှုန်းဖြစ်သော အစုရှယ်ယာ ကိုးသောင်း ကို ရောင်းချခဲ့ခြင်းဖြစ်ကြောင်းဘဏ်က ထုတ်ဖော်ပြောကြားထားသည်။
7days

Saturday, July 19, 2014

မလေးရှားလေကြောင်းလေယာဉ် ပစ်ချခံရမှုကြောင့် ရွှေဈေးအတက်အကျကြမ်း


ဈေးကွက်အတွင်း ရောင်းချနေသော ရွှေထည်ပစ္စည်းများ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မလေးရှားလေကြောင်း လိုင်းမှ လေယာဉ် ပစ်ချခံရမှု ကြောင့် ကမ္ဘာ့နိုင်ငံရေးတင်းမာ လာနိုင်၍့ ကမ္ဘာ့ရွှေဈေးများအတက်အကျကြမ်းသွားရာ ပြည်တွင်းရွှေဈေးနှုန်းများလည်း တစ်ရက်တည်းတွင် အတက်အကျမြန်ခဲ့သည်။
ကမ္ဘာ့ရွှေဈေးနှုန်းများသည် ဇူလိုင် ၁၇ ရက်တွင် တစ်အောင်စ လျှင် ၁၃၁၀ ဒေါ်လာမှ ၁၃၁၈ ဒေါ်လာသို့ တက်သွားခဲ့ပြီး ညနေ ပိုင်းတွင် ၁၃၁၂ ဒေါ်လာသို့ ပြန် လည်ကျဆင်းခဲ့သည်။
ထို့ကြောင့် ပြည်တွင်းရွှေ ဈေးနှုန်းများမှာလည်း တစ်ရက် တည်းတွင် တစ်ကျပ်သားပေါ် တွင် ကျပ် ၅၀၀၀ နီးပါး ဈေးနှုန်းပြောင်းလဲသွားခဲ့သည်။
မလေးရှားလေကြောင်းပစ် ချခံရသည့်အတွက် နိုင်ငံများ အကြား တင်းမာမှုများဖြစ်လာ နိုင်သည်ဟု ခန့်မှန်းကာ စတော့ ရှယ်ယာဈေးကွက်တွင် ရွှေဝယ် လိုအားများ မြင့်တက်လာသည့် အတွက် ရွှေဈေးနှုန်းများမြင့်တက် သွားခဲ့ခြင်းဖြစ်သည်။
‘‘ဈေးက အတက်ကြမ်းသွား တာဆိုတော့ တချို့ကတော့ ထုတ်ရောင်းလာတာရှိတယ်။ ဈေးက စားလိုတဲ့သူတွေလည်း ၀ယ်တာရှိပါတယ်။ ရုတ်တရက်ထွက်လာ တာဆိုတော့ ပစ္စည်းကထွက် လာတာပိုများပါတယ်’’ဟု ရွှေ လုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။
ပြည်တွင်းရွှေဈေးနှုန်းများ မှာ  ဇူလိုင်လ ၇ ရက်ညနေတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၇၀,၀၀၀ ထိကျဆင်းသွား ရာမှာ ကျပ် ၆၇၉,၅၀၀ ထိ မြင့် တက်သွားခဲ့ပြီး ညနေပိုင်းတွင် ကျပ် ၆၇၆,၅၀၀ သို့ပြန်လည်ကျ ဆင်းသွားခဲ့သည်။
‘‘အခုဈေးတက်တာကတော့ လေကြောင်းလိုင်း ကိစ္စကြောင့် ရုတ်တရက် ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ကမ္ဘာ့ဈေးတွေကလည်း ပြန်တက်လာနိုင်တော့ ပြည်တွင်း ဈေးကိုလည်း ပြန်တက်မယ်မှန်း ထားတာတွေရှိနေတုန်းပဲ’’ဟု ရွှေ လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် ပြည်တွင်းရွှေဈေးနှုန်းများမှာ တစ် ကျပ်သားလျှင် ကျပ် ၆၈၅,၀၀၀ ရောက်ရှိသွားချိန်တွင် ပြန်ထုတ် ရောင်းသူများခဲ့သော်လည်း ဈေး ထပ်စောင့်သူများအခက်တွေ့နေ သည်။
7Days

Thursday, July 17, 2014

ကမ္ဘောဇဘဏ်က အပ်ငွေအတိုးနှုန်းတိုးမြှင့်ပေး


ကမ္ဘောဇဘဏ်က အပ်ငွေအတိုးနှုန်းတိုးမြှင့်ပေးကမ္ဘောဇ ဘဏ်က ဘဏ်တွင် Deposit အပ်နှံထားသော အပ်ငွေများ အပေါ် ပေးသော အတိုးနှုန်းများကို သြဂုတ် ၁ ရက်မှစကာ တိုးမြှင့်ပေးတော့ မည်ဖြစ်ကြောင်း သတင်းရရှိသည်။ Deposit အပ်ငွေများ အပေါ်တွင် အတိုးနှုန်း တိုးမြှင့်ရာတွင် ငွေစုဘဏ်အပ်ငွေနှင့် စာရင်းသေ အပ်ငွေနှစ်မျိုးစလုံးပေါ်တွင် တိုးမြှင့်လိုက်ခြင်းဖြစ်သည်။
‘‘အဓိက,က ကိုယ့်ဘဏ်နဲ့ အမြဲလုပ်နေတဲ့ Customer တွေ အဆင်ပြေအောင် တိုးပေးတာ။ အခုက ကုန်ဈေးနှုန်း တွေကလည်း တက်သွားတယ် ဆိုတော့ ပင်စင်စားတွေအားလုံး အဆင်ပြေအောင် အခုလိုတိုးပေးလိုက်တာ ပါ’’ဟု အဆိုပါဘဏ်မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ခင်ချောစုက ပြောသည်။ ငွေစုဘဏ် အပ်ငွေအပေါ် လက်ရှိကာလ အတိုးနှုန်း ၈ ရာခိုင်နှုန်း ပေးနေရာမှ ၈ ဒသမ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးသွားမည်ဖြစ်သည့်အတွက် ငွေစုဘဏ် အပ်ငွေ အဖြစ် အပ်နှံထားသူများမှာ ယခင်က ကျပ်တစ်သိန်းအပ်နှံပါက တစ်နှစ်လျှင် အတိုးနှုန်း ၈,၀၀၀ ကျပ် ရရှိရာမှ ယခုအခါ ၈,၂၅၀ ကျပ် ရရှိတော့မည်ဖြစ်သည်။
ထို့အတူ စာရင်းသေအပ်ငွေအဖြစ် အပ်နှံသူများက တစ်လအပ်ငွေအပေါ် ယခင် ၈ ရာခိုင်နှုန်းပေးနေရာမှ ၉ ရာခိုင်နှုန်းသို့ မြှင့်လိုက်သည့်အတွက် ကျပ်တစ်သိန်းအပ်နှံထားလျှင် အတိုး ယခင် ၈,၀၀၀ ကျပ် ရရှိသူမှာ ယခု ၉,၀၀၀ ကျပ် ရရှိမည်ဖြစ်သည်။ စာရင်းသေအပ်ငွေ သုံးလ အပ်နှံသူမှာ ယခင်က ၈ ဒသမ ၅၀ ရာခိုင်နှုန်းမှ ယခု ၉ ဒသမ ၂၅ ရာခိုင်နှုန်း၊ ခြောက်လအပ်နှံ သူမှာ ၉ ရာခိုင်နှုန်းမှ ၉ ဒသမ ၅၀ ရာခိုင်နှုန်း၊ ကိုးလအပ်နှံသူမှာ ၉ ဒသမ ၅၀ ရာခိုင်နှုန်းရရှိနေရာမှ ၉ ဒသမ ၇၅ ရာခိုင်နှုန်းအထိရရှိ မည်ဖြစ်သည်။ စာရင်းသေအပ်ငွေတွင် လပိုင်းအပ်နှံမှုများအပေါ် အတိုးနှုန်းမြှင့်လိုက်သော်လည်း တစ်နှစ် (၁၂ လ)အပ်နှံမှုအပေါ်တွင် ယခင် ၁၀ ရာခိုင်နှုန်းအတိုင်းသာ ပေးသွားမည်ဖြစ်သည်။
‘‘ဒီလို အတိုးနှုန်းတွေ တိုးပေးလိုက်တာ အပ်တဲ့သူတွေအတွက် ကောင်းသွားတာပေါ့။ ဒါကလည်း ဗဟိုဘဏ်က သတ်မှတ်ပေးတဲ့ ဘောင်အတွင်းမှာပဲ ထပ်တိုးလိုက်တာဆိုတော့ ဒီလိုတိုးလိုက်တာဆို တော့ ဗဟိုဘဏ်အနေနဲ့ကတော့ ဘာမှပြောဖို့မရှိပါဘူး’’ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းဘဏ်များသည် အပ်ငွေများ အပေါ် အနည်းဆုံး ၈ ရာခိုင်နှုန်းမှ အများဆုံး ၁၃ ရာခိုင်နှုန်းအထိ ပေးနိုင်သည်ဟု သတ်မှတ်ထား သည်။
‘‘ဒီလိုအပ်ငွေအပေါ်မှာ အတိုးနှုန်းမြှင့်ပေးလိုက်တော့ အပ်တဲ့သူတွေကလည်း အပ်ချင်သွားတယ်။ အပြင်မှာလှည့်နေတဲ့ငွေ တွေဘဏ်ထဲကိုဝင်သွားပြီး ဘဏ်က လိုတဲ့သူတွေကို ပြန်ချေးလို့ရတော့ ငွေကြေးလည်ပတ်မှုတွေလည်း ကောင်းသွားတာပေါ့’’ ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။
‘‘အခုအတိုးနှုန်းတွေ တိုးပေးလိုက်သလို ချေးငွေအပေါ်မှာယူတဲ့ အတိုးနှုန်းတွေကိုလည်း လျှော့ချသင့်ပါတယ်’’ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ၎င်း၏အမြင်ကို ဆိုသည်။ ယခုကဲ့သို့ အပ်ငွေအပေါ် တွင် ကမ္ဘောဇဘဏ်မှ စတင်ကာ အတိုးနှုန်းများကို တိုးမြှင့်ပေးလိုက်ပါက အခြားသောဘဏ်များ၏ အတိုးနှုန်းများမှာလည်း တိုးလာနိုင်ဖွယ်ရှိသည်။
7Day News

