Monday, July 14, 2014

သီချင်းဆိုဖို့ ဆန္ဒရှိနေတဲ့ ဝင့်ယမုံလှိုင်


 မော်ဒယ်မှ သရုပ်ဆောင် လောကသို့ ကူးသွားသည့် ဝင့်ယမုံလှိုင်က သီချင်းသီဆိုရန်လည်း ဆန္ဒရှိသည်ဟုဆိုသည်။ ချန်နယ် 7 ၏ The Guys View အစီအစဉ်တွင် ‘‘The Sign Of Love’’ သီချင်း သီဆိုပုံကို ပရိသတ်များက သဘောကျပြီး အဆိုတော်အဖြစ်ပါ ရပ် တည်ရန် အားပေးမှုများ ရှိခဲ့သည်။
  ‘‘ပရိသတ်တွေလည်း တောင်းဆိုထားတယ်။ Fan သ ဘောလည်း ဖြစ်သွားအောင် ဒီအ စီအစဉ်မှာ ညီမကိုယ်တိုင်လည်း သီချင်းဆိုပြချင်တဲ့အတွက် ကြောင့်မို့ ဆိုပြခဲ့ပါတယ်။ အဆို တော် လုပ်မှာလား ပရိသတ်တွေ က ခဏခဏ မေးကြတယ်။ ညီမ ဝါသနာပါတဲ့ အလုပ်ထဲမှာ သီ ချင်းဆိုတာကလည်း အဓိက ဝါ သနာဖြစ်ပါတယ်။ ဒီသီချင်းဆိုတဲ့ ဘက်ကို လုပ်ဖို့ဆန္ဒရှိပါတယ်။ ဒါ ပေမဲ့ အဆိုကောင်းဖို့ကျတော့ ညီမ သေသေချာချာ ကြိုးစားရဦး မှာပါ။ ဒီအတွက် အချိန်ယူရဦး မယ် ထင်ပါတယ်။ ညီမမှာ သီ ချင်းဆိုချင်တဲ့ ဆန္ဒရှိပါတယ်’’ဟု ၎င်းကပြောသည်။
‘‘The Sign Of Love’’ Season4 ကို ယခုလကုန်တွင် အပြီးသတ် ရိုက်နေပြီး Season 4 တွင် ရှေ့ Season များနှင့်မတူသော ဇာတ် အိမ်မျိုး ပြောင်းလဲထားသည်ဟု ဆိုသည်။
‘‘ဒီတစ်ခေါက်တော့ နည်း နည်း ဒရာမာဘက်ကို ပိုသွားထား တယ်။ အရင်နဲ့မတူတဲ့ ညီမရဲ့ ငယ်ဘဝကနေ ဘယ်လိုလုပ် လူ ကြီးတစ်ယောက်ဖြစ်လာလဲဆို တာ သေသေချာချာ ပုံဖော်ပြီး တော့ ရိုက်ကူးထားပါတယ်ရှင့်’’ ဟု ဝင့်ယမုံလှိုင်က ပြောသည်။
ဇာတ်လမ်းတွဲများ ရိုက်ကူး ခြင်းအပြင် ‘ဓာတ်ရှင်ရိုက်သူများ’၊ ‘ဧဒင်ရဲ့နတ်သမီး’ရုပ်ရှင်ကားကြီး နှစ်ကား ရိုက်ကားထားပြီး ဗီဒီယို ဇာတ်ကားအနေဖြင့် မှော်ဝင်မြို့ ပြ၊ Good Luck နှစ်ကားက ယခု လအတွင်း ထွက်ရှိလာမည်ဖြစ် သည်။ အနုပညာသက်တမ်းတစ် လျှောက် လုပ်ဆောင်ခဲ့သော အ လုပ်များနှင့် ပတ်သက်၍ ရရှိလာ သော ရလဒ်များအပေါ် ကျေနပ် မှုရှိပြီး ရှေ့ဆက်၍ ပရိသတ်ကြိုက် မည့် ဇာတ်ကားများ ရိုက်ကူးသွား ရန်ရှိသည်ဟုဆိုသည်။

0 comments:

Post a Comment