Monday, July 14, 2014

အခွေတိုင်းမှာ သီချင်းဟောင်း ပြန်ဆိုရတဲ့အကြောင်း ရှင်းပြတဲ့ အိမ့်ချစ်


သီချင်းအဟောင်းများ ကို ခေတ်လူငယ်များဆီ သယ် ဆောင်သွားလိုသော ဆန္ဒဖြင့် တစ်ကိုယ်တော်ခွေတိုင်းတွင် ပြန်ဆို တေးများ ထည့်သွင်းသီဆိုခြင်းဖြစ် ကြောင်း အိမ့်ချစ်က ပြောသည်။
‘‘ဒီသီချင်းအဟောင်းလေး တွေကို    တန်ဖိုးထားလို့ပေါ့။ နောက်ပြီးတော့ ခေတ်လူငယ် တွေဆီ ဆက်ပြီးတော့ သယ်သွား ချင်တယ်။ သီချင်းလေးတွေကို မပျောက်ပျက်သွားချင်ဘူး။ သီ ချင်းကောင်းဆိုတာတော့ မ ပျောက်ပျက်ပါဘူး။ သို့သော် လည်း မေ့နေတတ်တာမျိုးတွေရှိ တော့ ဒီလိုမျိုးမဖြစ်ရလေအောင် မျိုးဆက်တစ်ခုမှာ ဆက်သယ် သွားတဲ့သဘောပါ’’ဟု အိမ့်ချစ်ကပြောသည်။
အိမ့်ချစ်၏ ပထမဆုံးတစ် ကိုယ်တော်ခွေ ‘‘ကိုယ်တိုင်ရေးပုံ တူ’’တွင် ဖခင်အဆိုတော် ချစ် ကောင်း၏ သီချင်းများ ထည့်သွင်း သီဆိုခြင်း၊ ပရိသတ်အသည်းစွဲ သီချင်းတစ်ပုဒ်ဖြစ်သည့် ‘‘ချစ် ခြင်းကို မခွဲပါနဲ့’’  သီချင်းနှင့် အ ဆိုတော် ဧကရီ သီဆိုထားသော ‘‘အချစ်တို့ပြန်ပေးပါ’’ သီချင်းနှစ် ပုဒ်ကို ဒုတိယခွေ ‘‘အချစ်ရေး’’ အယ်လ်ဘမ်တွင် သီဆိုထားပြီး တတိယအယ်လ်ဘမ်တွင်လည်း ပြန်ဆိုတေးများ သီဆိုရန် စီစဉ် နေသည်။
‘‘တတိယအခွေက အစ်မ ကြိုက်ခဲ့ဖူးတဲ့ သီချင်းအဟောင်း တွေ၊ အစ်မဆိုချင်ခဲ့တဲ့ သီချင်း အဟောင်းတွေကို အကောင်းဆုံး ပြန်ပုံဖော်ပြီးတော့ အခွေလုပ် မယ်’’ဟု အိမ့်ချစ်က ပြောသည်။
လက်ရှိတွင် ဒုတိယခွေဗီစီဒီ ထွက်နိုင်ရန် ပြင်ဆင်နေပြီး ‘‘ချစ် ခြင်းကို မခွဲပါနဲ့’’၊ ‘‘ကြေလွင့်ရ တော့မယ်’’၊ ‘‘အပြစ်ရှိသူ’’သီချင်း သုံးပုဒ် ရိုက်ကူးထားပြီး ဇူလိုင်လ ကုန်တွင် နောက်ထပ်သီချင်းတစ် ပုဒ် ရိုက်ကူးသွားမည်ဖြစ်သည်။
‘‘ချစ်ခြင်းကိုမခွဲပါနဲ့’’ သီချင်း ကို ဇာတ်လမ်းတိုပုံစံတစ်ပုဒ်နှင့် ကာရာအိုကေသီဆိုရာတွင် လွယ် ကူစေရန် ဇာတ်ကိုချုံ့ပြီး သီချင်း တစ်ပုဒ်စာပြုလုပ်ကာ ထိုသီချင်း တစ်ပုဒ်တည်းကို နှစ်မျိုးကြည့်နိုင် ရန်    စီစဉ်ထားသည်ဟုဆိုသည်။
ယင်းသီချင်းတွင် အိမ့်ချစ်၊ ကျော်ထွဋ်ဆွေ၊ ယုန်လေးတို့က သရုပ်ဆောင်ထားကြောင်း အိမ့် ချစ်က ပြောသည်။
‘‘မောင်နှမသုံးယောက်တော့ စဉ်းစားပြီးတော့ ရိုက်ထားတာပဲ။ တစ်ခုရှိတာက အိုက်တင်တွေက တော့ အကောင်းဆုံးသရုပ်ဆောင် ထားတယ်။ ဇာတ်လမ်းဇာတ်အိမ် က ဗမာဆန်ဆန်လေးပဲ ရိုက်ထား ပါတယ်။ ဘာလို့လဲဆိုတော့ အ ခွေက တောရော မြို့ရော ကြည့် မှာလေ။ ဘယ်ပရိသတ်မဆို လက်ခံနိုင်မယ့် ဇာတ်လမ်းမျိုးဖြစ် အောင်​ ရိုက်ထားပါတယ်။ ဇာတ် လမ်းတော့ သေချာမပြောချင်သေး လို့’’ဟု ချစ်ခြင်းကိုမခွဲပါနဲ့ သီချင်း ရိုက်ကူးမှုအကြောင်းကို အိမ့်ချစ် က ပြောသည်။
မိုးတွင်းကာလ ဖြစ်သည့်အတွက်   ကုန်ပစ္စည်းမိတ်ဆက်ပွဲ များတွင် သီချင်းအများဆုံး သီဆိုဖြစ်နေပြီး ရွှေဘိုမြို့စသည့်နယ် များတွင် သီဆိုရန်ရှိနေသည်ဟု အိမ့်ချစ်ကပြောသည်။
7days

0 comments:

Post a Comment