Friday, July 11, 2014

မုသား ဖော်စက်

လိမ်ညာ မုသားပြောဆိုမှုကို သိနိုင်၊ ဖော်ထုတ်နိုင်တဲ့ Paedophile Lie Detector Trap လို့ ခေါ်တဲ့ စက်ကိရိယာကို စမ်း သပ်မှု ပြုလုပ်နေပါတယ်။ 

 ဓာတ်ပုံ- The Mirror

Polygraph နဲ့ ဖော်ပြပေးမယ့် သင်္ကေတတွေကို ကြည့်လိုက်တာနဲ့ လိမ်ညာပြောဆိုမှု ဟုတ်၊ မဟုတ် သိနိုင် မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

အခုတော့ ဗြိတိန်နိုင်ငံ အမျိုးသား ရဲကောလိပ်မှာ စမ်းသပ်နေတာဖြစ်ပြီး အောက်တိုဘာလလောက်က စပြီး အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ 


အထူးသဖြင့် လိင်အကြမ်းဖက်ခံရတဲ့ ကိစ္စတွေမှာ မတရား ပြုကျင့်ခံရသူတွေပါလို့ တိုင်တန်းသူတွေကို လည်း လိမ်ညာတိုင်တန်းတာ ဟုတ်၊ မဟုတ် စစ်ဆေးမှာဖြစ်သလို အခြားရဲစစ်ဆေးမှု ကဏ္ဍတွေမှာ လည်း အသုံးပြုသွားမယ့် နည်းပညာလည်းဖြစ်ပါတယ်။ 

 စမ်းသပ်မှုမှာတော့ ပုံမှာပြထားတဲ့အတိုင်း နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်း၊ လက်ဖျား၊ ရင်ဘတ်၊ ခါး စတဲ့နေရာ
တွေ မှာ ကိရိယာ ကို တပ်ဆင်ထားပြီး ရဲအရာရှိက ကွန်ပြူတာမှာ ဖော်ပြနေတဲ့ ဂရပ်ဖ်မျည်းတွေကြည့်ပြီး တဖက်က ဖြေကြားမှုဟာ မုသား ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို စမ်းသပ်မှုအတွင်း လိမ်လည်ပြောဆိုမှု ကို မုသားဖော်စက်က သိရှိတယ်လို့ The Mirror သတင်းတပုဒ် က ရေးပါတယ်။ 

ဒီလို မုသားဖော်စက်ကို အကျဉ်းထောင်က လူတွေကိုလည်း အသုံးပြုသွားမှာဖြစ်ပြီး လိမ်လည်တိုင်ကြားမှုနဲ့ ဖမ်းဆီးခံရတယ် ဆိုတာ သိခဲ့ရင် လွတ်ငြိမ်းခွင့်တောင် ရမယ့် တရားရေး ဝန်ကြီးဌာနရဲ့ အစီအစဉ်ပါတဲ့။ 

မြန်မာနိုင်ငံမှာလည်း တရားရုံးနဲ့ ရဲ ဋ္ဌာနတွေမှာ လိမ်လည် တရားစွဲဆိုမှု၊ တိုင်းကြားမှု၊ လိမ်လည် ထွက်ဆိုမှု
တွေရှိတတ်တာ ကြောင့် ဒီလို မုသားဖော်ထုတ်စက်ကို အသုံးပြုမယ်ဆိုရင် တရားဥပဒေ စိုးမိုးရေးနဲ့ တရားရေး မဏ္ဍိုင်အတွက် အလွန်အကျိုးရှိပြီး အသုံး တည့်မယ့် ပစ္စည်းမှာ မုချပါဘဲ။  


အိမ့်သံစဉ် ~  



0 comments:

Post a Comment