Sunday, July 13, 2014

လယ်သမားများကို ကူမှာလား၊ အကျပ်ကိုင်မှာလား


လယ်ယာလုပ်ငန်းခွင်ဝင်နေသော တောင်သူများ (ဓာတ်ပုံ - လင်းဘိုဘို/ အီးပီအေ)
မိုးစပါးစိုက်ပျိုးစရိတ်ချေး ငွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ထုတ်ချေးရာတွင် တိုင်း နှင့် ပြည်နယ်အချို့၌ လယ်ယာ မြေမှတ်ပုံတင်ပါမှ ချေးငွေထုတ် ပေးသဖြင့် လယ်သမားများမှာ အခက်တွေ့နေသည်။


လယ်သမားများသည် လယ် ယာမြေမှတ်ပုံတင်ကို ဘဏ်ချေး ငွေရယူရာတွင် အာမခံအဖြစ်ပေး ရမည်ကို မသိသဖြင့် ပြင်ပမှ ငွေ ချေးယူခြင်း၊ စိုက်ပျိုးရေးပစ္စည်း များ အကြွေးစနစ်ဖြင့် ၀ယ်ယူခြင်း စသည်တို့တွင် အပေါင်အဖြစ်ပေး ထားသောကြောင့် စိုက်ဘဏ်ချေး ငွေအတွက် ယာမြေမှတ်ပုံတင် ပေးရန်မရှိကြခြင်းဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် စိုက်ပျိုးစရိတ်ချေးငွေများကို တစ် နှစ်ပြီး တစ်နှစ်တိုးပေးနေရာ ယခု အခါ စပါးစိုက်လယ်သမားများ အားတစ်ဧကလျှင် ကျပ်တစ်သိန်းချေးပေးနေသည်။
အစိုးရ၏ စိုက်ပျိုးစရိတ်ချေး ငွေသည် နှစ်စဉ်လယ်သမားများ က အားထားနေရသော အရင်း အနှီးတစ်ခုဖြစ်သည်။ ယခင်က  လယ်တစ်ဧကလျှင် ကျပ်ထောင် ဂဏန်း၊ သောင်းဂဏန်းရချိန်က ပင် နှစ်စဉ်မပြတ်ချေးငွေရယူခဲ့ သော လယ်သမားများအတွက် တစ်ဧကကျပ်တစ်သိန်းအထိ တိုး မြှင့်ပေးချိန်တွင် ချေးငွေကိုအား ထားလာသော်လည်း ကန့်သတ် ချက်အသစ်ကြောင့် အခက်ကြုံ နေရခြင်းဖြစ်သည်။
‘‘လယ်ယာမြေမှတ်ပုံတင် ပါမှ ချေးမယ်ဆိုတာ ကြိုပြောသင့် တယ်။ လယ်သမားက အခုမှသိ တော့ ချေးငွေရဖို့မလွယ်ဘူး’’ဟု မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းဥက္ကဋ္ဌဒေါက်တာစိုးထွန်း ကပြောကြားသည်။
မိုးဦးကာလမှာကျောင်းများ ဖွင့်ချိန်ဖြစ်ပြီး မိုးသီးနှံများစတင် စိုက်ပျိုးချိန်ဖြစ်၍ ပြည်သူအများစု အတွက် ကုန်ကျစရိတ်များသော အချိန်ဖြစ်သည်။
‘‘စိုက်ဘဏ်ချေးငွေက အခု မှမဟုတ်ဘူး။ နှစ်စဉ်ပေးနေတာ။ ဒါကို ဆုံးမှာ စိုးလို့ပုံစံ (၇)မပါရင် မချေးဘူးဆိုတာ လယ်သမားကို နှိပ်စက်တာပဲ’’ဟု ဓနုဖြူမြို့နယ် နှဲကျိုးကျေးရွာမှ လယ်သမား ဦး သိန်းအောင်ကလည်းပြောကြား သည်။
လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင် (ပုံစံ-၇)ကို ၂၀၁၃ နှစ်ဆန်းမှစ၍ မြေစာရင်းဦးစီးဌာနမြို့နယ်စိုက်ပျိုးရေးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့  ပူးပေါင်း၍ ပြုလုပ်ပေးရန် နိုင်ငံတော်က စီစဉ်ခဲ့သည်။ မူလက လယ်ယာမြေမှတ်ပုံတင်ကို သုံးလနှင့် တစ်နိုင်ငံလုံးအပြီး လုပ်ကိုင်ပေးရန် စီစဉ်ထားသော်လည်း ယနေ့ထိတိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသ အချို့တွင် မှတ်ပုံတင်မရသေးသောတောင်သူလယ်သမားများစွာရှိသည်။
