မြန်မာပီတန်းအားကစား အဖွဲ့ချုပ်က ထိုင်းနိုင်ငံတွင် ကျင်းပ မည့်
(၄)ကြိမ်မြောက်သဲသောင် ပြင်အားကစားပြိုင်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ ပီတန်းအားကစားအဖွဲ့ချုပ်က ယခုလက်ရှိတွင် နေပြည်တော်အားကစားရွာ၌လက်ရွေးစင်ကစားသမား ၃၁ ဦးဖြင့် လေ့ကျင့်လျက်ရှိပြီး လာမည့်အောက်တိုဘာလတွင် ထိုင်းနိုင်ငံဖူးခက်မြို့၌ ကျင်းပမည့် သဲသောင်ပြင် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
‘‘သဲသောင်ပြင် အားကစား ပြိုင်ပွဲကို ဝင်ပြိုင်မယ်။ အခုလက် ရှိတော့ သွားပြိုင်မယ့်ကစား သမားမရွေးရသေးဘူး။ ပြိုင်ပွဲနီးမှ လက်ရွေးစင်ကစားသမားတွေထဲက လူရွေးပြီးဝင်ပြိုင်သွားမယ်’’ဟု မြန်မာနိုင်ငံပီတန်းအားကစားအဖွဲ့ချုပ်မှ ဒုတာဝန်ခံဦးသန်းထွဋ်က ပြောသည်။
မြန်မာနိုင်ငံ ပီတန်းအားကစားအဖွဲ့ချုပ်သည် လာမည့် ၂၀၁၅စင်ကာပူဆီးဂိမ်းတွင် အောင်မြင်မှုရရှိရန် ထိုင်းနိုင်ငံသို့ သွားရောက်ပူးပေါင်းလေ့ကျင့်ရန်စီစဉ်နေပြီး သဲသောင်ပြင် ပြိုင်ပွဲ၌ အောင်မြင်မှုရရှိရန် မျှော်မှန်းထားကြောင်း ၎င်းက ပြောသည်။
ယခုလက်ရှိတွင် ပီတန်း အားကစားအဖွဲ့မှ လက်ရွေးစင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၅ ဦးတို့ကို ထိုင်းနိုင်ငံသားနည်းပြနှစ်ဦးဖြင့် လေ့ကျင့်ပေးလျက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ပီတန်းအားကစားနည်းကို ပိုမိုစိတ်ဝင်စားလာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်လာရန် နည်းပြနှင့် ဒိုင်သင်တန်းကို ဇူလိုင် ၁၃ ရက်မှ ၁၅ ရက်အထိနေပြည်တော်၌ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ်မှ စတင်ဖွဲ့စည်း ခဲ့သည့် မြန်မာပီတန်းအားကစား အဖွဲ့သည် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံ ဆိပ်သုံးခု၊ ကြေးတံဆိပ်တစ်ခုရ ရှိခဲ့ပြီး လာအိုနှင့် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ဖိတ်ခေါ်ပြိုင်ပွဲ များတွင်လည်း ဆုတံဆိပ်များရရှိ ခဲ့ကြောင်း သတင်းရရှိသည်။
7 Days
No.433 Tuesday, July 8, 2014

0 comments:
Post a Comment