အအေးခန်းစက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဥရောပသမဂ္ဂအဖွဲ့ဝင်
နိုင်ငံများက အခွန်အထူးသက်သာ ခွင့်(GSP)ကြောင့် မြန်မာ့ရေထွက် ကုန်ကို
ဝယ်ယူလိုသော်လည်း ပြည်တွင်း လုပ်ငန်းရှင်များတွင်
ငွေကြေးအရင်းအနှီးလိုအပ်ချက် ကြောင့် ထုတ်လုပ်နိုင်ခြင်း မရှိ ကြောင်း
မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ သတင်းရရှိသည်။
‘‘ကြိုးတုပ်ခံထားရတာကြာ တော့ ရုတ်တရက်ထရပ်တော့ လမ်းဘယ်လျှောက်နိုင်ဦးမှာလဲ။ ဒါကိုပြုစုပျိုးထောင်ပေးဖို့အချိန် ယူရမယ်’’ ဟု အဆိုပါအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးနှင်းဦးက ပြောကြား သည်။
လက်ရှိ မြန်မာ့ရေထွက်ကုန် ဈေးကွက်သည် တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့နေသည်။ ဥရောပသမဂ္ဂနိုင်ငံများကို ဈေး ကွက်ချဲ့ထွင်မည်ဆိုပါက ကန်အ ရည်အသွေး၊ ငါးအရည်အသွေးကိုလက်ရှိ အခြေအနေအတိုင်းထားမရဘဲ ဈေးကွက်လိုအပ်ချက်အတိုင်း ပြုပြင်ပြောင်းလဲရမည်ဖြစ်သောကြောင့် ငွေကြေးအရင်းအနှီးလိုအပ်သည်။
လက်ရှိ မွေးမြူရေး ရေလုပ်ငန်းနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက မွေးမြူရေးလုပ်ငန်းရှင်များအား ကျပ်ငွေသိန်း ၁၅၀၀၀ ချပေးရန်စီစဉ်ထားသည်။ အဆိုပါချေးငွေမှာ လုပ်ငန်းရှင်ပမာဏနှင့်နှိုင်းယှဉ်ပါက များစွာနည်းနေကြောင်း လုပ်ငန်းရှင်များကပြောကြားသည်။
‘‘ဈေးကွက်ကရှိပြီး ရောင်းစရာမရှိတာကို ပြင်ပေးနိုင်မှ ရေလုပ်ငန်းကဖွံ့ဖြိုးလာမှာပါ’’ဟုငါး လုပ်ငန်းအဖွဲ့ချုပ်ဒုဥက္ကဋ္ဌဦးထွန်း အောင်ကပြောကြားသည်။
မြန်မာ့ရေထွက်ကုန်ပြည်ပ တင်ပို့မှုမှာ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာသန်းခြောက်ရာဖိုးနီးပါးသာ ရှိပြီး ထိုင်းနိုင်ငံရေထွက်ကုန်ပြည်ပတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံနီးပါးရှိနေသည်။ ယင်းပမာဏကိုမီနိုင်ရန် မြန်မာနိုင်ငံအနေဖြင့်လည်း ကြိုးစားပြီး လုပ်ဆောင်သင့်သည်များကိုလုပ်ပေးမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။
7Days
No.432 Monday, July 7, 2014

0 comments:
Post a Comment