သို့သော်လယ်ယာမြေမှတ်ပုံ တင်ကို ယနေ့အထိ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်ပေးရာ ၉၆ ဒသမ ၁၄ ရာခိုင်နှုန်းပြီးစီးပြီဟုဆိုပါသည်။ ကျန်ရှိနေသော ပမာဏမှာ အများအားဖြင့်  ပိုင်ဆိုင်မှုအရှုပ်အရှင်းများ ဖြစ်နေသောကြောင့်ဟု ဌာနမှတာဝန်ရှိသူတစ်ဦးကဆိုသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေဧက စုစု ပေါင်းသန်း ၃၀ ရှိပြီး တစ်နိုင်ငံလုံး ဧရိယာ၏ ၁၈ ရာခိုင်နှုန်းကျော်ရှိ သည်။
‘‘အဓိကထုတ်ပေးဖို့ ကျန် တာက လယ်ယာမြေပိုင်ဆိုင်မှု အရှုပ်အရှင်းတွေကြောင့်ပါ။ လယ်တွေကလည်း တန်ဖိုးတက်လာတော့ ဒီပြဿနာတွေက များလာတယ်’’ဟု ဧရာဝတီတိုင်း ဒေသကြီးမြေစာရင်းဌာနမှ တာဝန်ရှိသူတစ်ဦးကလည်းပြောကြားသည်။ ထို့ကြောင့် ဒေသအချို့တွင် မိုးစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့်ပင် ထုတ်ပေးနေသည်ဟု ဆို သည်။  လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် နှစ်စဉ်နိုင်ငံတော်ဘတ်ဂျက်မှ ချေးငွေခွဲတမ်း တိုး မြှင့်ရရှိနေပြီး အကုန်ချေးပေးရန် နိုင်ငံတော်အကြီးအကဲများက အမြဲလမ်းညွှန်နေကြောင်း လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျင်း ဒါ ရိုက်တာ ဦးဝင်းဟန်ကပြောကြား သည်။
‘‘လျာထားချက်တောင်းပြီး အကုန်မချေးနိုင်ရင် အပြောခံရ တယ်။ မြန်မြန်ကုန်အောင် ချေး ချင်ပါတယ်။ မှန်မှန်ကန်ကန်ကြွေးပြန်ဆပ်ရင်ပေါ့’’ဟု အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။
မြန်မာလယ်ယာစိုက်ပျိုးရေး ဘဏ်က ယခုနှစ်မိုးစပါးစိုက်ပျိုးရန် စိုက်ပျိုးစရိတ် ချေးငွေကို ယခင် နှစ်ထက်ကျပ်ဘီလီယံ ၅၀ ကျော် ပိုချေးပေးမည်ဟုဆိုသည်။ ယခု နှစ် မိုးစပါးအတွက် ကျပ်ငွေ ၉၈၃ ဘီလီယံထုတ်ချေးရန် စီစဉ်ထား ပြီး ဇူလိုင် ၃ ရက်အထိ ကျပ်ငွေ ၂၂၂ ဘီလီယံထုတ်ချေးပြီးဖြစ် သည်ဟုဆိုသည်။ ယခင်နှစ်က မိုးစပါးချေးငွေမှာ ပြန်ဆပ်ရန် ယနေ့ချိန်ထိ ကျပ်ငွေ ၅၂ ဘီလီယံကျန်ရှိနေသည်။
‘‘ပုံစံ (၇) မရှိလည်း ကျေးရွာ လယ်ယာ ကော်မတီတွေက ထောက်ခံပေးရင် ချေးငွေထုတ် ပေးပါတယ်’’ဟု ဦးဝင်းဟန်က ပြောကြားသည်။
သို့သော် ဆန်စပါးအဓိက စိုက်ပျိုးသော ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ ရှိ ကျေးရွာအများစုတွင် လယ်ယာကော်မတီများမရှိပေ။ ထို့အပြင် ယခင်နှစ်အကြွေးကျန်များကြောင့် ချေးငွေမရမှုများရှိကြောင်း မအူပင်မြို့နယ် မင်းဘောကျေးရွာမှ လယ်သမားဦးသန်းလှိုင်က ပြောကြားသည်။