Wednesday, July 16, 2014

အယ်လ်ပီဂျီကို စင်ကာပူကနေ သွင်းတော့မည်


 ထိုင်းနယ်စပ်ကနေ မြန်မာနိုင်ငံထဲ မီးဖိုချောင်သုံး ဂက်စ်အိုးတွေ တရားမ၀င် ခိုးသွင်းနေတာကို ထိုင်းအာဏာသိမ်း စစ်ကောင်စီက တားမြစ်လိုက်ပြီးနောက် မြန်မာနိုင်ငံထဲမှာ မီးဖိုချောင်သုံး အယ်လ်ပီဂျီဈေးနှုန်းတွေ ၃ ဆ နီးပါးလောက် မြင့်တက်လာပါတယ်။

ဒီပြဿ နာ ဖြေရှင်းဖို့အတွက် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ ဒေ၀ူး အင်တာနေရှင်နယ်ရဲ့ စင်ကာပူရုံးခွဲ ကုမ္ပဏီကို မြန်မာနိုင်ငံထဲ သင်္ဘောနဲ့ ဂက်စ်တွေ တင်သွင်းခွင့် ပြုလိုက်ပြီလို့ စွမ်းအင်ဝန်ကြီးဌာန နေပြည်တော်ရုံး တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။

ထိုင်းအစိုးရဟာ မြန်မာ့ရတနာကမ်းလွန်က သဘာဝဓာတ်ငွေ့တွေကို ၀ယ်ယူပြီး သူ့နယ်စပ်နေ ပြည်သူတွေ ဈေးပေါပေါနဲ့ သုံးစွဲနိုင်အောင် အယ်လ်ပီဂျီတွေကို အရှုံးခံ ဖြန့်ဖြူး ရောင်းချပေးပါတယ်။
ဒါကို ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သည်တွေ ပူးပေါင်းပြီး မြန်မာနိုင်ငံထဲ ပြန်ခိုးသွင်း ဖြန့်ဖြူးနေကြတာ ဖြစ်ပါတယ်။

ခုလို ထိုင်းစစ်အစိုးရက ပိတ်ပင်လိုက်တဲ့အခါ မြန်မာနိုင်ငံထဲမှာ နဂိုက အယ်လ်ပီဂျီ ၁ ပိဿာကို ကျပ် ၂၂၀၀ လောက် ရှိရာကနေ ၁ ပိဿာ ကျပ် ၇၀၀၀ ကျော်သည်အထိ ခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/60380

Tuesday, July 15, 2014

နိုင်ငံခြားဘဏ်များ ပြည်တွင်း လုပ်ကိုင်ခွင့် လျှောက်ထား


 ဒီနှစ်နှောင်းပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံခြား ဘဏ်တချို့ကို ငွေကြေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပြုမယ် လို့ ကြေညာ ထားတဲ့အတိုင်း၊ လုပ်ငန်းလိုင်စင် လျှောက်ထားတဲ့ နိုင်ငံခြား ဘဏ်တွေ အများ အပြားရှိ နေကြောင်း Banking Business Review သတင်းက ဖော်ပြပါတယ်။

လုပ်ငန်းလိုင်စင် လျှောက်ထားဖို့ နောက်ဆုံးရက်ဖြစ်တဲ့ မနေ့ကအထိ မြန်မာနိုင်ငံတွင်းမှာ ကိုယ်စားလှယ်ရုံးတွေ လာရောက်ဖွင့်လှစ်ထားကြတဲ့ နိုင်ငံခြားဘဏ်ပေါင်း ၄၂ ခု ထဲက သုံးပုံနှစ်ပုံ လောက် လုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားခဲ့ကြတယ်လို့ အစိုးရအရာရှိတစ်ဦးကို ကိုးကားပြီးဖော်ပြပါတယ်။

လုပ်ငန်းလိုင်စင်လျှောက်ထားခဲ့တဲ့ ဘဏ်တွေထဲမှာ ဂျပန် မစ်ဆူဘီရှီ၊ UFJ Financial Group၊ ဆူမီတိုမို မစ်ဆူအီ Financial Group၊ မစ်ဇူဟို Financial Group တို့ပါဝင်ကြောင်း သိရ ပါတယ်။

ရန်ကုန်မှာ ကိုယ်စားလှယ်ရုံးတွေ ဖွင့်ထားတဲ့ ဘဏ်တွေထဲမှာ ထိုင်း၊ စင်္ကာပူ၊ တောင်ကိုရီးယား နဲ့ တရုတ် နိုင်ငံတွေက ဘဏ်တွေပါဝင်ပါတယ်။ အလားတူ ကိုယ်စားရုံးဖွင့်ထားပြီးဖြစ်တဲ့ Standard Chartered နဲ့ ANZ ဘဏ်တွေကတော့ လုပ်ငန်းလိုင်စင်လျှောက် မလျှောက် ဖြေဆိုဖို့ ငြင်းဆိုပါတယ်။

လုပ်ငန်းလုပ်ခွင့်ရတဲ့ နိုင်ငံခြားဘဏ် အနေနဲ့ မြန်မာနိုင်ငံမှာ ဘဏ်ခွဲတစ်ခုသာ ဖွင့်လှစ်ခွင့်ရ မှာဖြစ်ပြီး၊ အနည်းဆုံး အမေရိကန်ဒေါ်လာ ၇၅ သန်းရင်းနှီးမြှုပ်နှံရမှာဖြစ်ပါတယ်။

ဒီအတွင်း စင်္ကာပူအခြေစိုက် WE ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ အီလက်ထရွန်းနစ် ပစ္စည်းတွေ လာရောက် ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၇၆ သန်းရှိခဲ့ တယ်လို့ New Europe သတင်းက ဖော်ပြပါတယ်။ နိုင်ငံရဲ့ စုစုပေါင်း စာချုပ်ချုပ်ထား တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏက ဒေါ်လာ ၄၆.၇ ဘီလျံ ရှိတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ စတင်ခဲ့ရာက အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူ ထားတာတွေ ဖြေလျှော့လိုက်ပြီးတဲ့နောက်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အထိုက် အလျောက် ၀င်ရောက် လာခဲ့ပေမဲ့၊ မျှော်မှန်းထားသလောက် ၀င်မလာသေးပဲရှိနေပါတယ်။ ၀င်လာသမျှကလည်း ကုန်ထုတ်လုပ်ငန်း တွေမှာထက် ရေနံ ၊ ဓါတ်ငွေ့၊ သတ္တု ၊ ကျောက်မျက်၊ သစ် စတဲ့သဘာဝ သယံဇာတ ကုန်ကြမ်းတွေ ရှာဖွေ ထုတ်ယူတဲ့ လုပ်ငန်းတွေမှာသာ အများ ဆုံးဝင်ရောက်နေပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

Sunday, July 13, 2014

လယ်သမားများကို ကူမှာလား၊ အကျပ်ကိုင်မှာလား


လယ်ယာလုပ်ငန်းခွင်ဝင်နေသော တောင်သူများ (ဓာတ်ပုံ - လင်းဘိုဘို/ အီးပီအေ)
မိုးစပါးစိုက်ပျိုးစရိတ်ချေး ငွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ထုတ်ချေးရာတွင် တိုင်း နှင့် ပြည်နယ်အချို့၌ လယ်ယာ မြေမှတ်ပုံတင်ပါမှ ချေးငွေထုတ် ပေးသဖြင့် လယ်သမားများမှာ အခက်တွေ့နေသည်။

အိမ်ရာဖွံ့ဖြိုးရေး ဘဏ်ခွဲ ၁၀ ဘဏ်အထိ တိုးချဲ့ဖွင့်လှစ်မည်


ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံ- ကျော်ဇင်သန်း)
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် တစ်နိုင်ငံလုံးတွင် ဘဏ်ခွဲပေါင်း ၁၀ ဘဏ်အထိ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါဘဏ် ဒါရိုက်တာဦးဝင်းဇော်က ပြောကြားသည်။
လက်ရှိ၌ ရန်ကုန်တွင် ပင်မ ဘဏ်နှင့် ဘဏ်ခွဲတစ်ခု၊ နေပြည် တော်-မန္တလေးတို့တွင် ဘဏ်ခွဲ တစ်ခုစီ ဖွင့်လှစ်ထားပြီဖြစ်ပြီး ဆက်လက်၍ အိမ်ရာစီမံကိန်းများ၊ဖွံ့ဖြိုးရေးလုပ်ငန်းများ အနာဂတ် တွင် ရှိလာနိုင်သည့် နေရာများ တွင် ခန့်မှန်းပြီး တိုးချဲ့ဖွင့်လှစ် သွားရန် စီစဉ်ထားကြောင်း ဦးဝင်းဇော်က ဆိုသည်။

လက်ရှိဖွင့်လှစ်ထားသည့် ဘဏ်ခွဲများတွင် ငွေသွင်းငွေထုတ် လုပ်ငန်းများအပြင် စီးပွားရေး လုပ်ငန်း လုပ်ကိုင်လိုသူများ၊ အိမ်ရာတည်ဆောက်လိုသူများကို စတင် အပေါင်ခံ ချေးငှားပေးနေပြီဖြစ်ကြောင်း အထက်ပါ ဒါရိုက်တာက ဆိုသည်။
ယင်းဘဏ်က အိမ်ရာတည် ဆောက်သူနှင့် စီးပွားရေးလုပ်ငန်း လုပ်လိုသူများအား စတင်ချေးပေး နေပြီး အိမ်ဝယ်လိုသူများကိုမူ အ တိုးနှုန်း လစဉ်ငွေပြန်လည်ပေး ဆပ်ရမည့် နှုန်းထား၊ ချေးယူလို သူအတွက် တာဝန်ခံယူမှုများအ ပေါ် ဆွေးနွေးလျက်ရှိပြီး မကြာမီ ချေးပေးသွားမည်ဟု ၎င်းကဆို သည်။
ထို့အပြင် ဆက်လက်တိုးချဲ့ မည့် ဘဏ်ခွဲများကို နယ်စပ်ဒေသ ရှိ ဆောက်လုပ်ရေးကုန်ကြမ်းသုံး ပစ္စည်းများ တင်သွင်းသည့် မြို့ များ အပါအဝင် အထူးစီးပွားရေး ဇုန်များ ပြုလုပ်မည့်နေရာများ တွင်ဖွင့်လှစ်ရန် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနက ရည်ရွယ်ထား သည်။
 အမှန်တကယ် ငွေချေးနိုင် မည့် အစီအစဉ်ဖြစ်ပါက ငွေကြေး အရင်းအနှီးရှိပြီးသား  ထိပ်သီး လုပ်ငန်းရှင်ကြီးများကို ဦးစားပေး ချေးပေးခြင်း မဖြစ်သင့်ဘဲ အမှန် တကယ် ငွေလိုအပ်နေပြီး လုပ် ငန်းအမှန်တကယ်  ဆောင်ရွက် နေသည့် လုပ်ငန်းရှင်အသေးစား လေးများကို ဦးစားပေး၍ အတိုး နှုန်း သက်သက်သာသာဖြင့် ချေး ငှားပေးသင့်ကြောင်း   ဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးရန်ဝင်းက ဆိုသည်။
လက်ရှိတွင် အဆိုပါဘဏ် ကို ဆောက်လုပ်ရေးလုပ်ငန်းရပ် ဝန်းကြီး တစ်ခုလုံးက များစွာစိတ် ဝင်စားနေကြောင်း ၎င်းကဆက် လက်ပြောကြားသည်။
7daysdaily

