Tuesday, July 8, 2014

ကျောက်စိမ်းကျောက်မျက်ပြပွဲတွင် ကြမ်းခင်းဈေးထက် အဆများစွာပိုပေးဝယ်ကြ


နေပြည်တော်ကျောက်မျက်ပွဲတွင် ကုန်သည်တစ်ဦး ကျောက်ကြည့်နေစဉ် (ဓာတ်ပုံ − မိုးညို)
 
(၅၁)ကြိမ်မြောက် မြန် မာ့ကျောက်မျက်ရတနာပြပွဲတွင် ပြည်ပကုန်သည်များ ပုံမှန်ကြမ်း ခင်းဈေးထက် အဆပေါင်းများစွာ ဈေးတိုးပေးဝယ်ယူခဲ့ကြောင်းပြပွဲ ကျင်းပရေးကော်မတီမှအဆင့် မြင့်အရာရှိတစ်ဦးကပြောသည်။
ပုံမှန်ကြမ်းခင်းဈေးယူရိုငွေ ရှစ်သန်းကျော်ရှိသည့် ကျောက်စိမ်း အတွဲကို ယူရိုငွေသန်းနှစ်ဆယ် ကျော်အထိဈေးတိုးပေးဝယ်ယူမှု များရှိနေပြီး ပြည်ပကုန်သည်များ မှာ ကျောက်မျက်ထက်ကျောက်စိမ်းကို ပိုမိုတိုးပေးဝယ်ယူနေကြောင်းအထက်ပါအရာရှိကဆိုသည်။
ယခုပြပွဲတွင် တရုတ်ကုန် သည်အများစုကကျောက်စိမ်းကို အဓိက ဈေးတိုးပေးဝယ်နေပြီး ကျောက်မျက်ကိုမူ မြန်မာကုန် သည်များက အများဆုံးဝယ်ယူ လျက်ရှိကြောင်းဦးလောရင်စရိုင်း က ပြောသည်။ ယခုပြပွဲတွင် ကျောက်စိမ်းကျောက်မျက်အတွဲ များ လျှော့ချပြသလိုက်ခြင်းက လည်း ၀ယ်လိုအားလွန်စွာများ ပြားနေပြီး ရောင်းလိုအားနည်းပါး သွားခြင်းဖြစ်သည်။
သို့သော် ပုံမှန်ထက်ဈေးပို ပေးဝယ်ယူနေသည့် တရုတ်၊ထိုင်း၊ စင်ကာပူကုန်သည်များအ နေဖြင့် ဈေးပြိုင်တင်ဒါများဖြင့်ရ ရှိသွားသည့် ကျောက်စိမ်းအတွဲ များကို လေးလအတွင်း လာ ရောက်ထုတ်ယူနိုင်ခြင်းရှိ၊ မရှိစောင့်ကြည့်ရမည်ဖြစ်ကြောင်းပြ ပွဲသို့ လာရောက်လေ့လာသည့် ကုန်သည်များကပြောသည်။
ပြီးခဲ့သည့် ပြပွဲများကပုံမှန်  ကြမ်းခင်းဈေးထက်ဈေးတိုးပေး ၀ယ်ယူ ရရှိသွားသည့်နိုင်ငံတကာ ကုန်သည်များတွင် လာရောက် ထုတ်ယူခြင်းမရှိသည့်ကုန်သည် များရှိသဖြင့် မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်းက အမည်မည်း စာရင်းသွင်းပြီး ပြပွဲဝင်ခွင့်ကိုပိတ် ထားခဲ့ပြီဖြစ်သည်။
ယခုပြပွဲသည် ဇွန်လ ၂၄ရက် မှ ဇူလိုင် ၆ရက်အထိ ၁၃ရက်တိုင် တိုင်ကျင်းပပြုလုပ်သည့် ပြပွဲဖြစ် ပြီး ကျောက်စိမ်း အတွဲပေါင်း ၇၁၆၀ ကျော် ကျောက်မျက်အတွဲ ပေါင်း ၂၇၁ တွဲ ပုလဲအတွဲ ၃၁တွဲ ကို ကုမ္ပဏီပေါင်း ၆၆ခုက ပြသ ရောင်းချခဲ့သည်။
7 Days No.433 Tuesday, July 8, 2014

0 comments:

Post a Comment