Thursday, July 10, 2014

ဘီလ်စနစ်သုံး ဖုန်းနှင့်ကြိုတင် ငွေဖြည့်ကတ်စနစ်သုံး ဖုန်းများ International Roaming စနစ်ဖွင့်ရန်ပုံစံချင်း တူမည်မဟုတ်


ဇူလိုင်လ (၂) ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးခဲ့သော International Outbound Roaming စနစ်အား အသုံးပြုရန်အတွက် ဘီလ်စနစ်သုံးဖုန်းနှင့် ကြိုတင်ငွေဖြည့်ကတ် စနစ်သုံးဖုန်းများ အသုံးပြုခွင့်လျှောက်ထားခြင်း ပုံစံချင်းတူမည် မဟုတ်ကြောင်းသိရသည်။

ဘီလ်စ်စနစ်( Postpaid) ဖုန်းများဖြင့် အသုံးပြုလိုပါက ကြိုတင်ငွေငါးသိန်းကျပ် သွင်းရန်လိုအပ်မည် ဖြစ်သော်လည်း ကြိုတင်ငွေဖြည့်ကတ်စနစ် (Prepaid) ဖုန်းများဖြင့် အသုံးပြုသူများအနေဖြင့် ယင်းငါးသိန်း ကိုပေးသွင်းရန် လိုအပ်မည်မဟုတ်ကြောင်း သိရသည်။ “Postpaid ဖုန်းတွေကတော့ရုံးမှာလာလျှောက် ကြိုတင်ငွေငါးသိန်းကျပ် ပေးသွင်းရမှာဖြစ်ပါတယ်၊ အသုံးပြုခွင့်ရရှိပြီး သုံးတဲ့ဘီလ်အပေါ်မူတည်ပြီး ကြို တင်ငွေထဲကနုတ်ယူသွားမှာပါ၊ ကြိုတင်ငွေငါးသိန်း ကုန်တော့မယ်ဆိုရင်တော့ Alarm ပေးပို့အကြောင်းကြားသွားမှာပါ၊ Prepaid ဖုန်းတွေကျတော့ ကြိုတင်ငွေဖြည့်ကတ်ဝယ်ပြီး အသုံးပြုနိုင်မှာပါ” ဟု ဝန်ဆောင်မှုပေးသည့် ဌာနမှပြောကြားသည်။

ဘီလ်စနစ်သုံးဖုန်းများအတွက် မောင်ထော်လေးလမ်း ဆက်သွယ်ရေးရုံတွင် လျှောက်ထားအသုံးပြုနိုင်မည်ဖြစ်ပြီး ကြိုတင်ငွေဖြည့်ကတ်စနစ်သုံးဖုန်းများအတွက် ရွှေဂုံတိုင်ဆက်သွယ်ရေးရုံးတွင် လျှောက်ထားအသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။ လျှောက်ထားရန်မှာ ဖုန်းစာအုပ်၊ စာချုပ်နှင့်လျှောက်ထား သူ၏မှတ်ပုံတင် စသည်တို့လိုအပ်မည်ဖြစ်သည်။ “လျှောက်ထားပြီး တစ်ရက်ပဲကြာမှာပါ၊ နောက်နေ့ချက်ချင်းဖွင့်ပေးပါတယ်” ဟု မောင်ထော်လေးလမ်း ဆက်သွယ်ရေးရုံမှ မေးမြန်းသိရှိရသည်။

0 comments:

Post a Comment