Saturday, July 12, 2014

ရွှေဈေး ကျပ်ခုနစ်သိန်းနီးပါး မြင့်တက်နိုင်


ဓာတ်ပုံ − နစ်ကီ
 ကမ္ဘာ့ရွှေဈေးနှုန်းဆက် လက်မြင့်တက်ပါက ပြည်တွင်း ရွှေဈေးနှုန်းများ ကျပ် ခုနစ်သိန်း နီးပါးအထိ မြင့်တက်နိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူ ရွှေလုပ် ငန်းရှင်များကပြောကြားသည်။
ယခုရက်ပိုင်းတွင် ပြည် တွင်းရွှေဈေးသည် ငါးလခန့်အ တွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိနေသော်လည်း ဈေးနှုန်းဆက် တက်မည်မှန်းကာ ရောင်းသူနည်း နေသေးကြောင်း ရွှေလုပ်ငန်းရှင် များကပြောသည်။
‘‘အခုဟာက ဈေးအမြင့် ရောက်တယ်ဆိုပေမယ့် အရပ် ဘက်ကလည်း ထင်သလောက် အရောင်း ပြန်မထွက်လာဘူး။ အားလုံးက ဆက်တက်ဦးမယ် မှန်းပြီး ပြန်မရောင်းကြသေးတဲ့ သူများတော့ ဈေးကွက်က အ ရောင်းအ၀ယ်ကတော့ အများကြီးမတက်လာဘူး’’ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် ဒေါ်လာ ၁,၃၁၅ ခန့် တွင်ရှိနေရာမှ ဒေါ်လာ ၁,၃၃၉ ထိ မြင့်တက်လာခဲ့သောကြောင့် ပြည်တွင်းဈေးကွက်တွင်လည်း ဈေး နှုန်းများမြင့်တက်လာခဲ့သည်။
ပြည်တွင်းရွှေဈေးနှုန်းများ မှာလည်း တစ်အောင်စလျှင် ကျပ် ၆၇၀,၀၀၀ ၀န်းကျင်တွင် လအ တော်ကြာ လည်ပတ်နေရာမှ ဇူ လိုင် ၁၂ ရက်တွင် တစ်အောင်စလျှင် ကျပ် ၆၈၅,၀၀၀ ၀န်းကျင်ထိ ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
‘‘ပြည်တွင်း ဈေးကလည်း တက်မယ်ဆို ခုနစ်သိန်းနားထိ ဒီရက်ထဲမှာပဲ ရောက်သွားနိုင် တယ်’’ ဟု ဈေးကွက်ကျွမ်းကျင် သူ လုပ်ငန်းရှင်တစ်ဦးက ပြော ကြားသည်။
ကမ္ဘာ့ရွှေဈေးရုတ်တရက် မြင့်တက်လိုက်သည့်အတွက် ပြည်တွင်း ရွှေဈေးများမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၇၅,၀၀၀ ရှိနေရာမှ ကျပ် ၆၈၃,၀၀၀ ထိတစ်ရက်တည်း ကျပ် ၈,၀၀၀ နီးပါးမြင့်တက်လာခဲ့သည်။
လက်ရှိ မြင့်တက်နေသော ကမ္ဘာ့ရွှေဈေးသည် အမြင့်ဆုံး တစ်အောင်စလျှင် ဒေါ်လာ ၁,၃၅၆ ထိ ရောက်ရှိပြီးသွားပါက ဆက်လက်မြင့်တက်နိုင်မှု မရှိဘဲ ကျဆင်းနိုင်သည့်အတွက် ယခု တက်နေသော ပြည်တွင်းရွှေဈေး နှုန်းများမှာလည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ခုနစ် သိန်းဝန်းကျင်ထက် ဈေးပိုမြင့်  တက်နိုင်မည်မဟုတ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူ လုပ်ငန်းရှင် များကပြောသည်။

Friday, July 11, 2014

တစ်နှစ်ကျော်ကြာ အဝယ်ရပ်ထားသော ရေငန်ပုစွန်များ ဘင်္ဂလားဒေ့ရှ် ပြန်လည်ဝယ်ယူ


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ကာ တစ်နှစ်ကျော်ကြာ ဝယ်ယူမှုရပ်ဆိုင်းထားခဲ့သော ရေငန်ပုစွန်များကို ၂၆ ရက်မှ စတင်၍ တရားဝင်ကုန်စည်အဖြစ် ပြန်လည်ဝယ်ယူနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘မောင်တောနယ်စပ်နဲ့ စစ်တွေနယ်စပ်စခန်းက တင်ပို့နေရတဲ့ ရေငန်ပုစွန်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြီးခဲ့တဲ့နှစ်ဇူလိုင်မှာ ဝယ်ယူမှုရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ အခု ဝယ်ယူမှုရပ်ဆိုင်းထားတာ တစ်နှစ်ခန့်အကြာမှာ ပြန်ပြီးဝယ်ယူလာတာဖြစ်ပါတယ်။ ရေငန်ပုစွန်တွေ ပြန်ပြီးတင်ပို့လာရတဲ့အတွက် ကုန်သွယ်မှုဟာ ပြန်ပြီးကောင်းလာနိုင်ပါတယ်။ မောင်တောနယ်စပ်မှာ အဓိကပို့ကုန်က ရေငန်ပုစွန်ဖြစ်ပြီးတော့ တန်ဖိုးကြီးပို့ကုန်လည်းဖြစ်ပါတယ်’’ဟု ကုန်သွယ်သူ ဦးသိန်းမောင်က ပြောသည်။
ယခင်က မောင်တောနှင့် စစ်တွေနယ်စပ်မှ တင်ပို့နေရသည့် ရေငန်ပုစွန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ခဲ့၍ တင်ပို့ရာတွင် အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရပြီး ဈေးမှာလည်း ညှိနှိုင်းဈေးထက် တစ်ဖက်နိုင်ငံကုန်သည်များ ပေးသည့်ဈေးဖြင့်သာ တင်ပို့ခဲ့ရသည်။ ယခုအခါ ရေငန်ပုစွန်များကို တရားဝင်ကုန်စည်အဖြစ် ဘင်္ဂလားဒေ့ရှ်က လက်ခံသည့်အတွက် ဈေးကွက်သို့ တင်ပို့ရမှုများလာကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။
‘‘ဘင်္ဂလားဒေ့ရှ်က အဝယ်ရပ်ဆိုင်းထားတဲ့အချိန်က ရေငန်ပုစွန်တွေအားလုံး ရန်ကုန်ဈေးကွက်ကို တင်ပို့ခဲ့ပါတယ်။ ကွာခြားတာတစ်ခုက ဘင်္ဂလားဒေ့ရှ်ကိုပို့ရင် ငွေရတာမြန်ပြီးတော့ ရန်ကုန်ကိုပို့ရင် ငွေရတာနောက်ကျပါတယ်။ မောင်တောနယ်စပ်ထွက် ရေငန်ပုစွန်တွေကျတော့ ရန်ကုန်ဈေးကွက်ကိုပို့ရတာ ခရီးစရိတ်ပိုကုန်ပါတယ်’’ဟု ရေထွက်ပစ္စည်းတင်ပို့သူ ဦးထွန်းဝင်းကပြောသည်။
7Days

ဇုန်ကားအပ်ခွင့်ကြောင့် စလစ်ဈေးထက်ဝက်ခန့် ကျနိုင်


ဇုန်ထုတ်ဂျစ်ကားတစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
စက်မှုဇုန်ကားများယာဉ် အိုယာဉ်ဟောင်း အပ်နှံခွင့်ကို ဇူလိုင် ၁၄ ရက်မှစတင်ခွင့်ပြုလိုက် သဖြင့် ဈေးကွက်တွင်း၌ ကား စလစ်ဈေးထက်ဝက်ခန့်ကျဆင်း လာနိုင်သည်ဟု မော်တော်ယာဉ် ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။
‘‘စလစ်ဈေးကျတော့ ကား ဈေးလည်းကျလာမှာပဲ။ သုံးစွဲသူ အနေနဲ့တော့ ဈေးသက်သာတော့ ပိုကောင်းတာပေါ့။ စလစ်ရထား တဲ့လုပ်ငန်းရှင်တွေတော့ နစ်နာ တာပေါ့’’ ဟု မြန်မာနိုင်ငံ မော် တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့် ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်း အဖွဲ့ဝင် ဦးအောင်ဇော် ဦးက ပြောသည်။
ယာဉ်အိုယာဉ်ဟောင်း လဲ လှယ်သော စလစ်များမှာ လက်ရှိ အချိန်တွင် တစ်စောင်လျှင် ကျပ် သိန်း ၈၀ ဝန်းကျင်အထိ ကျဆင်း လာသည်။ ကားစလစ်ဈေးသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ ကြေညာချက်မထုတ် မီအထိ တစ်စောင်လျှင် ကျပ် ၁၀၅ သိန်းကျော် ဈေးရှိသည်။
‘‘စလစ်ဈေးကျ၊ ကားဈေး ကျတာကို ဂျပန်က လေလံဈေး မြှင့်လိုက်မှာပဲစိုးရတယ်။ ဒါဆို ပြည်သူတွေအတွက် ဘာမှအကျိုး မရှိမှာစိုးရတယ်’’ ဟု Farmer Auto ကားအရောင်းပြခန်းမှ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောသည်။
ပြည်တွင်း၌ ကားစလစ်ဈေး သည် ၂၀၁၃ အောက်တိုဘာမှ စတင်၍ ဈေးမြင့်တက်ခဲ့ပြီးတစ် စောင်လျှင် ကျပ်သိန်း ၁၂၀ ကျော် အထိ မြင့်တက်လာသည်။ ကား စလစ်တစ်စောင်၏ ဈေးနှုန်းသည် ပုံမှန်ဆိုလျှင် ကျပ် ၆၅ သိန်းဝန်း ကျင်သာရှိပြီး ဝယ်လိုအားကြောင့် ဈေးမြင့်လာခဲ့ကြောင်း ပြည်ပမှ ကားတင်သွင်းရောင်းချသူများက ပြောသည်။
လက်ရှိတွင် ပြည်ပမှ ကား တင်သွင်းမှုနှင့်  ပတ်သက်၍ (oss=one stop service) မှ သတ်မှတ်သော လိုင်စင်တန်ဖိုး များသည် လက်ရှိပေါက်ဈေးများ နှင့် ကွာဟမှုများလာသဖြင့် ခန့် မှန်းတန်ဖိုးများကို ပြန်လည်ပြင် ဆင်ပေးရန် ပြည်ပမှ ကားတင် သွင်းနေသူများက ဆန္ဒရှိနေသည် ဟု သိရသည်။
7Days

