Monday, July 14, 2014

မန္တလေး-အင်ဖာ ဘတ်စ်ကားလိုင်းအတွက် နှစ်နိုင်ငံသဘောတူညီချက်ရရှိ By


မန္တလေးမှ အိန္ဒိယနိုင်ငံ အင်ဖာသို့ ဘတ်စ်ကားလိုင်းများ ပြေးဆွဲရန် နှစ်နိုင်ငံသဘောတူညီချက် ရရှိခဲ့သဖြင့် နောက်ပိုင်းတွင် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ခရီးသွားလာသော ကမ္ဘာလှည့်ခရီးသည်များနှင့် ပြည်တွင်းမှ သွားရောက်သူ များလာနိုင်မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်သည်။
မန္တလေးမှ အိန္ဒိယနိုင်ငံ အင်ဖာသို့ ဘတ်စ်ကားလိုင်းများ ပြေးဆွဲရန် နှစ်နိုင်ငံသဘောတူညီချက် လက်မှတ်ကို ဇွန်လ ၂၄ ရက်က လက်မှတ်ရေးထိုးခဲ့သည်။
‘‘အဲဒီလို ဘတ်စ်ကားလိုင်းတွေ ပြေးမယ်ဆိုတော့ ထိုင်း၊ မြန်မာကနေ အိန္ဒိယကိုသွားတဲ့ ဧည့်သည်တွေအတွက် ပိုအဆင်ပြေတယ်။ ဒါပေမဲ့ လမ်းမှာ လုံခြုံရေးကောင်းရမယ်ဆိုတဲ့ အချက်ကလည်း အရေးကြီးတယ်’’ဟု Nature Dream ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူ ဒေါ်စံပယ်အောင်က သုံးသပ်သည်။
ဥရောပမှလာသော ခရီးသည်များသည် များသောအားဖြင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသော နိုင်ငံများကို လည်ပတ်ကြသည်ကများကြောင်း လက်ရှိကမ္ဘာလှည့်ခရီးသွားများ နိုင်ငံဆက်လည်ပတ်မှုကို ပြည်တွင်း၌ ဧည့်လမ်းညွှန်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကပြောသည်။
‘‘အဖွဲ့လိုက် Package နဲ့လာတဲ့ ဧည့်သည်တွေကတော့ သွားလိမ့်မယ်မထင်ဘူး။ တစ်ဦးချင်းသွားတဲ့ FIT တွေတော့ သွားလိမ့်မယ်လို့ထင်တယ်’’ ဟု ၎င်းကပြောသည်။
အိန္ဒိယနိုင်ငံသို့ မန္တလေးမှတစ်ဆင့် နယ်စပ်ဝင်ပေါက်မှ သွားလာနိုင်မည်ဖြစ်လာသောကြောင့် ပြည်ပမှလာရောက်သော နိုင်ငံခြားဧည့်သည်များ မြန်မာမှတစ်ဆင့် သွားရောက်နိုင်မည်သာမက ပြည်တွင်းမှ သွားရောက်သူများလည်း ရှိလာနိုင်မည်ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
‘‘ကိုယ့်ဘက်ကသူတွေ သွားလာနိုင်သလို အဲဒီဘက်က ခရီးသည်အ၀င်လည်း များလာနိုင်တယ်’’ဟု ၎င်းကဆိုသည်။
အိန္ဒိယနိုင်ငံ မဏိပူရဒေသရှိ အင်ဖာလေဆိပ်သို့ ရွှေမြန်မာလေကြောင်းလိုင်းမှ ၂၀၁၃ ခုနှစ် နိုဝင်ဘာမှစတင်ကာ စင်းလုံးငှားခရီးစဉ်အနေဖြင့် စတင်ဆင်းသက်ခဲ့ပြီး ပုံမှန်ခရီးစဉ်များ ပြေးဆွဲရန် သတင်းများ ထွက်ပေါ်နေသည်။

0 comments:

Post a Comment