သမ္မတဦးသိန်းစိန် လက် ထက်တွင် လယ်ယာဖွံ့ဖြိုးရေး အတွက် တစ်နှစ်ထက်တစ်နှစ်ပိုမို ကြိုးစားလုပ်ကိုင်လာသည်။ ယခင်က မိုးစပါးချေးငွေကို ကျပ်နှစ်သောင်းချေးပေးနေရာမှ ယနေ့တွင် ကျပ်တစ်သိန်းအထိ တိုးပေး ခဲ့သည်။ သို့သော်ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ၏ အ ကောင်အထည်ဖော်မှု လွဲနေခြင်း သည် အရင်းအနှီးလိုအပ်နေ သောလယ်သမားများအတွက် အတားအဆီးဖြစ်လာသည်။
ယခုနှစ်မိုးစပါးပေါ်ချိန်က စပါးဈေးကောင်းရခဲ့သဖြင့် လယ် သမားများသည် ယခုနှစ်မိုးစပါး ကို အလေးအနက်အာရုံထားစိုက် ပျိုးလိုသည်။ သို့သော်တိုးမြှင့်လာ သည့် လယ်ယာအလုပ်သမားစ ရိတ်၊ စိုက်ပျိုးစရိတ်၊ လယ်ယာ သုံးသွင်းအားစုစရိတ်၊ ရာသီဥတု အတားအဆီးကို ကျော်လွှားရန် အသုံးပြုရသော စက်ပိုင်းဆိုင်ရာ အတွက် ကုန်ကျစရိတ်များကြောင့် ချေးငွေ ပိုမိုလိုအပ်လာသည်။
လက်ရှိအချိန်တွင် သီးနှံအာ မခံစနစ်၊ ရာသီဥတုအာမခံစနစ် တို့ပေးရန် စီစဉ်နေသည်ဆိုသော် လည်း ဥပဒေကြမ်းရေးဆွဲနေ သည့် အဆင့်သာရှိသဖြင့် ဘဏ် များမှ ချေးငွေရရှိရန် မလွယ်ကူ သေးပါ။ ငွေကြေးအဖွဲ့အစည်း များနှင့် ကုမ္ပဏီကြီးများထံမှသာ အတိုးနှုန်းကြီးစွာနှင့် ချေးနေရသ ဖြင့် လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ စိုက်ပျိုးစရိတ်ချေးငွေမှာ အား ထားစရာတစ်ခုဖြစ်နေသည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးရေး အတွက် လိုအပ်နေသော အရင်း အနှီးများထုတ်ချေးနိုင်ရန် အထူး ပြုကုမ္ပဏီများဖွဲ့၍ ချေးငွေများ ပေးခဲ့သော်လည်း လယ်သမား များအကြွေးပြန်မဆပ်နိုင်သဖြင့် အထူးပြုကုမ္ပဏီများမှာ တဖြည်း ဖြည်း ပြန်လည်ပျောက်ကွယ်လာ သည်။
ထို့ကြောင့် လယ်ယာကဏ္ဍ တွင် ယနေ့အထိအလိုအပ်ဆုံး အရင်းအနှီးငွေကြေး ဖြစ်သည့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာလည်း  ယနေ့ထိ မျှော်မှန်းသလောက် လယ်ယာကဏ္ဍကို ၀င်ရောက်ခြင်းမရှိပေ။ မြန်မာနိုင်ငံမြေယာအရှုပ်အရှင်းပြဿနာ၊ ရာသီဥတုစိန်ခေါ်ချက်များကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ ယခုနှစ်မေလကုန်ထိ ကုမ္ပဏီ ၁၃ ခု နှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအမေရိကန်ဒေါ်လာ ၂၀၃ သန်းကျော်ရှိသေးသည်။ ထိုပမာဏမှာ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုတွင် အနည်းဆုံး ကဏ္ဍဖြစ်သည်။
ထိုကြောင့် လယ်ယာလုပ် ကိုင်ခွင့်လက်မှတ်ကို လယ်သမား များသည် အာမခံထားပြီး ပုဂ္ဂလိ  ကလုပ်ငန်းရှင်များထံမှ ငွေချေးမှု များ၊ သွင်းအားစုအကြွေးဝယ်ယူ မှုများကြောင့် လက်ထဲငွေ မရှိ ချိန်တွင် လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ လယ်ယာမှတ်ပုံတင်ရှိပါမှ ငွေ ချေးမည့်အစီအစဉ်သည် အကျပ် ကိုင်ခြင်းသာဖြစ်သည်ဟု ဓနုဖြူမြို့နယ်မှ ဦးသိန်းအောင်က မှတ်ချက်ပြုသည်။

0 comments:

Post a Comment