Tuesday, July 8, 2014

အာဆီယံသို့ ကုန်ပို့ရာတွင် အခွန်လွတ်ခွင့်ဖောင် အသုံးပြုသူ အနည်းငယ်သာရှိ


ငါးအသားလွှာ အအေးခန်းစက်ရုံတစ်ခု ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
ပြည်တွင်းပုဂ္ဂလိက လုပ် ငန်းရှင်များ အာဆီယံနိုင်ငံများ သို့ ကုန်ပစ္စည်းများ တင်ပို့ရာ တွင် အကောက်ခွန်ကင်းလွတ်ခွင့် ရရှိနိုင်ရန် Form D အသုံးပြုသူ ဦးရေမှာ အနည်းငယ်သာ ရှိသေး သည့်အတွက် အခွင့်အလမ်းများ ဆုံးရှုံးနေကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာနမှ သတင်းရရှိသည်။

‘‘ပုဂ္ဂလိက လုပ်ငန်းရှင်တွေ က အလုပ်တစ်ခုကို လုပ်တော့ မယ်ဆိုရင် ဘာတွေပြဋ္ဌာန်းထား မှန်း သူတို့ကမသိဘူး။ မေးဖို့ လည်း  ၀န်လေးနေကြတယ်။ Form D က အရေးကြီးတယ်။ အဲ ဒါကို မသုံးဘူးဆိုရင် အခွန်ကင်း လွတ်ခွင့်ရမှာမဟုတ်ဘူး။  ကျွန် တော်တို့ရဲ့ စာရင်းတွေအရ အဲဒါ ကို မသုံးဘူးဆိုတာကို တွေ့ရ တယ်’’ ဟု စီးပွား/ကူးသန်းဝန် ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဖြူက ဆိုသည်။
အာဆီယံနိုင်ငံများအတွင်း ကုန်သွယ်မှုပြုလုပ်ရာတွင် အခွန် ကင်းလွတ်ခွင့်အတွက် Form D အသုံးပြုခြင်း ကောင်းစွာ အသုံးမ ချနိုင်သေးသည့် ပြဿနာများကို မြန်မာနိုင်ငံတွင်သာမကဘဲ အာဆီယံနိုင်ငံအချို့တွင်လည်း ကြုံတွေ့ နေရပြီး လုပ်ငန်းရှင်များအနေဖြင့် Form D ကို ကောင်းစွာ အသုံးပြု နိုင်ရန် လိုအပ်သည့်အတွက် ၀န် ကြီးဌာနမှ  ပညာပေးခြင်း လုပ်ငန်းများကိုလည်း  ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။
‘‘ဒီဟာက များများသုံးမှဖြစ် မယ်။ ဘာကြောင့် မသုံးလဲဆိုတာတော့မသိဘူး။ ဌာနကပဲ ပညာပေးတာ နည်းလို့လား။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကပဲ စိတ်ဝင်စားမှုနည်းလို့လားဆိုတာ စဉ်းစားစရာဖြစ်တယ်။ တော်တော်လေးနည်းနေသေးတဲ့အတွက် ကျွန်တော်တို့လည်း အဖြေရှာနေတယ်’’ဟု ဦးခင်မောင်ဖြူက ပြောသည်။
မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းများကို စီးပွားကူးသန်းဝန်ကြီးဌာနများ၏ ထောက်ခံချက်ဖြစ်သောForm D ဖြင့် အာဆီယံနိုင်ငံများသို့တင်ပို့ပါက ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုတို့တွင် အကောက်ခွန်သုည ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းသာ  ပေးဆောင်ရမည်ဖြစ်ပြီး အခြားအာဆီယံနိုင်ငံ ခြောက်နိုင်ငံသို့ တင်ပို့မည်ဆိုပါကအကောက်ခွန်ပေးဆောင်စရာမလိုကြောင်း သတင်းရရှိသည်။
7Days
No.433 Tuesday, July 8, 2014

တရုတ်ရင်းနှီးမြှုပ်နှံမှုများ ဥပဒေနှင့်ညီ၊ မညီ ဆွေးနွေးမည်


  မြန်မာနိုင်ငံအတွင်းတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများလုပ် နေသည့် တရုတ်နိုင်ငံမှစီမံကိန်း များမှာ နိုင်ငံတကာဥပဒေနှင့်ကိုက်
ညီမှုရှိ၊ မရှိ နှစ်နိုင်ငံရှေ့နေများအမြင်ချင်းဖလှယ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

 မြန်မာနိုင်ငံရှေ့နေများ ကွန် ရက်နှင့်  မြေကမ္ဘာစောင့်ရှောက် ရေးအဖွဲ့များမှ စုစုပေါင်းရှေ့နေ ခြောက်ဦးနှင့် တရုတ်နိုင်ငံမှရှေ့ နေများဖြင့်ဖွဲ့စည်းထားသည့် စွန့် ပစ်ပစ္စည်းဘေးသင့်သူများ ကာ ကွယ်စောင့်ရှောက်ရေးဥပဒေအဖွဲ့ (Center for Legal Aids for Pollution Victim-CLAPV)တို့ ယခုလ ၉ ရက် မှ ၁၈ ရက်အထိ တရုတ်နိုင်ငံ၊ ဘေဂျင်းတွင်တွေ့ဆုံပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ကာ မြန်မာပြည်တွင်းပြုလုပ်နေသည့် တရုတ်နိုင်ငံမှ စီမံကိန်းများမှာ နိုင်ငံတကာဥပဒေများနှင့်  ကိုက်ညီမှုရှိမရှိ အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်(မန္တလေးတိုင်းဒေသကြီး)မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကပြောသည်။
 မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်  နှံထားသော တရုတ်နိုင်ငံမှ စီမံ ကိန်းများနှင့်ပတ်သက်ပြီး ချို့ယွင်းချက်ရှာကာ နိုင်ငံတကာဥပဒေနှင့် ကိုက်ညီမှုရှိ၊ မရှိလေ့လာနိုင်ရန် CLAPV အဖွဲ့က ၎င်းတို့အားဖိတ် ကြားခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲ များပြုလုပ်စဉ်အတွင်း တရုတ်နိုင်ငံရှိ စီမံကိန်းများနှင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံမှစီမံကိန်းများ နှိုင်းယှဉ်ပြီး  အစီရင်ခံစာတစ်စောင်ကိုလည်း ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ သတင်းရရှိသည်။
No.433 Tuesday, July 8, 2014

အီးယူက မြန်မာ့ရေထွက်ကုန်ဝယ်လိုသော်လည်း လုပ်ငန်းရှင်များအရင်းအနှီးမရှိ၍ မပို့နိုင်

အအေးခန်းစက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများက အခွန်အထူးသက်သာ ခွင့်(GSP)ကြောင့် မြန်မာ့ရေထွက် ကုန်ကို ၀ယ်ယူလိုသော်လည်း ပြည်တွင်း လုပ်ငန်းရှင်များတွင် ငွေကြေးအရင်းအနှီးလိုအပ်ချက် ကြောင့် ထုတ်လုပ်နိုင်ခြင်း မရှိ ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ သတင်းရရှိသည်။
‘‘ကြိုးတုပ်ခံထားရတာကြာ တော့ ရုတ်တရက်ထရပ်တော့ လမ်းဘယ်လျှောက်နိုင်ဦးမှာလဲ။ ဒါကိုပြုစုပျိုးထောင်ပေးဖို့အချိန် ယူရမယ်’’ ဟု အဆိုပါအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးနှင်းဦးက ပြောကြား သည်။
လက်ရှိ မြန်မာ့ရေထွက်ကုန် ဈေးကွက်သည် တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့နေသည်။ ဥရောပသမဂ္ဂနိုင်ငံများကို ဈေး ကွက်ချဲ့ထွင်မည်ဆိုပါက ကန်အ ရည်အသွေး၊ ငါးအရည်အသွေးကိုလက်ရှိ အခြေအနေအတိုင်းထားမရဘဲ ဈေးကွက်လိုအပ်ချက်အတိုင်း ပြုပြင်ပြောင်းလဲရမည်ဖြစ်သောကြောင့် ငွေကြေးအရင်းအနှီးလိုအပ်သည်။
လက်ရှိ မွေးမြူရေး ရေလုပ်ငန်းနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက မွေးမြူရေးလုပ်ငန်းရှင်များအား ကျပ်ငွေသိန်း ၁၅၀၀၀ ချပေးရန်စီစဉ်ထားသည်။ အဆိုပါချေးငွေမှာ လုပ်ငန်းရှင်ပမာဏနှင့်နှိုင်းယှဉ်ပါက များစွာနည်းနေကြောင်း လုပ်ငန်းရှင်များကပြောကြားသည်။
‘‘ဈေးကွက်ကရှိပြီး ရောင်းစရာမရှိတာကို ပြင်ပေးနိုင်မှ ရေလုပ်ငန်းကဖွံ့ဖြိုးလာမှာပါ’’ဟုငါး  လုပ်ငန်းအဖွဲ့ချုပ်ဒုဥက္ကဋ္ဌဦးထွန်း အောင်ကပြောကြားသည်။
မြန်မာ့ရေထွက်ကုန်ပြည်ပ တင်ပို့မှုမှာ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာသန်းခြောက်ရာဖိုးနီးပါးသာ ရှိပြီး ထိုင်းနိုင်ငံရေထွက်ကုန်ပြည်ပတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံနီးပါးရှိနေသည်။ ယင်းပမာဏကိုမီနိုင်ရန် မြန်မာနိုင်ငံအနေဖြင့်လည်း ကြိုးစားပြီး လုပ်ဆောင်သင့်သည်များကိုလုပ်ပေးမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။
 7Days
No.432 Monday, July 7, 2014

