Sunday, July 13, 2014

အိမ်ရာဖွံ့ဖြိုးရေး ဘဏ်ခွဲ ၁၀ ဘဏ်အထိ တိုးချဲ့ဖွင့်လှစ်မည်


ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံ- ကျော်ဇင်သန်း)
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် တစ်နိုင်ငံလုံးတွင် ဘဏ်ခွဲပေါင်း ၁၀ ဘဏ်အထိ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါဘဏ် ဒါရိုက်တာဦးဝင်းဇော်က ပြောကြားသည်။
လက်ရှိ၌ ရန်ကုန်တွင် ပင်မ ဘဏ်နှင့် ဘဏ်ခွဲတစ်ခု၊ နေပြည် တော်-မန္တလေးတို့တွင် ဘဏ်ခွဲ တစ်ခုစီ ဖွင့်လှစ်ထားပြီဖြစ်ပြီး ဆက်လက်၍ အိမ်ရာစီမံကိန်းများ၊ဖွံ့ဖြိုးရေးလုပ်ငန်းများ အနာဂတ် တွင် ရှိလာနိုင်သည့် နေရာများ တွင် ခန့်မှန်းပြီး တိုးချဲ့ဖွင့်လှစ် သွားရန် စီစဉ်ထားကြောင်း ဦးဝင်းဇော်က ဆိုသည်။

လက်ရှိဖွင့်လှစ်ထားသည့် ဘဏ်ခွဲများတွင် ငွေသွင်းငွေထုတ် လုပ်ငန်းများအပြင် စီးပွားရေး လုပ်ငန်း လုပ်ကိုင်လိုသူများ၊ အိမ်ရာတည်ဆောက်လိုသူများကို စတင် အပေါင်ခံ ချေးငှားပေးနေပြီဖြစ်ကြောင်း အထက်ပါ ဒါရိုက်တာက ဆိုသည်။
ယင်းဘဏ်က အိမ်ရာတည် ဆောက်သူနှင့် စီးပွားရေးလုပ်ငန်း လုပ်လိုသူများအား စတင်ချေးပေး နေပြီး အိမ်ဝယ်လိုသူများကိုမူ အ တိုးနှုန်း လစဉ်ငွေပြန်လည်ပေး ဆပ်ရမည့် နှုန်းထား၊ ချေးယူလို သူအတွက် တာဝန်ခံယူမှုများအ ပေါ် ဆွေးနွေးလျက်ရှိပြီး မကြာမီ ချေးပေးသွားမည်ဟု ၎င်းကဆို သည်။
ထို့အပြင် ဆက်လက်တိုးချဲ့ မည့် ဘဏ်ခွဲများကို နယ်စပ်ဒေသ ရှိ ဆောက်လုပ်ရေးကုန်ကြမ်းသုံး ပစ္စည်းများ တင်သွင်းသည့် မြို့ များ အပါအဝင် အထူးစီးပွားရေး ဇုန်များ ပြုလုပ်မည့်နေရာများ တွင်ဖွင့်လှစ်ရန် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနက ရည်ရွယ်ထား သည်။
 အမှန်တကယ် ငွေချေးနိုင် မည့် အစီအစဉ်ဖြစ်ပါက ငွေကြေး အရင်းအနှီးရှိပြီးသား  ထိပ်သီး လုပ်ငန်းရှင်ကြီးများကို ဦးစားပေး ချေးပေးခြင်း မဖြစ်သင့်ဘဲ အမှန် တကယ် ငွေလိုအပ်နေပြီး လုပ် ငန်းအမှန်တကယ်  ဆောင်ရွက် နေသည့် လုပ်ငန်းရှင်အသေးစား လေးများကို ဦးစားပေး၍ အတိုး နှုန်း သက်သက်သာသာဖြင့် ချေး ငှားပေးသင့်ကြောင်း   ဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးရန်ဝင်းက ဆိုသည်။
လက်ရှိတွင် အဆိုပါဘဏ် ကို ဆောက်လုပ်ရေးလုပ်ငန်းရပ် ဝန်းကြီး တစ်ခုလုံးက များစွာစိတ် ဝင်စားနေကြောင်း ၎င်းကဆက် လက်ပြောကြားသည်။
7daysdaily

0 comments:

Post a Comment