ကျောက်စိမ်းကျောက်မျက်ပြပွဲတွင် ကြမ်းခင်းဈေးထက် အဆများစွာပိုပေးဝယ်ကြ


နေပြည်တော်ကျောက်မျက်ပွဲတွင် ကုန်သည်တစ်ဦး ကျောက်ကြည့်နေစဉ် (ဓာတ်ပုံ − မိုးညို)
 
(၅၁)ကြိမ်မြောက် မြန် မာ့ကျောက်မျက်ရတနာပြပွဲတွင် ပြည်ပကုန်သည်များ ပုံမှန်ကြမ်း ခင်းဈေးထက် အဆပေါင်းများစွာ ဈေးတိုးပေးဝယ်ယူခဲ့ကြောင်းပြပွဲ ကျင်းပရေးကော်မတီမှအဆင့် မြင့်အရာရှိတစ်ဦးကပြောသည်။
ပုံမှန်ကြမ်းခင်းဈေးယူရိုငွေ ရှစ်သန်းကျော်ရှိသည့် ကျောက်စိမ်း အတွဲကို ယူရိုငွေသန်းနှစ်ဆယ် ကျော်အထိဈေးတိုးပေးဝယ်ယူမှု များရှိနေပြီး ပြည်ပကုန်သည်များ မှာ ကျောက်မျက်ထက်ကျောက်စိမ်းကို ပိုမိုတိုးပေးဝယ်ယူနေကြောင်းအထက်ပါအရာရှိကဆိုသည်။
ယခုပြပွဲတွင် တရုတ်ကုန် သည်အများစုကကျောက်စိမ်းကို အဓိက ဈေးတိုးပေးဝယ်နေပြီး ကျောက်မျက်ကိုမူ မြန်မာကုန် သည်များက အများဆုံးဝယ်ယူ လျက်ရှိကြောင်းဦးလောရင်စရိုင်း က ပြောသည်။ ယခုပြပွဲတွင် ကျောက်စိမ်းကျောက်မျက်အတွဲ များ လျှော့ချပြသလိုက်ခြင်းက လည်း ၀ယ်လိုအားလွန်စွာများ ပြားနေပြီး ရောင်းလိုအားနည်းပါး သွားခြင်းဖြစ်သည်။
သို့သော် ပုံမှန်ထက်ဈေးပို ပေးဝယ်ယူနေသည့် တရုတ်၊ထိုင်း၊ စင်ကာပူကုန်သည်များအ နေဖြင့် ဈေးပြိုင်တင်ဒါများဖြင့်ရ ရှိသွားသည့် ကျောက်စိမ်းအတွဲ များကို လေးလအတွင်း လာ ရောက်ထုတ်ယူနိုင်ခြင်းရှိ၊ မရှိစောင့်ကြည့်ရမည်ဖြစ်ကြောင်းပြ ပွဲသို့ လာရောက်လေ့လာသည့် ကုန်သည်များကပြောသည်။
ပြီးခဲ့သည့် ပြပွဲများကပုံမှန်  ကြမ်းခင်းဈေးထက်ဈေးတိုးပေး ၀ယ်ယူ ရရှိသွားသည့်နိုင်ငံတကာ ကုန်သည်များတွင် လာရောက် ထုတ်ယူခြင်းမရှိသည့်ကုန်သည် များရှိသဖြင့် မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်းက အမည်မည်း စာရင်းသွင်းပြီး ပြပွဲဝင်ခွင့်ကိုပိတ် ထားခဲ့ပြီဖြစ်သည်။
ယခုပြပွဲသည် ဇွန်လ ၂၄ရက် မှ ဇူလိုင် ၆ရက်အထိ ၁၃ရက်တိုင် တိုင်ကျင်းပပြုလုပ်သည့် ပြပွဲဖြစ် ပြီး ကျောက်စိမ်း အတွဲပေါင်း ၇၁၆၀ ကျော် ကျောက်မျက်အတွဲ ပေါင်း ၂၇၁ တွဲ ပုလဲအတွဲ ၃၁တွဲ ကို ကုမ္ပဏီပေါင်း ၆၆ခုက ပြသ ရောင်းချခဲ့သည်။
7 Days No.433 Tuesday, July 8, 2014

Monday, June 16, 2014

ရပ်တော်မူပါဦး ကုန်ဈေးနှုန်း


 ဧပြီလမှစ၍ ကုန်ဈေးနှုန်းများ သိသိသာသာတက်လာသောကြောင့် ယခင်လို ဈေးဝယ်ရတာ အဆင်မပြေတော့။ လက်ထဲတွင်ပါသော တစ်နေ့ စရိတ်နှင့် ဝယ်ခြမ်းရမည့် ဟင်းစားကို တော်တော် စဉ်းစားရသည်။ ယခင်နှစ်များကမူ သင်္ကြန် ကျော်ပါက ဈေးပြန်ကျလေ့ရှိသော်လည်း ယခုနှစ်တွင် ဘယ်သို့ဖြစ်သည်မသိ။ ဈေးက လုံးဝပြန်မ ကျေ တာ့သောကြောင့် တစ်ခါဈေးဝယ်လျှင် လက်ထဲမှာပါသည့် ငွေနှင့် ဟင်းစား လောက်ငအောင် တွက်ရသည့်အချိန်က ပိုလာသည်ဟု ရန်ကင်းမှ အိမ်ရှင် မတစ်ဦးဖြစ်သည့် မသီတာက ပြောသည်။
 ”ဈေးသွားရင် ငွေပိုယူသွားရတယ်၊ အရင်ကလိုတစ်နေ့ ငါးထောင်နဲ့လောက်တယ်ဆိုပြီး ယူသွားလို့ကတော့ အဲဒီငွေက အသားငါးဝယ်တာနဲ့တင်ကုန်ပြီ။ ဒါတောင် ဆန်၊ ဆီ၊ ဆားတွေ မပါသေးဘူး ” ဟု ၎င်းကစိတ်ပျက်စွာ ပြောသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင်တစ်နေ့ လုပ်အားခဘတ် ၃ဝဝ သတ်မှတ်ပေးထားသော်လည်း မြန်မာနိုင်ငံတွင်မူ တစ်နေ့ လုပ်အားခ မသတ်မှတ်ရသေးပါ။ လုပ်ငန်း များအလိုက် ဝင်ငွေရရှိမူ မတူညီကြသော်လည်း ကုန်ဈေးနှုန်းမြင့်မားခြင်း ဒဏ်ကိုတော့ အယုတ်အလတ်အမြတ်မရွေး တူညီစွာခံစားကြရသည်။
ဆန်ဈေးမြင့်တက်
မြန်မာလူမျိုးတို့အတွက် မရှိမဖြစ်စားကုန်ဖြစ်သော ဆန်ဈေးနှုန်းများ မေလဆန်းမှစ၍ မြင့်တက်လာပြီး ဆန်ချောတစ်အိတ်လျှင် ကျပ်၂ဝဝဝ မှ ၃ဝဝဝ အထိ မြင့်တက်သွား သည်။အလား တူ ဆန်ကြမ်းဈေးလည်း မြင့်တက်လျက် ရှိပြီး တစ်အိတ်လျှင် ကျပ် ၇ဝဝ မှ ၈ဝဝ အထိ ဈေးတက်နေကြောင်း ဝါးတန်းရှိ ဆန်ကုန်သည်တစ်ဦးက ပြောသည်။ ယမန်နှစ်များကလည်း ဆန်ဈေးတက်လေ့ ရှိသည်။ သို့သော် ဆန်ချောတစ်အိတ်လျှင် ကျပ် ၁ဝဝဝ ဝန်းကျင်သာ တက်လေ့ရှိပြီး ယခုနှစ်တွင်မူ ဈေးပိုတက်လာသည်ဟု ၎င်း က ပြောသည်။ ထိုသို့ဈေးတက်ရခြင်းမှာ ကြိတ်ခွဲခ နှင့် သယ်ယူစရိတ်များကြောင့်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
ရန်ကုန်ဆန်ဈေးကွက်အတွင်းသို့ ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မော်ကျွန်း၊ ရွှေဘိုတို့မှ ဆန် များဝင်ရောက်လျက်ရှိပြီး လက်ရှိဈေး ထက် ထပ်မံမြင့်တက် ဖွယ်ရာရှိသည်ဟု အထက်ပါကုန်သည်ကဆိုသည်။ ”ထမင်းကောင်းတဲ့ဟာ (ဆန်ချော)ကနည်းနည်းရှားတယ်၊ ဒီနှစ်က ထပ်တက်ဖို့များတယ်” ဟု ၎င်းကဆိုသည်။ ဆန်ကြမ်းဈေး တက်မတက်မှာမူ တင်ပို့မှုအပေါ် မူတည်ကြောင်း၊ တင်ပို့ မှုများပါက ဆန်ကြမ်းဈေးလည်းတက် ဖွယ်ရာရှိကြောင်း ၎င်းကဆိုသည် ။
” Export ဝင်လာပြီဆိုရင် ငါးမတ်ဆန် (ဆန်ကွဲရော)က တန်းတက်သွားရော၊ ဒါပေမဲ့ သူက ဆန်ချောလောက်တော့ အတက်အကျ မကြမ်းပါဘူး”ဟု ၎င်းကပြောသည်။ ဆန်ဈေးမြင့်တက်ခြင်းကြောင့် ပုံမှန် ဆန်ချောစားသူများပင် ဆန်ကြမ်းနှင့် ရောနှောစားလာသည်ကို တွေ့ရကြောင်း ၎င်းကပြောသည်။ကမာရွတ်မြို့နယ်မှ အိမ်ရှင်မတစ် ဦးဖြစ်သည့် ဒေါ်မေမျိုးခိုင်က ယခင်က ၁၉ဝဝ တန် ဆန်တစ်ပြည်လျှင် ကျပ် ၂၂ဝဝ အထိ ဈေးတက်သွားကြောင်း၊ ဟင်းသီးဟင်းရွက်၊ သားငါး အပါအဝင် ဆိုပါက တစ်နေ့ လျှင် ကျပ်တစ်သောင်း အထက်ပါမှသာ အဆင်ပြေတော့ကြောင်း ပြောသည်။
”ကလေးမုန့်ဖိုးကို မနှစ်က ငါးရာ၊ တစ်ထောင်ပေးလို့ ရတယ်။ အခုက ၁၅ဝဝ၊ ၂ဝဝဝ လောက်မှ။ အိမ်က သားဆိုရင် သူ့ကို တစ်နေ့တစ်ထောင် ပေးရင် ဘာပြောလဲ ဆိုတော့ မေမေတဲ့၊ အာလူးကြော်တစ်ထုပ်တောင် ၂ဝဝ ရှိ တယ်။ အအေးတစ်ဘူးက ၇ဝဝ ရှိတယ်၊ အဲ တစ်ထောင်နဲ့ဆိုရင် မုန့်နှစ်မျိုးတောင် ကောင်းကောင်းစားရမှာ မဟုတ်ဘူးတဲ့”ဟု ဒေါ်မေမျိုးခိုင်က အိမ်သုံးစရိတ်များ မြင့်တက်လာခြင်းကို ပြောပြသည်။
ဆီဈေးငြိမ်
ဆန်ဈေး မြင့်တက်နေသော်လည်း ဆီဈေးမတက်ကြောင်း မြောက်ဒဂုံရှိ ကလေးနှစ်ဦးမိခင် ဒေါ်စိုးစိုးက ပြောသည်။ ဧပြီလအတွင်းက ထိုင်းမှဝင်သော ဆီပုံးများ ဈေးမြင့် ခဲ့သော်လည်း လက်ရှိ အချိန်တွင်မူ ပုံမှန်ပြန်ဖြစ်ပြီဟု ညောင်ပင် လေးဈေးမှ ဆီရောင်းသူတစ်ဦးကပြော သည်။ မကွေး၊ မြင်းခြံတို့မှ ဆီများကို အများဆုံးရောင်းချသော အဆိုပါ ဆီ ဈေးကွက်တွင် ပဲဆီ၊ နှမ်းဆီဈေးများ အတက်အကျမရှိကြောင်း ၎င်းကပြောသည်။ လက်ရှိတွင် လက်လီဈေးကွက်အတွင်း ပဲဆီ တစ်ပိဿာလျှင်ကျပ် ၄ဝဝဝ နှင့် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၂ဝဝဝ ဈေးဖြင့် ရောင်းချနေကြောင်း သိရသည်။ ဆီဈေးနှုန်းသည် အလှူ အတန်းများသော ပွဲတော်ရက်များတွင် တက်လေ့ ရှိကြောင်း၊ ပြည် တွင်းထုတ် ပဲဆီများသာမက မလေးရှားမှပို့သော စားအုန်းဆီ၊ ထိုင်းမှဝင်သောပုစွန်နှစ်ကောင် ဆီတို့ကိုအသုံးများကြောင်း သိရသည်။
ကြက်သားဈေးမြင့်
ကြက်သား တစ်ပိဿာလျှင်ကျပ် တစ်ထောင်ကျော် ဈေးမြင့်လာကြောင်း အသားလက်လီ ရောင်းချသူများထံ မှသိရသည်။ ထိုသို့ဈေးမြင့်ရခြင်းမှာ ရာသီဥတုပူ၍ ကြက်ေ သနှုန်းများလာခြင်းကြောင့်ဖြစ်ကြောင်း အသားတိုး ကြက် ထုတ်လုပ်မွေးမြူရောင်းချသူများ အသင်းမှ ဦးခင်မောင်လွင်က ပြောသည်။ ထို့အပြင် အခြားသားငါးများ အဝင် နည်းနေသောကြောင့် ကြက်သားဈေး မြင့်နေခြင်းဖြစ်ပြီး လက်ရှိတွင် ခြံဖမ်းဈေး တစ်ပိဿာလျှင် ကျပ် ၃၉ဝဝ ဈေးရှိပြီး လက်လီရောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၄၂ဝဝ ဈေးရှိ သည်။ သို့သော် ရပ်ကွက်ဈေးများတွင်မူ ကြက်သား တစ်ပိဿာလျှင် ကျပ်ခြောက်ထောင်ဈေး ရှိနေသည်ဟု  အိမ်ရှင်မဒေါ်စိုးစိုးကပြောသည်။
”ဒိုင်မှာဈေးတက်လို့ ဒီမှာတက်တာ လို့ပြောတယ်”ဟု ၎င်းကပြောသောကြောင့် ၃၈ လမ်းဈေးရှိ ကြက်သားသည်တစ်ဦး ကိုမေးမြန်းကြည့်ရာ လက်လီဈေး တက်ေ သာကြောင့် ဈေးတက်ရောင်းရခြင်း ဖြစ်သည်ဟု ဆိုသည်။ လက်ရှိ ကြက်သားဈေးသည် အိမ် နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံနှင့် နှိုင်း ယှဉ် ပါက မြင့်ေ နပြီး  မွေးမြူသူများ အတွက်မူ တွက်ခြေကိုက်ကြောင်း၊  ဈေးထိုးကျသွားပါက စားသုံးသူများ အတွက် တွက်ခြေကိုက်သော်လည်း ရောင်းချသူများအရှုံးပေါ်ကြောင်း၊ ကြက်သားပို ထုတ်လုပ်နို င် ပါက မွေးမြူသူ နှင့် စားသုံးသူ နှစ်ဦးနှစ်ဖက် တွက်ခြေ ကိုက်သော အခြေအနေရရှိနိုင်ကြောင်း ၎င်းကပြောသည်။
”ထိုင်းမှာကတစ်ခြံကို အနည်းဆုံး အကောင်ရေတစ်သိန်းလောက် မွေးတာ၊ ဒီမှာက ရာဂဏန်းပဲ မွေးနိုင်ကြတယ်။ အဲဒီလိုသာ ထုတ်လုပ်နိုင်မယ်ဆို နှစ်ဖက် စလုံး တွက်ခြေကိုက်မှာ”ဟု ၎င်းက ပြောသည်။ မင်္ဂလာတောင်ညွန့် ကြက်ဘဲဒိုင်မှ ကိုဇော်ဝင်းကမူ  အပူရှိန်လျော့သွားပြီ ဖြစ်၍ ကြက်သားဈေး ကျဖို့သာရှိသည်ဟု သုံးသပ် သည်။ ”လက်ကားဈေးမှာ တစ်ပိဿာ    ခြောက်ထောင်၊ ခုနစ်ထောင်ဖြစ်နေ တော့ စားသုံးသူတွေအတွက် တော်တော်ကြီးတဲ့ နှုန်းထားဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။
ဧပြီလမှစ၍ ကြက်သားဈေးများ သိသာစွာ မြင့်တက်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် လက်ကားဈေးကျ ဆင်းခြင်းမရှိသေးကြောင်း သိရသည်။  အင်းစိန်မြို့နယ်မှ အသ က်ခြောက် ဆယ်ဝန်းကျင်ရှိ အိမ်ရှင်မတစ်ဦးက ”ကြက်သားတစ်ဆယ်သားကို ခုနစ်ရာ ဈေးရှိတယ်၊ အစိတ်သားလောက်ဝယ်မှ အိမ်ကမိသားစုနဲ့ လောက်ငအောင်စား ရ တယ်” ဟု တွက်ချက်ပြသည်။
ဝက်သား၊ အမဲသားဈေးတက်  
ကြက်သားကဲ့သို့ပင် ဝက်သားဈေးလည်းမြင့်တက်နေပြီး လက်ကားဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ်နှစ်ထောင်အထိ ဈေးမြင့်လာသည်။ အလားတူ အမဲသားလည်း ဈေး တက်နေပြီး တစ်ပိဿာလျှင် ကျပ် ၂ဝဝဝ အထိဈေးမြင့်လာကြောင်းသိရ သည်။ ဝက်သား တစ်ပိဿာလျှင် ကျပ် ၇ဝဝဝ ဈေးရှိနေပြီး အမဲသားတစ်ပိဿာလျှင် ကျပ် ၉ဝဝဝ ဈေး ရှိနေကြောင်း သိရ သည်။ ထိုသို့ဖြစ်ရခြင်းမှာ အိမ်နီးချင်း တရုတ်နိုင်ငံသို့ ကျွဲ၊ နွား၊ ဆိတ် အရှင်များ တရားမဝင်လမ်းကြောင်းမှတင်ပို့နေခြင်း ကြောင့်ဖြစ်ကြောင်းသိရသည်။ ကျွဲ၊ နွား တင်ပို့ရောင်းချသူတစ်ဦးက ”အဲဒီလို တရားမဝင်သွားနေတာတွေကို ထိန်းချုပ်ပြီး တရားဝင်သတ်မှတ်ပေးမယ်ဆိုရင် ပြည်တွင်းဈေးနှုန်း တည်ငြိမ်မယ်၊ အစိုးရက အဲဒါကိုကူညီပေးဖို့လိုတယ်”ဟု မှတ်ချက်ပြုသည်။
အင်းစိန်မြို့နယ်မှ အသက်လေးဆယ် ဝန်းကျင်ရှိ အိမ်ရှင်မတစ်ဦးက အမဲသား များ ဈေးတက်လာသောကြောင့် ယခင် ထက်လျှော့ဝယ်နေ ရကြောင်း ပြော သည်။”တစ် ခါ စားရင် ဟင်းသေးနှစ်တုံး ထည့်ပေးတာတောင် အိမ်က ကလေးက မဝလို့ သူ့ကိုထည့်ပေးတာ နည်းတယ် ဆိုပြီး ဂျီကျတယ်၊ အမဲသားတစ်ဆယ် သား ကိုး ရာဈေးဖြစ်ေ နတော့ အရင်လို အများကြီး မဝယ်နိုင်တော့ဘူး”ဟု ၎င်းက စိတ်ပျက်စွာ ပြောသည်။
ငါးဈေးမြင့်
လက်ကားဈေးတွင် ငါးဈေးမြင့် တက်လျက်ရှိပြီး  ငါးကြင်း၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ယခင်ထက် ကျပ်တစ် ထောင်ကျော် မြင့်တက်လာသည်ဟု သိ ရသည်။ ငါးဒိုင်ဖြစ်သည့် ကြည့်မြင်တိုင် ဗဟိုစံပြ ငါးဈေးတွင် ဈေးမတက်သော် လည်း လက်ကားဈေးကွက်တွင် ဈေး တက်လျက်ရှိကြောင်း အဆိုပါဈေးရုံးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။ ထိုသို့ ဈေးတက်ရခြင်းသည် သယ်ယူစရိတ်နှင့် ရေခဲဈေး မြင့်တက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း အင်းစိန်ရှိငါးရောင်းသူတစ်ဦး ကပြောသည် ။ငါးမြစ်ချင်းတစ်ပိဿာလျှင် ဒိုင်မှ ကျပ် ၂၇ဝဝ ဈေးဝယ်ရသော်လည်း ပြန်ရောင်းသည့်အခါ ကျပ် ၃၅ဝဝ၊ ၄ဝဝဝ ဈေးရောင်းချကြောင်း၊ မီတာခများတက် ၍ရေခဲတစ်တုံးလျှင် ကျပ်ငါးရာဈေးတက်သောကြောင့် လက်ကားဈေးကွက်တွင် ငါးဈေးများမြင့်လာခြင်း ဖြစ်ကြောင်း ၎င်းကပြောသည် ။
ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးမှ ဈေးသည်တစ်ဦးကမူ ”လက်ကားဈေး မှာက တစ်ခါလောက် ဈေးတက်သွားတာ နဲ့ တော်တန်ရုံဈေးပြန်မကျတော့ဘူး၊ သူ တို့ကိုမေးရင် လက်လီဈေးမှာကိုက ဈေး တက်နေတာလို့ပြောကြတယ်”ဟု ပြောသည်။ မိုးရာသီရောက်ပြီဖြစ်၍ ငါးဈေး များ အကျဘက်သာ ရှိလာနိုင်ကြောင်း၊ ကုန်အဝင်ပေါ်မူ တည် ၍  ဈေးအတက်အ ကျရှိကြောင်း၊ လက်ရှိတွင် ဗဟိုစံပြငါး ဈေးသို့ တစ်ရက်လျှင် ငါးပိဿာချိန် ပေါင်း နှစ်သိန်းဝန်းကျင် ဝင်ရောက်ပြီး နယ်များသို့ တစ်ရက်လျှင် ပိဿာချိန် နှစ်သောင်း ဝန်းကျင် တင်ပို့နေရကြောင်း သိရသည်။ ငါးကဲ့သို့ပင် ရေထွက်ကုန် ဖြစ်သော ပုစွန်လည်း ဈေးမြင့်လျက် ရှိပြီး တစ်ပိဿာလျှင် ကျပ်နှစ်ထောင်မှ သုံး ထောင် အထိ ဈေး တက်ေ နကြောင်း သိရသည်။ ”ဘာငါးပဲဖြစ်ဖြစ် ဈေးတက်နေတာ၊ ချဉ်ဟင်းချက်သောက်တဲ့ ငါးခေါင်းတောင် တစ်ထောင်ဖိုးဝယ်မှရောင်း တဲ့ေ ခတ် ဖြစ် နေပြီ” ဟု မြောက် ဂုံ မှ အသက်ငါးဆယ်ကျော် အိမ်ရှင်မတစ်ဦးက ပြောသည်။
ဟင်းသီးဟင်းရွက်ဈေးတက်
မေလအတွင်း မိုးရွာသွန်းမှုကြောင့် ကုန်စိမ်းဈေးများမြင့်တက်လျက်ရှိပြီး ကုန် အဝင်လည်း နည်းနေသည်ဟု တညင်း ကုန်းဈေးမှသိရသည်။ ဘူးသီးတစ်လုံး လျှင် ကျပ် ၃ဝဝ မှ ကျပ်၂ဝဝဝ ထိလည်း ကောင်း၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ် ၃ဝဝ၊ ၄ဝဝ မှ ကျပ် ၁ဝဝဝ၊ ၁၂ဝဝ ထိလည်း ကောင်း ဈေးမြင့်တက်လျက်ရှိပြီး ကုန် အဝင်ပေါ်မူ တည်ပြီး ဈေးကစားကြ ကြောင်း အဆိုပါဈေးမှ ကုန်စိမ်းရောင်း ချသူ တစ်ဦးကပြောသည်။ ထို့အပြင် ယခင်က ဟိုင်းလတ်ကားများဖြင့် ကုန် တင်ပို့ကြပြီး ဧပြီလမှစ၍ ဟိုင်း လတ်များ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အ တွင်း ဝင်ရောက်ခွင့်မရှိတော့၍ ဒိုင်နာ များဖြင့် ကုန်တင်ပို့ကြကြောင်း၊ တစ်နေ့ လျှင်  ဟိုင်းလတ်အစီး နှစ်ဆယ်ခန့်ဝင်ရာမှ ဒိုင်နာ ၁၂ စီးခန့်သာ ဝင်တော့သော ကြောင့် ကုန်အဝင်နည်းပြီး ဈေးတက်လာ ခြင်းဖြစ်ကြောင်း တညင်းကုန်းဈေးဌာနခွဲ (၂)မှ ဦးသိန်းလွင်ကပြောသည်။ ထို့အပြင် ၎င်းက ”ဟိုင်းလတ်ကားနဲ့တုန်းက ကျပ် ၅ဝဝတန် ပစ္စည်းတစ်ထုပ်ကို ခုလိုက် ထရပ်ကားက ၁ဝဝဝ၊ ၁၅ဝဝ ကျပ် ယူတယ်။ လူကိုလည်းအဲဒီလိုပဲ။ တစ်ဆလောက်ကို တက် သွား တယ်”ဟုသုံးသပ်ပြောသည်။
ဟင်းသီး ဟင်းရွက်ဒိုင်များတွင် ဈေးတက်သည်ဟုဆိုကာ လက်ကားဈေး ရောင်းသူများကလည်း ဈေးတင်ရောင်း ကြသောကြောင့် ဟင်းသီးဟင်းရွက်ဈေး များ သိသာစွာ မြင့် တက်လာခြင်းဖြစ် ကြောင်း တညင်းကုန်းဈေးရှိ ကုန်စိမ်းသည် တစ်ဦးကပြောသည်။ ရန်ကင်းမြို့နယ်မှ အိမ်ရှင်မ မသီ တာကမူ ”ကန်စွန်းရွက်တစ်စည်း နှစ်ရာ ဖြစ်နေပြီ၊ အသားဟင်းတစ်မျိုး အရွက် ကြော်တစ်မျိုးတည်း ချက်စားဖို့တောင် မလွယ်တော့ပါဘူး”ဟု ညည်းတွား ပြောဆိုသည်။
ဈေးတွေ ဘာကြောင့်တက်
အစိုးရက လိုငွေပြ၍ ငွေစက္ကူရိုက်ထုတ်ခြင်းကြောင့်လည်းကောင်း၊ စီးပွား ရေးဖွံ့ဖြိုးလာ၍လည်းကောင်း ကုန်ဈေး နှုန်းတက်လေ့ရှိပြီး မြန်မာနိုင်ငံတွင် လက် ရှိဖြစ်ပေါ်နေသောအခြေအနေမှာ စီးပွားရေးဖွံ့ဖြိုးမှုကြောင့်ဖြစ်ကြောင်း သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက သုံးသပ်သည်။Tradingeconmics.com တွင် ဖော်ပြ ထားသော မြန်မာနိုင်ငံဗဟိုစာရင်းအင်းအဖွဲ့မှ ယခုနှစ်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်းသည် ၂ဝ၁ဝ မှ ၂ဝ၁၄ အတွင်း ပုံမှန်အားဖြင့် ၅ ဒသမ ဝ၂ သာရှိေ သ်ာလည်း ၂ဝ၁၄ ဖေဖော်ဝါရီတွင်မူ ငွေဖောင်းပွမှုနှုန်း ၆ ဒသမ ဝ၃ ဖြစ်နေကြောင်း သိရသည်။
”စီးပွားရေးတက်လာလို့ ကုန်ဈေးနှုန်းတက်လာတယ်။ ဒါပေမဲ့ စီးပွားရေးတက်တာက လူတစ်စုထဲ အကျိုးခံစားခွင့် ရှိနေတယ်။ ပြည်သူတွေရဲ့ဝင်ငွေက တက်မလာဘူး” ဟု ဒေါက်တာဇော်ဦးက ပြောသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန် ပုံငွေအဖွဲ့ (IMF) အကြီးအကဲ Mr.Matt Davies က ယခုနှစ် ဇန်နဝါရီတွင် မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ရာ မြန်မာ့ငွေဖောင်း ပွမှုနှုန်းသည် ၂ဝ၁၅ မတ်လအထိ ၆ ရာခိုင်နှုန်းတက်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဈေးကွက်မှရရှိသော အချက်အ လက်များအရ သားငါးဟင်းသီး ဟင်းရွက် ဈေးတက်သည်ဆိုသော်လည်း လက်လီ ဒိုင်များတွင် ကုန်အဝင်ပေါ်မူတည်ပြီး သာ ဈေး တက်ခြင်းဖြစ်သည်။ သို့သော် လည်း လက်ကားဈေးများတွင်မူ ကုန် အဝင်မည်သို့ပင်ဖြစ်စေ၊ အချိန်ပြည့် ဈေး တက်နေသည်ကို တွေ့ရ သည်။ ထိုသို့ဖြစ် ရခြင်းမှာ ကားခ၊ ဆိုက်ကားခ၊ ထမ်းပိုးခစသည့်တစ်ဆင့်သယ်ယူစရိတ်များကြောင့် ဖြစ်နိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်သည်။  တညင်းကုန်းဈေးရှိ ခရမ်းသီးရောင်း ချ သည့် အသက်သုံးဆယ်အရွယ် အမျိုး သားဈေးသည်တစ်ဦးက ”ဒီမှာ ခရမ်းသီး အရှည်ကြီးတစ်လုံးမှ ကျပ် ၅ဝ ၊ ၇ဝ လောက်ရောင်းကြတာ။ ရပ်ကွက်မှာ အဲဒီတစ်လုံးကို ၁၅ဝ ကျပ် အထိရောင်းနေကြတာဗျ။ ရပ်ကွက်ကဈေးသည်တွေ တော် တော်လေး အမြတ်ကြီးစားကြတယ်” ဟု နှိုင်းယှဉ်ပြောသည်။
ဈေးမတက်အောင် ဘယ်လိုလုပ်မလဲ
ထိုပြဿနာကို ဖြေရှင်းရန်အတွက် ပြည်သူများ၏ ဝင်ငွေတက်လာအောင် အစိုးရကလုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ စီးပွားရေး တိုးတက်သလို     ပြည်သူတစ်ရပ်လုံး ဝင်ငွေတက်လာရန် ဆောင်ရွက်သင့်ကြောင်း ဒေါက်တာဇော် ဦးက ပြောသည်။ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးသန်းလွင် (ငြိမ်း)ကမူ ထိုသို့ဖြစ်ရခြင်းမှာ အစိုးရက စစ် တမ်းကောက်ယူမှု နည်းခြင်းကြောင့် ဖြစ်ကြောင်း၊ အခြားနိုင်ငံများတွင် ပေါ်လစီတစ်ခုခု ပြောင်းတော့မည်ဆိုလျှင် ဖြစ် လာနိုင်သည့် ကောင်းကျိုး၊ ဆိုးကျိုးကို စစ် တမ်းကောက်ယူကာ ကုန်သည်လုပ် ငန်းရှင်များ၊ ပြည်သူများသို့ ချပြလေ့ရှိ ကြောင်း ပြောသည်။
ထိုသို့စီစဉ်ခြင်းကြောင့် ကုန်သည်များသည် ဈေးကစားခြင်းကို မလုပ်ဝံ့ကြ တော့ကြောင်း၊ မြန်မာနိုင်ငံတွင်မူ ထိုသို့ အစီအမံမရှိသောကြောင့် ဈေး ကစားမှုများ ဖြစ်ပေါ်ေ နခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ”အစိုးရက ကြိုမြင်ဖို့လိုတယ်။ ကြို မြင်ထားရင် ကာကွယ်လို့ရတယ်။ ဘတ် ဂျက်ဆွဲရင်လည်းကြိုမြင်ထားရမယ်၊ တက်တာကို ဘယ် လိုကာကွယ်မလဲ၊ အ ကျိုးယုတ်မှုအနည်းဆုံးဖြစ်အောင် ဘယ် လိုလုပ်မလဲ၊ လုပ်ပြီးပြီဆိုရင်လည်း ကျွန်တော်တို့တော့ ဒီလို လုပ်ထားပါတယ်ဆိုပြီး ကြေညာရမယ်” ဟု ဦး သန်းလွင်က အကြံ ပြုသည်။
ထို့ပြင် ကုန်ဈေးနှုန်းနှင့်ဆက်စပ်နေသော တိကျသည့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေမရှိခြင်း၊  စားသုံးသူ အကာကွယ်ပေးရေး အဖွဲ့အစည်း နည်း ပါးခြင်း သည် လည်း ပြဿနာတစ်ရပ်ဖြစ် ကြောင်း ၎င်းကဆိုသည်။ ”နိုင်ငံခြားတွေမှာဆို ကုန်ဈေးနှုန်းတက်ပြီဆို မီဒီယာကို ပြောလိုက်တာနဲ့ရပ်သွားတာ၊ သူတို့ဆီမှာဥပဒေ အရပေါ် လာတဲ့ အဖွဲ့အစည်းများတယ်၊ ဒီမှာ အဲဒီလိုအဖွဲ့မရှိဘူး”ဟု ၎င်းက ထပ်လောင်း ပြောသည် ။
မြန်မာ့နိုင်ငံရေးတွင် ကုန်ဈေးနှုန်း တက်ခြင်း၊ ငွေစက္ကူများသိမ်းခြင်းကြောင့် နိုင်ငံရေးပဋိပက္ခများဖြစ်ပွားခဲ့သည့် သာဓက များရှိ၍ အစိုးရသည် ကုန်ဈေးနှုန်း ပြဿနာကို လျစ် လျူမရှုသင့်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်မာမာဦးက ထောက်ပြသည်။ ”ကုန်ဈေးနှုန်းကိစ္စကိုအစိုးရက တာ ဝန်မယူဘူးဆိုရင်တော့ အ လား အလာ မကောင်းနိုင်ဘူး၊ ရှေ့မှာလည်း သာဓက တွေရှိခဲ့ပါတယ်”ဟု ၎င်းက မှတ်ချက်ပြု သည်။
အဝတ်အစား၊ အသုံးအဆောင်ကို ခြိုးခြံချွေတာ၍ ရနိုင်သော်လည်း အစားအသောက်မှာမူ အာဟာရစုံအောင် စားရန်လိုအပ်ပေသည်။ ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့(ယူနီဆက်)၏ ထုတ် ပြန်ချက်အရ အရှေ့တောင်အာရှ၏ အာ ဟာရချို့တဲ့မှုနှုန်း အမြင့်ဆုံးနိုင်ငံ စာရင်း တွင် မြန်မာနိုင်ငံသည် တတိယနေရာ၌ ရပ်တည်လျက်ရှိသည်။ အာဟာရ ချို့တဲ့မှု ပြဿနာသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင်ကြုံတွေ့နေရသည့် အကြီး မားဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်သည်။
ယင်းကြောင့် မြန်မာနိုင်ငံရှိ အသက် ငါးနှစ်အောက် ကလေးသူငယ် စုစုပေါင်း ၏ သုံးပုံတစ်ပုံမှာ ပုညှက်နေပြီး ၎င်းတို့ ထဲမှ ရှစ်ရာခိုင်နှုန်းခန့်သည် အသက် အရွယ်နှင့် မလိုက်အောင် ဆိုးဆိုးရွားရွား စိုးရိမ်ဖွယ် ပိန်သေးနေကြောင်း ယူနီဆက်မှသိရသည်။ ”အရင်လို ဟင်းနှစ်မျိုး စားရဖို့ တောင်မလွယ်တော့ဘူး၊ တစ်ရက်ဟင်း ကောင်း စား ရင် နောက်တစ်ရက်ကိုဖြစ်သလိုစားပုံစံမျိုးနဲ့ပဲသွားနေရတယ်”ဟု ရန်ကင်းမှ မသီတာက ပြောသည်။
မေဇင်ဝင်းနှင့် ထက်ထက်မိုးမြင့် စုစည်းတင်ပြသည်

Thursday, June 12, 2014

ဘဏ်များအကြား ငွေကြေးရောင်းဝယ်မှု သုံးဆခန့်မြင့်တက်


Photo

ဘဏ်များအကြား နိုင်ငံခြားငွေဈေးကွက်တွင် ငွေကြေးရောင်းဝယ်မှု သုံးဆခန့်မြင့်တက်လာသော်လည်း ဗဟိုဘဏ်၏ လေလံဈေးကွက် ပိတ်သိမ်းရန် စီစဉ်နိုင်ခြင်းမရှိသေးကြောင်း ဗဟိုဘဏ်မှ သတင်းရရှိသည်။
Interbank Foreign Market တွင် နိုင်ငံခြားငွေရောင်းဝယ်မှုသည် ယခင်က ဒေါ်လာလေးသန်းခန့်သာ အများဆုံးရှိသော်လည်း ယခုနောက်ပိုင်းတွင် ဒေါ်လာ ၁၀ သန်းကျော်ထိ လည်ပတ်ရောင်းဝယ်မှုများ ရှိလာပြီဖြစ်ကြောင်း သိရသည်။
‘‘အခုက အရောင်းအ၀ယ်လုပ်တာတော့ များလာပြီ။ ကျွမ်းကျင်မှုနည်းနေသေးတဲ့အတွက် ဗဟိုဘဏ်လေလံဈေးကွက်က ဆက်ထားဦးမှာပါ။ ကျွမ်းကျင်စွာ ရောင်းဝယ်နိုင်တော့မှ ပိတ်မယ်ဆိုတော့ ဘယ်တော့ပိတ်မယ်ဆိုတာကို မစီစဉ်နိုင်သေးဘူး’’ဟု ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘဏ်များအကြား နိုင်ငံခြားငွေဈေးကွက်(Interbank Foreign Market)ကို သြဂုတ် ၅ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဘဏ်များအနေဖြင့် ယင်းဈေးကွက်ကို ကောင်းမွန်စွာအသုံးပြုနိုင်ချိန်တွင် ဗဟိုဘဏ်ဈေးကွက်ကို ရုပ်သိမ်းသွားမည်ဖြစ်သည်ဟု ဆိုသည်။ ထိုဈေးကွက်ပြုလုပ်လိုက်ပါက နိုင်ငံခြားငွေဈေးနှုန်းကို လွှမ်းမိုးနေသော ပြင်ပဈေးကွက်ပေါ်တွင် ဈေးနှုန်းမူတည်နေခြင်းမရှိနိုင်ဘဲ ဘဏ်များ၏ ဈေးနှုန်းသည်လည်း အတည်ဖြစ်လာပြီး ဈေးကွက်တည်ငြိမ်မှု ပိုရလာမည်ဖြစ်ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူက ပြောသည်။
နိုင်ငံခြားငွေဈေးကွက်တွင် ရောင်းဝယ်မှုများနေသည့်တိုင် ဗဟိုဘဏ်ကလည်း ဈေးကွက်တွင်းသို့ နေ့စဉ်ကန်ဒေါ်လာ ငါးသန်းခန့် ထုတ်ရောင်းပေးနေရဆဲ ဖြစ်သည်။
ဗဟိုဘဏ်လေလံဈေးကွက်တွင် အရောင်းအ၀ယ်ပြုလုပ်သည့်ငွေကြေး ယခင်ကဲ့သို့ ဗဟိုဘဏ်တွင် ငွေသားများထုတ်၍ ရှင်းလင်းပေးခြင်းမရှိတော့ဘဲ ဗဟိုဘဏ်မှ နိုင်ငံတကာတွင် အပ်နှံထားသော ဘဏ်များ၏အကောင့်များမှ တိုက်ရိုက်ငွေပေးချေခြင်းစနစ်ကိုလည်း စတင်လိုက်ပြီဖြစ်သည်။ ဇွန် ၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၈၀ ကျပ်နှင့် ၀ယ်ဈေး ၉၇၀ ကျပ်ဖြင့် ရောင်းဝယ်မှုပြုလုပ်နေကြခြင်း ဖြစ်သည်။
7daynewsjournal.com